အသိပေးကြေငြာခြင်း
ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊
måndag 31 augusti 2015
ကောသော့င်းမှမြန်မာ့ဆက်သွယ်ရေး ညံ့ဖျင်းချက်
ကောသော့င်းမှမြန်မာ့ဆက်သွယ်ရေး ညံ့ဖျင်းချက် 
ထိုင်းဖုန်းကဒ်အများပြားသုံး သည့်ကော့သောင်းမြို့တွင် မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်းဖုန်းကဒ်များချပေးသည့်အခါတွင် ကော့သောင်းနေပြည်သူများမှ မြန်မာဖုန်းကဒ်ကို ဦးစားပေးဝယ်ယူအားပေးခဲ့ကြပါသည်။
 မြန်မာလိုင်းဖြင့် မြန်မာပြည်တွင်းသို့လွယ်လင့်တကူဖုန်းခေါ်ဆိုနိုင်သော 
ကြောင့် ၀ယ်ယူအားပေးခဲ့ကြခြင်းဖြစ်ပါသည်။ ခုတော့မြန်မာ့ဆက်သွယ်ရေး က လိုင်းများအလွန်ကြပ်နေပါသဖြင့် မြို့နေပြည်သူများ ဒုက္ခရောက်နေကြရပါသည်။ 
ထိုကဲ့သို့ တယ်လီနော အော်ရီဒူး များဆင်းခါနီးဆဲဆဲတွင် အမ်ပီတီလိုင်းမှာ ဖလန်းဖလန်းထနေရမည့် အနေထားမှာ  ခေါ်ဆိုမရအောင်ကြပ်နေပါက တယ်လီနော  အော်ရီဒူးများရောက်လာခဲ့ပါက အမ်ပီတီမြောင်းထဲရောက်မည့် အခြေနေမျိုးဖြစ်နေသည့်အတွက် ဘာအတွက်များ ဖန်တီးနေပါသလည်း ဆိုတာ စဉ်းစားမရအောင်ဖြစ်မိပါသည်။
 တကယ်လည်း တယ်လီနောနဲ့ အော်ရီဒူးသာရောက်လာခဲ့ပါက အမှန်ပင် ကော့သောင်းဆက်သွယ်ရေးရုံးမှ ၀န်ထမ်းများ လုပ်စရာအလုပ်မရှိတော့ဘဲလစာထိုင်ယူယုံသက်သက်သာ ဖြစ်သွားနိုင်သောကြောင့်
 ပြည်သူ့ပိုက်ဆံများ အလဟသ မဖြစ်ရလေအောင် အပြိုင်အဆိုင် လိုင်းများမရောက်ခင် အချိန်မှီ သက်ဆိုင်ရာဌာနများ လူကြီးများအနေဖြင့် လိုင်းများဖလန်းဖလန်းထစေရန် သေချာ စီစဉ် ကြီးကြပ် ပြင်ဆင်သင့်ပါကြောင်း ကော့သောင်းသတင်းဌာနအနေဖြင့် အသိပေးအကြောင်းကြးလိုက်ရခြင်းဖြစ်ပါသည်။
 အိမ်ဖုန်းကြိုးဖုန်းများသည်လည်း အရင် ထက်ပင် လိုင်းပြတ်တောက်ခြင်း လိုင်းမပြတ်သော်လည်း ၀န်ထမ်းများမှ လမ်းထိပ်တိုင်ပေါ်တက်သွားသည့်ခါတွင် လာရောက်ပြင်ပေးသည့်အိမ်မှဖုန်းကောင်းသွားသော်လည်း ကျန်လိုင်းများ အားပညာပေးထားခဲ့သည့်အတွက် ကျန်သုံးအိမ်လောက်ကဖုန်းခေါ်ဆိုမရဖြစ်ခြင်းများ ကြုံ နေရသဖြင့် ဆက်သွယ်ရေးဝန်ထမ်းများကိုလည်း မိမိလစာသာစားပြီး ပြည်သူဆီက အချောင်နှိုက်ချင်တဲ့စိတ်ဓါတ်လေးပါတစ်ဆက်တည်းပြု ပြင်သင့်ပါကြောင်း။ထိုသို့ဝန်ထမ်းများကို 
လည်း အထက်လူကြီးများ မှထိရောက်စွာ အရေးယူနိုင်ပါရန်လေးစားစွာ တင်ပြလိုက်ရပါသည်ရှင့်။
                                              မြူ နှင်း(အေးရိပ်ငြိမ်)
ထားဝယ် တွင်ဖမ်းဆီးထားသည့်ကားများလေလံ ဈေးနှုန်းများ
ထားဝယ် တွင်ဖမ်းဆီးထားသည့်ကားများလေလံ ဈေးနှုန်းများ
31-8-2015နေ့ကားလေလံဆွဲပြိုင်မည့်"တနင်္သာရီတိုင်းထားဝယ်မြို့မှာပြည်သူ့ဘဏ္ဍာသိမ်းလိုင်းစင်မဲ့တရားမ၀င်ကားများလေလံတင်ခေါ်ပွဲကြမ်းခင်းဈေးနှုန်းထားများကိုစီးပွားရေးသမားအသိုင်းအ၀ိုင်းအချို့ထံများမှမေတ္တာစေတနာစကားသံများဖြင့် ကြားသိလိုက်ရသောကား လေလံကြမ်းခင်းနှုန်းဈေးများမှာ…
ကားများကို သက်ဆိုင်ရာ မြို့နယ် တရားရုးံများမှာ ကြည့်ရှု့ခွင့်ပုံစံတောင်းများကြည့်ရသလို/လေလံဆွဲပြိုင် စရံငွေ သိန်း ၂၀ ကို မြန်မာ့စီးပွားရေး ထားဝယ်မြို့မှာ သွင်းပြီး လေလံဆွဲ လိုက်ကြည့်မည့် ကားအမျိုးစား ကြမ်းခင်းနှုန်းထားများ မှာ…
(1) Mitsubishi k74(Double cab)2002ထိုင်း အညိုရောင်=95သိန်း ထားဝယ်
(2)Toyota Caldina AZT-246(Station Wangon)2003ဂျပန်အ ဖြူ=75သိန်း ထားဝယ်
(3)ToyotaMark2saloon(GX110)2001ဂျပန်အဖြူ=55သိန်းထားဝယ်
(4)Toyota Caldina AZT246(Statipn Wangon)2005ဂျပန်အဖြူ=80သိန်း ထားဝယ်
(5)Hoda (CA2)Saloon1988ဂျပန် ခဲပုတ်=35သိန်း ထားဝယ်
(6)Toyata Lucida TCR20(Station Wagon)1996ဂျပန်ခဲမဲပုတ်=65သိန်း ထားဝယ်
(7)Mazda Permacy(CP8W)(Station Wangon)2000ဂျပန်အဖြူ=55သိန်းထားဝယ်
(8)Nissan Navara(Open Cab)2005ထိုင်းအဖြူ=65သိန်းထားဝယ်
 (9)Toyota Hilux Vigo KUN35(Open Cab)2013ထိုင်းမီးခို=160သိန်း ထားဝယ်
(10)Toyata Hilux Vigo KUN 26(double cab)2013ထိုင်းအနက်=260သိန်းထားဝယ်
(11)Toyata Hilux Vigo KUN 26(Double Cab)2013 မီးခိုးထိုင်း=240သိန်းထားဝယ်
 (12)Isuzu(Extra Cab)2000ထိုင်းနံသာ=50သိန်းထားဝယ်
(13)Toyota Hilux Vigo KUN 15R(Extra cab)2008ထိုင်းမီးခိုး=95သိန်းထားဝယ်
(14)Toyota Hilux Tiger LN167(Extra Cab)2000ထိုင်းနံ့သာ=70သိန်း သရက်ချောင်းမြို့
(15)Toyota Hilux Vigo(Open Cab)2010ထိုင်းနံ့သာ=105သိန်း သရက်ချောင်းမြို့
(16)Toyota Holux Vigo(Extra Cab)2007ထိုင်းနံ့သာ=95သိန်း သရက်ချောင်းမြို့
(17)Toyota Hilux LN 56(Extra Cab)ဂျပန် 1992ပုလဲ=95သိန်း မြိတ်မြို့
(18)Isuzu D Max Mp 1TFR174(Extra Cab)2004ထိုင်းမီးခိုး=70သိန်း ကော့သောင်းမြို့
(19)Mitsubishi Pajero(Station Wagon)1996ဂျပန်မီးခိုးပြာ=65သိန်း ကော့သောင်းမြို့
(20)Toyota Hilux Vigo KUN 36(Extra Cab)2006ထိုင်းအနက်=95 သိန်း ကော့သောင်းမြို့
(21)Toyota Hilux Vigo (Double Cab)2012မီးခိုး ထိုင်းဖက်စပ်=215သိန်း ကော့သောင်း
(22)Mitsubishi Triton (Double)2009ထိုင်းမီးခိုး=160သိန်း ကော့သောင်း
(23)Mitsubishi RVR(Station Wagon)1998ဂျပန်အနက်မီးခိုး=60သိန်း ကော့သောင်း
(24)Mitsubishi Pajero (H76W)(Station Wangon)1999ဂျပန်အဖြူ =60သိန်း ကော့သောင်းမြို့
(25)Isuzu Terrodeo (Space Cab)1992ထိုင်းအနက်=40သိန်း ကော့သောင်းမြို့
(26)Toyota Hice KZH106(Micro Bus)1995ဂျပန် ပုလဲဖြူ=60သိန်း ကော့သောင်း
(27)Toyota Mark 2 Saloon(GX100)1999ဂျပန်ပုလဲဖြူ=60သိန်း ကော့သောင်းမြို့
(28) Toyata Hilux Vigo(Open Cab2012ထိုင်းအနက်=135သိန်း ရေဖြူမြို့
(29) Toyata Hilux Vigo(Open Cab)2014ထိုင်းအဖြူ=175သိန်း ရေဖြူမြို့
(30) Toyata Hilux Vigo(Open Cab)2010ထိုင်းအနက်=105 သိန်း ရေဖြူမြို့
(31) Toyata Hilux Vigo(Open Cab)2013ထိုင်းခဲရောင်=160 သိန်း ရေဖြူမြို့
(32) Toyata Hilux Vigo(Open Cab2013ထိုင်းအနက်=160 သိန်း ရေဖြူ မြို့
(33)Toyota Hilux Surf 1994ဂျပန်အပြာ တိုက်ကား ရေဖြူမြို့
(34) Toyata Hilux Vigo(Open Cab)2007ထိုင်း မီးခိုး တိုက်ကား ရေဖြူမြို့
(35)Hino TE 11 6ဘီး Truck သစ်ကား1968
ရေဖြူမြို့နယ်
(36)Jiang Dong2011 တရုတ် မကောင်း ရေဖြူမြို့
(37)Trauler B2 2013 တရုတ် မကောင်း ရေဖြူမြို့နယ်
(38)Chaing2011 တရုတ် သရက်ချောင်းမြို့
မကောင်း
(39(Lifan (D/T)2011တရုတ် ထားဝယ်မြို့ မကောင်း
(40)Mitsubishi Pajero(L149G)(Station Wangon)1989ဂျပန်မီးခို=45သိန်း ထားဝယ်
(11)Toyata Hilux(Double Cab)2003ထိုင်းအ့ဖူ=105သိန်းထားဝယ် 
                                        မြူ နှင်း(အေးရိပ်ငြိမ်)
ကော့သောင်းစည်ပင်
ကော့သောင်းစည်ပင်
                                       မြူ နှင်း(အေးရိပ်ငြိမ်)
torsdag 27 augusti 2015
ကော့သောင်းခွေးသူတောင်းစားကျော်လိမ် ရေဘေးအမည်ခံပြီး သူ့ဟော်တယ် နာမည်ထွက်ဖို့ကြိုးစား
ကော့သောင်းခွေးသူတောင်းစားကျော်လိမ် ရေဘေးအမည်ခံပြီး သူ့ဟော်တယ် နာမည်ထွက်ဖို့ကြိုးစားနေပြန်ပြီ
                                       မြူ နှင်း(အေးရိပ်ငြိမ်)
ကော့သောင်းမော်တော်ပီကယ်အတွက်ကာတွန်း
ကော့သောင်းမော်တော်ပီကယ်အတွက်ကာတွန်း
                                         မြူ နှင်း(အေးရိပ်ငြိမ်)
ကော့သောင်းမှုးယစ်အတွက် ကာတွန်းများ
ကော့သောင်းမှုးယစ်အတွက် ကာတွန်းများ
                                         မြူ နှင်း(အေးရိပ်ငြိမ်)
söndag 23 augusti 2015
တိုက်ရိုက်တိုင်ကြားနိုင်ပါပြီ
တိုက်ရိုက်တိုင်ကြားနိုင်ပါပြီ
တနင်္သာရီတိုင်းဒေသကြီး အတွင်း
စစ်တပ်မှ မတရား ပြုလုပ်မှုများကို ဗိုလ်ချုပ်မောင်မောင်စိုး (တိုင်းမှူး)၊ မြိတ် ၊ တနင်္သာရီတိုင်းဒေသကြီး သို့ စာဖြင့် ပေးပို့တိုင်ကြားနိုင်ပါသည်။
စာဖြင့်တိုင်ကြားခြင်းကို ဆောင်ရွက်ပေးမှုမရှိပါက 059 41720 တိုင်းမှူးအိမ်
03740035 တိုင်းမှူးရုံးသို့တိုင်ကြားနိုင်ပါပြီ 
                                            မြူ နှင်း(အေးရိပ်ငြိမ်)
မောတောင်ဒေသရှိ မြန်မာဂိတ်တွင် တရားမဝင် ငွေကြေးတောင်းခံမှုရှိနေသဖြင့် ကုန်သည်များလျော့ကျ
 မောတောင်ဒေသရှိ မြန်မာဂိတ်တွင်
တရားမဝင် ငွေကြေးတောင်းခံမှုရှိနေသဖြင့် ကုန်သည်များလျော့ကျ
==============================
တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုအတွင်းရှိ မြန်မာ-ထိုင်း
နယ်စပ် မောတောင်ဒေသမှာ မြန်မာဂိတ်မှ တရားမဝင် ငွေကြေး
တောင်းခံမှုများရှိနေကြောင်း ကုန်သည်အသိုင်းအဝိုင်းထံမှ သိရ
ပါတယ်။
မြန်မာ-ထိုင်း နှစ်ဖက်တာဝန် ရှိသူတွေကကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်
ဖို့ဆိုပြီးသဘောတူထားတဲ့ အပိုင်းတွေရှိပါတယ်။ထိုင်းနိုင်ငံဘက်က
သွင်းတဲ့ကုန်တွေကို မောတောင် ရွာထဲအထိကားတွေနဲ့လာချဖို့
ခွင့်ပြုထားသလို မြတ်မာဘက်က ကုန် တွေကိုလည်း တောင်ခြေ
အထိ ပို့ဆောင် လို့ ရသလို မြန်မာနိုင်ငံဘက် လာရောက်လည်ပတ်
မယ့် ထိုင်းနိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံက ခရီးသည်တင်
ကားတွေနဲ့ ထိုင်းနိုင်ငံ ဆင်းခွန်ဂိတ်အထိ ကြိုဆိုခွင့်ပေးထားပါတယ်။
ဒါပေမယ့် မောတောင် ဂိတ်မှာ ရဲတပ်ဖွဲ့ တွေက ကုန်သွယ်မှု
ဆောင် ရွက် နေတဲ့သူတွေဆီက နေ တရားမဝင်ငွေကြေးကောက်ခံ
နေတယ်လို့ ကုန်သည်တစ်ဦးမှ ပြောပါတယ်။
ဘိလပ်မြေ အဓိက တင် သွင်း နေတဲ့ မောတောင် ဂိတ်မှ ကားများကို
ရဲတပ်ဖွဲ့ဝင် များက ဖြတ်သန်းခွင့် မ ပေးပဲ ကားတစ်စီးကို ဘတ် ၂၀၀၀
ပေးမှသာဂိတ်ဖြတ်သန်းခွင့်ပေးတယ်လို့သိရပါတယ်။မောတောင်
နယ်စပ်ဂိတ်မှ ကုန်သွယ်မှုပြုလုပ်ဖို့အတွက် တစ်ဦးချင်းကုန်သွယ်ကတ်
ပြုလုပ်ထားသူ(၅၀)ရှိရာမှ ယခု လက် ရှိ(၄)ဦးသာကျန်တော့တယ်လို့
အသင်းတာဝန် ရှိသူတစ်ဦးက ပြောပါတယ်။
ဘယ်နိုင်ငံက နယ်စပ်ဂိတ်တွေကို ကြည့်ကြည့် Buffer Zone
ဆိုတာရှိပါတယ်။ကုန်သွယ်မှု အဆင်ပြေ စေဖို့ ဆောင် ရွက်ထား
ကြတာပါ။အခု ရဲတွေက ဌာနက ခွင့်ပြုထားတဲ့တရားဝင် ကုန်သွယ်
နေသူတွေကိုတောင် ငွေကြေးတောင်းခံကြတာပါ။မောတောင် မှာ
ဈေးလာရောင်းတဲ့ ဈေးကားတွေလည်းဖြတ်သန်းခွင့် မ ပေး ဘူး။
မောတောင် က ဒေသခံတွေဟာ ဒီဈေးကားကိုစောင့်ပြီး ထမင်းဟင်း
ချက်စားရတာပါ။အဲဒီဈေးကားတွေကိုလည်းဖြတ်သန်းခွင့် မ ပေးဘူး။ ဘတ်(၅၀၀)ပေးမှဖြတ်သန်းခွင့်ပေးပါတယ်။ထိုင်းကုန်သည်တွေလည်း
ဒီဂိတ်က နေ ကုန်သွယ်မှုမလုပ်ချင်တော့ဘူးလို့ပြောလာပါတယ်။
ဒီလို ဥပဒေမဲ့ တရားမဝင် ငွေကြေးတောင်းခံနေတာကို အရေးမယူ
ူနိုင် ရင် မောတောင် နယ်စပ်ဂိတ်က ကုန်သွယ်မှုရပ်တန့်သွားလိမ့်မယ်
လို့ မောတောင် ဒေသခံတစ်ဦးက ရင် ဖွင့် လာပါတယ်။
                                             မြူ နှင်း(အေးရိပ်ငြိမ်)
fredag 21 augusti 2015
ကျပ် ၁၉၅၈၈ သိန်း ရရှိခဲ့သည့် ရေဘေးအတွက်အလှူ ငွေပွဲအိုင်စီရှိုး
 ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကောက်ခံပွဲ အိုင်စီရှိုးတွင်အလှူငွေများစွာရရှိ
ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် IC အဖွဲ့၏ ရန်ပုံငွေဂီတပွဲတွင် အလှူငွေကျပ် သိန်းနှစ်သောင်းနီးပါး ရရှိ
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ဦးစီးကျင်းပသော IC အဖွဲ့သားများ၏ ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဂီတပွဲတွင် လှူဒါန်းငွေ ကျပ် ၁၉၅၈၈ သိန်း ရရှိခဲ့သည်။ အဆိုပါဖျော်ဖြေပွဲတွင် IC အဖွဲ့သားများဖြစ်သည့် လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း တို့မှ နာမည်ကြီး တေးသီချင်းများဖြင့် အလှည့်ကျ ဖျော်ဖြေခဲ့ကြပြီး ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် အနုပညာကြေး အခမဲ့ ဖျော်ဖြေပေးခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းမှ စေတနာရှင် အလှူရှင်များမှလည်း ဘဏ်အကောင့်မှဖြင့် လည်းကောင်း၊ လူကိုယ်တိုင် လာရောက်လှူဒါန်းခြင်းဖြင့် လည်းကောင်း ၊ ဖုန်းဖြင့် လည်းကောင်း ပြန်လည်ထူထောင်ရေး ရန်ပုံငွေများကို လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
                                        မြူ နှင်း(အေးရိပ်ငြိမ်)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင်များနှင့် ခရိုနီများကို မွေးထုတ်ပေးခဲ့ဟု ဦးဌေးဦးပြော
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင်များနှင့် ခရိုနီများကို မွေးထုတ်ပေးခဲ့ဟု ဦးဌေးဦးပြော
အငြိမ်းစားဗိုလ်ချုပ်မှူး ကြီး သန်းရွှေသည် ပါတီစုံဒီမိုက ရေစီစနစ်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟို အလုပ်အမှုဆောင်များကို စနစ် တကျ လေ့ကျင့်ခြင်းနှင့် ခရိုနီ သူဌေးများမွေးထုတ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ယုံကြည်စွာ လွှဲအပ်ခဲ့ခြင်းဖြစ်သောကြောင့် လက်ရှိဖြစ်ပေါ်နေသော အပြောင်းအလဲကိစ္စများတွင် ပါဝင်ခြင်းမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးကပြောသည်။
ဦးဌေးဦးက သြဂုတ် ၂၁ ရက်တွင် ဗီအိုအေသတင်းဌာန ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်း နှင့် တွေ့ဆုံမေးမြန်းခန်း၌ အနား ယူသွားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သြဇာအာဏာ သည် ယခုထက်ထိ ပြည်ခိုင်ဖြိုးပါတီအပေါ်တွင် သက်ရောက်နေဆဲဟု သုံးသပ်မှုများအပေါ် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘ဗဟိုအလုပ်အမှုဆောင် တွေအားလုံးကို ရှေ့ဆက်သွား မယ့် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းမှာ ဘယ်လိုဆောင်ရွက်ရ မယ်ဆိုတာ သူလေ့ကျင့်ပေးခဲ့ တယ်။ အဲဒီထဲမှာ စီးပွားရေးလည်း ပါတယ်။ တချို့က နာမည်ပျက်နဲ့ မကောင်းပြောနေကြတဲ့ ခရိုနီတွေ ပေါ့။ တကယ်တော့ ခရိုနီဆိုတဲ့ ဥစ္စာ ရှိကိုရှိရမယ်။ မရှိလို့မရဘူး။  သူဌေးရှိရမယ်။ သူကလုပ်ငန်း တွေလုပ်ရမယ်။ အစိုးရပဲလုပ်လို့မရဘူး။ သူလုပ်ပြီး အလုပ်အကိုင် ရရှိရေးတွေ ကျယ်ပြန့်လာတာနဲ့ အမျှ ဆောင်ရွက်ရမယ်။ ကျွန် တော်တို့မှာ သူဌေးမရှိဘူး။သူဌေး မွေးပေးခဲ့တာလည်းသူပဲ။ အဲဒီက နေ အားလုံးကို အခြေခိုင်ပြီးထိုက် သင့်တဲ့ အချိန်အတိုင်းအတာတစ်ခုရောက်မှ လွှဲပေးခဲ့တာပဲ။ ဒီအချိန်တော့ ကျန်တဲ့လူတွေနဲ့ ဆက်လုပ်လို့ရပြီလို့ ယုံကြည်ပြီး လွှဲပေးခဲ့တာဖြစ်တဲ့အတွက် သူမပါပါဘူး’’ ဟု ဦးဌေးဦးက ပြောသည်။
ဦးဌေးဦးသည် လာမည့် အစိုးရသစ်ဖွဲ့စည်းရာတွင်သမ္မတ လောင်းအဖြစ် တာဝန်ထမ်း ဆောင်သွားရန် ရှိ၊ မရှိ ယတိပြတ် ပြောကြားသွားခြင်းမရှိဘဲ လက်ရှိ အချိန်၌ ရွေးကောက်ပွဲတွင် ပါတီ အောင်နိုင်ရေးကိုသာ အဓိကထား ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
                                                မြူ နှင်း(အေးရိပ်ငြိမ်)
ခွေးသူတောင်းစား ကျော်လိမ်(သို့)သန်းဖြိုးသူ
ခွေးသူတောင်းစား ကျော်လိမ်(သို့)(သန်းဖြိုးသူကုပ္မဏီ)
ကော့သောင်းတွင် လွန်ခဲ့သည့်ငါးနစ်ခန့်ကလျှပ်စစ် မီးတစ်ယူနစ်ကိုနှစ်ရာနဲ့လုပ်ပေးမယ် ဆိုကတိက၀တ် ကိုပြည်သူအများရှေ့မှာ စာသင်ကျောင်းတွေမှာ မယကဥက္ကဌဆိုတဲ့ပါစီဘာဘာနဲ့ ပူးပေါင်းပြီး ကတိတွေအမျိုးမျိုးပေးခဲ့တယ်။
 အဲဒီကတိတွေ ဘယ်မှာလည်း ခုထိ ပြင်ဆင်လို့မပြီးသေးဘူးလား ခုကြားရပြန်ပြီ ကျော်လိမ်က သူလိမ်လို့အားမရသေးလို့တဲ့ တခြားကုပ္မဏီတစ်ခုကို ငှါးလိုက်တယ်ဆိုလား ဘယ်မှလည်း နှစ်ရာ ဘယ်မှာလည်းလူကြီးလူကောင်းလိုဟန်ဆောင်ပြီးပြည်သူဆီက ပိုက်ဆံကိုညာစားနေတာ အဲဒါလူကြီးလား လူကြီးဆိုတာကတိတည်ရတယ် ပေးပြီးကတိကိုမတည်ရင် ဘာဖြစ်တတ်လည်းသိလား ခွေးသူတောင်းစားသာသာဘဲ့ဖြစ်မှာပေါ့။
 ခုလည်းဘာထူးလည်း ဒီနေ့ဘဲ့ မီတာခ လ၀က်စာဆိုပြီး မီတာဘောင်ချာတွေလိုက်ပေးနေတယ် အဲလောက်ထိ မီတာခလိုချင်နေရင် မီးမပြတ်လာနိုင်အောင် သုံးစွဲတဲ့ပြည်သူတွေကြည်ဖြူအောင်လုပ်ပေးပေါ့။
 ခုဟာ မီးက တစ်ရက်မှာ သုံးကြိမ်လောက်နီးပါးပျက်တယ် တစ်ကြိမ်ပျက်ရင်လည်းအနည်းဆုံးနာရီဝက်က နေ နှစ်နာရီလောက်ကိုကြာတယ်။
 ပြည်သူတွေကိုလှည့်စား
တောင်းစားနေတာအားမရသေးလို့ ခုတစ်ခါ လတစ်ဝက်ဖြတ်ပိုင်းတဲ့ ဒီလောက်တောင်ဘဲ့ ငတ်ပြတ်နေပြီလား အဲလောက်ငတ်ပြတ်နေရင်လည်း ရုံးရှေ့မှာ လမ်းဆုံတွေမှာ အလှူ ခံပုံးလေးထားလိုက်ပေါ့.။
 ပြည်သူတွေက ရှင်တို့လောက်မချမ်းသာပေမယ့် ရှင်တို့ထက်တော့အလှူ အတန်းရက်ရောပါသေးတယ် ။ဒီလောက်ပြောလို့မှ မနာတတ်ရင် ရှင်တို့ ဟာ လူမဟုတ်လို့ဘဲ့ လူမှန်ရင် လူ့သဘာဝကိုနားလည်စာနာတတ်ရမယ်။
 ကျွန်မ ကိုရိုင်းတယ်လို့များဂုဏ်ပိုဒ်တွေတပ်အုံးမှာလား သွားစမ်းပါ အဲဒီလောက်နဲ့ပြောရတာ အားမရလို့ ရှင့်မျက်ခွက်ကြီးကို စေ့စေ့ကြည့်ပြီး လူပုံအလယ်မှာ ပြော ချင်သေးတာ ပြောသာပြောရတယ် ရှင်တို့လိုခရိုနီ တွေက ဘယ်တော့မှ သတ္တိမရှိသလို ဘယ်တော့မှလည်း ရှက်တတ်မှာမဟုတ်ဘူးဆိုတာ ကျွန်မ ထင်ပြီးသားပါ။
 ဒီပို့စ်ကိုဘာလို့ အထက်လူကြီးကိုမတိုင်လည်းဆို တစ်မြို့လုံး မနှစ်မြို့အောင်ခံစားနေရတာကို လူကြီးတွေ သိသိကြီးနဲ့မို့ လူကြီးတွေကိုမတိုင်တည်တော့တာပါ လူကြီးတွေက သူ့စည်းသူ့ကမ်းနဲ့ သူ့သိက္ခာနဲ့နေတာ သူတို့က မကောင်းတတ်လို့ မပြော ရှင်တို့က ရောင့်တက် ဒီလိုနဲ့ဘဲ့ပြည်သူတွေက ဒီဒုက္ခအားလုံးကိုခါးစည်းခံရုံပေါ့။
 ကျော်လိမ် ရှင့်ဘာသာရှင် တခြားစီးပွါးရေးလုပ်နေတုန်းက ရှင့်ကိုဘယ်သူဘာပြောလည်း ခုတော့ ခွေးလုံးလုံးဖြစ်နေပြီမဟုတ်လား မနိုင်ရင်မနိုင်တော့ဘူး အတိအလင်းကြေငြာ ပေါ့။
အဲဒါဆိုလည်း နိုင်တဲ့သူပေါ်လာမှာပေါ့ မထုံတက်တေးနဲ့ ရူးကြောင်မှုးကြောင်လျောက်လုပ်နေရင်တော့ရှင့်သိက္ခာ မြောင်းထဲကတက်မှာမဟုတ်ဘူးဆိုတာသတိပေး လိုက်ပါရစေ။
 စီးပွါးရေးလုပ်ငန်းလုပ်တာဘဲ့ ရှုံးချင်ရှုံးမှာပေါ့ ကြောက်နေစရာလား ရှင်သေသွားရင် ရှင်မယားနောက်ယူမယ့် ရှင့်ညီကို ငွေပုံပေါ်ထိုင်စားရအောင်ခုကတည်းကစီမံပေးချင်နေတာလား ။
ကျွန်မရိုင်းစိုင်းတာတွေမပြောချင်ဘူး ကျွန်မတို့ ကော့သောင်းသတင်းဌာနဆိုဒ်က အများနဲ့လုပ်နေတာ တစ်ဦးတစ်ယောက်ဦးစီးလုပ်နေတာမဟုတ်တဲ့အတွက် ပိုတောင်မလုပ်ချင်သေး ။
ဒါပေမယ့်စဉ်းစားကြည့်တယ် ရှင်တို့လိုခရိုနီတွေကို သတင်းတင်မယ့်အစား ငါးစိမ်းသည်လို ပြောတာက ပိုထိရောက်မလားလို့ ပို့စ်ပြောင်းတင်လိုက်တာပါ။
ရှက်တတ်ရင်အမြန်ပြင် ဒီလကုန်တာနဲ့ နှစ်ရာနဲ့ဘဲ့ကောက်တော့မယ်ဆိုတဲ့အသံဘဲ့ကြားချင်တယ်။
 ပို့စ်ကိုဖတ်ရှု့အားပေးနေကြသော မိဘပြည်သူများရှင့် ရိုင်းတာလေးများပါခဲ့သဖြင့်သီးခံဖတ်ရှု့နားလည်ပေးကြပါရန် ကျွန်မ တောင်းပန်လိုက်ပါရစေ။
                                         မြူ နှင်း(အေးရိပ်ငြိမ်)
ဒါရိုက်တာမိုက်တီးမှ ဌေးဦးသို့တရားဝင်အိတ်ဖွင့်ပေးစာ
ဒါရိုက်တာမိုက်တီးမှ ဌေးဦးသို့တရားဝင်အိတ်ဖွင့်ပေးစာ
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဌကြီး ဦးဌေးဦး သို့
ဒါရိုက်တါ မိုက်တီးမှ အိပ်မပါပဲ ပေးတဲ့စာ ။
ဥက္ကဌကြီးခင်ဗျား ...
ဥက္ကဌကြီးတို့၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏လုပ်ရပ်နှင့် ပြောဆိုချက်များမှာ မိခင်ပါတီ၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသည့်အပြင် မြန်မာပြည်ဒီမိုကရေစီ ရှင်သန်ခိုင်မာစေရေးအတွက် အမျိုးသားနိုင်ငံရေးကို ဦးစီးဖေါ်ဆောင်နေသော မြန်မာတပ်မတော်၏ ရပ်တည်မှု့များကိုပါ အထင်အမြင်လွဲစရာများ ဖြစ်စေနိုင်ပါသောကြောင့် အဆိုပါကိုယ်စားလှယ်တော်အား လိုအပ်သလို အရေးယူနိုင်စေရန် အကြံပြုတင်ပြလိုက်ရပါသည်ခင်ဗျား ။
ဥက္ကဌကြီးအလျှင်အမြန် စိစစ်သုံးသပ်နိုင်ရန် ယခုနောက်ဆုံး ၄င်းကိုယ်တိုင် လူသိရှင်ကြား တရားဝင်ပြောထားခဲ့သည့် သူ၏နှုတ်ထွက်စကားအား ပြည်သူအများ၏ ဝေဖန်အကြံပြုချက်များနှင့်အတူ ယှဉ်တွဲတင်ပြလိုက်ရပါသည် ။
( ဦးလှဆွေ၏ ပြောဆိုချက် )
မိမိတို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ အမတ်နေရာအားလုံး၏ ၂၆% မျှ ရလျှင်ပင် အစိုးရဖွဲ့နိုင်ပြီဖြစ်ကြောင်း -
ထို့အတွက် လွှတ်တော်တွင်းရှိပြီးဖြစ်သည့် ၂၅% သော တပ်မတော်ကိုယ်စားလှယ်အားလုံးက မိမိတို့ပါတီအား တလုံးတခဲတည်း ပူးပေါင်းပို့ဆောင်ကြမည့်အကြောင်း ပင်ဖြစ်ရာ -
(၁) ၂၆% ရရုံမျှဖြင့် အစိုးရဖွဲ့နိုင်သည်ဆိုခြင်းကြောင့် မိခင်ပါတီအား မလျော်သြဇာသုံးသော - အနိုင်ကျင့်ဗိုလ်ကျသောပါတီအဖြစ် ပြည်သူအများ၏ အထင်အမြင်သေးမှု့ကို ခံရစေနိုင်ခြင်း ၊
(၂) အမာခံပါတီဝင်တယောက်ဖြစ်လျှက် မိမိပါတီအပေါ်မိမိ ယုံကြည်မှူ့အား နည်းလွန်းသလောက် အတိုက်အခံပါတီအပေါ် အထင်းကြီးလွန်းခြင်း ၊
(၃) ၄င်းပြောကြားသော မမျှတသည့် ဤဖြစ်ရပ်အရ သန့်ရှင်း၍တရားမျှတမှူ့ကို ဦးတည်ဆောင်ရွက်နေသည့် ရွေးကောက်ပွဲကော်မရှင်ကိုပါ နိုင်ငံတကာမှ မကြည်မလင် ဖြစ်စေနိုင်ခြင်း ။
(၄) တပ်မတော်သည် ပါတီတခုမဟုတ် ၊ သီးခြားလွတ်လပ်သည့် တသီးပုဂ္ဂလိကအမတ်များလည်း မဟုတ်ပေရာ ၄င်းလူသိရှင်ကြားပြောဆိုသကဲ့သို့ တစုတစည်းလုံးကြီး တရားဝင်ပူးပေါင်းနိုင်ခွင့်မရှိပါသောကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပါတီဆိုင်ရာ စည်း ဘောင် နည်း ဥပဒေ များနှင့်ပါ ငြိစွန်းသွားနိုင်ခြင်း ။
(၅) ပါတီနိုင်ငံရေးထက်ကြီးမြတ်သော အမျိုးသားနိုင်ငံရေးကို ဦးထိပ်ပန်ဆင်ချီတက်နေသည့် တပ်မတော်၏ ပုံရိပ်ကို ထိခိုက်ညစ်နွမ်းစေခြင်း ။
....... အစရှိသည့် ထိခိုက်မှူ့များ ဖြစ်စေနိုင်ရာကား -
အဆိုပါ ကိုယ်စားလှယ်တော်အား ကျန်းမာရေးဆေးစစ်ကြည့်ခြင်း ၊ ခုံရုံးဖွဲ့စစ်ဆေးခြင်း ၊ ထုချေလွှာတောင်းခြင်း ... စသဖြင့် လိုအပ်သလို အရေးယူသင့်ပါကြောင်း ပါတီကြီး၏ရှေ့ရေးကိုရည်မျှော်၍ စေတနာမေတ္တာအပြည့်ဖြင့် အကြံပြုလိုက်ရပါသည်ခင်ဗျား ။
.
                                                                                        လေးစားစွာဖြင့် -
                                                                                           ဒါရိုက်တာ
                                                                                            မိုက်တီး              
torsdag 20 augusti 2015
ကော့သောင်းဘော်ဒါဆောင်နှစ်ခုအနီးမှ မှုးယစ်သမားများ
 ကော့သောင်းဘော်ဒါဆောင်နှစ်ခုအနီးမှ မှုးယစ်သမားများ(နောက်ဆုံးအသိပေးခြင်း)
ဘုရင့်နောင်မှဘော်ဒါဆောင်နှစ်ခုအနီးမှ ကျွန်မတင်ပြခဲ့တဲ့ မှုးယစ်ဆေးပြသာနာသည်လည်း 
ညဖက်နေ့ဖက် ရဲမှားမှ ရှင်လောင်းလှည့်သလိုလှည့်ပြီးသွားနေရုံနဲ့ပြီးသွားပြီလား
 ခုဆိုရင် မှုးယစ်သမားများဟာကျောက်ဖျာလမ်းသွယ်(2) ထိုလမ်းထဲမှ အဟောင်းဆိုင်ရှေ့အမှောင်ရိပ်နားတွင် ညဘက် ကိုးနာရီမှ ဆယ်တစ်နာရီလောက်ထိ နေရာပြောင်းရောင်းချ နေပါကြောင်း အကိုင်းအခက်ခုတ်တာလောက်ကတော့ ခုတ်စရာမလိုပါဘူး သူ့ဘာသာသူလေတိုက်လည်းကြွေမှာဘဲ့ ခုချိန်ထိ နာမည်နှင့်လူ အတိအကျသိရတာတောင် ပင်စည်ပင်ပွားလေးတွေကို ဖမ်းဆီးအရေးယူ နိုင်ခြင်းမရှိတာဟာ ဘာအတွက်လည်း  ဘာကြောင့်လည်း တီဗွီထဲကနေ တစ်နိုင်ငံလုံးသိအောင် နာမည်ကြီးချင်နေလို့လား၊နောက်ဆုံးအနေဖြင့် အသိပေးလိုက်ရခြင်းဖြစ်ပါသည်။
                                        မြူ နှင်း(အေးရိပ်ငြိမ်)
ဌေးဦးအကြောင်း တစေ့တစောင်း
ဌေးဦးအကြောင်း တစေ့တစောင်း 
 ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး ဖြစ်နေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးဟာ ပြည်ခိုင်ဖြိုးအကြီးအကဲ ဦးရွှေမန်းနှင့် စစ်တပ်အတွင်း တာဝန် ထမ်းဆောင်ခဲ့စဉ်တုန်းက အကြိတ်အခဲများ ရှိခဲ့ကြောင်းနှင့် သူလည်းဘဲ သမ္မတအဖြစ် စိတ်ကူးယဉ်ခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း နတခတွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော် အရာရှိတစ်ဦးက စည်းလုံးခြင်းရဲ့အင်အားထံ သတင်းပေးပို့ခဲ့ပါတယ်။  
လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌဖြစ်ပြီး ယခင်က ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် ဌေးဦးဟာ အပတ်စဉ် OTS – 43 ဗိုလ်လောင်းကျောင်းဆင်း အရာရှိတစ်ဦး ဖြစ်ပါတယ်။ OTS - 43 ကျောင်းဆင်းအရာရှိများဟာ ဘွဲ့ရအပတ်စဉ်ဖြစ်ပြီး ရန်ကုန် - မန္တလေး ရှိ ဝိဇ္ဇာ - သိပံ္ပ တက္ကသိုလ်များမှ ဘွဲ့ရ ကျောင်းသားလူငယ်များ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) သို့ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းဆင်းချိန်ဟာ ၁၉၇၂ ခုနှစ် ဝန်းကျင်ကဖြစ်ပြီး တပ်မတော် ပြန်တမ်းဝင်အရာရှိ (ကြည်း) နံပါတ် BC. No (12000) ကျော်ပြီးကာစ DSA – 13 နောက်မှ ကပ်လိုက်လာတဲ့ အပတ်စဉ် ဖြစ်ပါတယ်။ ထိုခေတ်ကာလက ဗိုလ်လောင်း ၁၅၀ ကျော် ရှိတာမို့ အများဆုံး အပတ်စဉ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဌေးဦးဟာ ဧရာဝတီတိုင်း ဟင်္သာတမြို့ ဇာတိဖြစ်ပါတယ်။ 
သူဟာ ဟောပြော ကောင်းသူဖြစ်ကာ မဆလပါတီရဲ့ သဘောတရားရေးရာ ကေဒါသင်တန်းများမှာ အမှတ်ကောင်း ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ မိခင်တပ် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတစ်ရင်းမှာ စတင် တာဝန် ထမ်းဆောင်ခဲ့ကာ ရတခ (G-3) စစ်ဦးစီးမှူး (တတိယတန်း) ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ ခလရ (၃၃) တန့်ယန်း (ရမခ) မှာ တပ်ခွဲမှူး (ဗိုလ်မှူး)၊ ခမရ (၁၀၂) တပ်ရင်းမှူး၊ တပ်မ (၉၉) တပ်မမှူး အဖြစ် ရာထူးအဆင့်ဆင့် တိုးလာကာ ဧရာဝတီတိုင်း နတခတိုင်းမှူး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ တပ်မ (၉၉) တပ်မမှူးနှင့် ရတခတိုင်းမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ဥာဏ်လင်းရဲ့ အနီးကပ်တပည့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၂ - ၂၀၀၃ ခုနှစ် နတခတိုင်းမှူး ဖြစ်ကာစမှာတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် တိုင်းမှူးတာဝန် လွှဲပြောင်း လက်ခံခဲ့ရတာ ဖြစ်ပါတယ်။ 
ဖူးစာဆုံသူကတော့ မဆလခေတ် ဗိုလ်မှူးကြီး ခင်ကျော်ညို၊ ဒေါက်တာမြနှောင်းညိုရဲ့ ညီမအရင်း ဒေါ်နီနီနှင့် အကြောင်းပါခဲ့ပြီးတော့ သားသမီး မရရှိကြောင်း သိရပါတယ်။
နတခတိုင်းမှူးတွေဟာ အဆက်ဆက် “ခေ” သူများ မဟုတ်ကြောင်း တွေ့ရှိရပါတယ်။ နတခတိုင်းမှူးများ ဖြစ်ခဲ့ကြတဲ့ ဦးသန်းရွှေ၊ ဦးမြင့်အောင်၊ ဦးတင်လှ၊ ဦးညွှန့်တင်နဲ့ ဦးရွှေမန်းတို့ အားလုံးဟာ တပ်မတော်သမိုင်းမှာ သူ့နေရာနှင့်သူ “ဇောင်း” ထက်ခဲ့သူကြများ ဖြစ်ကြပါတယ်။ ယခင်က ထိပ်တန်းနေရာများကို ရတခ၊ ရပခနှင့် ရကတ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများကသာ တက်ရန် လျာထားခဲ့ပေမဲ့ နောက်ပိုင်းမှာ နတခတိုင်းဟာလည်း နောင်မှာ ထိပ်ပိုင်းရာထူး ပေးမဲ့သူကို လျာထားတဲ့ တိုင်းအဖြစ် ထပ်တိုး သတ်မှတ်ခဲ့တာ တွေ့ရပါတယ်။
ဧရာဝတီတိုင်းမှူး ဖြစ်လာတဲ့ ဗိုလ်ချုပ်ဌေးဦး အနေနဲ့ တက်ကြွစွာ အားထည့်မည်လို့ စတင် ကြံရွယ် လုပ်ဆောင်ကတည်းက “ထီ” ကနဲဆို ထိပ်ပိုင်းရောက်နေတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ပြဿနာ တရပ် ဖြစ်ပွားခဲ့ပါတော့တယ်။ ဧရာဝတီတိုင်းဟာ စစ်ဆင်ရေး မရှိဘဲ စပါး အထူးအထွက်တိုးရေးနှင့် နိုင်ငံရဲ့အဓိက စပါးကျီ ဖြစ်တာမို့ အလွန် သတိထားရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဧရာဝတီတိုင်း အတွင်း မြို့နယ်တွေမှာရှိတဲ့ လယ်ဧကတွေကို စိုက်ဧကစစ်တဲ့ အဖွဲ့တွေအား စစ်ဆေးဖို့ ဗိုလ်ချုပ်ဌေးဦးက “တယက” အနေနဲ့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီ စာရင်းတွေကို မြေစာရင်း ဦးစီးဌာနနဲ့ စစ်တဲ့အဖွဲ့တွေက Up to Date ပြန်မစစ်ဘဲ တင်ပေးလိုက်ဟန်တူပြီး အစိုးရအဖွဲ့ကို တင်လိုက်ရာမှာ ပြဿနာ စဖြစ်ပါတယ်။ (လယ်/ဆည်) ဝန်ကြီးဖြစ်နေတဲ့ ဦးညွှန့်တင်ဟာ (နတခ) တိုင်းမှူးက လာတာဖြစ်လို့ လယ်ဧက စာရင်းဇယားတွေ ဖေါင်းပွနေကြောင်း ထောက်ပြခဲ့တယ်လို့ သိရပါတယ်။
အဲဒီမှာတင် ဗိုလ်ချုပ်ဌေးဦးက ယခုလို စာရင်းဖေါင်းပွရတာဟာ အရင်တိုင်းမှူး လက်ထက် (ဦးရွှေမန်း တိုင်းမှူး) တုန်းက စာရင်းဇယားတွေ ဖြစ်တယ်လို့ လွှဲချပါတယ်။ အဲဒီအခါ ဦးရွှေမန်း လက်ထက်တုန်းက (လိမ်ညာတင်ပြတဲ့ သဘောမျိုး) ပိုပြတဲ့ စာရင်းဇယားအဖြစ် ဘူးပေါ်သလို ပေါ်သွားတာကြောင့် ဦးရွှေမန်းအဖို့ ဒေါကန်ကာ အကြီးအကျယ် စိတ်ဆိုးခဲ့ပါတယ်။ ဒါနဲ့ဘဲ ဦးရွှေမန်းရဲ့ ပညာပေး “သမ” မှုကြောင့် ဗိုလ်ချုပ်ဌေးဦးခမျာ ဧရာဝတီတိုင်းက သူ့ဇာတိချက်မြေ (ဟင်္သာတ) မှာ ဖင်ပူအောင် မနေရဘဲ နောက်တဆင့်မြှင့် ရာထူးကိုတောင်မှ အိမ်မက် မက်ခွင့် မရရှာတော့ကာ သမဝါယမ ဝန်ကြီးအဖြစ်နဲ့သာ နှစ်သိမ့်ဆု ပေးခဲ့တာ ခံခဲ့ရပါတယ်။ ဗိုလ်ချုပ်ဌေးဦးရဲ့ အပြောအဆို ညက်ညောမှုနှင့် အလျှောက်ကောင်းမှုကြောင့် ဦးသန်းရွှေဟာ မဟာဂရုဏာ သက်ပြီးတော့ (လယ်/ ဆည်) ဝန်ကြီးအဖြစ် ထပ်မံ ပြောင်းရွေ့ပေးခဲ့ပါတယ်။၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးအသင်းဟာ အထွေထွေ အတွင်းရေးမှူး ဦးသန်းအောင် တစ်ယောက်တည်း မနိုင်မနင်း ဖြစ်နေရာ ပြည်ခိုင်ဖြိုးအသင်း ထိပ်ပိုင်းမှာ တာဝန်ပေးဖို့ ဦးသန်းရွှေက လူရှာဖွေခဲ့ပါတယ်။
ပြည်ခိုင်ဖြိုးအသင်းဟာ အရှိန်အဟုန်မြှင့် တိုးချဲ့လာတာကြောင့် စစ်တပ်မှ မည်သည့်ဗိုလ်ချုပ်ကမှ ဂွင်မကောင်းတာမို့ လုပ်ချင်စိတ်မရှိလို့ ဦးဌေးဦးနဲ့ ဦးအောင်သောင်းတို့ကိုသာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူးများအဖြစ် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီချိန်ကစပြီး ဦးဌေးဦးက ဘယ်သူမှ မသွားချင်တဲ့ ပြည်ခိုင်ဖြိုးအသင်းမှာ အားထည့်ပြီး လုပ်ပြခဲ့ရာက ပြည်ခိုင်ဖြိုးပါတီဟာ သူ့လက်သူ့ခြေ ဖြစ်နေပါတယ်။ ပြည်ခိုင်ဖြိုးကို မူလက လူမှုရေး အသင်းအဖွဲ့လို့ ဆိုထားရာက ပါတီအဖြစ် ရုတ်တရက် ပြောင်းလိုက်တော့မှ ဗိုလ်ချုပ်များလည်း အလုအယက် ၀င်ရောက်ကာ ထိုင်ခုံ ရှာဖွေကြပါတော့တယ်။ ဒီလို လုပ်ကိုင်ရာမှာ ဦးသန်းရွှေက ဦးဌေးဦးကို ပြည်ခိုင်ဖြိုးကိစ္စ ခေါ်ခိုင်းတိုင်း မင်းကိုအားကိုးပြီး တာဝန်ပေးချင်တာဆိုကာ နှစ်သိမ့်လေ့ရှိတတ်တာမို့ ဦးဌေးဦးတစ်ယောက်လည်း သမ္မတရောဂါ စိတ်ကူးယဉ်ခဲ့ဖူးကြောင်း တင်ပြလိုက်ရပါတယ်။
 ပြီးတော့ ဌေးဦးဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဓပြခဲ့ကြတဲ့ သံဃာတော်များကို ရိုက်ပုတ်သတ်ဖြတ်စေခဲ့တဲ့ အဓိကတရားခံတွေထဲက တစ်ဦးဖြစ်ပါတယ်။
                                      မြူ နှင်း(အေးရိပ်ငြိမ်)
ကော့သောင်းရွှေမင်းဝံဗဟိုလမ်းအပျက်စီးများ
ကော့သောင်းရွှေမင်းဝံဗဟိုလမ်းအပျက်စီးများ
ကော့သောင်းမြို့ ရွှေမင်းဝံရပ်ကွက် ဗဟိုလမ်းသည် စည်ပင်ရုံးလမ်းဖြစ်ပြီး စည်ပင်မှ လမ်းမျော်ကြည့်ရင် ဗဟိုလမ်းတစ်လျောက်လုံးလှမ်းမြင်နိုင်တဲ့လမ်းမှာ ပျက်စီးယိုယွင်း လမ်းဘေးမြောင်းပိတ်ပြီး မြောင်းရေများလမ်းပေါ်ကျော်စီးဆင်းကာ သုံးစားမရအောင်လမ်းများပျက်စီးနေခြင်းမှာ စည်ပင်နဲ့မဆိုင်လို့လား စည်ပင်က အေအီး လားအီးအီးလား ကြောင်ချီးလားတော့မသိပါ သူတို့တွေက ဘာလုပ်နေတာလဲ သူတို့က ရပ်ကွက်ထဲဘယ်သူ့အိမ်ဆောက်နေလည်း ဒါဘဲ့တိတ်တခိုးလိုက်လံစောင့်ကြည့်နေတာလား  လမ်းနဲ့သူတို့နဲ့မဆိုင်ဘူးလား သူတို့ က နိုင်ငံတော်လစာ အလကားအခန့်သားထိုင်စားနေတော့မှာလား
မနေ့က ဂါးဒင်းရှေ့က ချိုင့်ခွက်လေးတွေ ကွန်ကရက်နဲ့ မစို့မပို့ဖြည့်နေတာတော့တွေ့ပါရဲ့ ဒါပြီးသွားပြီလား ဟော်တယ်ဝင်လမ်းဘဲ့အရေးကြီးတာလား ပြည်သူတွေသွားလာတဲ့ လမ်းကောအရေးမပါတော့ဘူးလား သက်ဆိုင်ရာအထက်လူကြီးများမှ အမြန်ဆုံးပြုပြင်ပေးနိုင်ပါရန် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
                                        မြူ နှင်း(အေးရိပ်ငြိမ်)
onsdag 19 augusti 2015
သူရဦးရွှေမန်း ဆန္ဒအမှန်
သူရဦးရွှေမန်း ဆန္ဒအမှန်
သူရဦးရွှေမန်းက မကြာသေးမီအချိန်ပိုင်းကပင် သူ၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် “မိမိ၏ဆန္ဒအမှန်” ဟုခေါင်းစဉ်တပ်ကာ ပြည်သူများကို တိုင်တည်၍ စာပိုဒ် ၇ပိုဒ်ပါ ထုတ်ပြန်ချက်တစ်စောင် တင်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် လွှတ်တော်ကို ဒီမိုကရေစီနှင့်အညီ အသက်ဝင်အောင် ဆောင်ရွက်ခဲ့ချိန်မှစ၍အခက်အခဲများကြုံတွေ့ခဲ့ပြီး နောင်တွင် အခက်အခဲထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီးလုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟုလည်း ကြိုတင်သုံးသပ်မိခဲ့ပါသည်ဟု ရေးသားထားသည်။
  ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပြည်သူအတွက် ဘဝပေး၍ ဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ၎င်းကြောင့် ပြည်သူများ ဒုက္ခ၊အခက်အခဲ မတွေ့စေရန်နှင့် ပြသနာများမဖြစ်စေရန် သတိနှင့် ယှဉ်ကာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ထိုအချက်ကို သစ္စာပြုထားကြောင်းဖော်ပြထားသည်။
သူရဦးရွှေမန်း၏ ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မိမိ၏ဆန္ဒအမှန်
------------------
❖ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးသာ အဓိကဦးတည်ဆောင်ရွက်ရန်မှာ မိမိ၏ဆန္ဒအမှန် ဖြစ်သည်။
❖ နိုင်ငံနှင့် နိုင်ငံသားများ ဒုက္ခရောက်စေနိုင်သော မည်သည့်ကိစ္စကိုမှ မိမိမလုပ်သကဲ့သို့ အခြားသူများကိုလည်း မလုပ်စေလိုပါ။
❖ ထိုစိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်ရာတွင် အခက်အခဲ၊ အကျပ်အတည်း၊ အတားအဆီးများစွာ ရှိနိုင်သည်ကို မိမိသိရှိထားပါသည်။
❖ မိမိအနေဖြင့်လည်း အသက်အရွယ်ရရှိလာပြီဖြစ်၍ လုပ်ဆောင်ရန် အချိန်များစွာ မကျန်တော့ပါ။ ကံအားလျော်စွာ ပြည်သူ့ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဌအဖြစ် ရောက်ရှိလာချိန်တွင် ပြည်သူအတွက် လုပ်ဆောင်ရန် အခွင့်အလမ်း ပိုမိုရရှိခဲ့ပါသည်။
❖ လက်ညှိုးထောင်ခေါင်းညိတ် (မည်ကာမတ္တ လွှတ်တော်မျိုး)ကိုသာ တစ်ချို့က ဖြစ်စေလိုချိန်တွင် မိမိတို့က လွှတ်တော်သည် နိုင်ငံ၏ အသက်ဝိညာဉ်၊ အသက်သွေးကြောဖြစ်ကာ "လွှတ်တော်မရှိ ဒီမိုကရေစီ မရှိ၊ လွှတ်တော်ရှိမှ ဒီမိုကရေစီရှိသည်" ဟုခံယူပြီး ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ အခက်အခဲများစွာ ကြုံတွေ့လာရပါသည်။
❖ နောင်တွင် အခက်အခဲထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီးလုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟုလည်း ကြိုတင်သုံးသပ်မိခဲ့ပါသည်။
❖ ပြည်သူ့ကိုယ်စားလှယ်အဖြစ် တာဝန်ရှိလာသည့် (၅)နှစ်တာကာလအတွင်း ပြည်သူ့အတွက် ဘ၀ပေး၍ လုပ်ဆောင်သွားမည်ဟုလည်း အကြိမ်ကြိမ် မိမိကိုယ်မိမိ ကတိသစ္စာပြုကာ အားပေးခဲ့ပါသည်။
❖ ထိုသို့ဆောင်ရွက်ရာတွင် မိမိကြောင့် အများပြည်သူများ ဒုက္ခမတွေ့စေရ၊ အခက်အခဲမတွေ့စေရ၊ ပြသနာများမဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ( "ပြည်သူအားလုံး" ဆိုသည်မှာ "အားလုံးသောနိုင်ငံသားများ" ကို သစ္စာပြုထားခြင်း ဖြစ်ပါသည်။)
အများအကျိုးဆောင်ရွက်နိုင်ကြပါစေ..။
သူရဦးရွှေမန်း
                                       မြူ နှင်း(အေးရိပ်ငြိမ်)
သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ
သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ
************************************
(၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....
(၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....
(၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....
(၄) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ် ဆိုရင် ဆေးထိုးအပ် ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့် တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...
(၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....
(၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...
(၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...
(၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....
(၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...
(၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...
(၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....
(၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ... လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....
(၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....
(၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....
                                              မြူ နှင်း(အေးရိပ်ငြိမ်)
အမြန်လမ်း မှ လုယက်မှု့များ
အမြန်လမ်း  မှ လုယက်မှု့များ
80နှင့်90 ကြားတွင် လမ်းလယ်ဘလောက်တုံးများချထားပြီး ကားများ မှောက်အောင်ကြံဆောင်ကာ လုယက်သူများမှ အစုအဖွဲ့ဖြင့်ပုန်းအောင်းနေရာမှ ပေါ်ထွက်လာပြီး လုယက်မှုများရှိနေကြောင်းကြားသိရသဖြင့် ကားများအနေဖြင့် တစ်စီးခြင်းထက် စုပေါင်းသွားခြင်းက ပိုအကျိုးရှိနိုင်ကြောင်း ဖြစ်ပေါ်လာပါကလည်း အနီးစပ်ဆုံး အမြန်လမ်းက ကူညီပါရစေ ဖုန်းနံပါတ်များအောက်တွင် ဖေါ်ပြပေးသွားမည်ဖြစ်ပြီး ကူးယူမှတ်သားထားကြပါရန် အသိပေးနိုးဆော်လိုက်ရပါသည်။
မိုင်(40) ဘောနက်ကြီးအမြန်ရဲစခန်း(09-8651673)
မိုင်(72)မိုင် ဥသျှစ်ကုန်းအမြန်ရဲစခန်း(09-49442453)
မိုင်(83)မိုင် မြို့ချောင်းအမြန်ရဲစခန်း(09-6310402)
မိုင်(115)ဖြူး အမြန်ရဲစခန်း(09-6307572)
မိုင်(138)ဗောဓိကုန်းအမြန်ရဲစခန်း(09-6301326)
မိုင်(175)သာဂရလမ်းဆုံအမြန်ရဲစခန်း(09-6301324)
မိုင်(285)သီးကုန်းအမြန်ရဲစခန်း(09-43159160)
မိုင်(202)နေပြည်တော်အမြန်ရဲစခန်း(067-8100087)
အားလုံးဘဲ့ဘေးရန်ကင်းဝေးနိုင်ကြပါစေရန်
                                     မြူ နှင်း(အေးရိပ်ငြိမ်)
သင်ထားလေ့ကျင့်ထားတာက
သင်ထားလေ့ကျင့်ထားတာက သတ်နည်းဖြတ်နည်း
ဖြစ်လာတော့ ကျမ်းမာရေးဝန်ကြီးတဲ့
သင်ထားလေ့ကျင့်ထားတာက ရေဗူးပေါက်တာမလိုချင်ဘူး ရေဘဲ့လိုချင်တယ်တဲ့
ဖြစ်လာတာက ပညာရေးဝန်ကြီးတဲ့
သင်ထားလေ့ကျင့်ထားတာက ဖြိုနည်း ဖျက်နည်း ဗုံးခွဲနည်း
ဖြစ်လာတာက ဆောက်လုပ်ရေးဝန်ကြီးတဲ့
သင်ထားလေ့ကျင့်ထားတာက ရန်သူဆို ကျူ ပင်ခုန်ကျူ ငုတ်တောင်မကျန်စေနဲ့တဲ့
ဖြစ်လာတာက ယဉ်ကျေးမှု့ဝန်ကြီးတဲ့
သင်ထားလေ့ကျင့်ထားတာက စစ်နဲ့အချစ်မှာ မတရားတာမရှိဘူးတဲ့
ဖြစ်လာတာက သာသနာရေးဝန်ကြီးတဲ့
   ကောင်းကြသေးရဲ့လား
                         မြူ နှင်း(အေးရိပ်ငြိမ်)
တန်ဖိုးဆိုတာ ထားတတ်မှ တန်ဖိုးရှိတာပါ
တန်ဖိုးဆိုတာ ထားတတ်မှ တန်ဖိုးရှိတာပါ
အစည်းအဝေးတစ်ခုကို အမျိုးသမီးနှစ်ယောက်ဟာ မလုံမခြုံ အ၀တ်အစားတွေနဲ့ တက်ရောက်ခဲ့တယ်။ အဲဒီအချိန်မှာ သဘာပတိကြီးက အခုလိုပဲပြောခဲ့တယ်…
သဘာပတိကြီးက အဲဒီအမျိုးသမီးနှစ်ယောက်ကို ကြည့်ပြီး အရင်ဆုံးထိုင်ခိုင်းလိုက်တယ်။ ပြီးတဲ့အခါမှာတော့ အဲဒီအမျိုးသမီးတွေရဲ့  ဘ၀မှာ မမေ့နိုင်မယ့် စကားတွေကို ပြောလိုက်တယ်။ သဘာပတိကြီးက အဲဒီအမျိုးသမီးတွေကို မျက်လုံးတည့်တည့်ကို ကြည့်ပြီး၊ ဘုရားသခင်ဟာ ဒီကမ္ဘာကြီးထဲမှာ တန်ဖိုးရှိတဲ့ အရာတွေကို ဖန်ဆင်းတဲ့အခါမှာ သေချာ ဖုံးအုပ်ကွယ်ကာတားပြီး မြင်ဖို့ ၊ တွေ့ ဖို့ ၊ ရနိုင်ဖို့ ခက်ခဲတဲ့ အရာတွေအဖြစ် ဖန်ဆင်းခဲ့တာဖြစ်တယ်။
၁။ စိန်တွေကို ဘယ်မှာ တွေ့ နိုင်ပါသလဲ။ မြေပြင်အောက် အနက်ကြီးထဲမှာ ဖုံးအုပ် ကာကွယ်ထားတဲ့ နေရာမှာပါပဲ။
၂။ ပုလဲတွေကို ဘယ်မှာတွေ့ နိုင်ပါသလဲ။ ပင်လယ်ရေပြင်အောက် အနက်ကြီးထဲမှာ လှပတဲ့ ကမာခွံလေးတွေ ဖုံးအုပ်ကာကွယ်ထားတဲ့ နေရာမှာပါပဲ။
၃။ ရွှေတွေကို ဘယ်မှာတွေ့ နိုင်ပါသလဲ။ ကျောက်တွင်းအောက်ဘက်မှာ ကျောက်အလွှာပေါင်းများစွာနဲ့  ဖုံးအုပ် ကာကွယ်ထားတဲ့ နေရာမှာပါပဲ။ အဲဒီရွှေတွေဆီရောက်ဖို့ ဆိုရင် ကြိုးစားပမ်းစားနဲ့  တွင်းနက်ကြီးတွေတူးရပါတယ်။
သဘာပတိကြီးက အဲဒီအမျိုးသမီးတွေကို မျက်လုံးတည့်တည့်ကို စူးစိုက်ကြည့်ပြီး…
မင်းတို့ ရဲ့ ခန္ဓာကိုယ်ဟာ ထူးခြားပြီး အလေးအမြတ်ထားသင့်တဲ့ အရာတစ်ခုပါပဲ။ မင်းတို့ ဟာ စိန်တွေ၊ ရွှေတွေ၊ ပုလဲတွေထက် အများကြီးပိုပြီး တန်ဖိုးရှိပါတယ်။ အဲလိုတန်ဖိုးရှိတဲ့ အရာတွေကိုလည်း ဖုံးအုပ်ကာကွယ်ထားသင့်ပါတယ်။ 
မင်းတို့ ရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို စိန်တွေ၊ ရွှေတွေ၊ ပုလဲတွေလိုပဲ တန်ဖိုးထားမယ်ဆိုရင် ဂုဏ်အသရေရှိတဲ့ သတ္တုတူးဖော်တဲ့ အဖွဲ့ တစ်ဖွဲ့ ဟာ လိုအပ်တဲ့ စက်ယန္တယားတွေနဲ့ ကျယ်ပြောလှတဲ့ စူးစမ်းရှာဖွေမှုတွေကို ပြုလုပ်မှာပဲဖြစ်တယ်။
ပထမဦးဆုံးအနေနဲ့ သင်တို့ ရဲ့ အစိုးရ (မိသားစု) ကို ဆက်သွယ်လာမယ်။
 ပြီးရင် တရားဝင်လုပ်ငန်းလုပ်ကိုင်ရန် စာချုပ်စာတမ်း (ထိမ်းမြားမင်္ဂလာ) ကို လက်မှတ်ရေးထိုးမယ်။ 
အဲဒီနောက်မှာတော့ ကျွမ်းကျင်စွာဖြင့် သတ္တုတူးဖော်ခြင်း (တရားဝင် လက်ထပ်ပြီး အိမ်ထောင်ပြုခြင်း) တွေကို ပြုလုပ်လာမှာပဲဖြစ်တယ်။
ဒါပေမယ့် မင်းတို့ ရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို မြေမျက်နှာပြင်ပေါ်မှာပဲ ဖော်ပြထားမယ်ဆိုရင်တော့ တရားမ၀င်တဲ့ မိုင်းအလုပ်သမားတွေဟာ တရားမ၀င်တဲ့ နည်းလမ်းတွေနဲ့  သတ္တုတူးဖော်ခြင်းတွေကို တွေကို ပြုလုပ်လာမှာပါပဲ။
 လူတိုင်း ဟာလည်းပဲ သူတို့ ဆီမှာရှိနေတဲ့ အကြမ်းထည် ပစ္စည်းကိရိယာတွေနဲ့ ပဲ စိတ်ကြိုက်တူးယူမှာပဲဖြစ်တယ်။
ဒါကြောင့် ဂုဏ်အသရေရှိတဲ့ သတ္တုတူးဖော်သူတွေနဲ့ သာ ဆုံတွေ့ ဖို့ ရန် မိမိရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို ဖုံးအုပ်ကာကွယ်ထားဖို့  လိုတယ်။
ကဲ ကိုယ့်ရဲ့ ဇနီး၊ သမီးနဲ့ သူငယ်ချင်းတွေကို အခြေအနေနဲ့ အချိန်အခါအလိုက် သင့်တင့်လျောက်ပတ်စွာ ၀တ်ဆင်ဖို့ အားပေးကြရအောင်နော်။
                                       မြူ နှင်း(အေးရိပ်ငြိမ်)
tisdag 18 augusti 2015
ကော့သောင်း ၂ မိုင်ဆေးရုံ မှ တာဝန်ကျ ဆရာဆရာမ.များ ပေါ့ဆ မှု ကြောင့် လူနာမသေ သင့် ဘဲသေ ရ။
ကော့သောင်း ၂ မိုင်ဆေးရုံ မှ တာဝန်ကျ ဆရာဆရာမ.များ ပေါ့ဆ မှု ကြောင့် လူနာမသေ သင့် ဘဲသေ ရ။
======================
၁၃ -၈-၂၀၁၅ နေ့ ကကမ်းနီးငါးလုပ်ငန်း ကုမ္ပဏီ ဝန်ထမ်း ဦးလှဝေ ၅၃ နှစ် ၊သည် နှလုံးရော ဂါ ရှိသူဖြစ်ပြီး၊ ရင်ဘတ်အောင့် မူးဝေ သဖြင့် ပြင်ပဆေးခန်းသို့ သွားရောက်ပြသရာ ၊စမ်းသပ်စစ်ဆေးပြီး. ဆေး ရုံ.သို့ အမြန် သွား ရန်ညွှန်ကြား ခဲ့ကြောင်း။
13-8-2015. 09:00 ခန့် ဆေးရုံ သို့ ရောက်သွားရာ ၊ပြင်ပလူနာဌာန တွင် အချိန်ကြာပြီး ၊အပေါ်ထပ် သို့လမ်းလျှောက် တက် ရာ.အမောဆို့ပြီး ကုတင်ပေါ် ရောက်ပြီး၁၀ မိနစ်ခန့် အကြာတွင်.သေဆုံး သွားခဲ့ ပါသည်။
ဦးလှဝေ မှာ အငြိမ်းစား ရဲအရာရှိ တဦး ဖြစ်ပါသည်။ ထိုအချိန်က မည်သူတာဂန်ကျ သည်ကို မသိရ သော်လည်း၊ OPD တွင် ဒေါက်တာ.နိုင်နိုင်ထွန်း...တာဝန်ကျသည့် အခါတိုင်း လူနာကို ဂရုမစိုက်ဘဲ အကြာကြီး ထိုင်စောင့် ခိုင်း လေ့ ရှိ ပြီး၊လူနာများ နှင့်ဆက်ဆံရာတွင် မိုက်ရိုင်းစွာဆက်ဆံလေ့ရှိ ကြောင်း၊
သမားတော်.များ၊အထူးကုများနှင့်.ပြသရန် လိုအပ်သောလူ နာများကို တွေ့ခွင့် မပေးဘဲ သူ့သဘောနှင့်သူ.တွေ့ရာကြုံဆေးကိုဖြစ်သလိုပေးပြီး မသက်သာရင် ပြန်လာဟု.ဖြစ်သလို လုပ်၍ပြန်လွှတ်ပါသည်။
အိမ်မရောက်မီသေလို့ပြန်မလာနိုင်သူရှိသလို ၊သူနှင့် နောက်တကြိမ် မတွေ့ လို၍.ပြန်မလာသူများ.လည်းရှိ၏။
.. .တခါက ကျွနုပ် ၏ မိတ်ဆွေ တဦး အရိုးအထူကုနှင့် ပြသရန် လာသည်ကို ။တွေ့မပေးဘဲ.အချိန်ဆွဲ ပြီးထိုင်စောင့်ခိုင်းသဖြင့်.စိတ်မရှည် ဘဲ စကားများ ရကြောင်း၊ မကျေနပ်ရင်တိုင်ချင်ရာတိုင်ဟု မိုက်မိုက်ရိုင်းရိုင်းပြောလိုက်ပါသေးသည်။
နောက်မိတ်ဆွေ တဦး ရုတ်တရက် အသက်ရှူကြပ် လို့ ရောက်လာရာ တွင်လည်း နိုင်နိုင်ထွန်း၏ ဂျူတီ.နှင့်ကြုံကြိုက် သဖြင့် ဂရုမစိုက်ဘဲ ဖြစ်သလိုသွေးပေါင်တိုင်း ပြီး သွေးတိုးသည်ဟုဆို ကာ မလိုအပ်ဘဲသွေးပေါင်ကျဆေး များ ကို ပါ ပေးပြီးမသက်သာရင်ပြန်လာဟု ဆိုကာ ပြန်လွှတ် သည်။
ထိုမိတ်ဆွေမှာ ဗဟုသုတ.ရှိသူဖြစ်၍. စွမ်းထက် တွင် အပြင်သမားတော်နှင့်ပြရာ
သွေးတိုး မရှိ ကြောင်းသိရပြီး၊ အောက်ဆီဂျင်နှင့်.ဆေးရည် ရောစပ် ရှူစေပြီး ရောဂါနှင့်.ဆေး.သင့် အောင်ပေးသဖြင့် အသက်ချမ်းသာရာရခဲ့ ကြောင်း ၊၎င်း၏..ဆေးမှတ် တမ်း များကိုပူးတွဲဖော်ပြ လိုက်ပါတယ် ။
အောက်ဆီဂျင် ကို ဓမ္မပီတိ ကဲ့သို့ သော နာရေးကူညီမှု.အသင်း များ ၊Ngo များ၊သံဃာ.တော်များမှ လိုလေသေးမရှိ အခမဲ့ ပေးလှူနေပါတယ် ၊ နမျောတွန့်တို ပြီးအသုံး မပြု တာတော့ လူမဆန်ရာကျ.ပါတယ်။
နိုင်နိုင်ထွန်း ကိုပြောလိုက်ပါတဲ့.၊မတိုင်မှာ မပူနဲ့တဲ့ ၊ဆေးရုံ က.တန်ဘိုး ကြီးတဲ့ဆေးအကောင်းစားတွေ ကို Expire နီးတဲ့ဆေး တွေ နဲ့ အပြင်ဆိုင်မှာလဲတာတို့ ၊မင်းတို့ပြန်ရောင်းပြန်သွင်းထားတဲ့ ဆိုင်တွေမှာဝယ် ဘို့ ပြန်ညွှန်းတာတို့ အထောက်အထားတွေ ရှာနေ ရလို့ကြာနေတာ၊ မင်းလူပါးဝ တာခံလိုက်ရလို့မကျေနပ်တဲ့လူတွေစုပြီးတိုင်လိမ့်မယ် ။
ဖေ့စ်ဘုတ်မှကူးယူဖေါ်ပြပေးသည်။
                                        မြူ နှင်း(အေးရိပ်ငြိမ်)
fredag 14 augusti 2015
သူရ ဦးရွှေမန်းအား ဖြုတ်ချခဲ့မှု ကုလ ဝေဖန်
သူရ ဦးရွှေမန်းအား ဖြုတ်ချခဲ့မှု ကုလ ဝေဖန်
သောကြာနေ့က ကုလသမဂ္ဂ အတွင်းရေူမှုးချုပ် ဘန်ကီမွန်းမှ
 မြန်မာပြည်တွင်းရှိ ပါဝင်ပါတ်သက်နေသူ အားလုံးမှ လွတ်လပ် တရားမျှတပြီး ယုံကြည် နိုင်ရမည့် ရွေးကောက်ပွဲ ဖြစ်လာရေး ပြန်လည် ကတိက၀တ်ပြုကြရန် လိုအပ်နေသည်ဟု ဆိုကြောင်း ကုလ ပြောခွင့်ရ Stephane Dujarric က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
အမေရိကန် အထက်လွှတ်တော် မှ လူများစု ခေါင်းဆောင် ရီပါတ်ဘလီကင်
 အမတ် Mitch McConnel က ရွှေမန်းကို ဖြုတ်ချခဲ့သည့် လုပ်ရပ်ကြောင့်
 မြန်မာပြည်တွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်နေပါသည်ဟု
 ပြောဆိုထောက်ခံနေသူများ ရပ်တန်းက ရပ်သင့်ပြီ ဟု ဆိုသည်။
 မြန်မာသမိုင်းတွင် အစဉ်အလာများ ရှိခဲ့မှုများကို ထောက်၍ ပြောရမည်ဆိုက ပါတီဝင်တဦးကို လုံခြုံရေးတပ်ဖွဲ့များ သုံး၍ ဖယ်ရှားလိုက်ခြင်းသည် 
အတော်ထိတ်လန့်စရာ ကောင်းလှကြောင်ုး တွက်ဆ၍ရသည်ဟု ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ 
အမျိုးသမီး Katina Adams မှလည်း ဒီမိုကရေစီ လုပ်ငန်းစဉ်များ ဖေါ်ဆောင်ပါမည်ဟု ကတိက၀တ်များ ပေးထားခဲ့သော အစိုးရ အနေဖြင့်
 ပြည်သူများအကြား ယုံကြည်မှု ကျဆင်းလာနေမှုကို ပြန်လည် 
အားသစ်လောင်းပေးရန် လိုသည်ဟု ဆိုသည်။
                                       မြူ နှင်း(အေးရိပ်ငြိမ်)
ကော့သောင်းဆေးရုံကြီးတွင် ဆရာဝန်များ ကမ်ပိန်းစတင်
ကော့သောင်းဆေးရုံကြီးတွင် ဆရာဝန်များ ကမ်ပိန်းစတင်
ကော့သောင်းပြည်သူ့ဆေးရုံကြီးတွင်လည်း စစ်ဘက်မှ ပို့လာမည့် မိုးကရွှေကိုယ်များအား တွန်းလှန်ပုန်ကန်သည့် ကမ်ပိန်း ကိုယမန်နေ့များမှစ တစ်တပ်တစ်အား ပါဝင်ဆင်နွဲနေကြပါပြီ။
                                         မြူ နှင်း(အေးရိပ်ငြိမ်)
မြိတ်မြို၌ စိတ်ကြွဆေးပြားများ ဖမ်းဆီး
   မြိတ်မြို၌ စိတ်ကြွဆေးပြားများ ဖမ်းဆီး
မြိတ်မြို့ကတော့ ပင်စည်ကိုခုတ်လှဲနေပြီ။ ကော့သောင်းကတော့ အကိုင်းအခက်တွေကိုဘဲ့ ခုတ်ကစားနေတော့မှာလား ပင်စည်ခုတ်လိုက်ရင် အရိပ်မရမှာကြောက်နေတာလား ဒီလောက်ဆိုသက်ဆိုင်ရာဝန်ထမ်းများ သတိချပ်မိမှာပါ။
မြိတ်မြို့နယ်၌ စိတ်ကြွ မူးယစ်ဆေးပြားများအား အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက် ရှိရာ စိတ်ကြွဆေးပြား ဖမ်းဆီးနှင့် ရောင်းချသူများအား ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူ
===============
မြိတ်မြို့နယ် အတွင်း စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါး များ ဖမ်းဆီးနှိမ်နှင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်အတွင်း စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါး ဖမ်းဆီး
မှု (၄)မှု ရှိခဲ့ကြောင်း သိရသည်။
ပသောင်း - ကြေးနန်းတိုင် တံတား ၌ ဖမ်းဆီး
ဖြစ်စဉ်များအနေဖြင့် ဇူလိုင်လ (၂၂) ရက်နေ့တွင် တောင်းရှည် နယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်မိုးနှင့် အဖွဲ့သည် မြိတ်မြို့ ပသောင်း - ကြေးနန်းတိုင် တံတားဂိတ်တွင် ည (၆)နာရီ ခွဲအချိန်၌ ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်စဉ် တနင်္သာရီမြို့ဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင် လာသည့် နံပတ်မပါ Wave I 125 ဆိုင်ကယ်အား ရပ်တန့်စေရာ ဆိုင်ကယ်မှာ မရပ်တန့်ဘဲ စစ်ဆေးနေသူ ရဲတပ်ကြပ်ကြီး ညွန့်ဌေးအား ၀င်တိုက်ကာ လမ်းဘေး ပလက်ဖောင်းသို့ မှောက်ကျသွားပြီး ရဲတပ်ကြပ်ကြီး ညွန့်ဌေးတွင် ဦးခေါင်း ပေါက်ပြဲ ဒဏ်ရာရရှိခဲ့ကာ ဆိုင်ကယ် မောင်းနှင်သူ သန်းထိုက်ဦး (အသက် - ၃၀)နှစ်၊ (ဘ) ဦးစိန်လှ ၊ ရွှေနှင်းဆီလမ်း ၊ မြို့သစ်ရပ် နေသူ)မှာ ဆိုင်ကယ် မှောက်သည့် ဒဏ်ရာ များဖြင့် သတိလစ် သွားပြီး နောက်မှ ထိုင်လိုက်ပါလာသူ မြတ်ကိုဇံ ( အသက်-၂၃နှစ်၊ (ဘ) ဦးစံအေး၊ မီးသွေးဖောင်းလမ်း၊ ဘုရားကိုင်ရပ်ကွက်)နေသူမှာ ဒဏ်ရာရရှိခြင်း မရှိဘဲ ၄င်းတို့ စီးနင်း လိုက်ပါလာသည့် ဆိုင်ကယ်အား ရှာဖွေစစ်ဆေးစဉ် စိတ်ကြွမူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်များ ၊ ငွေကြေးများ သိမ်းဆည်း ရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသော ပစ္စည်းများမှာ ဆိုင်ကယ်ဖင်ထိုင်ခုံ အောက်အတွင်းမှ ခရမ်းရောင် လက်ဆွဲ အိတ်အတွင်း၌ ငွေစက္ကူရောရာ (၅၉)သိန်းနှင့် အတူ အနက်ရောင် ကြုတ်အတွင်းမှ ပလပ်စတတ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ အနီရောင် စိတ်ကြွဆေးပြား (၁၆၈)ပြားနှင့် WY စာတန်းပါ အစိမ်းရောင် စိတ်ကြွဆေးပြား (၂) ပေါင်း (၁၇၀)ပြားအား ဖမ်းဆီးရမိသဖြင့် တရားခံ သန်းထိုက်ဦးနှင့် မြတ်ကိုဇံ တို့အား တောင်းရှည် ရဲစခန်းမှ မူးယစ် ဥပဒေဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ကန်ခေါင်းရပ်၌ ဖမ်းဆီး
၎င်းအပြင် ၁၅ ဇူ ၂၂ ၀၄၃၀အချိန် အမှတ်(၁) နယ်မြေ ရဲကင်း အမှတ်(၂)နယ်မြေ ရဲကင်းနှင့် မြိတ်ရဲစခန်းမှ ပူပေါင်း အဖွဲ့သည် ကန်ခေါင်းရပ်ကွက် မြနန္ဒာလမ်းသွယ်၌ ဟိဒါယာ နှင့် ရူခန်း တို့သည် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ သွားရောက် ရှာဖွေဖမ်းဆီးရာ ၄င်းတို့(၂)ဦးမှာ ထွက်ပြေး တိမ်းရှောင်သွားပြီး ကျန်ရှိနေသော ဆိုင်ကယ်(၂)စီးမှာ ၄င်းတို့(၂)ဦး၏ ဆိုင်ကယ်ဖြစ်ကြောင်း TENA အမျိုးအစား နက်ရွှေရောင် ဆိုင်ကယ်မှာ ဟိဒါယာ၏ ဆိုင်ကယ်ဖြစ်ကြောင်း CLick I  အမျိုးအစားအဖြူ လိမ္မော်ရောင် ဆိုင်ကယ်မှာ ရူခန်း ၏ ဆိုင်ကယ်ဖြစ်ကြောင်း သက်သေ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး ၏ အတည်ပြုပေးချက် အရ သိရှိရ၍ ဆိုင်ကယ်များအား ရှာဖွေရာ၌ ဟိဒါယာ ၏ဆိုင်ကယ်ဖြစ်သော TENA အမျိုးအစား ဆိုင်ကယ်၏ ၀ဲလက်လက်ကိုင်နှင့် ကလပ်ကြီုးကြားတွင် ညှပ်ထားသော အနက်ရောင်ြွကပ်ြွကပ်အိတ် အတွင်း၌ WY စာတန်းပါ ပန်းနုရောင်စိတ်ြွကရူးသွပ်ဆေးပြား (၈၁)ပြားနှင့် WY စာတန်းပါ အစိမ်းရောင်စိတ်ြွကရူးသွပ် ဆေးပြား(၁)ပြား၊ စုစုပေါင်း စိတ်ကြွ ဆေးပြား(၈၂)ပြား၊ စုစုပေါင်း အလေးချိန်(၀.၀၀၈၂) ကီလိုဂရမ်ခန့်။ စိတ်ြွကရူးသွပ် ဆေးပြားများအား ရှာဖွေတွေ့ရှိသဖြင့် ဆယ်အိမ်မှူး ဦးဝင်းမောင် အား သက်သေများရှေ့ အပ်နှံပေးစေကာ ဒုရဲအုပ် ရဲထွဋ်ကို မှ ရှာဖွေပုံစံရေးသွင်းပြီး ရဲစခန်း ပို့အပ် တိုင်တန်းခဲ့ရာ ဇူလိုင်လ (၂၇) ရက်နေ့တွင် ညပိုင်း၌ မြိတ်မြို့ အဝေးပြေး ကားဝင်းအတွင်း၌ ဟီဒါယာ (အသက်(၁၈)နှစ်၊(ဘ)ဦးတရုတ်၊ ၊ မြနန္ဒာ လမ်းသွယ်၊ ကန်ခေါင်းရပ်ကွက်၊ ကန်ဖျားနယ်မြေ၊ မြိတ်မြို့။) နှင့် ရူခန်း (အသက် (၂၈)နှစ်၊ (ဘ)ဦးမာမက်ခန်း(ခ) ဦးဝင်းနိုင် (ခ) ဦးလက်ကွေး၊ ဆေးရုံလမ်း၊ ကန်ခေါင်းရပ်ကွက်၊ ကန်ဖျားနယ်မြေ၊ မြိတ်မြို့။) နေသူအား ဖမ်းဆီးရမိ သဖြင့် မူးယစ်ပုဒ်မဖြင့် အရေးထားကြောင်း သိရသည်။
ပါရမီရပ်ကွက်၌ ဖမ်းဆီး
ထိုသို့ ဟီဒါနှင့် ရူခန်းတို့၏ ဖော်ထုတ်ချက်များအရ ဇူလိုင်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခွဲအချိန်၌ ဒုရဲအုပ် ရဲထွဋ်ကိုနှင့် ပူးပေါင်းအဖွဲ့သည် နေအိမ်သို့ ၀င်ရောက် ရှာဖွေခွင့် ၀ရမ်းဖြင့် မြိတ်မြို့ အလယ်ကျွန်းနယ်မြေ ပါရမီ (၂) ရပ်၊ ကြာညိုလမ်းနေ စည်သူအောင် (ခ) နောင်ပျော့ ၊ ((ဘ) ဦးအောင်မြင့် ၊ အသက် (၃၀)နှစ်၊ ) ၏ နေအိမ်အား ၀င်ရောက် ရှာဖွေရာ ၄င်း၏ ဇနီးဖြစ်သူ မနှင်းဖြူအောင် (ခ) ဖြူဖြူ (အသက် - ၂၈နှစ်၊ (ဘ) ဦးရဲအောင်၊ ) နှင့် အတူ တွေ့ရှိရပြီး ၄င်းတို့ နှစ်ဦးအိပ်နေသည့် အိပ်နေသည့် မွေ့ယာပေါ်မှ WY စာတန်းပါ ပန်းရောင်နှင့် အစိမ်းရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၄၈၁) ပြားနှင့် ဆက်စပ် ပစ္စည်းများနှင့် ငွေကျပ် သုံးသိန်း အား သိမ်းဆည်းရမိသဖြင့် မြိတ်မြို့ မြို့မ ရဲတပ်ဖွဲ့ စခန်းတွင် မူးယစ် ဆေးဝါး ဥပဒေများဖြင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။
လေယာဉ်ကွင်းလမ်း၌ ပိတ်ဆို့ စစ်ဆေးစဉ် ဖမ်းဆီးမိ
ပြည်သူလူထုများ အနေဖြင့် သတင်းပေး ပူးပေါင်းပါဝင်ရန် လိုအပ်
မြိတ်မြို့နယ် ရဲတပ်ဖွဲ့ အနေဖြင့် စိတ်ကြွဆေးပြား အပါအ၀င် မူးယစ်ဆေးဝါး များအား ရောင်းချသူများအား အကိုင်းအခက် အပါအ၀င် အမြစ်ပါ မကျန် ဖမ်းဆီးရမိရေး ကြိုးစား ဆောင်ရွက်လျက် ရှိရာ မြိတ်မြို့နယ် ပြည်သူများ အနေဖြင့် မူးယစ်ဆေး သုံးစွဲမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများအား တွေ့ရှိပါက သက်ဆိုင်ရာ နယ်မြေ ရဲကင်း၊ ရဲတပ်ဖွဲ့စခန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများသို့ သတင်းပေးခြင်းဖြင့် ပူးပေါင်းပါဝင် ကြပါရန် ဖိတ်ခေါ်ပါကြောင်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြိတ်ခရိုင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းဝင် တစ်ဦးမှလည်း `` မြိတ်မြို့မှာ စိတ်ကြွဆေးတွေ နေရာတိုင်းမှာ ရောင်းဝယ် ဖောက်ကား နေတယ်လို့ ၊ လမ်းဘေးမှာအစ ၀ယ်လို့ ရနေတယ်လို့ အင်တာနက်ပေါ်မှာရော၊ အပြင်မှာပါ အော်နေကြတယ်။ တကယ်ဆို မူးယစ်ဆေးဝါး အမြစ်ပါ မကျန် ပပျောက်ခြင်တယ်ဆိုရင် မိမိသိရှိတဲ့ မူးယစ်ရောင်းဝယ်မှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို သတင်းပေး ပူးပေါင်းဖို့ လိုအပ်ပါတယ်။ မြိတ်သူ မြိတ်သားတွေ အနေနဲ့ရော ၊ မိဘ ပြည်သူတွေ အနေနဲ့ရော မိမိသားသမီး ဆွေမျိုးများ မူးယစ် နွံထဲ မနစ်အောင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေကို ထိရောက်စွာ သတင်း ပေးတိုင်ကြားကြပါလို့ တိုက်တွန်းလိုပါတယ်ဟု ´´´ ပြောကြားသည်။
မြိတ်မြို့နယ်အတွင်း ဇန်န၀ါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၂၇) ရက်နေ့အထိ (၆)လကျော် ကာလအတွင်း မူးယစ် ဆေးဝါး အမှုပေါင်း (၅၈)မှု ဖမ်းဆီးရမိပြီး တရားခံ ကျား (၆၅) ဦး၊ မ (၅) ဦး စုစုရောင်းဝယ် ဖောက်ကားမှုတွေကို ထိရောက်စွာ သတင်း ပေးတိုင်ကြားကြပါလို့ တိုက်တွန်းလိုပါတယ်ဟု ´´´ ပြောကြားသည်။
မြိတ်မြို့နယ်အတွင်း ဇန်န၀ါရီလ (၁)ရက်နေ့မှ ဇူလိုင်လ (၂၇) ရက်နေ့အထိ (၆)လကျော် ကာလအတွင်း မူးယစ် ဆေးဝါး အမှုပေါင်း (၅၈)မှု ဖမ်းဆီးရမိပြီး တရားခံ ကျား (၆၅) ဦး၊ မ (၅) ဦး စုစုပေါင်း (၇၀) ဦးအား တရားစွဲဆို အရေးယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
                                   မြူ နှင်း(အေးရိပ်ငြိမ်)
torsdag 13 augusti 2015
တရားဝင်စာထုတ်ဖို့ ဝန်ကြီးဌာနကို ဆရာဝန်တွေ တောင်းဆို
 တရားဝင်စာထုတ်ဖို့ ဝန်ကြီးဌာနကို ဆရာဝန်တွေ တောင်းဆို
 တပ်မတော်အရာရှိတွေ ကျန်းမာရေးဌာန ရွေ့ပြောင်းတဲ့ အစီအစဉ်ကို ကန့်ကွက်နေတဲ့ အနက်ရောင် ဖဲကြိုးတပ်ဆင် လှုပ်ရှားမူအဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အစီအစဉ်ဖျက်သိမ်းကြောင်း တရားဝင်စာထုတ်ပြန်ပေးဖို့ တောင်းဆို ထားတယ်လို့ လှုပ်ရှားမှုအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာလှဟန် က RFA ကိုပြောပါတယ်။
"နှစ်ချက်ပေါ့နော် တရားဝင်စာထုတ်ဖို့ပေါ့နော်၊ နောက်နောင်မှာ စစ်ဘက်ကအရာရှိတွေကို ကျန်းမာရေး ဝန်ကြီးဌာနကို မထည့်တော့ပါဘူးလို့ တရားဝင်ခိုင်မာသော စာတစ်စောင်ထုတ်ပေးဖို့ နောက်တစ်ချက်က ဟိုတုန်းကဝင်ထားတဲ့သူတွေလည်းရှိတယ်ဗျ။ အဲ့ဒါတွေကိုတော့ထားလိုက် ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်းအခြေတကျဖြစ်ပြီပေါ့၊ လောလောလတ်လတ် သွင်းလာတဲ့သူတွေကိုတော့ သူတို့ကပြန်ဖျက်ပေး ဖို့ အဲ့နှစ်ချက်ကိုကျနော်တို့က ရည်ရွယ်ပြီးစောင့်ကြည့်သွားမယ်လို့ ပြောပြတာပါ"
တပ်မတော်အရာရှိတွေ ကျန်းမာရေးဝန်ကြီးဌာနမှာ ရွှေ့ပြောင်းတာဝန်ပေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က မနေ့က ပြောကြားခဲ့ပါတယ်။ အဲဒီ တပ်မတော်အရာရှိတွေကို ကျန်းမာရေးဝန်ကြီးဌာနမှာ ခန့်အပ်ဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆရာဝန်အများစုက လက်မခံတဲ့အတွက် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာသန်းအောင်က ပြောပါတယ်။
"မကြိုက်ဘူးဆို မခေါ်ဘူးပေါ့ဗျာ၊ ရန်ကုန်ဆေးရုံကြီးမှာ အောက်ခြေဝန်ထမ်း ၅ဝဝ ကျော်ရှိတယ်၊ အန်ကယ် တာဝန်မယူခင်ကနဲ့ တာဝန်ယူပြီးတဲ့အခါ ရန်ကုန်ဆေးရုံကြီးမှာ သန့်ရှင်းရေးတွေ၊ လုံခြုံရေးတွေ သမီး တို့မြင်တဲ့အတိုင်းပဲ၊ ဒီလူတွေကို စီမံခန့်ခွဲဖို့အတွက် ဆေးရုံအုပ်ကြီးတွေက မိန်းကလေးတွေဆို ဘယ်လို အုပ်ချုပ်မလဲ၊ ဆရာဝန်ကြီးတွေကလည်း မိန်းကလေးတွေများတယ်လေ၊ ဆရာဝန်ဆိုတာ နဂိုကတည်း က နူးညံ့သိမ်မွေ့ပြီးသားလေ၊ ဒီလိုအုပ်ချုပ်ဖို့အတွက် တချို့နေရာတွေမှာ အုပ်ချုပ်တဲ့လူတွေလိုသေးတယ်၊ ဒါကြောင့် တချို့လူတွေ ပါလာတာပေါ့၊ မခေါ်နဲ့ဆိုရင်လည်း မခေါ်တော့ဘူး"
ဒီအတောအတွင်း ကျန်းမာရေးဝန်ကြီးဌာနကို ပြောင်းရွှေ့ခန့်အပ်ထားပြီးဖြစ်တဲ့ တပ်မတော်အရာရှိ ၁၄ဦးကို ဆက်လက်ထားရှိမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်းက မနေ့ကညပိုင်းမှာ  ပြောဆိုကြောင်း သိရပါတယ်။ ခန့်ထားပြီးသား တပ်မတော်အရာရှိတွေကို ဆက်လက်ထားရှိမှာဖြစ်ပေမယ့် ထပ်မံခန့်အပ်တာကိုတော့ ရပ်ဆိုင်းထားမယ်လို့ သူက ပြောဆိုကြောင်း မဇ္ဈိမ သတင်းမှာ ဖေါ်ပြထားပါတယ်။
                                       မြူ နှင်း(အေးရိပ်ငြိမ်)