အသိပေးကြေငြာခြင်း
ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊
söndag 17 november 2013
ကော့သောင်းမြို့
ကော့သောင်းမြို့သည် တနင်္သာရီတိုင်း၏ ထင်ရှားကျော်ကြားသော မြန်မာပြည်တောင်ဘက်စွန်း ပင်လယ် ဆိပ်ကမ်းမြို့ဖြစ်သည်။ ပါချန်မြစ်ဝတွင် လူသိများသော ဘုရင့်နောင်အငူ (Victoria Point) သည် မြန်မာပြည်၏ တောင်ဘက်စွန်းအကျဆုံးအပိုင်းအဖြစ် တည်ရှိသည်။ အရှေ့ဘက်နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊မြောက်ဘက်တွင် ဘုတ်ပြင်းမြို့နယ်တို့ဖြင့်ဝိုင်းရံလျက်ရှိသည်။ မြိတ်မြို့မှ (286)မိုင် ကွာဝေးသည်။ မြို့အနေထားမှာ တောင်ပေါ်မြို့လေးဖြစ်ပြီး ပင်လယ်ကမ်းစပ်နှင့်တောင်ပေါ်တလျှောက် မြို့ကိုတည်ဆောက်ထားသည်။ နယ်စပ်ထွက်ပေါက်မြို့ဖြစ်ပြီး
ရေထွက်ပစ္စည်း၊ ရာဘာ၊ ဆီအုန်း၊ နိုင်ငံခြားသွင်းကုန်လုပ်ငန်းများဖြင့် စည်ကားလျက်ရှိသည်။ ဘုရင့်နောင် မင်းတရားကြီး၏ နယ်ချဲ့ဆန့်ကျင်ရေး သူရဲကောင်းစိတ်ဓာတ်ကို ၄င်းမြို့တွင် ထင်ထင်ရှားရှားတွေ့နိုင်သည်။
ထိုမင်းတည်ထားခဲ့သော စေတီပုထိုးများနှင့် သမိုင်းဝင်ဘုရားများကိုလည်း ဖူးတွေ့နိုင်သည်။ ၀ိတိုရိယအငူရှိ ဘုရင့်နောင် မင်းတရားကြီး၏ သူ့ကျွန်မခံဘာမထီဟန် ကြေးသွန်းရုပ်ထုကို ဂုဏ်ယူဝင့်ကြွားစွာ တွေ့နိုင်သည်။ ကော့သောင်းမြို့သည် ကမ္ဘာလှည့်ခရီးသည်များ၏စိတ်အာရုံကို အမှန်တကယ်ဖမ်းစားနိုင်လောက်အောင် ခေတ်မီတိုးတက်ကာ လေ့လာစရာများကလည်း ဆွဲဆောင်နိုင်လွန်းလှသည်။
မြို့ပတ်ဝန်းကျင်တွင် ဇာဒက်ကြီး၊ ဇာဒက်ကလေးကျွန်း၊ လမ်းပိဇီဝဗေဒကျွန်း၊ ရွှေကျွန်း၊ သူဌေးကျွန်း၊မြွေတော်ကျွန်း၊ခရုကျွန်း၊စလုံကျွန်းစသည့်ကျွန်းပေါင်းများစွာတည်ရှိသည်။
ကော့သောင်းမြို့သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်းတို့ဖြင့်သွားရောက်လည်ပတ်နိုင်သည်။
                                                          ဓါတ်ပုံ--မြူ နှင်း(အေးရိပ်ငြိမ်)                                                        တနင်္သာရီဆိုဒ်မှကူးယူဖေါ်ပြပေးသည်  
ဘုရင့်နောင်အငူ ( Victoria Point)
                                           ဘုရင့်နောင်ရုပ်ထု
                           ဘုရင့်နောင်ရုပ်ထု မော်ကွန်းဝင်ကျောက်စာ
                                  ၀ိတိုရိယအငူ(ခ)ဘုရင့်နောင်အငူ
ဝိတိုရိယပွိုင့်(ခ)ဘုရင့်နောင်အငူ
သူဌေးကျွန်းဘုရား
               ငါးသုံးလုံးတောင်ပေါ်မှမြင်ရသည့်နွားကြီးနွားငယ်ဟော်တယ်
သူဌေးကျွန်းသည် ကော့သောင်းမြို့၏ အရှေ့တောင်ဘက် မြန်မာ-ထိုင်းရေနယ်နိမိတ်အနီး တည်ရှိသည်။ ကော့သောင်းမြို့မှ speed boat ဖြင့် ဆယ်မိနစ်ခန့်စီးလျှင် ရောက်နိုင်သည်။ ကျွန်းပေါ်တွင် Andaman Club၊
Five-Star Hotel ကို နိုင်ငံတကာအဆင့်မီ ၀န်ဆောင်မှုများဖြင့် တည်ဆောက်ထားသည်။ ကျွန်းပေါ်တွင် ငါးမျှားခြင်း၊ နေပူစာ လှူံ ခြင်း၊ လေညှင်းခံခြင်း၊ ရေငုပ်ခရုကောက်ခြင်းများ ပြုလုပ်နိုင်သည်။
                           ကော့သောင်းဝီတိုရီယအငူကမ်းနားအလှ
                             သဌေးကျွန်းဟော်တယ်လှမ်းမြင်ရပုံ
Inga kommentarer:
Skicka en kommentar