အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 26 november 2013

ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက်လုပ်စားကွက်

ကော့သောင်းမြို့-ဘုရင့်နောင်ရပ်ကွက် ယာယီ အုပ်ချုပ်ရေးမှူး သက်ကြားအိုစာရေးခင်ညွှန့်နှင့်
ယခင်မဆလအစိုးရ ဘုရင့်နောင်ဥက္ကဌဟောင်း ဦးတင်မောင်တို့သည် ဘုရင့်နောင်ရပ်ကွက် အတွင်းတွင် မွတ်စလမ်လုပ်ငန်းရှင်များပါမကျန် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ အတွက်ဆိုပြီး   အလှူငွေများလိုက်လံကောက်ခံနေပါကြောင်း မြို့နယ်အုပ်ချူပ်ရေးမှူး သိစေရန်အကြောင်းကြား 
တင်ပြအပ်ပါသည် ။ ထိုအကြောင်းအရာကိုလွန်ခဲ့သည့်နှစ်ပါတ်ခန့်ကတင်ခဲ့ပြီး ဖြစ်သော်လည်း ဘာမှအရာမထင်ဖြစ်နေသောကြောင့် ထပ်မံတင်ပြအပ်ပါသည်။

မှတ်ချက်၊   ၊ ယခု နာမည်ပါသူများ မိမိမဟုတ်ကြောင်း အထောက်ထားပြချင်ပါက ကျွန်မတို(့www.kawthaung@gmail.com ) သို့ မေးလ်ပို့ပြီး ရှင်းလင်းတင်ပြနိုင်ပါကြောင်း  တင်ပြသည့် အကြောင်းအရာများကို လည်း ၀ဘ်ဆိုဒ်ပေါ်သို့အတိအလင်းတင်ပြပေးသွား
မည်ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

                                                                 မြူ နှင်း(အေးရိပ်ငြိမ်)

ကော့သောင်းမြို့ ဘန်းကချွန်ကျေးရွှာ အုပ်ချူပ်ရေးမှူးမှ နိုင်လိုမင်းထက်ပြု



ကော့သောင်းမြို့ ဘန်းကချွန်ကျေးရွှာ အုပ်ချူပ်ရေးမှူးမှ နိုင်လိုမင်းထက်ပြု
                ဖြစ်စဉ်မှာ ကော့သောင်းမြို့ ဘန်းကချွန်ကျေးရွှာ မှအုပ်ချူပ်ရေးမှူးမှ   မီးသတ်ရဲဘော်တစ်ဦးအား
ရာအိမ်မှူးကိုချူပ်ကိုင်စေပြီး ထိုးကြိတ်ရိုက်နှက်မှုဖြစ်ပွားကြောင်း ။အမှန်တကယ်မှာ စေတနာအရင်းခံပြီး စေတနာ့ဝန်ထမ်းနှင့်ပြည်သူတွေဆီက ပေးသည့်ပိုက်ဆံနှင့်ပြည်သူ့ဝန်ထမ်းဆိုသည်က ပြည်သူ့ထဲက စေတနာ့ဝန်ထမ်းကို ထိုကဲ့သို့နိုင်လိုမင်းထက်ပြု မူဆောင်ရွက်နေသည့်အတွက် အုပ်ချူပ်ရေးမှူးနှင့်သူ၏ အပေါင်းပါများအား ထိုကဲ့သို့သော စော်ကားမှုမျိုးကိုမပြုလုပ်သင့်သည့်အတွက်ကြောင့် အာဏာပိုင်တွေအနေဖြင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးစေလိုပါသည်၊ယခုတော့ ကော့သောင်းခရိုင် အုပ်ချူပ်ရေးမှူး ကျော်စွာနှင့် မြို့နယ်အုပ်ချူပ်ရေးမှူး ပါစီ တို့သည်နှာစေးနေကြသည့်အတွက် တက်ဖီ(အစိမ်းရောင်ကတ်) လည်းမသောက်သည့်အတွက်ကြောင့် ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်၊


                                                                          မြူနှင်း (အေးရိပ်ငြိမ်)

lördag 23 november 2013

မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိ 11:28 AM တိုင်ကြားစာ

 မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး         အမြန်လိုအပ်လျှက်ရှိ
 (ကျွဲကူးနေ ပြည်သူများ၏ တောင်းဆိုချက်အရ ပြန်လည်ဖေါ်ပြအပ်ပါသည်)
မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကျွဲကူးရွာတွင် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန်လိုအပ်လျှက်ရှိကြောင်း ရွာသူ/သားများ ၏ ပြောကြားချက်များအရ သိရှိရပါသည်။
မြိတ်မြို့နှင့် ကိုးမိုင်ခန့်ဝေးကွာသည့် ကျွဲကူးကျေးရွာတွင် ယခုလက်ရှိ ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လျှက် ရှိသော ဒေါ်ဝင်းဝင်းခိုင်သည် ကျွဲကူး ရွာသူ/သားများ တည်ဆောက်ပေး ထားသော ကျန်းမာရေးဆေးခန်းတွင် နေထိုင်ပြီး တာဝန်ထမ်းဆောင် ခဲ့သည်မှာ (၄)နှစ်ခန့်ပင် ရှိခဲ့ပြီဖြစ် သည်။ ဒေါ်ဝင်းဝင်းခိုင်သည် တာဝန် ထမ်းရန် ရောက်ရှိသည့်အချိန်မှစ၍ ယခုအချိန် ထိ ဒေသခံပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ကောင်းမွန်စွာ လုပ်ဆောင်ပေးခြင်းမရှိကြောင်း သိရှိရပါသည်။ ဆင်းရဲသားလူနာများ အရေးပေါ် သွားရောက် ပင့်ဆောင်သည့်အခါများတွင် အချိန်မှီလိုက်ပါခြင်း မရှိကြောင်း၊ အရေးပေါ် သွားရောက်ပင့်ဆောင်လျှင်လည်း မောက်မာရိုင်းပြစွာ ပြောဆိုဆက်ဆံကြောင်း၊ ဆေးကုသမှုစရိတ်များမှာလည်း ဆေးတစ်လုံးထိုးလျှင် တစ်သောင်းကျပ်ယူကြောင်း၊ လူနာများကိုလည်း ပိုက်ဆံရလျှင် ပြီးရောဆိုသည့်ပုံစံဖြင့် စေတနာမပါဘဲ ရိုင်းပြစွာ ပြုမှုဆက်ဆံကြောင်းတို့ကို သိရှိရပါသည်။ ၄င်းအပြင် ကိုယ်ဝန်ဆောင်များနှင့်ပတ်သက်၍လည်း လိုအပ်သည့် စောင့်ရှောက်မှုများ မပေးခြင်း၊ အရေးပေါ်မွေးဖွားရန်အတွက် သွားရောက်ပင့်ဆောင်လျှင်လည်း အချိန်မှီ လိုက်ပါခြင်းမရှိခြင်း၊ ကိုယ်ဝန်ဆောင်များ ကလေးမွေးဖွားရာတွင်လည်း မိမိထံ၌ ပြသအပ်နှံသူများကိုသာ ကြည့်ရှုပေးခြင်းနှင့် မွေးစာရင်းများကို ထုတ်ပေးခြင်း၊ အခြားသော ကိုယ်ဝန်ဆောင်များကိုမူ စောင့်ရှောက်မှု မပေးခြင်းနှင့် မွေးစာရင်းများနှင့်ပတ်သက်၍လည်း ကူညီဆောင်ရွက်ပေးမှု မရှိခြင်း၊ မပြုလုပ်ပေးနိုင်ကြောင်းကိုလည်း ပြောဆိုခြင်း၊ မိမိကိုယ်ပိုင် ဖွင့်လှစ်ထားသော သားဖွားဆေးခန်းတွင် လာရောက်အပ်နှံသော လူနာများကိုသာ လက်ခံပြီး ဂရုတစိုက် စောင့်ရှောက်မှုများပေးခြင်း စသည်တို့ကို ပြုမူပြောဆိုဆက်ဆံလျှက်ရှိကြောင်း သိရှိရပါသည်။
• ဒေါ်ဝင်းဝင်းခိုင်၏ လူတန်းစားခွဲခြားဆက်ဆံမှုများ၊ ရိုင်းပြစွာ ပြုမှုပြောဆိုမှုများကို ဒေသခံပြည်သူများအနေဖြင့် မကျေနပ်ချက် များစွာရှိသော်လည်း ကျေးရွာတွင် ဆေးကုသမှုပေးနေသည်မှာ ဒေါ်ဝင်းဝင်းခိုင်တစ်ဦးတည်းရှိနေသောကြောင့် များစွာပင် သီးခံ၍ နေရကြောင်း၊ ၄င်း၏ ပြုလုပ်ချက်များနှင့် ပတ်သက်ပြီး တင်ပြပေးရန်နှင့် ဖြစ်နိုင် ပါက စေတနာပြည့်ဝသည့် ၀န်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်ပေးရန်တို့ အတွက် သက်ဆိုင်ရာများသို့ တင်ပြပေးရန် စန္ဒ၀တ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးအောင်အား သွားရောက် အကူအညီ တောင်းခံရာ တွင်လည်း ဦးစိုးအောင်မှာ မိမိနှင့် မသက်ဆိုင် သလို ပြောဆိုပြီး ကူညီဆောင်ရွက်ပေးမှု မရှိခြင်းတို့ကိုလည်း သိရှိရပါသည်။ ထိုကြောင့် ပြည်သူများမှ သက်ဆိုင်ရာသို့ သွားရောက်တင်ပြပြီး အကူအညီတောင်းခံခဲ့ရကြောင်း၊ သက်ဆိုင်ရာမှလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်းကိုလည်း သိရှိရပါသည်။ ထိုကဲ့သို့ သက်ဆိုင်ရာသို့ တင်ပြသည်နှင့်ပတ်သက်၍ ဒေါ်ဝင်းဝင်းခိုင်မှ “နင်တို့ ငါ့ကို အလုပ်ပြုတ်အောင်လုပ်ချင်လျှင် ထားဝယ် (တိုင်း)မှာ တိုင်မှရမယ်… ဘိတ် (မြိတ်မြို့)အဆင့်နဲ့ ဘာမှ လုပ်လို့မရဘူး… ဒီရွာမှာနေတဲ့သူတွေအားလုံး လူတွေမဟုတ်ဘူး.. ကျွဲတွေ… မကျေနပ်တဲ့သူအားလုံး ဆေးထိုးသတ်မယ်…” ဟူ၍ ပတ်ဝန်းကျင်ရှိ ပြည်သူ များကို ရိုင်းပြစွာပြောဆိုပြီး ကြုံးဝါးထားသည် ဟူ၍လည်း သိရှိရပါသည်။ ထိုသို့ ဆေးထိုးသတ်မည်ဟု ကြုံးဝါး ထားသောကြောင့် ပြည်သူများမှာ ဘာမျှလည်းမလုပ်ရဲ၊ သွားရောက် ပင့်ဆောင်ရန်အတွက်လည်း မ၀ံ့ရဲ ဘဲ ကြောက်ရွံ့လျှက်ရှိကြောင်း သိရှိရပါသည်။
♣ ထိုကဲ့သို့ ဖြစ်ပေါ်လျှက်ရှိနေသော ဒေါ်ဝင်းဝင်းခိုင်၏ လူတန်းစားခွဲခြားမှု၊ မောက်မာရိုင်းပြစွာ ပြုမှုပြောဆိုမှု၊ ဆေးတန်းဖိုး အဆမတန်ကြီးမားမှု၊ မိမိ၏ အကျိုးစီးပွါးကိုသာကြည့်၍ ကိုယ်ပိုင်ဆေးခန်း တွင်သာ ဆေးကုသမှု စသည်တို့နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ လိုအပ်သလို စိစစ်ပြီး အလေးထားဆောင်ရွက်ပေးပါ ရန်နှင့် စေတနာပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အမြန် ချထားပေး ပါရန်အတွက် ပြည်သူများ၏ ဆန္ဒအတိုင်း တင်ပြ အကူအညီ တောင်းခံအပ်ပါသည်။
(မြိတ်မြို့၊ ကျွဲကူးရွာတွင် စုံစမ်း မေးမြန်း နိုင်ပါသည်။)
♣♣♣ ထပ်မံဖြည့်စွက်ချက်၊ ♣♣♣
ယခုအခါ ဒေါ်ဝင်းဝင်းခိုင်သည် မိမိကို တိုင်ကြားမှုအား တနင်္သာရီတိုင်းဒေသကြီးရှိ သက်ဆိုင်ရာ အစိုးရအဖွဲ့ ၀န်ကြီးအား ငွေကျပ် သိန်း ၂၀ ပေးပြီး လိုက်ထားကြောင်း၊ မိမိအားလည်း ကြိုက်သည့်ပုံစံဖြင့် တိုင်ကြားပါကလည်း ကြောက်မည်မဟုတ်ကြောင်းနဲ့ အစိုးရ၀န်ကြီးများကို ပိုက်ဆံပေးလိုက်ရင် ပြေလည်ကြောင်းကို ပြောကြားနေပါသည်။ ထို့အပြင် ယခင်ကထက် ပိုမို မောက်မာလာကြောင်းကိုလည်း ကျွဲကူးနေ ပြည်သူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
 
ရည်ညွှန်း - တနင်္သာရီသား
                                                                               မြူ နှင်း(အေးရိပ်ငြိမ်)

ကော့သောင်းဈေးလမ်းက အဖြစ်



                                            
                      ကော့သောင်းဈေးလမ်း ကမ္ဘောဇဘဏ်ရှေ့မှမြင်ကွင်းပုံ
ကော့သောင်းမြို့ ရဲ့ အာဏာပိုင်တွေဟာ တစ်ခါမှဈေး ကိုမရောက်ဖူးဘူးလို့ဘဲ့ထင်ရမလား ဒါမှမဟုတ် ဇိမ်ခံကားတွေထဲကနေဘဲ့ မမြင်နိုင်ကြတာလား ဆိုတာကို သူတို့နဲ့ဘုရားဘဲ့သိလိမ့်မယ်ထင်တယ်၊
ကော့သောင်းမြို့ အထင်ကရနေရာတွင် လမ်းဘေးမြောင်း တိမ်ကောနေသည့်အတွက်ကြောင့် လမ်းပေါ်သို့ ရေကျော်နေသည်ကို ပုံပါအတိုင်းတွေ့မြင်နိုင်ကြပါမည်၊ထို့သို့ဖြစ်နေသည်မှာ လည်းတစ်ရက်လည်းမဟုတ်၊ တစ်လလည်းမဟုတ် ရက်တွေအလီလီကြာလာတာနှင့်အမျှ လမ်းကတော့ပိုပိုပြီးဆိုးလာတဲ့မြင်နေရပါသည်၊
ဘယ်မှာလည်း တစ်မိုင်ဘက်မှာတော့ လမ်းဘေးရေမြောင်းအကြီးအကျယ်တူးပြနေပြီး ဈေးလမ်းက နိုင်ငံခြားသားများ အမြဲမပြတ် ၀င်/ထွက်သွားလာနေသည့်လမ်းကိုတော့ ရုပ်ဆိုးအကျည်းတန်အောင် ထားထားတာဘာ အတွက်လည်း နိုင်ငံခြားက မြင်ပြီး အော်မြန်မာပြည်တော်တော်ဆင်းရဲတာဘဲ့ဆို တဲ့သနားစိတ်လေးဝင်အောင် လုပ်နေတာလား လို့ မတွေးကောင်းတဲ့အတွေးတွေ ၀င်နေမိတာအမှန် ပါဘဲ့
အချုပ်ပြောရရင် အဲဒီလမ်းကိုဘယ်တော့ပြင်မှာလည်း မပြင်ဘူးလား ဒီစာဆိုဒ်ပေါ်ရောက်လို့မှ ငါးရက်အတွင်း ပြင်ရင်ပြင် မပြင်ရင် ဒီထက်ထိရောက်တဲ့ ဒီဗွီဘီ နဲ့ သမ္မတ၀ဘ်ဆိုဒ်ပေါ်ကိုတင်ပေးလိုက်မှာနော် ခုက  ကော့သောင်းသူကော့သောင်းသားများကိုဘဲ့အသိပေးသေးတာနော် မြန်မြန်ပြင်လိုက်နော်လိမ်မာပါတယ် တော်ပြီပေါ့ဒီလောက်စားထားရတာ နောက်ဘယ်လောက်တောင်ထပ်စားချင်နေသေးလို့လည်း ၀ါးရင်လည်း ရိုးကြည့်ဝါးနော် အဲဒါမှသေတဲ့အထိစားရမှာ ၊
                                                                                                 မြူနှင်း(အေးရိပ်ငြိမ်)

torsdag 21 november 2013

ကျွန်မတွေးမိတဲ့ အကြောင်းချက်လေးတွေကို မိတ်ဆွေတွေကို ပြောပြချင်တယ် ။ မှန်ပါတယ်လို့ တစ်ထစ်ချဇွတ်မပြောလိုပါဘူးနော် ။ ကျွန်မတွေးမိတာလေးပါ။ ကျွန်မတို့ မြန်မာလူမျိုးတော်တော်များမှာ အရင်ဆုံး ပြင်သင့်တဲ့ အချက်လေး



မျိုးစောင့်ဥပဒေ ဆိုတာကို စပြီးကြားရစဉ်က အခုဖတ်ရတဲ့အတိုင်း တကယ်ရေးဆွဲထားတဲ့ ဥပဒေကြမ်းတခုလို့ ကျွန်မ မထင်ခဲ့မိဘူး။ အွန်လိုင်းပေါ်မှာ ကြာကြာမ၀င်ဖြစ်ဘဲ အကုန် လိုက်မဖတ်ဖြစ်ခဲ့တော့ ဆရာတော် ဦးဝီရသူရဲ့ လုပ်ရပ်တွေ၊ ဟောပြောမှုတွေကို မကြိုက်လို့ ဆန့်ကျင်သူတချို့က တမင်အရွဲ့တိုက် ဟာသလုပ်ပြီး တင်ထားတယ်လို့ ထင်ခဲ့တာ အမှန်ပါ။
နောက်တော့ အွန်လိုင်းပေါ် တခါဝင်လာတိုင်း ဒီအကြောင်းကိုပဲ လူတွေက ပြောနေတင်နေကြတာ တွေ့ရတော့မှ ဒါတကယ်ရေးထားတာပဲ ဆိုတာ သိလိုက်ရတယ်။ သိရပေမယ့်လည်း ဘာတွေရေးထားတယ်ဆိုတာကိုတော့ ကိုယ်တိုင်မဖတ်ရခင်ထိ တိတိကျကျ မသိရသေးဘဲနဲ့ ကျွန်မဘာမှ ၀င်မပြောဖြစ်ဘူး။ ဒီနေ့တော့ ကိုကိုးအိမ်ရဲ့ စာမျက်နှာမှာ တင်ထားတဲ့ မျိုးစောင့်ဥပဒေကို ပေးထားတဲ့လိပ်စာအတိုင်း ဒေါင်းလုပ်ပြီး ကိုယ်တိုင် ဖတ်လိုက်ရပြီးမှ မပြောချင်မရေးချင်ပေမဲ့ ပြောသင့်ရေးသင့်တယ်ထင်လို့ အခု ဒီပို့စ်ကို ရေးဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။

စာမျက်နှာ ၂၇ မျက်နှာရှိတဲ့ မျိုးစောင့်ဥပဒေကို ဖတ်ကြည့်တော့ ဒီဥပဒေကို ရေးသားတင်ပြရတဲ့အကြောင်းအရင်းနဲ့ အကိုးအကားတွေက ပိုများတာကို တွေ့ရပြီး ဖတ်ချင်နေတဲ့ အဓိက အကြောင်းအရာ မိန်းအိုင်ဒီယာကို နောက်ဆုံးမျက်နှာရောက်မှ တွေ့ရပါတယ်။ ဒီဥပဒေကြမ်းက ၂၀၀၈ ဖွဲ့စည်းပုံထဲက အချက်တွေကို ကိုးကားပြောဆိုထားတဲ့ တချို့နေရာတွေမှာ ဖတ်ရတာ ငြီးငွေ့သလို ဖြစ်ပေမဲ့ နောက်ဆုံးစာမျက်နှာ မရောက်ခင်အထိ အထူးသဖြင့် ရေးသားသူတွေက ဒီဥပဒေ ဖြစ်လာအောင် သူတို့ကို စေ့ဆော်ပေးတဲ့ အကြောင်းရင်းကို တင်ပြတဲ့ သမိုင်းနောက်ခံ အချက်အလက်တွေမှာတော့ ကျွန်မ စိတ်အစဉ်ကို တကယ်ပဲ ဆွဲဆောင်မှုပေးခဲ့ပြီး ဆွဲခေါ်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်တဲ့ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန်ဘာသာတွေရဲ့ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေသာ ဥပဒေတခုစီအနေနဲ့ တရားဝင် ရှိနေပြီး ဗုဒ္ဓဘာသာ မြန်မာ့ဓလေ့ထုံးတမ်း လက်ထပ်ထိမ်းမြားခြင်း ဥပဒေဆိုတာက ဥပဒေတခုအနေနဲ့ တရားဝင် ပြဌာန်းထားတာမျိုးမဟုတ်ဘဲ ဓလေ့ထုံးတမ်း တခုအနေနဲ့သာ ရှိနေသေးကြောင်းကိုလည်း ဒီဥပဒေကြမ်း ဖတ်ရမှပဲ ကျွန်မသိခဲ့ရတော့ ကျွန်မအတွက် ဗဟုသုတ အသစ်တခု တိုးစေခဲ့တာ အမှန်ပါ။ ဒါကိုဖတ်ရင်း ရေးသားတင်ပြသူတွေရဲ့ အမျိုးဘာသာ သာသနာအပေါ်ထားရှိတဲ့စေတနာနှင့်၊ သာသနာ ရောင်ဝါထွန်းလင်း တောက်ပနေတဲ့ ဒီတိုင်းပြည်ကြီးဟာ တနေ့တချိန်ကျရင် အာဖဂန်နစ္စတန်တို့ အင်ဒိုနီးရှားတို့လို ဘာသာခြားတွေ လွှမ်းမိုးခံသွားရပြီး ဗုဒ္ဓသာသနာတော်ကြီး အမိမြေမှ ပျောက်ကွယ်ပျက်စီးသွားမှာကို စိုးရိမ်မှုတွေက ကျွန်မကို ရေးသူတွေနဲ့အတူ ထပ်တူထပ်မျှ ခံစားရစေပါတယ်။

ဒီလိုနဲ့ ဖတ်ရင်းဖတ်ရင်း နောက်ဆုံး အဓိကမိန်းပွိုင့်ကို ရောက်လာတော့မှပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက် မယုံကြည်နိုင်လောက်အောင် အဓိပ္ပာယ်ကင်းမဲ့နေတဲ့ အချက်တွေ ဖြစ်နေတာကို တွေ့လိုက်ရလို့ ကျွန်မကို တကယ်ပဲ အံ့သြသက်စေပြီး ဆွေးနွေးစရာ မေးခွန်းထုတ်စရာတွေ အစီအရီဖြစ်လာစေခဲ့ပါတယ်။ အားနည်းချက် အားသာချက်ဆိုတာ အနည်းနဲ့ အများကွာတာကလွဲပြီး နေရာတိုင်းမှာ ရှိတတ်ပေမဲ့ ဒီဥပဒေကို ကျွန်မ ဖတ်ရတာ အားသာချက်တချက်မှ မတွေ့ရတော့ စေတနာနဲ့ ရေးဆွဲထားသူတွေကို အပြစ်တင်လိုချင်းမဟုတ်ဘဲ အမှန်ကို အမှန်အတိုင်း ထောက်ပြချင်လိုတဲ့စိတ်ကို တားမရဆီးမရ ဖြစ်စေခဲ့ပါတယ်။ ကျွန်မတချက်ချင်းစီကို ဆန်းစစ်သုံးသပ်ပြီး ဆွေးနွေးပြချင်ပါတယ်။ ပထမအချက် (၁) ဤဥပဒေကို ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိန်းမြားခြင်းဆိုင်ရာ (အရေးပေါ်) ဥပဒေဟု ခေါ်တွင်စေရမည်။

မျိုးစောင့်ဥပဒေ ဆိုလို့ ဒီလူမျိုးတွေမှီတင်းနေထိုင်ပြီး ဒီလူမျိုးကပဲ အုပ်ချူပ်နေတဲ့ နိုင်ငံမှာ မျိုးစောင့်ဥပဒေဆိုတော့ တမျိုးဖြစ်နေလို့ စကြားတုန်းက သူများ ဟာသလုပ်ထားတယ်လို့ ထင်တယ်ဆိုတာ အမှန်ပဲဖြစ်တယ်။ ဗြိတိသျှလက်ထက်က နီုင်ငံခြားသားက ကိုလိုနီပြုထားလို့ ကိုယ့်ဘာသာကိုယ့်ယဉ်ကျေးမှုကို ပေါ်လွင်အောင် ပေးထားတဲ့ ဒို့ဗမာအစည်းအရုံးတို့ ဗုဒ္ဓကလျာဏယုဝအသင်းတို့ဆိုတာက နားထောင်လို့ကောင်းသလို သဘာဝလည်းကျပါတယ်။ အခုတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ မှီတင်းနေထိုင်တဲ့ နီုင်ငံမှာ ဘာသာတခုတည်းကို ကိုယ်စားပြုပြီးခေါ်တဲ့ ဥပဒေက မျိုးစောင့်ဥပဒေဆိုတော့ ကျန်တဲ့ဘာသာ ကျန်တဲ့လူမျိုးတွေကို မလေးစားရာရောက်နေပါတယ်။ ဒါပေမဲ့ ဒါကိုထားလိုက်မယ် အဓိကပြောချင်တာက အောက်ကအချက်တွေ ဖြစ်တယ်။

(
၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်။ စဖတ်လာတုန်းက အကောင်းကြီး၊ ကျွန်မကို စိတ်ကုန်စေတာ အဲဒီအချက်ကနေ စပါတယ်။ ဘာကြောင့်လဲဆိုတော့ အမှန်စင်စစ်က ဘာသာတူမှ လက်ထပ်ရမယ်လို့ ဗုဒ္ဓ မြတ်စွာဘုရား ဟောတဲ့တရားတွေထဲမှာ မရှိဘူး။ မြတ်စွာဘုရားလက်ထက်က ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်ပြီး ဘုရားနဲ့ သံဃာတော်တွေကို အင်မတန်မှ ကြည်ညိုသဒ္ဒါပွားခဲ့တဲ့ ဥတ္တရဆိုတဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးရဲ့ ခင်ပွန်းဟာ ဘာသာခြားဖြစ်ပေမဲ့ သူဟာ အိမ်ထောင်ကျပြီးလည်း မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ကိုးကွယ်ယုံကြည်မှုမပျက်ဘဲ တခါတော့ သူက ဥပုဒ်သီလ ဆောက်တည်နေစဉ် ကာလမှာ ဘာသာခြား ခင်ပွန်းကို ပြည့်တန်ဆာမ သီရိမာနဲ့ ခဏထားပြီး သူကိုယ်တိုင်ကတော့ မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ဘာသာခြားနဲ့အတူ နေတဲ့ အိမ်မှာပဲ ဆွမ်းပင့်ဖိတ်ကျွေးခဲ့တဲ့ သာဓက တခုရှိပါတယ်။ ပြီးတော့ ဘုရားလက်ထက်က နာမည်ကျော်ကြား လူသိများလှတဲ့ ကျောင်းအမကြီး ၀ိသာခါဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိမှာဖြစ်ပြီး သူ့ရဲ့ ခင်ပွန်းလည်း ဘာသာခြားလို့ သိရပါတယ်။ ဒီတော့ ဘုရားလက်ထက်က ၀ိသာခါတို့ ဥတ္တရတို့ကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်ရေးမှာ ဘာသာမတူလို့ နစ်နာစရာမရှိ ဘာသာတူဖို့ထက် မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာကို မိမိလေးလေးနက်နက် ယုံကြည်ဖို့က ပိုပြီးအရေးကြီးတယ်ဆိုတာနဲ့ မြတ်စွာဘုရားဟာ ဗုဒ္ဓဘာသာအမျိုးသမီးကို ယူတဲ့အမျိုးသားဟာ ဗုဒ္ဓဘာသာဖြစ်ရမယ်လို့ မဟောခဲ့ဘူးဆိုတာ သက်သေဖြစ်ပါတယ်။ ဘုရားတောင်မှ အမျိုးသမီးအမျိုးသား မခွဲခြားဘဲ လွတ်လပ်စွာ ထိမ်းမြားလက်ထပ် ရွေးချယ်ခွင့် ပေးခဲ့မှတော့ အခုဒီဥပဒေကြမ်းကို ရေးဆွဲတဲ့ဘုရားရဲ့ သာဝကတွေနဲ့ ထောက်ခံတဲ့ ဗုဒ္ဓဘာသာဝင်တွေက ဘုရားလမ်းစဉ်ကို မလိုက်နာနိုင်၊ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးကို ကန့်သတ်တာဟာ အဓိပ္ပာယ်မရှိ ဖြစ်စေပါတယ်။ တခြားဘာသာတွေဖြစ်တဲ့ ခရစ်ယာန်တို့ မူစလင်တို့မှာ သက်ဆိုင်ရာဘုရားတွေက ဘာသာတူမှ ယူရမယ်လို့ ဟောထားလို့ သူတို့ရဲ့ လက်ထပ်ထိမ်းမြားခြင်းမှာ ဒီလိုကန့်သတ်ထားပါတယ်။ ပြဌာန်းတဲ့ နေရာမှာလည်း အမျိုးသမီးမှ မဟုတ် သူတို့ဘာသာထဲက အမျိုးသားကိုပဲယူယူ အမျိုးသမီးကိုပဲ ယူယူ လက်ထပ်မည့်သူဟာ ဘာသာတူရမယ်လို့ ပြောတယ်။ အခု ဒီဥပဒေမှာ အမျိုးသမီးကိုမှ ရွေးချယ်ပြီး ကန့်သတ်တယ်ဆိုတော့ ဗုဒ္ဓဘာသာကို တခြားဘာသာတွေထက် ပိုပြီးအဆင့်နှိမ့်အောင် ချိုးနှိမ်ရာရောက်နေပါတယ်။ ပြီးတော့ သူများဘာသာမှာ ဘုရားကန့်သတ်လို့ လူတွေက လိုက်နာရတာကို ဘုရားက ဘာမှမကန့်သတ်ထားဘဲ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လူ့အခွင့်အရေး အပြည့်အ၀ ရှိတဲ့ ဗုဒ္ဓဘာသာက သူများဘာသာတွေမှာလည်း ဒီလိုပဲ ပြဌာန်းထားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗုဒ္ဓဘာသာကလည်း ဒါကို အားကျမခံ လိုက်လုပ်ချင်တယ်ဆိုရင် ဘာဖြစ်သွားမလဲ။ ကိုယ်ပိုင် ရပ်တည်ချက်မရှိ ဘုရားဟောနဲ့လည်းမညီ မိမိဘာသာနဲ့ သဘောသဘာဝချင်းလည်း လုံးဝမတူတဲ့ ဘာသာခြားတွေရဲ့ ပြုမူကျင့်ကြံ လုပ်ဆောင်ပုံတွေကို ပုံတူခိုးချတဲ့ သူများနောက်ပဲ ဖြစ်သွားမယ် မဟုတ်ဘူးလား။

(
၃) ဘာသာခြား ဖြစ်ခဲ့သူက ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ထိမ်းမြားမည် ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ် ရရှိထားသူ ဖြစ်ရမည်။

ဒီနေရာမှာ စောဒက တက်စရာက ဗုဒ္ဓဘာသာဝင် တယောက် ဖြစ်အောင် ကိန်းကြီးခမ်းကြီး လုပ်ပြီးခက်ခက်ခဲခဲ လုပ်ရတာမဟုတ် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ရာအဖြစ် လက်ခံပြီး ငါးပါးသီလကို ခံယူလိုက်တာနဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီ။ ဒီလောက်လွယ်တော့ ဘာသာခြား (သို့) ဘာသာမဲ့တယောက်က တကယ်ယုံကြည်တာ မဟုတ်ဘဲ သူ့ချစ်သူနဲ့ နီးစပ်ချင်ယုံသက်သက်နဲ့ ကျွန်တော် ဗုဒ္ဓဘာသာ ဖြစ်ပြီဆိုပြီး ဟန်ဆောင်လို့ကော မရနိုင်ဘူးလား။ ခရစ်ယာန်မလေးနဲ့ လက်ထပ်သွားတဲ့ ဘာသာရေး ကိုင်းရှိုင်းတဲ့ ကျွန်မ သူငယ်ချင်းတယောက်ဆိုရင် အဖွဲ့အစည်းမှာ လက်မထပ်ခင် ဘုရားကျောင်းမှာ အရင် လက်ထပ်တယ်ဆိုတာ သိရလို့ ဒါဆို နင်သူတို့ဘာသာ ၀င်လိုက်ပြီလားလို့ မေးကြည့်ဖူးတယ်။ သူက ရေနစ်ခံတာ ဘာခက်လို့လဲ အဲဒါလုပ်မှ လက်ထပ်လို့ရတယ်ဆိုတော့ အလုပ်ဖြစ်ရုံ ရေနစ်ခံလိုက်ပေမဲ့ ငါဘုရားပုံမှန်ရှိခိုးနေတာပဲလို့ ပြန်ဖြေတယ်။ တကယ်လည်း သူတကယ် ယုံကြည်တာက ဗုဒ္ဓဘာသာပဲ ဖြစ်ပြီး ဘုန်းကြီးကျောင်းရောက်ရင်လည်း ဘုရားရှိခိုး အဖွဲ့အစည်းမှာ အလှူလုပ်ရင်လည်း ရေစက်ခွက် ကိုင်နေသူပါ။ ဒီတော့ အခုလည်း တကယ်ယုံကြည်တာ မဟုတ်ဘဲ ဒီလိုမစစ်မှန်တဲ့ ဘာသာခံယူမှုတွေ ဖြစ်လာအောင် တွန်းအားပေးသလို ဖြစ်နေတော့ ဒီဥပဒေကြောင့် မဟုတ်ကို အဟုတ်ဖြစ်အောင် အမှန်တရားနဲ့ ကင်းကွာအောင် တမင်ဖန်တီးရာ ရောက်နေပါတယ်။

(
၎) ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီး၏ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံရယူရမည်။

ဒီအချက်ကို ကြည့်ရင် လက်ထပ်ပေါင်းသင်းမည့်သူ အမျိုးသမီးရဲ့ ဆန္ဒ၊ အသိဥာဏ်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လုံးဝ လစ်လျှရှုပြီး မိဘ အုပ်ထိန်းသူဆန္ဒကိုပဲ ထည့်တွက်ထားတာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေကို လူသားတဦးရယ်လို့တောင် သတ်မှတ်ပုံမရတာကို တွေ့ရပါတယ်။ မြန်မာလူမျိုးတွေရဲ့ လူမှုဘ၀တိုးတက်ရေးနဲ့ မိသားစု စားဝတ်နေရေး ဖူလှုံမှုကို မဖန်တီးပေးနိုင်ဘဲနဲ့ ဒီလိုဥပဒေမျိုး ချမှတ်ရင်တော့ မိန်းကလေးတွေဟာ မိမိချစ်ခင်နှစ်သက်သူနဲ့ လက်ထပ်ထိမ်းမြားခွင့် ဘယ်တော့မှ ကြုံလာစရာ မရှိတော့ဘဲ ငွေမက်တဲ့မိဘတွေ ဒါမှမဟုတ် ဆင်းရဲမွဲတေလှတဲ့ မိဘတွေရဲ့ သမီးဖြစ်ရင် မိဘဆီက ငွေနဲ့ပေါက်ပြီး ငွေဝယ်ကျွန်အဖြစ် အ၀ယ်ခံရတဲ့ဘ၀ကို ခေတ်နောက်ပြန်ဆွဲ ပြန်ရောက်သွားအောင် တွန်းပို့ပေးနေတာနဲ့ အတူတူပဲ။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဟာ မိမိအိမ်ထောင်ဘက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာတွေက မြန်မာအမျိုးသမီးတွေအတွက် အိပ်မက်တောင် မက်ခွင့် မရှိတဲ့ အခြေအနေ ပြန်ရောက်သွားတယ်။

(
၇) အထက်ပါ သတ်မှတ်ချက်များကို မလိုက်နာဘဲ မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးသမီးကို လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်း ပြုပါက ထိုသူကို ထောင်ဒဏ် (၁၀) နှစ် ကျခံရန် ပြစ်ဒဏ် ချမှတ်ရမည့်အပြင် ထိုသူပိုင်ဆိုင်သည့် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးအား လွဲပြောင်းပေးအပ်ရမည်။

(
၈) ထို့အပြင် ထိုသို့ကျူးလွန်သည့် ပုဂ္ကိုလ်အပေါ် ရာဇသတ်ကြီးဥပဒေ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မတို့ဖြင့်သာ သီးခြား အရေးယူ အပြစ်ပေးအရေးယူရမည်။

ဒီအချက်တွေက အတင်းဓမ္မပြုကျင့်ပြီး မယားအဖြစ် အသိမ်းသွင်းခံရတဲ့ အမျိုးသမီးတွေအတွက်ဆိုရင်တော့ ထောင် ၁၀ နှစ်မကလို့ အနှစ်တရာ သတ်မှတ်လည်း ဘာမှပြောစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ နှစ်ဦးသဘောတူ ချစ်ခင်နှစ်သက်လို့ ဖြစ်တဲ့ကိစ္စဆိုရင်တော့ တခြားအချက်တွေထက်စာရင် ပိုတောင်ဆိုးသွားသေးတယ်။ လူသားတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ခံစားမှု၊ သူသားဆန်မှုကို ထည့်တွက်စဉ်းစားမှု လုံးဝ မရှိရလောက်အောင်ကို ရေးတဲ့သူတွေဟာ Critical thinking နဲ့ Common Sense ကင်းမဲ့နေပြီလား၊ ဗုဒ္ဓဘာသာဝင်တွေမှာ ရှိသင့်ရှိအပ်တဲ့ အကြင်နာတရားနဲ့ ကိုယ်ချင်းစာတရားဆိုတာ မရှိတော့ဘူးလား။ မိမိက ချစ်နှစ်သက်လို့ မိဘတွေရဲ့ ဆန္ဒကိုတောင် လွန်ဆန်ပြီး မိဘသဘောမတူဘဲ ဘာသာမတူသူနောက်ကို ခိုးရာလိုက်သွားမိတဲ့ အမျိုးသမီးတဦးဟာ ချစ်စခင်စ ကြင်နာစမှာ ခင်ပွန်းသည်ကို သူ့ရင်ခွင်ထဲက ဆွဲထုတ်သွားပြီး ထောင်သွင်း အကျဉ်းချထားတဲ့အချိန်မှာ အတင်းအဓမ္မသိမ်းပိုက် ခံထားရတဲ့ ခင်ပွန်းဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရွှေဘုံပေါ်မှာစံစားပြီး ပျော်နေနိုင်လိမ့်မယ်လို့ မထင်ပါ။ အဲလို ထင်နေတယ်ဆိုရင်တော့ ထင်သလောက်မလွယ်ဘူး ဆိုတာနဲ့ သမီးရင်ကွဲနာကျပြီး ခံစားနေတာကို ကြည့်ပြီး မိဘဖြစ်သူကတွေကလည်း ပျော်နိုင်မှာ မဟုတ်ဘူးဆိုတာကို ခန့်မှန်းကြည့်စေချင်ပါတယ်၊ ဒီလိုလုပ်တာဟာ ဓမ္မမဟုတ်ဘူး အဓမ္မဖြစ်သွားပြီဆိုတာနဲ့ လူ့အခွင့်အရေးနဲ့ ကိုက်ညီနေတဲ့ ဗုဒ္ဓဘာသာကို လူ့အခွင့်အရေးနဲ့ လုံးဝဆန့်ကျင်တဲ့ အကျည်းတန်ဘာသာ အထင်ခံရအောင် လုပ်ရာရောက်တယ်လို့လည်း ထောက်ပြချင်ပါတယ်။

(
၉) ဤအက်ဥပဒေအရ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများနှင့် အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဆိုင်ရာ အက်ဥပဒေကို မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအသစ် ရေးဆွဲပြဌာန်း ပြီးသည်အထိ ရပ်ဆိုင်းထားရမည်။

ရှိပြီးသား ၁၉၅၄ ခှုစ် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေက ဗုဒ္ဓဘာသာနဲ့လည်း ဆန့်ကျင်တာမရှိ အမျိုးသမီးတွေအတွက်လည်း အကာအကွယ်ပေးထားတာ ရှိပါလျှက်နဲ့ ဒါကိုရပ်ဆိုင်းပြီး အခုလို ဘုရားဟော တရားဓမ္မနဲ့လည်း မကိုက်ညီ လူ့အခွင့်အရေးနဲ့လည်း မကိုက်ညီတဲ့ ဥပဒေနဲ့ အစားထိုးမယ်ဆိုတာဟာ လုံးဝသဘာဝမကျတဲ့ အချက်ဖြစ်တယ်။ တခုတော့ ရှိတယ် လက်ရှိမြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမျိုးသားတဦးဟာ ကျွေးမွေးစောင့်ရှောက်နိုင်ရင် မိန်းမတယောက်ထက် ပိုယူခွင့်ပေးထားတော့ အမျိုးသားတွေဟာ လွတ်လပ်စွာ အငယ်အနှောင်းထားပြီး အိမ်ထောင်ရေး ဖေါက်ပြန်မှုတွေနဲ့ မိသားစုဘ၀ ပြိုကွဲမှုတွေကို ဖြစ်စေတဲ့ မယားပြိုင်စနစ်ကို ဖျက်ပြီး တလင်တမယားစနစ်ကို အစားထိုးပြီး ကျင့်သုံးမယ်ဆိုရင် လက်ရှိမြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဟာ တရားမျှတပြီး အတော်အသင့် ပြီးပြည့်စုံတဲ့ ဥပဒေတခု ဖြစ်လာမှာမို့ ဘာဥပဒေအသစ်မှ ထပ်လုပ်စရာလိုဘဲ ရှိပြီးသားကို ပိုကောင်းအောင် ပြုပြင်ပြီး လက်တွေ့ကျကျ ကျင့်သုံးဖို့ပဲ လိုတယ်လို့ အကြံပြုချင်ပါတယ်။

အချုပ်အားဖြင့် ပြောရရင်တော့ ဒီဥပဒေကို ရေးဆွဲသူတွေရဲ့ စေတနာကို နားလည်အသိအမှတ်ပြုပေမဲ့ အမျိုးသမီးတွေအတွက် ရေးဆွဲထားတဲ့ ဒီမျိုးစောင့်ဥပဒေဟာ အမျိုးသမီးတွေရဲ့ ဘ၀ကို ကာကွယ်ပေးထားတာ ဘာမှမရှိဘဲ လူ့အခွင့်အရေးနဲ့ ပြည့်စုံလှတဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေကို အကျည်းတန်အောင် ဘာသာခြားတွေက ဗုဒ္ဓဘာသာကို သေးသိမ်ပြီး အမြင်ကျဉ်းမြောင်းတဲ့ ဘာသာတခုလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ရာရောက်နေပါတယ်။ အကယ်၍ ဒီလိုမဟုတ်ပါဘူးလို့ အမျိုးသမီးတွေ ကောင်းကျိုးအတွက် တကယ်ယုံကြည်ပြီး ရေးဆွဲထားတယ်ဆိုရင်လည်း ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်ပဲ ရေးဆွဲပြီး ကျန်တဲ့အမျိုးသမီးတွေအတွက် မပါတော့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဒါဟာ တရားမျှတမှု မရှိတဲ့ဥပဒေလို့ ပြောလို့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ လူမျိုးတမျိုးတည်း ဘာသာတခုတည်း ရှိတာမဟုတ်၊ လူမျိုးတိုင်း ဘာသာတိုင်းဟာ မိမိလူမျိုး မိမိဘာသာကို တိုးတက်ချင်စိတ်ရှိကြပါတယ်။ ဒီနိုင်ငံဟာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံဖြစ်လို့ ဥပဒေဆိုတာ လူမျိုးတမျိုး ဘာသာတမျိုးတည်းအတွက် ကွက်ကွက်လေး မျက်နှာလိုက်ရေးဆွဲလို့ မဖြစ်၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ ကိုက်ညီပြီး သဟဇာတ ဖြစ်ဖို့လိုအပ်ပါတယ်။

အမျိုးသမီးတွေကို ဘာသာခြားတွေရဲ့ လွှမ်းမိုးမှုမှ ကင်းဝေးပြီး အမျိုးဘာသာ သာသနာကို တကယ်ထိန်းသိမ်းစေချင်တယ်ဆိုရင် အမျိုးသမီးတွေအတွက်ပဲ ကန့်သတ်လို့ မရနိုင်ဘူး။ လက်ရှိအမျိုးသမီးတွေရဲ့ ဘ၀ကို တိုးတက်မြင့်မားအောင် လုပ်ပေးပြီး မိမိအခွင့်အရေးကို မိမိနားလည်အောင် လုပ်ပေးဖို့လိုပါတယ်။ အနာဂတ်မှာ အရွယ်ရောက်လာမည့်သူတွေအတွက် ကလေးတွေကို မိမိကိုးကွယ်တဲ့ဘာသာရဲ့ တန်ဖိုးကို ကလေးတွေသိအောင် ငယ်စဉ်ကတေည်းက သင်ကြားပေးဖို့ လိုပါတယ်။ အခုတော့ ကျွန်မတို့ဟာ ငယ်စဉ်ကတည်းက ဘုရားရှိခိုးတွေကို ကြက်တူရွေးစာရွတ်သလိုပဲ တတွတ်တွတ်ရွတ်ရုံသာ ရွတ်လာပြီး အနှစ်သာရဘာမှန်းမသိရုံတင်မက တို့ဗမာသာကီမျိုးဆိုပြီး ကိုယ့်ဘာသာ ကိုယ့်လူမျိုးမှ မြတ်တယ် တခြားဘယ်သူနဲ့မှ မတူသလိုလို သွေးနားထင်ရောက် ဂုဏ်မောက်အောင်လည်း သင်ကြားပေးခံလာရတော့ ဗုဒ္ဓ ဘာသာရဲ့ အနှစ်သာနဲ့ ဆန့်ကျင်ပြီး စိတ်ကြီးဝင်စေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေမှာ အမျှော်အမြင်ကြီးမားတဲ့ မိဘတွေနဲ့ ကြီးလာတဲ့ ကလေးတွေကလွဲရင် ကြီးလာမှ စိတ်ဝင်စားလို့ ကိုယ့်ဖါသာကိုယ် လေ့လာတဲ့သူတွေကပဲ မိမိကိုးကွယ်တဲ့ဘာသာရဲ့ တန်ဖိုးကို သိရှိနားလည်ခွင့်ရပြီး စိတ်မ၀င်စားတဲ့သူကတော့ ဘာသာမဲ့ဖြစ်သွားသူနဲ့ မဖြစ်တဲ့သူကလည်း မိမိဘာသာရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို နားမလည်ဘဲ မိရိုးဖလာအဖြစ်နဲ့ပဲ ရှိနေပြီး ဒီလိုနားမလည်ခြင်းက ဘာသာခြားနဲ့ လက်ထပ်ရင် ဘာသာကူးပြောင်းဖို့ လွယ်ကူစေတဲ့အကြောင်းရင်း ဖြစ်တယ်။ တကယ်တော့ ဒီလို ဥပဒေတွေ ထုတ်မည့်အစား ဗုဒ္ဓဘာသာ ကလေးတွေကို ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမအတိုင်း နူးညံ့သိမ်မွေ့အောင် သင်ကြားပေးနိုင်တဲ့ အစီစဉ်တွေကို ရေးဆွဲသင့်ပါတယ်။ ဘာသာရေး အနှစ်သာရကို သင်ကြားပေးခံရတဲ့ ကလေးတွေကြီးလာရင် မိမိကိုးကွယ်တဲ့ ဘာသာမှာ အခြေခိုင်ပြီးသား ဖြစ်လို့ အမျိုးပျေက်မှာကို အခုလို တွေးကြောက်နေစရာအကြောင်း ရှိမလာနိုင်ဘူး။

Credit
ဓာတ်ပုံကို ကိုကိုးအိမ် ဆီက ပြန်လည်ကူးယူဖေါ်ပြပါတယ်။
Posted by မြူ နှင်း(အေးရိပ်ငြိမ်)