အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 31 augusti 2014

နိုင်ငံရေးအကဲဖြတ်တစ်ဦး NLD ပါတီမှ ခန့်အပ်

နိုင်ငံရေးအကဲဖြတ်တစ်ဦး NLD ပါတီမှ ခန့်အပ်


ဂုဏ်ရည်အေးကျော်ခမျာ အရက်စပ်၊အနားထိုင်ဘ၀ရောက်

ဂုဏ်ရည်အေးကျော်ခမျာ အရက်စပ်၊အနားထိုင်ဘ၀ရောက်



မယ်တွေဘေးမမှီမကမ်းရပ်ရတာဝါသနာပါတဲ့
အဖိုးသွေးအပြည့်နဲ့အေးနေ၀င်း
ဂုဏ်ရည်အေးကျော်ခမျာ
အရက်စပ်၊အနားထိုင်ဘ၀ရောက်ရရှာတယ်
သူငယ်ချင်းအချင်းခါးဖက်ဓါတ်ပုံရိုက်တာ
ပွင့်လင်းမြင်သာခေတ်မှာရိုးနေပြီလို့
ဧရာဝတီကိုဗျူးးပေးလိုက်ပါအုံးညှော်၊



ဝန်ကြီးချုပ်ဦးရဲမြင့်၏ လက်ရုံးတပည့် ဖြစ်သူ ဒုဗိုလ်မှူးကြီးသက်နိုင်ထွန်းအကြောင်း

ဝန်ကြီးချုပ်ဦးရဲမြင့်၏ လက်ရုံးတပည့် ဖြစ်သူ ဒုဗိုလ်မှူးကြီးသက်နိုင်ထွန်းအကြောင်း


မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ထုတ်ပြန်လိုက်သော သတိပေးကြေညာချက်

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ထုတ်ပြန်လိုက်သော သတိပေးကြေညာချက်



၁- ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာအသုံးပြုနေတဲ့ ဖေါ့ဘူးတွေဟာလည်း စတိုင်းရင်း
(styrene)ဓါတ်ပါတဲ့ 2B ပလပ်စတစ်အုပ်စုဝင်တွေဖြစ်လို့  ဖေါ့ဘူးတွေ
တစ်ခါသုံးပလပ်စတစ်တွေ လုံးဝ အသုံးမပြုကြရန်

၂-ကြက်သားမှုန့် တွင် လည်း အချိုမှုန့် နှင့် တာရှည်ခံမှိုသတ်ဆေးများ ဓာတုပစ္စည်းများပါဝင်သဖြင့် အချိုမှုန့် ထက်ပင်
ပိုမိုဆိုးရွာစေပါသည်။

၃-ဆာဖျူရစ်အက်ဆစ်ပြင်း H2SO4 ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာလ်ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့အချဉ်ရည်အရသာကိုဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ထို့ ကြောင့် အသုပ်ဆိုင် အကြော်ဆိုင် အကင်ဆိုင် တုတ်ထိုးဆိုင်တွေမှာသုံးစွဲနေသော တားမြစ်ဆိုးဆေး နီနီရဲရဲတွေကိုရှောင်ကြဉ်သင့်ပါတယ်။

၎-ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၅၁)လိပ် ဖွာရှိုက်သည်
နှင့်ညီမျှသည်။ခြင်ဆေးခွေတစ်ခွေမှ ထွက်လာသည့် အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၁၃၇)လိပ်မှ ထွက်ရှိသော
အဆိပ်မှုန့် ပမာဏနှင့်ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့  အမွှေးတိုင်များသည်လည်း
ခြင်ဆေးခွေကဲ့သို့ ပင် အန္တယ်ရာယ်ရှိ၍ လုံးဝ မသုံးအပ်ပေ။

၅-အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး တာရှည်ခံဆေး သကြားထက်အဆ ၂၀၀ ပိုမိုချိုစေသော ပါဝါသကြားနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကဖိန်းဓါတ်
များပါဝင်၍ ခံတွင်းကင်ဆာ ကျောက်ကပ်ရောဂါဆီးချိုရောဂါနှင့်အဝလွန်ရောဂါ အသည်းကင်ဆာရောဂါတို့ ကိုဖြစ်ပွားစေသည်။
ထို့ အတူဂျယ်ရီဗူးများတွင် လည်း တရုတ်မှလာသောဂျယ်ရီပေါင်ဒါ ဆီထရစ်အက်ဆစ် Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်၍ ကင်ဆာရောဂါများကိုဖြစ်ပွားသဖြင့် ကလေးများကို လုံးဝမကျွေးသင့် မရောင်းသင့်ပါ။

၆- မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့်ထိတွေ့လျှင် ဓါတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့်ကင်ဆာရောဂါများကို
ဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။

၇- တရုတ်နှို့မှုန့်နှင့်၎င်းနှင့်ပြုလုပ်သောမုန့် များသည် ခွေပေါက်စများ ကြောင်ပေါက်စများ တိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်းသေဆုံးကုန်ကြောင်းတွေ့ရှိရပါသည်။ထို့ ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့်
တင်သွင်းသော နှို့မှုန့် များနှင့်၎င်းတို့ ဖြင့် ပြုလုပ်သော မုန့် ပဲ သရေစာများကိုကလေးများအား လုံးဝ မတိုက်ကျွေးသင့်ပေ။

၈-ကော်ဖီမစ်များတွင် နှို့ဆီနှင့်နှို့မှုန့် အစားအသုံးပြုသော Creamer မှာ မလေးရှားတွင်
စားအုံးဆီကို အဆီထုတ်ပြီးကျန်သောကြိတ်ဖက်များကိုတရုတ်နိုင်ငံမှဝယ်ယူ၍ မှုန့် နေအောင်ကြိတ်ပြီး
Creamer အဖြစ် ပြန်လည်ရောင်းချကြောင်းသိရှိရသည်။ထိုကြိတ်ဖက်မှုန့် များသည် သွေးတိုးရောဂါ နှလုံးသွေးကြော
ပိတ်ရောဂါ လေဖြတ်ရောဂါ နှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

၉- အချို့သော အသီအနှံများတွင် လူသေကောင်မပုပ်အောင် ပြုလုပ်သည့် ဖေါ်မလင်းနှင့်အသုံးပြုထားသည့် အတွက် ရှောင်ကြဉ်သင့်ပေသည်။

၁၀-လမ်းဘေးလ္ဘက်ရည်ဆိုင်နှင့်စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာတွင် ၁၀ ဆိုင်ကိုစစ်ဆေးရာတွင်
၁၀ ဆိုင်စလုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ အီကြာကွေးများကို ကြော်နေသဖြင့် ၎င်းတို့ ကို
စားသုံးပါက ပန်ကရိယကင်ဆာ အသံကင်ဆာအစာအိမ်လမ်းကြောင်းကင်ဆာ အူမကြီးကင်ဆာအမျိုးမျိုးကို ဖြစ်ပွားစေသည်။

အခုတင်ပြလိုက်သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်းမှ ထုတ်ပြန်ထားသော
အစီရင်ခံစာပါ အရေးကြီး အချက်အလက်များထဲမှတချို့တဝက်ကို ကောက်နုတ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။

ဒီမိုမင်း
၂.၈.၂၀၁၄

                                  မြူနှင်း(အေးရိပ်ငြိမ်)

ယခုလက်မှတ်ကိုင်ဆောင်သူအားမည်သူမျှအနှောက်အယှက်မပေးရ

ယခုလက်မှတ်ကိုင်ဆောင်သူအားမည်သူမျှအနှောက်အယှက်မပေးရ



Par La

ဧရာဝတီတိုင်းဒေသကြီး
ပန်းတနော်မြို့နယ်တွင် (8.8.2014)
နေ့ တရားမဝင်အသားများ နယ်ကျော်သယ်
ဆောင်မှု့ဖြင့်ဖမ်းဆီးထားသော
စိုးမြင့်ပါ (၄)ဦးအမှု့ကို ပန်းတနော်မြို့နယ်
စခန်းမှူး ဦးတင်ဝင်း သည်၎င်းတရားခံ စိုးမြင့် ကို
အချုပ်ခန်း၏ပြင်ပတွင် ကုတင် မွှေ့ယာစောင်ခေါင်းအုံးများဖြင့်
တရားခံအား ဇိမ်ခံခွင့်ပေးထားခြင်းမှာ
အထက်ရဲချုပ်၏ အမိန့်ကြောင့်လား?
ကိုင်ဆောင်ထားသည့်" ကဒ် "ကြောင့်လား?
စခန်းမှူးဦးတင်ဝင်း၏ လာဘ်စားခြင်းပြယုတ်လား?

ဧရာဝတီတိုင်း ဇီဝတဒါနအသက်ကယ်အဖွဲ့



                                 မြူနှင်း(အေးရိပ်ငြိမ်)

လင်လည်းမလိုထမင်းလည်းမစားတဲ့မိန်းမ

လင်လည်းမလိုထမင်းလည်းမစားတဲ့မိန်းမ


                                    မြူနှင်း(အေးရိပ်ငြိမ်)

ဘယ်လောက် ဆန့်ကျင် ဆန့်ကျင် တစ်တိုင်းပြည်လုံးကို PR လုပ်မယ်

ဘယ်လောက် ဆန့်ကျင် ဆန့်ကျင် တစ်တိုင်းပြည်လုံးကို PR လုပ်မယ်


အခုဖြစ်နေပုံက စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ အမတ်နေရာ ၃၄ ရာခိုင်နှုန်းလေး ရလောက်အောင်တောင် ပြည်သူလူထု ထောက်ခံမှု ရအောင် မစွမ်းဆောင်နိုင်ဘူး လို့ သူတို့ဖာသာ သူတို့ ယူဆ ပြီး အမတ်နေရာ ပိုရနိုင်မယ့် PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ အသည်းအသန် ကြိုးပမ်းလာခြင်းပဲ ဖြစ်ပါတယ်။

“ ဘယ်လောက် ဆန့်ကျင် ဆန့်ကျင် တစ်တိုင်းပြည်လုံးကို PR လုပ်မယ်”
စည်သူအောင်မြင့်
မြန်မာပို့စ် ဂျာနယ်၊ ၂၆-၈-၁၄။

အမျိုးသားလွှတ်တော် က ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတဲ့ခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေကလွဲပြီး မြန်မာတစ်နိုင်ငံလုံးမှာ PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးသင့်တယ်လို့ ဆွေးနွေးဆုံးဖြတ်လိုက်ပါပြီ။ ဒါဟာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက၊ ကော်မရှင်ကနေ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ နှုတ်ထွက်သည် အထိ ဆန္ဒပြမှုတွေ လုပ်ခဲ့တဲ့ကြားက အဲဒီ ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ရဲ့ အသေးစိတ် အချက်အလက်တွေက ဘာလဲ၊ ပြည်ခိုင်ဖြိုးပါတီက ဘာကြောင့် ရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးဖို့ အသည်းအသန် ဖြစ်နေရတာပါလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
တကယ်တော့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ အဲဒီ ကော်မရှင်အနေနဲ့ ဘာတွေ ဆွေးနွေးတယ်၊ ဘာတွေ ဆုံးဖြတ်သလဲ ဆိုတာကို တရားဝင် ထုတ်ဖော်ပြောဆိုခွင့် ရှိတာတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဘာတွေ ဆုံးဖြတ်သလဲ အသေးစိတ် အချက်အလက် တိတိကျကျ ဘယ်သူမှ သိရတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကော်မရှင်ထဲ ပါဝင်တဲ့ ဦးဖုန်းမြင့်အောင်နဲ့ ဦးဗညားအောင်မိုး တို့ရဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ဖြေကြားချက်တွေအရ တစ်စွန်းတစ်စ သိကြရတာ ဖြစ်ပါတယ်။
ဒီဇတ်လမ်း အစကို ပြန်ကောက်ရရင် ကျင်းပပြီးခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အမတ် ဒေါ်ခင်ဝိုင်းကြည်က PR လို့ ခေါ်တဲ့ ရွေးကောက်ပွဲ စနစ်နဲ့ ပါတ်သက်ပြီး အဆို တစ်ခု တင်ပါတယ်။ အဆို အပြည့်အစုံက ဒီလိုပါ။ “ လာမည့် ပါတီစုံ မည်သည့် ရွေးကောက်ပွဲများတွင်မဆို အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးပါရန်နှင့် ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း” ဆိုတာပဲ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် အတွင်း အဲဒီ အဆိုနဲ့ ပါတ်သက်လို့ ဆွေးနွေးငြင်းခုံ မဲခွဲဆုံးဖြတ်ပြီးနောက် အဆို အနိုင်ရ အတည်ဖြစ်လာပါတယ်။ ဒီလို အနိုင်ရ အတည်ဖြစ်လာပြီးတဲ့နောက် ဘယ်လို PR စနစ်မျိုးကို ကျင့်သုံးရင် သင့်မလဲ ဆိုတာ လေ့လာဖို့ ကော်မရှင် တစ်ရပ် ဖွဲ့စည်းပေးခဲ့ပါတယ်။ အဲဒီကော်မရှင်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက် လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက လွဲပြီး တစ်တိုင်းပြည်လုံးမှာ PR စနစ်ကျင့်သုံးမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံးမှာ PR စနစ် ကျင့်သုံးမယ် ဆိုပေမယ့် တိုင်းနယ်ပြည်နယ် ၁၄ ခု စလုံးကို ရောသမမွှေ ပေါင်းပြီး PR စနစ်နဲ့ မဲပေး၊ အချိုးကျ ခွဲယူဆိုတဲ့ စနစ်မျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ တိုင်းတစ်ခုချင်း၊ ပြည်နယ် တစ်ခုချင်းစီမှာပဲ PR စနစ် ကျင့်သုံးမယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် မွန်ပြည်နယ် ဆိုရင် အရင်ကလို မဲဆန္ဒနယ် ၁၂ ခု ခွဲပြီး တစ်နယ်စီကနေ အမတ် တစ်ယောက် ရွေးချယ်ပေးတဲ့ ပုံစံမျိုး မလုပ်တော့ပါဘူး။ မွန်ပြည်နယ် တစ်ခုလုံးက ပြည်သူတွေရဲ့ မဲတွေ ကောက်ခံပြီး အဲဒီ ရလာတဲ့ မဲရလာဒ်တွေကို ပေါင်းစု၊ အချိုးကျ ခွဲပြီး အမတ် ၁၂ ယောက် ရွေးချယ် တင်မြှောက်မယ့် နည်းလို့ သိရပါတယ်။
နောက်တစ်ခု အခု ကျင့်သုံးမယ့် စနစ်ဟာ ပါတီအလိုက် PR စနစ်နဲ့ ပြိုင်ဆိုင်တာမျိုး မဟုတ်ပဲ Open List လို့ ခေါ်တဲ့ အမတ်တွေရဲ့ နာမည်စာရင်း ဖော်ပြပြီး ရွေးချယ်ခံခိုင်းမယ့် စနစ်မျိုး အသုံးပြုမယ်လို့လည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ Open List ဆိုတာဟာ ဘယ်လို ပုံစံလဲ ဆိုတာ သတင်းမီဒီယာတွေကို ဖြေတဲ့ ကော်မရှင် အဖွဲ့ဝင်တွေကိုယ်တိုင် တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဥပမာအားဖြင့် ပါတီတစ်ခုဟာ သူတို့ပါတီ နာမည်တစ်ခုထဲနဲ့ မဟုတ်ပဲ သူတို့ ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကိုပါ ပြည်သူတွေ သိအောင် ကြေငြာမယ် လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ အင်န်အယ်လ်ဒီဟာ မွန်ပြည်နယ်မှာ အမတ် ၁၂ ယောက် စာရင်း တင်ရမှာဖြစ်သလို ပြည်ခိုင်ဖြိုး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနဲ့ ပြိုင်မယ့် ပါတီတွေအားလုံး အဲလို ၁၂ ယောက်စီ တင်နိုင်ပါတယ်။ အဲဒီ စာရင်းကိုကြည့်ပြီး ပြည်သူတွေက မဲပေးကြရမှာ ဖြစ်ပါတယ်။ အမတ်စာရင်းကို ကြည့်ပြီး ပါတီတစ်ခုခုကို မဲပေးရမလား၊ ဒါမှမဟုတ် အမတ်လောင်း တစ်ယောက်ယောက်ကိုပဲ ရွေးချယ်ပြီး မဲပေးရမလား၊ ဒါမှမဟုတ် အမတ် စုစုပေါင်း ၁၂ ယောက် ခဲခြစ်ရွေးချယ် မဲပေးရမလား၊ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါ့အပြင် အဲဒီ နည်းနဲ့ ရွေးကောက်ပွဲလုပ်ရင် ရှည်လျားတဲ့ များပြားလှတဲ့ အမတ်လောင်း စာရင်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။ တိုင်း သို့မဟုတ် ပြည်နယ် တစ်ခုမှာ ပါတီတစ်ခုက အမတ်လောင်း ၁၂ ယောက် တင်မယ် ဆိုရင် ပါတီ ၁၀ ခုက ၀င်ပြိုင်ရင် အမတ်လောင်း ၁၂၀ ပါ။ ပါတီ ၂၀ ၀င်ပြိုင်ရင် အမတ်လောင်း ၂၄၀ ပါ။ ပါတီတွေ ဒီထက် ပိုများရင် အမတ်လောင်းစာရင်းလည်း ဒီထက် ပိုများမှာ ဖြစ်ပါတယ်။ ပြည်သူတွေက အဲဒီ စာရင်းကိုကြည့်ပြီး မဲပေးကြရပါမယ်။ အဲလို မဖြစ်အောင် လုပ်မယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ဆိုပေမယ့် ဘယ်လို လုပ်ကြမလဲ ရေရေရာရာ မသိကြသေးပါဘူး။ နောက်ထပ် အသေးစိတ် ဆက်ဆွေးနွေးကြဦးမယ်လို့ ဆိုပါတယ်။
ပြောရရင် ရွေးကောက်ပွဲ မလုပ်ခင် ရှုတ်ကို ရှုတ်နေတဲ့ PR စနစ်ပါ။ တကယ်တော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နဲ့ ဝေးကွာနေခဲ့တာ ရာစုနှစ် တစ်ဝက်ကျော်နေပါပြီ။ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီး ဒီကနေ့ အချိန်ထိ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကြီး နှစ်ကြိမ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့ဖူးပါတယ်။ သုံးကြိမ်လုံး မဲဆန္ဒနယ်မြေ တစ်ခုမှာ မဲအများဆုံးရသူ အမတ်အဖြစ် အရွေးခံရတဲ့ နည်းနဲ့ ရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အောင်မြင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက ကြိုးကိုင် ကျင်းပပေးခဲ့လို့ ပြသနာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် မဲအများဆုံးရသူ အမတ်ဖြစ်တဲ့ FPTP စနစ်ကြောင့်တော့ မဟုတ်ခဲ့ပါဘူး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဆိုရင်လည်း ဒီ စနစ်နဲ့ပဲ အပစ်အနာအဆာ နည်းနည်းနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ အခုလို ဘာမှ ပြသနာမရှိတဲ့ စနစ်တစ်ခုကို စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီက PR စနစ်နဲ့ အစားထိုးဖို့ အသည်းအသန် လုပ်လာပါတယ်။
တကယ်ဆို လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက အဲဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကို အသာစီး ပေးထားပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အမတ် နေရာ ၃၄ ရာခိုင်နှုန်း လောက်နိုင်ရုံနဲ့တင် လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်တွေနဲ့ ပေါင်းပြီး သမ္မတ တစ်ယောက် တင်မြှောက်နိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ အင်န်အယ်လ်ဒီသာဆို အမတ် ၆၇ ရာခိုင်နှုန်းလောက်နိုင်မှ အဲလို သမ္မတ တင်၊ အစိုးရဖွဲ့နိုင်မှာပါ။ အခုဖြစ်နေပုံက စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ အမတ်နေရာ ၃၄ ရာခိုင်နှုန်းလေး ရလောက်အောင်တောင် ပြည်သူလူထု ထောက်ခံမှု ရအောင် မစွမ်းဆောင်နိုင်ဘူး လို့ သူတို့ဖာသာ သူတို့ ယူဆ ပြီး အမတ်နေရာ ပိုရနိုင်မယ့် PR စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ အသည်းအသန် ကြိုးပမ်းလာခြင်းပဲ ဖြစ်ပါတယ်။ ဒီ ကြိုးပမ်းမှုဟာ တိုင်းပြည် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်သလို၊ ပြည်သူတွေနဲ့ နိုင်ငံတကာက မျှော်လင့်တောင့်တ နေတဲ့ ၂၀၁၅ မှာ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ ကျင်းပ၊ အဲဒီ ရွေးကောက်ပွဲကမှ တဆင့် ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ သမ္မတ နဲ့ အစိုးရသစ် ပေါ် ဆိုတဲ့ အခြေအနေမျိုးကို ပျက်ယွင်းသွားစေနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။



MPC နဲ့ NLD

MPC နဲ့ NLD

“MPC နဲ့ NLD ကင်းကွာနေသလား ” ဆိုတဲ့ ဆရာ စည်သူအောင်မြင့်ရဲ့ ဆောင်းပါး ကို အပြုသဘောဆောင် ရေးသားတာမို့ အကောင်းပဲ မြင်ပါတယ်။


ဒီမို အန်းဂရီးဘတ်

 NLD က MPC ကို ခပ်ခွာခွာနေတယ်၊ ဖိတ်ရင် မလာဘူးဆိုတာ မမှန်ပါဘူး။
အမှန်မှာတော့ နေ့ပိုင်းပွဲ မဖိတ်လို့ မတက်ရောက်ရပဲ တစ်လ တစ်ခါ ဟေးလားဝါးလား အရက်သောက်ပွဲတွေကို
 NLD က တက်လေ့ မရှိပါဘူး။ နေ့ပိုင်းက အလုပ်၊ ညပိုင်းက အရှုပ် လို့ NLD က ယူဆပုံရပါတယ်

နေ့ပိုင်း တကယ်ဆွေးနွေးတဲ့ ပွဲတွေဆိုရင် မတက်ဘူးဆိုတာ မရှိပါဘူး။ နေ့ပိုင်း အစည်းအဝေးတွေ တက်ရင်တောင်မှ
 နောက်ဆက်တွဲ ညပိုင်းပွဲကို ရှောင်လေ့ရှိပါတယ်။ တရားမ၀င် စကားများနဲ့ ဆိုရှယ်လိုက်ဇင်း သိပ်မလုပ်တဲ့ သဘောပါ။
 ( အဲ .... NLD ကလည်း Off the Record ပြောလို့ မရဘူးလေ၊ စတားဖြစ်တယ် မဟုတ်လား )

MPC ညပွဲတွေဟာလည်း ငြိမ်းချမ်းရေး အမြင်ဖလှယ်တာထက် စီးပွားရေး အခွင့်အလမ်းများ လမ်းညွှန်ကြတာက ပိုများပါတယ်။
အတော်လေးလဲ ဇာတ်လမ်း ရှုပ်တတ်ပါတယ်။ ( လူရှုပ်တွေ ကြားထဲ လူရိုးကြီးတွေ စိန်အောင်မင်းလောက်တောင် မမော့တတ်ပဲ သွားထိုင်နေရင် ... )

""အင်န်အယ်လ်ဒီ က ကိုယ်စားလှယ် တစ်ယောက်ယောက် မတက်တာဟာ ဒီ ပွဲတစ်ခု တည်းတော့ မဟုတ်ပါဘူး။ MPC က ကျင်းပတဲ့ ညစာစားပွဲတွေ နဲ့ လစဉ်လိုလို လုပ်နေ တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ အမြင်ချင်းဖလှယ် တဲ့ ဆွေးနွေး ပွဲတွေ မှာလည်း များသောအားဖြင့် တက်ရောက်တာ မတွေ့ရတတ်ပါဘူး။ ဒါပေမယ့်လည်း အဲဒီ ညစာစားပွဲ လို၊ ဆွေးနွေးပွဲလိုနေရာမျိုးမှာ လူထု ထောက်ခံမှု လုံးဝ မရှိလို့ အမတ် တစ်ယောက်မှ အရွေး မခံတဲ့ ပါတီက ခေါင်းဆောင်တွေကိုတော့ ပုံမှန်လိုလို တွေ့နေ ရတာက လည်း နောက်ထပ် လွဲချော်မှုတစ်ခုဖြစ်နိုင်ပါတယ်။"" လို့ ဆရာက ရေးထား ပါတယ်။ **** အဲသည်ထဲမှာပဲ အဖြေက ပါပြီး ဖြစ်နေပါပြီ။

နောက်တစ်ခုက လိုင်ဇာအစည်းအဝေးမှာ တက်ရောက်တဲ့ သံတမန်ကြီးများ ကပါ ဒေါ်အောင်ဆန်းစုကြည်ကို သိသင့်သိထိုက်တာတွေကို အမှန်အတိုင်း ပြောကြ မှာပါ။ ပြောစရာမရှိပဲ ဒေါ်စု ဆီကို ခဏခဏ သွားနေဖို့ အကြောင်းမှ မရှိလှတာ။ ( လိုင်ဇာပွဲ အပြန် နံပြား နေပြည်တော်က ဒေါ်စု အိမ်ကို သွားရောက်တွေ့ဆုံတာကို ရည်ညွှန်းပါတယ် )

လက်ရှိ လုပ်ငန်းစဉ်တွေကို အနှောက်အယှက်ဖြစ်စေမယ့် မှန်သည် မှားသည် ကောင်းသည် မကောင်းသည် ဆိုတဲ့ ကွန်မန့်တွေကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျန် NLD ခေါင်းဆောင်များက ပြောလေ့မရှိပါဘူး။ ပြောချင်သပ ပြောလို့ရတယ် ပြောရင်လည်း ပေါက်တယ် ဆိုတာ အားလုံးလည်း အသိပါ။

ဒီနေရာမှာ အရေးကြီးတာ တစ်ခုက ဒေါ်စုဟာ MPC ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုကို မဝေဖန်သည့်အပြင် ငြိမ်းချမ်းရေးဒိုနာနိုင်ငံများကိုလည်း ကန့်ကွက်ခြင်း မရှိတာပါပဲ။ ဒါဟာ Best Will ပါ။

ကူညီခွင့် မရတဲ့ မပေးတဲ့ အချိန်မှာ မနှောက်ယှက်တာ ဖြစ်ပါတယ်။ အဲသည်လို ဒေါ်စုရဲ့ ကျေးဇူးကြီးမှု စိတ်ထားမြင့်မြတ်မှုတွေ ကိုလည်း MPC က စိန်အောင်မင်းရဲ့ တပည့် ပညာရှင်တွေ ကောင်းကောင်းကြီး ကို သိနေပါတယ် ခင်ဗျာ။ ( ဖွင့်မပြောရဲတာတော့ ရှိမှာပေါ့လေ ဟဲဟဲ )

ဒေါ်စုဟာ ၂၀၁၃ နှစ်ဦးလောက်ကတည်းက ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ သူ့အနေနဲ့ ပါတီအနေနဲ့ ဘယ်နေရာကမဆို ကူညီမယ် ဆိုတာကိုလည်း တရားဝင်ပြော စာဖြင့် လက်မှတ်ထိုးကာ စာထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ( လက်ေ၇းတိုပဲ လိုက်ရေးရရ၊ ဘာသာပြန်ပဲ လုပ်ပေးရရ ပေါ့လေ )။

ဒါပေမယ့် MPC မှာကလည်း ပြည်တော်ပြန် တော်လှန်ရေးသမားဟောင်းတွေ များလွန်းလို့ လစ်လပ်နေရာမရှိ ၀င်ဖြည့်စရာ နေရာမရှိသလောက်ကို လူလျံနေတဲ့ အတွက် ဒေါ်စုကို အကူ မခေါ်တာ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက လွတ်တော်ရှိချိန်မှာဆိုရင် NLD အမတ် ၄၀ နှင့် တိုင်းရင်းသား အမတ်တွေ လစဉ် ၂ ခါလောက် မှန်မှန် တွေ့ဆုံကြတာ ဖြစ်ပါတယ်။

ဒမအဂရဘ ပြောချင်တာက MPC ရဲ့ လစဉ် ညစာ ငြိမ်းချမ်းရေး xxx ဖလှယ်ပွဲတွေ တက်ပြီး ငြိမ်းချမ်းရေး အနံ့ခံ ... အဲ... စကားနှိုက် ...
အဲ အဲ... သုံးသပ်ဖို့ထက် ပိုပြီး သတင်းမှန် စကားမှန်တွေကို NLD ခေါင်းဆောင်ပိုင်းက သိရှိမယ်လို့ ထင်ပါတယ်။

ဒီစာက ဆရာ့ဆောင်းပါးကို Rebuke လုပ်တာ မဟုတ်ပါဘူး။ ဆရာ့ဆောင်းပါးကို ကြိုဆိုပါတယ်။

အဲ ဆောင်းပါးခေါင်းစဉ်အရ အဖြေပေးရမယ်ဆိုရင်တော့ မကင်းပါဘူး၊ နည်းနည်း ခွာနေတာပါ။
ဘာဖြစ်လို့လဲဆိုတော့ "ပါမစ်ပါ စာအိတ်တွေ" အတင်းထိုးပေးမှာ စိုးလို့ပါ

***** ဆန်ရင်းမို့ နာနာသာ ဖွတ်ပါ။ သံသယ ဖြစ်ဖွယ်ရှိရင် အခုလိုပဲ ပေါ်တင်မေးပါ။

- ကျေးဇူးတင်လျက် -
ဒမဖတ / ဒမအဂရဘ



                                  မြူနှင်း(အေးရိပ်ငြိမ်)

onsdag 27 augusti 2014

ယိုးဒယားအလိုတော်ရိညွှန့်လှိုင်အားအလိုမရှိ

ယိုးဒယားအလိုတော်ရိညွှန့်လှိုင်အားအလိုမရှိ

       စစ်အစိုးရခေတ်က ယိုးဒယားတွေဟာ 

နယ်မြေချဲ့ထွင်စီးပွါးရေးလုပ်ဖို့မြန်မာ ပြည်ကိုလာခဲ့ကြပါတယ်၊ 

အဲဒီမှာသူဌေးကျွန်းကုမဏီလည်းပါပါတယ်၊ 

စစ်တပ်ကလူကြီးတွေကိုအလိုလိုက်အကြိုက်ဆောင်ပြီး 

အခွင့်ရေးတွေအများကြီးရခဲ့ပါတယ် 

သူဌေးကျွန်းဟိုတယ်၊အင်ဒမန်ပါးလ်ပုလဲမွေးမြူရေး၊အက်ဒမန်ကျောက်မျက်ကုမဏီ 

အစသဖြင့်ပေါ့ 

အဲဒီသူဌေးကျွန်းကကော့သောင်းလေယာဉ်ကွင်း၊တပ်ရိပ်သာ၊လမ်းတွေကို

 ကော့သောင်းသစ်ပင်တွေခုတ်ရောင်းပြီးမတန်တဆအမြတ်ယူပြီးအပေးအယူလုပ်စားခဲ့ပါတယ်။

 အက်ဒမန်ဟာအဲဒါနဲ့ကြီးပွါးခဲ့ပါတယ်၊ အဲဒီတုန်းကကျောက်ထုတ်ဖို့ 

ဆိပ်ကမ်းလုပ်ဖို့စတဲ့အကြောင်းပြချက်တွေနဲ့ မြေတွေကို 

စစ်အစိုးရနဲ့ပေါင်းပြီးသိမ်းခဲ့ပါ တယ် အဲဒီသိမ်းထားတဲ့မြေတွေဟာ 

အခုအချိန်မှာ မြေစာရင်း၊အာဏာပိုင်တွေနဲ့ပေါင်းပြီး 

ယိုးဒယားအလိုတော်ရိညွန့်လှိုင်အမည်ပေါက်မြေတွေဖြစ်သွားပါတယ်၊ 

မှုလပိုင်ရှင်တွေ ကတော့ တိုင်းပြည်ဒေသအတွက်ဆိုရင်ကြေနပ်ကြပေမယ့် 

ညွန့်လှိုင်ကိုယ်ကျိုးအတွက် ဆိုရင် မပေးနိုင်လို့ 

သက်ဆိုင်ရာကိုတိုင်ကြားပေမယ့်ဖြေရှင်းဆောင်ရွက်ပေးမှုမရှိပါဘူး၊
     
 အခုတလောမှာ သူဌေးကျွန်းဟိုတယ်ဝန်ထမ်းတွေက 

လစာအချိန်မှန်မရလို့မိသားစု  ရပ်တည်ရေးခက်ခဲလာတော့ 

စုပေါင်းပြီးတောင်းဆိုကြတယ်၊မလိုက်လျောတော့အလုပ် 

မဆင်းဘဲတောင်းဆိုကြတယ်၊မြို့နယ်ရုံးမှာညှိနိုင်းပေးပြီး လစာအချိန်မှန်ပေးဖို့နဲ့ 

ဒီဖြစ် စဉ်တွေမှာပါတဲ့ဝန်ထမ်းတွေကို  ဒီဖြစ်စဉ်နဲ့ပါတ်သက်ပြီး 

အလုပ်ကမထုတ်ပစ်ဖို့ညှိနှိုင်း သဘောတူခဲ့ကြပါတယ်၊ 

တစ်ပါတ်နှစ်ပါတ်လောက်အကြာမှာပဲ့ အဲဒီဝန်ထမ်းတွေထဲက 

တက်ကြွလှုပ်ရှားသူ(၄)ဦး(အောင်ဇော်ဦးအပါအ၀င်)ကို သူတို့ဟိုတယ်လုပ်သက် 

(15)နှစ် ကျော်ကိုမထောက်ပဲ အပြစ်မရှိပါဘဲနဲ့ 

အမည်ပျက်စာရင်းသွင်းအလုပ်ထုတ်ခဲ့ပါ တယ် အဲဒီကိစ္စကို မြို့နယ်မှာရှင်းတော့   
ညွန့်လှိုင်က တိုင်းမှူးကအစ ၀န်ကြီးတွေ ဌာနဆိုင်ရာတွေအားလုံးပိုင်တယ် 

ကြိုက်တဲ့နေရာသွားရှင်းလို့ရတယ်   ဂရုမစိုက်ဘူး 

လို့ ကြွေးကြော်ခဲ့တယ်တဲ့(ကာယကံရှင်တွေဆီမှာ အသံဖိုင်ရှိပါတယ်)
     
  အဲဒီလိုဗမာတစ်ယောက်က  ယိုးဒယားကျွန်ခံပြီး ဗမာတွေအချင်းချင်းဖိနှိပ် 

အလို တော်ရိလုပ်နေတဲ့ညွန့်လှိုင်လုပ်ရပ်တွေက မြင်ကြားလို့မကောင်းတော့ပါ 

လမ်းဖောက် လုပ်ရေးနဲ့ ကျောက်စက်မှာတုန်းကလည်း 

လစာငွေမရှင်းပေးလို့အခုထက်ထိရစရာရှိတဲ့ 

ဗမာအလုပ်သမားတွေအများကြီးပါပဲ့၊ရှမ်းယိုးဒယားတွေ့ရင်လက်အုပ်ချီပြီး 

သူမအေ နှမ ပေး တော့မဲ့ပုံစံနဲ့ အမြီးနှံအရိုအသေပေး ယိုးဒယားအကျိုးစီပွါးကို 

နည်းပေါင်းစုံနဲ့ကာကွယ် ဗမာသွေးတူအချင်းချင်းကြတော့ 

အမျိုးမျိုးနှိပ်ကွပ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့တာ လည်းကြာခဲ့ပါပြီ 

ညွန့်လှိုင်လိုအမျိုးမစစ်တဲ့ ယိုးဒယားအလိုတော်ရိ ခေါင်းပုံဖြတ် လူညွန့် ခူးစားတဲ့ 

လူတစ်ဦးကိုတော့ ကော့သောင်းလိုမြန်မာနိုင်ငံနယ်နိမိတ်ထဲကနေ သူ့ပထွေး 

ယိုးဒယားနိုင်ငံကို မောင်းထုတ်ဖို့အချိန်တန်ပါပြီ ပြီးတော့ မြန်မာနိုင်ငံထဲ 

မှာစီးပွါးလာရှာ မြန်မာနိုင်ငံသားတွေကိုနှိပ်ကွပ် နေတဲ့ 

သူဌေးကျွန်းဟိုတယ်ကို မြန်မာနိုင်ငံသားတိုင်းက အဆက်ဆံမလုပ် အားမပေးဘဲ 

ဆန့်ကျင်သပိတ်မှောက်ဖို့အချိန်တန်ပြီဖြစ်ပါကြောင်း  နှိုးဆော်လိုက်ပါတယ်။

ပေးပို့လာသည့်မှုရင်းအတိုင်းဖေါ်ပြပေးလိုက်ပါသည်၊

  အယ်ဒီတာ။   ။ တစ်နိုင်ငံထဲ ပေါင်းစားခရိုနီထက် နှစ်နိုင်ငံပေါင်းစားခရိုနီက 

ပိုပြီး အန္ဒရယ်ကြီးမားသောကြောင့် အမြန်ဆုံး အရေးယူဆောင်ရွှက်နိုင်ပါစေရန် 

ကူညီတင်ပြလိုက်ရခြင်းဖြစ်ပါသည်၊ အရင်ကဆိုကော့သောင်းသတင်းက 

ဒီဗွီဘီမှာပါလည်း ကော့သောင်းမြို့သူ/သား များ 

စလောင်းမရှိသူများကြည့်ဖြစ်ချင်မှကြည့်ဖြစ်မှာပါ 

ခုဆိုရင် ကော့သောင်းမှာလည်း 

ဒီဗွီဘီလွင့်ပေးနေပြီဆိုတော့ကာ ဒီသတင်းသာပါလာ ရင် 

ဌာဆိုင်ရာတွေရော ပြည်သူတွေပါ 

အားလုံးကြည့်ရှုခွင့်ရတော့မှာပေါ့နော။ဒါပေမယ့်ကျွန် မက step by step 

သွားတတ်ပါတယ်၊ ကော့သောင်းသက်ဆိုင်ရာအာဏာပိုင်တွေကို ဒီကေ့စ်ကိုချပြ   
ကြည့်တယ် 

နှာစေးနေတယ်ဆိုမှတီဗီဖန်သားပြင်မှာ -----------

                                မြူနှင်း(အေးရိပ်ငြိမ်)

မောင်လေးနှမလေးတို့ရေ ဒီနေ့တော့ကော့သောင်းမြို့ ကတကယ့်အဖြစ်ပျက်ပုံပြင်လေးတွေပြောပြမယ်နော်

မောင်လေးနှမလေးတို့ရေ ဒီနေ့တော့ကော့သောင်းမြို့ ကတကယ့်အဖြစ်ပျက်ပုံပြင်လေးတွေပြောပြမယ်နော်


ဆရာ/ဆရာမများရဲ့ လုပ်တတ်ကိုင်ပုံလေးတွေပေါ့နော်

ကော့သောင်းမြို့မှာ စာတတ်မြောက်ရေးနေ့ ကျောင်းပေါင်းစုံပန်းချီပြိုင် ပွဲလုပ်ပါတယ် ကျောင်းသား/သူ  တွေကလည်း တက်ကြွစွာပါဝင်ယှဉ်ပြိုင်ကြပါတယ်၊ ဒါပေမယ့်ဆုရွေးချယ်တဲ့ အဖွဲ့ဆရာဦးလှစိုး ခေါင်းဆောင်တဲ့အဖွဲ့က ပန်းချီကို အကဲမဖြတ်ဘဲ သူတို့ လက်ရင်းတပည့်တွေကိုပဲ့ ဆုပေးရွေးချယ်လိုက်ပါတယ်တဲ့ရှင်

ကော့သောင်းပညာရေးဌာနရဲ့ သမာသမတ်လုပ်ပုံတွေပါ

  ဆွဲခန့်စာမေးပွဲ တုန်းကလည်း ပညာရေးမှူးဦးမင်းရွှေက စာမေးပွဲတောင်ဝင်မဖြေတဲ့ ဘုရင့်နောင်ကဘွဲ့ရအမျိုးသမီး တစ်ဦးကို အအောင်ပေးပြီး တိုင်းပညာကအလုပ်ခန့်ပါသတဲ့ အံ့သြစရာကောင်းတာက အဲဒီအမျိုးသမီးက သူစာမေးပွဲမဖြေရဘဲ အောင်နေပြီး အလုပ်ခန့်ခံရတာ လိပ်ပြာမသန့်တဲ့အတွက် အလုပ်မ၀င်ကြောင်းပါဘဲ့ကွယ်  

မောင်လေးနှမလေးတို့ရေ ပုံပြင်လေးကတော့ အတုယူစရာချည်းဘဲ့နော်

                                  မြူနှင်း(အေးရိပ်ငြိမ်)

torsdag 21 augusti 2014

ကျော်သူ+ ရွှေဇီးကွက် ရဲ့ကာချူ ပ်ကြီးထံအိတ်ဖွင့်ပေးစာ

ကျော်သူ+ ရွှေဇီးကွက် ရဲ့ကာချူ ပ်ကြီးထံအိတ်ဖွင့်ပေးစာ



နာရေးကူညီမှုအသင်း-ရန်ကုန်

"မြန်မာပြည်အတွက်ပဲ ကောင်းအောင်လုပ်ရမှာ။ ကိုယ်ကောင်းဖို့ မလုပ်သင့်ဘူး။ မြန်မာပြည်ကောင်းရင် ကိုယ့်မိသားစု ကောင်းမှာပဲ။ မြန်မာပြည် ဖြစ်ချင်တာဖြစ်၊ ကိုယ့်မိသားစု ကောင်းဖို့ပဲဆိုရင် သမိုင်းကတော့ လှမှာ မဟုတ်ဘူး။ ဘဝနိဂုံက လှမှာ မဟုတ်ဘူး။"

- ကျော်သူ

"ကျွန်မတို့ကတော့ ဖောက်လက်စလမ်းကို ဆက်ဖောက်ဖြစ်နေဦးမှာပါ။ ပြီးခြင်း၊ မပြီးခြင်းက သူ့အကျိုးတရား။ လမ်းဖောက်ခြင်း အကြောင်းတရားကို လုပ်နေရ မှာကတော့ ကျွန်မတို့ရဲ့ တာဝန်။"

- ရွှေဇီးကွက်



ISIS တဖွဲ့လုံးမျိုးတုန်းတော့မယ်

ISIS တဖွဲ့လုံးမျိုးတုန်းတော့မယ်



သတင်းထောက် James Foley နဲ့
ISIS တဖွဲ့လုံးလဲလိုက်သလိုပဲခံစားရတယ်......
မကြာခင်မျိုးတုန်းကြတော့မယ်......



ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ သံသယရှိ လူနာတစ်ဦး စစ်ဆေးတွေ့ရှိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ သံသယရှိ လူနာတစ်ဦး စစ်ဆေးတွေ့ရှိ


Myanmaalinn

နေပြည်တော်၊ သြဂုတ် ၂၁

အာဖရိကအနောက်ပိုင်းဒေသရှိ နိုင်ငံများတွင် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီးဌာန သည် မြန်မာနိုင်ငံအတွင်းသို့ အဆိုပါရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဖြတ်ကျော် ၀င်ပေါက်များတွင် အဖျားရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားသော နိုင်ငံများသို့ ခရီးသွားလာမှုနှင့် လူနာနှင့် ထိတွေ့သော သံသယရှိသူများအား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ် ကြည့်ရှုရေးအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်စဉ် သြဂုတ်လ (၁၉) ရက်နေ့၊ ည (၈) နာရီအချိန် တွင် လေယာဉ်ခရီးစဉ်အမှတ် (8M-332) ဖြင့် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လိုက်ပါလာသော မြန်မာနိုင်ငံသား ခရီးသည်တစ်ဦးသည် ကိုယ်အပူချိန် မြင့် တက်ခြင်း၊ ကိုယ်လက်နှုံးချိခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ၎င်း၏ ခရီးသွားရာဇ၀င်အား စုံစမ်းခဲ့ရာ ၎င်းသည် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသော အာဖရိက အနောက်ပိုင်းဒေသ၊ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် (၁၃) လခန့် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာကြောင်း စုံစမ်းသိရှိရသဖြင့် ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း လမ်းညွှန်အရ သံသယ လူနာအဖြစ် သတ်မှတ်၍ မြောက်ဥက္ကလာပ မြို့နယ်၊ ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လွှဲပြောင်းကုသခြင်းနှင့် ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ လူနာနှင့်အတူ လိုက်ပါပို့ဆောင်သူ (၄) ဦးတို့ကိုလည်း ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လွှဲပြောင်း၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့် သမားတော်ကြီးများ ဦးဆောင်သော အဖွဲ့က လူနာအား သီးခြား ခွဲခြားထားရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ လိုအပ်သော ဓာတ်ခွဲ နမူနာများ ရယူ၍ ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရန်ကုန်) နှင့် ညှိုနှိုင်း၍ အိန္ဒိယနိုင်ငံ၊ ပူးနေမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးခြင်းတို့ကို စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။ ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ ရှိ/မရှိ ဓာတ်ခွဲအဖြေအား တစ်ပတ်ခန့်ကြမှသာ သိရှိနိုင်မည် ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေကြောင်း တာဝန်ခံနှင့် ဆက်သွယ်၍ သံသယရှိလူနာ စီးနင်းလိုက်ပါလာသော လေယာဉ်အား ရောဂါပိုး သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် လေဆိပ်ဝန်ထမ်းများ၊ လေဆိပ်အတွင်း ပစ္စည်းများ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်နေ သူများအား ရောဂါ ကူးစက်မှု မရှိစေရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခြင်း၊ လေဆိပ်အတွင်း Conveyor Belt ရောဂါပိုး သန့်စင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ လေဆိပ်လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် အကောက်ခွန်ဦးစီးဌာနရှိ တာဝန်ခံများနှင့် အခြားဝန်ထမ်းများအား ဆက်သွယ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MOI Webportal Myanmar