အသိပေးကြေငြာခြင်း
ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊
torsdag 20 augusti 2015
ဌေးဦးအကြောင်း တစေ့တစောင်း
လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌဖြစ်ပြီး ယခင်က ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် ဌေးဦးဟာ အပတ်စဉ် OTS – 43 ဗိုလ်လောင်းကျောင်းဆင်း အရာရှိတစ်ဦး ဖြစ်ပါတယ်။ OTS - 43 ကျောင်းဆင်းအရာရှိများဟာ ဘွဲ့ရအပတ်စဉ်ဖြစ်ပြီး ရန်ကုန် - မန္တလေး ရှိ ဝိဇ္ဇာ - သိပံ္ပ တက္ကသိုလ်များမှ ဘွဲ့ရ ကျောင်းသားလူငယ်များ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) သို့ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းဆင်းချိန်ဟာ ၁၉၇၂ ခုနှစ် ဝန်းကျင်ကဖြစ်ပြီး တပ်မတော် ပြန်တမ်းဝင်အရာရှိ (ကြည်း) နံပါတ် BC. No (12000) ကျော်ပြီးကာစ DSA – 13 နောက်မှ ကပ်လိုက်လာတဲ့ အပတ်စဉ် ဖြစ်ပါတယ်။ ထိုခေတ်ကာလက ဗိုလ်လောင်း ၁၅၀ ကျော် ရှိတာမို့ အများဆုံး အပတ်စဉ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဖူးစာဆုံသူကတော့ မဆလခေတ် ဗိုလ်မှူးကြီး ခင်ကျော်ညို၊ ဒေါက်တာမြနှောင်းညိုရဲ့ ညီမအရင်း ဒေါ်နီနီနှင့် အကြောင်းပါခဲ့ပြီးတော့ သားသမီး မရရှိကြောင်း သိရပါတယ်။
ဧရာဝတီတိုင်းမှူး ဖြစ်လာတဲ့ ဗိုလ်ချုပ်ဌေးဦး အနေနဲ့ တက်ကြွစွာ အားထည့်မည်လို့ စတင် ကြံရွယ် လုပ်ဆောင်ကတည်းက “ထီ” ကနဲဆို ထိပ်ပိုင်းရောက်နေတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ပြဿနာ တရပ် ဖြစ်ပွားခဲ့ပါတော့တယ်။ ဧရာဝတီတိုင်းဟာ စစ်ဆင်ရေး မရှိဘဲ စပါး အထူးအထွက်တိုးရေးနှင့် နိုင်ငံရဲ့အဓိက စပါးကျီ ဖြစ်တာမို့ အလွန် သတိထားရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဧရာဝတီတိုင်း အတွင်း မြို့နယ်တွေမှာရှိတဲ့ လယ်ဧကတွေကို စိုက်ဧကစစ်တဲ့ အဖွဲ့တွေအား စစ်ဆေးဖို့ ဗိုလ်ချုပ်ဌေးဦးက “တယက” အနေနဲ့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီ စာရင်းတွေကို မြေစာရင်း ဦးစီးဌာနနဲ့ စစ်တဲ့အဖွဲ့တွေက Up to Date ပြန်မစစ်ဘဲ တင်ပေးလိုက်ဟန်တူပြီး အစိုးရအဖွဲ့ကို တင်လိုက်ရာမှာ ပြဿနာ စဖြစ်ပါတယ်။ (လယ်/ဆည်) ဝန်ကြီးဖြစ်နေတဲ့ ဦးညွှန့်တင်ဟာ (နတခ) တိုင်းမှူးက လာတာဖြစ်လို့ လယ်ဧက စာရင်းဇယားတွေ ဖေါင်းပွနေကြောင်း ထောက်ပြခဲ့တယ်လို့ သိရပါတယ်။
အဲဒီမှာတင် ဗိုလ်ချုပ်ဌေးဦးက ယခုလို စာရင်းဖေါင်းပွရတာဟာ အရင်တိုင်းမှူး လက်ထက် (ဦးရွှေမန်း တိုင်းမှူး) တုန်းက စာရင်းဇယားတွေ ဖြစ်တယ်လို့ လွှဲချပါတယ်။ အဲဒီအခါ ဦးရွှေမန်း လက်ထက်တုန်းက (လိမ်ညာတင်ပြတဲ့ သဘောမျိုး) ပိုပြတဲ့ စာရင်းဇယားအဖြစ် ဘူးပေါ်သလို ပေါ်သွားတာကြောင့် ဦးရွှေမန်းအဖို့ ဒေါကန်ကာ အကြီးအကျယ် စိတ်ဆိုးခဲ့ပါတယ်။ ဒါနဲ့ဘဲ ဦးရွှေမန်းရဲ့ ပညာပေး “သမ” မှုကြောင့် ဗိုလ်ချုပ်ဌေးဦးခမျာ ဧရာဝတီတိုင်းက သူ့ဇာတိချက်မြေ (ဟင်္သာတ) မှာ ဖင်ပူအောင် မနေရဘဲ နောက်တဆင့်မြှင့် ရာထူးကိုတောင်မှ အိမ်မက် မက်ခွင့် မရရှာတော့ကာ သမဝါယမ ဝန်ကြီးအဖြစ်နဲ့သာ နှစ်သိမ့်ဆု ပေးခဲ့တာ ခံခဲ့ရပါတယ်။ ဗိုလ်ချုပ်ဌေးဦးရဲ့ အပြောအဆို ညက်ညောမှုနှင့် အလျှောက်ကောင်းမှုကြောင့် ဦးသန်းရွှေဟာ မဟာဂရုဏာ သက်ပြီးတော့ (လယ်/ ဆည်) ဝန်ကြီးအဖြစ် ထပ်မံ ပြောင်းရွေ့ပေးခဲ့ပါတယ်။၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးအသင်းဟာ အထွေထွေ အတွင်းရေးမှူး ဦးသန်းအောင် တစ်ယောက်တည်း မနိုင်မနင်း ဖြစ်နေရာ ပြည်ခိုင်ဖြိုးအသင်း ထိပ်ပိုင်းမှာ တာဝန်ပေးဖို့ ဦးသန်းရွှေက လူရှာဖွေခဲ့ပါတယ်။
Prenumerera på:
Kommentarer till inlägget (Atom)
Inga kommentarer:
Skicka en kommentar