အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 31 mars 2014

ကော့သောင်းမြို့၏အကြောင်း


  ကော့သောင်းမြို့၏အကြောင်း

--မည်သည့်စီးပွားလုပ်ငန်းမှမည်မည်ရရလက်ညိုးထိုးပြစရာမရှိတော့သောမြို့ကို ကော့သောင်းမြို့ဟု  ခေါ်ပါသည်။

--မိမိကလေးများအား ပြန်ပေးအဆွဲခံထားရပြီး ကျူရှင်ခ ဆရာမဂါရ၀ကြေး နှင့်အမည်မဖော်နိုင်သော  ကောက်ခံငွေများပေးသွင်းရသည့်နေရာများကို ကော့သောင်းက စာသင်ကျောင်းဟုခေါ်ပါသည်။

--မိမိလူနာအားပြန်ပေးဆွဲထားသလို အသက်နှင့်ကိုယ်ခန္ဒာအပေါင်ပေးထားရပြီး ၀န်ထမ်းပေါင်းစုံ တောင်းသလောက်ငွေကိုမငြိုမငြင် ထုတ်ပေးနေရသည့်နေရာကို ကော့သောင်းပြည့်သူဆေးရုံဟုခေါ် ပါသည်။

--ဆရာဝန်ဘဲ့စီး  လူနာလုံးဝမစီးဖူးသောလူနာတင်ကားရှိသည့် ဆေးရုံမှာ ကော့သောင်းပြည့်သူ့ဆေးရုံ ဖြစ်ပါသည်။

--မည်သည့်အထောက်အထားမှမလို ဘတ်ငွေ ထောင်ဂဏန်းပေးယုံမျှဖြင့် ပေတံဖြင့်မျဉ်းတား၊စာလုံး  လေးငါးဆယ်လုံးရေးထားသည့် (မြေပုံ)အမည်ရှိသည့် စာရွှက်တစ်ရွှက်ကို လိုသလိုဝယ်ယူရရှိနိုင်သော နေရာကို ကော့သောင်း မြေစာရင်းဌာနဟုခေါ်ပါသည်။

--မည်သည့်အရပ်ဒေသကလာလာ မည့်သည့်အထောက်ထားပါပါ မပါပါ ငွေတစ်သောင်းကျပ် အတင်း တောင်းပြီး နိုင်ငံသားကဒ်ပြန်ပေးဆွဲထားသော အရပ်ဒေသကို ကော့သောင်းလေဆိပ်၊ကော့သောင်း မြို့မတံတား၊ကော့သောင်းတော်ဝင်တံတား ဟုခေါ်ပါသည်။

--ငွေပေးနိုင်လျှင် ဖာခန်းပဲ့ဖွင့်ဖွင့်၊အရက်ပုန်းပဲ့ရောင်းရောင်း၊ကစားဝိုင်းပဲ့ထောင်ထောင်၊အနှိပ်ခန်းပဲ့ဖွင့် ဖွင့် လုပ်ခြင်တာလုပ် ခွင့်ပြုနိုင်သောသူကို ကော့သောင်း  (ရဲ) ဟုခေါ်ပါသည်။

--ကိုယ်တိုင်ကအကျင့်စာရိတ္တမကောင်းသော်လည်း သူအုပ်ချုပ်ရာဒေသအတွက် သူ့ထံ မှအကျင့်   စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာ ရယူရသည့်ပုဂ္ဂိုလ်ကို အုပ်ချူပ်ရေးမှူးဟုခေါ်ပါသည်။

--အားကစားဗန်းပြ လောင်းကစားလုပ် ဌာနှဆိုင်ရာလူကြီးများနှင့် လိုင်းကြေးညှိ ဟိုလိုင်းဒီလိုင်းအပေး အယူညှိနိုင်းရသောနေရာကို ဂေါက်ကွင်းဟုခေါ်ပါသည်။

--အကောက်ခွန်မဲ့ယာဉ်များဖမ်းဆီးအရေးယူနေသောပုဂ္ဂိုလ်များဖြစ်သော်လည်း ၄င်းတို့ကိုယ်တိုင်က အကောက်ခွန်မဲ့ယာဉ်များကို အသုံးပြုစီးနင်းနေသူကို ကော့သောင်းယာဉ်ထိန်း(ရဲ)နှင့်ကော့သောင်း အကောက်ခွန်ဌာန ဟုခေါ်ပါသည်။

--မတရားသော်လည်း တရားမျှတမှုကို ငွေပုံပေး အရယူနိုင်သောဌာနကို တရားရုံးဟုခေါ်ပါသည်။

--မလိုတမျိုးလိုတမျိုး ဖန်းတီးနိုင်သော ပုဂ္ဂိုလ်ကို (ဥပဒေအရာရှိ)ဟုခေါ်ပါသည်။

--တရားသူကြီး ဥပဒေအရာရှိ အမှုလိုက်ရဲများကို လိုသလို ပုံသွင်း လိုင်းကြေးညှိနိုင်းပေးပြီးအငှားရန် ဖြစ်တတ်သူများ၊ ကိုယ့်ကိုယ်ကို သမ္မတလောက်အရည်အချင်းရှိသူများဟု သေးနထင်ရောက်နေပြီး ပစိပစပ်အပြောတတ်ဆုံးသူများကို (ရှေ့နေ)ဟုခေါ်ပါသည်။

--ဥပဒေအပေါ်တွင် မည်သူမျှမရှိဆိုသော်လည်း အကောက်ခွန်မဲ့ကားများကို မြို့တွင်းတွင် ရဲရဲဝံ၀ံ ပြောင်ပြောင်တင်းတင်းစီးနင်းရဲသူများ ဥပဒေမှအပ ဖြစ်သောသူများဥပဒေအပေါ်တွင် နေထိုင်ခွင့် ရှိသူများကို ကော့သောင်း(ဘုန်းကြီး)ဟုခေါ်ပါသည်။

--မြန်မာအစိုးရခွင့်ပြုချက်ဖြင့် မြန်မာ့မြေပေါ်တွင် တည်ဆောက်ဖွင့်လှစ်ထားသော်လည်း မြန်မာကျပ် ငွေဖြင့်ဝယ်ယူသုံးစွဲခွင့်မရသော ဟိုတယ်ကို (သူဌေးကျွန်းဟိုတယ်)ဟုခေါ်ပါသည်။

--နိုင်ငံပိုင်လေယာဉ်ကို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာသော အခွင့်ထူးခံလေကြောင်းလိုင်းကို (ဆန်းဖား)ဟုခေါ်ပါသည်။

--၀တ်စုံအနက်ရောင်ထက်အောက်ဝတ် ဆိုင်ကယ်အိတ်ဇော ဖြုတ်မောင်း၊သရုပ်ပျက်ယဉ်ကျေးမှုနှင့် အတူ ရဲများနှင့်လိုက်တမ်းပြေးတမ်း ရန်ဖြစ်တမ်း ကစားတတ်သောသူများကို (၀ိုင်လူး)ဟုခေါ်ပါသည်။

--စစ်တပ်ခေတ်က စစ်တပ်နှင့်ပေါင်း၊အခုခေတ်တွင်အခုလူကြီးများနှင့်ပေါင်း မကြာမှီအာဏာရ နိုင်  သည့်ဒီချူပ်ကိုလည်း ရံပုံငွေထည့်ပေါင်း၊ (၈၈)ကိုလည်းကြိုတင်မျှော်မှန်းပြီးပေါင်းသည့် ခရိုနီအစုအဖွဲ့ ကိုအများပိုင်ကုပ္မဏီဟုခေါ်ပါသည်။

--ကော့သောင်းမြို့တွင် ပြသာနာအများဆုံးရှာပေးပြီး မည်သည့်အခါမှ ပြေလည်အောင်ဖြေရှင်းပေးနိုင် စွမ်းမရှိသည့် ဌာနကို ကော့သောင်းမြေစာရင်းဌာနဟုခေါ်ပါသည်။

--ဌာနဆိုင်ရာများတွင် စာရင်းစစ်၊ စစ်ရင်းညှစ်၊ညစ်ရင်းတောင်းသည့်ဌာနကို စာရင်းစစ်ရုံးဟုခေါ်ပါ  သည်၊ ထိုစာရင်းစစ်ရုံး ၏စစ်ဆေးချက်များကို ထပ်ဆင့်စစ်ဆေးမှုများပြုလုပ်နိုင်ပါက မသမာမှု လာဘ် ယူများ မျာစွာပေါ်လာနိုင်ပါသည်။

--အလုပ်တစ်ခုမှမရှိဘဲ အလကားပြည်သူ့လစာများရယူသည့် ဌာနကို စီမံကိန်းသမ လျှပ်စစ်ဌာနဟု  ခေါ်ပါသည်။

--မိန်းကလေးတရားဝင်ဖွင့်ခွင့်ရထားသော ဟိုတယ်မှာ (၈၈)ဌာနချူပ် ဂါးဒင်းဟိုတယ်ဖြစ်ပါသည်။

--သုံးစားမရသော ရုပ်သံလိုင်းများကို အခကြေးငွေ နှင့်နေအောင်ယူပြီး မြို့ကိုဒုက္ခပေးနေသာ ရုပ်သံလိုင်းမှာ (ကြံဖွံ့/သမာဓိ)ရုပ်သံလိုင်းဟုခေါ်ပါသည်။

--သစ်ပင်သစ်တောထိန်းသိမ်းရမည့်တာဝန်ရှိ ၀န်ထမ်းများ သစ်ခိုးခုတ်ရန် သစ်ကားဖြတ်ရန် တဘက်နိုင်ငံသို့သစ်ပို့ရန် လမ်းကြောင်းပေးသောဌာနကို ကော့သောင်း သစ်တောဌာနဟုခေါ်ပါသည်။

--ဗုံးခွဲလှေ၊ပါကျေးကျန်လှေ၊စည်းပျက်လှေများကို တာဝန်အရ စည်းကမ်းထိန်းသိမ်းမှုမရှိဘဲ ငါးလှေများတွင် လိုင်းကြေးတောင်းကာ မြန်မာ့ရေပိုင်မက်မှ ငါးများပြုန်းတီးအောင် ဖန်တီးနေသည့် ဌာနအား (ငါးလုပ်ငန်းဌာန)ဟုခေါ်ပါသည်။

--ရပ်နေသည့်နေရာမှ ကားတစ်ခါထွက်လျှင် ကမ္ဘာမှာ ဈေးအကြီးဆုံးပေးရသည့်ကားသည် ကော့သောင်းမြို့မှ(မြို့မမီးသတ်ကား)ဟုခေါ်ပါသည်။

--ဈေးမီးလောင်လျှင် မီးသတ်ကားဝင်နိုင်အောင်လမ်းအကျယ်ကြီးထားထားသော်လည်း စည်ပင်နှင့်ညှိပြီး လမ်းပေါ်ကြိုက်သလောက်ချဲ့ယူနိုင်တာ (ကော့သောင်းမြို့မဈေး)ဟာခေါ်ပါသည်။

ကမ္ဘာပေါ်တွင် မီတာခအမြင့်ဆုံးမြို့မှာ(ကော့သောင်းမြို့)ဟုခေါ်ပါသည်။

                              မြူ နှင်း(အေးရိပ်ငြိမ်)


ရခိုင်သပိတ်လှန်လိုက်ပြီ

ရခိုင်သပိတ်လှန်လိုက်ပြီ


သမ္မတရဲ့ ပထမဦးဆုံး သမ္မာသမတ် မကျတဲ့ လုပ်ရပ်

သမ္မတရဲ့ ပထမဦးဆုံး သမ္မာသမတ် မကျတဲ့ လုပ်ရပ်


Thiha Thwe
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဠ ဦးတင်အေး က မန္တလေး တိုင်း၊ တံတားဦး မြို့နယ် ရွေးချယ်ခံ အမတ် ဖြစ်ပါတယ် ။ အခြေခံ ဥပဒေ ပါ ပြဠန်းချက် အရ ရွေးကောက်ပွဲကော်မရှင်ဥက္ကဠဟာ ပါတီနိုင်ငံရေး ကင်းရှင်း ရမယ် လို့ ဖေါ်ပြထားတယ်။

လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကရော ပါတီဝင် အဖြစ်ကပါ နှုတ်ထွက်ခဲ့ပြီး နောက် တနေ့ မှာ သမ္မတက ရွေးကောက်ပွဲကော်မရှင် ဥက္ကဠ အဖြစ် ခန့်အပ်ခဲ့တယ်။ ဒါကြောင့် ဦးတင်အေးရဲ့ ပါတီ နိုင်ငံရေးကင်းရှင်းမှုဟာ ၂၄ နာရီ တောင်မပြည့်ခဲ့ဘူး။

တိုင်းပြည်မှာ အရေးအကြီးဆုံးနေရာ တစ်ခု အတွက် သမ္မာသမတ် အကျဆုံးလို့ ယူဆရတဲ့ လူပုဂ္ဂိုလ် တစ်ယောက်ကို ခန့်အပ်ရမယ့်အစား ပြည်ခိုင်ဖြိုး ပါတီဝင် လွှတ်တော်အမတ် တယောက်ကို ကမန်းကတန်း နှုတ်ထွက်ခိုင်းပြီး ဥပဒေနဲ့ မညီပဲ လက်ဦးမှုရယူ ခန့်အပ်ထားခဲ့ခြင်းဟာ သမ္မတရဲ့ ပထမဦးဆုံး သမ္မာသမတ် မကျတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။


ဒီမို ဖက်တီး
ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ယူနီဖောင်းနဲ့တုန်းက အမိန့်အရ သိက္ခာမရှိတဲ့ အလုပ်တစ်ခုခုကိုမှ မလုပ်ခဲ့ဖူးဘူး ဆိုရင်တော့ .... သူ တော်လွန်းတာပေါ့လေ 

ဘယ်တုန်းကမှ..မရှိတဲ့ဂရံက... ပျောက်ရတယ်လို့ ။

ဘယ်တုန်းကမှ..မရှိတဲ့ဂရံက... ပျောက်ရတယ်လို့ ။


ဒီမို ဖက်တီး

ဦးသန်းရွှေ ရဲ့သား ထွန်းနိုင်ရွှေ ရဲ့ မြေကွက် ၄၄ ကွက်ရဲ့ ဂရံ တွေ
အိမ်ပြောင်းရင်းနဲ့ ပျောက်သွားလို့တဲ့ ပြန်ထုတ်ပေးလိုက်ကြပါအုံး...။

နေမျိုးဝေ နဲ့ ဇေကမ္ဘာ ဦးခင်ရွှေတို့...

   နေမျိုးဝေ နဲ့ ဇေကမ္ဘာ ဦးခင်ရွှေတို့...



 by Thunder Pa Yit

ကျွန်တော်သိရသလောက်ကတော့

နေမျိုးဝေ နဲ့ ဇေကမ္ဘာ ဦးခင်ရွှေတို့...

မြေကိစ္စတွေမှာ fighting လုပ်ကြတဲ့ပွဲက..
လုပ်ပွဲကြီးဟုတ်ချင်ဟုတ်..

မဟုတ်ရင်..
နေမျိုးဝေကို....ဇေကမ္ဘာက..
ကောက်ပြီး အိတ်ထဲထည့်လိုက်တယ် ဆိုတဲ့
အနေအထားကို သွားတွေ့တယ်..၊

ဘာလို့လဲဆိုတော့ နေမျိုးဝေဟာ..

လူစိတ်ဝင်စားအောင် လုပ်ချင်လို့
လူထောက်ခံအောင်လုပ်ချင်လို့
ဇေကမ္ဘာဦးခင်ရွှေနဲ့ ထိပ်တိုက်ရင်ဆိုင်သလိုရှိပေမဲ့..

နောက်ပိုင်း...တော်တော် နီးစပ်သွားတဲ့အနေအထားရှိပါတယ်..။

နောက်ပိုင်း လယ်ကိစ္စ မဟုတ်တော့ပဲနဲ့..
ဇေကမ္ဘာဦးခင်ရွှေကိုယ်တိုင် အရေခြုံထားတဲ့..
လယ်ယာမြေကိစ္စတွေကို အခုထက်ထိရူးချင်ယောင်ဆောင်
ခဲ့တာတွေ..နောက်ထပ်အသံမထွက်တော့တာတွေ..
အားလုံးအသိပါ..။

----------------

ပြီးတော့..လယ်ယာမြေကိစ္စတွေမှာ အဓိကတာဝန်ရှိတဲ့
ရန်ကုန်မြို့တော်ဝန်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဦးအောင်သိန်းလင်းဟာ..
ဗိုလ်စိန်မှန်ကွင်းမှာပြုလုပ်တဲ့ နေမျိုးဝေတို့ရဲ့..၅၉ (စ) ထောက်ခံပွဲ ကို
လာရောက် ထောက်ခံအားပေးခဲ့တာကိုလဲ ထူးခြားမှုအနေနဲ့တွေ့ရပါတယ်..၊

တကယ်တော့..

ခရိုနီ ဆိုတာ ဗိုလ်ချုပ်အဆင့်လောက်ကိုတောင်..
အိတ်ထဲထည့်ထားနိုင်တဲ့အဆင့်ပါ..၊

- ထောက်လှမ်းရေးသတင်းပေးဟောင်း...

-နာမည်ပျက်စာရင်းဝင်...
နှစ်လုံးထီ နဲ့ ဘောလုံး ဒိုင်အဟောင်း...

- ဘာသာမဲ့ကနေ အမျိုးဘာသာချစ်အဖြစ်
ချက်ချင်းအသွင်ပြောင်းသွားသူ..။

-လူထုခေါင်းဆောင်အား စဉ်ဆက်မပြတ်တိုက်ခိုက်တတ်သူ..

လိုလူတစ်ယောက်ကို စည်းရုံးဖို့ဆိုတာကတော့..

စားနေကြကြောင်ဖါး ..ခရိုနီတစ်ယောက်အနေနဲ့..
ပဲလှော်ဝါးတာထက်တောင်..
လွယ်သေးတယ်ဆိုတာကို
သဘောပေါက်ကြရင်ဖြင့်...။


ဦး ဝီ ရ သူ နှင့် ကို မြ အေး ၈၈ တို့ဆွေး နွေး ပြီး ကြေ ညာ ချက် ထုတ် ပြန်

ဦး ဝီ ရ သူ နှင့် ကို မြ အေး ၈၈ တို့ဆွေး နွေး ပြီး ကြေ ညာ ချက် ထုတ် ပြန်


Kyaw Swar Myint


စစ်တွေတိုက်ခိုက်မှု ဥပဒေမဲ့လုပ်ရပ်၊ တိုင်းပြည်ပုံရိပ်ကျဆင်းစေဟု မြန်မာအစိုးရပြော

စစ်တွေတိုက်ခိုက်မှု ဥပဒေမဲ့လုပ်ရပ်၊ တိုင်းပြည်ပုံရိပ်ကျဆင်းစေဟု မြန်မာအစိုးရပြော


 Kamayut Media

စစ်တွေမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး NGO ရုံးတွေကို ဒေသခံတွေက ခံစားချက်ရှေ့တန်းတင်ပြီး တိုက်ခိုက်တာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး တိုင်းပြည်ပုံရိပ် ကျဆင်းစေတယ်လို့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ NGO အဖွဲ့က အမျိုးသမီးဝန်ထမ်းတစ်ယောက်က ရုံးမှာထောင်ထားတဲ့ သာသနာ့အလံကို ဖြုတ်ချလို့ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကို ချက်ချင်းမထိန်းသိမ်းနိုင်ခဲ့တာဟာ ပြည်နယ်အစိုးရရဲ့ အားနည်းချက်လို့ မတ်လ ၂၉ရက်နေ့က ရန်ကုန်မြို့မှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

စစ်တွေမှာ ရဲတပ်ဖွဲ့ အင်အားတစ်ထောင်ကျော်နဲ့ မော်တော်ယာဉ်တွေရှိပေမယ့် တပ်ဖွဲ့တွေကို ဖြန့်ကြက်ပြီး ထိန်းသိမ်းဖို့ ဓာတ်ဆီမလုံလောက်ခဲ့တာကြောင့် အချိန်မီ မထိန်းသိမ်းနိုင်ခဲ့တဲ့အကြောင်း၊ ရခိုင်ပြည်နယ်အစိုးရဟာ ကြိုတင်ပြင်ဆင်ဖို့အားနည်းပြီး လောင်စာဆီအလုံအလောက်ရှိတဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ခဲ့ဘူးလို့ဆိုပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအန်ဂျီအိုရုံးတွေကို အကြမ်းဖက်တိုက်ခိုက်သူတွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးရဲ့ အဓိကတာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့ စုံစမ်းရေးအဖွဲ့ကိုဖွဲ့ထားပြီး လက်ရှိမှာတော့ မတ်လ ၂၆ရက်နေ့က စတင်ခဲ့တဲ့ ပဋိပက္ခအခြေအနေ တည်ငြိမ်စပြုနေပြီလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ဒေသခံတွေက မနက်ဖြန်မှာစတင်မယ့် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကို သပိတ်မှောက်တဲ့အနေနဲ့ အိမ်တိုင်းမှာ သာသနာ့အလံကို လွှင့်ထူနေကြပါတယ်။ ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်မှာ သန်းခေါင်စာရင်း မဖြစ်မနေ ကောက်ယူသွားမှာဖြစ်ပြီး မွတ်ဆလင်ဘာသာဝင်တွေက ဘင်္ဂါလီဆိုတဲ့အသုံးအနှုန်းနဲ့ ဖြည့်မှပဲ လက်ခံမှာဖြစ်ပြီး ရိုဟင်ဂျာလို့ဖြည့်ရင် လက်မခံဘူးလို့ ဦးရဲထွဋ်က ပြောဆိုခဲ့ပါတယ်။

စစ်တွေမှာရှိတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအန်ဂျီအိုရဲ့ ဝန်ထမ်း ၇ဝကျော်ဟာ ရန်ကုန်မြို့ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်လာနေကြပါတယ်။

fredag 28 mars 2014

ပါစီဘာဘာနဲ့ခိုးသား(၄၀)ဇတ်လမ်းတွဲများ




(၁)ပါစီဘာဘာရဲ့တပည့်တွေထဲမှာ လက်စွမ်းအပြနိုင်ဆုံးက-စာရေးကြီးဝင်းတင်-စာရေးသာဆိုတယ်-ရန်ကုန်မှာ ကွန်ဒိုနဲ့ တိုက်ခန်းနဲ့ ဇာတိမြို့မှာ(၃)ထပ်တိုက်နဲ့၊ရေကား  နဲ့၊ရာဘာခြံဧကပေါင်းများစွာနဲ့၊နေ့တိုင်းဂေါက်ရိုက်နိုင်တဲ့ စာရေးက ကမ္ဘာမှာသူ့တစ် ယောက်ပဲ့ရှိပါတယ်၊ ၀ါလတ်ခေတ်က၀ါလတ်ဂရမ်လျှောက်ပြီး(ငှားစား)ပေါ်တာခေတ်မှာ ပေါ်တာပွဲစား၊ဘော်လုံးခေတ်မှာဘော်လုံးပွဲစား၊ရ၀တခေတ်မှာ ဥကဌဖြစ်ချင်တဲ့သူအပုံး   (၃၀)ယူခဲ့ ဖြစ်စေရမယ်ဆိုပြီး လုပ်စားခဲ့တဲ့သူ၊အထက်ဖားအောက်ဖိ သူဌေးရုံးလာရင်ပြာ ယာခတ်အောင်လိုက်ဖားပြီး လုပ်ပေး၊ဆင်းရဲသားရုံးလာရင် ဆီးဟောက်ပြီး ပညာအမျိုး မျိုးပြ ဖွန်ကြောင်တာကလဲ ဒုတနသောပါမရှောင်၊စားသောက်ဆိုင်၊ကာရာအိုကေနဲ့လမ်း ဘေးမီးတိုင်အောက်က ဖာသယ်မပါမကျန် အလကားရရင်အကုန်လုပ်ပါတယ်၊သူဌာန ကစာရေးမအချို့တောင်ဇတ်တူသားစားပါသေးတယ်၊မင်းလွင်  နဲ့ပေါင်းပြီးချမ်းဖန်းလမ်း ကကျောက်တွေစားလိုက်တာလဲသူပါပဲ့ ပြီးခဲ့တဲ့နှစ်သင်္ကြန် ဗဟိမဏပ်မှာ စားသောက်ဆိုင်ကအဆိုတော် မလေးကို ဘာမှပြန်မလုပ်နိုင်မှန်းသိလို့ လက်စွမ်းပြပြီး သတ္တိပြပါးပိတ်ရိုက်ခဲ့တဲ့အထိရဲစွမ်းသတ္တိရှိ-ရဲရင့်ထူးချွန်တဲ့သူတော်ကောင်းကြီးပါ-အစ်ကိုတွေမောင်တွေ မိဘဆွေမျိုးအသိုင်းအ၀ိုင်းရှိတဲ့မိန်းကလေးဆိုလက်ဖျားနဲ့တောင်တို့ရဲမှာမဟုတ်တာ    သေချာပါတယ်

အခုလည်းယစ်မျိုးဖမ်းမယ်ဆိုပြီးရွာတွေဆင်း၊လိုင်စင်မရှိတဲ့ဆိုင်တွေဆီကဆက်ကြေး  တောင်း ပါစီဘာဘာဆီကိုနဲနဲပါးပါးပို့၊ပါစီဘာဘာအိမ်အတွက်ဆန်ဘယ်နှစ်အိတ်၊ဆီ ဘယ်နှစ်ပုံးပေးဆိုပြီးတောင်း၊ကြားကဖြစတ်ရိုက်၊ပါစီဘာဘာအိမ်ကိုမစို့မပို့လေးပို့ပေးပြီး ပါစီဘာဘာကိုလိုင်းသွင်းခေါင်းရောင်းနေတဲ့ ချစ်လှစွာသော တပည့်ကြီးရယ်ပါ၊ အချို့ရွာတွေကဆိုသူ့ကိုမယကဥကဌကြီးလို့ဘဲ့ခေါ်ကြပါတယ်တဲ့အခုလည်း(၁၅၀၀)  တန်ဖုန်းခွဲတမ်းမှာ နံပါတ်ကောင်းတွေရွေးလိုက်ပွဲစားလုပ်လိုက်နဲ့ ခေတ်ကောင်းကိုမီနေ    ပြန်ပါပြီ
(၂)ပါစီဘာဘာရဲ့တပည့်တွေထဲမှာဝင်းတင်ကိုမကျော်နိုင်ပေမယ့်အမီလိုက်နေတာဆန် နီဘာဘာ၊ကော့သောင်းမြို့မှာရှိတဲ့မြေယာကိစအားလုံးသူကိုင်တွယ်တာဆိုတော့မြေ   ရှင်ပဒေသရာဇ်ကြီးပေါ့၊ဓမာရုံမြေ၊သင်္ချင်းမြေ၊ဘုန်းကြီးကျောင်းမြေ၊ဥယာဉ်မြေ၊   ဦးပိုင်မြေ၊ပလပ်မြေ၊စားကျက်မြေ၊မကျန်အကြံဖန်လုပ်နေတာ။ဆန်နီဘာဘာနဲ့မြေတိုင်း ရုံးက၀န်ထမ်းတွေမြိုဆို့ထားလို့ဖြစ်ရတာပါ၊သူဌေးမြေဆိုရင် (ရ)ရက်နဲ့အပြီးဂရမ်ထွက်   နိုင်အောင်လုပ်ပေးနိုင်ပါတယ်၊ဆင်းရဲသားဖွတ်ကြားတွေရဲ့မြေဆိုရင်နှစ်ပေါင်း(၁၀)(၂၀)  ဆယ်မိုးဆယ်နွေမျှော်လေလေဝေးပါပဲ့၊သူ့ရုံးကိုလာပြီးကိစရှိလို့သူနဲ့လာတွေ့တဲ့သူဌေးဆို ရင်ထန်းလျက်ခွေးလျက်နဲ့အချိပြုံးလေးပြုံးလို့၊ဆင်းရဲသားဆိုရင်အာလာဒင်မီးခွက်ထဲက ဘီလူးမျက်နှာပေါက်နဲ့၊ဒီကုလားကလည်းလူလည်ကျတတ်တယ်၊စာအုပ်ကြီးတွေ ဖတ် ဆရာကြီးအိုင်တင်အပြည့်နဲ့၊လုပ်ငန်းကျွမ်းကျင်တဲ့ပုံစံပြပြီး၊ကောင်းကောင်းလုပ်စားနေပါတယ် သူနာမည်ပေါက်မြေကော့သောင်းတစ်မြို့လုံးမှာအကွက်(၃၀)လောက်ရှိတယ် လို့ခိုင်လုံတဲ့သတင်းရပ်ကွက်က သတင်းရပါတယ်၊ သူဘယ်လောက်လည်သလည်းဆိုရင်သူလုပ်ချင်တာလုပ်ပြီး သူ့ကိုအရေးယူလို့မရ   အောင်---------လက်မှတ်လုပ်ထားပါတယ်၊၀င်းတင်သွေးသောက်ညီအစ်ကိုအဖွဲ့ပြီးနှစ်ယောက်ပေါင်းလောင်းကျော်လုပ်နေလေရဲ့
(အထက်ပါအချက်လက်များကို ထွေ/အုပ် ၀န်ထမ်းလူထွက်တစ်ဦးထံမှ အတိအကျသတင်းရရှိပါသည်၊အဟုတ်မမှန်ဟုကာယကံရှင်များကငြင်းဆိုလိုပါက (အင်တာနက်)စာမျက်နှာပေါ်တွင် သတ္တိရှိရှိဖြေရှင်းနိုင်ပါသည်၊၊မှန်/မမှန် ပရိသတ်ကဆုံးဖြတ်ပါလိမ့်မည်)

မြေတိုင်းရုံးက၀န်ထမ်းများ
လစာရှစ်သောင်းခွဲရပြီး ထူးကုမ္မဏီဦးတေဇရဲ့သားတွေထက်ပိုပြီးသုံးနိုင်တာဘယ်သူတွေလဲသိပါသလား  ကော့သောင်းမြေတိုင်းရုံးက၀န်ထမ်းအချို့မြို့မမြေတိုင်းလုပ်ခဲ့တဲ့သန်းထိုက်၊အခုမြို့မ  မြေတိုင်းလုပ်နေတဲ့ဖိုးကျော်တို့ဟာ
တစ်နေ့ကိုဘလူးလေဘယ်တစ်လုံးသောက်နိုင်တယ်
-တစ်နေ့ကိုဘိလိယက် (၅)သိန်းလောက်အရှုံးခံထိုးနိုင်တယ်
-ရှိုးဝိုင်း(ချိန်းဝိုင်း)မှာunseen ၁သောင်းကြေးနဲ့လောင်းကစားနိုင်တယ်
-ရွှေဇင်ယော်ကကြက်ရုံတွေမှာ သုံးသိန်းအထိပေးပြီးပါကင်ဖေါက်နိုင်တယ်
အဲဒီငွေတွေဘယ်ကနေရနေတာပါလဲ
ပရိသတ်သိရင်အဖြေပေးကြပါ စိတ်ဝင်စားလွန်းလို့ပါ   အားလုံးကိုလေးစားလျက်


                         မြူ နှင်း(အေးရိပ်ငြိမ်)

WFP - UNHCR - Unicef ပိုင် ကား/ဂိုဒေါင်/အဆောက်အဦးများ ဖျက်ဆီးခံရ

WFP - UNHCR - Unicef ပိုင် ကား/ဂိုဒေါင်/အဆောက်အဦးများ ဖျက်ဆီးခံရ



ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က
 Eleven Media
“မင်းဘာကြီးလမ်းမှာ INGO အဖွဲ့က ငှားရမ်းနေထိုင်တဲ့ အိမ်မှာ သာသနာ့အလံ လွှင့် ထားတာရှိတယ်။ အဲဒီမှာ နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို ဖြုတ်လိုက် တယ်။ အဲဒီလို ဖြုတ်လိုက်တာကို လမ်းသွား လမ်းလာတွေ က မြင်တယ်။ အဲဒါကို ပြောကြဆိုကြတော့ လူတွေများ လာတယ်။ နောက်တော့ အဲဒီ ဂိုဒေါင်မှာ ရှိတဲ့ နိုင်ငံခြားသူနဲ့ သူ့ယောက်ျားကို ထုတ်ပေးဖို့ ဒေသခံတွေက ပြောလာတော့ ခဲနဲ့ ပေါက်တာတွေ ဖြစ်လာတယ်။ ဒါကြောင့် ရဲတွေကခေါ်ပြီး ရဲရိပ်သာမှာ စောင့်ရှောက်ထားပေးခဲ့တယ်။ အဲဒီအချိန်မှာပဲ ည ၉ နာရီလောက်မှာ Malteser ရုံးတွေအပြင် တခြားရုံးတွေ ကိုလည်း ခဲနဲ့ ပစ်ပေါက်မှုတွေ ဖြစ်လာ ခဲ့တယ်။ နောက်ပိုင်းမှာ လူအုပ်က များလာတော့ ရဲတွေက အဓိကရုဏ်းနှိမ်နင်းတဲ့ လက်နက်တွေ ပစ်ဖောက်ပြီး လူစုခွဲ ခဲ့ရတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရတယ်။ အခုဖြစ်စဉ်ကို ကြည့်ရ တာတော့ သာသနာ့အလံကိစ္စလို့တော့ ထင်တာပဲ။ အရင်က AZG ကိုထွက်သွား ဆိုတာလည်း ရှိနေတယ်။

အခုလည်း သာသနာ့အလံကို ဖြုတ်တယ်ဆိုတာ အိမ်ရှင်က သူ့အိမ်မို့ သာသနာ့ အလံထောင်တာ ဖြုတ်စရာအကြောင်းမရှိဘူး ထင်တယ်။ နိုင်ငံခြားသူကလည်း သာသနာ့အလံကို ဘယ်အတိုင်းအတာအထိ လုပ်ခဲ့တယ်ဆို သူတို့ကို မေးမြန်း ရဦးမယ်” ဟု ပြောကြားသည်။

Expire Date ဖျက်တဲ့အဖွဲ့

Expire Date ဖျက်တဲ့အဖွဲ့


Lin Aung

Carlsberg beer ကိုငယ်ငယ်ထဲက တော်တော်ကြိုက်ခဲ့တာ။အခုစတိုးဆိုင်တွေမှာပြန်ဝယ်လို့ရလာတော့ဝမ်းမြောက်ဝမ်းသာဝယ်သောက်ဖြစ်တာကြာပီ။မနေ့ကအိမ်ဘေးကABC စတိုးဆိုင်မှာဝယ်ရင်း Manufacture date ကိုမထင်မှတ်ဘဲလက်နဲ့ပွတ်မိတော့2014 ရဲ့နောက်ဆုံးက4 ကပျက်သွားတယ်။ တခြားဘူးတွေယူပြီးဖျက်ကြည့်တော့လဲ အဲဒီ4 တလုံးဘဲလွယ်လွယ်ကူကူပျက်ပြီးကျန်စာလုံးတွေကလက်သည်းနဲ့ခြစ်တာတောင်မပျက်ဘူး။ငယ်ငယ်ကမင်္ဂလာဈေးမှာဆေးရောင်းတုံးကကြားဘူးတဲ့အဖြစ်နဲ့တူနေလို့။အဲဒီတုံးကဈေးထဲမှာ Expire Date ဖျက်တဲ့အဖွဲ့ရှိတယ်။ရှိသမျှ Date တွေဖျက်ပေးလိုက်တယ် ကိုကြိုက်တာပြန်ရိုက်ရုံဘဲ။ အဲဒီတုံးကလူတယောက်က expire ဖြစ်နေတဲ့ condom တွေဝယ် ၊Date တွေပြင်ရိုက်၊ ပြီးတော့ဘူးခွံမှာ Sexy မိန်းမပုံတွေရိုက်ပြီးရောင်းလိုက်တာအတော်ချမ်းသာသွားတယ်လို့ကြားဘူးတယ်။ ကျွန်တော်ပေးချင်တဲ့Messageကကျွန်တော်တို့ဆီမှာ ဒီကိစ္စမျိုးတွေဟာ အရင်ကလဲရှိတယ်အခုအချိန်ထိလဲရှိနေပြီး ဘယ်သူကမှ တိတိပပအရေးယူဆောင်ရွက်နိုင်ခြင်းမသေးပါဘူး။ ကိုယ့်ကျမ်းမာရေးကိုကိုယ့်ဟာကိုယ်ဂရုစိုက်ပီး စားသတိရှိကြပါလို့။


ဝှီးချဲပေါ်ကခြေရာတစုံ

ဝှီးချဲပေါ်ကခြေရာတစုံ


MH370 ပျောက်ဆုံးမှုအပေါ် နိုင်ငံတကာလေယာဉ်မှုများရဲ့ အယူအဆ

MH370 ပျောက်ဆုံးမှုအပေါ် နိုင်ငံတကာလေယာဉ်မှုများရဲ့ အယူအဆ


Thursday, March 27, 2014

ဘိုးရင်း ၇၇၇ ကို မောင်းနှင်ပျံသန်းနေကြပြီး သူတို့ အားလုံး
ရဲ့ပျံသန်း ချိန်စုစုပေါင်း နာရီ ၅၀ ၀၀၀ ကျော်ရှိတဲ့ လေယာဉ်မှုး
တစ်ချို့ဟာ ချီကာဂိုမြို့က ဟိုတယ်တစ်ခုမှာတွေ့ကြပါတယ်။

လေကြောင်းလိုင်းပေါင်းစုံက လေယာဉ်မှုးတွေဟာ ခရီးတစ်
ထောက်နားရင်း တွေ့ကြတော့ လတ်တလောပြောစရာဖြစ်
နေတဲ့ MH 370 အကြောင်းဟာ ခေါင်းစဉ်အောက်အလိုလို
ရောက်လာပါလေရော။ MH 370 ခရီးစဉ်မှာသုံးတဲ့လေယာဉ်
အမျိုးအစားဟာ သူတို့ နိုင်နင်းကျွမ်းကျင်စွာပျံသန်းနေတဲ့
လေယာဉ်အမျိုးအစားဖြစ်နေတာကိုး။

ပြောကြဆိုကြတဲ့ အချိန်ကလည်း MH 370 လေယာဉ်ဟာ
ပျက်ကျတာသေချာသလောက်နီးပါးဖြစ်နေချိန်ဆိုတော့
ကင်းလှည့်လေယာဉ်တွေ စစ်သင်္ဘောတွေကလည်း
ဝေးလံတဲ့ရေပြင်ကိုဦးတည်ရှာနေကြပါပြီ။

စားရင်းသောက်ရင်းပြောခဲ့တာတွေထဲက တညီတညွတ်ထဲ
သဘောတူကြတဲ့ အချက် ၁၂ ချက် ကို တင်ပြပါ့မယ်။

၁။ MH-370 ရဲ့ ဆက်သွယ်ရေးစက်တွေ ထားရာခုံမှ မီးလောင်
ခဲ့သည်။ ထိုခုံကို ပဲ့ထိန်းစင်လို့ခေါ်သလို အလယ်ခုံမြင့်လို့လည်း
ခေါ်သည်။ VHF အသံလွှင့်စက် သုံးလုံး၊ HF စက် ၂ လုံး၊ ထရန်
စပွန်ဒါခေါ်တဲ့ရေဒါအခြေခံလေယာဉ်အမှတ်အသားပေးပို့စက်၊ CDUခေါ်တဲ့ဂြိုလ်တုဆက်သွယ်ရေးနဲ့VHFအချက်အလက်ဆက်
သွယ်ချိတ်ဆက်တဲ့မျက်နှာပြင်ယူနစ်တွေရှိတယ်။အဲဒါဟာက
လေယာဉ်မှုးနှစ်ယောက်ရဲ့ထိုင်ခုံတွေကြားမှာပါ။

၂။ မီးဟာလျှပ်စစ် ပတ်လမ်းတွေကို ပူးစေပြီး ချက်ခြင်းဆိုသလို
မြေပြင်နဲ့ဝေဟင် အဆက်အသွယ်ပြတ်စေခဲ့တယ်။

၃။ MH370 ရဲ့ ကွာလာလမ်ပူလေကြောင်းထိန်းမျှော်စင်ကို နောက်
ဆုံး သတင်းပို့တဲ့ အသံဟာ ရေးကြီးသုတ်ပြာနဲ့ပုံမှန်မဟုတ်ဘူး။
လက်ထောက်လေယာဉ်မှုး ဖာရွတ် အဘ်ဒူ ရာမာန်ရဲ့ အသံလို့
ဖော်ထုတ်ထားတဲ့ ဆက်သွယ်မှုအဆုံးသတ်နှုတ်ဆက်သံ
“All right, good night” ဟာ ၀၁း၀၉ နာရီမှာ။ နားထောင်ကြည့်
ရတာ ပုံမှန်မဟုတ်။ အဖြစ်အပျက်တစ်ခုခုဖြစ်နေလို့ သူ့စိတ်ထဲမှာ
အဲဒါကို အာရုံစိုက်နေရင်းပြန်ပြောသလိုထင်ရတယ်။

ပုံမှန်အဆက်အသွယ်ဆိုရင်ပြောရမှာက “Roger. Changing over
to Ho Chi Minh Control on (the next frequency).
Malaysian 370. Good night.”

ကောင်းပြီ။ ဟိုချီမင်းထိန်းချုပ်ရေး(နောက်ပြောင်းမယ့်လေ
လှိုင်းမီတာ) မလေးရှား ၃၇၀။ မင်္ဂလာညပါ လို့ဖြစ်ရမယ်။

၎။မီးစလောင်နေချိန်မှာ လေယာဉ်မှုးနှစ်ယောက်ထဲက တစ်
ယောက် အဝေးရောက်နေလိမ့်မယ်။ အိမ်သာဖြစ်ရင်လည်းဖြစ်မှာ
ပေါ့။ မီးသတ်ဆေးဘူးဟာ ဘယ်ဖက်ထိုင်ခုံ (လေယာဉ်မှုးကြီးခုံ)
အနောက်ဖက်မှာရှိပါတယ်။ ဒါကြောင့် လက်ထောက်လေယာဉ်မှုး
ဟာ သူ့ရဲ့ညာဖက်ခုံမှာ ခါးပါတ်ပါတ်ထိုင်လျှက်သား၊လေယာဉ်ကို
ထိန်းချုပ်နေရင်းနဲ့ လှမ်းယူရန်မလွယ်ပါ။

၅။လေယာဉ်မှုးဟာ ဘေးတစ်ဖက်တစ်ချက်လက်တလှမ်းမှာရှိတဲ့
အောက်ဆီဂျင်မျက်နှာဖုံးကိုလှမ်းဆွဲယူပါလိမ့်မယ်။ ဒီမျက်နှာဖုံး
ဟာအရေးပေါ်အခြေအနေမှာသုံးဖို့ အောက်ဆီဂျင်သန့်သန့်
ထုတ်လွှတ်ပေးတော့ လေယာဉ်မောင်းခန်းထဲ မီးလောင်ချိန်
အောက်စီဂျင်ဟာ မီးပိုလောင်ဖို့ဆွပေးသလိုဖြစ်သွားလိမ့်မယ်။

၆။ သူတို့ဟာ အရေးပေါ်အခြေအနေမှာလုပ်ဆောင်ရမယ့် သတ်
မှတ် နည်းလမ်းအတိုင်း သွားနေတဲ့ သတ်မှတ်လေကြောင်းလမ်းက
ခွာပြီး အနီးဆုံးသင့်တော်မယ့် လေယာဉ်ကွင်းကိုလှည့်ကွေ့မယ်။ ပြီးရင်သံမဏိစည်းကမ်းဖြစ်တဲ့ ပျံသန်း(လေယာဉ်ကိုထိန်းပါ)
လမ်းကြောင်းရှာ(ရည်ရွယ်တဲ့ လမ်းကြောင်းကို ဦးတည်ပျံပါ)
ဆက်သွယ်(ထိန်းသိမ်းရေးမျှော်စင်ကို) ဆိုတာကို လိုက်နာ
ခဲ့ကြပါတယ်။ဒါကြောင့် ညာဘက်ကိုချိုးပြီး အနီးဆုံးလေယာဉ်
ကွင်းကိုရှာတာပါ။ဒီဖြစ်စဉ်မှာလန်ကာဝီ ဒါမှမဟုတ် ကွာလာလမ်ပူ
ကို ပြန်လှည့်မှာပါ။

၇။ ဖြစ်နိုင်တာက သူတို့ မီးမသတ်နိုင်ခဲ့ဘူး။ မီးတောက်ပိုများ
လာနိုင်သလို မီးခိုးဖြစ်စေ မမြင်ရတဲ့အဆိပ်ငွေ့ဖြစ်စေဖုံးလွှမ်း
သွားပြီး လေဆိပ်ကို မဆင်းနိုင်ခင်သတိလစ်သွားနိုင်တယ်။

၈။လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေလည်းဒီအရေးပေါ်
အခြေအနေကို ရိပ်စားမိပုံမရကြဘူး။ ဒါကြောင့် မလေးရှားကို
ပြန်ဖြတ်နေတာတောင်ခရီးသည်တစ်ဦးကမှ သူတို့ဖုန်းကိုထုတ်
မဆက်ကြဘူး။ နောက်ပြီး ညနက်ပိုင်းထွက်တဲ့ လေယာဉ်က
ခရီးသည်တွေဟာ အများဖြင့် ခပ်မြန်မြန် အိပ်ပျော်သွားလေ့ရှိ
ကြတယ်။ လေယာဉ်မောင်းခန်းထဲလည်း ကင်မရာမရှိဘူး။

ဒီတော့လေယာဉ်မောင်းခန်းထဲက လောင်နေတဲ့မီးကို တခြား
လေယာဉ်အမှုထမ်းတွေကလည်း မြင်ရမှာမဟုတ်ဘူး။ နောက်
တစ်ခုက လေယာဉ်မောင်းခန်းရဲ့ အင်တာကွန်းစံနစ်ဟာလည်း
ခုနက ဆက်သွယ်ရေးစက်တွေထားတဲ့ အလယ်စင်မှာပဲရှိတာ။ မီးလောင်နေလောက်ရင် လေယာဉ်မှုးကလည်းသုံးလို့ရမှာ
မဟုတ်။

၉။ လေယာဉ်မှုးမထိန်းချုပ်နိုင်တဲ့လေယာဉ်ဟာ ပုံမှန်ဦးတည်ရာ
တောင်ဖက်ကို အလိုလျောက်ထိန်းတဲ့ အော်တို ပိုင်းလော့ စံနစ်နဲ့
ဆီမကုန်မချင်း နောက် ၆ နာရီလောက်ပျံနေဦးမှာ။လေယာဉ်
အမှုထမ်းတွေ က တခုခုတော့လွဲနေပြီလို့ သဘောပေါက်တဲ့ အချိန်
ကျတော့ လေယာဉ်မောင်းခန်းတံခါးရဲ့ လျှို့ဝှက်ကုဒ်သုံးပြီးဖွင့်ဖို့
ကြိုးစားကြမှာပါ။ အဓိကကျတဲ့အစိတ်အပိုင်းတွေဟာ လေယာဉ်
ရဲ့ ပဲ့ထိန်းစင်ကြားမှာရှိလေတော့ တံခါးသော့စံနစ်လည်း ပျက်နေ
လောက်ဖွယ်ရှိပြီး လေယာဉ်အမှုထမ်းတွေ လက်မှိုင်ချနေတာက
လွဲပြီးဘာမှလုပ်မရတော့။ ကုန်းမြေနဲ့အတော်ဝေးနေပြီဆိုတော့
လည်း ဘယ်ဆဲလ်ဖုန်း ကွန်ယက်မှ အနီးအနားမှာရှိဖို့မမြင်။

၁၀။ ဒီလေယာဉ်ခရီးစဉ်မှာ ၇ နာရီစာလောက် ဆီပါလာလောက်
တယ်။ ဒါဟာ ကွာလာလမ်ပူကနေ ကျေင်းအထိပျံသန်းဖို့ဖြစ်ပြီး
ရာနှုန်းနဲနဲကတော့ လမ်းမှာ အရေးအကြောင်းပေါ်ရင်သုံးဖို့ပါ။
အကြမ်းဖျင်း တနာရီခွဲစာလောက်ပေါ့။ တစ်နာရီစာဆီက တခြား
လမ်းလွှဲလေဆိပ်ကို သွားဖို့ နဲ့ နာရီဝက်စာက လမ်းလွှဲလေဆိပ်
မှာဆင်းဖို့စောင့်ဆိုင်းရင်းပျံဝဲနေဖို့ပါ။

၁၁။ ဆီလည်းကုန်ရော MH370 ရဲ့ကြီးမားလှတဲ့ တာဘို အင်ဂျင်ကြီး
နှစ်လုံး၊တစ်လုံးကို ပေါင် ၁၀၀ ၀၀၀ တွန်းအားပေးတဲ့ အကောင်ကြီး
တွေဟာ တစ်လုံးပြီးတစ်လုံး စက်သေသွားပါမယ်။ သို့ပေမယ့်
လေယာဉ်ယာ ရေပြင်ဆီကို ဝဲ ဆင်းလာမှာပါ။

Thrust Asymmetry Compensator (TAC) Automatic Flight
Director System (AFDS)တို့က လေယာဉ်ကို တန့်နေပြီး
ကောင်းကင်ကနေ ပြုတ်ကျမလာအောင် အနဲဆုံး အရှိန်မှာ တဖြည်းဖြည်းဆင်းသက်လာအောင် ထိန်းပေးနေမှာပါ။

ဒါကြောင့် သတင်းတွေမှာဖတ်ခဲ့ရသလို လေယာဉ်ဟာ အနိမ့်ဆုံး
အမြင့်ပေကနေဝဲဆင်းသွားခဲ့တယ်လို့ဆိုကြတာပါ။

၁၂။ နောက်ဆုံး ပျံသန်းခဲ့တဲ့ အမြင့်ပေပေါ်မူတည်ပြီး အလှုပ်အရှား
မရှိတဲ့လေထဲဝဲနေခြင်းဟာမိုင်အနည်းငယ်အထိဆက်သွားနေပြီး
ရေပြင်နဲ့ထိသွားမှာပါ။ လေယာဉ်နဲ့ ရေပြင်ထိရာမှာလည်း ဆောင့်
ပြီးခပ်ကြမ်းကြမ်း ရိုက်ခတ်မိမှာမဟုတ်ပါဘူး။ အဲဒီတော့ ခပ်ကြမ်းကြမ်း
ဆောင့်မိမှ အသက်ဝင်တဲ့ အရေးပေါ်တည်နေရာထုတ်လွှင့်စက်ဟာ
လည်း အလုပ်လုပ်မှာမဟုတ်ပါဘူး။ ဒါမှမဟုတ် အလုပ်လုပ်တယ်ထားဦး
အဆက်အသွယ်ပြု အချက်ပြသင်္ကေတတွေဟာလည်း ဖမ်းမိဖို့ရာ သိပ်
အားနည်းနေနိုင်ပါတယ်။ ပြောထားကြတဲ့ အတိုင်း လေယာဉ်ပျက်ကျတဲ့
နေရာဟာ သမုဒ္ဒရာချောက်နက်ကြီးထဲ ကျနေရင်ဖြစ်ဖြစ်၊ ရေအောက်မှာ
ရှိတဲ့ အတွန့်အခေါက် တောင်တွေထူထပ်တဲ့ရေအောက်ထဲ ရောက်သွား
ရင်ဖြစ်ဖြစ်ပေါ့လေ။

(ကိုဇော်)
ZawMinnHtun‬
 
                                  မြူ နှင်း(အေးရိပ်ငြိမ်)