ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကောက်ခံပွဲ အိုင်စီရှိုးတွင်အလှူငွေများစွာရရှိ
ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် IC အဖွဲ့၏ ရန်ပုံငွေဂီတပွဲတွင် အလှူငွေကျပ် သိန်းနှစ်သောင်းနီးပါး ရရှိ
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ဦးစီးကျင်းပသော IC
အဖွဲ့သားများ၏ ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဂီတပွဲတွင်
လှူဒါန်းငွေ ကျပ် ၁၉၅၈၈ သိန်း ရရှိခဲ့သည်။ အဆိုပါဖျော်ဖြေပွဲတွင် IC
အဖွဲ့သားများဖြစ်သည့် လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း တို့မှ
နာမည်ကြီး တေးသီချင်းများဖြင့် အလှည့်ကျ ဖျော်ဖြေခဲ့ကြပြီး ရေဘေးသင့်
ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် အနုပညာကြေး အခမဲ့
ဖျော်ဖြေပေးခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းမှ စေတနာရှင်
အလှူရှင်များမှလည်း ဘဏ်အကောင့်မှဖြင့် လည်းကောင်း၊ လူကိုယ်တိုင်
လာရောက်လှူဒါန်းခြင်းဖြင့် လည်းကောင်း ၊ ဖုန်းဖြင့် လည်းကောင်း
ပြန်လည်ထူထောင်ရေး ရန်ပုံငွေများကို လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar