အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 16 november 2015

ပုလောတွင် ဘုန်းကြီးတစ်ပါးမောင်းလာသည့်ကားတိမ်းမှောက်

 ပုလောတွင်ဘုန်းကြီးတစ်ပါးမောင်းလာသည့်ကားတိမ်းမှောက်
ပုလောမြို့နယ်၊ထမင်းမစားရွာနှင့်တော်ဝင် ရွာအကြား
မိုင် တိုင် အမှတ်(85/0)အနီးတွင် ဒီနေ့ မွန်းတည့်
(၁၂)နာရီခန့်က ဘုန်းကြီးတစ်ပါးမောင်းနှင် လာသည့်
ကားထိုသို့ တိမ်းမှောက် ခဲ့တယ်လို့သိရပါတယ်။



                                    မြူ နှင်း(အေးရိပ်ငြိမ်)

ထိုင်းမြန်မာ နားလည်မှု တစ်ခုရှိသင့်

ထိုင်းမြန်မာ နားလည်မှု တစ်ခုရှိသင့်
အောက်တိုဘာ(26) ထိုင်းလိပ်ကျွန်းလူသတ်မှုလို နောက်တစ်မှု ထိုင်းနိုင်ငံရနောင်းမြို့ ကော့သောင်းတစ်ဘက်ကမ်းတွင် ဖြစ်ပေါ်ခဲ့ပါသည်။ ထိုအမှုများအရ ထိုင်းမြန်မာ နားလည်မှုတစ်ခုတော့ယူဖို့လိုအပ်နေပါပြီ။ အသေးစိတ်မှာ
တိကျပြတ်သားတဲ့ ပေါ်လစီ တခု ထိုင်းအစိုးရ နဲ့ မြန်မာ အစိုးရကြား မှာ ရှိသင့်ပြီ။
+++++++++++++++++++++++++++++++++++++++++++++++++++++
မြန်မာ ပြည်သားတွေကို ထိုင်းရဲတွေက နားရွက်ဆွဲ ထိပ်ပုတ် လုပ်နေရအောင်
ကျနော် တို့ မြန်မာ အလုပ်သမားတွေက ခေါင်းဆောင် အစိုးရမရှိတဲ့
ကလေကချေတွေ ဖြစ်ကြပါသလား။

လိပ်ကျွန်းအမှု မှာ အနိုင်ရဘို့ ထိုင်းအစိုးရ ကို ငြင်သာပျော့ပြောင်းတဲ့
နည်းတွေသုံးပြီး မဟုတ်တာကို အဟုတ်လုပ် ချီးမွမ်း
ပြောဆိုတဲ့ နည်းပရိယာယ်တွေ သုံး ခိုင်းတဲ့ ပို့စ်တွေ ဖတ်ဘူးတယ်။
ဒီနေရာ မှာ ကျမ ပြောလိုတာက မြန်မာသတ်ရင် မြန်မာပဲ။မသတ်ရင် မသတ်ဘူး။
သတ်ရင် သတ်တယ်။လုပ်ရဲရင် ခံရဲရမယ်။ မလုပ်ရင် လုံးဝ လွတ်ရမယ်။ မဟုတ်တာကို အဟုတ်လုပ်တာတွေက အမှန်တရားအတွက် တိုက်နေတဲ့ တိုက်ပွဲမှာ အသုံးမ၀င်ဘူး။ အလုပ်မဖြစ်ဘူး။
ပြီးတော့ ထပ်ပြောမယ်။ ထိုင်းနိုင်ငံဆိုတာ မျက်နာမွဲအလုပ်သမားတွေအတွက်တော့ ဆိတ်ဖမ်းကွင်းပဲ။

ထိုင်းနိုင်ငံမှာ နေဘူးသူတိုင်းသိတယ်။ ထိုင်းရဲ တွေက အချော့ကြိုက်လား၊
အခြောက် ကြိုက်လား ဆိုတာ အလုပ်သမားတိုင်းသိတယ်။
မျက်နာငယ်လေးနဲ့သွားဖြဲပြလို့က တော့ ရယ်ပြတဲ့ပါးစပ်မှာ ရွှေသွား ပါရင်တောင် ပလာယာ နဲ့ ဆွဲနုတ်ပြီးသား။
ကိုယ်မှန်ရင် မျက်နာ ကို ခပ်တည်တည်နဲ့ မာန်နဲ့ နေပြတဲ့ကောင်တွေဆို ထိတောင် မထိရဲပါဘူး။

လိပ်ကျွန်းအမှု မှာ ဖမ်းစဉ်ကာလတုန်းကကော၊ ဖမ်းထားချိန်မှာကော
ထိုင်းရဲတွေ ဥပဒေမဲ့ လုပ်တာတွေ ရှိရက်နဲ့ မြန်မာ အစိုးရက
ဒီအပြု မူ ကို ရှုတ်ချပါတယ် ဆိုတဲ့ သဘောထား တစောင် မထုတ်ပြန် ခဲ့ ပါဘူး။
ဒါတွေကို ထိုင်း အစိုးရက အော်.. သဘောထား ကြီးတဲ့ တို့ညီအကို အစိုးရပါလား
လို့ အသိမှတ်ပြု သက်ညှာမှု ဘာတခု များ လုပ်ပြီးကျေးဇူး တင်ဘူးပါသလဲ။
အခုတော့ ကျေးဇူး မတင်တဲ့အပြင် ရနောင်းအမှု နဲ့ပါ ကျေးဇူးပြန်ဆပ်နေပါပြီ။

ရနောင်း လူသတ်မှု မှာ ကလိမ်ကကျစ် သတင်းတွေတင်ပြီး ဖမ်းထားတာ ၄ ရက်ရှိနေပါပြီ။
ဥပဒေကို အလွဲ သုံးစား ပြု နေတာ အားလုံးအသိပါ။ ဒီ သူငယ်လေး ၂ ယောက်လည်း
လိပ်ကျွန်းအမှု လို ထပ်ခံရဦးမှာလား။

နောက်ဆုံးပြောလိုတာက
မြန်မာ အလုပ်သမား မြောက်မြားစွာ ရှိနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာ လူမျိုးတွေ ပြသနာ တခုခု ဖြစ်ရင် မြန်မာ သံရုံးကို အရင် အကြောင်းကြားပါ။ သံရုံးက တာဝန်ရှိသူ (ဘာသာပြန် နှင့် ရှေ့နေ) တဦးဦးလာ မှ ဆက်လက်စစ်ဆေးခြင်းများ ပြု လုပ်ကြဘို့ ဆိုတဲ့သဘောတူညီချက် ပေါ်လစီတွေ ထိုင်းအစိုးရနဲ့ မြန်မာ အစိုးရကြားမှာ ပြတ်သားစွာ ရှိသင့်နေပါပြီ။
၎င်း သဘောတူညီချက်ဟာ နိုင်ငံ၂ ခုလုံးတွက် စတေးခြင်း ကင်းတဲ့ အပေးအယူဖြစ်ပါတယ်။ ခက်ခဲတဲ့ တောင်း ဆိုချက်လည်း မဟုတ်၍ အမြန်ဆုံး အကောင်ထည် ဖော်ကြပါရန်
ရေးသား တိုက်တွန်း လိုက်ပါသည်။












                                      မြူ နှင်း(အေးရိပ်ငြိမ်)

ဝမ်းနည်းဝမ်းသာသတင်းတစ်ပိုဒ်

ဝမ်းနည်းဝမ်းသာသတင်းတစ်ပိုဒ် 

မြိတ်မြို့တွင် ကတ္တရာ ကွန်ဂရစ်(AC)လမ်း အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ၀မ်းသာရသလို ကော့သောင်းမြို့တွင် နိုင်လွန်ကတ္တရာက နေရိုးရိုးကတ္တရာလမ်းအဖြစ်   
ပြောင်းလဲသွားသည့်အတွက် ၀မ်းနည်းမိပါကြောင်း။ ဖြစ်စဉ်မှာ
                            မြိတ်မြို့နိုင်လွန်ကတ္တရာခင်းနေသည့်ပုံ
                           မြိတ်မြို့နိုင်လွန်ကတ္တရာခင်းနေသည့်ပုံ
                            မြိတ်မြို့နိုင်လွန်ကတ္တရာခင်းနေသည့်ပုံ
                    ကော့သောင်း  ရိုးရိုးကတ္တရာထပ်ပိုးလွှာခင်းနေပုံ
ပြည်သူများသွားလာရေး အဆင်ပြေချော မွေ့စေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ဖြင့် မြိတ်မြို့တွင်းလမ်း (၆.၇၅)မိုင်ကို ကတ္တရာ ကွန်ဂရစ်(AC)လမ်း အဖြစ် အောက်တိုဘာလ(၂၆)ရက်မှစတင်၍ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်လမ်းဦးစီးဌာနမှ သိရှိရသည်။
ကတ္တရာကွန်ဂရစ်(AC)လမ်းအဖြစ် လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ဆိပ်ငယ်ဗောတံတားလမ်းမှ ရှမ်းချောင်း လမ်းမလမ်းဆုံ(မြိတ်-တနင်္သာရီလမ်း)၊ ပုလဲမွန်-လေဆိပ်လမ်း၊ ကရနီလမ်းဆုံ-သိမ်တော်ကြီးဘုရား လမ်း၊ ထားဝယ်စုရပ် ကွက် တစ်လမ်းမောင်းပတ်လမ်း၊ နာရီစင် လမ်းဆုံ-ကမ်းနားလမ်း၊ ဆိပ်ငယ်ဗော တံတားလမ်းမှ ကမ်းနားလမ်းတြိဂံပန်းခြံ၊ ဆိပ်ငယ်ဗောတံတားလမ်းမှ အမှတ်(၁) ဗောတံတားလမ်း စသောလမ်းများကို အဆင့် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြိတ်ခရိုင်လမ်းဦးစီးဌာနမှ ပုလဲမွန်-လေဆိပ် လမ်းကို ကတ္တရာကွန်ဂရစ်(AC)လမ်းအဖြစ် စတင်ဆောင် ရွက်နေမှုအား အောက်တို ဘာလ (၂၈)ရက် နံနက်(၉)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို က စစ်ဆေးခဲ့ပြီး အရည်အသွေး ပြည်မီစွာဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ အဆိုပါလမ်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ (၄၀၆၈.၀၈)သန်းဖြင့် (၃)လခန့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရှိရသည်။
                                      မြူ နှင်း(အေးရိပ်ငြိမ်)

ကော့သောင်း- မြိတ် လမ်းပိုင်း တွင် ခရီးသည်တင် လေအိတ်ကားများ စတင်ပြေးဆွဲ

ကော့သောင်း- မြိတ် လမ်းပိုင်း တွင် ခရီးသည်တင်
လေအိတ်ကားများ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း
ရွှေလင်း ထက် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး
ယာဉ်လိုင်းမှ သိရသည်။

ယင်းယာဉ်လိုင်းသည် ခရီးသည် ၃၃ ဦးဆံ့ လေအိတ်ကား
၎ စီးဖြင့် အောက်တိုဘာလ ပထမအပတ်မှစပြီး ရန်ကုန် –
ထားဝယ်- မြိတ် – ကော့ သောင်း ခရီးစဉ်များကို စတင်
ပြေးဆွဲ နေသည်ဟု ရွှေလင်းထက် ယာဉ်လိုင်း တာဝန်ခံက
ပြောသည်။

” ကားက အနိမ့်အမြင့် လုပ်လို့ ရတော့လမ်းခရီးမှာ အခက်အခဲ
ကြီးကြီးမားမား မရှိပါဘူး” ဟု ရွှေဟိန်း ထက် ယာဉ်မောင်း
ကိုလေးက ဆိုသည်။
လေအိတ်ကားများသည် ကော့ သောင်း – မြိတ် လမ်းပိုင်းတွင်
ခရီး လမ်းကြမ်းသည်ဟုဆိုကာ ကော့သောင်း အထိ မဆင်း
ကြဘဲ မြိတ်တွင် ရိုးရိုး ကား၊ ၁၂ ဦးစီး လေအိတ်ကားငယ်
များဖြင့် ပြောင်းလေ့ ရှိသည်။

လေအိတ်ကားများ ကော့သောင်း အထိ စတင် ပြေးဆွဲ
လာပြီဖြစ်သည့် အတွက် ကားလမ်းများကို ယခင်ထက်
ပိုကောင်းအောင် အဆင့်မြှင့်တင်ပေးရန် လိုအပ်လာပြီ
ဖြစ်ကြောင်း ကော့သောင်း ဒေသခံများက ထောက်ပြကြသည်။


                            မြူ နှင်း(အေးရိပ်ငြိမ်)

အရည်သွေးမမှီသည့်လမ်းခင်းမယ့်အစား မခင်းတာက ပိုကောင်းမည်

 အရည်သွေးမမှီသည့်လမ်းခင်းမယ့်အစား မခင်းတာက ပိုကောင်းမည်

     ကော့သောင်းမြို့တွင်ရှိသောလမ်းများအား ထိုင်းနိုင်ငံမှ နိုင်လွန်ကတ္တရာခင်းပေးသွားသည်မှာ ဆယ်စုနှစ်နှစ်ခုပင်ပြည့်လုနီးဖြစ်ခဲ့ပါပြီ လမ်း၏အရည်အသွေးမှာ အကောင်းဆုံးဖြစ်သော်လည်း ပြုပြင်မွမ်းမံမှုများမရှိခဲ့သဖြင့် ခုနေခါတွင် လမ်းများမှာပတ်ကြားအက် အသေးလေးများဖြစ်ပေါ်နေခဲ့ပါသည်။ ထိုအခြင်းအရာကို နာမည်ကောင်းယူချင်နေသော ထိုလမ်းများအား သူ့ကားကြီးများဖြင့် ဖျက်ဆီးခဲ့သော သူ ယုဇန ဌေးမြင့်ဆိုသူမှ လမ်းပေါ်တွင်ထပ်ပိုးလွှာခင်းခြင်းကိုတာဝန်ယူလုပ်ကိုင်ခဲ့ပါသည်။ ကျေးဇူးတင်ပါသည်။ ထိုသို့ လုပ်ဆောင်ပေးမှုကြောင့် ဒီမိုးတွင်းတွင် ကားစလစ်ဖြစ်မှုများ ဆိုင်ကယ်စလက်ဖြစ်မှုများ ကော့သောင်းသမိုင်းတွင် မဖြစ်စဖူးအဖြစ်ထူးခဲ့ပါသည်။ အကြောင်းမှာ လမ်းပေါ်တွင် အရည်အသွေးမပြည့်သည့် အပူချိန်မမှန်သည့် ကတ္တရာ ပါးပါးလေးထပ်ခင်းပေးလိုက်ခြင်းကြောင့် ရရှိသည့်အကျိုးဆက်မှာ ဆိုင်ကယ်နှင့်ကား စလစ်ဖြစ် သေပွဲဝင်ကြရသည်သာအဖတ်တင်ခဲ့ကြပါသည်။ ပြီးသလောက်ပြီးစလွယ်ခင်းထားသည့် လမ်းပေါ်တွင် ထိုသို့ဖြစ်ပျက်နေသည်ကို ထောက်ရှုခြင်းအားဖြင့် မည်ကဲ့သို့ ထပ်မံလုပ်ဆောင်ရမည်ကို မတွေးတောမဆင်ခြင် ဂရုမပြုဘဲ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့သဘောမျိုးနဲ့ လုပ်တဲ့သဘောဖြင့် ဒီနွေဦးတွင်မဆင်မခြင်  လမ်းထပ်ခင်းနေခြင်းသည် မလျော်ကန်မသင့်မြတ်လှကြောင်း ကော့သောင်းသူ ကော့သောင်းသားတစ်ယောက်   အနေဖြင့်တင်ပြလိုက်ရပါသည်။ တာဝန်ရှိလူကြီးမင်းများအနေဖြင့်လည်း ထိုကိစ္စအား  တားမြစ်ပိတ်ပင် အကြံပေး အရေးယူသင့်ကြောင်း အသိပေးနိုးဆော်လိုက်ရပါသည်။
                   
                      
                                     မြူ နှင်း(အေးရိပ်ငြိမ်)

အစာအငတ်ခံ ပညာရေးတိုက်ပွဲဝင်နေသောရဲဘော်ဖြိုးနေ မကွယ်လွန်

အစာအငတ်ခံ ပညာရေးတိုက်ပွဲဝင်နေသော ရဲဘော်ဖြိုးနေသေဆုံးသည်ဆိုသည့်သတင်းအား ကျွန်မ မြူ နှင်းမှ မှားယွင်းစွာထုတ်လွင့်မိပါကြောင်း အစာအငတ်ခံ တိုက်ပွဲဝင်နေသဖြင့် ကျမ်းမာရေးမကောင်းတော့သဖြင့် ဆေးရုံတင်ကုသနေရကြောင်း ကြားသိရပါသည်။ ကျေးဇူးတင်ပါတယ်ရှင့်။

                               မြူ နှင်း(အေးရိပ်ငြိမ်)

torsdag 12 november 2015

လက်ရှိရွေးကောက်ပွဲမဲစာရင်း အခြေနေ

လက်ရှိရွေးကောက်ပွဲမဲစာရင်း အခြေနေ

                             မြူ နှင်း(အေးရိပ်ငြိမ်)

အစာအငတ်ခံတိုက်ပွဲဝင်သော ရဲဘော်ဖြိုးနေ ကွယ်လွန်

အစာအငတ်ခံတိုက်ပွဲဝင်သော ရဲဘော်ဖြိုးနေ ကွယ်လွန်
11/11/2015: အစာငတ်တိုက်ပွဲဝင်ရဲဘော် ဖြိုးဓန. ရန်ကုန်ဆေးရုံကြီးအရေးပေါ်ကုသဆောင်တွင်
အစာအိမ် ခြောက်ကပ်၍ ကွယ်လွန်သွားကြောင်း
သတင်းရရှိသည်.....
ငါတို့သည် ဖြိုးဓန များသာ
ရဲဘော် ကောင်းရာသုဂတိ လားပါစေ

Hantharwady News's photo.
Hantharwady News's photo.

























  
                            မြူ နှင်း(အေးရိပ်ငြိမ်)

onsdag 11 november 2015

အားလုံးဘဲ့ ဦးစွာ ပထမ နှုတ်ခွန်းဆက်ရင်း တောင်းပန်လိုက်ပါရစေရှင်

အားလုံးဘဲ့ ဦးစွာ ပထမ နှုတ်ခွန်းဆက်ရင်း တောင်းပန်လိုက်ပါရစေရှင်
  ကျွန်မတို့တစ်ဖွဲ့သားလုံးမြန်မာပြည်ပြန် ရွေးကောက်ပွဲအတွက် လုံးပန်းနေရလို့ ပို့စ်တွေကိုမတင်ဖြစ်တာ ခွင့်လွတ်နားလည်ပေးကြပါလို့ တောင်းပန်ရင်း ဒီလိုမအားလပ်လို့ ပို့စ်မတင်ဖြစ်တာကို မြူ နှင်းက ပြည်ခိုင်ဖြိုးပါတီကမို့လို့ လိုင်းပေါ်မတက်တော့တာလားဆိုတဲ့ စာမျိုးတွေက ရောက်လာသေးတယ် ကျွန်မတို့တစ်ဖွဲ့သားလုံး ဘယ်ပါတီမှ ဘယ်အဖွဲ့အစည်းမှမ၀င်ထားပါဘူးရှင် မြို့တွင်းမှာ ဖြစ်ပျက်နေတဲ့ မတရားခံနေရတဲ့ အစော်ကားခံနေရတဲ့ ပြသနာများကိုအများပြည်သူသိရှိအောင် သက်ဆိုင်ရာဌာနဆိုင်ရာတွေသိရှိပြုပြင်နိုင်အောင် မီဒီယာသဘောမျိုးတင်ပြ ပြောပြ ထောက်ပြနေတဲ့သတင်းဌာနတစ်ခုသာဖြစ်ပါကြောင်း 
 ယနေ့မှစပြီး သတင်းများကို သင့်တော်သလိုပြန်လည်တင်ဆက်ပေးသွားပါမည့်အကြောင်း ကျွန်မတို့ဆိုဒ်ကိုအားပေးခဲ့သောပြည်သူများ ဌာနဆိုင်ရာများအား ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားရင်းနိဂုံးချူပ်လိုက်ပါရစေ

                      အယ်ဒီတာ။     ။ မြူ နှင်း(အေးရိပ်ငြိမ်)