အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 17 november 2013

ပုလောမြို့

 
ပုလောမြို့ အရှေ့ကျောင်းတောင်
                                    
                                   ပုလောမြို့ ထန်းပင်တန်းအလှ
ပုလောမြို့သည် တနင်္သာရီတိုင်း၏ ထင်ရှားသော မြို့တစ်မြို့ဖြစ်သည်။ ပုလောမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ၄င်းမြစ်သည် တနင်္သာရီရိုးမတောင်တန်းမှ မြစ်ဖျားခံကာ ပုလောမြို့ကို ဖြတ်သန်းစီးဆင်းပြီး ကပ္ပလီပင်လယ်အတွင်း စီးဝင်သည်။ အရှေ့ဘက်တွင် တနင်္သာရီရိုးမတောင်တန်း၊ အနောက်ဘက်တွင် ကပ္ပလီ
ပင်လယ်၊ မြောက်ဘက်တွင် ထားဝယ်မြို့နယ်၊ တောင်ဘက်တွင် မြိတ်မြို့နယ်တို့နှင့် ဆက်စပ်နေသည်။ စိုက်ပျိုးရေး၊ ရေလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လှသည်။ နွေရာသီတွင် ပုလောမြို့အနီးရှိ ပလစက်တော်ရာ ဘုရားသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများလာရောက် ဖူးမျှော်လေ့ရှိသည်။ ၎င်းဘုရားမှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဘယ်ဘက်ခြေတော်ရာဖြစ်သည်။ ညာဘက်ခြေတော်ရာ ကိုမူ တနင်္သာရီမြို့အနီး လယ်တောင်ယာရွာ ခြေတော်ရာတောင်ထိပ်တွင် ဖူးတွေ့နိုင်သည်။ ဤဒေသ၏ တစ်မူထူးခြားချက်မှာ မြိတ်၊ ထားဝယ်ဒေသရှိ ဒေသခံများနှင့် စကားပြောဟန် မတူညီခြင်းပင်ဖြစ်သည်။

                                   မီးလောင်ချောင်းရေတံခွန်

Inga kommentarer:

Skicka en kommentar