အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 31 augusti 2015

ကောသော့င်းမှမြန်မာ့ဆက်သွယ်ရေး ညံ့ဖျင်းချက်

ကောသော့င်းမှမြန်မာ့ဆက်သွယ်ရေး ညံ့ဖျင်းချက် 


ထိုင်းဖုန်းကဒ်အများပြားသုံး သည့်ကော့သောင်းမြို့တွင် မြန်မာ့ဆက်သွယ်ရေးမှ တန်ဖိုးနည်းဖုန်းကဒ်များချပေးသည့်အခါတွင် ကော့သောင်းနေပြည်သူများမှ မြန်မာဖုန်းကဒ်ကို ဦးစားပေးဝယ်ယူအားပေးခဲ့ကြပါသည်။

 မြန်မာလိုင်းဖြင့် မြန်မာပြည်တွင်းသို့လွယ်လင့်တကူဖုန်းခေါ်ဆိုနိုင်သော 
ကြောင့် ၀ယ်ယူအားပေးခဲ့ကြခြင်းဖြစ်ပါသည်။ ခုတော့မြန်မာ့ဆက်သွယ်ရေး က လိုင်းများအလွန်ကြပ်နေပါသဖြင့် မြို့နေပြည်သူများ ဒုက္ခရောက်နေကြရပါသည်။ 

ထိုကဲ့သို့ တယ်လီနော အော်ရီဒူး များဆင်းခါနီးဆဲဆဲတွင် အမ်ပီတီလိုင်းမှာ ဖလန်းဖလန်းထနေရမည့် အနေထားမှာ  ခေါ်ဆိုမရအောင်ကြပ်နေပါက တယ်လီနော  အော်ရီဒူးများရောက်လာခဲ့ပါက အမ်ပီတီမြောင်းထဲရောက်မည့် အခြေနေမျိုးဖြစ်နေသည့်အတွက် ဘာအတွက်များ ဖန်တီးနေပါသလည်း ဆိုတာ စဉ်းစားမရအောင်ဖြစ်မိပါသည်။

 တကယ်လည်း တယ်လီနောနဲ့ အော်ရီဒူးသာရောက်လာခဲ့ပါက အမှန်ပင် ကော့သောင်းဆက်သွယ်ရေးရုံးမှ ၀န်ထမ်းများ လုပ်စရာအလုပ်မရှိတော့ဘဲလစာထိုင်ယူယုံသက်သက်သာ ဖြစ်သွားနိုင်သောကြောင့်

 ပြည်သူ့ပိုက်ဆံများ အလဟသ မဖြစ်ရလေအောင် အပြိုင်အဆိုင် လိုင်းများမရောက်ခင် အချိန်မှီ သက်ဆိုင်ရာဌာနများ လူကြီးများအနေဖြင့် လိုင်းများဖလန်းဖလန်းထစေရန် သေချာ စီစဉ် ကြီးကြပ် ပြင်ဆင်သင့်ပါကြောင်း ကော့သောင်းသတင်းဌာနအနေဖြင့် အသိပေးအကြောင်းကြးလိုက်ရခြင်းဖြစ်ပါသည်။

 အိမ်ဖုန်းကြိုးဖုန်းများသည်လည်း အရင် ထက်ပင် လိုင်းပြတ်တောက်ခြင်း လိုင်းမပြတ်သော်လည်း ၀န်ထမ်းများမှ လမ်းထိပ်တိုင်ပေါ်တက်သွားသည့်ခါတွင် လာရောက်ပြင်ပေးသည့်အိမ်မှဖုန်းကောင်းသွားသော်လည်း ကျန်လိုင်းများ အားပညာပေးထားခဲ့သည့်အတွက် ကျန်သုံးအိမ်လောက်ကဖုန်းခေါ်ဆိုမရဖြစ်ခြင်းများ ကြုံ နေရသဖြင့် ဆက်သွယ်ရေးဝန်ထမ်းများကိုလည်း မိမိလစာသာစားပြီး ပြည်သူဆီက အချောင်နှိုက်ချင်တဲ့စိတ်ဓါတ်လေးပါတစ်ဆက်တည်းပြု ပြင်သင့်ပါကြောင်း။ထိုသို့ဝန်ထမ်းများကို 
လည်း အထက်လူကြီးများ မှထိရောက်စွာ အရေးယူနိုင်ပါရန်လေးစားစွာ တင်ပြလိုက်ရပါသည်ရှင့်။

                                              မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar