အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 20 augusti 2015

ကော့သောင်းဘော်ဒါဆောင်နှစ်ခုအနီးမှ မှုးယစ်သမားများ

 ကော့သောင်းဘော်ဒါဆောင်နှစ်ခုအနီးမှ မှုးယစ်သမားများ(နောက်ဆုံးအသိပေးခြင်း)

ဘုရင့်နောင်မှဘော်ဒါဆောင်နှစ်ခုအနီးမှ ကျွန်မတင်ပြခဲ့တဲ့ မှုးယစ်ဆေးပြသာနာသည်လည်း 

ညဖက်နေ့ဖက် ရဲမှားမှ ရှင်လောင်းလှည့်သလိုလှည့်ပြီးသွားနေရုံနဲ့ပြီးသွားပြီလား

 ခုဆိုရင် မှုးယစ်သမားများဟာကျောက်ဖျာလမ်းသွယ်(2) ထိုလမ်းထဲမှ အဟောင်းဆိုင်ရှေ့အမှောင်ရိပ်နားတွင် ညဘက် ကိုးနာရီမှ ဆယ်တစ်နာရီလောက်ထိ နေရာပြောင်းရောင်းချ နေပါကြောင်း အကိုင်းအခက်ခုတ်တာလောက်ကတော့ ခုတ်စရာမလိုပါဘူး သူ့ဘာသာသူလေတိုက်လည်းကြွေမှာဘဲ့ ခုချိန်ထိ နာမည်နှင့်လူ အတိအကျသိရတာတောင် ပင်စည်ပင်ပွားလေးတွေကို ဖမ်းဆီးအရေးယူ နိုင်ခြင်းမရှိတာဟာ ဘာအတွက်လည်း  ဘာကြောင့်လည်း တီဗွီထဲကနေ တစ်နိုင်ငံလုံးသိအောင် နာမည်ကြီးချင်နေလို့လား၊နောက်ဆုံးအနေဖြင့် အသိပေးလိုက်ရခြင်းဖြစ်ပါသည်။

                                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar