အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 21 september 2015

နယ်စပ်မြို့လေးမို့ စဉ်းစားပေးစေချင်

နယ်စပ်မြို့လေးမို့ စဉ်းစားပေးစေချင်

မြန်မာပြည်တောင်ဘက်စွန်းဆုံးကော့သောင်းမြို့တွင်  ဆိုင်ကယ်တက္ကစီဆွဲစားသူများ ရှိပါသည်။ထိုသို့ဆိုင်ကယ်ကယ်ရီမောင်းစားနေသူများ သည်ဆိုင်ကယ်သမားလောကတွင်ပျော်လို့ ဒုက္ခခံ ဆွဲစားနေခြင်းမျိုးမဟုတ်တဲ့အတွက် ရိုးသားစွာလုပ်ကိုင်စားသောက်နေသည့်ဆိုင်ကယ်သမားများနှင့်  ခြောက်ကပ်နေသည့်မြိ့အား စာနာစွာဖြင့် မြန်မာနိုင်ငံ ယဉ်ထိန်းရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည့် ဥပဒေအား  ပြင်ဆင်ပေးစေလိုပါသည်။ ဆိုင်ကယ်တစ်စီးတွင် အပြစ်တစ်စုံတရာတွေ့ရှိက ဒဏ်ငွေ ငါးသောင်း သုံးသောင်းဆိုသည်ညနှုန်းထားမှာ သက်ဆိုင်ရာ ဌာနအား တရားဝင် ဓါးမြလိုင်စင်ထုတ်ပေးသကဲ့သို့ဖြစ်နေပြီး မရှိဆင်းရဲသား လူတန်းစားများအဖို့ အဘယ်ကဲ့သို့ ဒုက္ခပင်လယ်ဝေမည်ကို ကိုယ်ချင်းစာတရားလေးများထားပြီး ဒဏ်ငွေအား ဖြေလျော့ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

                                             မြူ နှင်း(အေးရိပ်ငြိမ်)


မြန်မာပြည်မှ အဖြစ်အပျက်များ

မြန်မာပြည်မှ အဖြစ်အပျက်များ

  မြန်မာနိုင်ငံတွင် ပညာရှင် မပေါများသော်လည်း အရည်အချင်းရှိသည့် ဥဏှောက်ပိုင်ရှင်များ ကြောင့် တစ်စုံတရာအခက်အခဲများကို ကျော်လွှားနိုင်ခဲ့ကြပါသည်။ ဖြစ်ပုံမှာ 

ထူးဆန်ပါပေ့ မြန်ပြည် ရယ်
===============
-ရခိုင်ပြည်နယ်မှာ ဖုန်းလိုင်းမမိလို့ လိုင်းမိတဲ့နေရာကို
ဝါးလုံးတိုင် စိုက်ပြီးအမှတ်သားပြုလုပ်ထားရတယ်တဲ့။
-
ဖုန်းပြောချင်တဲ့ သူတွေက ဒီအမှတ်သားပြုလုပ်ထားတဲ့
နေရာကို လာပြီးဖုန်းပြောမှ လိုင်းမိတယ်တဲ့။
တကယ်လို့ပြောနေတဲ့သူရှိရင် တန်းစီ
စောင့်ဆိုင်းပြီး အလှည့်ကျပြောရတယ် ဆိုဘဲ့။
( ကိုယ့်ဖုန်း နဲ့ ကိုယ်နော် )


( ထိုသို့ဝါးလုံးတိုင်စိုက်အမှတ်အသားပြုလုပ်ပေးသည့် ပိုဂ္ဂိုလ်အား တယ်လီနှောနှင့်အောရီဒူးမှာ အသဲအသန်လိုက်ရှာနေပါကြောင်း ထိုသူအား သူတို့ဌာနတွင် အလုပ်ခန့်ပါမည့်အကြောင်း။ အမ်ပီတီမှလည်း ထိုပိုဂ္ဂိုလ်အားအသေရရအရှင်ရရ လိုချင်နေပါကြောင်း သူတို့၏မရှိသည့်သိက္ခာကိုချသည့် အတွက်ဖြစ်ကြောင်းကြားသိရသဖြင့်)  မြန်မာပြည်သားဥဏှောက် ပေါ့ပေါ့မဟုတ်ဘူးနော်ဟု   သာချီးကျူးးစရားဆိုလိုက်ပါရစေ။ 

ကွင်းခံထားသော စာပိုဒ်သည် သရော်စာသက်သက်ဖြစ်ပြီး ကျန်အကြောင်းအရာများမှာ အမှန်တကယ်ဖြစ်ပါသည် ။

                                     
                                    မြူ နှင်း(အေးရိပ်ငြိမ်)



                         
 

ပေးပါ ပို့ပါ ဒါမှ သင့်ရင်ထဲက ခံစားချက် တင်ပြလိုသည့်အကြောင်းအရာ အများသိစေမှာဖြစ်ပါတယ်။

  ကျွန်မတို့၏ ကော့သောင်းသတင်းဌာန သို့ သတင်းများ ပေးပို့လာပါက တင်ပြပေးသွားမည်ဖြစ်ပါသည်။ ယ္ခုလည်းတင်ပြပေးနေပါသည်။ တနေ့က တစ်ယောက်သောသူကမေးလာသဖြင့် ဖြေကြားပေးပါရစေ မွတ်စလင်မ်ဘာသာရေးစာ ပို့ပေးချင်တယ် တင်ပေးမလားဟုမေးလာသဖြင့် ကျွန်မသည် မီဒီယာသမားတစ်ယောက်ဖြစ်သည့်အတွက် မည်သည့်ဘာသာ ကိုးကွယ်မှု့မှ ခွဲခြားထားခြင်းမရှိပါသဖြင့် မည်သည့်ပိုဂ္ဂိုလ်ကပေးသည့်စာ မည်သည့်ဘာသာအတွက်ပေးသည့်စာဟု အမှန်တကယ်ခွဲခြားဆက်ဆံခြင်းမျိုးမရှိပါ ပေးပို့ပါ တင်ပြပေးပါမည့်အကြောင်းပြောကြားပါရစေ။ ကျွန်မသည် ထေရ၀ါဒ ဗုဒ္ဒဘာသာ လူမျိုးစစ်ဖြစ်သော်လည်း မွတ်စ်လင်မ်ဘာသာရေး သတင်းများတင်ပြတာများသွားခဲ့သည့်ခါတွင် ကျွမအား မွတ်စလင်မ်မဟု စော်ကားသည့်အသုံးအနှုံးအား မျိုးညစ်ဆိုသူများမှ ပေးပို့တာခံရဖူးပါသည်။ ထိုသို့ မသိနားမလည် စာမတတ်သည့် မဘသ ဆိုသူတွေကို နိုင်ငံတကာ နှင့်ရင်ဘောင်တန်းပြီး အမြင်ကျယ်စေချင်တာ အမှန်ပါ။ ကျွန်မ မလေးရှားတွင် အလုပ်လုပ်နေပါသည် ဘာသာခြားတိုင်းပြည်တွင်အလုပ်လုပ်နေသော်လည်း ကျွန်မတို့ကို မွတ်စ်လင်မ်ရဲမှားမှ မတော်မတရား အနိုင်ကျင့်တာမခံရဖူးပါ ဘာကြောင့်လည်း သူတို့ နိုင်ငံသည် အဆင့်အတန်းရှိတဲ့နိုင်ငံ လူ့အခွင့်အရေးကို လေးစားသည့်နိုင်ငံဖြစ်တာကြောင့် သူတို့သာ မြန်မာပြည်သားတွေရဲ့စိတ်ဓါတ် လေးပုံတစ်ပုံလောက်ဘဲ့ရှိပါစေ မြန်မာတွေမလေးရှားမပြောနဲ့ထိုင်း  ထိုင်းတောင်ခြေချဖို့ လွယ်မှမဟုတ်ဘူးဆိုတာဘဲ့။ မြူ နှင်းက အပိုစကားတအားပြောတာဘဲ့လို့ မထင်စေချင်ပါ လက်ရှိမြန်မာပြည်မှာ လူနည်းစုဖြစ်တဲ့ ဘာသာတွေကိုစော်ကားနေတာ တွေကို တွေ့မြင်ကြားသိနေရသဖြင့် သူတစ်ပါးနိုင်ငံဖြင့် ယှဉ်ပြောခြင်းသာ ဖြစ်ပါသည်။ အားလုံး မေတ္တာတရား ဖြင့် ဘ၀ကိုတည်ဆောက်နိုင်ကြပါစေလို့ ရည်ရွယ်ရင်း။

ကော့သောင်းသတင်းဌာနသို့ပေးပို့ရန် မေးလ်များ     tephyumandalay@gmail.com      သို့လိပ်မှုပြီး ပေးပို့နိုင်ပါကြောင်း။

                                         မြူ နှင်း(အေးရိပ်ငြိမ်)

ဘုရင့်နောင်ရပ်ကွက် ဘုရင်နောင်ကျောင်းတွင် မိဘဆရာ နှစ်ပါတ်လည်အစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီး

 ဘုရင့်နောင်ရပ်ကွက် ဘုရင်နောင်ကျောင်းတွင် မိဘဆရာ နှစ်ပါတ်လည်အစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီး


ကော့သောင်းမြို့ဘုရင်နောင်ရပ်ကွက် စာသင်ကျောင်းတွင် မိဘဆရာ နှစ်ပါတ်လည်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဘုရင်နောင်ကျောင်းကော်မတီ နာယက ဦးတင်မောင်မှ အဖွင့်အမှာစကားပြောကြားပြီး  အထက(1)မှကျောင်းအုပ် ဆရာကြီးက ဧည့်သည်တော်အဖြစ် အစည်းဝေးတွင်ပြောကြားကာဘုရင်နောင်ကျောင်းအုပ်ဆရာမကြီး မှ နိဂုံးချူပ်အမှာစကားပြောကြားပြီး နောက် ထူးချွန်းကျောင်းသားများအား ဆုအသီးသီးပေးအပ်ပြီး အစည်းအဝေးအားအောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကျောင်းကော်မတီဝင်ဟောင်းများအား မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ချင်သူများအားနှုတ်ထွက်ခွင့်ပြု ပြီး လူသစ်များဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခြင်းများပါ လုပ်ဆောင်နိုင်ခဲ့ကြောင်းကြားသိရပါသည်။ 

                                          မြူ နှင်း(အေးရိပ်ငြိမ်)


ကော့သောင်းမြို့၏ ဈေးလမ်းဟုဆိုလျှင် သင်ယုံမည်မဟုတ်ပါ

ကော့သောင်းမြို့၏ ဈေးလမ်းဟုဆိုလျှင် သင်ယုံမည်မဟုတ်ပါ  

ပုံတွင်တွေ့မြင်ရသည့်အတိုင်း ကော့သောင်းမြို့ အဏ၀ါရပ်ကွက် မြို့မဈေးအ၀င်လမ်း တိုင်းရင်း/မြန်မာ ဆေးဆိုင်လမ်းတွင် ထိုကဲ့သို့ဆိုးရွားစွာပျက်စီးနေသည်ကိုတွေ့မြင်ရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများအနေဖြင့် မြို့တွင်း ဈေးလမ်းထဲတွင်ထိုကဲ့သို့ပျက်စီးယိုယွင်းနေသည်ကို အမြန်ဆုံး ပြုပြင်ပေးနိုင်ပါစေရန် တင်ပြလိုက်ရပါသည်။ 

                                         မြူ နှင်း(အေးရိပ်ငြိမ်)

tisdag 8 september 2015

ဗိုလ်ချူပ်မြင်းစီးရုပ်ပေါ်သို့အရူးတက်

ဗိုလ်ချူပ်မြင်းစီးရုပ်ပေါ်သို့အရူးတက်

ဒီနေ့မွန်းတည့်ချိန်လောက် (11)နာရီလောက်တွင် မြိတ်မြို့ ဗိုလ်ချူပ်အောင်ဆန်းမြင်းစီးရုပ် ပေါ်သို့ အရူးတစ်ယောက်  တက်ရောက်နေခဲ့သဖြင့် တာဝန်ရှိသူများမှ ခေါ်ယူ စစ်ဆေးမေးမြန်းနေပါကြောင်းကြားသိရပါသည်။



                                           မြူ နှင်း(အေးရိပ်ငြိမ်)

နိုင်ငံတော်၏ လစာကိုရယူကာ လူနာများအားဆေးကုသပေးခြင်းမရှိ

နိုင်ငံတော်၏
လစာကိုရယူကာ လူနာများအားဆေးကုသပေးခြင်းမရှိ


တနင်္သသာရီတိုင်းဒေသကြီး သာရာဘွင်ကျေးရွာ
ကျေးရွာတွင် တာဝန်ကျ နပ်စ်မ ဒေါ်သန်းအေး(ဘ)
ဦးသောင်းရွှေ ၏သမီး ဖြစ်သူသည်နီုင်ငံတော်၏
လစာကိုရယူကာ လူနာများအားဆေးကုသပေးခြင်းမရှိပဲ
ဆေးရောင်းကာ ကိုယ်ကျိုးအတွက်စီးပွားရှာနေခဲ့ပါသည်။
ဒေါ်သန်းအေးအား လူနာရှင်များခေါ်သောအခါ နေမကောင်း
ဖြစ်နေသည်ဟု အကြောင်းပြ ပြောဆို၍ ရိုင်းစိုင်းစွာ
ဆက်ဆံခဲ့ပါသည်။

၂၃.၅.၂၀၁၅ ညတွင် သာရဘွင်ကျေးရွာနေ ဒေါ်လင်းကြည်၏
နေအိမ်တွင် ခေတ္တလာရောက်တည်းခို
နေသည့် ဧည့်သည် ဒေါ်ရင်နု သည် ၀မ်းပျက်ဝမ်းရှော
ဖြစ်နေ၍ ဆရာမဒေါ်သန်းအေးအား သွားရောက်ခေါ်ဆောင်ရာ
ဆရာမက နေမကောင်းဖြစ်နေ၍ မလိုက်နိုင်ကြာင်းပြေဆို၍ လာခေါ်သူများကိုမောင်းထုတ်လိုက်ပါသည် ။
လူနာ ဒေါ်ရင်နုမှာ လည်း အချိန်မှီ ဆေးကုသမှုမခံရ၍
ထိုညတွင် ပင် ၀မ်းပျက်ဝမ်းရှော ရောနှင့် အသက်သေဆုံး
ခဲ့ရပါသည်။

‪#‎ယခုချိန်ထိ‬ ဆရာမ ဒေါ်သန်းအေးသည်ဆေးဆရာမဖြစ်ပြီး
လူနာများကို ဂရုမစိုက်ပဲ ကိုယ်ကျိုး စီးပွားအတွက်သာ
ဂရုစိုက်သော ဆရာမ ကြောင့် သာရာဘွင်ကျေးရွာတွင်
အသက် မ သေဆုံးသင့်ပဲသေဆုံးခဲ့ရသည့်လူ နာအများအပြား
ရှိခဲ့ပါသည်။

ရွာသူရွာသားများမှာလည်း ဆင်းရဲသည်ကတစ်ကြာင်း
အထက်ကိုတိုင် ရန်မှာလည်း ဆရာမဒေါ်သန်းအေး ကို
ကြောက် ရွံ့သည်ကတစ်ကြောင်းကြောင့် အထက်ကို
မတိုင်ဖြစ်ခဲ့ပဲရေငုံနှုတ်ပိတ်နေခဲ့ကြပါသည်။ ယခုအခါတွင်တော့ရွာသူရွာသားများမှာမခံမရပ်နိုင်ဖြစ်၍
ဆရာမဒေါ်သန်းအေးအားသာရဘွင်ကျေးရွာမှ အမြန်ပြောင်းရွှေ့
ပေးရန်နှင့်ရွာသူရွာသားများအပေါ်ဂရုတစိုက်ဆးကုသပေးမည့်
ဆရာမတစ်ယောက်အမြန်ချထားပေးရန်အတွက် "Myeik
Freedom" မှတစ်ဆင့်ကျန်းမာရးဌာနအကြီးအကဲများသိရှိ
စေရန်ရိုသေ လေးစားစွာဖြင့်တင်ပြအပ်ပါသည်။


                                   မြူ နှင်း(အေးရိပ်ငြိမ်)

lördag 5 september 2015

ကော့သောင်းမြို့ ရန်ကုန် ဆေးခန်း၏ နမော်နမဲ့ လုပ်ရပ်များ အမြန်ပြင်သင့်


ကော့သောင်းမြို့ ရန်ကုန် ဆေးခန်း၏ နမော်နမဲ့ လုပ်ရပ်များ အမြန်ပြင်သင့်

ကော့သောင်းမြို့တွင် ဒေါက်တာလှဝင်း သည် ဆေးခန်းသို့လာရောက်သော
လူနာများအား စကားပြောမောက်မာခြင်း နောက်သလိုပြောင်သလို နှင့် လူနာအားမခံချိမခံသာအောင်ပြောဆိုခြင်း လူနာများအား သူကိုယ်တိုင်စမ်းသပ်ကုသခြင်းမျိုးမဟုတ်ဘဲ ဆေးခန်းအကူ ကောင်မလေးများနှင့် ပြီးစလွယ် စစ်ဆေးခိုင်းခြင်း ပြီးစလွယ်စစ်ဆေးထားသောစစ်ချက်နှင့် ဆေးထိုးမှားခြင်းများ။ ထိုဆေးခန်းမှ ဆေးထိုးပြီး အောက်ပိုင်းချိသွားသူများ ခြေတစ်ဘက်တရွတ်တိုက်ဆွဲသွားသူများ မကြာမကြာ ကြားသိနေရပါသဖြင့် တာဝန်ရှိပိုဂ္ဂိုလ်များမှ နားထင်သို့သွေးရောက်နေသော(၀ါ)သွေးနထင်ရောက်နေသော ထိုဒေါက်တာလှဝင်းအား ထိရောက်စွာ ကိုင်တွယ် အရေးယူနိုင်ပါရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ ယ္ခုလက်ရှိ ကော့သောင်းဆေးရုံတွင်အေးရိပ်ငြိမ်မှအမျိုးသား လူနာတစ်နာတစ်ယောက် အကောင်းစစ်စစ် အာဂတ္တှုအနာမှ သူ၏ဆေးခန်းတွင် ဆေးထိုးမှားပြီး ကိုယ်တစ်ခြမ်းလေမိသလိုဖြစ်နေပါသဖြင့် မယုံသူများ သွားရောက်စုံစမ်းကြည့်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ 
ပိုဂ္ဂိုလ်ရေးတိုက်ခိုက်မှု့တစ်စုံတရာမပါဘဲ အပြုသဘောဆောင်ဖေါ်ပြခြင်းသာဖြစ်ပါသည်။ 

                                           မြူ နှင်း(အေးရိပ်ငြိမ်)

သတ်ပုံမကျေတဲ့ ကော့သောင်းလူကုန်ကူး တိုက်ဖျက်ရေး

      သတ်ပုံမကျေတဲ့ ကော့သောင်းလူကုန်ကူး တိုက်ဖျက်ရေး


ဒီလောက်အရေးကြီးတဲ့ ခေါင်းစီး စာသားကိုတောင် မှန်အောင်မရိုက်နိုင်တဲ့ အဖွဲ့က ဘာအဖွဲ့လည်း လူကုန်တား အော် ကော့သောင်းမြို့ကိုဆင်းလာတဲ့သူမှန်သမျှ ကော့သောင်းသားကလွဲရင် အကုန်တား ဆွဲစိ ပိုက်ဆံ တောင်းစားနေတဲ့တနည်းပြောရရင် စည်ကားနေတဲ့မြို့ကို သုသာန်တစ်စပြင်လို ခြောက်ကပ်သွားအောင် လုပ်ယူနေတဲ့ လုပ်ယူနေဆဲ အဖွဲ့ဆိုတာ သိလိုက်ရတော့ ဖြစ်မှာပေါ့ ဒီလိုအလွဲမျိုးတွေက သူတို့အတွက်ထူးမှမထူးဆန်းတော့တာ မြို့လည်းခြောက်ကပ်နေပါပြီ လူအကုန်တားပြီး ဘော်လုံးမပါ ဆိုတဲ့ တိတ်တိတ်ခံယူကျင့်သုံးနေတဲ့အဖွဲ့ကြီးလည်း ရပ်နားသင့်နေပါပြီ ဒီနေ့ဒီအချိန်ထိ ကော့သောင်းလေယဉ်ကွင်း သင်္ဘောဆိပ် မြို့မတံတား အမြန်ရေယဉ်ဆိပ်တို့တွင် လုပ်စားခွင်များလည်း ကောသော့င်းမြို့ကို နားလည်စာနာစွာ ဖြင့် ရပ်သင့်နေပြီဖြစ်ပါကြောင်း သက်ဆိုင်ရာ မှ တစ်စုံတစ်ရာအမိန့်တစ်ခုထုတ်ပြန်လိုက်ရင် ထိုအမိန့်ကို လုပ်စားဂွင်ဖြစ်အောင်ဖန်တီးတဲ့ဖြစ်စဉ်တွေကိုလည်း သက်ဆိုင်ရာ ၀န်ကြီးများ သိနိုင်ပါစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ 

                                         မြူ နှင်း(အေးရိပ်ငြိမ်)

တလင်တမယား ဂျိုးစောင့်ဥပဒေ မြှုပ်ကွက်လေး

တလင်တမယား မျိုးစောင့်ဥပဒေ မြှုပ်ကွက်လေး
ဒီဥပဒေကို မတရားဆွဲဆန့်ပြီး သုံးလို့ရမှန်း
အားလုံးသိကြပြီးဖြစ်မှာပါ။

မသိကြသေးတာကတော့ အဲ့ဥပဒေကိုသုံးပြီး
အာဏာရှင်ကို အန်တုဆန့်ကျင်မဲ့သူတွေကို မတရား
ဖမ်းဆီးဖို့ ဖြစ်တာဆိုတာပါ။

တချက်တည်းနဲ့ ထောင်ချလို့လဲရ
နိုင်ငံရေးလုပ်မရအောင်
နိုင်ငံရေးသေအောင်
နာမည်လဲဖျက်ဆီးပြီးသား
တချက်ခုတ်နှစ်ချက်ပြတ်
မျိုးစောင့်ဥပဒေပါပဲ။

လူတော်တော်များများက 
ဒီလိုကိစ္စကလွတ်ကင်းတာရှားတယ်လေ 
ဒီလိုဥပဒေ ကရှိနေတော့ 
မကျေနပ်တဲ့သူကို
မိန်းမနဲ့ မအိပ်ပါဘဲ ထိုမိန်းမဖြင့် 
အိပ်ခဲ့ကြောင်း အမျိုးသမီး တစ်ယောက်မှ
တိုင်ကြားလာရင်လည်း 
အမေးအမြန်းမရှိ ထောင်ချ
ဒါမှမဟုတ် လာဘ်လာဘ ယူပေါ့။ 
သနားလို့ ပြန်လွတ်ပေးတယ်ပေါ့
စံပြအနေနဲ့ဆွဲစိတယ်ပေါ့ 
အမျိုးမျိုးလုပ်လို့ရပြီ ပေါ့။
ဘာလုပ်လုပ်အရှည်ကိုတွေးလုပ်တယ်ဆိုတာ
 ယုံထားလိုက်ကြပါတော့။

                      မြူ နှင်း(အေးရိပ်ငြိမ်)

တစ်လင်တစ်မယား ဥပဒေဆိုင်ရာ သုံးသပ်ချက်များ၊

    တစ်လင်တစ်မယား ဥပဒေဆိုင်ရာ သုံးသပ်ချက်များ၊ ===========================================
    တစ်လင်တစ်မယား ဥပဒေပြဋ္ဌာန်းလိုက်တော့ အမျိုးသမီးထု တော်တော်များများက သဘောကျကြတယ်။ မျိုးချစ်တွေကလည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် သဘောခွေ့နေကြတယ်။ တစ်လင်တစ်မယားဆိုရုံ အပေါ်ယံ ကြည့်ရုံနဲ့တော့ အဖြေမထွက်နိုင်ပါဘူး။ ဥပဒေပြဋ္ဌာန်းလိုက်ခြင်း၏ အနှစ်သာရကို လေ့လာကြည့်တဲ့အခါ သီးခြားရလဒ်တွေ ထွက်နေတာကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါတယ်။
    (၁) ထုံးတမ်းဥပဒေကို ထိခိုက်ခြင်း
    ------------------------------------
    တစ်လင်တစ်မယားဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို ဖျက်သိမ်းလိုက်ရာ ရောက်ပါတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အိမ်ထောင်မှုခန်း၊ အမွေခွဲဝေခန်းတွေ ရှိနေပါတယ်။ မယားပြိုင် စနစ်ကို လက်ခံထားပါတယ်။ တစ်လင်တစ်မယားဥပဒေက နောက်မိန်းမယူတာကို ခွင့်မပြုဘူး။ ထောင်ချမယ်လို့ ဆိုလိုက်တဲ့အတွက် နောက်မိန်းမယူတာဟာ တရားမ၀င်ဖြစ်သွားပါတယ်။
    ဥပဒေသဘောအရ ထုံးတမ်းဥပဒေမှာ မယားပြိုင်စနစ်ကို ဘယ်လိုဘဲ ခွင့်ပြု ခွင့်ပြု၊ တစ်လင်တစ်မယား အထူးဥပဒေက လွှမ်းမိုးသွားပါတယ်။ တစ်နည်းအားဖြင့် ထုံးတမ်းဥပဒေမှာ မယားပြိုင်ကို လက်ထက်ပွားအကျိုး ခံစားခွင့်၊ မွေးလာတဲ့ကလေးကို အမွေဆက်ခံခွင့် ပေးပေမယ့် အထူးဥပဒေက မယားပြိုင်ကို တရားမ၀င်လို့ သတ်မှတ်တဲ့အတွက် နောက်မယားနဲ့ သူ့ကလေးတွေဟာ ပစ္စည်းခွဲဝေခွင့်နှင့် အမွေဆက်ခံခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။
    အလားတူဘဲ တစ်လင်တစ်မယားဥပဒေဟာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို ထိခိုက်စေသလို အစ္စလာမ် ဓလေ့ထုံးတမ်းဥပဒေနှင့် ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
    (၂) မိသားစုများ ပြိုကွဲနိုင်ခြင်း
    ------------------------------------
    နောက်မယားယူချင်ရင် ပထမ မယားကို ကွာရှင်းနိုင်တာဘဲလို့ ဆိုစရာရှိပါတယ်။ တစ်လင်တစ်မယား ဥပဒေကလည်း အိမ်ထောင်ကြီးရှိလျှက်နဲ့ နောက်မိန်းမ မယူရဘူးလို့ ဆိုထားတာကိုး။ ဒီတော့ မယားကြီးနဲ့ ကွာရတော့မယ်။ မယားကြီးနဲ့ ကွာရပြီ ဆိုကတည်းက သူတို့ ထူထောင်ထားတဲ့ လူမှုစီးပွား၊ လုပ်ငန်းစီးပွားတွေ ပျက်စီးရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ဓလေ့ထုံးတမ်းအရ ရှိပြီးသားစီးပွားကို သရက်စေ့ထက်ခြမ်း ခွဲရမှာ မို့လို့ဘဲ။
    နောက်မယားလိုချင်တဲ့ ယောက်ျားက ရှာတဲ့စီးပွားကို မိန်းမကို အကုန်မအပ်တော့တာမျိုး ဖြစ်လာနိုင်ပါ တယ်။ မြန်မာတွေရဲ့ ဓလေ့မှာက ယောကျာ်းရှာတဲ့ပိုက်ဆံ မိန်းမကို အပ်လေ့ရှိကြတယ်။ ခုတော့ ဒီဥပဒေကြောင့် ယောကျာ်းတွေက ကဲ့လာကြလိမ့်မယ်။ လူမှုရေး ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်။
    (၃) ဥပဒေအာဏာသက်ဝင်ရန် ခဲယဉ်းခြင်း
    ---------------------------------------------
    ကဲ ယောကျာ်းတစ်ယောက်က နောက်မိန်းမယူထားပါပြီတဲ့၊ ဒါမှမဟုတ် အပြင်မှာ သွားအိပ်နေပါပြီတဲ့၊ မယားကြီးကလည်း သိပါပြီတဲ့။ တစ်လင်တစ်မယားဥပဒေအရဆို ထောင်ဒဏ်(၇)နှစ်ဘဲ။ ကိုယ့်ယောကျာ်းကို လက်ရှိမယားက တိုင်မှာတဲ့လား။ တိုင်ပါပြီတဲ့၊ နှစ်ဘက်ဆွေမျိုးကြားမှာ ကိုယ့်ယောကျာ်းကို ထောင်ထဲထည့်တဲ့ မိန်းမက ဘယ်လိုမျက်နှာနဲ့ နေရမတဲ့လဲ။ မိသားစုဝင်က တိုင်တန်းတာမျိုးတွေ ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ဥပဒေ အာဏာ သက်ဝင်ဖို့ ခဲယဉ်းပါလိမ့်မယ်။
    (၄) ခြိမ်းခြောက်ငွေညှစ်မှုတွေ ဖြစ်ပေါ်လာနိုင်ခြင်း
    ---------------------------------------------------
    နောက်မယားယူတာ၊ အခြားတစ်ယောက်နဲ့ အတူနေတာ ထောင်ဒဏ်(၇)နှစ်လို့ သတ်မှတ်ထားတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား(၂)အရဆိုရင် ထောင်ဒဏ်(၇)နှစ်ချမှတ်မယ့်အမှုမှာ ၀ရမ်းမပါ ဘဲ ဖမ်းလို့ရတယ်။ ရဲအရေးပိုင်တယ်ဆိုတဲ့ အဓိပါယ်။ အာမခံ မရဘူး။ ကျေအေးခွင့်မရှိဘူး။
    အပြင်မှာ တစ်ညလေး သွားအိပ်မိပါတယ်။ ဥပဒေအတားအဆီးတွေက တစ်ပုံကြီးဖြစ်နေတယ်။ အိပ်နေတုန်း ဖမ်းမိတာနဲ့ အချုပ်နဲ့ နေရတော့မယ်။ အာမခံမရတော့ဘူး။ ရဲအရေးပိုင်တဲ့အမှု ဖြစ်တဲ့အတွက် ပြစ်မှု ကျင့်ထုံးဥပဒေပုဒ်မ-၁၅၄ အရ မည်သူမဆို တိုင်တန်းလို့ ရတယ်။ ပြင်ပသူစိမ်းတစ်ယောက်က လူတစ်ဦး အပြင်မှာ အခြားတစ်ယောက်နဲ့ အိပ်တာကို မှတ်တမ်းယူပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။ ဥပဒေအသစ်ဟာ ကိုယ့်မိသားစုအရေးကို သူစိမ်းကို စွက်ဖက်ခွင့် ပေးရာရောက်နေပါတယ်။
    (၅) လုပ်ထုံးလုပ်နည်း ပြဿာနာ
    -----------------------------
    ကိုယ့်ယောကျာ်း အပြင်မှာ တစ်ခြားမိန်းမတစ်ယောက်နဲ့ သွားအိပ်ပါပြီတဲ့၊ ကာမပိုင်မိန်းမက တရားမစွဲ ဘဲ ရဲက ဒါမှမဟုတ် အခြားမြင်တဲ့ တစ်ယောက်က တရားစွဲခွင့်ရနေတဲ့ သဘောဖြစ်ပါတယ်။ ပြစ်မှုကျင့်ထုံး ဥပဒေပုဒ်မ-၁၄၅၊ ရဲလက်စွဲ (ဒုတိယတွဲ) အပိုဒ်-၁၄၁၁ အရ ရဲအရေးပိုင်တဲ့အမှုမှာ မည်သူမဆို တိုင်ကြားနိုင် လို့ပါဘဲ။
    ဒါဆိုရင် ရဲတွေဟာ လူဆိုးသူခိုးဖမ်းတဲ့အလုပ်တွေ လုပ်တော့မှာ မဟုတ်ပါဘူး။ ဟိုတယ်တွေ တည်းခိုခန်း တွေမှာ အပေါက်စောင့်တွေ လုပ်လာပါတော့မယ်။ အဖိုးကြီးတစ်ယောက်နဲ့ ကောင်မလေးချောချော တွေ့တာနဲ့ ဟိုတယ်၊ တည်းခိုးခန်း တံခါးကို ရိုက်ချိုးဖမ်းခွင့် ရှိနေပါတယ်။ ရဲအရေးပိုင်တဲ့အမှုမှာ ပြစ်မှုကျင့်ထုံး ဥပဒေပုဒ်မ-၁၅၆ အရ ရဲက အလိုအလျောက် စုံစမ်းခွင့်ရှိနေလို့ပါဘဲ။
    ရဲကိုယ်တိုင်က ဒါမှမဟုတ် ရဲက လက်ထောက်ချတဲ့ သူစိမ်းတစ်ယောက်က ဒါမှမဟုတ် အတွင်းသိ အစင်းသိ သူစိမ်းတစ်ယောက်က အပြင်မှာ မိန်းမတစ်ယောက်နဲ့ အိပ်တဲ့ယောကျာ်းကို ခြိမ်းခြောက်လာနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရဲအရေးပိုင်တဲ့အမှုဖြစ်နေလို့ မည်သူမဆို တိုင်တန်းခွင့် ရှိနေလို့ပါဘဲ။ ရဲစခန်းမှာ အမှုသွားဖွင့်လိုက်ရုံပါဘဲ။ ရဲကလည်း အမှုဖွင့်လှစ်ခွင့် ရှိနေပါတယ်။ ပြစ်မှုကျင့်ထုံးဥပဒေပုဒ်မ-၁၅၄ အရ ရဲအရေးပိုင်တဲ့အမှုကို ပြစ်မှုကျူးလွန်ကြောင်း သိရှိသူ မည်သူမဆို အမှုဖွင့်လှစ်ခွင့် ရှိနေလို့ပါဘဲ။
    ရဲက စုံစမ်းထောက်လှမ်းပြီး သက်သေတွေ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တိုင်တန်းလိုက်ရင်ကို လုံလောက်နေပြီ ဖြစ်ပါတယ်။ ခံရတဲ့ ကိုဖိုးဆော့ကတော့ အချုပ်နဲ့ နေပေတော့ဘဲ။ မသမာမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ရဲအရေးပိုင်တဲ့အမှုဖြစ်လို့ တိုင်ချက်ဖွင့်ပြီးတာနဲ့ စုံစမ်းထောက်လှမ်းတော့မှာပါဘဲ။ အာမခံ မရတဲ့ အမှုဖြစ်လို့ အချုပ်နဲ့ နေရပါတော့မယ်။
    အရပ်ထဲမှာ ငွေချေးငွေငှားကိစ္စကိုဘဲ ယုံကြည်အပ်နှံစာချုပ်ချုပ်ပြီး ပြန်မဆပ်နိုင်တာနဲ့ ပြစ်မှုဥပဒေပုဒ်မ-၄၀၆ နဲ့ တရားစွဲတာကို မြင်ဖူးကြပါလိမ့်မယ်။ အာမခံ မရတဲ့အမှုဖြစ်တော့ အချုပ်ပြပြီး ငွေမရမက တောင်းတဲ့ လုပ်ငန်းစဉ်မျိုးကို လုပ်လာကြပါတယ်။ ဥပဒေကို အသုံးချပြီး အာမခံမရခြင်းကို အသုံးချပြီး လူလူချင်း နှိပ်စက်တဲ့ ကိစ္စတွေကို မြင်ဖူးကြမှာပါ။
    နောက်မယားထားမိတာနဲ့ ဒါမှမဟုတ် အခြားတစ်ယောက်နဲ့ အတူအိပ်မိတာနဲ့ ရဲအရေးပိုင်တဲ့ပြစ်မှုလို့ သတ်မှတ်ထားပြီး အာမခံမပေးတဲ့အတွက် မသမာသူတွေက အချုပ်ပြပြီး ငွေညှစ်တဲ့ကိစ္စတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အိမ်ထောင်သည် အမျိုးသားတွေအပေါ် မိန်းကလေးအယောင်ပြပြီး ဂိုဏ်းဖွဲ့ငွေညှစ်မှုတွေ ပေါ်လာနိုင် ပါတယ်။ ဥပဒေအသစ်ဟာ ဥပဒေကို နားလည်တဲ့ လူဆိုးဂိုဏ်းတွေအတွက် လုပ်စားဖို့ အခွင့်အလမ်း ပေးရာ ရောက်နေပါတယ်။
    (၆) ပြစ်ဒဏ်ကို ပြင်ဆင်သင့်ခြင်း
    ----------------------------------
    တကယ်တော့ နောက်မယားထားတာ၊ အပြင်မှာ အတူနေတာ လူမှုရေးကိစ္စသာ ဖြစ်ပါတယ်။ ပြစ်မှုမဟုတ်ပါ။ ပြစ်ဒဏ်(၇)နှစ် သတ်မှတ်ခြင်းမှာလည်း အလွန်များပါတယ်။ မဖြစ်မနေ ပြစ်ဒဏ်သတ်မှတ်ဖို့ လိုအပ်တယ်ဆိုရင်လည်း ထောင်ဒဏ်(၃)နှစ်အောက်သာ ပြဋ္ဌာန်းသင့်ပါတယ်။
    အထူးဥပဒေအရ ထောင်ဒဏ်(၃)နှစ်အောက် ဖြစ်မယ်ဆိုရင် ပြစ်မှုကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဇယား(၂) အရ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိပါဘူး။ အာမခံ ရရှိမှာ ဖြစ်ပါတယ်။ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိဘူး ဆိုရင် ရဲအရေးမပိုင်တော့ပါဘူး။ ရဲအရေးမပိုင်တော့ဘူးဆိုရင် ရဲစခန်းမှာ တွေ့ကရာလူက အမှုသွားရောက် ဖွင့်လှစ်ခွင့် မရှိတော့ပါဘူး။ ရဲအရေးမပိုင်တဲ့အမှုကို တရားရုံးမှာ ဦးတိုက်လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရဲအရေး ပိုင်တဲ့အမှုမှာလို အမှုတိုင်ကြားရုံနှင့် တရားရုံးရှေ့ သက်သေထွက်ရုံလောက်ဘဲ တာဝန်ရှိမှာ မဟုတ်တော့ပါဘူး။ ရဲအရေးပိုင်တဲ့အမှုမှာလို ရဲက သက်သေတွေကို စစ်ဆေးတင်ပြတာမျိုးလုပ်မှာ မဟုတ်တော့ပါဘူး။ ဦးတိုက် လျှောက်ထားရတဲ့အမှုဖြစ်တဲ့အတွက် ပြစ်မှုကျူးလွန်တာကို မည်သူမဆို တိုင်ကြားခွင့် ရှိသည့်တိုင်အောင် ကိုယ်တင်ပြလိုတဲ့ သက်သေတွေကို ကိုယ်ကိုယ်တိုင် တင်ပြရမှာ ဖြစ်ပါတယ်။ ဦးတိုက်လျှောက်ထားမှု ဖြစ်တဲ့ အတွက် ဦးတိုက်တိုင်တန်းသူဟာ စွဲချက်မတင်မချင်း တရားရုံးတက်ရောက်ရပါလိမ့်မယ်။
    ထောင်ဒဏ်ကို (၃)နှစ်အောက် ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ရဲအရေးမပိုင်တဲ့အမှုဖြစ်တဲ့အတွက်၊ ဦးတိုက် လျှောက်ထားရတော့မှာ ဖြစ်တဲ့အတွက်၊ ဦးတိုက်လျှောက်ထားသူကိုယ်တိုင် စွဲချက်မတင်မချင်း ရုံးတက်ရောက် ရမှာ ဖြစ်တဲ့အတွက် လူတစ်ဦးတစ်ယောက်ကို အလွယ်တကူ စွပ်စွဲမှုတွေ မဖြစ်ပေါ်စေနိုင်တော့ပါဘူး။ ကာမပိုင်ဖြစ်သူ လက်ရှိမယားကိုယ်တိုင်က မကျေနပ်လို့ တရားစွဲဆိုတာမျိုး ဖြစ်မှသာ ပိုမိုသဘာဝကျမည် ဖြစ်ပါတယ်။ ယောကျာ်းတစ်ယောက် အပြင်မှာအိပ်တာကို ကာမပိုင် မိန်းမ မဟုတ်တဲ့ သူစိမ်းတစ်ယောက်က တရားစွဲဆိုခွင့် ရှိအောင် ထောင်ဒဏ်(၇)နှစ် ပြဋ္ဌာန်းထားခြင်းဖြင့် ရဲအရေးပိုင်မှု ဖြစ်နေစေသည်မှာ တရားမျှတမှု မရှိပါ။
    (၇) ဥပဒေ လက်တစ်လုံးခြား ကိစ္စရပ်များ
    --------------------------------------------
    အိပ်ထောင်ရှိလျှက်နဲ့ နောက်မိန်းမနဲ့နေရင် ထောင်ဒဏ်ဆိုတော့ ပထမအိမ်ထောင်ကို ကွဲတဲ့ဟန်ဆောင် စာချုပ်တွေ ဖြစ်လာနိုင်ပါတယ်။ ပထမ မိန်းမကို ဆက်တာဝန်ယူထားမယ်။ လုပ်ကျွေးမယ်။ ကလေးတွေကိုလည်း ဆက်ကျောင်းထားမယ်ဆိုရင် အိမ်ထောင်မကွဲလိုတဲ့ မိန်းမကတော့ ဟန်ဆောင်စာချုပ်မှာ လက်မှတ်ထိုးပေးနိုင်ပါတယ်။
    ဒုတိယမယားနဲ့လည်း နောက်ထပ် ဟန်ဆောင်ကွဲ စာချုပ်တွေ ထပ်ဖြစ်လာနိုင်ပါတယ်။ ပထမ၊ ဒုတိယ ဆက်ပေါင်းနေမယ်၊ ကလေးတွေလည်း ဆက်မွေးနေမယ်၊ ထောင်လည်း မကျဘူး။ အဆက်ဆက်ကွာရှင်းစာချုပ် တွေ ကိုင်ထားလိုက်ရုံဘဲ၊ နောက်မယားတွေ ဆက်ယူခွင့် ရှိနေပါတယ်။
    မယားကို အသေနိုင်တဲ့လူမျိုးတွေဟာ ဘယ်သူတွေလဲ စဉ်းစားကြည့်ပါ။ ဘယ်လူမျိုးတွေမှာ ဒီလိုကိစ္စမျိုးတွေ ဖြစ်လာနိုင်သလဲ စဉ်းစားကြည့်ပါ။
    ဒီတစ်လင်တစ်မယားဥပဒေဟာ ဘာသာရေးအရ မယားအများယူစနစ်ကို ကျင့်သုံးတဲ့ လူမျိုးတွေကို မထိန်းချုပ်နိုင်ပါဘူး။ သူတို့မယားကိုသူတို့ နိုင်လို့ပါဘဲ။ ကွာရှင်းဟန်ဆောင်စာချုပ်တွေ လုပ်လာနိုင်လို့ပါဘဲ။ ဟန်ဆောင်စာချုပ် ဟုတ်/မဟုတ်ဆိုတာ ဥပဒေသဘောအရ ကာယကံရှင်မယားကြီးကလွဲရင် အခြားလူက ၀င်ပြောခွင့် မရှိပါဘူး။ မိသားစုကိစ္စဖြစ်နေလို့ပါဘဲ။
    နောက်တစ်ခုက အိမ်ထောင်သည်ယောကျာ်းတွေအတွက် တရားမ၀င်ဇိမ်ခန်းတွေ ရှိလာနိုင်ပါတယ်။ ရောဂါတွေ ထိန်းချုပ်ဖို့ ခက်ခဲသွားစေနိုင်ပါတယ်။
    (၈) ပြည့်တန်ဆာနှင့် အတူနေခြင်း ကိစ္စ
    ------------------------------------------
    အိမ်ထောင်ရှိလျှက်နဲ့ နောက်အိမ်ထောင်ပြုခြင်း၊ တစ်ခြားမိန်းမနဲ့ လင်မယားလိုအတူနေခြင်းဟာ အပြစ်ရှိတယ်ဆိုတော့ အိမ်ထောင်ပြုမှမဟုတ်ပါဘူး။ ပြည့်တန်ဆာအိမ်သွားတာ၊ ကကလေးနဲ့ အတူနေတာ၊ အချစ်သစ်တွေ့လို့ အတူနေတာအထိ အကျုံးဝင်ပါတယ်။ ထောင်ဒဏ်(၇)နှစ်ပါဘဲ။ ထပ်တွေ့ရင်လည်း အနုဿာရ တဏှာနဲ့ နေရမယ့်သဘောဖြစ်ပါတယ်။
    လူ့သဘာဝနဲ့ ဆန့်ကျင်တဲ့ဥပဒေကို သူတော်စင်ကြီးတွေ လိုက်နာကြပါလိမ့်မယ်။
    လူတစ်ယောက်မှာ ဇီဝကမ္မလိုအပ်ချက်အရ ကျန်းမာရေးအခြေအနေအရ လက်ရှိအိမ်ထောင်အပြင် ခဏလိုအပ်တာမျိုးဖြစ်ပါတယ်။ ဇနီးသည် ကိုယ်ဝန်ဆောင်နေတုန်းနှင့် သွေးဆုံးတဲ့အခါမျိုးတွေမှာ အပြင်မှာ ခဏလိုအပ်တာမျိုးလည်း ဖြစ်နိုင်ပါ တယ်။ ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေအရလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုလိုအပ်ချက်ရှိတာနဲ့ဘဲ ထောင်မကျ ဖို့ အိမ်ထောင်ကြီးကို ကွဲရမှာတဲ့လား။ သံယောဇဉ်တွေ ဘယ်သွားထားမတုန်း။
    (၉) အိမ်ထောင်မှုဘ၀ကို ဥပဒေက စွက်ဖက်နေခြင်း
    -------------------------------------------------
    ကိုယ့်မိသားစုအခြေအနေ၊ ကိုယ့်ဘ၀အခြေအနေ၊ ကိုယ့်ကျန်းမာရေးအခြေအနေ၊ ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေတွေကို လိုက်ပြီး မိသားစုဘ၀တွေကို တည်ဆောက်ထားရတာပါ။ အားလုံး တစ်လင် တစ်မယားဘဲ ဖြစ်ချင်ကြပါတယ်။ အခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ခွင့်မရသူတွေလည်း ရှိနိုင်ပါတယ်။
    အဲလိုရှိတာနဲ့ဘဲ ထောင်ဒဏ်၊ ထောင်အကျမခံချင်ရင် လက်ရှိအိမ်ထောင်ကွဲဆိုတော့ လူတစ်ဦး တစ်ယောက်ရဲ့ အိမ်ထောင်မှုခန်းဘ၀ကို ဥပဒေက ၀င်ရောက်စွက်ဖက်ရာရောက်နေပါတယ်။
    တရုတ်နိုင်ငံရဲ့ ဥပဒေဟာ တစ်လင်တစ်မယားစနစ်ပါ။ ထပ်ယူရင် ထောင်ကျ။ သူနိုင်ငံနဲ့သူ ဟုတ်ပါ တယ်။ လူဦးရေ များတာကိုး။
    ကျွန်တော်တို့ဆီမှာ ထောင်ချဖို့ လိုလို့လား။ တစ်အိမ်ထောင်စနစ်၊ တစ်လင်တစ်မယားစနစ်ကို လက်ခံ တယ်ဆိုရင် ကျန်တဲ့ပတ်သက်မှုကို ဥပဒေက အသိအမှတ်ပြုရုံဘဲပေါ့။ ဘာလို့ ထောင်ချရမှာလဲ။
    (၁၀) စစ်တမ်းကောက်ယူရန် လိုအပ်ခြင်း
    ---------------------------------------------
    ဒီဥပဒေမပြဋ္ဌာန်းမီ စစ်တမ်းကောက်ဖို့ လိုအပ်ပါတယ်။ လူတွေရဲ့ လူမှုစိတ်နေစိတ်ထားနဲ့ ထုံးတမ်းတွေ ကို ထည့်သွင်းတွက်ချက်သင့်ပါတယ်။
    အရွယ်ရောက်ပြီး ကျားလူပျိုဦးရေဟာ အရွယ်ရောက်ပြီး အပျိုအားလုံးပေါင်းထက် များနေဖို့ လိုအပ်ပါ တယ်။ အဲသလိုဆိုရင် ဒီဥပဒေပြဋ္ဌာန်းထားတာဟာ သင့်တော်ကောင်း သင့်တော်နိုင်ပါတယ်။ ယောကျာ်းဦးရေ ထက် အမျိုးသမီးဦးရေ များနေမယ်ဆိုရင်တော့ ပိုနေတဲ့အမျိုးသမီးတွေကို ဘယ်သူစောင့်ရှောက်မှာလဲ စဉ်းစား စရာပါ။
    ထိုင်း၊ စင်္ကာပူမှာ ဥပဒေမပြဋ္ဌာန်းမီ စစ်တမ်းကောက်ယူလေ့ရှိပါတယ်။ ဘယ်လိုဘဲ စစ်တမ်းကောက် ကောက် ရလဒ်ကတော့ လွဲတတ်ပါတယ်။ စစ်တမ်းမကောက်ဘဲ တစ်လင်တစ်မယားဥပဒေကို ပြဋ္ဌာန်းလိုက်တာ ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။
    လေးစားစွာဖြင့်
    ဦးဖိုးဖြူ


                                           မြူ နှင်း(အေးရိပ်ငြိမ်)

ဝမ်းနည်းကြေကွဲခြင်း

ဝမ်းနည်းကြေကွဲခြင်း 

၂၀၁၅ စက်တင်ဘာလ ၂ ရက်နေ့၏ ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ရပ် တစ်ခု ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။ ဖြစ်စဉ်က ရဲဝန် ထမ်းများက တရားခံပြေးကို သ တင်းအရ သွားရောက်ဖမ်းဆီးစဉ် တရားခံဖြစ်သူက ဓားဖြင့်ခုခံထိုးနှက်သဖြင့် ရဲဝန်ထမ်းနှစ်ဦး ဖြစ်ကြသော ရဲအုပ်ဦးအောင်နိုင်နှင့် တပ်ကြပ်သူရလွင်ဆိုသူနှစ်ဦးတို့ ဓားဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြသည့် ဖြစ်ရပ်။

ထိုအဖြစ်အပျက်က ၀မ်း နည်းကြေကွဲဖွယ်ကောင်းလွန်း သည်။ ထွက်ပြေးရာဇ၀တ်သား တရားခံက ရဲတပ်ဖွဲ့ဝင်များကို ပမာမခန့်လုပ်လိုက်သည်ဟု ဆိုရ မည်လား။ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံး   ကိုမထီမဲ့မြင်ပြုလိုက်သည်ဟု ဆိုရ မည်လား မပြောတတ်တော့။ ရဲ ၀န်ထမ်းနှစ်ဦးလမ်းမပေါ်မှာ သွေး သံရဲရဲဖြင့် သေဆုံးနေသည် ဓာတ် ပုံများကို အွန်လိုင်းစာမျက်နှာမှာ ကြည့်ရင်း မြန်မာပြည်၏ တရား ဥပဒေစိုးမိုးမှုသည် မည်မျှကြောက်စရာကောင်းလောက်အောင်ပျက်ယွင်းနေသည်ကို သတိပြုမိရ တော့သည်။

  မြန်မာပြည်၏ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ ပျက်ယွင်းမှုကိစ္စကို ပြောဆိုဆွေးနွေးမည်ဆိုလျှင် ဘယ်ကစ၍ ဘာကိုပြောရမည် မသိ ဖြစ်နေတတ်သည်။ ပြောစ ရာ ဆိုစရာ ဆွေးနွေးစရာအ ကြောင်းအရာတွေက များလွန်း လှသည်။ တရားရုံးဆိုပါလျှင် လည်း တရားရုံးဖြစ်နေ၍၊ ရဲစခန်း ဆိုလျှင်လည်း ရဲစခန်းဖြစ်နေ၍၊ အုပ်ချုပ်ရေးရုံးဆိုလျှင်လည်း အုပ် ချုပ်ရေးရုံးဖြစ်နေ၍ ယခုတော့ ချို့ယွင်းချက်၊ အားနည်းများ ကြောင့် ရဲဝန်ထမ်းကို လူဆိုးက ပင် မလေးမခန့်ဖြစ်လာနေပြီဟု သာ ဆိုရတော့မည်။

ယခုတစ်လော  လပိုင်းတွင်း မှာပင် လူဆိုးက တရားဥပဒေစိုး မိုးရေးနှင့် သက်ဆိုင်သော အဖွဲ့ အစည်းများကို ရန်လိုသည့် ဖြစ် စဉ်တွေဆက်တိုက်ဖြစ်လာခဲ့ သည်ကို လူတိုင်းကြားသိပြီးဖြစ် မည်ထင်သည်။ အခြေအနေများ က ထိုမျှအထိ ဘယ်က၊ ဘယ်လို စတင် ပျက်စီးခဲ့၍ ဘယ်သူတွေက ဖျက်ဆီးသွားခဲ့သည်ဆိုသည်ကို လည်း ဘဲဥအစရှာမရသလို ဖြစ် ရသည်။

 အဓိကအချက်မှာတော့ လတ်တလော ဖြစ်စဉ်များအပေါ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး နိုင်ငံတော်သမ္မတ၏ (၁၇)ကြိမ် ပေးခဲ့သော လွတ်ငြိမ်းချမ်းသာခွင့် များတွင် မပြောပလောက်သော နိုင်ငံရေးအကျဉ်သားများကို လွှတ်ပေးစာရင်းပြကာ လက်တွေ့ တွင် ရာဇ၀တ်သား အများစုကိုသာ လွှတ်ပေးနေခဲ့ခြင်းက သတ္တုကျ လျက် ရှိသည်။ ထိုအချက်များ လည်း ငြင်းမရအောင် မှန်ကန် သောအချက်ဖြစ်နေမည်။

ကျွန်မအနေဖြင့်မူ ထို့ထက် ပို၍ အလေးအနက်ထား စဉ်းစား ချင်သည်။ ရဲဝန်ထမ်းများနှင့်ပတ် သက်၍ သတိတရရှိမိနေသည်က တော့ ငယ်စဉ်က ပုပ္ပားတောင် အရှေ့ဘက်မှ ကျွန်မ၏ ဇာတိ လက်ပန်ပျားမြို့နယ်ခွဲတွင် နေ ထိုင်ခဲ့ရသော ငယ်ဘ၀ကို ဖြစ် သည်။ ကျွန်မတို့ရွာမှာ လက် ထောက်မြို့ပိုင်ရုံးရှိသည်။ ကျေး လက်ကျန်းမာရေး ဆေးပေးခန်း ရှိသည်။ အလယ်တန်းကျောင်း ရှိ သည်။ ရပ်ရွာ၏ အစဉ်အလာ၊ ကျေးရွာလူထုက ရွေးချယ်တင် မြှောက်သော သူကြီးအုပ်ချုပ်ရေး စနစ်ရှိသည်။ ရဲစခန်းရှိသည်။

ကျန်သည့်ကိစ္စများကို အ သာထား၍ ရဲစခန်းအကြောင်းကို ရှေးဦးမဆွပြောချင်သည်။ ရဲ စခန်းမှာ စခန်းမှူး ရှိသည်။ ဒုစခန်းမှူးရှိသည်။ အကြပ်၊ ဒုအကြပ်နှင့် ရဲတပ်သားများစွာ ရှိသည်။ စခန်း မှူးကြီးသည် ရွာထဲ ရပ်ထဲသို့ လည်လေ့ ပတ်လေ့မရှိ။ အလွန် ဂုဏ်သိက္ခာရှိစွာ နေထိုင်သည်။ သင်္ကြန်တွင်းမှာ တစ်ကြိမ်၊ သီတင်းကျွတ်ကာလမှာ တစ်ကြိမ်၊ တစ် နှစ်လျှင် နှစ်ကြိမ်မျှသာ ရွာ၏ ဘုန်းတော်ကြီး ကျောင်းများထံ မိသားစုနှင့်အတူ ကန်တော့ရန် ထွက်လာတတ်သည်။ 

ထိုနည်းအ တူ အခြား အခြားရဲဝန်ထမ်းများ လည်း ရဲဝန်ထမ်းများထုံးစံနယ် လှည့်တတ်သည်မှအပ ရွာသူ ရွာ သားများနှင့် ရောရောနှောနှော နေထိုင်လေ့ မရှိသလို ရဲစခန်း၏ အချုပ်ခန်းမှာလည်း အချုပ်သား ဟူ၍ တစ်နှစ်နေ၍ တစ်ယောက် မရှိတတ်။ အဂတိလိုက်စားမှုဟူ သည်ကား လုံးဝမကြားဖူးသော ကိစ္စသာ ဖြစ်သည်။ ထိုသို့ဂုဏ် သိက္ခာရှိသော ရဲဝန်ထမ်းများကို နယ်တစ်နယ်လုံးကလည်း လေး စားရိုသေကြသည်။

ထို့နောက် ၁၉၆၂ ခု စစ်အာ ဏာသိမ်းပြီးချိန် ၁၉၆၅ လောက် မှာတော့ ကျွန်မတို့ရွာ၏ ရဲစခန်း ရှေ့တွင် မှောင်ခိုလုပ်ငန်းစစ်ဆေး ရေးအတွက် ရှာဖွေရေးဂိတ်တစ်ခုရှိ လာသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အုပ်ချုပ်မှု အောက်မှာ ဆိုကြပါစို့။ ထိုဂိတ် ဖွင့်ပြီးချိန်မှစတင်၍ ရဲဝန်ထမ်း တွေနှင့် ညှိလျှင် မှောင်ခိုကုန်တွေ လွတ်မြောက်နိုင်သည်။ အခြား လူထု၏ စားဝတ်နေရေးလုပ်ငန်း များလည်း တရားမ၀င်ဖြစ်လာရာ ရဲနှင့် ညှိထားမှ အလုပ်ဖြစ်ရာမှ ညှိနှိုင်းပေါက်ဈေး အဂတိလိုက် စားမှု ထွန်းကားလာသည်။

ဥပမာ-ယခင်က အမိန့်ရဘုံ ဆိုင်သည် ဆိုရှယ်လစ်စီးပွားရေး ဥပဒေအရ တရားမ၀င်။ ထို့ ကြောင့် အရက်ရောင်းစားသူ သည် ရဲနှင့်ညှိ၍ အလုပ်လုပ်ရ သည်။ ထိုနည်းအတူ ရေနံဆီမီး ခွက်ထွန်းရန် ရေနံဆီရောင်းစား သူကလည်း ရဲနှင့် ညှိပြီး လုပ်ကိုင် စားမှ အဆင်ပြေသည်။ ကိစ္စတိုင်း၊အရာရာတိုင်းလိုလိုပင် ဥပဒေအ ရ ရဲများသည် နေရာတကာမှာ ၀င်ပါခွင့်ရလာကာ ရဲတစ်ဦးချင်း လည်း နာမည်ပျက်လာသည်။ ရဲ တပ်ဖွဲ့တစ်ခုလုံးလည်း အဂတိ လိုက်စားမှုအကြား သံသရာလည်
သွားခဲ့သည်။

ကျွန်မတက္ကသိုလ် ကျောင်း သူဘ၀ ၁၉၇၄ အလွန်ကာလများ မှာတော့ ရန်ကုန်မြို့တော်ကြီးမှာ စစ်တပ်မှ အသွင်ပြောင်းလာ သော နေပြည်တော်ရဲဟူသော ၀တ်စုံသစ်ဖြင့် ရဲအသစ်တွေပေါ် လာသည်။ ထို့နောက် ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန လက် အောက်မှာ ရိုးရိုးအရပ်သားရဲ အရာရှိများ နည်းပါးသွားပြီး စစ် တပ်မှ အသွင်းပြောင်းရဲအရာရှိ ကြီးများ လွှမ်းမိုးလာသလို အဂ တိလိုက်စားမှုသတင်းများလည်း တိုးလာသည်။

 ယာဉ်ထိန်းရဲကို ယခင်က ငွေတစ်ဆယ်ပေးရသော အမှုအတွက် ငွေအစိတ်အထိ ကြေးမြင့်လာသည်။ ထိုသို့ဖြင့် ရဲဝန်ထမ်းများသည် တရားမ၀င် သတ်မှတ်သော ဥပဒေများကို ငွေ ညှစ်ဆက်ကြေးကောက်စားသော လူတန်းစားဟု ပြည်သူအမြင် ပြောင်းလဲလာပြီး ရိုသေလေးစားမှုတွေလည်း ပျက်ကွက်လာသည်။

တစ်ဖက်မှာ ကြည့်လျှင် ရဲ ၀န်ထမ်းတွေဘက်မှာလည်း ခံစား ချက်တွေ၊ ပြောစရာတွေ တိတ် တခိုးရှိနေနိုင်သည်။ အစိုးရ၏ စီမံ ခန့်ခွဲမှု အမှားများကြောင့် လစာ နှင့် မလုံလောက်ခြင်း၊ အခြား အထောက်အပံ့များ နည်းပါးသွား ခြင်းများသည်လည်း အဂတိ လိုက်စားမှု တိုးပွားလာခြင်း၏ အ ကြောင်းရင်းတစ်ခု ဖြစ်နေမည်။

 ကုန်လွန်ခဲ့သော နွေရာသီသင်္ကြန် ကာလက ကျွန်မ၏ ရွာသို့အလည် အပတ်ပြန်စဉ် ယခင်က အလွန် တောက်ပသစ်လွင်သော ရဲစခန်း အိမ်ရာများ ပြိုကျပျက်စီးဟောင်း နွမ်းဆွေးမြည့်နေသည်ကို မြင်ခဲ့ရ ၍ (သူတို့ဘယ်လိုများ နေထိုင်နေ ကြသလဲ)’’ဟု အောက်မေ့ခဲ့မိ သည်။

ရန်ကုန်မြို့တော်ကဲ့သို့ မြို့ တော်ကြီးမှာကော ဘာတွေဖြစ် ပျက်နေသနည်း။ တစ်ခါက ကျွန်မ၏ သူငယ်ချင်းဖြစ်သူက ‘‘တို့အမျိုးသားက အရက်မူးရင် အရမ်းသောင်းကျန်းတယ်။ အိမ် မှာ မှန်တွေခွဲ၊ နံရံတွေကို လက် သီးနဲ့ထိုး၊ တို့ကိုလည်း ရန်ရှာ လွန်းလို့။ ၁၉၉ ကို ဖုန်းဆက်ရင် လည်း ကိုင်မယ့်လူ မရှိဘူး။ မူး လာရင် တို့အမျိုးသားကို ရဲစခန်း မှာ တစ်ညလောက်ခေါ်ထားပေး ဖို့ ရဲကိုအကူအညီတောင်းချင် တယ်။ ရဲစခန်းကို အဖော်လိုက် ခဲ့ပေးပါ’’ဟု ဆိုလာသဖြင့် ရဲစခန်း တစ်ခုအတွင်းသို့ ရောက်ခဲ့ဖူး သည်။

နံနက်ခင်းတစ်ခု၏ ရဲစခန်း အတွင်း ရောက်ရှိသွားစဉ် ရဲစခန်း အတွင်းမှာ ရဲအရာရှိနှစ်ဦး၊ ရဲ တပ်ကြပ်ကြီး နှစ်ဦးနှင့် ရိုးရိုးရဲ သား တစ်ဦးသာ ရှိနေသည်။ ကျွန်မကပင်စတင်၍ ‘‘ကျွန်မတို့ အကူအညီတောင်းချင်လို့ပါ။ စခန်းမှာ ရဲအင်အား မလုံလောက် တာလည်း သိပါတယ်။ အလုပ် များကြတယ်ဆိုတာလည်း နား လည်ပါတယ်။ 

ဒါပေမဲ့ ကျွန်မတို့ မှာလည်း အခက်အခဲ ရှိနေလို့ အကူအညီပေးဖို့လာပြီး မေတ္တာ ရပ်ခံတာပါ’’ဟု မိတ်ဆက်ပြီး အကျိုးအကြောင်း ပြောပြခဲ့သည်။
ထိုအခါ ရဲတပ်ကြပ်ကြီးက စတင်၍ ‘‘အစ်မကြီးတို့လို နား လည်မှုရှိရှိဆိုရင် ကျွန်တော်တို့က လည်း ကူညီဖို့အဆင်သင့်ပါ။ ရဲ တွေ ဒုက္ခဘယ်လောက်ကြီးတယ် ဆိုတာ မသိဘဲ ရဲမကောင်း ကြောင်းပြောကြတယ်။ ကျွန်တော့်နာမည် လှသောင်း(အမည်ပြောင်း)။ လှသောင်းမကောင်းရင် လှသောင်းမကောင်းဘူးပြောချင်ပြော။ ရဲ မကောင်းဘူးမပြောနဲ့။

 လစာ ထုတ်ရင် အထက်ကဟိုဟာဖြတ်၊ ဒီဟာဖြတ်၊ ဖြတ်လိုက်တာနဲ့ လ စာက နှစ်ပဲတစ်ပြားပဲ ကျန်တယ်။ တစ်ပတ်နှစ်ရက် တန်းစီရတယ်။ အင်္ကျီကြယ်သီးတစ်လုံး ပြုတ်နေ ရင် ပါးရိုက်ခံရတယ်။ ၀တ်စုံပေး သလားဆိုတော့ မပေးဘူး။ ကိုယ့် ၀တ်စုံ ကိုယ်ဝယ်ဝယ်ရတယ်။ ဖိနပ်တစ်ရန် တစ်သောင်း။ ကိုယ်ပိုက်ဆံနဲ့ ကိုယ်ဝယ်။ အခု ကျွန်တော်နေတဲ့ ရဲတန်းလျားမှာ ထုပ်တန်းကြီး ပြုတ်ကျပြီး မိုးယိုနေလို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပြင်ရဦးမယ်’’
‘‘ရဲမှာ ရဲအင်အားလည်း မရှိ ဘူး။

 လူဆိုးက ပရာဒို၊ လင်ခရူ ဇာ၊ ပါဂျဲရိုးစီးနေချိန်မှာ ရဲမှာ ဖွတ် ချက် ဖွတ်ချက် ကားစုတ်ပဲ ရှိတယ်။ ကျွန်တော်ဘူးသီးတောင်၊ မောင်တောမှာ သုံးနှစ်တာဝန် ထမ်းဖူးတယ်။ ဒီဘက်ကမ်းမှာ တပ်က ဗိုလ်မှူးအုပ်ချုပ်တယ်။ ဗိုလ်မှူးဆိုတာ ဘူးသီးတောင်၊ မောင်တောလိုနေရာမှာ ဗိုလ်ချုပ် ကြီး တစ်ယောက်လောက် အာ ဏာပါဝါရှိတယ်။ ဒီဘက်က ဗိုလ် မှူးစခန်းပြောင်းတာ မော်တော် ဘုတ်လေး ဖွတ်ချက်၊ ဖွတ်ချက်နဲ့ စခန်းပြောင်းရတယ်။ 

ဟိုဘက်က ရဲတပ်သားလေးစခန်းပြောင်းတာ ဟတ်စကီးနဲ့ ပြောင်းတယ်။ ကျုပ် တို့နိုင်ငံ ဘယ်တော့ သူများတိုင်း ပြည်ရဲ့ အဆင့်ကိုမီမလဲ။ ဘယ် ခါမှ မမီတော့ဘူးထင်တယ်။ ရဲ ဘ၀၊ ရဲအကြောင်းလည်း ရဲပဲ သိ တယ်။ အထက်က ဘာပေးလဲ။ ဘာမှ မပေးဘူး။ အထက်က ပေး တာ ဒုက္ခ၊ ဒုက္ခ။ ဒုက္ခပဲ ရှိတယ်’’ ဟု စကားကို ဒလဟောကြီး ပြော ချခဲ့လေသည်။

ကျွန်မ ကချင်ပြည်နယ်တွင်  အလုပ်တာဝန်ကျစဉ်ကတော့ ကိုယ့်လူနာလည်းဖြစ်၊ စခန်းမှူး တစ်ဦးလည်း ဖြစ်သူက ပြောပြ ဘူးသည်။ ‘‘ဖားကန့်နယ်မြေကိုဝင် နေတဲ့ ကားကြီး၊ ကားကောင်းတွေ ပေါ်မှာ ဘယ်ကားမှာ မူးယစ်ဆေး ၀ါးတွေပါတယ်ဆိုတာ ကျွန်တော် တို့မသိမရှိပါဘူး။ မဖမ်းရဲပါဘူး။ သွားဖမ်းလိုက်လို့ သူ့နောက်ခံ ဘက်ဂရောင်းက ဘာတွေရှိမှန်း မသိဘူး။ 

ကျွန်တော်ဖမ်းလိုက်လို့ ကျွန်တော်ဒီနေရာက လွင့်ထွက် သွားမယ်၊ အလုပ်ပြုတ်သွားမယ် ဆိုရင် ကျွန်တော့်မိသားစု ဒုက္ခ ရောက်သွားမှာပေါ့’’ဟု ပြောဆိုခဲ့ သည်ကို ကြားခဲ့ရဖူးသည်။ ဒီလို နှင့် နိုင်ငံသားကောင်း၊ ရဲဝန်ထမ်း ကောင်းဖြစ်ရန် ခက်ခဲလာရင်း ဝေ စား၊ မျှစား၊ ညှိစား အဂတိ တရားတွေအကြားမှာ သံသရာ လည်နေသည်လား မပြောတတ် တော့ပါချေ။

လတ်တလောမှာတော့ ရဲ ၀န်ထမ်းတွေအကြားမှာ စခန်းမှူး လောက်မှ ကျည်ဆန်ထည့်ထား သော သေနတ်ကိုင်ခွင့်ရှိသည်။ သာမန်ရဲဝန်ထမ်းများ ကျည်ဆန် ထည့်ထားသော သေနတ်ကိုင်ခွင့် မရှိ၊ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးပြီးနောက် တစ်နေ့လျှင် တစ်ယောက်နှုန်း တရားခံပြန်ဖမ်းပေးရမည်ဟု ဖိအားပေးခံရ သည်။

 တရားခံကို သတ်မှတ်စံချိန်ဝင်အောင် မဖမ်းနိုင်လျှင် အရေးယူခံရနိုင်၍ မဖြစ်မနေ ကြိုးစားဖမ်းကြရာက  အလျင်စလို ဖမ်းပေးကြရ ပြန်ရာ ရာဇ၀င်လူဆိုးများ၏ တုံ့ ပြန်ခုခံမှုတွေ တွေ့ကြုံခံစားရ သည်ဟုလည်း ကြားရပြန်သည်။
သေချာသည်မှာ ရဲတပ်ဖွဲ့ တွင် ၀န်ထမ်းအင်အား မလုံ လောက်။ ရဲဟူသည်မှာ လူထုနှင့် အမြဲထိတွေ့နေရပြီး လူထု၏ ပြဿနာကို လင်နှင့်မယားရန်ဖြစ် သည့် ကိစ္စမှစ၍ လူသတ်မှုအဆုံး ပြဿနာမျိုးစုံကို ဖြေရှင်းပေးရ လေ့ရှိသော ဌာနတစ်ခု။ တရား ဥပဒေစိုးမိုးရေးအတွက် အာဆီယံနိုင်ငံများ၏ စံနှုန်းအရ နိုင်ငံ သားလူဦးရေ ၄၀၀ ခန့်မှာ ရဲဝန်ထမ်းတစ်ဦးနှုန်းခန့် ထား သင့်သော်လည်း ယခုအချိန်တွင် ရဲအင်အားမှာ ၀န်ထမ်းဦးရေ မပြည့်။ ထက်ဝက်အချိုးမျှသာ ရှိနေသေးသည်ဟု ဆိုနေသည်။

တိုင်းပြည်၏ ဆင်းရဲမွဲတေ မှုကြောင့် ရာဇ၀တ်မှုများက ပိုမို များပြားလာသလို မကြာခဏပေး နေတတ်သော နိုင်ငံရေးသမား များကို လွှတ်ပေးသယောင် ယောင်နှင့် ရာဇ၀တ်သားအများစု ကိုသာ ကိန်းဂဏန်းကြီးကြီးဖြင့် ပြန်လည်လွှတ်ပေးနေသော နိုင်ငံ တော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ခွင့် အမိန့်များကြောင့်လည် လူ ဆိုး၊ သူခိုးများက ရာဇ၀တ်မှု ကျူး လွန်ရန် မ၀ံ့မစားမဖြစ်တော့ဘဲ ပိုမိုရဲတင်းလာနေသည်ဟု ဝေဖန် မှုတွေ ရှိနေသည်။

ယခုစက်တင်ဘာ ၂ ရက် နေ့က ဖြစ်ပျက်ခဲ့သော ရဲဝန်ထမ်း နှစ်ဦး အသတ်ခံရမှုတွင် တရားခံ ကို  နာရီပိုင်းမျှသာအချိန်ခြားပြီး ဖမ်းဆီးရမိခဲ့သော်လည်း ဖမ်းဆီး စဉ် ရဲဝန်ထမ်းများမှာ ရဲဝတ်စုံ လည်း ၀တ်မထား။ တရားခံကို တင်ဆောင်သွားသော မော်တော် ယာဉ်မှာလည်း အရပ်သုံးတက္ကစီ တစ်စီးဖြစ်နေသည်ကို အံ့သြမိ သည်။ သြော်..မြန်မာနိုင်ငံရဲတပ် ဖွဲ့ကြီး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီး။ စိတ်လည်ပျက်မိသည်။ သနားရ တော့မလိုလိုလည်း ခံစားရသည်။

သို့သော်..သို့သော် နိုင်ငံရေးသမားများကို ဖမ်းစဉ်၊ ဆီးစဉ်၊ ထိန်းသိမ်းစဉ် အချိန်များမှာတော့ ရဲဝတ်စုံလည်း ပြည့်စုံသည်။ လူ အင်အားလည်း ရှိသည်။ ရဲမော် တော်ယာဉ်များကလည်း တ၀ီဝီ ဆိုပြန်တော့ ဘာတွေက ဘယ်နေ ရာမှာ လွဲချော်နေသနည်း။

 မဆို တတ်၊ မပြောတတ်၊ မတွေးတော တတ်အောင် ဖြစ်ရပြန်သည်။ ကျောင်းသားများ ဆန္ဒပြပွဲအတွက် အသက် (၁၅)နှစ်သား ကျောင်း သားကလေးကို ရဲဝန်ထမ်းအစိတ်၊သုံးဆယ်က ၀ိုင်းဝန်းရိုက်နှက်ဖမ်း ဆီးနေပုံသည် အာဏာပိုင်အဖွဲ့ အစည်း၏ ရက်စက်မှုကို မှတ် တမ်းတင်မှုတစ်ခုဖြစ်ခဲ့သည်။

မည်သို့ပင် ဆိုပါစေ။ မိမိ နိုင်ငံမှ ရဲတပ်ဖွဲ့ကြီးကို ခိုင်မာစေ ချင်သည်။ အင်အားရှိစေချင် သည်။ ၀တ်စုံမှအစ ကိုယ့်စရိတ် ကိုယ်စိုက်ထုတ်ဝယ်ယူပြီး အကြံအဖန်ငွေရှာရင်း ဆက်ကြေးကောက်ဘ၀မှလည်း လွတ်မြောက်စေချင်သည်။ တပ်မတော်မှအသွင်ပြောင်းလာသော အရာရှိကြီးများကြောင့် အထက်ရာထူး တက်လမ်းပိတ်ကာ ရဲဝန်ထမ်းကောင်းဖြစ်ဖို့ထက် မိသားစု စားဝတ်နေရေးပြေလည်ရန်သာ အဓိကဟု သဘောထားနေရသည့် ဘ၀များမှလည်း လွတ်မြောက်စေချင်သည်။

 လူဆိုး၊ သူခိုးတွေက တစ်ရာ၊ နှစ်ရာ၊ ရဲတပ်သားလေးမှာ တစ်ယောက်တည်းဆိုသည့် အခြေအနေမှလည်း ကျော်လွှားနိုင်စေချင်သည်။ အထက်အထက်က ဒုက္ခ ဒုက္ခပဲပေးတယ်ဟူသော အခြေအနေမျိုးလည်း ကုန်ဆုံး လွတ်မြောက်စေလိုသည်။
တစ်ခါက ကျွန်မရေးခဲ့ဖူး သည်။ ဂျပန်နိုင်ငံတွင် နေထိုင်စဉ် က ကျွန်မနေထိုင်ရာ နေအိမ်နှင့် ကိုက်တစ်ရာအကွာ လမ်းထိပ် တွင် လူသတ်မှုတစ်ခုဖြစ်သွားခဲ့၍ ကျွန်မတို့ မြန်မာလူမျိုးများပေါင်း နေထိုင်ရာ အိမ်ခန်းကို ဂျပန်ရဲ ကားအစီးနှစ်ဆယ်၊ ရဲအင်အား ရာဂဏန်းဖြင့် ၀ိုင်းခံရဖူးခဲ့သည့်  အကြောင်းပင် ဖြစ်သည်။

 နိုင်ငံ ခြားသား အိမ်ခန်းဖြစ်၍ စစ်ဆေး ခံရခြင်း ဖြစ်သည်။
ထိုစဉ်က ရဲမှူးကြီးတွေ လက်နက်အပြည့်အစုံနှင့် ကိုယ်တိုင်ဆင်းသည်။ ၀ုန်းခနဲ၊ ဒိုင်းခနဲ အိမ်ခန်းအတွင်းသို့ ရဲတွေမည်သို့၊ မည်ပုံရောက်လာ မှန်းပင် မသိလိုက်။ တကယ်ကို အင်အားရှိလှသည်။ ထိုဖြစ်စဉ်တွင် ကိုယ့်မိသားစုက လူသတ်မှုနှင့် ဘာမျှ မသက်ဆိုင်၍ ဘာမျှ မဖြစ်လိုက်။

 အတူနေထိုင်သော လူငယ်လေးများကို နာရီပိုင်းမျှ စခန်းသို့ခေါ်ယူစစ်ဆေးခံရရုံမျှသာ ဖြစ်ခဲ့သည်။ ကျွန်မအတွက်တော့ တိုးတက်သော တိုင်းပြည်တစ်ခု၏ ရဲတပ်ဖွဲ့၏ လုပ်ငန်းလုပ်ဟန်အ တွေ့အကြုံရခဲ့သည်။ တို့တိုင်း ပြည်မှာ ဒီလိုရဲတပ်ဖွဲ့မျိုးဘယ် တော့ရရှိနိုင်မလဲဟုလည်း တောင့်တမိသည်။

ကျွန်မတို့ တိုင်းပြည်မှ ရဲ တပ်ဖွဲ့ကိုလည်း တိုင်းသူပြည် သားက အားကိုးအားထားပြု လောက်သော ရဲတပ်ဖွဲ့ကြီးဖြစ် စေလိုသည်။ ထိုသို့ဖြစ်လာရန် ဘာတွေလိုအပ်မည်နည်း။ ရဲတပ် ဖွဲ့မှာ ရဲ၏လုပ်ပိုင်ခွင်မှတစ်ပါး အခြားတစ်စုံတရာ လွှမ်းမိုးမှု မရှိ သော ရဲတပ်ဖွဲ့ဖြစ်ရန် ပြန်လည် ပျိုးထောင်ရမည်။ 

၁၉၉ ကို ဖုန်း ဆက်လျှင် ချက်ချင်းလက်ငင်း အရေးတယူ ဖုန်းကိုင်သော ရဲ။ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများကို ပိုင်ရှင်ကိုပါ ဖမ်းနိုင်သော ရဲ။ သုံး လောင်းပြိုင်၊ ငါးလောင်းပြိုင် လူ သတ်မှုများကို ဖော်ထုတ်နိုင်စွမ်း ရှိသောရဲ၊ ရဲချုပ်ရာထူးအထိ ရာ ထူးတက်ခွင့်ရှိသော ရဲ။ လူဆိုး ထက် အဆင့်မြင့်သော ယာဉ်၊ လက်နက် သုံးစွဲနိုင်သော ရဲ။ ကိုယ်ခံပညာများပါ တတ်မြောက်သော ရဲ။ 

ဝန်ထမ်းအိမ်ရာတွေမှာ လုံခြုံနွေးထွေးမှုဖြင့် နေနိုင်သောရဲ။ကိုယ့်ဝတ်စုံ ကိုယ်ဝယ်မ၀တ်ရ သော ရဲ။ လူဆိုးက ဓားနှင့်ထိုးခံရ ၍၊ ဓားနှင့်ခုတ်ခံရ၍ မသေသော ရဲ။ ပြည်သူအတွက် စိတ်လုံခြုံမှု ရှိစေ ရန် ကာကွယ်မှုပေးနိုင်သော ရဲ။ ထိုထိုရဲတပ်ဖွဲ့မျိုးကို တိုင်းသူ ပြည်သားတိုင်းကလည်း တောင့် တနေမည်ထင်မိပါသည်။

  မူလဘူတအစမှ ပြန် ကောက်ရလျှင် ရဲတပ်ဖွဲ့၏အ ရည်အသွေးများ ကျဆင်းသွားရ ခြင်းမှာ ၁၉၆၂ တွင် စစ်အာဏာ သိမ်းယူခဲ့သော အာဏာရှင်ကြီး ဦးနေ၀င်း၏ သူ့တပည့်လက် သားရင်း စစ်တပ်အရာရှိများကို သာ သူ့ကိုမတော်လှန်ဘူးဟု စိတ် ချပြီး အရပ်ဘက်ဝန်ထမ်းအမျိုး အစားဖြစ်နေသော ရဲများကို လူ ထုနှင့် ပေါင်းစည်းသွားနိုင်သူများ အဖြစ် ယူဆချက်ကြောင့် သူ့ အားတော်လှန်ပုန်ကန်မည်ကို စိတ်မချရာမှ လူအင်အား၊ လက် နက်အင်အား မဖြည့်တင်းပေးခဲ့ ရာမှ စတင်ခဲ့သော အမှားဟု ထင် မိသည်။

 နိုင်ငံတစ်ခုကို စီမံခန့်ခွဲ သည့် အကြောက်တရားနှင့် မှောက်မှားမှု စနစ်အမှားများ သည် နိုင်ငံ၏တရား ဥပဒေစိုးမိုး မှုကို ကြာလာလေလေ ထိခိုက် နစ်နာလေလေ ဆိုသည်ကိုမူ တာ ၀န်ရှိသူတိုင်းက သတိမူမိစေချင် သည်။
နိဂုံးချုပ်အနေဖြင့် သန်လျင် မြို့မှာ လူဆိုးလက်ချက်ဖြင့် အ သက်ပေးဆုံးပါးခဲ့ရသော ရဲဝန် ထမ်းများအတွက် အထူးကြေကွဲ ၀မ်းနည်းမိပါကြောင်း မှတ်တမ်း တင်ဂုဏ်ပြုလိုက်ပါသည်။

                                         မြူ နှင်း(အေးရိပ်ငြိမ်)


ကော့သောင်းမြို့ ရန်ကုန် ဆေးခန်း၏ နမော်နမဲ့ လုပ်ရပ်များ အမြန်ပြင်သင့်

ကော့သောင်းမြို့ ရန်ကုန် ဆေးခန်း၏ နမော်နမဲ့ လုပ်ရပ်များ အမြန်ပြင်သင့်

ကော့သောင်းမြို့တွင် ဒေါက်တာလှဝင်း သည် ဆေးခန်းသို့လာရောက်သော
လူနာများအား စကားပြောမောက်မာခြင်း နောက်သလိုပြောင်သလို နှင့် လူနာအားမခံချိမခံသာအောင်ပြောဆိုခြင်း လူနာများအား သူကိုယ်တိုင်စမ်းသပ်ကုသခြင်းမျိုးမဟုတ်ဘဲ ဆေးခန်းအကူ ကောင်မလေးများနှင့် ပြီးစလွယ် စစ်ဆေးခိုင်းခြင်း ပြီးစလွယ်စစ်ဆေးထားသောစစ်ချက်နှင့် ဆေးထိုးမှားခြင်းများ။ ထိုဆေးခန်းမှ ဆေးထိုးပြီး အောက်ပိုင်းချိသွားသူများ ခြေတစ်ဘက်တရွတ်တိုက်ဆွဲသွားသူများ မကြာမကြာ ကြားသိနေရပါသဖြင့် တာဝန်ရှိပိုဂ္ဂိုလ်များမှ နားထင်သို့သွေးရောက်နေသော(၀ါ)သွေးနထင်ရောက်နေသော ထိုဒေါက်တာလှဝင်းအား ထိရောက်စွာ ကိုင်တွယ် အရေးယူနိုင်ပါရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ ယ္ခုလက်ရှိ ကော့သောင်းဆေးရုံတွင်အေးရိပ်ငြိမ်မှအမျိုးသား လူနာတစ်နာတစ်ယောက် အကောင်းစစ်စစ် အာဂတ္တှုအနာမှ သူ၏ဆေးခန်းတွင် ဆေးထိုးမှားပြီး ကိုယ်တစ်ခြမ်းလေမိသလိုဖြစ်နေပါသဖြင့် မယုံသူများ သွားရောက်စုံစမ်းကြည့်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ 
ပိုဂ္ဂိုလ်ရေးတိုက်ခိုက်မှု့တစ်စုံတရာမပါဘဲ အပြုသဘောဆောင်ဖေါ်ပြခြင်းသာဖြစ်ပါသည်။ 

                                           မြူ နှင်း(အေးရိပ်ငြိမ်)