အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 19 augusti 2015

သင်ထားလေ့ကျင့်ထားတာက


သင်ထားလေ့ကျင့်ထားတာက သတ်နည်းဖြတ်နည်း
ဖြစ်လာတော့ ကျမ်းမာရေးဝန်ကြီးတဲ့

သင်ထားလေ့ကျင့်ထားတာက ရေဗူးပေါက်တာမလိုချင်ဘူး ရေဘဲ့လိုချင်တယ်တဲ့
ဖြစ်လာတာက ပညာရေးဝန်ကြီးတဲ့

သင်ထားလေ့ကျင့်ထားတာက ဖြိုနည်း ဖျက်နည်း ဗုံးခွဲနည်း
ဖြစ်လာတာက ဆောက်လုပ်ရေးဝန်ကြီးတဲ့

သင်ထားလေ့ကျင့်ထားတာက ရန်သူဆို ကျူ ပင်ခုန်ကျူ ငုတ်တောင်မကျန်စေနဲ့တဲ့
ဖြစ်လာတာက ယဉ်ကျေးမှု့ဝန်ကြီးတဲ့

သင်ထားလေ့ကျင့်ထားတာက စစ်နဲ့အချစ်မှာ မတရားတာမရှိဘူးတဲ့
ဖြစ်လာတာက သာသနာရေးဝန်ကြီးတဲ့

   ကောင်းကြသေးရဲ့လား

                         မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar