အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 19 augusti 2015

သူရဦးရွှေမန်း ဆန္ဒအမှန်

သူရဦးရွှေမန်း ဆန္ဒအမှန်
သူရဦးရွှေမန်းက မကြာသေးမီအချိန်ပိုင်းကပင် သူ၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် “မိမိ၏ဆန္ဒအမှန်” ဟုခေါင်းစဉ်တပ်ကာ ပြည်သူများကို တိုင်တည်၍ စာပိုဒ် ၇ပိုဒ်ပါ ထုတ်ပြန်ချက်တစ်စောင် တင်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် လွှတ်တော်ကို ဒီမိုကရေစီနှင့်အညီ အသက်ဝင်အောင် ဆောင်ရွက်ခဲ့ချိန်မှစ၍အခက်အခဲများကြုံတွေ့ခဲ့ပြီး နောင်တွင် အခက်အခဲထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီးလုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟုလည်း ကြိုတင်သုံးသပ်မိခဲ့ပါသည်ဟု ရေးသားထားသည်။
  ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပြည်သူအတွက် ဘဝပေး၍ ဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ၎င်းကြောင့် ပြည်သူများ ဒုက္ခ၊အခက်အခဲ မတွေ့စေရန်နှင့် ပြသနာများမဖြစ်စေရန် သတိနှင့် ယှဉ်ကာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ထိုအချက်ကို သစ္စာပြုထားကြောင်းဖော်ပြထားသည်။
သူရဦးရွှေမန်း၏ ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မိမိ၏ဆန္ဒအမှန်
------------------
❖ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးသာ အဓိကဦးတည်ဆောင်ရွက်ရန်မှာ မိမိ၏ဆန္ဒအမှန် ဖြစ်သည်။
❖ နိုင်ငံနှင့် နိုင်ငံသားများ ဒုက္ခရောက်စေနိုင်သော မည်သည့်ကိစ္စကိုမှ မိမိမလုပ်သကဲ့သို့ အခြားသူများကိုလည်း မလုပ်စေလိုပါ။
❖ ထိုစိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်ရာတွင် အခက်အခဲ၊ အကျပ်အတည်း၊ အတားအဆီးများစွာ ရှိနိုင်သည်ကို မိမိသိရှိထားပါသည်။
❖ မိမိအနေဖြင့်လည်း အသက်အရွယ်ရရှိလာပြီဖြစ်၍ လုပ်ဆောင်ရန် အချိန်များစွာ မကျန်တော့ပါ။ ကံအားလျော်စွာ ပြည်သူ့ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဌအဖြစ် ရောက်ရှိလာချိန်တွင် ပြည်သူအတွက် လုပ်ဆောင်ရန် အခွင့်အလမ်း ပိုမိုရရှိခဲ့ပါသည်။
❖ လက်ညှိုးထောင်ခေါင်းညိတ် (မည်ကာမတ္တ လွှတ်တော်မျိုး)ကိုသာ တစ်ချို့က ဖြစ်စေလိုချိန်တွင် မိမိတို့က လွှတ်တော်သည် နိုင်ငံ၏ အသက်ဝိညာဉ်၊ အသက်သွေးကြောဖြစ်ကာ "လွှတ်တော်မရှိ ဒီမိုကရေစီ မရှိ၊ လွှတ်တော်ရှိမှ ဒီမိုကရေစီရှိသည်" ဟုခံယူပြီး ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ အခက်အခဲများစွာ ကြုံတွေ့လာရပါသည်။
❖ နောင်တွင် အခက်အခဲထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီးလုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟုလည်း ကြိုတင်သုံးသပ်မိခဲ့ပါသည်။
❖ ပြည်သူ့ကိုယ်စားလှယ်အဖြစ် တာဝန်ရှိလာသည့် (၅)နှစ်တာကာလအတွင်း ပြည်သူ့အတွက် ဘ၀ပေး၍ လုပ်ဆောင်သွားမည်ဟုလည်း အကြိမ်ကြိမ် မိမိကိုယ်မိမိ ကတိသစ္စာပြုကာ အားပေးခဲ့ပါသည်။
❖ ထိုသို့ဆောင်ရွက်ရာတွင် မိမိကြောင့် အများပြည်သူများ ဒုက္ခမတွေ့စေရ၊ အခက်အခဲမတွေ့စေရ၊ ပြသနာများမဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ( "ပြည်သူအားလုံး" ဆိုသည်မှာ "အားလုံးသောနိုင်ငံသားများ" ကို သစ္စာပြုထားခြင်း ဖြစ်ပါသည်။)
အများအကျိုးဆောင်ရွက်နိုင်ကြပါစေ..။
သူရဦးရွှေမန်း


                                       မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar