အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 29 maj 2015

ကော့သောင်းမြို့ပေါ်မှ စာလဖီ ဆိုသူများ အတွက်

 ကော့သောင်းမြို့ပေါ်မှ စာလဖီ ဆိုသူများ အတွက်

ကော့သောင်းမြို့ပေါ်တွင် မွတ်စ်လင်မ်များထဲမှ လမ်းလွဲလိုက်နေသော အုပ်စု စာလဖီဆိုသူများပေါ်ပေါက်လာသည်မှာ လေးငါးနှစ်ခန့်ပင်ပြည့်ခဲ့ပြီ  ထိုအုပ်စုများသည် အီစလမ်ဘာသာရေးအား ဇောက်ထိုးမိုးမျော် လုပ်ချင်သလိုလုပ်သည့်အတွက် ကော့သောင်းမြို့ပေါ်မှာ စွန္နီမွတ်စ်လင်များမှာ မပြောသာ မပြောပြန်ရင်လည်း ရောင့်တက်လာသည်များနှင့်စိတ်ရှုပ်စရာကြုံတွေ့ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ပါသည် ။  ထိုအခါစန္နီမွတ်စ်လင်မ်များမှ နာရေးကူညီမှုအသင်းသည် မွတ်စ်လင်မ်ချင်းချင်းဖြစ်သော်လည်းအယူဝါဒ ပြောင်းပြန်လုပ်နေသည့် စာလဖီများကို သေသည့်အခါတွင် ကူညီလုပ်ဆောင်ပေးမှုမရှိ တော့သောကြောင့် စာလဖီများ သေပန်းမလှဖြစ်နေသည့်အတွက် အများသိစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။  

                                          မြူ နှင်း(အေးရိပ်ငြိမ်)

ဆက်ဘလတ္တာ ဖီဖာဥက္ကဌ ၅ ကြိမ်ဆက် ဖြစ်လာ

ဆက်ဘလတ္တာ ဖီဖာဥက္ကဌ ၅ ကြိမ်ဆက် ဖြစ်လာ

 

ဖီဖာကို ပြန်လည် ပြင်ဆင်သွားမယ့် ဆက်ဘလတ္တာ ဖီဖာခေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်မှာ အဂတိ လိုက်စားမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဆွစ်ဇာလန်တို့ က စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတဲ့ ကြားက ကျင်းပခဲ့တဲ့ ဥက္ကဌ ရွေးကောက်ပွဲမှာတော့ လက်ရှိဥက္ကဌ ဆက်ဘလတ္တာပဲ ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။
သူနဲ့အတူ ယှဉ်ပြိုင် ရွေးချယ်ခံခဲ့တဲ့ ဂျော်ဒန်က မင်းသား အလီဘင် ဟူစိန်က ဒုတိယအကြိမ်မဲပေး ရွေးချယ်မယ့် အချိန်မှာ နုတ်ထွက်သွားခဲ့တာကြောင့်ဖြစ်ပါတယ်။

အဲဒီလို ရွေးချယ်ခံရတဲ့နောက် မစ္စတာဘလတ္တာက မိန့်ခွန်း ပြောကြားခဲ့ရာမှာ တချက်တချက် ဟိုရောက်ဒီရောက် ဖြစ်သွားတာမျိုးတွေ ရှိပေမယ့် သူ့နောက်မှာ သူ့နေရာ ဆက်ခံသူ အတွက် ခိုင်မာ တောင့်တင်းတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကြီးကို ချန်ထားနိုင်ဖို့ အတွက် သူကြိုးစား သွားမယ့် အကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။

မစ္စတာဘလတ္တာက ဖီဖာကို သူ ပြန်လည် ပြင်ဆင်သွားမှာ ဖြစ်တယ်။ အခုက စလို့ နောက်ရက်လ ကြာတဲ့တိုင် လုပ်သွားမယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် သူ့သက်တမ်း ကုန်တဲ့အခါမှာ မုန်တိုင်းကြမ်းက လွတ်မြောက်လာခဲ့ပြီး ဖြစ်တဲ့ ခိုင်မာတဲ့ ဖီဖာ အဖွဲ့အစည်းကြီးကို လွှဲပြောင်းပေးခဲ့ မယ်လို့ ပြောသွားခဲ့ပါတယ်။

                                            မြူ နှင်း(အေးရိပ်ငြိမ်)

အချစ်သော့ခလောက်တွေ ဖြုတ်တော့မယ်

အချစ်သော့ခလောက်တွေ ဖြုတ်တော့မယ်

 

                               ပါရီမြို့တော်က အချစ် သော့ခလောက်များ

 ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ဆန်းမြစ်ပေါ်မှာ ရှိတဲ့တံတားတွေမှာ ကမ္ဘာတဝှမ်းကလာကြတဲ့ ချစ်သူ စုံတွဲတွေ လက်တွဲ မဖြုတ်စတမ်း အထိမ်းအမှတ် အဖြစ် သော့ခလောက် တွေကို တံတား သံဘောင်မှာ ချိတ်ပြီး သော့တွေကို မြစ်ထဲ ပစ်ချ လေ့ရှိပါတယ်။
အခုတော့ မြို့တော်တွင်း ဆန်းမြစ် ပေါ်က Pont des Arts bridge လို့ ခေါ်တဲ့ တံတားမှာ အချစ်သော့ခလောက် ပေါင်း ၁ သန်း လောက်နဲ့ ဖုံးကာနေသလို အလေးချိန်ကလည်း တန် ၅၀လောက် ရှိလာလို့ သော့တွေရဲ့အလေးချိန်များလာလွန်းလို့ အန္တရာယ် ရှိလာနိုင်တဲ့ အတွက် သော့တန်ချိန် ၄၅ တန်ကို ဖြုတ်ပစ်တော့မယ်လို့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

လာမယ့် တနင်္လ࿿ာနေ့မှာ စပြီး ဖြုတ်သွားမှာ ဖြစ်ပြီး နောင်မှာ သံဘောင်တွေ နေရာမှာ မှန်ဘောင်တွေနဲ့ အစားထိုးသွားမယ် လို့ဆိုပါတယ်။ မနှစ်တုန်းကလည်း အဲဒီတံတားရဲ့ အစိတ်အပိုင်းတခု သော့တွေရဲ့ အလေးချိန်ကြောင့် ကျိုးကျခဲ့ပါတယ်။ အဲဒီနေရာကိုလည်း အခု ပြန်အစားထိုး တပ်ဆင်နေပြီ ဖြစ်ပါတယ်။

အဖြူရောင်ကတ်အပ်နှံသူတွေကို အစိမ်းရောင်ကတ်တွေ ထုတ်ပေးမည်

အဖြူရောင်ကတ်အပ်နှံသူတွေကို အစိမ်းရောင်ကတ်တွေ ထုတ်ပေးမည် 

 

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက နေပြည်တော်မှာ မေလ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် Photo: Myo Thant Khaing/ RFA White Card ခေါ် ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံခဲ့သူတွေကို နိုင်ငံအတွင်း နေထိုင်ခွင့် ကတ်ပြားသစ်အဖြစ် အစိမ်းရောင်ကတ်တွေ ပြန်လည်ထုတ်ပေးမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက နေပြည်တော်မှာ သတင်းထောက်တွေကို ဒီနေ့ ပြောကြားလိုက်ပါတယ်။
ပန်းရောင်နိုင်ငံသားကတ် လျှောက်ထားလို့မရခင်မှာ ယာယီသက်သေခံလက်မှတ် အပ်နှံသူတွေကို အထောက်အထားတစ်ခုအဖြစ် ထုတ်ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးဦးခင်ရီက ပြောပါတယ်။

"ယာယီသက်သေခံလက်မှတ် အဲ့လူတွေကို ကျနော်တို့က ကတ်ပြားတစ်မျိုးမျိုးပြန်ပေးရမယ်၊ ကျနော်တို့ နောက်ပြန်ပေးမဲ့ကတ်ကလည်း အစိမ်းနုရောင်လေးပါ၊ နိုင်ငံသား စိစစ်ခံရမည့်သူများ ကိုင်တွယ်ရန်လက်မှတ်ဆိုပြီး အဲ့ဒါပြန်ပေးမှာ၊ သို့သော်လည်း ကာလက ၂ လပဲရှိတယ်၊ မတ်လ ကုန်ကနေ မေလကုန်အထိ ဒီကြားထဲမှာကျရင် အခုနက ကတ်ပြားကြီးပေးဖို့ဆိုတာက ဓါတ်ပုံရိုက်ရမယ် ဟိုဟာတွေလုပ်ရမယ် မလွယ်ဘူး၊ အဲ့ဒီတော့ လောလောဆယ် လက်ခံရရှိကြောင်း ပေးထားတယ်"

ယာယီသက်သေခံလက်မှတ်ဟာ နိုင်ငံသားအတိအကျ မရှိသူတွေကို ၁၉၉၅ ခုနှစ်က စတင်ထုတ်ပေးထား တာဖြစ်ပြီး သက်တမ်းကုန်ဆုံးရက် အတိအကျမပါရှိတဲ့အတွက် ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ကြောင်း အစိုးရကကြေညာခဲ့တာဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီက ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ ယာယီသက်သေခံလက်မှတ် ၇ သိန်းကျော်ရှိပြီး လက်ရှိအချိန်မှာ ၄ သိန်းကျော် ပြန်လည်အပ်နှံ ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအပ်နှံပြီးသား လူပုဂ္ဂိုလ်တွေကို နိုင်ငံအတွင်း နေထိုင်ခွင့်ကတ် အစိမ်းရောင် ကတ်ပြားတွေပေးအပ်ဖို့ စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

                                        မြူ နှင်း(အေးရိပ်ငြိမ်)

ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး သမ္မတလောင်း ရွေးချယ်မည်

 

နေပြည်တော်မှာ မနက်ဖြန်ကစပြီး နှစ်ရက်ကြာကျင်းပမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ သမ္မတလောင်းကို ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ သမ္မတလောင်း ၂ဦးကို ပါတီတွင်း မဲစနစ်နဲ့ ရွေးချယ်မှာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောပါတယ်။

"ဗဟိုကော်မတီ အစည်းအဝေးလုပ်တယ်ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးဖို့ရှိတယ်၊ အမျိုးမျိုးသုံးသပ်နေကြတာပေါ့နော်၊ ဒါပေမဲ့ ဆုံးဖြတ်ဖို့ကတော့ စောသေးတာပေါ့နော်၊ သို့သော် ဘာပဲဖြစ်ဖြစ် နှစ်ယောက်စလုံးသည် ကျနော်တို့ပါတီကပဲ၊ အဲ့ထဲက ဘယ်သူသမ္မတဖြစ်မလဲ၊ ဘယ်သူ့ကိုလျာထားမယ်ဆိုတာက ခုချိန်မှာ တစ်ဦးချင်းအနေနဲ့ ဒွိဟတွေနဲ့ စဉ်းစားနေကြတုန်းပဲ"

မြန်မာ့တပ်မတော်အနေနဲ့ လတ်တလောမှာ လေးလပတ် အစည်းအဝေးကျင်းပနေတာဖြစ်ပြီး အဲဒီအစည်းအဝေးပြီးရင် တပ်မတော်ခေါင်းဆောင်ပိုင်းတချို့ ပါတီတွင်းကို ၀င်ရောက်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားခဲ့တာလည်း ရှိပါတယ်။

ဗဟိုကော်မတီအစည်းအဝေးမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်မြေကို တစ်ခါတည်း သတ်မှတ်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ 

                                          မြူ နှင်း(အေးရိပ်ငြိမ်)

စောင့်ကြည့်ခံရမှုများလာ၍ ရွေးကောက်ပွဲဝင်လိုက်ရမလား ဟု ဦးကျော်သူရင်ဖွင့်

 

 နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူမှာ ၎င်း၏စာပေဟောပြောပွဲနှင့် အခြားသောခရီးစဉ် များအတွင်း စောင့်ကြည့်ခံရမှုများ များလာသည့်အတွက် ၂၀၁၅ရွေးကောက်ပွဲလည်း နီးလာပြီဖြစ်၍ ရွေး ကောက် ပွဲဝင်လျှင် ကောင်းမည်လောဟု တွေးတောနေကြောင်း မတ်လ ၂၈ရက်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ် ဘုတ်တွင် ရေးသားထားသည်။ ယင်းကဲ့သို့ ရွေးကောက်ပွဲဝင်ရန်အတွက် တွေးတောမိခြင်းနှင့်ပတ်သက်၍ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘုတ်တွင် –
““စိတ်တိုလာပြီနော် …။ (ရွေးကောက်ပွဲ ၀င်ပစ်လိုက်ရတော့ မလားဟေ့)၊ အခုပဲ မကွေးမြို့ရောက်လို့ တာရာ လင်းမှာ ထမင်းဝင်စားပါတယ်။ ကျွန်တော်တို့ ပခုက္ကူဟောပြောပွဲကိုပါလာတဲ့ ပြည်မြို့က မိုးမေတ္တာနာကူ အတွင်းရေးမှူး ညီညီအောင်ဆီကို အောင်လံမြို့က နာရေးအသင်းက ဖုန်းဝင်လာတယ်။ သူတို့ဆီ ၀င် ဦးမှာ လားတဲ့။ ဒါနဲ့ ကျွန်တော်တို့ ဒီဘက်လမ်းက သွားတာကို ဘယ်သူပြောလို့သိ တာလဲဆိုတော့ ရဲစခန်းက မေးလို့ ပါတဲ့။ လမ်းတစ်လျှောက် ဂိတ်တွေကလည်း အရိပ်တကြည့်ကြည့်နဲ့ဗျာ။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း မုံရွာ အပြန် ကားကို ဆိုင်ကယ်နဲ့လိုက်တားပြီး အမေးခံရသေးတယ်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာလေ အသွားကျပ်၊ အစားကျပ်၊ အနေကျပ်၊ အအိပ်ကျပ်၊ အပြောကျပ်၊ အရေးကျပ်ဖြစ် နေရတဲ့ ကျွန်တော့်ဘ၀။ ဒီလောက်ဖြစ်နေ လှတာ မထူးဘူးကွာ။ တစ်သီးပုဂ္ဂလပဲ ဖြစ်ဖြစ်၊ ဒီပြင့်ပါတီမှာပဲဖြစ်ဖြစ် ၀င်အရွေးခံလိုက်ရင် ကောင်းမလားလို့။…

မှတ်ချက်- လွှတ်တော်အမတ်များ ဖြစ်သွားခဲ့ရင် မသာကော ချခွင့်ရပါ့မလား၊ ရုပ်ရှင်ကော ရိုက်ခွင့်ရပါ့မလား ၊ စဉ်းစားဦးမယ်။ စိတ်တိုအောင်တော့ မလုပ်ကြပါနဲ့ဗျာ။ ဒါပဲ…”” (ကျော်သူ)”” ဟု ရေးသားထားခြင်း ဖြစ်သည်။

ယင်းရေးသားချက်နှင့်ပတ်သက်၍ ပို့စ်တင်ပြီး ၃ နာရီခန့်အတွင်း ၊like ပေးထားသူပေါင်း ၁၄၀၀ ကျော်ရှိကာ comment ပေးထားသူပေါင်း ၈၀ ခန့်အထိရှိခဲ့သည်။ ယင်းပို့စ်နှင့်ပတ်သက်၍ပေးထားသော comment များ ထဲတွင် ရွေးကောက်ပွဲဝင်ရန်အတွက် ထောက်ခံကြောင်းနှင့် မဲပေးမည်ဖြစ်ကြောင်း ရေးသားထားသူများပြားကာ အချို့ကမူ ““သမ္မတဖြစ်စေချင်တယ်။ ဒါပေမဲ့ စစ်ရေးအမြင်ရှိရမယ်ဆိုတော့ ဖွဲ့စည်းပုံပြင်မှရမယ်””၊ ““အရောင် တွေ များပြီး အရမ်းရှုပ်ထွေးလို့ မ၀င်စေချင်ပါဘူးရှင်။ အခုလို ဖြူစင်ပြီး အေးချမ်းနေတာလေး ကပဲ ကောင်းမလား လို့ပါ ဦးမောင်”” ဟု ရေးသားထားကြသည်။

““ဒီရက်ပိုင်းက ပိုဆိုးလာတယ်။ နောက်ကလိုက် ကားကိုတား၊ သတင်းရလို့ဆိုပြီး လုပ်ချင်သလိုတွေလုပ်၊ အခု လည်း အောင်လံရောက်တော့ သင်္ချိုင်းကုန်းဝင်တော့ သင်္ချိုင်းကုန်းအထိ လိုက်တယ်။ ဘုရားသွားလည်း ဘုရား။ ကျွန်တော့်ကို ဖိအားပေးနေတော့ ကျွန်တော်လည်း စိတ်ကပေါက်လာတာပေါ့။ အဲဒီလောက်တောင်ဖြစ်နေရင် လုပ်လိုက်ရင်ကောင်းမလားဆိုပြီး ကိုယ့်ဟာကိုယ် လျှောက်ရေး လိုက်တာ။ ရွေးကောက်ပွဲဝင်ဖို့ မရှိပါဘူး””ဟု မေလ ၂၈ရက် ညနေ ၅နာရီ ၁၅မိနစ်ခန့်တွင် ဦးကျော်သူက မြန်မာသံတော်ဆင့်သို့ပြော သည်။

                                        မြူ နှင်း(အေးရိပ်ငြိမ်)

လှေစီးဒုက္ခသည်အရေး မြန်မာကို လက်ညှိုးမထိုးကြဖို့ သတိပေးပြောကြား

 

 အရှေ့တောင်အာရှနိုင်ငံတွေမှာ လတ်တလောကြုံတွေ့နေရတဲ့ လှေစီးဒုက္ခသည်ပြဿနာကို မြန်မာနိုင်ငံတစ်ခုတည်း ကိုရွေးပြီး လက်ညှိုးထိုးပြစ်တင်ပြောဆိုခြင်း မပြုကြဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ကျင်းပခဲ့တဲ့ ရွှေ့ပြောင်း သူတွေအရေး နိုင်ငံတကာဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က သတိပေးပြောကြားလိုက် ပါတယ်။
လှေစီးဒုက္ခသည်ပြဿနာ တိုက်ရိုက်သက်ရောက်မှုရှိတဲ့ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေပါဝင်တဲ့ ၁၇ နိုင်ငံအစည်းအဝေးမှာ မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်လင်းက အခုလို ပြောကြားခဲ့တာပါ။

“အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံတိုင်းမှာ စိန်ခေါ်မှုအခက်အခဲတွေရှိပြီး၊ တချို့အခက်အခဲတွေဟာ နိုင်ငံတွင်း ကိစ္စဖြစ်ကြောင်း၊ လက်ညှိုးထိုးအပြစ်တင်ပုံချပြောဆို တာဟာ ပြဿနာကို ဖြေရှင်းရာမရောက်ကြောင်း၊ လှေစီး ဒုက္ခသည်ပြဿနာအကြောင်းရင်းဇစ်မြစ်ဟာ လူမှောင်ခိုကြောင့်ဖြစ်ကြောင်း” ဦးထင်လင်းက ပြောသွားခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို IOM နိုင်ငံတကာရွှေ့ပြောင်းသူများကူညီရေးအဖွဲ့၊ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဆိုတဲ့အမည်ကို မသုံးစွဲဖို့ မြန်မာက ကြိုတင်ပြောဆိုထားတဲ့အတိုင်း၊ ဆွေးနွေးသူတွေ က အဲဒီအမည်ကို ရှောင်ရှားခဲ့ကြကြောင်း သတင်း တွေမှာဖေါ်ပြကြပါတယ်။

ဆွေးနွေးပွဲမှာ လှေစီးဒုက္ခသည်ပြသနာရဲ့အရင်းအမြစ်တွေကို ရှာဖွေဖို့၊ မြန်မာနိုင်ငံ အနေနဲ့ UNHCR ၊ IOM စတဲ့အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံမေးမြန်းခွင့်ပြုဖို့ စတဲ့ အချက်တွေ သဘောတူညီခဲ့ကြပါတယ်။

တက်ရောက်လာသူအများကပြောဆိုတိုက်တွန်းနေကြတဲ့ လှေစီး ဒုက္ခသည် ပြသနာရဲ့အရင်းအမြစ်ကိစ္စနဲ့ပတ်သက် ပြီး ဖြေရှင်းဆောင်ရွက်ကြဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူညီခဲ့ကြပါတယ်။ ဒါပေမဲ့ သောကြာနေ့ ဆွေးနွေး ပွဲကနေ အဓိကကျ တဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်းတွေ ထွက်ပေါ်မလာသေးဘဲ၊ သဘောတူညီချက်တွေဟာ လည်း အကြမ်းသဘောသာဖြစ်ပြီး နောက်ထပ် ဆက်လက် ဆွေးနွေးပြောဆိုကြရဦး မှာဖြစ်ကြောင်း၊ AP သတင်း ကဖေါ်ပြပါတယ်။

ဒီအတွင်း ပင်လယ်ပြင်မှာ ကျန်ရှိနေဦးမယ့် ဒုက္ခသည်တွေကို ရှာဖွေ ကယ်ဆယ်ရေး အတွက် အမေရိကန် ပြည်ထောင်စုက ရှာဖွေရေးလေယာဉ်တွေ စေလွှတ် မှာဖြစ်ပြီး၊ အဲဒီအတွက် ထိုင်းနိုင်ငံမှာ ယာယီ လေတပ်စခန်းတစ်ခု ဖွင့်ခွင့်ပြုမှာဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ အဖွဲ့ IOM က အမေရိကန်ဒေါ်လာ၂၇ သန်း တောင်းဆိုထားရာမှာ အမေရိ ကန်ပြည်ထောင်စုက ဒေါ်လာ ၃ သန်း၊ သြစတြေးလျက ဒေါ်လာ ၅ သန်း ထည့်ဝင်မယ်လို့ သိရပါတယ်။ ဂျပန်ကလည်း ထည့်ဝင်ကူညီမယ်လို့ ပြောပါတယ်။

                                              မြူ နှင်း(အေးရိပ်ငြိမ်)

မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းခွဲနီးပါး ရှိကြောင်း သတင်းထုတ်ပြန်

 

 ၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာရှင်းလင်းပွဲကို နေပြည်တော်မှာ မေလ ၂၉ ရက်နေ့က ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်စဉ်
Photo: Myo Thant Khaing/ RFA

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ ဒသမ ၅ သန်းနီးပါးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

၂ဝ၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို နေပြည်တော်မှာရှိတဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကနေရရှိလာတဲ့ လူဦးရေစာရင်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ အကျိုးရှိမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"လူမှုရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်မှာ အဓိကထားတယ်၊ ပညာရေးပြောင်းလဲမှု ဆိုင်ရာလုပ်ငန်းစဉ်တွေများ တိုင်းရင်းသားမျိုးနွယ်စုများရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေပါတယ်၊ လူဦးရေစာရင်းများ အဓိကအထောက်အကူ ဖြစ်မှာဖြစ်ပါတယ်၊ ဒါကြောင့်မို့လည်း ပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲများမှကနေတဆင့် ဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ ပြည်ထောင်စုကို တည်ဆောက်လို့ရပါတယ်"

ဒီနေ့ထုတ်ပြန်တဲ့အစီရင်ခံစာဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ၁ဝ ရက်နေ့အထိ ကောက်ယူ ထားတာဖြစ်ပြီး အမျိုးသား ၂၄ သန်းကျော်နဲ့ အမျိုးသမီး ၂၆ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေဟာ ၂ သန်းနီးပါး ပိုများပါတယ်။

လက်ရှိထုတ်ပြန်ချက်ဟာ လုံခြုံရေးအခြေအနေအရ စာရင်းမကောက်ယူနိုင်ခဲ့တဲ့ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်ဒေသအချို့က ခန့်မှန်းလူဦးရေ ၁ သန်းကျော်ကို ထည့်သွင်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အိမ်ပိုင်ဆိုင်သူဟာ လူဦးရေစုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းရှိပြီး လျှပ်စစ်မီးသုံးစွဲနိုင်မှုဟာ ၃၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ 

                                      မြူ နှင်း(အေးရိပ်ငြိမ်)

ပြည်ခိုင်ဖြိုးပါတီ မပြိုကွဲနိုင်ကြောင်း ရှင်းလင်းပြောကြား

 

 ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ သဘောထားမတူတာကြောင့် နှုတ်ထွက်သူတွေ ရှိကောင်းရှိနိုင်ပေမယ့် ပါတီအနေနဲ့ ပြိုကွဲမှာ မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးသိမ်းဆွေက ဒီနေ့ သတင်းထောက်တွေကို ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေမှုအခြေအနေကို ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီတွင်းအကွဲအပြဲတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေ ထွက်ပေါ်တာကို ဦးသိမ်းဆွေက အခုလို တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ အာဏာရပါတီရော အတိုက်အခံပါတီရော ကွဲကြတဲ့တဲ့အတွက် အဲ့ဒီကွဲပုံမူတည်ပြီးမှ ကျနော်တို့ရဲ့ ပြည်တွင်းသောင်းကျန်းမှုတွေလည်း ပယ်ချခံထားရတာဖြစ်တဲ့အတွက် ကျနော်တို့ပါတီကိုတော့ မည်သည့်နည်းနဲ့မျှ အကွဲအပျက်မခံနိုင်ပါဘူး၊ သို့ရာတွင် ဒီမိုကရေစီသဘောထားအရ အဘက်ဘက်ကလည်းရှိနိုင်တယ်၊ ကျနော်တို့ သူ့သဘောထားနဲ့ မကိုက်ညီတာတွေ ကိုယ်ကျိုးစီးပွားနဲ့ နှိုင်းယှဉ်တာတွေရှိတာမျိုးတော့ ပါတီကတချို့ပုဂ္ဂိုလ်တွေ တချို့အပိုင်းတွေ ဒါသဘောထား မတိုက်ဆိုင်တဲ့လူကိုတော့ ပယ်ကောင်းပယ်သွားနိုင်ပါတယ်၊ ကျနော်တို့ပါတီ ကွဲစရာ အကြောင်းမရှိပါဘူး၊ ကွဲဖို့လည်း အစီအစဉ်မရှိပါဘူး၊ မကွဲနိုင်အောင်လည်း အားလုံးက တာဝန်ရှိတဲ့လူများက ကြိုးပမ်းပြီးတော့မှ ထိန်းသိမ်းဆောင်ရွက်လျှက်လည်း ရှိပါတယ်ဆိုတာကို ကျနော်တို့ ရှင်းလင်းတင်ပြတာပါ"

ဒါ့အပြင် လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ တပ်မတော်က ထိပ်တန်းခေါင်းဆောင်တွေနဲ့ တပ်မတော်အရာရှိ ၁ဝဝ လောက်က ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

မနက်ဖြန်မှာစတင်ကျင်းပမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် ပါတီကလျာထားမယ့် သမ္မတလောင်းနဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ် မှာဖြစ်ပါတယ်။

                                                        မြူ နှင်း(အေးရိပ်ငြိမ်) 

ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်မှ တရားမ၀င်ငွေလွှဲလုပ်ငန်း



ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်မှ တရားမ၀င်ငွေလွှဲလုပ်ငန်း

ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် ဆယ့်ကိုးတံတားထိပ် တွင် 

တရားမ၀င်ငွေလွှဲလုပ်ကိုင်နေသော မမြ   

လို့ခေါ်တဲ့ငွေလွှဲအိမ်တစ်ဆောင်ရှိနေပါသည်၊ 

တရားမ၀င်လုပ်ကိုင်နေသော်လည်းတရားဝင် လုပ်နေသကဲ့သို့ 

လုပ်ကိုင်ဆောင်ရွက် နေသည်မှာ အဘယ်အကြောင်းကြောင့်နည်း 

တာဝန်ရှိသူများသိရှိနိုင်ပါရန် တင်ပြလိုက်ရခြင်းဖြစ်ပါသည်၊ 

ထိုငွေလွဲလုပ်ကိုင်နေသည့်အိမ်ကို ဖေါ်ပြရခြင်းမှာ လွဲလာသည့်ငွေကို 

သွားရောက်ထုတ်ယူပါက မချေမငံဆက်ဆံခြင်း ရိုင်းစိုင်းစွာ 

တုံပြန်ပြောဆိုခြင်းများ က မလိုလားအပ်သည့်ပြသာနာများဖြစ်ပေါ်လာနိုင်သဖြင့်

ယခုကဲ့သို့  လိုင်းပေါ်သို့တက်သည်အထိ ဖြစ်ပွားရခြင်းရဲ့အဓိက အကြောင်းခံတစ်ခုပါ   

တာဝန်ရှိ လူကြီးမင်းများမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးနိုင်ပါရန် 

တင်ပြအစီရင်ခံအပ်ပါသည်၊

မြူ နှင်း(အေးရိပ်ငြိမ်)

tisdag 5 maj 2015

ထိုင်းကဖုန်း SMS Card တွေကို မှတ်ပုံတင်တဲ့နည်း

ထိုင်းကဖုန်း SMS Card တွေကို မှတ်ပုံတင်တဲ့နည်း

ထိုင်းမှာနေတဲ့သူငယ်ချင်းတွေအတွက် ထိုင်းကဖုန်း SMS Card တွေကို မှတ်ပုံတင်တဲ့နည်းလေးကိုပြန်လည်မျှဝေပေးလိုက်တာပါ...အပုံလေးတွေနဲ့ရှင်းပြရင်သိပ်ပြီးမရှင်းမှာကြောင့်မို့ ဒီ video file လေးနဲ့သေခြာရှင်းပြပေးလိုက်တာပါ..ထိုင်းနိုင်ငံကဖုန်း SMS Card တွေအကုန်လုံးကို ထိုင်းနိုင်ငံရဲ့လုံခြုံရေးအရ မှတ်ပုံတင်ပေးရမယ်လို့ တရားဝင်ကြေငြာထားပါတယ်..မှတ်ပုံမတင်တဲ့ ဖုန်းဆင်းကဒ်တွေကို ဖုန်းခေါ်ဆိုမှု့နဲ့ အင်တာနက်အသုံးပြုမှု့တွေကို ပိတ်ပြစ်မှာဖြစ်ပါတယ်...ဒါကြောင့်အခုလိုဖုန်းဆင်းကဒ်ကိုမှတ်ပုံတင်တဲ့နည်းလေးကို မသိရသေးတဲ့သူတွေနဲ့ သိပြီးတော့သေသေခြာခြာမလုပ်တက်သေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး ဒီဗွီဒီယိုဖိုင်လေးနဲ့ ရှင်းပြပေးလိုက်တာပါ...
ကျွန်တော်တို့ ပထမဦးဆုံးလုပ်ရမှာက မိမိရဲ့ဖုန်းနံပါတ်ကိုအရင်စာရွက်အလွတ်တစ်ခုပေါ်မှာ ရှင်းရှင်းလင်းလင်းလေးမြင်သာအောင်ချရေးထားလိုက်ပါ..ပြီးရင် ဖုန်းခေါ်တဲ့နေရာမှာ.*151# ကိုနှိပ်ပြီးခေါ်လိုက်ပါ...အဲလိုခေါ်လိုက်တာနဲ့ဖုန်းရုံးက စာအိပ်တစ်အိပ်ပြန်လည်ပို့ပေးလာပါလိမ့်မယ်....ထိုင်းစာတွေနဲ့ပါ အဲ့ဒီစာအိပ်ထဲမှာ english အက္ခရာ ဂဏန်း ခြောက်လုံး ရှိပါတယ်...ဥပမာ..ghaboz. ပါ..အဲ့ဒီ ဂဏန်း ခြောက်လုံးကိုသေခြာလေးမှတ်ထားပေးဖို့လိုပါတယ်...ဒါတွေလုပ်ဆောင်ပြီးပြီဆိုရင်တော့ အောက်မှာ သက်ဆိုင်ရာဆင်းကဒ် နံပါတ်တွေကို မြူ နှင်း ရေးပေးထားပါတယ် ..ကိုယ်အသုံပြုတဲ့ ဆင်းကဒ် ရဲ့ကုဒ်နဲ့ပါတ်ကို အသုံးပြုနိုင်ပါတယ်....
Dtac.......User name......71278995
Password.......71278995
(or)
User name......75702005
Password.......75702005
Truemove...User name.....17405423
Password......true1234
(or)
User name.....17405425
Password......true1234
12 Call..User name.....AIS83618
Password......AIS83618
အပေါ်မှာရေးပြပေးထားတဲ့ user name နဲ့ password တွေကို ဆင်းကဒ် မှတ်ပုံတင်ရာမှာအသုံးပြုရမယ် ဆော့ဝဲလ်မှာထည့်ပေးရမှာဖြစ်ပါတယ်..မိမိတို့ရဲ့ဆင်းကဒ်အမျိုးအစားအလိုက် ရွေးပြီးတော့ ထည့်ပေးလိုက်ပါ...အောက်မှာဆော့ဝဲလ် လင့်ချပေးထားပါတယ်...အရင်ဒေါင်းထားလိုက်ပါ....ပတ်စပိုစ့်စာအုပ်ကိုအဆင်သင့်ယူထားလိုက်ပါ....မိမိရဲ့ဖုန်းနံပါတ်ကိုလဲ စာရွက်တစ်ခုပေါ်မှာ ရှင်းရှင်းလင်းလင်းမြင်သာအောင်ချရေးထားပါ...အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် စတင်လုပ်ဆောင်နိုင်ပါပြီ....အဆင်မပြေတဲ့သူတွေကတော့ အောက်မှာ ဗွီဒီယိုဖိုင်လေး ကြည့်ပြီးလုပ်ဆောင်နိုင်ပါတယ်.....Ok
  ဆော့ဝဲကိုတော့ MYanmae App Store တွင်ဒေါင်းယူနိုင်ပ့ါသည်။ http://downloadmyanmarappstore.com/myanmar/?p=322
ထိုင်နိုင်ငံမှာရှိတဲ့သူတွေအကုန်လုံးမှတ်ပုံတင်ပေးမှရမှာဖြစ်တဲ့အတွက် မြူ နှင်း အချိန်ပေးပြီးတော့ ပြန်လည်မျှဝေပေးထားတာပါ..User name နဲ့ Password က ဘယ်လိုရလာလဲတော့ မြူ နှင်း မသိပါ..ဒါပေမယ် ဒီ User name နဲ့Password တွေနဲ့ပဲ လုပ်တာ အဆင်ပြေနေပါတယ်...မြူ နှင်း လဲ လိုင်းပေါ်မှာတွေ့လို့စုပြီးယူလာပေးတာပါ...အားလုံးကို ကျေးဇူးတင်ပါတယ်...ဒီ post လေးကို တက်နိုင်သလောက်မသိသေးတဲ့သူတွေအတွက်ပြန်ပြီး Share ပေးဖို့ တောင်းဆိုပါတယ်...မှတ်ပုံမတင်ထားတဲ့ ဆင်းကဒ်တွေကို ပိတ်ပြစ်တော့မှာမို့လို့ပါ....အားလုံးအဆင်ပြေပါစေ..

                                              မြူ နှင်း(အေးရိပ်ငြိမ်)