အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 13 mars 2015

ဗကသကျောင်းသားခေါင်းဆောင် ၄ယောက် ဖမ်းဆီးခံထားရတယ်

ဗကသကျောင်းသားခေါင်းဆောင် ၄ယောက် ဖမ်းဆီးခံထားရတယ်



အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်သပိတ်မှောက်ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု  ဦးဆောင်ကော်မတီထဲက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က (ဗကသ) ခေါင်းဆောင် ၄ ဦးကို  ရန်ကုန်မြို့ အလုံရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ ညသန်းခေါင်ကျော်က  အလုံမြို့နယ်က နေအိမ်တစ်ခုမှာ ရဲတပ်ဖွဲ့က ဧည့်စာရင်း စစ်မယ်ဆိုပြီး ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်းသွားခဲ့တာလို့ မိသားစုက ပြောပါတယ်။

အလုံမြို့နယ် ရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက  ယောက်ျားလေး ၄ ယောက်၊ မိန်းခလေး ၁ ယောက်၊ အားလုံးပေါင်း ၅ ယောက်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ ဒါပေမယ့် စစ်ဆေးနေဆဲဖြစ်လို့  အသေးစိတ်ပြောပြလို့ မရသေးဘူးလို့ လည်းပြောပါတယ်။

ညကဖမ်းဆီးခံခဲ့ရသူ ၅ ဦးကတော့  ဗကသ ဒုဥက္ကဋ္ဌ ကိုမိုးထက်နေ၊ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်  ကိုသီဟ၀င်းတင်၊ မဟန်နီဦး၊ ကိုဇန်ဇန်နဲ့ အေအက်ဖ်ပီ သတင်းဌာနက  သတင်းထောက်တဦးတို့ ဖြစ်ပါတယ်။

သတင်းထောက်ကိုတော့ ဒီကနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီး ကျောင်းသားတွေကိုတော့ ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါတယ်။


ပဲခူးတိုင်း လက်ပံတန်းမှာ  ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းဖမ်းဆီးခဲ့ပြီး မနေ့ကတော့ ကျောင်းသား ကျောင်းသူ ၁၇  ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။


                                     မြူ နှင်း(အေးရိပ်ငြိမ်)

ကိုယ့်ကိုကိုယ်တောင်သနားမိသေး

ကိုယ့်ကိုကိုယ်တောင်သနားမိသေး 

 

                                    မြူ နှင်း(အေးရိပ်ငြိမ်)

မင်းတို့ကို ရိုက်ချင်လို့ ရဲထဲဝင်တာ

မင်းတို့ကို ရိုက်ချင်လို့ ရဲထဲဝင်တာ


ေ ကျော်ဇင်သန့် (သန်လျင်နည်းပညာ တက္ကသိုလ်) က

“ကျွန်တော်တို့ကိုဖမ်းပြီး အချုပ်ကားထဲ မထည့်ခင်

ရဲတပ်ရင်း ၁၊ ၁ဝ၊ ၁၁ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသားတွေ သပိတ်မှောက်စဉ်က ဟစ်ကြွေးပြီး ကြွေးကြော်သံ ပုံစံအတိုင်း

' ခွပ်ဒေါင်းသွေးတွေ နီသေးလား။ နီသေးရင် ရိုက်တယ်ကွာ။ တပ်မ ၁၁ က ရဲ ဘော်တွေ ညီရဲ့လားဟေ့။ ညီတယ်ဟေ့။ ညီတယ်ဟေ့။ သပိတ်မှောက်ချင်တဲ့ကောင်တွေ မှောက်ဦးမလား။ မှောက်ရဲရင် မှောက်လေကွာ။ မင်းတို့ကို ရိုက်ချင်လို့ ရဲထဲဝင်တာကွ။'...လို့ ဆိုပြီး

ဆဲဆိုကြိမ်းဆဲကာ ကျောင်းသားတစ်ယောက်ကို ရဲအယောက် ၂ဝ လောက်က ဝိုင်းရိုက်တယ်။


ဘုန်းကြီးကျောင်းထဲမှာတင် ကျွန်တော်တို့တစ်တွေ လူ့အခွင့်ရေး ချိုးဖောက်ခံရတာပါ” ဟုဆိုသည်။


                                           မြူ နှင်း(အေးရိပ်ငြိမ်)

ကော့သောင်းချမ်းဖန်းကျေးရွှာမှ စည်းကမ်းပျက်ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းချယ်ရီသင်းအားအရေးယူပေးနိုင်ပါရန်




ကော့သောင်းချမ်းဖန်းကျေးရွှာမှ စည်းကမ်းပျက်ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းချယ်ရီသင်းအားအရေးယူပေးနိုင်ပါရန်

စည်းကမ်းဖောက်ဖျက်သော ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းချယ်ရီသင်း
စည်းကမ်းဖောက်ဖျက်သော ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းချယ်ရီသင်းသည် အ.မ.က  

 ကွာလာချမ်းဖန်း တွင်(1.8.2014)မှစတင်လာရောက်တာဝန်ထမ်းဆောင်နေသော်လည်း တာဝန်ထမ်းဆောင်ချိန်တွင် အချိန်ကိုမလေးမစားပြုခြင်း တာဝန်ချိန်တွင် ကျောင်းမတက်ဘဲ ကော့သောင်းတွင်နေထိုင်ခြင်း (22.9.2014)မှ (3.10.2014)ထိ ကျောင်းမတက်ခြင်း (27.8.2014)မှ (4.10.2014)ထိဖြေဆိုသော စာမေးပွဲတွင် ကျောင်းသား/သူ  များဆီမှ မေးခွန်းစာရွက်ဖိုး(200 မှ 250)ကျပ်ထိကောက်ခံခြင်း ကလေးတွေရဲ့ပညာအရည်ချင်းမှတ်တမ်း ကဒ်(100)ကျပ်ကောက်ခံခြင်း။နေပူမိုးရွာ 


ကလေးများအား မြက်ပေါက်ခိုင်းခြင်း ကျောင်းတွင်းပျက်စီးနေသော ကျောင်းသားအိမ်သာကိုပြန်လည်ပြုပြင်ဖို့လည်းမစဉ်းစားတဲ့အပြင် ပိတ်ပစ်ထားခြင်းများ နိုင်ငံတော်ကထုတ်ပေးသော ဘတ်ဂျက် ပထမအကြိမ်(5)သိန်းမှ လက်ကျန်ငွေများကို မိမိကိုယ်ရေးကိုယ်တာအတွက်သုံးစွဲခြင်း၊ ကျောင်းကော်မတီအစည်းအဝေးလုံးဝ(လုံးဝ)ခေါ်ယူလေ့မရှိခြင်း၊ကျေးရွာ အုပ်ချူပ်ရေးမှူးမှ အစည်းဝေးခေါ်ရန် အကြိမ်ကြိမ်ပြောကြားခြင်း၊ကျောင်းတွင်းဆရာမများအုပ်စုကွဲနေခြင်း၊မှုလတန်းပြလုပ်သက်(4)နှစ်သာရှိပြီး ကလေးတွေအပေါ်သက်ညှာ မှုမရှိခြင်း  အသက်ငယ်လွန်းပြီးမောက်မာစွာ ဆဲဆိုခြင်း၊ ကျောင်းအုပ်ကြီးအရည်ချင်းမပြည့်မှီခြင်း ရပ်ကွက်ကျောင်းသားမိဘများနှင့်လုံးဝထိတွေ့မှုမရှိခြင်း မိမိအနေဖြင့် တခြားကျောင်းသို့သာပြောင်းရွေ့ခွင့်ရရန်သာ ကြိုးပမ်းအားထုတ်ခြင်း၊ကလေးများအား ကြိမ်လုံးနှင့်ဆုံးမပြောရမည့်နေရာတွင် လက်ဖြင့် လက်ရောက်မှု့ကျူးလွန်ခြင်း စသောအပြစ်များအပြင် 

အပြစ်များစွာရှိသေးကြောင်း အိမ်ထောင်သည်ဆရာမ များကိုလည်း ဒီအခန်းရှင်းပေး တခြားဆရာမလာမည်ဟုခြိမ်းခြောက်ပြောဆို အနိုင်ထက်ပြုလုပ်ခြင်း အိမ်ထောင်သည်ဆရာမ၏ ခင်ပွန်းဖြစ်သူသည် တန်းလျားတွင်နေထိုင်ခွင့်မရှိသဖြင့် (7)လအရွယ်နို့စို့ကလေးအရွယ် လူမမယ်ကလေးနှင့်အတူ (24)မိုင်ခန့်ဝေးသောကော့သောင်းမြို့တွင် သွားရောက်နေထိုင်ရခြင်း၊ ပညာရေးဌာနမှထုတ်ပေးသော ဗလာစာအုပ် (အစိမ်းရောင်)အား တစ်အုပ်(200)ကျပ်ဖြင့်ရောင်းချခြင်း  (16.12.2014)တွင် ဖြေဆိုသော(4)တန်းအစမ်းစာမေးပွဲတွင် တစ်ဦးလျှင် (1500)ကျပ်ကောက်ခံခြင်း၊ယခင်ကျောင်းအုပ်ကြီးလက်ထက်တွင် အလှူရှင်တစ်ဦးလှူထားသော တံခါးကွင်း(ကြေးဘောင်)များကို ရောင်းစားခြင်း၊ (9.2.2015)မှ(11.2.2015)ထိအတန်းတင်စာမေးပွဲဖြေဆိုခြင်း(12.2.2015)မှစပြီး အိမ်ပြန်ပြီး ကျောင်းဆရာမများကို 


အစည်းဝေးရှိလို့ ပြန်သွားသည်လို့ပြောထားခြင်း၊ချမ်းဖန်းမှဆရာဦးဝင်းနိုင်ကျောင်းကိုမေးတော့ အစည်းဝေးမရှိဘူးလို့ပြောခြင်း၊(9.2.2015)မှ(11.2.2015)အထိအတန်းတင်စာမေးပွဲအတွက်တစ်ဦး(250)ကျပ်ကောက်ခံခြင်း(4)တန်းစာမေးပွဲကုန်ကျစရိတ်ဆိုပြီး ဆရာမတစ်ဦးလျှင် (2500)ကျပ်ကောက်ခံခြင်း၊ဘတ်ဂျက်(4)သိန်းထပ်ထုတ်ထားသည်ကို သိရှိရခြင်း၊ဘယ်နေရာတွင်မှသုံးစွဲသည်ကိုမတွေ့ရခြင်း၊(19.2.2015)မှ(25.2.2015)ထိ(4)တန်းစာမေးပွဲပြီးလျှင်ကျောင်းပြန်မတက်ပြီလို့သိရှိရခြင်း၊ ကျွန်တော်(1)နှစ်လုံးလုံးစောင့်ကြည့်ပြီးမှ တိုင်ကြားခြင်းဖြစ်ပြီး အရေးမယူဘဲ 

မသိယောင်ဆောင်နေမည်ဖြစ်ပါက နောက်တက်လာမည်ဆရာမငယ်တွေလည်း သူလုပ်သလို အတုမြင်အတပ်သင်လာမည်ဖြစ်ပါကြောင်း သက်ဆိုင်ရာလူကြီးမင်းများ နှင့် တာဝန်ရှိသူများမှ အမြန်ဆုံး ထိရောက်စွာ အရေးယူနိုင်ရန် ကော်မတီအဖွဲ့ဝင်တစ်ယောက်အနေဖြင့်  အဖွဲ့ဝင်များအားလုံးကိုယ်စား ပုံနှင့်တစ်ကွတင်ပြလိုက်ရခြင်းဖြစ်ပါသည်၊

                         မြူနှင်း(အေးရိပ်ငြိမ်)

söndag 8 mars 2015

အမြန်လမ်းမှာဖြစ်ပြန်ပြီ

အမြန်လမ်းလမ်းမှာ ဘက ကျောင်းမှ စာမေးပွဲပြီးလို့အပြန်မှာ ကားသမားပေါ့ဆမူ့ကြောင့်ပျံလွန်တော်မူသောကိုရင်သာမဏေများ



 မြူ နှင်း(အေးရိပ်ငြိမ်)
1. နယူတန်နည်း ------------------------ ကျားဖမ်းတာကိုခံပြီး ကျားကိုပြန်ဖမ်း . 2. အိန်စတိုင်းနည်း --------------------------- ကျားကိုမောအောင်အရင်လုပ် ပြီးမှဖမ်း . 3. ရဲနည်း -------------- ကြောင်တစ်ကောင်ကိုဖမ်းပြီး ကျားပါလို့ ဝန်ခံလာတဲ့အထိ ရိုက်

Copy and WIN : http://bit.ly/copynwin
1. နယူတန်နည်း ------------------------ ကျားဖမ်းတာကိုခံပြီး ကျားကိုပြန်ဖမ်း . 2. အိန်စတိုင်းနည်း --------------------------- ကျားကိုမောအောင်အရင်လုပ် ပြီးမှဖမ်း . 3. ရဲနည်း -------------- ကြောင်တစ်ကောင်ကိုဖမ်းပြီး ကျားပါလို့ ဝန်ခံလာတဲ့အထိ ရိုက်

Copy and WIN : http://bit.ly/copynwin
1. နယူတန်နည်း ------------------------ ကျားဖမ်းတာကိုခံပြီး ကျားကိုပြန်ဖမ်း . 2. အိန်စတိုင်းနည်း --------------------------- ကျားကိုမောအောင်အရင်လုပ် ပြီးမှဖမ်း . 3. ရဲနည်း -------------- ကြောင်တစ်ကောင်ကိုဖမ်းပြီး ကျားပါလို့ ဝန်ခံလာတဲ့အထိ ရိုက်

Copy and WIN : http://bit.ly/copynwin

သရော်ကာတွန်းလေး

သရော်ကာတွန်းလေး 

မြူ နှင်း(အေးရိပ်ငြိမ်)

ဒါအမှန်တရား

 

                                               မြူ နှင်း(အေးရိပ်ငြိမ်)

ဘာလုပ်မှာလည်းကော့သောင်း အဖြေတစ်ခုဘဲ့ရှိတယ် အားလုံးသိတယ်

ဘာလုပ်မှာလည်းကော့သောင်း အဖြေတစ်ခုဘဲ့ရှိတယ် အားလုံးသိပါတယ်
တာဝန်လက်ပတ်နဲ့ကိုယ်တော်ကြီးကော့သောင်းဘက်လာနေတယ်လို့သတင်းကြားတယ်။ကော့သောင်းသားတွေသူကိုတွေ့ရင် ဘာလုပ်ပေးနိုင်မလဲ။ထမင်းခေါ်ကျွေးမှာလား
ဆီးရိုက်မှာလား


 

လက်ပတ်အနီဝတ်အရပ်သားအချို့ ပြည်သူကို တောင်းပန်လိုဟုဆို


လက်ပတ်အနီဝတ်အရပ်သားအချို့ ပြည်သူကို တောင်းပန်လိုဟုဆို

 ဆူးလေစေတီအနီးတွင် မတ်လ ၅ ရက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများ နှင့်   ပြည်သူအချို့ကို အဓိကဖြိုခွင်းခဲ့သည့် လက်ပတ်အနီဝတ်အရပ်သားများ၌ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အမျိုးသားအချို့ ပါဝင်နေပြီး ၎င်းတို့ထဲမှ အချို့မှာ ဖြစ်စဉ်ကို ဂဃနဏမသိဘဲ လိုက်ပါခဲ့ရကာ ကျောင်းသားများကို ရိုက်မိသည့်အတွက် ပြန်လည် တောင်းပန်လိုကြောင်း မိသားစုဝင်အချို့က 7Day Dailyအား ပြောသည်။

လူမှုကွန်ရက်နှင့် မီဒီယာများတွင် ပျံ့နှံ့နေသော အကြမ်းဖက် ဖမ်းဆီးမှု၌ ထင်ရှားစွာပါဝင်နေ သူအများစုမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်အချို့ တွင် နေထိုင်သူများဖြစ်သည်ဟု ၎င်းတို့ကိုသိသော ဒေသခံများက အတည်ပြုခဲ့ကြသည်။ ထိုသို့လူ တစ်စုပါဝင်ပတ်သက်ခဲ့ခြင်း ကြောင့် ပြည်သူအများ၏ မုန်းတီး မှုကို ကျန်ဒေသခံများက ရောနှောခံစားနေရသည်ဟု ၎င်းတို့က ဆို သည်။

‘‘အဲဒီလို လက်တစ်ဆုပ်စာ လူတစ်စုကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းကပါ ပြောတာနဲ့ ရန်ကုန်မြို့နေ လူထုက ချဉ်နေကြပြီ။  လူဆိုးလူမိုက်တွေလို့မြင်ပြီး ပေါင်းသင်းဆက်ဆံမှုမလုပ်ချင်ကြတော့ဘူး’’ဟု စက်ကလေး ကျေးရွာနေ ဇောတိက နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင်မင်းကပြောသည်။
မတ်လ ၅ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် လူ ၁၅ ဦး ခေါ်ယူခိုင်းခဲ့ကြောင်း ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ရာအိမ်မှူးတစ်ဦးကပြောသည်။ ကြည့်မင်တိုင်တစ်ဖက်ကမ်းတွင် နေထိုင်သူအချို့အား မြို့နယ်တာဝန်ရှိသူများက အဆက်ဆက်အားကိုးခဲ့ရကြောင်းနှင့် ယခုတာဝန်လက်ပတ်များကို ၀တ်ဆင်ခိုင်းသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ခေါ်ဆောင်ခံခဲ့ရသူအချို့မှာ  အုပ်ချုပ်ရေးမှူးများက အခြားကိစ္စများ အကြောင်းပြခေါ်ခဲ့ခြင်းဖြစ်ပြီး မြို့တော်ခန်းမအတွင်းရောက်မှသာ ထိုအလုပ်ကို လုပ်ခိုင်းခြင်းဖြစ်ကြောင်း ကိုယ်တိုင် လိုက်ပါခဲ့သူတစ်ဦးကပြောသည်။
7 Day က အကြမ်းဖက်ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သူ ၁၀ ဦးကျော်၏ နေရပ်လိပ်စာကိုသိခဲ့ပြီး ငါးဦး၏ အမည်နှင့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ရရှိထားသည်။
‘‘အမှန်တကယ် ဒါလုပ်ရမယ်လို့ မသိခဲ့ဘူး။ ဟိုရောက်တော့မှ မြို့တော်ခန်းမထဲပိတ်ထားပြီး လူအုပ်ထဲကို အတင်း ထိုးထည့်လိုက်တာ။ အဲဒီအတွက်  ငွေကြေးတစ်စုံတစ်ရာ မရခဲ့ပါဘူး’’ဟု လက်ပတ်အနီဝတ် အမျိုးသားတစ်ဦးက မတ်လ ၇ ရက်တွင် ပြောသည်။
၎င်းအမျိုးသားမှာ လူသိရှင်ကြား ပြန်လည်တောင်းပန်လိုကြောင်း၊ ၎င်းအနေဖြင့် ကျောင်းသားများကို ယခုလိုရိုက်နှက်ရန် မစဉ်းစားခဲ့ကြောင်းနှင့် မိမိတို့ ပတ်ဝန်းကျင်ကလည်း မိမိတို့ကို ၀ိုင်းဝန်းအပြစ်တင်နေကြောင်း ၎င်း၏ ဇနီးက 7DAY Daily အား ပြောသည်။
‘‘ကျွန်မဗိုက်ထဲက မွေးလာမယ့် ကလေးတွေအတွက် အခုလို သူ့အဖေကို နာမည်ဆိုးမဖြစ်စေချင်ဘူး။ အမှန်တကယ် ဒီလိုလုပ်ဖို့လည်း ကျွန်မယောက်ျားမှာ ဆန္ဒလည်းမရှိဘူး။ နှစ်ဖက်အသိုင်းအ၀ိုင်းကလည်း ဒီလိုကိစ္စကို လက်မခံဘူး’’ဟု လက်ပတ်အနီဝတ်အရပ်သားများတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဇနီးကဆိုသည်။
ထို့ကြောင့် အဆိုပါအမျိုးသားအပါအ၀င် အနီရောင်လက်ပတ်ဝတ်အရပ်သားများတွင် ပါဝင်သူနှစ်ဦးအား 7DAY က  မတ်လ ၈ ရက်တွင် သီးသန့် ထပ်မံ တွေ့ဆုံမေးမြန်းရန်သွားရောက်ရာ တွေ့ခွင့်မရတော့ပေ။‘‘မီးဘေးတုန်းက သွားလှူခဲ့တဲ့နေရာက သူတွေက ဒီကိစ္စမှာ ပါလာတယ်ဆိုတော့ လှူရတာ အဆိပ်ပင်ရေလောင်းသလိုဖြစ်တယ်ဆိုပြီး ကျောင်းသားတွေ ပြောတာကြားရတော့ စိတ်မကောင်းဘူး။ လူနည်းစုပဲဆိုတာ သူတို့တွေသိစေချင်တယ်’’ဟု လူအနည်းစု ပါဝင်ခဲ့ခြင်းကြောင့် ရပ်ကွက်ရှိ ပြည်သူအများစုအပေါ် အထင်သေးခံနေရခြင်းနှင့် ပတ်သက်၍ စက်ကလေးကျေးရွာမှ ကိုတင်ထွန်းအောင်ကပြောသည်။
လက်ပတ်အနီဝတ် တာဝန်အတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် နီးစပ်သူများကို ခေါ်ခဲ့ကြောင်း ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ထိုအမျိုးသားကဲ့သို့ပင် အရပ်သားအချို့မှာလည်း အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မခေါ်ယူခြင်းနှင့် လိမ်ညာခေါ်ယူမှုများ ရှိခဲ့သည်။ ထိုသို့ မလိမ့်တစ်ပတ် ခေါ်ယူခြင်းသည် လူကုန်ကူးမှု မြောက်ကြောင်းနှင့် လူကုန်ကူးမှု ဥပဒေဖြင့် ပြန်လည်တရားစွဲဆိုနိုင်ပြီး ခေါ်ယူသည့် အုပ်ချုပ်ရေးမှူးသာ တာဝန်ယူရမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံမှ လူများကို နိုင်ငံတော်အစိုးရက အသိအမှတ်မပြု သလို လက်ရှိအာဏာရပါတီမှလည်း တာဝန်မခံကြောင်း၊  ယင်းတို့ကို ရှေ့နေများ ကွန်ရက်မှ ကာယိနြေ္ဒပျက်ပြားစေမှု၊ နာကျင်စေမှုများဖြင့် တရားစွဲသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
‘‘တရားဥပဒေစိုးမိုးဖို့ ဥပဒေ လိုက်နာအောင် လုပ်တဲ့သူတွေမှာ တာဝန်ရှိတယ်။ ဘယ်ကမှန်းမသိတဲ့ လက်ပတ်နီကို လက်မခံဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး’’ဟု ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးကပြောသည်။
ရန်ကုန်မြို့တော်ခန်းမကဲ့သို့ နေရာမျိုးတွင် ရမ်းကားပြီး ဥပဒေမဲ့လုပ်ရပ်ကို ပြည်ထောင်စု အစိုးရအနေဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရကသော်လည်းကောင်း တာဝန်ယူသင့်ကြောင်းနှင့် ဥပဒေနှင့်မညီကြောင်းကို သတ္တိရှိရှိဝန်ခံသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။
ပြည်သူကို မလိမ်ညာဘဲ ရိုးသားစွာ ဆက်ဆံသင့်ကြောင်းနှင့် အုပ်စုဖွဲ့ရမ်းကားမှုကို အစိုးရအနေဖြင့် တာဝန်မခံပါက အစိုးရအနေဖြင့် ရှေ့အလားအလာမကောင်းနိုင်ကြောင်း ၎င်းကဆိုသည်။
ရန်ကုန်မြို့နေ ပြည်သူများမှာ အဆိုပါကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ဒေသခံများအပေါ် ယခင်ကာလများကပင် အထင်အမြင်သေးစွာ ခွဲခြားဆက်ဆံခံနေကြပြီး ကျောင်းသားဆန္ဒပြမှုများကို အကြမ်းဖက်ဖမ်းဆီးရာတွင် အဆိုပါဒေသခံအချို့ ပါဝင်ကြောင်း သတင်းများပျံ့နှံ့ခဲ့ပြီး နောက် ၎င်းတို့အပေါ် အထင်အမြင်သေးမှုများ ထပ်မံမြင့်တက်လာမည်ကို ဒေသခံများကစိုးရိမ်နေကြကြောင်း ပြည်သူအချို့က ပြောသည်။
သို့သော် လက်ပတ်အနီဝတ်သူများမှာ ငြိမ်းချမ်းရေးကို လိုလားသော ပြည်သူများနှင့် အထောက်အကူပြုအဖွဲ့များသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးက မတ်လ ၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဆိုခဲ့သည်။

                                         မြူ နှင်း(အေးရိပ်ငြိမ်)