အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 24 juni 2014

ဘုရင့်နောင်သက်ကြားအိုစာရေးခင်ညွန့်နှင့်သူ၏အပေါင်းအပါများလုပ်စား


ထိုအနီစက်ပြထားသော ၀ိတိုရိယအငူပါတ်လမ်း (ယ္ခု ဘုရင့်နောင်အငူပါတ်လမ်း)တွင် ယခင်က  ဗိုလ်မှူးအောင်သိန်းလက်ထက်က ဘုရင့်နောင်အငူပါတ်လမ်းလုပ်မည်ဆိုပြီးသိမ်းထားသည့်နေရာများဖြစ်ပါ သည်၊ ထိုနေရာများတွင်နေခဲ့သည့်သူများမှာ အတိဒုက္ခရောက်ကြရပြီးဖြစ်ပါသည်၊ကျွန်မပြောပြချင်သည်မှာ အရင်တစ်ယောက်ကသိမ်းပြီး အခုလက်ရှိအာဏာပိုင်များလက်ထက်တွင် ဘုရင့်နောင်ရပ်ကွက် မှ သက်ကြားအိုစာရေး ခင်ညွန့်နှင့်မြေတိုင်းပေါင်းစားပြီးထိုနေရာများကိုရောင်းစားခဲ့သည်ဟုသိရှိရပါသည်၊
သက်ကြားအိုစာရေးခင်ညွန့်သည် လုပ်ပိုင်ခွင့်မည်ဆိုပါက သူ့မိန်းမကိုပင် လေလံတင်မည့်သူဖြစ်ပါသည် ထားပါတော့ သူ့မိန်းမကိုသူလေလံတင်ချင်တင်မတင်ချင်နေ အများပိုင်နေရာများကိုတော့ ဒီလိုမလုပ်စားသင့် ဘူးထင်လို့ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်၊ဘုရင့်နောင်မောင်မယ်လမ်းထဲက ရေတွင်းကိုလည်းရောင်းစားခဲ့  ပြီး NLD မှ ဖော်ကောင်လုပ်သည့်အတွက် ပြန်လည်ပေးဆပ်ခဲ့ဖူးသည့်မှတ်တမ်းများရှိပါသည်။ထိုသို့ကော့သောင်းမြို့အ  များပြည်သူအပန်းဖြေရာနေရာတွင် ဒီလိုမျိုး အကွက်ရိုက်ရောင်းချနေသည်ကို သက်ဆိုင်ရာအာဏာပိုင်များ မှထိရောက်စွာရေးယူပေးနိုင်ပါစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
ကျန်ရှိသည့်ရောင်းစားထားသည့်နေရာများအား ထပ်ဆင့်တင်ပြပေးသွားမည်ဖြစ်ပါသည်။

မြူ နှင်း(အေးရိပ်ငြိမ်)


ဒေါ်ခင်ဝိုင်းကြည် ဘယ်လို ခြိမ်းခြောက်ခံနေရလဲ

  ဒေါ်ခင်ဝိုင်းကြည် ဘယ်လို ခြိမ်းခြောက်ခံနေရလဲ




    Monday, 23 June 2014 11:29
    http://thevoicemyanmar.com/index.php/news/item/718-dk

လာမည့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက်ခံနေရပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ ဆက်သွယ်ခြိမ်းခြောက်တာ၊ လွှတ်တော်အတွင်းမှာ စောင်းမြောင်း ပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်းတရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

NDF ပါတီဝင် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်က ခြိမ်းခြောက်ခံနေရတဲ့အတွက် စိုးရိမ်တဲ့အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။ “ဖုန်းကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာတွေ မိသားစု အရေးကိစ္စတွေအထိ မေးမြန်းနှောက်ယှက်တာတွေ ကြုံရတယ်။ အန်တီက နေပြည်တော်မှာ ရှိနေပေမဲ့ ရန်ကုန်က မိသားစုကို စောင့်ကြည့်နေတဲ့ပုံစံမျိုးအထိ ဖြစ်လာတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့”

PR စနစ် အဆိုတင်တဲ့ အချိန်က ပြည်နယ်တွေမှာ မကျင့်သုံးဘဲ တိုင်းဒေသကြီးတွေမှာပဲ ကျင့်သုံးဖို့ တင်ပြခဲ့ပေမယ့် တိုင်းရင်းသားပါတီ အများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာ နားမလည်နိုင်ဘူးလို့ သူကဆိုပါတယ်။ ညီနောင်တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီတွေက PR စနစ်ကို အပြင်းအထန် ကန့်ကွက်ထားပါတယ်။ တိုင်းရင်းသား ပြည်နယ်တချို့မှာတော့ ဆန္ဒပြကန့်ကွက်မယ်လို့ ကြေညာထားပါတယ်။




ဒေါ်ခင်ဝိုင်းကြည်နေအိမ် ဖောက်ထွင်းခံရ

ဒေါ်ခင်ဝိုင်းကြည်နေအိမ် ဖောက်ထွင်းခံရ



    Tuesday, 24 June 2014 08:48
http://thevoicemyanmar.com/index.php/news/item/723-dky

အချိုးကျကိုယ်စားပြု (PR) စနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်ခဲ့တဲ့ ဒေါ်ခင်ဝိုင်းကြည်နေအိမ် မနေ့က ညသန်းခေါင်ယံမှာ ဖောက်ထွင်းခံလိုက်ရပါတယ်။ ခြိမ်းခြောက်ခံရတဲ့အတွက် စိုးရိမ်နေတယ်လို့ ထုတ်ဖော်ပြောဆို အပြီးမှာ အခုလို ဖောက်ထွင်းမှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။

အရေးကြီး စာရွက်စာတမ်းတွေကို ခိုးယူဖို့ လာခဲ့တယ်လို့ ထင်ခဲ့ပေမယ့် အဲဒီစာရွက်စာတမ်းတွေ မပါသွားဘူးလို့ ဒေါ်ခင်ဝိုင်းကြည်ရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။
“ဖုန်းရယ် ပိုက်ဆံအိတ်ရယ်ပဲ ပါသွားတယ်” လို့ သူက ရှင်းပြပါတယ်။

နေအိမ် ဖောက်ထွင်းခံရတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက် မေးမြန်းခဲ့တယ်လို့ ဒေါ်ခင်ဝိုင်းကြည်ရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။ ဖောက်ထွင်းခံရမှုနဲ့ ပတ်သက်လို့ အမှုဖွင့်ထားတာတော့ မရှိသေးပါဘူး။

တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေးမြန်း နှောက်ယှက်တာတွေ ရှိတဲ့အတွက် ရန်ကုန်မှာ ရှိနေတဲ့ မိသားစုအတွက် စိုးရိမ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice ကို ဇွန်လ ၂၃ ရက်နေ့က ပြောဆိုထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် တယ်လီဖုန်းနဲ့ ဆက်သွယ်ခြိမ်းခြောက်တာ၊ လွှတ်တော်အတွင်းမှာ စောင်းမြောင်းပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်းတရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေးမြန်း နှောက်ယှက်တာတွေ ရှိတဲ့အတွက် ရန်ကုန်မှာ ရှိနေတယ် မိသားစုအတွက် စိုးရိမ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice ကို ဇွန်လ ၂၃ ရက်နေ့က ပြောဆိုထားပါတယ်။

ဦးဝင်းချို နှင့်ကိုနေမျိုးဇင်အင်းစိန်ထောင်က ဒီနေ့ ဇွန် လ ၂၄ ရက်နေ့ မနက်မှာ လွတ်လာ

ဦးဝင်းချို နှင့်ကိုနေမျိုးဇင်အင်းစိန်ထောင်က ဒီနေ့ ဇွန် လ ၂၄ ရက်နေ့ မနက်မှာ လွတ်လာ


ကျနော် ဦးဝင်းချို အင်းစိန်ထောင်က ဒီနေ့ ဇွန်
လ ၂၄ ရက်နေ့ မနက်မှာ လွတ်လာပါပြီ။
လွတ်လာတဲ့ အမှုက လယ်သမားတွေ နဲ့အတူ
 မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒ ပြတဲ့ အမှု။နောက်အမှု
က ဖရောင်းတိုင်မီးထွန်းတဲ့
အမှု။နောက်မှု အတွက်
အာ မခံ ယူထားတယ်။ ဇူလိုင်လ ၃ ရက်နေ့ ရုံးချိန်း။
ကျနော့်ကိုစစ်ရမယ်။ ကိုယ်ပိုင်စစ် ခေါ်တယ်တဲ့။
အဲဒီအမှု အတွက်စီရင်ချက်ကျရင်
အင်းစိန်ထောင်ကို ပြန်သွားရအုံးမှာပေါ့လေ။
ဘယ်လိုဘဲဖြစ်ဖြစ် ခဏတဖြုတ်တော့ ထောင်ပြင်မှာ မိသားစု နဲ့
နေခွင့်ရအုံးမှာပါ။ မိတ်ဆွေများ အားလုံး
မင်္ဂလာပါ ခင်ဗျား။
ဦးဝင်းချို ၀၉ -၇၃၂၀၆၈၃၈



ကျနော် ထောင်ကျနေစဉ် အတွင်း ထောင်မှ လွတ်မြောက်ဖို့ ဆုတောင်း၊ တောင်းဆို၊ ကီးဘုတ်လက်နက်ဖြင့် ရရာ ရောက်ရာ နိုင်ငံ ဒေသမှ တောင်းဆို တိုက်ပွဲဝင်ပေးသော ဖေ့ဘုတ်နိုင်ငံတော်မှ မြန်မာပြည် တိုးတက်ကောင်းစားရေး လိုလားသော ကျနော့် မိတ်ဆွေများ အားလုံး၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပြီး ကျနော်နဲ့ ဦးဝင်းချိုကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပေးခဲ့ကြသော ဆရာတော် သံဃာတော်များ။ တောင်သူလယ်သမား အဖွဲ့အစည်း အားလုံး နဲ့ လူမှုနိုင်ငံရေး လှုပ်ရှားသူများ။ နိုင်ငံရေး ပါတီ ၀င်များ အားလုံးကို ရိုးဖြောင့်သော ဂုဏ်ပြုကျေးဇူးတင်မှုဖြင့် ကျေးဇူးတင်နေပါကြောင်း လေးစားစွာ ဖေါ်ပြခွင့် ပြုပါ ခင်ဗျား

ပြည်သူ့ ဘက်တော်သား
နေမျိုးဇင်




ြ ပြည်နယ်ဝန်ကြီးချုပ်နေရာ မိမိတို့ ရသင့်တယ်

ြ  ပြည်နယ်ဝန်ကြီးချုပ်နေရာ မိမိတို့ ရသင့်တယ်



RFA Burmese

လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာအတွက် ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ အများဆုံးရထားတဲ့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို ရွေးချယ်ခန့်အပ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

သဘောထားကြေငြာချက်ထုတ်တာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ကြီးက အခုလိုပြောပါတယ်။

"ဒီနေ့ အခြေအနေဟာ ရခိုင်ပြည်နယ်အတွက် သိပ်အရေးကြီးတဲ့ အခြေအနေ၊ အဲ့အခြေအနေမျိုးမှာ ဝန်ကြီးချုပ်တစ်ယောက် အပြောင်းအလဲဖြစ်လာတယ်ဆိုတဲ့ဥစ္စာဟာ ဒီဖြစ်လာတဲ့ ဝန်ကြီးချုပ်ကို တတ်နိုင်သမျှ ရခိုင်တိုင်းရင်းသား ဖြစ်စေချင်တယ်၊ နောက်ပြီးတော့ ရွေးကောက်ခံထားရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ထဲက ဖြစ်စေချင်တယ်၊ ဥပဒေအရအနေနဲ့ သမ္မတက ခန့်ပေးလို့ရတာပေါ့၊ လွှတ်တော်ကို အဆိုတင်ပေးလို့ရတာပေါ့၊ ဒါပေမဲ့ ဒီမိုကရေစီစံနဲ့ ပြန်တိုင်းမယ်ဆိုလို့ရှိရင် ဒါမဖြစ်သင့်တဲ့ကိစ္စတစ်ခုလို့ ပါတီက ဒီမူအတိုင်းပဲရပ်တယ်"

သဘောထားကြေညာချက်ထဲမှာ အသစ်ခန့်အပ်တာဝန်ပေးအပ်မယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေထဲကသာ ဖြစ်သင့်ကြောင်းလည်း ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင်ကို နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ခွင့်ပြုခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လောလောဆယ်မှာ ဗိုလ်ချုပ်မောင်မောင်အုန်းကို ဇွန်လ ၂၀ ရက် နေ့စွဲနဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

လစ်လပ်နေတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ်ပြည်နယ် လွှတ်တော်အစည်းအဝေးကို မနက်ဖြန် ဇွန်လ ၂၅ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။



ဦးဆန်းဆင့်ကို ဖမ်းဆီးသည့်ကိစ္စ သင့်လျော်သည့်အချိန်တွင် ရှင်းလင်းမည်

ဦးဆန်းဆင့်ကို ဖမ်းဆီးသည့်ကိစ္စ သင့်လျော်သည့်အချိန်တွင် ရှင်းလင်းမည်

By
မင်းဟိန်းကျော်
On
Tue, 2014-06-24 06:03
Location
http://www.7daydaily.com/story/14025#.U6oEk7GTGSo
 သာသနာရေးဝန် ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးအ ရေးယူထားသည့် ကိစ္စရပ်နှင့်ပတ် သက်၍ သင့်လျော်သည့်အချိန် တွင် ရှင်းလင်းပြောကြားမှုများပြု လုပ်မည်ဖြစ်ပြီးပြန်ကြားရေးဒုတိ ယ၀န်ကြီး၊ ရဲချုပ်တို့ပါဝင်သော သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်း လင်းမည်ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ်ကျော် ကျော်ထွန်းက ပြောသည်။

ယခုလ ၂၃ရက်တွင်ပြုလုပ် သော ပြည်သူ့လွှတ်တော်အစည်း အဝေးအတွင်း မီဒီယာများနှင့် တွေ့ဆုံစဉ်ပြည်ထဲရေးဒုတိယ၀န် ကြီးက အထက်ပါအတိုင်း ဖြေကြာဲး့ခြင်းဖြစ်သည်။

‘‘ဦးဆန်းဆင့်ကိစ္စရပ်နဲ့ပတ် သက်လို့ အခုအချိန်မှာ ကျွန်တော့် အနေနဲ့ ဘာမှထုတ်ပြောလို့မရ သေးပါဘူး။ သင့်လျော်တဲ့အချိန် မှာ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါလိမ့်မယ်။ ဦးရဲထွဋ်တို့ ရဲ ချုပ်တို့ပါပါတယ်’’ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကပြောသည်။

ငွေကြေးအလွဲသုံးစားမှုကိစ္စ ရပ်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန က ဦးဆန်းဆင့်ကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကာ နေပြည်တော် ပုဗ္ဗသီရိတရားရုံးတွင် အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ  ရုံးအကြံပေးဦးအံ့မောင်ကို ဖမ်း ဆီးစစ်ဆေးနေသည်ဆိုသည့်သ တင်းအား မိမိအနေဖြင့်အတည်ပြု ပြောကြားနိုင်ခြင်းမရှိဘဲ မည်သူမ ဆို လိုအပ်ပါက ခေါ်ယူစစ်ဆေးမှု များရှိနိုင်ကြောင်း ဒုတိယ၀န်ကြီး ကပြောသည်။
လက်ရှိတွင် ဦးဆန်းဆင့် ကို ရမည်းသင်းထောင်သို့ ပို့ ဆောင်ထားပြီး ၎င်း၏ကိုယ်ရေး အရာရှိဖြစ်သူဦးအောင်သူမင်းမှာ မူ မည်သည့်နေရာတွင် ဖမ်းဆီး ထားသည်ဆိုခြင်းကို သိရှိရခြင်းမ ရှိကြောင်း ဦးဆန်းဆင့်နှင့်နီးစပ် သည့်အသိုင်းအ၀ိုင်းမှ သတင်းရရှိ သည်။ အဆိုပါကိစ္စရပ်နှင့်ပတ် သက်၍ ဦးဆန်းဆင့်နှင့် နီးစပ်သူ များအပါအ၀င် ဌာနဆိုင်ရာဝန်ထမ်းအချို့ကိုပါ စစ်ဆေးမေးမြန်းမှုများ ရှိနေကြောင်းသတင်းရရှိသည်။

ဦးဆန်းဆင့်ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ လူ့အခွင့်အရေးလှုပ် ရှားသူများ၊လယ်သမားများ၊ ပြည် သူများက ဆန္ဒဖော်ထုတ်မည်ဖြစ် ကာ အမှန်တရားပေါ်ပေါက်ရေး၊ ဦးဆန်းဆင့်ကို အမြန်ဆုံးလွှတ် ပေးရေးအတွက်တောင်းဆိုသွား မည်ဖြစ်ကြောင်း ပုသိမ်မြို့ရှိ လူ့ အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

‘‘ဦးဆန်းဆင့်ကကျွန်တော် တို့ ဧရာဝတီသားတွေအတွက် အားကိုးရာပဲ။ အခုကိစ္စကသူ့ကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ လုပ်ကြံ တာ။ နောက်ပြီး ပွင့်လင်းမြင်သာ မှုမရှိဘဲ ဒီလိုခေါ်ဆောင်ဖမ်းဆီး တာက လူ့အခွင့်အရေးချိုးဖောက် ခံရတာဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့က ခွင့်ပြုချက်တင် ပြီး အနီးဆုံးရက်ပိုင်းအတွင်း ဆန္ဒ ထုတ်ဖော်မှုပြုလုပ်မယ်’’ဟု အဆို ပါပုဂ္ဂိုလ်ကပြောသည်။

ဦးဆန်းဆင့်သည် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအနက်ဧရာဝတီလွှတ်တော်ကို ထင်ပေါ်သော လွှတ်တော်ဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းနာမည်ကောင်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။




ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဥပဒေကြမ်း ဖျက်သိမ်းရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်အသင်းတော်များ တောင်းဆို

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဥပဒေကြမ်း ဖျက်သိမ်းရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်အသင်းတော်များ တောင်းဆို

By
အိဖြူမွန်
On
Tue, 2014-06-24 06:03
Location
ရန်ကုန်
http://www.7daydaily.com/story/13995#.U6oDirGTGSo014

ကိုးကွယ်မှုဆိုင်ရာ ဘာ သာကူးပြောင်းခြင်း ဥပဒေကြမ်း အား ဖျက်သိမ်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ   ခရစ်ယာန်အသင်း တော်များက   တောင်းဆိုလိုက် ကြောင်း သတင်းရရှိသည်။

ကိုးကွယ်မှုဆိုင်ရာ ဘာသာ ကူးပြောင်းရာတွင် ကူးပြောင်း မည့်သူသည် ဖိအားပေးခံရသည် လားဆိုသည့် အချက်ကို စစ်ဆေး ခြင်း၊ ဘာသာကူးပြောင်းရာတွင် စစ်ဆေးရေး၌   ပါဝင်သော အုပ်ချုပ်ရေးအာဏာပိုင်များ ထောက်ခံထားသည့်     ဆုံးဖြတ်ချက်ကို ရယူခြင်း၊ ဥပဒေပြဋ္ဌာန်းချက်အ တိုင်း လိုက်နာမှုမရှိပါက ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခြင်း သည် လူတစ်ဦးချင်းစီ၏ လူ့အ ခွင့်အရေးကို    ချိုးဖောက်ခြင်း ဖြစ်သောကြောင့် ဖျက်သိမ်းပေး ရန် မြန်မာနိုင်ငံဆိုင်ရာ ခရစ်ယာန် အသင်းတော်များက တောင်းဆို ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ဘာသာမတူသူ နှစ်ဦးရဲ့ ချစ်ရေးကြိုက်ရေးကိစ္စကို တား မြစ်လို့ မရဘူး။ ဒါ့အပြင် ဘယ် ဘာသာကို ကိုးကွယ်မယ်၊ မကိုး ကွယ်ဘူးဆိုတာ ကာယကံရှင် နှစ် ဦးကပဲ ဆုံးဖြတ်ရမှာ။ ဘာသာ ရေးဆိုတာ ကိုးကွယ်ယုံကြည်မှု လေ။ ကိုယ်ကြိုက်တာကို လွတ် လပ်စွာ ယုံကြည်ကိုးကွယ်လို့ရ တယ်။ တစ်ဦးတစ်ယောက်က စေခိုင်းလို့ပဲဖြစ်ဖြစ်၊ မစေခိုင်းလို့ ပဲဖြစ်ဖြစ် စိတ်ထဲမှာ ရှိတာဟာ ပြောင်းလဲလို့မှ   မရတာ။   ဒါ ကြောင့် ဘာဥပဒေပြဋ္ဌာန်းချက်မှ မလိုဘူးလေ’’ ဟု မြန်မာနိုင်ငံ ဓမ္မ တက္ကသိုလ် ပါမောက္ခ ဒေါက်တာ စောလှိုင်ဘွားက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ် ယာန်အသင်းတော်များတွင် မြန် မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့၊ မြန်မာ နိုင်ငံ ခရစ်ယာန်အသင်းတော် များကောင်စီ၊ မြန်မာနိုင်ငံ သတ္တမ ဥပုသ်အသင်း၊ ဧ၀ံဂေလိအသင်း တော်များအဖွဲ့ချုပ်တို့ ပါဝင်ပြီး ယင်းအသင်းအဖွဲ့များအောက်တွင်အသင်းတော်ခွဲပေါင်း များစွာ ပါဝင်သည်။

နိုင်ငံတော်က ပြဋ္ဌာန်းထား သော ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုးကွယ်မှုဘာသာကူးပြောင်းရာ ၌  ဖိအားပေးခံရသူများကို ကာ ကွယ်ထားကြောင်း၊ ယခုရေးဆွဲ ထားသော ဥပဒေကြမ်းကို အ တည်ပြုပြီး အကောင်အထည်ဖော်မည်ဆိုပါက အကောင်အထည် ဖော်မှု အားနည်းချက်များကြောင့် ကိုးကွယ်သူတစ်ဦးနှင့် တစ်ဦး ကြားတွင် အမှားများလာကာ ပဋိ ပက္ခများဖြစ်ပေါ်လာနိုင်ကြောင်း ဖျက်သိမ်းပေးရန် တောင်းဆိုသူ များက ထောက်ပြထားကြသည်။

‘‘စစ်ဆေးတဲ့အချိန်မှာ ကိုယ် ကိုးကွယ်တဲ့ ဘာသာကို အထိမ်း အမှတ်တစ်ခုခု အိမ်မှာပြထားပေ မယ့် သူယုံကြည်ကိုးကွယ်တဲ့ ဘာ သာက သူ့စိတ်ထဲမှာဆိုရင် အဲဒါ ကို ဘယ်လို စစ်ဆေးမလဲ။ စိတ် ထဲမှာ ဖြစ်ပေါ်နေတဲ့အရာကို စစ် ဆေးဖို့ ခက်တယ်လေ။ လိုမှ မလို တာ’’ ဟု အရပ်ဘက်လူ့အဖွဲ့အ စည်းတွင် လုပ်ကိုင်နေသူ မဖြူ ကြည်ခိုင်က ပြောသည်။

ကုလသမဂ္ဂ၏   သတင်း ထုတ်ပြန်ရေးစင်တာကလည်း မြန်မာနိုင်ငံရှိ ဘာသာကူးပြောင်း မှု ကန့်သတ်ခြင်း ဥပဒေကြမ်း သည် လွတ်လပ်စွာ ရွေးချယ်ပိုင် ခွင့်၊ ပြောင်းလဲပိုင်ခွင့်ကို ကန့် သတ်ထားသောကြောင့် ဒီမိုကရေ စီစံနှုန်းနှင့် မကိုက်ညီသော တား မြစ်ချက်တစ်ခုဖြစ်သောကြောင့် ဖျက်သိမ်းပေးရန် သမ္မတဦးသိန်း စိန်အား တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေကို ပြ ဋ္ဌာန်းပေးရန် တောင်းဆိုသူများ၏ တောင်းဆိုမှုကို လွှတ်တော်သို့ သမ္မတက    အကြောင်းကြားစာ ပေးပို့ပြီးနောက် ကိုးကွယ်မှုဘာ သာကူးပြောင်းခြင်း ဥပဒေကြမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။



မန်းလေးသူ မေသွယ်မောင်

မန်းလေးသူ မေသွယ်မောင်



Kant Gaw

အမေရိကန်နိုင်ငံကာလီဖိုးနီးယားမှ ကာယအလှ မော်ဒယ်
ဒုတိယရရှိဖူး..
၃၁-၂၄-၃၃ ရှိ
ကျမ်းမာရေးအုပ်ချုပ်မှုဆိုင်ရာမာစတာတက်ရင်းအလုပ်လုပ်နေ
ရင်သားအနည်းငယ်ပြင်ထား၊ကျန်တာအစစ်...
အသက်-၂၄နှစ်




သူ့နေရာဆက်ခံမဲ့ ၀န်ကြီးက သိန်း (၈၀၀၀) ကိစ္စနဲ့ မရှင်းမရှင်းဖြစ်နေတဲ့သူ

သူ့နေရာဆက်ခံမဲ့ ၀န်ကြီးက သိန်း (၈၀၀၀) ကိစ္စနဲ့ မရှင်းမရှင်းဖြစ်နေတဲ့သူ


Moe Zay Nyein

7 Days မှာ ဘူးလက်ကြီးပြောတဲ့သတင်းတွေ့မှ သတိရမိတယ်။

ခု သာသနာရေးမှာ ၀န်ကြီးအဖြစ်အဆို တင်သွင်းခံရတဲ့ ဗိုလ်မှူးကြီးစိုးဝင်း က အရင်တုန်းက ပြန်ကြားရေးကပါ။ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မတ်လမှာ ပြန်ကြားရေး ဒုဝန်ကြီးဖြစ်လာပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ- သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှာ ငွေသိန်း (၈၀၀၀) ကျော် စာရင်းကွာဟမှုဖြစ်ခဲ့ပါတယ်။ အဲဒီငွေကြေးကွာဟမှုကို သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း လက်အောက်ခံ မြန်မာ့အလင်းသတင်းစာတိုက်မှ မန်နေဂျာ - ထွန်းထွန်းလတ်၊ လထမန်နေဂျာ(ဖြန့်ချိရေး) - ကျော်မင်းဦးနဲ့ လထမန်နေဂျာ(ငွေစာရင်း) ၀င်းမြင့် တို့ (၃) ယောက်အပေါ် ခေါင်းပုံချ၊ အိမ်တွေ မြေတွေသိမ်း၊ ဖမ်းဆီးအမှုဖွင့်စစ်ဆေးခဲ့ပါတယ်။ ယခုထိ အမှုမပြီးပြတ်သေးပါဘူး။

၂၀၁၂ သြဂုတ်လ (အမှုဖြစ်ပေါ်ပြီးတစ်လခန့်အကြာမှာ) ဗိုလ်မှူးကြီးစိုးဝင်းကို အမှုနဲ့လွတ်ရာကျွတ်ရာ သာသနာရေးဝန်ကြီးဌာနသို့ ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့ပေးခဲ့ ပါတယ်။ အထက်အရာရှိအဖြစ်တာဝန်ယူခဲ့စဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ပြဿနာကို ခေါင်းရှောင်သွားတယ် ဆိုပါတော့။ ခုတော့ ၀န်ကြီးတောင် ဖြစ်လာဦးမတဲ့ဗျာ။ အရင်ဝန်ကြီးကိုတော့ သိန်း(၁၀၀) လာဘ်စားလို့ အရေးယူသတဲ့။ သူ့နေရာဆက်ခံမဲ့ ၀န်ကြီးက သိန်း (၈၀၀၀) ကိစ္စနဲ့ မရှင်းမရှင်းဖြစ်နေတဲ့သူ။
ကောင်းပါတယ်။ စိတ်ပျက်ဖို့။




ဒီနေ့ကာတွန်း

ဒီနေ့ကာတွန်း




ရပ်စဲ=ဖြုတ်

ရပ်စဲ=ဖြုတ်




ဦးအံ့မောင်ကို ဖမ်းတဲ့အဆင့်မဟုတ်ဘဲ ရန်ကုန်မှာ အထူးတပ်ဖွဲ့ဖွဲ့ပြီး စစ်

ဦးအံ့မောင်ကို ဖမ်းတဲ့အဆင့်မဟုတ်ဘဲ ရန်ကုန်မှာ အထူးတပ်ဖွဲ့ဖွဲ့ပြီး စစ်



သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအံ့မောင်ကို စသုံးလုံးဘက်က စစ်ဆေးနေပြီ ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။

ဦးအံ့မောင်ကို ဖမ်းတဲ့အဆင့်မဟုတ်ဘဲ ရန်ကုန်မှာ အထူးတပ်ဖွဲ့ဖွဲ့ပြီး စစ်နေတယ် လို့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ပတ်သက်တယ် လို့လည်း အထူးသတင်းတပ်ဖွဲ့ဘက်က ပြောပါတယ်။

မဟာသန္တိသုခကျောင်းတိုက် စီးနင်းမှုမှာ နောက်ကွယ်က စီစဉ် ညွှန်ကြားသူလို့ ဝေဖန်ခံနေရတဲံ ဦးအံ့မောင်ဟာ သာသနာရေးဝန်ကြီးဌာနမှာ အကြံပေးလုပ်ခဲ့သူပါ။

ဒါ့အပြင် သန္တိသုခကျောင်း သတင်းစာ ရှင်းလင်းပွဲမှာ သူရဲ့ရှင်းလင်းပြောကြားမှုတွေဟာ အငြင်းပွားဖွယ်တွေလည်း ရှိခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သမ္မတရဲ့ အကြံပေး လို့ သုံးနှုန်းခဲ့တာကိုတော့ ဦးအံ့မောင်ဟာ သမ္မတရဲ့ အကြံပေး မဟုတ်ဘူးလို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ငြင်းခဲ့ပါတယ်။

ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ် လို့လည်း သိရပါတယ်။

သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁၀၀ ခန့် အလွဲသုံးစားပြုမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေး (စစစ) က ဖမ်းဆီး အမှုဖွင့်ထားတာ ဖြစ်ပြီး ရမည်းသင်းထောင်မှာ ဖမ်းဆီးထားတယ် လို့လည်း သိရပါတယ်။

မိသားစုလှူဒါန်းတဲ့ ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲပြီး ဝန်ကြီးဌာန ငွေစာရင်းမှာ မမှန်မကန် စာရင်းပြခဲ့တာတွေ ရှိတဲ့အတွက် ဦးဆန်းဆင့်နဲပ အပေါင်းအပါများကို ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ အထူးစုံစမ်း စစ်ဆေးရေးက တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့တာ လို့လည်း သိရပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်သူ ၉ ဦး ရှိပြီး အဲဒီလူ ပုဂ္ဂိုလ်တွေ အားလုံးကို အထူးစုံစမ်း စစ်ဆေးရေးက ဆက်လက် အရေးယူသွားမယ် လို့လည်း သိရပါတယ်။

သမ္မတ အကြံပေးဆိုပြီး ဦးအံ့မောင် သုံးနှုန်းခဲ့မှုအပေါ်မှာ စုံစမ်းနေပြီ လို့ သမ္မတ ပြောဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောထားပါတယ်။

“ ဦးဆန်းဆင့် သို့မဟုတ် ဂိုဏ်းဂဏ တိုက်ပွဲမှာ ကျဆုံးသူလား”

“ ဦးဆန်းဆင့် သို့မဟုတ် ဂိုဏ်းဂဏ တိုက်ပွဲမှာ ကျဆုံးသူလား”


Sithu Aung Myint

ပြည်နယ်၊ တိုင်း လွှတ်တော် (၁၄) ခု ရှိတဲ့အနက် အရင် အာဏာရှင်တွေ ချမှတ်ပေးသွားတဲ့ လက်ညှိုးထောင် ခေါင်းညှိမ့်၊ အတည်ပြုစရာ လိုမှ လွှတ်တော်ခေါ် ဆိုတဲ့ လမ်းစဉ် မလိုက်နာပဲ လွှတ်တော် တကယ် အသက်ဝင်လာအောင် လုပ်ခဲ့တဲ့ တစ်ဦးတည်းသော လွှတ်တော် ဥက္ကဌ လည်းဖြစ်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုး ဖြစ်ပေမယ့် ဦးဆန်းဆင့်ကိုတော့ ဒေသခံတွေရော၊ လွှတ်တော်ထဲက အမတ်တွေကပါ ထောက်ခံကြပါတယ်။

“ ဦးဆန်းဆင့် သို့မဟုတ် ဂိုဏ်းဂဏ တိုက်ပွဲမှာ ကျဆုံးသူလား”
စည်သူအောင်မြင့်
မဇ္ဈိမ သတင်းစာ၊ ၂၃-၆-၁၄။ စာ-၉။

ဗုဒ္ဓဘာသာ သမိုင်းမှာ အရုပ်ဆိုး အကျည်းတန်တဲ့ ရန်ကုန်မြို့ မဟာသန္တိသုခ ကျောင်းတော်ကြီးကို မဟန က တာဝန်ပေးထားတဲ့ စည်းကမ်းထိမ်းသိမ်းရေး သံဃာတွေနဲ့ ရဲတွေက ညကြီး အချိန်မတော် ၀င်ရောက်စီးနင်း၊ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို ဖမ်းဆီးခေါ်ဆောင်၊ ငါးပါးကို အတင်းအကြပ် လူဝတ်လဲ၊ အင်းစိန်ထောင်ပို့တာ ဖြစ်ခဲ့ပြီးနောက် သာသနာရေးဝန် ၀န်ကြီး ဦးဆန်းဆင့်ကို ရာထူးကနေ ဖြုတ်ချပြီး အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ကနဦး သတင်းတွေအရ ဦးဆန်းဆင့်ကို ကျပ်ငွေ သိန်း ၁၀၀ လောက်နဲ့ ညီမျှတဲ့ အစိုးရပိုင် ငွေတွေကို မမှန်မကန် ကိုယ်ကျိုးလုပ်တယ် ဆိုပြီး စသုံးလုံး အဖွဲ့က အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဦးဆန်းဆင့်ကို အရေးယူတာ အဲဒီ ပြစ်မှုတွေတင်မကဘူး၊ အစိုးရအဖွဲ့ ခေါင်းဆောင် သမ္မတ ရဲ့ ညွှန်ကြားချက်ကို မနာခံလို့ ခုလို အရေးယူရတာပါ ဆိုပြီး ပြောပါတယ်။ ကောင်းပါပြီ။ ၀န်ကြီး ဦးဆန်းဆင့် ဘာကြောင့် အရေးယူခံရသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါမယ်။
ပထမ တစ်ချက်ကတော့ ဦးဆန်းဆင့်ကို ကျပ်ငွေ သိန်း ၁၀၀ လောက်ရှိတဲ့ အစိုရပိုင်ငွေ အလွဲသုံးစား လုပ်မှုနဲ့ အရေးယူ ဖမ်းဆီး အမှုဖွင့်ထားတယ် ဆိုတဲ့ ကိစ္စပါ။ ဒါ သဘာဝ မကျပါဘူး။ ဦးဆန်းဆင့်ဟာ အခြား အခြားသော ဗိုလ်ချုပ်ဟောင်းတွေလိုပဲ ချမ်းသာသူ တစ်ယောက်ပါ။ ဗိုလ်ချုပ်တွေကို နေရာချထားပေးတဲ့ ကမ္ဘာအေး ဗီလာလို နေရာမျိုးမှာလည်း ကိုယ်ပိုင်ခြံနဲ့ တိုက်နဲ့ ရှိပါတယ်။ ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့ ဆိုရင်တောင် ကျပ်ငွေ သိန်းပေါင်း သောင်းချီပြီး အေးအေးဆေးဆေး ပိုင်ဆိုင်ပါတယ်။ သိန်း ၁၀၀ လောက် အဂတိ လိုက်စားမှာ မဟုတ်ပါဘူး။ နောက် စ သုံးလုံးက ပြောတာ အဲဒီငွေ ခိုးတာလည်း မဟုတ်ပါဘူး။ ဘုရား မှာ လှူဒါန်းတဲ့ငွေပါ။ ပြောရရင် ဦးဆန်းဆင့်ကို ငွေကြေး အလွဲသုံးစားလုပ်လို့ ဖမ်းရတာ ဆိုရင် မမှန်ပါဘူး။
နောက်တစ်ခု လက်ရှိ ဖြစ်ခဲ့တဲ့ မဟာသန္တိသုခ ကျောင်း ၀င်ရောက်စီးနင်းမှုနဲ့ ဆိုင်သလား ဆိုတာပါ။ သမ္မတ အကြံပေး ဦးရဲထွဋ်ကတော့ ဒီ ကိစ္စ ပါတယ်လို့ ဆိုပါတယ်။ “သန္တိသုခ ကိစ္စကလည်း အကြောင်းတစ်ခုပါဝင်ပါတယ်။ သန္တိသုခဖြစ်တဲ့ အချိန်ကစပြီး သမ္မတကြီးက ၀န်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊ ဟိုဘက်ဒီဘက် နှစ်ဖက်အကြားမှာ ၀န်ကြီးအနေနဲ့ရော ဆရာ ဒကာတွေ အနေနဲ့ရော ၀င်ရောက်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တယ်” လို့ ဦးရဲထွဋ်က ပြောပါတယ်။ လက်ရှိ ဖြစ်ပွားခဲ့တဲ့ ပြသနာကို ပြန်ကြည့်ရင် မဟာသန္တိသုခ ကျောင်းတိုက် ၀င်စီးတဲ့ ကိစ္စမှာ နိုင်ငံတော် သံဃာ့မဟာနာယက လို့ခေါ်တဲ့ မဟန၊ ရန်ကုန်တိုင်း မဟန၊ သာသနာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန အားလုံး ပါဝင် ပါတ်သက်နေပါတယ်။ ဒီနေရာမှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ဟာ ကြဇာကြီးတဲ့ ရန်ကုန်တိုင်းဝန်ကြီး ဦးမြင့်ဆွေ ကိုကျော်ပြီး ညွှန်ကြားလို့ ရမရ၊ ပြည်ထဲရေးကို ကျော်ပြီး ရဲတပ်ဖွဲ့ ပါလာအောင် လုပ်လို့ရမရ မေးခွန်းထုတ်စရာ ရှိပါတယ်။ တကယ်လို့ ဦးဆန်းဆင့်ကို အရေးယူရတာ မဟာသန္တိသုခ ကိစ္စဆိုရင် အစိုးရတာဝန်ရှိသူတွေ ဒီ ပြသနာ အစ အဆုံး ပြည်သူတွေကို ရှင်းဖို့၊ လင်းဖို့ တာဝန်ရှိပါတယ်။ ဦးဆန်းဆင့် တစ်ယောက်တည်း အပေါ် ပုံချတာကတော့ သိပ် ယုတ္တိ မတန်ပါဘူး။
နောက် အရေးကြီးတာ တစ်ချက် ဦးရဲထွဋ်ပြောတာ ဦးဆန်းဆင့်ဟာ သမ္မတ ပေးခဲ့တဲ့ တာဝန်ကျေပွန်အောင် မထမ်းဆောင်ဘူး၊ ဒီလို စကားနားမထောင်တဲ့အတွက် အကြိမ်ကြိမ် ပြောဆို ဆုံးမ ပဲ့ပြင်မှုတွေ ရှိခဲ့တဲ့အကြောင်း၊ အခု နောက်ဆုံးအကြိမ်မို့လို့ အရေးယူလိုက်ရတာလို့ ဆိုပါတယ်။ ခြုံပြောရရင် အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက် မခံယူလို့ပါ။ ဒါဆိုရင်လည်း ဒီ ပုဒ်မနဲ့ပဲ အရေးယူ၊ သမ္မတ က ဦးဆန်းဆင့်ကို ဘာတွေ ညွှန်ကြားခဲ့ပြီး ဦးဆန်းဆင့်က ဘာတွေ မလိုက်နာခဲ့သလဲ၊ ဘာတွေ ဆန့်ကျင်ပြီး လုပ်ခဲ့သလဲ- အများပြည်သူသိအောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ လိုပါတယ်။
အခြားတစ်ဖက်မှာ ကြည့်လိုက်ရင် ဦးဆန်းဆင့်ဟာ အပြောင်းအလဲကာလ ဧရာဝတီ တိုင်းရဲ့ လွှတ်တော် ဥက္ကဌ ဖြစ်ခဲ့ပါတယ်။ လွှတ်တော်ဥက္ကဌ တာဝန်ယူစဉ် စ သုံးလုံးတွေက ခုလိုပဲ လိုက်ပါနှောင့်ယှက် ကလေးကလားလို လုပ်နေတာတွေကြောင့် အစိုးရအဖွဲ့ကို ပစ်တင်ရှုတ်ချ လုပ်ခဲ့သူပါ။ ပြည်နယ်၊ တိုင်း လွှတ်တော် (၁၄) ခု ရှိတဲ့အနက် အရင် အာဏာရှင်တွေ ချမှတ်ပေးသွားတဲ့ လက်ညှိုးထောင် ခေါင်းညှိမ့်၊ အတည်ပြုစရာ လိုမှ လွှတ်တော်ခေါ် ဆိုတဲ့ လမ်းစဉ် မလိုက်နာပဲ လွှတ်တော် တကယ် အသက်ဝင်လာအောင် လုပ်ခဲ့တဲ့ တစ်ဦးတည်းသော လွှတ်တော် ဥက္ကဌ လည်းဖြစ်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုး ဖြစ်ပေမယ့် ဦးဆန်းဆင့်ကိုတော့ ဒေသခံတွေရော၊ လွှတ်တော်ထဲက အမတ်တွေကပါ ထောက်ခံကြပါတယ်။
အဲဒီအချိန် သမ္မတ ဦးသိန်းစိန်က အလွန်အားထားရတဲ့၊ လက်ရှိလည်း သမ္မတ ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဖြစ်တယ်၊ သမ္မတနဲ့ ပါတီကို ထောက်ခံအားပေးရမယ် ဆိုပြီး တရားဝင် အစည်းအဝေးပွဲကြီးတွေမှာ ဗြောင် ထုတ်ဖော်ပြောဆိုရဲတဲ့ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ကို ဥပဒေကြောင်းအရ ဖြုတ်ချဖို့ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ဒုဥက္ကဌ ဦးဌေးဦးလို လူကတောင် ကိုင်တွယ်လို့ မရသူ ဖြစ်ခဲ့ပါတယ်။ ဒါတင်မက လွှတ်တော် ဥက္ကဌ ဖြစ်နေတာကလည်း အဲဒီအချိန် သူ့ကို ပြည်ခိုင်ဖြိုးပါတီကရော၊ အစိုးရကပါ ဘယ်လိုမှ အရေးယူလို့ မရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့တာပါ။ နောက်တော့ သိကြတဲ့အတိုင်း သူ့ကို သမ္မတ ဦးသိန်းစိန် လက်အောက် သာသနာရေးဝန်ကြီး တာဝန်ပေးပြီး ငြိမ်သက်အောင် ထိန်းထားလိုက်တာ ဖြစ်ပါတယ်။
အတွင်းသတင်းတွေအရတော့ ဦးဆန်းဆင့်ဟာ လွှတ်တော်နာယကကြီး သူရဦးရွှေမန်းရဲ့ လူဖြစ်တယ်၊ နိုင်ငံရေးမဟာမိတ် ဖြစ်တယ်ဆိုပြီးလည်း ပြောဆိုကြပါတယ်။ ဘယ်လောက် မှန်သလဲ အတည်ပြုလို့တော့ မရပါဘူး။ ဒါပေမယ့် ဦးဆန်းဆင့်ကို သမ္မတ ဦးသိန်းစိန် လက်အောက် သာသနာရေးဝန်ကြီး တာဝန်ပေးလိုက်ချိန် ဒီလို အဖြစ်မျိုး ဖြစ်လာနိုင်မယ် တွက်ခဲ့ပေမယ့် ဒီလောက် ဆိုးရွားတဲ့ ကံကြမ္မာ ကြုံလာလိမ့်မယ်လို့တော့ မျှော်လင့်ခဲ့ပုံ မရပါဘူး။ ရှေ့ပိုင်းမှာ ဖြစ်ခဲ့တဲ့ စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင် ပြုတ်တဲ့ ကိစ္စ၊ ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဌ ဦးသိန်းစိုး ပြုတ်တဲ့ကိစ္စတွေကို ပြန်ကြည့်လိုက်ရင် သမ္မတ ဦးသိန်းစိန် ဘက်က လူတွေဖြစ်နေတာကြောင့် ဆိုပြီးလည်း သုံးသပ်ကြပါတယ်။ မှန်ပါတယ်။ အဲဒီ လူတွေရော၊ အခု ဦးဆန်းဆင့်ပါ ဒီမိုကရေစီ ဘက်တော်သားတွေ မဟုတ်ပါဘူး၊ နိုင်ငံတော်ကို တော်လှန် ပုန်ကန်မယ့်သူတွေ မဟုတ်ပါဘူး၊ အဂတိလိုက်စားသူတွေလို့လည်း မသတ်မှတ်နိုင်ပါဘူး။ အဖြစ်နိုင်ဆုံးကတော့ ၂၀၁၅ နီးလာလေ၊ ပိုပြင်းထန်လာလေ ဖြစ်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ စစ်တပ်က တစ်ဖက်၊ လွှတ်တော်နာယက သူရဦးရွှေမန်းတို့က တစ်ဖက် ဖြစ်ပွားကြတဲ့ ဂိုဏ်းဂဏ တိုက်ပွဲမှာ ကျဆုံးကြရရှာသူတွေပဲလို့ ပြောရင် မှားနိုင်မယ် မထင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။



ဦးဆန်းဆင့်ကို ဖမ်းဆီးလို့ဇွန်လ နောက်ဆုံးပတ်၌ ပုသိမ်မြို့တွင်ဆန္ဒဖော်ထုတ် မည်

ဦးဆန်းဆင့်ကို ဖမ်းဆီးလို့ဇွန်လ နောက်ဆုံးပတ်၌ ပုသိမ်မြို့တွင်ဆန္ဒဖော်ထုတ် မည်



သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်ကို ဖမ်းဆီးကာ ရာထူးမှ အနား
ပေးလိုက်ခြင်းကြောင့် ဧရာတီတိုင်းအတွင်းရှိ ပြည်သူများက ဇွန်လ နောက်ဆုံးပတ်
တွင် တရားဝင် စာတင်ကာ ဆန္ဒထုတ်ဖော်မည်ဟု ဆန္ဒပြပွဲကို ဦးဆောင်မည့်
လူ့အခွင့်အရေး ကာကွယ်စောင့်ကြည့် မြှင့်တင်ရေးကွန်ယက်မှ ဦးထွန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။

“ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တုန်း ပြည်သူတွေ အခက်အခဲတွေကို
ဦးဆောင်ပြီး ဖြေရှင်းပေးခဲ့တယ်၊ သာသနာရေး ဝန်ကြီး
ဖြစ်တော့လည်း တိုင်းက ပြည်သူတွေ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့သူပါ၊
ဧရာဝတီတိုင်းသား တစ်ယောက်လည်းဖြစ်တယ်၊ နိုင်ငံပိုင်ငွေတွေကို အလွဲသုံးစား
အများကြီး လုပ်နေတဲ့သူတွေ ရှိနေတာကို ပြည်သူတွေအတွက် လုပ်ဆောင်ပေးသူကို
အခုလိုလုပ်တာ တရားမျှတမှု မရှိဘူး၊ လူအခွင့်အရေး ချိုးဖောက်ခံရတာပဲ”ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ဇွန်လ နောက်ဆုံးပတ်၌ ပုသိမ်မြို့တွင် ပြည်သူအင်အား ၅ဝဝခန့်က ဆန္ဒဖော်ထုတ်
မည်ဖြစ်ပြီး ဟစ်တိုင်တွင် ဦးထွန်းထွန်းဦးက ပြောဆိုမည်ဖြစ်သည်။ ပုသိမ်မြို့ 
ထဲတွင်လည်း လှည့်လည် ဆန္ဒဖော်ထုတ်မည်ဖြစ်သည်။

(( Mizzima ))



သူကိုင်ထားတဲ့ ID ကဒ်က အနီကြီးဗျ

သူကိုင်ထားတဲ့ ID ကဒ်က အနီကြီးဗျ


ငွေစုစာအုပ်လာလုပ်တာမြန်မာလို လက်မှတ်မထိုးတက်ဘူးဆိုလို့ eng လိုရောရလားဆိုတော့မတက်ဘူးတဲ့
တရုတ်လိုပဲတက်တယ်တဲ့ဗျာစိတ်ဝင်စားလို့ထကြည့်တော့သူကိုင်ထားတဲ့ ID ကဒ်က အနီကြီးဗျ
အဲ့ဒါနဲ့ဘဏ်ဝန်ထမ်းမလေးတွေကမြန်မာစာပြန်သင်ပေးလိုက်ရတယ်
နံမယ်ကြီးအပြင်ဘဏ်တခုမှာကိုယ်တွေ့ကြုံလာခဲ့ရတာပါ
Id ကဒ်ထုတ်ပေးထားတဲ့ လဝက အရာရှိနိုင်ငံတော်အပ်ါအကြီးအကျယ်သစ္စာဖောက်လိုက်တာပါပဲ




ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးခဲ့သူများ နာရေးအတွက်သာ ၀န်ကြီးဌာန တာဝန်ယူ

ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးခဲ့သူများ နာရေးအတွက်သာ ၀န်ကြီးဌာန တာဝန်ယူ



လှည်းတန်းဈေးအနီး တွင် ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးသူနှစ်ဦးအတွက် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက နာရေးလိုအပ် ချက်များနှင့် ရက်လည်ဆွမ်း ကျွေးအတွက်သာ ဆောင်ရွက် ပေးကြောင်းနာရေးတွင် လိုက်ပါဆောင်ရွက်နေသည့် ဈေးသူ၊ ဈေးသားများကပြောသည်။

သေဆုံးသူနှစ်ဦးတို့အနက် အမျိုးသမီးငယ်ကို ထိန်ပင်သု သာန်နှင့် အမျိုးသားကို ရေဝေး သုသာန်တွင် ဇွန်လ ၂၃ ရက် ညနေ ၃ နာရီက အသီးသီးမီး သင်္ဂြိုဟ်ခဲ့သည်။

‘‘ရက်လည်ဆွမ်းကျွေးရယ်၊ နာရေးရယ်အတွက် သွားရေး၊ လာရေးအားလုံးလုပ်ပေးတယ်။ ထောက်ပံ့ကြေးကတော့ အစအ ဆုံးဌာနကနေ ကူညီပေးတယ်’’ ဟု ကမာရွတ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်မိုးညိုက ပြောသည်။

သေဆုံးသွားသည့် မိန်းက လေးသည် လှည်းတန်းဈေးထဲ တွင် ပြောင်းဖူးနှင့် ကုန်စိမ်း ရောင်းသော မိန်းကလေးဖြစ်ပြီး မိဘနှစ်ဦးကို အလုပ်အကျွေးပြု နေသော မိန်းကလေးဖြစ်သည်။

‘‘ကျွန်တော့် မြို့နယ်ထဲမှာ မတော်တဆပဲဖြစ်ဖြစ်၊ ဘာ ကြောင့်ပဲဖြစ်ဖြစ် ဌာနကတာဝန် ရှိတဲ့ ကျွန်တော့်ကိုပဲ အရေးယူ ဆောင်ရွက်သွားမှာပါ’’ဟု ကမာ ရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦး အောင်ကျော်မိုးညိုကပြောသည်။

ဇွန်လ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်က လှည်းတန်းဈေးအနီး ပေ ၅၀ လမ်းတွင် Main Service လျှပ်စစ်ကြိုး ပြတ်ကျခဲ့သော ကြောင့် ဓာတ်လိုက်၍ လူနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ ခြင်းဖြစ်သည်။

ထိုကဲ့သို့လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ သေဆုံးခဲ့ခြင်းကြောင့် လျှပ်စစ်ဝန်ကြီးဌာနက ဖြေရှင်းပေးသင့်ပြီး တာဝန်ရှိသူများကိုလည်း အရေးယူမှုများ ပြုလုပ် သင့်ကြောင်း ပြည်သူများကြား ဝေဖန်မှုများလည်း ပေါ်ထွက်နေသည်။

ဓာတ်ပုံ− နစ်ကီ
 Credit To: 7 Day Daily


                                               မြူ နှင်း(အေးရိပ်ငြိမ်)

ကြောင်များက လူပြောသမျှ နားလည်

  ကြောင်များက လူပြောသမျှ နားလည်


အမေရိကန်က တရိစ္ဆာန် လေ့လာသူ ပညာရှင်များရဲ့ တွေ့ရှိချက် အသစ် ဖြစ်ပါတယ်။ ယင်းတွေ့ရှိချက် အရ ကြောင်များဟာ လူတွေရဲ့ ပြောတဲ့ စကား အားလုံး နီးပါးကို နားလည်ကြောင်း သိရပါတယ်။

သို့ပေမယ့် သူတို့ဟာ ခွေးတွေလို လူတွေကို လူတွေကို အထိုက်အလိုက် ကို ပြုမူ ပေးတတ်တဲ့သူများတော့ မဟုတ် ပါဘူး။ အကြောင်း ကတော့ ကြောင်များဟာ လူတွေကို အရူးလို သတ်မှတ်ခြင်းသာ ဖြစ်ပါတယ်။ အရူးလို သတ်မှတ်တယ် ဆိုတာ သိလျက်နဲ့ ပြောလည်း၊ ပြန်တုန့်ပြန်လည် မထူးဘူး ဆိုတဲ့ အလေ့အထနဲ့ နေထိုင်ခြင်းသာ ဖြစ်ပါတယ်။

လူတွေ ဘာပဲလုပ်လုပ် ဖြစ်ချင်ရာ ဖြစ်နေကြပါစေ ဆိုပြီးတော့ ခေါင်းအေးအေးထား စိတ်လွတ်ကိုယ်လွတ် နေထိုင်တတ်တဲ့ အလေ့ အထ ကြောင့်သာ ကြောင်များဟာ လူသားတွေကို နားမလည်ဘူးလို့ ထင်ရခြင်း ဖြစ်ပါတယ်။ အမှန်တော့ ကြောင်များဟာလည်း ကမ္ဘာပေါ်မှာ ဥာဏ် အကောင်းဆုံး တိရစ္ဆာန် စာရင်းထဲမှာ ပါဝင်နေတဲ့ တိရစ္ဆာန် တစ်မျိုး ဖြစ်ပါတယ်။
.

အောင်ခမ်း (www.innewsmyanmar.com)
 Credit To: International news for myanmar


                                                      မြူ နှင်း(အေးရိပ်ငြိမ်)

ကြိုတင်မဲပေးပြီးသူစာရင်း ထုတ်ပြန်ပေးရန် ကော်မရှင်စီစဉ်နေ

ကြိုတင်မဲပေးပြီးသူစာရင်း ထုတ်ပြန်ပေးရန် ကော်မရှင်စီစဉ်နေ


ဟိန်းကိုစိုး|

ရွေးကောက်ပွဲများမကျင်းပမီ ကြိုတင် ဆန္ဒမဲပေးပြီးသူများစာရင်းကို ထုတ်ပြန်ပေးနိုင်ရန် စီစဉ်နေသည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမ ကို ဇွန်လ ၂၃ ရက်တွင် ပြောသည်။ ကြိုတင်ဆန္ဒမဲပေးသူများ၏စာရင်းမျ
ားကို သက်ဆိုင်ရာမဲရုံများ သို့မဟုတ် ကော်မရှင် ခွဲရုံးများတွင် ထုတ်ပြန်ပေးနိုင်ရေးအတွက် ကော်မရှင်က စဉ်းစားနေသည်ဟု ၎င်းက ဆိုသည်။

“အခုလုပ်နေတဲ့ နည်းဥပဒေထဲမှာ ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားနေတယ်။ အဲဒီတော့ လာလေ့လာသူတွေအတွက်လည်း လွယ်သွားတာပေါ့။ နည်းဥပဒေကိုလည်း ကော်မရှင်ဘက်က ပြီးတဲ့ အနေအထားရှိပေမယ့် ပါတီတွေက တင်လာတဲ့ အချက်တွေကို ပြန်စဉ်းစားပေးနေသေးတာရယ်ကြောင့် အခုထိမထုတ်ရသေးတာ”ဟု ဦးသောင်းလှိုင်က ပြောသည်။

ကော်မရှင်က ပြုစုနေသည့် ရွေးကောက်ပွဲနည်းဥပဒေကို ဇွန်လအတွင်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ကော်မရှင်က ဆိုထားသည်။ မဲများကိုရေတွက်ရာ ရွေးကောက်ပွဲ ကျင်းပချိန်အတွင်း နိုင်ငံရပ်ခြားရှိသူများနှင့် နိုင်ငံရပ်ခြားသို့သွားရောက် မည့်သူများအတွက်ကို သက်ဆိုင်ရာမြို့နယ်ကော်မရှင် ရုံးတွင် ရေတွက်မည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် ဖျားနာသူများ ဥပဒေအရ ဆန္ဒမဲ မပေးနိုင်သူများ၏ မဲများကိုသက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများတွင်သာ ရေတွက်သွားမည်ဟု ကော်မရှင်က ဆိုသည်။

“၂၀၁၀ တုန်းက ဘာမှကို မသိရဘူး။ ကြိုတင်မဲကောက်တုန်းကလည်း ဆရာမတွေ ရပ်ကျေးတွေက ဒီဟာထည့် ဟိုဟာထည့်နဲ့ ပြောတာတွေရှိခဲ့တယ်လို့ သိရတယ်လေ။ အခုကြိုတင်မဲပေးပြီးသူ စာရင်းကို ကပ်ထား ပေးမယ်ဆိုတာက မကပ်ပေးတာထက်စာရင်တော့ ကောင်းတယ်လို့ ပြောရမှာပဲ။ဒါပေမဲ့ ကြိုတင်မဲပေးစဉ်မှာ လွတ်လပ်စွာ မဲပေးခွင့်ရှိနိုင်ဖို့ကလည်း ပိုအရေးကြီးပါတယ်”ဟု ချင်းအမျိုးသား ဒီမိုကရက် တစ်ပါတီ အတွင်းရေးမှူး(၁)ဆလိုင်းငယ်ပီး က ဆိုသည်။

ပါတကီရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ တောင်းယူကြည့်ရူခြင်းအတွက် ငွေကျပ်တစ်သောင်း ပေးသွင်းရမှုကိုလည်း အခမဲ့အဖြစ် ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းထားသည်ဟု ပြောသည်။
Credit To: Mizzima - News in Burmese
 
                                               မြူ နှင်း(အေးရိပ်ငြိမ်)     

အလုပ်ရှင်ထောက်ခံချက်မရှိသည့် မြန်မာအလုပ်သမားများသာ ဖမ်းမည်

အလုပ်ရှင်ထောက်ခံချက်မရှိသည့် မြန်မာအလုပ်သမားများသာ ဖမ်းမည်



ထိုင်းနိုင်ငံတွင် အ ထောက်အထားမရှိသည့် မြန်မာ အလုပ်သမားများနှင့် အလုပ်ရှင် ထောက်ခံချက်မရှိသူများကိုလုံခြု
ံ ရေးအရ ဖမ်းဆီးအရေးယူသွား မည်ဟု ထိုင်းနိုင်ငံအမှတ်(၃)စစ် ဗျူဟာမှူးကအကြောင်းကြား ထားသည်ဟု မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့် ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ(CNCMC)မှ သတင်းရ ရှိသည်။

ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံအသီးသီးမှ လာရောက်နေသည့် တရားမ၀င်အလုပ်သမားများကို စစ်ဆေးကာ နေရပ်ပြန်ပို့နေခြင်းများ နှင့်ပတ်သက်၍ ထိုင်းနိုင်ငံအမှတ် (၃)စစ်ဗျူဟာမှူးဗိုလ်မှူးကြီး ယုံယွတ်လောဝ်ခိတ်ကန်းက ဇွန်လ ၂၃ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒီနေ့လုပ်တဲ့ အပြုသဘော ဆောင်တဲ့ ဆွေးနွေးပွဲလေးမှာ ထိုင်းအစိုးရတာဝန်ရှိသူတွေက ပြောတာပါ။ တပ်မတော်အစိုးရ ကာလမှာ တရားဝင်ဝင်၊မ၀င်ဝင် သွားလာလုပ်ကိုင်နေတဲ့သူတွေ ကို မဖမ်းတော့ဘူးလို့ တရားဝင် ပြောလာတယ်။ ဒါပေမဲ့ အလုပ် ရှင်ရဲ့ ထောက်ခံချက်မရှိရင်တော့ အရေးယူသွားမယ်လို့ပြောတယ်’’ ဟု CNCMCအဖွဲ့ဝင် ကိုစည်သူ မောင်ကပြောသည်။

တာချီလိတ်မြို့၊ မြန်မာ- ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားရှိ လ၀ကရုံးခန်း၌ ဇွန်လ ၂၃ ရက် နံနက်တွင် နှစ်နိုင်ငံအစိုးရအရာရှိအချို့တွေ့ဆုံခဲ့ပြီးထိုင်းနိုင်ငံမှ ဗိုလ်မှူးကြီး ယုံယွတ် လောဝ်ခိတ်ကန်းအပြင်ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်လ၀ကအ ရာရှိများလည်း လာရောက်ခဲ့ ကြောင်း တာချီလိတ်ခရိုင်လ၀က ရုံးမှ သတင်းရရှိသည်။

‘‘တချို့တွေက ထိုင်းနိုင်ငံကို ရောက်နေပြီးဘာလုပ်လို့လုပ်နေ မှန်းမသိ။ ဘယ်အလုပ်ရုံမှာ လုပ် နေမှန်းမသိ။ ဒီလိုလူတွေကျတော့ သူတို့အတွက် အန္တရာယ်များ တယ်လို့ ပြောတယ်။ အထောက် အထားမရှိတဲ့သူတွေလည်း သွား မယ်လာမယ်ဆိုရင် ဘယ်သွား သွားဘယ်လာလာအလုပ်ရှင်နဲ့အ တူသွားလာသင့်တယ်’’ဟု ကိုစည် သူမောင်ကအကြံပြုသည်။

ထိုင်းနိုင်ငံတွင် လူမှောင်ခို ကူးခြင်းကို ထိုင်းအစိုးရက ပြင်း ထန်စွာထိန်းချုပ်နေသည့်အပြင် အထောက်အထားမရှိသည့် မြန် မာအလုပ်သမားများဖမ်းဆီးခံရပါ က ကူညီဖြေရှင်းရန်ခက်ခဲသော ကြောင့် မြန်မာသံရုံးနှင့် ချိတ်ဆက် ၍ အထောက်အထားအပြည့်အစုံ လုပ်ဆောင်ထားရန် အပါအ၀င် သတိပေးချက်(၆)ချက်ကို မြန်မာ အလုပ်သမားသံအရာရှိက ဇွန်လ ၁၉ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်းအစိုးရ၏ ယခုလုပ် ဆောင်ချက်မှာ ပြည်ပအလုပ်အ သမားများအား ၂၀၀၇ခုနှစ်က စီ မံချက်ချ၍ လုပ်ဆောင်ခဲ့ဖူးသည့် ထောလော/၃၈ ခေါ် ယာယီနေ ထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ပေးရန် အဖမ်းအဆီးရပ်လိုက်သည့်သဘော ဖြစ်နိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများက ပြောကြားသည်။

ထောလော/၃၈ စီမံချက် သည် ထိုင်းနိုင်ငံအတွင်းရှိ မြို့များ အတွင်း တစ်မြို့နှင့်တစ်မြို့ နယ် ကျော်၍ သွားလာခွင့်မရှိကြောင်းသတင်းရရှိသည်။
Credit To: 7 Day Daily
 
                                                   မြူ နှင်း(အေးရိပ်ငြိမ်)

ရွှေည၀ါ တရားပွဲ စီစဉ်သူကို ထောင်ဒဏ် တစ်လ ချမှတ်

  ရွှေည၀ါ တရားပွဲ စီစဉ်သူကို ထောင်ဒဏ် တစ်လ ချမှတ်



ရွှေရည်ဝင်းထက်| အင်္ဂါနေ့၊ ဇွန် ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။

ရွှေပြည်သာမြို့နယ်တွင် ရွှေည၀ါဆရာတော် ဦးပညာသီဟ၏ တရားပွဲစီစဉ်သူ ဦးကျော်ဟိန်းကို မြို့နယ်တရားရုံးက ဒဏ်ငွေတစ်သောင်း (သို့မဟုတ်) ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။

၂၀၁၄ ဖေဖော်ဝါရီလတွင် ကျင်းပသည့် တရားပွဲကို စီစဉ်သူက ဒဏ်ငွေပေးဆောင်ခြင်းမပြုဘဲ ထောင်ဒဏ် တစ်လသာ ကျခံလိုက်သည်ဟု ရွှေည၀ါဆရာတော်၏ လက်ထောက်ဆရာတော် ဦးဣန္ဒက က ဇွန် ၂၃ ရက်တွင် မဇ္ဈိမသတင်းစာကို မိန့်ကြားခဲ့သည်။

ခွင့်ပြုချက်မယူဘဲ စီစဉ်ခဲ့သည်ဟုဆိုကာ ရွှေပြည်သာမြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရာဇသတ်ကြီးပုဒ်မ ၂၁ ဖြင့် တရားစွဲဆိုခဲ့သည်။

ထိုသို့ အမိန့်ချမှတ်ခဲ့သည့်အပေါ် ရွှေည၀ါဆရာတော် ဦးပညာသီဟက“တရားပွဲကို ဖယ်လိုက်ပြီး ဒဏ်ငွေ ၁၀,၀၀၀ ဆောင်ရမယ်၊ မဆောင်ရင် ထောင်ဒဏ်တစ်လ ကျခံရမယ်ပြောတယ်။ ဘာသာရေးကို လုပ်ချင်သလို လုပ်နေတယ်။ အဓိကကတော့ တို့ကို ပစ်မှတ်ထားနေတယ်။ နောက်ကို တရားပွဲ မကျင်းပရဲအောင်လို့ပေါ့”ဟု မိန့်ကြားခဲ့သည်။

ထိုသို့ အမိန့်ချမှတ်ပြီးသည့်နောက် ရွှေပြည်သာမြို့နယ်နေ ပြည်သူများက“တရားပွဲမလာတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အလိုမရှိ”ဟု ရပ်ကွက်နေပြည်သူ ၁၅၀ ကျော်က ဆန္ဒပြ ကြွေးကြော်ခဲ့ကြသည်ဟု ဦးနေလင်းအောင်က ပြောသည်။ ယင်းသည် ရွှေည၀ါတရားပွဲများ နောင်တွင် မကျင်းပနိုင်ရေး ရည်ရွယ်သည်ဟု ပြောသည်။
 Credit To: Mizzima - News in Burmese


                                                      မြူ နှင်း(အေးရိပ်ငြိမ်)

စကတ်တိုဝတ်သောမိန်းကလေးများသတိထားရန် (နှမချင်းမစာနာ ယုတ်မာကုန်ကြပြီ)

စကတ်တိုဝတ်သောမိန်းကလေးများသတိထားရန် (နှမချင်းမစာနာ ယုတ်မာကုန်ကြပြီ)



နာမည်ကြီး မြန်မာညစ်ညမ်းWebsite http://nyamintharx.net/ တွင်
Shopping centre(City Mart,Sein Gay Har,Ocean . . . ,အများပြည်သူသုံးနေရာများတွင်သွားလာနေကြသော ကောင်မလေးများ၏
အတွင်းခံဘောင်းဘီမပေါ် ပေါ်အောင် ဗီဒီယိုချောင်းရိုက်ပြီးတင်နေပါသည်။

မယုံကြည်သူများ အဆိုပါဗီဒီယိုဖိုင်များကို
အောက်ပါ

http://www.mediafire.com/?qxg0qiu65ois8yg
http://www.mediafire.com/?god46jfhdmh1hr9
http://www.mediafire.com/?g73u12gc9udu96i
http://www.mediafire.com/?nuiwan7m9jn5pnx
လင့်များတွင် သွားရောက်လေ့လာနိုင်ပါသည်။

သူငယ်ချင်းများသိစေရန် ဆင်ခြင်နိုင်စေရန် Share ပေးခြင်းဖြင့်
မြန်မာ့ယဉ်ကျေးမှု့ကိုထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် ။

Posted From Aung Thu Ra
ACM Re-post Time: 2013 Feb 11 9:19
News from: Thit Htoo Lwin blog

  အေးချမ်းမွန်
 

                                                      မြူ နှင်း(အေးရိပ်ငြိမ်)

ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

Photo: ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ
~~~~~~~~~~~~~~~~~
(ပုံတွင် စင်္ကာပူမြို့ ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ပိုင်သည့် ကွန်ဒိုမီနီယံ ကို တွေ့ ရမည် ဖြစ်သည်။)

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစုသည် အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည်ဟု ယူဆရသည်ဟု မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြား သံတမန် များကယခုနှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှုထမ်း တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။

၂၀၁၀ ခုနှစ် အစောပိုင်းက ရန်ကုန်မြို့ရှိ ဂျာမဏီသံရုံး ဧည့်ခံပွဲ တစ်ခုတွင် အနောက်တိုင်း သံတမန် နှင့် အရှေ့ တိုင်း သံတမန်တို့ ဆုံမိချိန်တွင် မြန်မာ စစ်အာဏာရှင်၏ ချမ်းသာမှု အစုစုတို့ကို ခန့်မှန်း တွက်ချက် ကြခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှု အရှိဆုံး ဖြစ်သည့် +++++ နိုင်ငံ သံအမတ် ကြီးက မြန်မာ စစ်ခေါင်းဆောင် ၏ မိသားစု သည် ဒေါ်လာသန်း ၂၀၀၀ ထက်မနည်း ချမ်းသာမည်ဟု ခန့်မှန်း တွက်ချက် ပြထားပြီး ၂၀၀၄ ခုနှစ် ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့်အား ရာထူးမှ မဖယ်ရှားစဉ်က ဒေါ်လာသန်း ၄၀၀ လောက်သာ ချမ်းသာမည်ဟု ခန့်မှန်းထားပြီး ထို့နောက်တွင် ၀န်ကြီးချုပ်ဟောင်း နှင့် စစ်ထောက်လှမ်းရေး တို့၏ ပိုင်ဆိုင်မှုနှင့် စီးပွားရေးများကို ရရှိခဲ့ပြီး လွန်စွာချမ်းသာ ခဲ့သည်ဟု ဆွေးနွေးထားကြသည်။

မြန်မာ စစ်ခေါင်းဆောင် ၏ ၀င်ငွေသည် တစ်နှစ်လျှင် သန်း ၃၀၀ ခန့်ဝင်ငွေရှိ နေပြီး စင်္ကာပူ နိုင်ငံ ၊ တရုတ်နိုင်ငံ ၊ မလေးရှားနိုင်ငံ ၊တောင်ကိုရီးယား နိုင်ငံ ၊ ဗီယက်နမ် နိုင်ငံ၊ ရုရှား ၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ်နိုင်ငံ အချို့တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မိသားစုဝင်များ၏ ရင်းနှီးမြုပ်နှံမှုများ ရှိနေပြီး ယူကရိန်း နိုင်ငံတွင် ဗိုလ်ချုပ်မှုးကြီး၏ လက်နက် ၀ယ်ယူရေး ကိုယ်စားလှယ်ရုံး နှင့် ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ စူပါမားကတ် အချို့တွင်လည်း ရင်းနှီးမြုပ်နှံမှုများ ပြုထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်း၌ ကျောက်မျက် ရတနာ ပြပွဲများကိုလည်း ပြုလုပ်သလို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မိသားစုမှ နိုင်ငံခြား ကျောက်မျက် ရတနာ ကိုယ်စားလှယ်များကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး လက်သိပ်ထိုး ရောင်းချမှုများလည်း ရှိသည်ဟု ++++++ သံအမတ်ကြီးက ထိုဆွေးနွေးပွဲတွင် ထည့် သွင်း ပြောကြားသွားသည်။

အနှစ် နှစ်ဆယ် နီးပါးကြာ တိုင်းပြည်၏ သံယံဇာတ ကို လက်ဝါးကြီး အုပ်ထားသည့် မြန်မာ စစ်ခေါင်းဆောင်၏ ချမ်းသာမှုသည် မည်၍ မည်မျှ ရှိမည်ကို မည်သူမျှ အတိအကျ မသိနိုင်သော်လည်း ၎င်း ၏ သမီးဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်မှာ တံစိုးလက်ဆောင် သဘောသဖွယ် ပဏ္ဍာ ဆက်ရသည် လက်ဖွဲ့မှ ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့သည် ။

မြန်မာ စစ်ခေါင်းဆောင်မှာ စင်္ကာပူနှင့် တရုတ်နိုင်ငံ များတွင် တိုက်တာ အိမ်ခြံမြေများ ၀ယ်ထားပြီး တရုတ်ပြည် ရှန်ဟိုင်း မြို့ နှင့် ယူနန် ပြည်နယ်၊ ရှန်ဆန်း ပြည်နယ် တို့တွင် အမေရိကန် ဒေါ်လာ ခြောက် သန်း ထက်မနည်း တန်းဖိုးကြီး အိမ်ရာများကို ၀ယ်ယူထားပြီး ဖြစ်သည်။စစ်ခေါင်းဆောင်၏ အရှေ့  ဥရောပမှ လေယာဉ်နှင့် စစ်လက်နက်ပစ္စည်း ၀ယ်ယူသည့် ကုမ္ပဏီ တစ်ခုသည် ၎င်း၏ သမက် ဦးတေဇ၏ Pavo Trading လက်အောက်တွင် ရှိသည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် တိုင်းပြည်၏ သံယံဇာတ များနှင့် ဆန် အစရှိသည့် သွင်းကုန် ထုတ်ကုန်များမှ ၀င်ငွေရရှိသလို နှစ်စဉ် တိုင်းမှုးများ ၊၀န်ကြီးများ ၊ မြို့တော်ဝန်များ နှင့် နိုင်ငံတွင်းရှိ ထိပ်တန်း စီးပွားရေး လုပ်ငန်း ရှင် များမှလည်း လာဘ်သပ်ပက္ကရရှိသည်။

Copy from _ myanmarwikileaks.org
အေးချမ်းမွန် Copy & Cridet To>>ကဏ္ဍစုံလင်သတင်း << Thank

 ~~~~~~~~~~~~~~~~~
(ပုံတွင် စင်္ကာပူမြို့ ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ပိုင်သည့် ကွန်ဒိုမီနီယံ ကို တွေ့ ရမည် ဖြစ်သည်။)

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစုသည် အမေရိကန် ဒေါ်လာ သန်း ...နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည်ဟု ယူဆရသည်ဟု မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြား သံတမန် များကယခုနှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှုထမ်း တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။

၂၀၁၀ ခုနှစ် အစောပိုင်းက ရန်ကုန်မြို့ရှိ ဂျာမဏီသံရုံး ဧည့်ခံပွဲ တစ်ခုတွင် အနောက်တိုင်း သံတမန် နှင့် အရှေ့ တိုင်း သံတမန်တို့ ဆုံမိချိန်တွင် မြန်မာ စစ်အာဏာရှင်၏ ချမ်းသာမှု အစုစုတို့ကို ခန့်မှန်း တွက်ချက် ကြခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှု အရှိဆုံး ဖြစ်သည့် +++++ နိုင်ငံ သံအမတ် ကြီးက မြန်မာ စစ်ခေါင်းဆောင် ၏ မိသားစု သည် ဒေါ်လာသန်း ၂၀၀၀ ထက်မနည်း ချမ်းသာမည်ဟု ခန့်မှန်း တွက်ချက် ပြထားပြီး ၂၀၀၄ ခုနှစ် ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့်အား ရာထူးမှ မဖယ်ရှားစဉ်က ဒေါ်လာသန်း ၄၀၀ လောက်သာ ချမ်းသာမည်ဟု ခန့်မှန်းထားပြီး ထို့နောက်တွင် ၀န်ကြီးချုပ်ဟောင်း နှင့် စစ်ထောက်လှမ်းရေး တို့၏ ပိုင်ဆိုင်မှုနှင့် စီးပွားရေးများကို ရရှိခဲ့ပြီး လွန်စွာချမ်းသာ ခဲ့သည်ဟု ဆွေးနွေးထားကြသည်။

မြန်မာ စစ်ခေါင်းဆောင် ၏ ၀င်ငွေသည် တစ်နှစ်လျှင် သန်း ၃၀၀ ခန့်ဝင်ငွေရှိ နေပြီး စင်္ကာပူ နိုင်ငံ ၊ တရုတ်နိုင်ငံ ၊ မလေးရှားနိုင်ငံ ၊တောင်ကိုရီးယား နိုင်ငံ ၊ ဗီယက်နမ် နိုင်ငံ၊ ရုရှား ၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ်နိုင်ငံ အချို့တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မိသားစုဝင်များ၏ ရင်းနှီးမြုပ်နှံမှုများ ရှိနေပြီး ယူကရိန်း နိုင်ငံတွင် ဗိုလ်ချုပ်မှုးကြီး၏ လက်နက် ၀ယ်ယူရေး ကိုယ်စားလှယ်ရုံး နှင့် ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ စူပါမားကတ် အချို့တွင်လည်း ရင်းနှီးမြုပ်နှံမှုများ ပြုထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်း၌ ကျောက်မျက် ရတနာ ပြပွဲများကိုလည်း ပြုလုပ်သလို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မိသားစုမှ နိုင်ငံခြား ကျောက်မျက် ရတနာ ကိုယ်စားလှယ်များကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး လက်သိပ်ထိုး ရောင်းချမှုများလည်း ရှိသည်ဟု ++++++ သံအမတ်ကြီးက ထိုဆွေးနွေးပွဲတွင် ထည့် သွင်း ပြောကြားသွားသည်။

အနှစ် နှစ်ဆယ် နီးပါးကြာ တိုင်းပြည်၏ သံယံဇာတ ကို လက်ဝါးကြီး အုပ်ထားသည့် မြန်မာ စစ်ခေါင်းဆောင်၏ ချမ်းသာမှုသည် မည်၍ မည်မျှ ရှိမည်ကို မည်သူမျှ အတိအကျ မသိနိုင်သော်လည်း ၎င်း ၏ သမီးဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်မှာ တံစိုးလက်ဆောင် သဘောသဖွယ် ပဏ္ဍာ ဆက်ရသည် လက်ဖွဲ့မှ ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့သည် ။

မြန်မာ စစ်ခေါင်းဆောင်မှာ စင်္ကာပူနှင့် တရုတ်နိုင်ငံ များတွင် တိုက်တာ အိမ်ခြံမြေများ ၀ယ်ထားပြီး တရုတ်ပြည် ရှန်ဟိုင်း မြို့ နှင့် ယူနန် ပြည်နယ်၊ ရှန်ဆန်း ပြည်နယ် တို့တွင် အမေရိကန် ဒေါ်လာ ခြောက် သန်း ထက်မနည်း တန်းဖိုးကြီး အိမ်ရာများကို ၀ယ်ယူထားပြီး ဖြစ်သည်။စစ်ခေါင်းဆောင်၏ အရှေ့  ဥရောပမှ လေယာဉ်နှင့် စစ်လက်နက်ပစ္စည်း ၀ယ်ယူသည့် ကုမ္ပဏီ တစ်ခုသည် ၎င်း၏ သမက် ဦးတေဇ၏ Pavo Trading လက်အောက်တွင် ရှိသည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် တိုင်းပြည်၏ သံယံဇာတ များနှင့် ဆန် အစရှိသည့် သွင်းကုန် ထုတ်ကုန်များမှ ၀င်ငွေရရှိသလို နှစ်စဉ် တိုင်းမှုးများ ၊၀န်ကြီးများ ၊ မြို့တော်ဝန်များ နှင့် နိုင်ငံတွင်းရှိ ထိပ်တန်း စီးပွားရေး လုပ်ငန်း ရှင် များမှလည်း လာဘ်သပ်ပက္ကရရှိသည်။
Copy from _ myanmarwikileaks.org
 

                                             မြူ နှင်း(အေးရိပ်ငြိမ်)

måndag 23 juni 2014

ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်း

ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်း


RFA Burmese

နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းထားတယ်
လို့ နေပြည်တော် အသိုင်းအ၀ိုင်းက သိရပါတယ်။
ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း
ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။
အဲ့ဒီအဂတိလိုက်စားမှုနဲ့ ပါဝင်ပတ်သက်သူ ၉ဦးရှိပြီး နောက်ကွယ်က ပါဝင်သူအားလုံးကို အထူးစုံစမ်းစစ်ဆေးရေး
ဦးစီးဌာနက စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။




မဟာသန္တိသုခအရေး နောက်ကွယ်က ကြိုးကိုင်သူတွေကိုလည်း အရေးယူမည်

မဟာသန္တိသုခအရေး နောက်ကွယ်က ကြိုးကိုင်သူတွေကိုလည်း အရေးယူမည်


RFA Burmese

မဟာသန္တိသုခအရေး နဲ့ ဆက်စပ်ပြီး နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပြင် အဲဒီအတွက် တာဝန်ရှိသူ နောက်ထပ် ၉ ဦး နဲ့ နောက်ကွယ်ကကြိုးကိုင်သူတွေ ကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ အစိုးရအသိုင်းအ၀ိုင်းက သိရပါတယ်။
ဦးအံ့မောင်ကို အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်ပြီး အရေးယူလိုက်တာလို့ ဆိုပါတယ်။



နောက်ကွယ်က ကြိုးကိုင်သူတွေကိုအရေးယူရင်းလက်စနဲ့
နောက်ကွယ်ကကြိုးဆွဲသူတွေလဲအရေးယူရေး
ဒို့အရေး...
ဒို့အရေး...
ဒို့အရေး...
ဥပမာ
ငါးလောင်းပြိုင်တို့ဘာတို့ ......





အထူး သတင်းတပ်ဖွဲ့က ဂျာနယ်အချို့ ခေါ်ယူမေးမြန်း

အထူး သတင်းတပ်ဖွဲ့က ဂျာနယ်အချို့ ခေါ်ယူမေးမြန်း


ဦးသိန်းစိန်တို့ဦးရဲထွဋ်တို့နဲ့မတဲ့တဲ့ဝန်ကြီးတွေနာပြီ၊
သူတို့နောက်ကွယ်ကပိုက်ဆံထုတ်ပေးတယ်ထင်တဲ့ဂျာနယ်
တွေကိုရန်ကုန်တိုင်းရဲသတင်းတပ်ဖွဲ့ကခေါ်မေးနေပြီ၊
သူတို့နဲ့တဲ့ဝန်ကြီးတွေပိုက်ဆံထုတ်ပေးနေတဲ့ဂျာနယ်
တွေကိုရောရှောင်သွားသလားစောင့်ကြည့်ရမယ်။ — feeling hopeful.

RFA Burmese


ပြည်တွင်းထုတ် သတင်းဂျာနယ်တချို့ရဲ့ ငွေကြေးလည်ပတ်မှုတွေနဲ့ပတ်သက်ပြီး ဂျာနယ်တိုက် တာဝန်ရှိသူတချို့ကို အထူးသတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းနေတယ်လို့ သိရပါတယ်။

မြန်မာပို့စ်ဂျာနယ်ရဲ့ ငွေကြေးလည်ပတ်မှုနဲ့ပတ်သက်ပြီး အစစ်ဆေးခံဖို့ အကြောင်းကြားခံထားရတဲ့ အကြောင်း မြန်မာပို့စ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုဇော်မင်းနိုင်က အခုလိုပြောပါတယ်။

"ငွေကြေးလည်ပတ်ပုံကို ခေါ်ယူပြီးမေးတယ်ဆိုတာ ဒါကျနော်တို့ တစ်ခါမှလည်းမကြားဖူးဘူးပေါ့နော် ဘာကြောင့်မေးတာလည်း ကျနော်တို့ ပြန်မေးလိုက်တယ်၊ သူကအထက်အမိန့်အရလို့ သူကပြောပါတယ် အထက်အမိန့်အရဆိုတော့ ဘယ်လိုအထက်အမိန့်အရလည်းဆိုတာ ထပ်မေးတော့ သူတို့ ပြောပိုင်ခွင့်မရှိပါဘူးဆိုပြီးတော့ အဲ့အတိုင်းပြောသွားတယ်၊ သူတို့လက်ရှိ lest money အဲ့ဒီဟာမျိုးကိုပဲ သိချင်တာလား ဒါမှမဟုတ်လို့ရှိရင် ဆုံးဖြတ်သင့်ကိစ္စတွေလည်း ရှိနေတာအတွက်ကြောင့်မို့လို့ ဒါအများကြီးပဲ တွေးစရာတွေပါ"

မြန်မာပို့စ်ဂျာနယ်အပြင် မြန်မာသံတော်ဆင့်ဂျာနယ်က တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ် လို့သိရပါတယ်။အစစ်ဆေးခံမယ့် အချိန်ကို အတိအကျ မသတ်မှတ်ထားဘဲ ဂျာနယ်တိုက် တာဝန်ရှိ သူတွေ အဆင်ပြေမယ့်အချိန်ကို ပြန်လည်ဆက်သွယ်ပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ခေါ်ယူမေးမြန်းခံရတဲ့ ပေါ်ပြူလာ ဂျာနယ်က ကိုမျိုး ( မြန်မာစာ ) ကလဲ အခုလိုပြောပြပါတယ်။

"သူများဂျာနယ်အကြောင်းအရ ကျနော်တို့ဆီက အစ်အောက်ထုတ်တဲ့မျိုးဆန်တယ်လေ အဲ့လိုမျိုးတော့ ကျနော် သတိထားမိပြီးတော့ သူတို့ကိုပြောတယ်၊ ကျနော်တို့ကို ဘာကြောင့်မေးတာလည်းလို့ ကျနော်မေးခဲ့တယ်၊ ကျနော်တို့ကိုမေးတဲ့ဥစ္စာက အခုလက်လောဖြစ်နေတဲ့ သံတော်ဆင့်တို့ ဘာတို့နဲ့ပတ်သက်လား၊ မဟုတ်ပါဘူးကျုပ်ကသိချင်ရုံသက်သက်ပါတဲ့ နောက်ဆုံးအဆုံးသက်တော့ မိတ်ဆွေတစ်ယောက်အနေနဲ့ မေးတယ်ဆိုတဲ့ပုံစံမျိုးပါပဲ ၊ညကျတော့မှ ဆရာဦးဖေမြင့်က အဲ့ညနေပေါ့နော် ဆရာဦးဖေမြင့်က ပြောတော့မှ ဂျာနယ်တိုက်တွေကို ခေါ်တယ်ဆိုတာ ကျနော် သိရတာပေါ့"

ဒီလိုခေါ်ယူမေးမြန်းတာမှာ ဂျာနယ်တစောင်ထုတ်ဝေရင် လူအင်အား ငွေအင်အား ဘယ်လောက်သုံးရမယ်ဆိုတာမျိုးကို အလွတ်သဘောမျိုးမေးမြန်းတာဖြစ်ပြီး ဂျာနယ်တိုက်တချို့ရဲ့ ငွေထုတ်ပေးနေသူ အစိုးရအဖွဲ့ဝင်များနဲ့ ပတ်သက်သူ စသည်တို့ကို မေးမြန်းတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိမေးမြန်းခံရပြီးတဲ့ ဂျာနယ်တိုက်များမှာ ပေါ်ပြူလာ နဲ့ The Voice ဂျာနယ် တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
============================================================

DVB TV News
ရန်ကုန်တိုင်းရဲသတင်းတပ်ဖွဲ့က ရန်ကုန်အခြေစိုက် သတင်းစာနဲ့ ဂျာနယ်အယ်ဒီတာတွေကို ခေါ်ယူပြီး ငွေကြေးနဲ့ ပတ်သက်လို့ မေးမြန်းမှတ်တမ်းယူနေတယ်လို့ သွားရောက်မေးမြန်းခံခဲ့တဲ့ သဗွိုင့်စ်နေ့စဉ်သတင်းစာ အယ်ဒီတာအဖွဲ့ အတွင်းရေးမှူး ကိုအောင်စိုးက ပြောပါတယ်။

ဇွန်လ ၂၁ ရက် စနေနေ့က လာရောက် ခေါ်ဆောင် မေးမြန်းခဲ့တာဖြစ်ပြီး သတင်းနဲ့ မဆိုင်ဘဲ သတင်းစာတွေရဲ့ အရှုံးအမြတ် ငွေကြေးကိစ္စတွေ အဓိကထားမေးမြန်းခဲ့တာလို့ ကိုအောင်စိုးက ပြောပါတယ်။

အဲ့ဒီနေ့က သူကြားသိခဲ့ရသလောက် ယူနတီဂျာနယ်၊ မြန်မာပို့စ်နဲ့ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာတွေကိုလဲ ခေါ်ယူမေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

သတင်းတပ်ဖွဲ့က သတင်းစာဂျာနယ်တိုက်တွေကို သတင်းနဲ့ ပတ်သက်ပြီး ခေါ်ယူမေးမြန်းတာပဲ အရင်ရှိခဲ့ဖူးပေမယ့် အခုလို ငွေကြေးအရှုံးအမြတ်ကိစ္စ ခေါ်ယူမေးမြန်းတာကတော့ ဒါ ပမထဆုံး ဖြစ်ပါတယ်။

သတင်းစာဆရာ ကိုဇော်သက်ထွေးကတော့ သတင်းစာဂျာနယ်အယ်ဒိတာတွေကို ငွေကြေးကိစ ခေါ်ယူမေးမြန်းပိုင်ခွင့် ရှိမရှိ အရင်ဆုံး လေ့လာရမယ်လို့ သုံးသပ် ပြောပါတယ်။ အခုကိစနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အနေနဲ့ ဘာလုပ်မလဲဆိုတာ လောလောဆယ် သတင်းထွက်ပေါ်လာတာ မရှိသေးပါဘူး။

အခုလို သတင်းစာဂျာနယ်တိုက်တွေရဲ့ ငွေရေးကြေးရေးပိုင်းတွေ မေးမြန်းစုံစမ်းမှုရဲ့ နောက်ကွယ်မှာ ဂျာနယ်တချို့ကို ပိုင်ဆိုင်မှု အကြောင်းပြပြီး ပစ်မှတ်ထား အရေးယူဖို့ လုပ်ဆောင်လာတာလဲ ဖြစ်နိုင်တယ်လို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။