အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 21 februari 2014

အင်းစိန် အိမ်ခြေ ၃၀၀ ကျော်အင်အား ၂၀၀ ကျော် လောက်က အကြမ်းဖက် ၀င်ရောက် ဖျက်ဆီး

အင်းစိန် အိမ်ခြေ ၃၀၀ ကျော်အင်အား ၂၀၀ ကျော် လောက်က အကြမ်းဖက် ၀င်ရောက် ဖျက်ဆီး



လာပြန်ပြီ .......နောက်တနေရာ

လူမဆန်မှု သော အုပ်ချုပ်ရေး

အရေးပေါ် ၀ိုင်းကူပေးကြပါ ခလေးတွေဘ၀အတွက် အရေးကြီးပါသည်..

ဆယ်တန်းကျောင်းသားသူများ စာမေးပွဲဖြေဖို့ ခုံနံပတ် သွားထုတ်သော နေ့။ အတန်းငယ်များ စာမေးပွဲကြီးဖြေဖို့ စာကျက်မှတ်မှု လုပ်နေရချိန်။
မိဘ နှင့် ဆရာ များက သားသမီးများ ပညာရေး အတွက် အထူး ကြပ်မတ် သွန်သင်ကြား နေကြပြီး ကျောင်းသားလေးများကလည်း အားသွန်ခွန်စိုက် ကြိုးစားနေကြချိန် ........
ယနေ့ မနက် ၆ နာရီ၊ အင်းစိန်မြို့နယ်၊မီးရထားဝင်း ၊ ဈေးကုန်းအရှေ့ ပိုင်း၊ စံကျော်စု ရပ်ကွက်၊ မှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်လာသော အိမ်ခြေ ၃၀၀ ကျော်ကို အပြာရောင်ဝတ် လူများ။ ရဲ များ ပါဝင်သော အင်အား ၂၀၀ ကျော် လောက်က အကြမ်းဖက် ၀င်ရောက် ဖျက်ဆီးနေကြောင်း ယခုပင် သတင်းဆက်သွယ် ပေးပို့လာပါသည်။

ကိုယ့်နိုင်ငံသားများကို နေရေး ၊ စားရေး။ ပညာရေး အတွက် အစစ အရာရာ ကူညီမြင့်တင် လမ်းပြ ဦးဆောင်ရမည့် တာဝန်ရှိသူ အစိုးရအဖွဲ့မှ လားရား ပြောင်းပြန်ဖြစ်နေသည့် ဖြိုခွင်းမှုများကို လုပ်လာပါသည်။

အစိုးရ အဖွဲ့ စီမံညွှန်ကြားမှုဖြင့် ယခုလို အကြမ်းဖက် ဖျက်ဆီး ဖယ်ရှား နှိမ်နှင်းပြီး မိသားစုများ အိုးမဲ့ အိမ်မဲ့ ဖြစ်အောင် မောင်းထုတ်ခြင်းမှာ၊ အခြေခံ ဥပဒေပါ နိုင်ငံသားတို့ ရပိုင်ခွင့်ကို အစိုးရကိုယ်တိုင် လစ်လျူရှုခြင်းဖြစ်သည်။

နိုင်ငံ့  အနာဂတ် ကလေးသူငယ်များ ပညာရေးကို အစိုးရ ကိုယ်တိုင်ဖျက်ဆီးနေခြင်းဖြစ်ပါသည်။

အိုးအိမ်မဲ့ အတိဒုက္ခရောက် မြန်မာနိုင်ငံသားများကို ကူညီ အသက်ဆက် နိုင်စေရန် အခြေခံ နေထိုင်စားသောက်မှု အကူအညီများ ပြည်သူမှ ပြည်သူ ကူညီရန် မိမိတို့ ကြိုးစားကြရပေအုန်းမည်။

အသေးစိတ် သတင်းသိရှိလိုသူများ စံကျော်စု နေထိုင်သူ ဦးသောင်းနိုင် ဖုန်0931814916 သို့ ဆက်သွယ်မေးမြန်း အားပေးစကား ပြောနိုင်ပါကြောင်း။

မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်း

ကိုနေမျိုးဇင်


ကော့သောင်းအုပ်ချူပ်ရေးမှူး အဆက်

ဖြစ်ခဲ့တာကြာပါပြီ အခုထက်ထိအမှန်တရားနဲ့မျှတမှုမရသေးလို့ ဘေးကရပ်မကြည့်နိုင်တော့လို့ပြောလိုက်တာပါ။

ဘောင်ဘာကျေးရွှာအုပ်ချူပ်ရေးမှူး စိုးမြိုင်ဆိုတဲ့ တပ်ထွက်က အောင်မြန်မာရွာသား ထီဆိုင်ဆိုတဲ့ မျက်နှာမွဲတစ်ဦးအပေါ် အကြွေးတောင်းပေးတဲ့ကိစကစပါတယ်၊  အရစ်ကျပေးရမယ့်ငွေမပြည့်တာရယ် သူကြီးခေါ်တဲ့အချိန် မှာအချိန်မှီလာရောက်ဖူး မျှော်ခြင်းမပြုလို့(ငါ့ကိုမထီလေးစားလုပ်တယ်)ဆိုတဲ့စွဲချက်နဲ့ အောင်ဘာအုပ်ချူပ်ရေး  မှူးရုံးမှာ တစ်ရက်နီးပါး ထိပ်တုံးထဲထည့်ထားပါတယ်။
ဒါ့အပြင် အဲဒီအောင်ဘာသူကြီး စိုးမြိုင်ရွှာပိုင်လယ်(ယခင်ပသျှူးပိုင်လယ်)ကို မြေ ကွက် ရိုက်ရောင်းကိုယ်ကျိုးရှာပါတယ်၊ဒါ့အပြင် ငွေများတရားနိုင်စံနစ်နဲ့ မတရားလုပ်ထားတာ တွေအများကြီးပါ(သမတဦးသိန်းစိန်အစိုးရ လက်ထက် အပေါ်က ဘယ်လိုပြောင်း   ပြောင်း အောက်ခြေမှာ လုပ်ချင်တာလုပ်တဲ့အနေအထားတွေထဲကသဓကတစ်ချို့ပါ)  အဲဒီအဖြစ်ပျက်တွေကို ထီဆိုင်က တိုင်းဒေသကြီး ၀န်းကြီးချူပ်တို့၊ကြံ့ဖွံ့ပါတီတို့ကို တိုင်ကြားတယ် ဘာမှဖြစ်မလာဘူး၊
ကြံ့/ဖွံ့လွတ်တော်  တိုင်းဥကဌဗိုလ်ချုပ်ထင်အောင်ကျော်က စိုးမြိုင်ရဲ့လက်ဦးဆရာရင်း  မြို့နယ်အုပ်ချုပ်ရေးမှူးဦးပါစီက စိုးမြိုင်ရဲ့လက်ဆောင်ပဏာပေးဆက်ရာ၊မြို့နယ်အုပ် ချူပ်ရးမှူးရဲ့လက်စွဲ စာရေးကြီး ဦးဝင်းတင်က စိုးမြိုင်ရဲ့အခါတော်ပေး အကြံပေးအရာရှိ  အဲဒီလိုအားကိုးအားထားတွေ ရှိနေမှတော့ စိုးမြိုင်မတရားလုပ်ခဲ့သမျှ ၊ဥပဒေမဲ့လုပ်ခဲ့တာ တွေ ကြက်ပျောက် ငှက်ပျောက် ပေါ့၊အောင်ဘာရွှာထဲက စိုးမြိုင်မိန်းမ မအေးပိုကရွှာထဲ မှာလိုက်ပြောပါတယ်(ငါ့လင်ကိုဘာမှလုပ်လို့မရဘူး ကော့သောင်းမြို့နယ်မှာ ငါတို့ကျေး ဇူးရှင် ဦးဝင်းတင်ပြီးဆိုပြီးပဲ့၊ဦးပါစည်ကိုတောင် ဦးဝင်းတင်က အိပ်ကပ်ထဲထည့်ထားတာ တဲ့ ဦးဝင်းတင်ခိုင်းသမျှပါစီလုပ်တာ တိုင်ချင်သလိုတိုင် ငါ့လင်ဘာမှဖြစ်လာမှာမဟုတ်ဘူး နင်တို့သာ မျိုးကန်းသွားမယ်)တဲ့ ကဲအခုဖြစ်ပျက်နေပုံ တွေပါ။
စိုးမြိုင်ကလည်းလစဉ် ဦးဝင်းတင်ကတဆင့်မြို့နယ် အုပ်ချူပ်ရေးမှူးအိမ်သုံးဖို့ ဆန်(၁၀)အိတ်၊ပုဇွန်(သို့)ကင်းမွန် ကီလို(၁၀၀)ပုဇွန်ခြောက်(၁၀)ပိသာ၊မီးသွေးအိတ်(၁၀၀)ဆီ(၃)ပုံး ပို့ပေးရတယ်လို့ စိုးမြိုင်မိသားစုဆီက သတင်းကြားရပါတယ်၊သူ့မိန်းမက ရွှာထဲမှာလိုက်ကြွားတာခေတ် စကားနဲ့ပြောရင် (လူကြီးဘယ်လောက်ပိုင်လည်းပေါ့)  ဦးပါစည်ဘယ်လောက်ရပြီး ဦးဝင်းတင်က ဘယ်လောက်ဖြတ်ခုတ်ထားသလဲမသိပါ၊ဒီစာအရဆိုရင်တော့ ဦးပါစည် တော်တော်အစားကြီးတယ် ပြောရတော့မှာပေါ့၊ပြောစရာတွေအများကြီးရှိသေးတယ်၊
(ပါစည်ဘာဘာနှင့်ခိုးသားလေးဆယ်ဇတ်လမ်းတွဲများရှိပါသေးတယ်၊မကြာမှီပြော ပြပါ မယ်)(ဦးပါစည်နှင့်အများပိုင်ကုမ္မဏီတို့အရှုပ်တော်ပုံ)(ဦးပါစည်အမြဲတမ်းဥကဌ၊ဦးဝင်းတင်၊မြေပိုင်ရှင်ကြီးကိုဆန်နီ၊ဆန်ကုန်သည်ဦးရဲမွန်၊ဆီကုန်သည်ဦးကိုကိုတို့၏ဇတ်လမ်း များ)
မကြာမှီမျှော်
ပြောထားပြီးပြီနော ဒီဇတ်လမ်းတွေ အကုန်ကျွန်မဆိုဒ်မှာ ဖော်ပြ ပြီးတာနဲ့ ကျွန်မ ကျန်သည့် ဆိုဒ်(သမတ၀ဘ်ဆိုဒ်၊သစ်ထူးလွင်၊ဒီဗွီဘီ စသည့်စသည)်ဆိုဒ်များကို ရှယ်ပေးသွားပြီး ထိရောက်စွာ ဆောင်ရွှက်မည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်

                            မြူနှင်း(အေးရိပ်ငြိမ်)

onsdag 19 februari 2014

မြိတ်တွင် ပြင်လက်စ ကားပိမိ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ဆယ်ဘီး တပ်ကုန်တင်ယာဉ်၏အရှေ့ပိုင်း ကားအ လေးကိုပြန်တင်စဉ် ခုထားသည့်တုံးပြုတ် ထွက်၍ ကားပိမိကာ တစ်ဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့မရဲစခန်းတာ ဝန်မှူး ဒုရဲအုပ် အောင်မျိုးဝင်းထံမှ သိရ သည်။


ကလွင်ကျေးရွာအုပ်စု၊ ယာယီ အဝေးပြေးကားဝင်းအနောက် မြိတ်လေ တပ်စခန်းဌာနချုပ်အနီး မြို့ပတ်(၂)လမ်း ရှိ သန့်ဇင်ကုန်စည်ပို့ဆောင်ရေးကားဂိတ် ရှေ့တွင် အဆိုပါယာဉ်လိုင်း ဆယ်ဘီးတပ် ကုန်တင်ယာဉ်၏အရှေ့ပိုင်းအလေးကို ပြန် တင်စဉ် တုံးပြုတ်ထွက်သွားပြီး ယင်းသို့ပိမိ ခြင်းဖြစ်ကြောင်း ယင်းကုန်စည်ပို့ဆောင်ရေး မှ တာဝန်ခံ ဦးသန့်ဇင်ဦးက ပြောသည်။
ထိုသို့ပိမိခြင်းကြောင့် ဝမ်းတွင်း မြို့ ရွာရှည်ရွာဇာတိ မောင်ဖြိုးငြိမ်း အသက် ၁၉ နှစ်မှာ အခင်းဖြစ်ပွားသည့်နေရာတွင် ပင် သေဆုံးခဲ့ပြီး မောင်ဖြိုးငြိမ်းနှင့် ဇာတိ တူ ကျန်နှစ်ဦးဖြစ်သည့် ယာဉ်မောင်းဖြစ် သူ ဦးအောင်မျိုးဦး အသက် ၃၃ နှစ်နှင့် ယာဉ်အကူ ဦးထွန်ြး<ွကယ် အသက် ၃၆နှစ် တို့ ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် မြိတ်အ ထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကု သမှုခံယူလျက်ရှိကြောင်း ယင်းကုန်စည်ပို့ ဆောင်ရေးမှတာဝန်ခံ ဦးသန့်ဇင်ဦးက ရှင်း ပြသည်။

မတော်တဆမှုဖြစ်ပွားခဲ့သည့်လုပ် ငန်းခွင်ကို သက်ဆိုင်ရာမှလာရောက်စစ် ဆေးခဲ့ပြီး (ပ) ၁၂၇။ ၂ဝ၁၄ ၊ ပုဒ်မ ၃ဝ၄- (က)။ ၃၃၇ အရအရေးယူဆောင်ရွက်လျက် ရှိကြောင်း အထက်ပါရဲစခန်းမှ သိရသည်။
  
                                 မြူနှင်း(အေးရိပ်ငြိမ်)

tisdag 18 februari 2014

ကော့သောင်းမြို့က အုပ်ချုပ်ရေးမှူး လုပ်ပုံကိုင်ပုံကောင်းကြသေးရဲ့လားအရပ်ကတို့

ကော့သောင်းမြို့က အုပ်ချုပ်ရေးမှူး လုပ်ပုံကိုင်ပုံကောင်းကြသေးရဲ့လားအရပ်ကတို့

-နိုင်ငံတော်အစိုးရက ပြောင်းအလဲများပြုလုပ်နေချိန်မှာ ကော့သောင်းမြို့ကအုပ် ချုပ်  ရေးမှူးက အရင်အတိုင်းချီတက်နေဆဲပါရှင့်-

--ကော့သောင်းအုပ်ချူပ်ရေးမှူးဦးပါစီက အရင်ပုသိမ်မှာမယကဥကဌဘ၀နဲ့ တကသိုလ်  ပိုင်စိုက်ပျိုးမြေကို တိုင်းအုပ်ချုပ်ရေးမှူးနဲ့အတူပေါင်းပြီး ရောင်းစားခဲ့တဲ့ ပြသနာကိုဘယ် လိုရှင်းလိုက်သလဲတော့မသိပါ -အခုထက်ထိတော့ပန်းပန်နေတုန်းပါပဲ့-

--အခုကော့သောင်းမှာ ဘန်းကချွန်ကျေးရွှာ အုပ်ချူပ်ရေးမှူးက သူ့ရွှာက မီးသတ်ကို  ထိပ်တုံးခတ်ပြီး  လူအုပ်စုနဲ့ဝိုင်းထိုး အထိုးခံရတဲ့မီးသတ်က ဘန်းကချွန်အုပ်ချူပ်ရေးမှူး ကိုတရားစွဲ ဘန်းကချွန်အုပ်ချူပ်ရေးမှူးက ဦးပါစီဆီပြေးပြီး လက်ဆောင်ပဏာတွေနဲ့ ပြေးကပ် ဦးပါစီက ညဏ်နီညဏ်နက်တွေထုတ်ပြီး ကာကွယ်ပေးလိုက်တော့ အထိုးခံရ  တဲ့မီးသတ်က ၀တ္တရားနှောက်ယှက်မှုနဲ့တရားရုံးမှာ တရားခံဖြစ်နေရပါပြီ-ကောင်းကြ  သေးရဲ့လားအရပ်ကတို့  အောင်ဘာအုပ်ချူပ်ရေးမှူးကလည်းအခုဖြစ်စဉ်မှာ အစွမ်းကုန်   ကာကွယ်ပေးခဲ့တယ်ဆိုပဲ့ -

--နိုင်ငံတော်ခေါင်းစဉ်အမျိုးမျိုးနဲ့ ချပေးလိုက်တဲ့ ရပ်ကွက် -ကျေးရွှာတည်ဆောက်ရေး  လုပ်ငန်းတွေအတွက် ရံပုံငွေတွေကို အမြီးနှုတ်ခေါင်းနှုတ်ပြီး ရပ်ကွက်ကျေးရွှာအုပ်ချူပ် ရေးမှူးတွေဆီက ဖြတ်စားလပ်စားလုပ်  လုပ်ငန်းမပြီးရင် လူကြားထဲ ဆဲဆိုဟိန်း  ဟောက်ကောင်းကြသေးရဲ့လားအရပ်ကတို့

--နံနက်ပိုင်းဆိုဘုရင့်နောင်ကုန်းပေါ်က  ဂျေဘွန်းဆိုင်၊ ညဆို ဂေါက်ကလပ်နဲ့ ဂါဒင်းဟို တယ်မှာ ဘီယာလေးသောက်လိုက်၊အနှိပ်အနယ်လေးခံလိုက်နဲ့ ကော့သောင်းမြို့က ခရိုနီတစ်သိုက်နဲ့ ၀ိုင်းဖွဲ့လို့ ဘနဖူးသိုက်တူးဖို့ ကြံစည်နေတာကောင်းကြသေးရဲ့လားအ ရပ်တို့၊
--ပုလောတုံတုံးတံတားပြင်မယ်ဆိုပြီး သစ်ဖိုးငွေတွေထုတ် လိုတဲ့သစ်တွေကို သူ့တပည့်  ကျေးရွှာအုပ်ချူပ်ရေးမှူး(အောင်ဘာ၊ဘန်းကချွန်၊အော်ကြီး)တွေဆီက သစ်ခိုးသမားတွေ ဆီကဆက်ကြေးတောင်းပြီး ပိုးပေးနဲ့ ပုလောတုံတုံးတံတားအခြေနေက  အေအိုင်ဒီအက်ရောဂါသည်ရုပ်ထွက်နေပြီ ကောင်းကြသေးရဲ့လားအရပ်ကတို့
--အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာ (၁၄)မိုင်ရွှာမှာ သိန်းချီလောင်းကြေးနဲ့ ကြက်ဝိုင်းကြီး  ဦးပါစီရယ်၊ရဲရယ်၊ကျေးရွှာအုပ်ချူပ်ရေးမှူးရယ်လက်ဝါးရိုက်ခွင့်ပြုထားပါသတဲ့၊ကောင်း  ကြသေးရဲ့လားအရပ်ကတို့

--1500တန် ဖုန်းကဒ် ရပ်ကွက်ကျေးရွှာ ခွဲတမ်းတွေကိုလည်း--ရပ်ကွက်ကျေးရွှာ အုပ် ချူပ်ရေးမှူးတွေဆီက အနိုင်ကျင့်လုယက်ပြီး ခွဲတမ်းဝင်လုတော့ ရပ်ကွက်ကျေးရွှာ အုပ် ချူပ်ရေးမှူးတွေ ငိုရခက် ရီရခက် ကောင်းကြသေးရဲ့လားအရပ်ကတို့------ဆက်ပါအုံးမည်  စောင့်မျှော်ဖတ်ရှုပေးပါရန်
ခုတော့ ကျွန်မဆိုဒ်  နောက်တော့ ( ဒီဗွီဘီ သမတ၀ဘ်ဆိုဒ် သစ်ထူးလွင် )အဲဒီဆိုဒ်များ ကိုလည်းရှယ်ပေးအုံးမှာဆိုတာ သက်ဆိုင်သူများသိထားရန်

                            မြူနှင်း(အေးရိပ်ငြိမ်)

måndag 17 februari 2014

ပုလောမဒေါရွှာမှ အဖြစ်လေး စိတ်မခိုင်ရင်ဓါတ်ပုံမကြည့်ရန်

29-6-2013 ရက်နေ့တွင် မဒေါရွာမှ ကရင်မလေး မသိုက်ပိုသည် တောထဲသို့သွားရာ မျက်နှာကို ဝက်ဝံကုတ်ဖဲ့ခံရ၍ ပုလောဆေးရုံသို့တက်ရောက်ကုသခဲ့ပါသည်။ ရန်ကုန်မျက်နှာ မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုသဌာနသို့ လွှဲခဲ့သော်လည်း သွားနိုင်သည့်အင်အားမရှိ။ ထပ်မံ၍ မြိတ်ဆေးရုံကြီးသို့ လွှဲခဲ့သည်။ မြိတ်သို့ပင်မသွားနိုင်ရှာ။ မသိုက်ပို၏ မျက်နှာတစ်ခုလုံး ရစရာမရှိအောင်ပျက်စီးသွားခဲ့သည်ကို ပုလောမြို့နယ်ဆရာဝန်ကြီးနှင့်အဖွဲ့က အခမဲ့ ခွဲစိတ်ကုသပေးခဲ့ရာ ပုံပါအတိုင်းအတာအထိ ကောင်းမွန်ခဲ့ပါသည်။ အခမဲ့ကုသပေးရုံမက ဆေးရုံမှဆင်းသောအခါတွင်လည်း ထောက်ပံ့ငွေပါထောက်ပံ့ပေးခဲ့ပါသည်။ (Gavi ထောက်ပံ့ငွေမဟုတ်ပါ) မြန်မာတို့ထုံးတမ်းအစဉ်အလာအတိုင်း သူမတို့ဇနီးမောင်နှံက လက်ဆယ်ဖြာဖြင့် ကန်တော့ခဲ့ရာ ဆရာဝန်နှင့် ဆရာမအပေါင်းတို့မှာ ဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။
သို့သော် ပုလောဆေးရုံရှိ ဆရာမတစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် ပုလောဆေးရုံ၌ ငွေတောင်းခံခဲ့သည်ဟု ပုလောဆုံဆည်းရာgroup တွင် တင်ထားမှုများကြောင့် ဆင်းရဲနွမ်းပါသူ ချို့တဲ့သူများကိုလည်း အပင်ပန်းခံ ငွေကြေးစိုက်ထုတ်လှူဒါန်းလျက်ဆေးကုသပေးခဲ့ကြသူဆရာဝန် ဆရာမများတို့အဖို့ ဝမ်းနည်းစိတ်မကောင်း စိတ်ပျက်အားလျော့ခဲ့ကြရပါသည်။့
ပညာရှိကွန်ဖြူးရှပ်က အဆိုအမိန်တစ်ခု မိန့်ဆိုခဲ့ဖူးပါသည်။ မှောင်လိုက်တာလို့ ငြီးနေမဲ့အစား သင်ကိုယ်တိုင် ဖယောင်းတိုင်တစ်တိုင် ရှာထွန်းလိုက်ပါ တဲ့ ------ ဆိုတဲ့အတိုင်း -- အခမဲ့ကျန်းကျန်းမာရေးစောင့်ရှောက်မှုရဖို့ ဆင်းရဲနွမ်းပါသူစာရင်းထဲ မရမနေအတင်းတိုးဝင်မဲ့ အစား ကိုယ့်ထက်ချို့တဲ့သူတွေ အခွင့်အရေးရဖို့ (ကွမ်းဖိုးဆေးလိပ်ဖိုး အရက်ဖိုး လောင်းကစားဖိုး) အမျိုးမျိုးလျော့ပြီး လူတိုင်းစေ့ free medical care မရနိုင်သေးတဲ့ ယနေ့အချိန်အခါမှာ ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်ဟာကို ကျခံခြသးင်းဟာလည်း အလှူတမျိုးဖြစ်ပါကြောင်း=========
==========================
ပုလောမြို့နယ် ကျန်းမာရေးဝန်ထမ်းမိသားစု
 
                                       မြူနှင်း(အေးရိပ်ငြိမ်)

တနင်္သာရီတိုင်း ပုလောမြို့

4-1-2014 ည 8-9 ခန့် ခရေပင်လမ်းဆုံတွင် အပြင်းမောင်းနှင်လာသောဆိုင်ကယ်နှင့် ခရေပင်လမ်းအတွင်းသို့ချိုးဝင်သောဆိုင်ကယ်တိုက်မှုကြောင့် လူတစ်ဦးပွဲချင်းပီးသေဆုံးသွားခဲ့ပါသည် အပြင်မောင်းနှင်လာသောဆိုင်ကယ်မှာ လူငယ်၂ ဦးဖြစ်ပြီးနန်းတောင်ရွာမှဖြစ်ကြောင်းသိရပြီး နောက်ဆိုင်ကယ်တစ်စီးပေါ်တွင် အမျိုးသမီးတစ်ဦးနှင့်အမျိုးသားတစ်ဦးကလေးတယောက် စီးနင်းခဲ့ပြီး အမျိုးသမီးမှာလက်ကျိုးသွားပြီး အမျိုးသားမှာသေဆုံးသွားခဲ့ပါသည်ဖက်ဆိုင်ကယ်မှ၂ဦးသည် သတိမေ့မျောနေပြီး ကလေးတစ်ဦးသာလျင် အနည်းငယ်ထိခိုက်မှုရှိခဲ့ကြောင်းသိရပါသည် ဤကဲ့သို့ဆိုင်ကယ်တိုက်မှုများမှာ ခရေပင်လမ်းဆုံတွင် တလအတွင်း 4-5 ကြိမ်ခန့် ဖြစ်ပွားနေပါသဖြင့် ခရေပင်လမ်းဆုံတွင် မီးပွိုင့်တခုထား သက်ဆိုင်ရာများက စီစင်ပေးသင့်ကြောင်း တောင်းဆိုအပ်ပါသည်။
(အပိုဆောင်းလေးရေးလိုက်အုံး ဆိုင်ကယ် ကြမ်းကြမ်းစီးတဲ့တောကကောင်တွေ မင်းတို့သာသေသင့်တာ တဖက်မိသားစု ဘလောက်နစ်နာမလဲ စင်းစားကြည့် )ီ

                                   မြူနှင်း(အေးရိပ်ငြိမ်)

ကြိုတင်ကြံစည်မှု ပြင်ဆင်ရန်

ကြိုတင်ကြံစည်မှု ပြင်ဆင်ရန်

Ko Harmony

Airmon Airmon .....
မတော်တဆ မှားယွင်းမှု့. မဟုတ် ကြိုတင်ကြံစည်မှု
သာဖြစ်သည်။အားနည်းချက်
အားလုံး ပြင်ဆင်ရန် ကျွန်ုပ်
တို့ သဘောတူသည်


ဘာပြောရမှာလဲဝီေ၀၀ိုင်း.......

ဘာပြောရမှာလဲဝီေ၀၀ိုင်း.......



ဗိုလ်ချုပ်မွေးနေ့ ဟောပြောပွဲ အစ္စလာမ် ဘာသာဝင်ဖြစ်လို့ ကန့်ကွက်

ဗိုလ်ချုပ်မွေးနေ့ ဟောပြောပွဲ အစ္စလာမ် ဘာသာဝင်ဖြစ်လို့ ကန့်ကွက်


The Voice Weekly

မန္တလေးတွင် ကိုမြအေးကို စာပေဟောပြောခြင်း မပြုရန် ကန့်ကွက်

မန္တလေးတွင် မဟာအောင်မြေမြို့နယ် ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား ဟေမာဇလ ရပ်ကွက်၊ မျက်ပါးရပ်၊ ဖျာတန်းဓမ္မာရုံ အနီးတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့ညက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ ပြုလုပ်သော စာပေဟောပြောပွဲတွင် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်သူ ကိုမြအေးကို ဟောပြောမှု မပြုလုပ်ရန် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဟောပြောပွဲ စီစဉ်သူများထံမှ သိရသည်။

ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ပြုလုပ်သော ဟောပြောပွဲ ပထမနေ့တွင် စာရေးဆရာ မောင်သွေးသစ်၊ ညီမင်းညိုနှင့် ကိုမြအေးတို့ ဟောပြောရန် စီစဉ်ထားသော်လည်း သံဃာအချို့က ကိုမြအေး ဟောပြောခြင်း မပြုရန် ကန့်ကွက်မှုကြောင့် ကိုမြအေးအစား မန္တလေးမြို့ခံ စာရေးဆရာ နေဝင်းမြင့်က အစားထိုး ဟောပြောခဲ့ကြောင်း ပွဲစီစဉ်သူ မဟာအောင်မြေမြို့နယ် NLD လူငယ်အဖွဲ့ဝင် ဦးကျော်စိုးဆွေက ပြောကြားသည်။ “အစ္စလာမ် ဘာသာဝင်ဖြစ်လို့ ကန့်ကွက်တာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး” လာရောက် ကန့်ကွက်သူ သက်တော် ၃၀ အရွယ် ဦးစန္ဒာသီရိက မိန့်ကြားခဲ့သည်။





ကိုမြအေးဟာ နိုင်ငံရေးသတ္တ၀ါဖြစ်တယ်..ဒါကြောင့် ကိုမြအေး ကို ကျနော် ယုံတယ်

ကိုမြအေးဟာ နိုင်ငံရေးသတ္တ၀ါဖြစ်တယ်..ဒါကြောင့် ကိုမြအေး ကို ကျနော် ယုံတယ်



 Philosophermg Myathar
*******************

၂ဝဝ၇ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက်ရွှေတိဂုံဘုရားပေါ်မှာ ဝတ်ပြုဆောင်းပွဲပြုလုပ်ခဲ့ကြစဉ်
ကိုမြအေး ဟာ ရှေ့ဆုံးကနေ အတက်ကြွဆုံးဦးဆောင်ခဲ့တာပါ ...
ကိုမြအေးဟာ ရိုးတယ်၊ ရှင်းတယ်၊ ပျော့ပြောင်းတယ်၊ သည်းခံစိတ်မြင့်မားတယ်၊ နိုင်ငံရေး
သတ္တ၀ါ စစ်စစ်ဖြစ်တယ်၊

၁၉၈၈- စစ်အာဏာရှင်လက်ထက်ကစလို့ယနေ့ ထိ မသေလို့ကျန်နေခဲ့တဲ့အုပ်စု ဟာ ၈၈-အုပ်စုပဲ ဖြစ်တယ်၊

အခု ကိုမြအေးကို ပုတ်ခတ်နေသူတွေဟာ ဖွတ်အစိုးရ လက်ကိုင်တုတ်တွေပဲဖြစ်
တယ်၊ သင်္ကန်းအရေခြုံ အရည်းကြီး ရဟန်းတွေသာ ဖြစ်တယ်။

အခုလို သင်္ကန်းခြုံ အရည်းကြီးရဟန်းတွေဟာ ရဟန်းနဲ့မသင့်တော်တဲ့ပြောဆိုပြုမှုနေတာကို ဘာမှပြောဆိုဆုံးမတာမျိုးမလုပ်ပဲ လက်ပိုက်ကြည့်နေတဲ့...

ဗုဒ္ဓဘာသာမဟာသံဃနယကအဖွဲ့ကြီးဟာ ဘာလုပ်ဖို့လဲ ...?

ဘာအတွက် သံဃမဟာနယက အဖွဲ့ ကြီး ဖွဲ့ ထားလဲ ? ...

ဆိုတာ မေးခွန်း ထုတ်လိုက်ပါတယ်၊

ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ



torsdag 13 februari 2014

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ



ဧရာဝတီ

စစ်အစိုးရလက်ထက် နာမည်ဆိုး အထွက်ဆုံး ဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်သောင်း (သရုပ်ဖော်ပုံ – စိုင်းစိုးကြည် / ဧရာဝတီ)

ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်လိုက်ပြီးနောက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် သွားသည်နှင့် ပြောင်းပြန်အချိုးညီစွာ ချမ်းသာကြွယ်ဝပြီး ကျန်ရစ်ခဲ့သူများတွင် ခရိုနီများနှင့်အတူ ဝန်ကြီးဟောင်း၊ စစ်ဗိုလ်ချုပ်ဟောင်းများလည်း ပါဝင်သည်။

ပြည်သူများ၏ လက်ထဲမှ ခိုးယူခံရသည့် မြန်မာပြည်၏ သဘာဝ သယံဇာတများမှ ရရှိသော အကျိုးအမြတ်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးများသည် ခရိုနီများ၏ အိတ်ထဲတွင် ရှိနေသည်ဆိုပါလျှင် ယင်းမှာ စုစုပေါင်း၏ ထက်ဝက်ဖြစ်နိုင်ပြီး ကျန်ထက်ဝက်မှာ ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ခရိုနီ မိသားစုများ၏ အိတ်ထဲတွင် ရှိနေပေသည်။

စစ်အစိုးရလက်ထက် ဝန်ကြီးများအနက် အချမ်းသာဆုံးဟု သတ်မှတ်ခံရသူများတွင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်းနှင့် မိသားစုဝင်များလည်း ပါဝင်သည်။

ဦးအောင်သောင်း၏ ဇနီးမှာအထက်တန်းပြ ဆရာမ အငြိမ်းစား ဒေါ်ခင်ခင်ရီဖြစ်ပြီး သားသမီးများမှာ ဗိုလ်မှူးကြီး မိုးအောင်၊ စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်၊ ဒုဗိုလ်မှူးကြီး ပြည်အောင်၊ စီးပွားရေး လုပ်ငန်းရှင် ဒေါ်ခင်ငုရည်ဖြိုး တို့ဖြစ်သည်။ ဦးအောင်သောင်းရော စီးပွားရေး လုပ်ငန်းရှင် သူ့သားများပါ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု စာရင်းသွင်းခြင်း ခံထားရသည်။

ဦးအောင်သောင်း တန်ခိုးထွားစဉ်ကဆိုလျှင် ပရောဂျက်တခု ရရှိရေးအတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေးအရာရှိ နှစ်ဦးကိုပါ ပေးရသည်ဟု ကိုယ်တိုင်ကြုံရသည့် စီးပွားရေးသမားများက ပြောကြသည်။ ကြီးမားသော စက်ရုံကြီးတခု ခွင့်ပြုမိန့်ရရှိရေးအတွက် ဦးအောင်သောင်း၏ ကိုယ်ရေးအရာရှိနှစ်ဦးကို သိန်း ၄ ထောင် လာဘ်ထိုးခဲ့ရသည်ဟု စီးပွားရေးသမား တဦးကဆိုသည်။ လာဘ်ပေးလာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ်အတိုင်း စီးပွားရေး အခွင့်အလမ်း တောင်းခံသူများကိုမူ အတွေ့မခံခဲ့ချေ။

အစိုးရ ပရောဂျက်တခုစီ လုပ်ခွင့်ရရေးအတွက် ဦးအောင်သောင်း၏ သားများက ကော်မရှင်ခ ၇ ရာ ခိုင်နှုန်းအထိ တောင်းဆိုလေ့ရှိသည်ဟု သိရသည်။ နိုင်ငံတော် အကျိုးအမြတ်များကို ကြားမှဖြတ်ခုတ်ယူသည့် သဘောဖြစ်သည်။ နိုင်ငံခြား ကုမ္ပဏီများရော၊ ပြည်တွင်း ကုမ္ပဏီများပါ ဦးအောင်သောင်း၏ စက်မှု(၁) ဝန်ကြီးဌာန နှင့် အလုပ်လုပ်လျှင် ကြုံရမည့် ကိစ္စဖြစ်သည်။ စင်ကာပူတွင် ငွေပေးငွေယူများ ပြုလုပ်လေ့ရှိပြီး

ဦးအောင်သောင်း၏ သားတဦးမှာ စင်ကာပူတွင် ဒေါ်လာ သန်းချီတန်သည့် ပိုင်ဆိုင်မှုများ အများအပြား ရှိနေ သည်။ ယင်းပိုင်ဆိုင်မှုများမှာ မြန်မာပြည်သူ ပြည်သားများ ရသင့်သည့် ငွေများဖြင့် ဝယ်ယူထားခြင်းဖြစ်သည်။ စက်မှု ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပြည်ပသို့ လေ့လာရေး၊ ပညာတော်သင် သွားရေးအတွက် ဦးအောင်သောင်း ကတော်ကို လက်ဆောင်ကြီးကြီးများ ကန်တော့ရလေ့ရှိသည်။ ဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်းသည် စက်မှု (၁) ဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ နအဖ၏ တရားဝင်အာဏာ သက်တမ်းကုန်သည့် ၂၀၁၀ ပြည့်နှစ် အချိန်အထိ ၁၄ နှစ်ကြာ တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍသည် ဦးအောင်သောင်း၏ သားများအပါအဝင် စစ်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သော စီးပွားရေးသမား တစု၏ လက်ဝါးကြီးအုပ် အသုံးချခံဘဝ ဆိုက်ရောက်ခဲ့ရသည်။

ဘီလျံနာသူဌေးကြီး ဦးတေဇကဲ့သို့ စီးပွားမဖြစ်သော်လည်း ဦးအောင်သောင်း၏ သားနှစ်ဦးဖြစ်သူ ဦးပြည်အောင်နှင့် ဦးနေအောင်တို့သည် ဦးသန်းရွှေ စစ်အစိုးရတွင် ပါဝင်သော ဖခင်၏ အရှိန်အဝါကိုအသုံးချ၍ သန်းကြွယ်သူဌေးများ ဖြစ်သွားခဲ့ကြသည်။ ဦးပြည်အောင်နှင့် ဦးနေအောင်တို့ နှစ်ဦးပိုင်သော စီးပွားရေး လုပ်ငန်းများတွင် သစ်၊ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုဆိုင်ရာ ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်သည်။

ထိုညီအစ်ကိုနှစ်ဦးပိုင် စီးပွားရေး အင်ပါယာကြီးသည် စီးပွားရေး လုပ်ငန်းပေါင်းများစွာ ချိတ်ဆက်ထားသော လုပ်ငန်းကြီး တခုဖြစ်သည်။ အဓိကအားဖြင့် IGE ကုမ္ပဏီသည် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ အုပ်စုနှင့် ၏ အောက် တွင်ရှိသည်။ ကုမ္ပဏီ လက်ကမ်းစာစောင်အရ ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့်သတ္တုတွင်း IGE Pte Ltd လုပ်ငန်းများ လုပ်ကိုင်သော UNOG Pte Ltd (UNOG Co Ltd နှင့် United National Oil & Gas ဟုလည်း ခေါ်သည်။) သည် IGE ကုမ္ပဏီ အုပ်စုအောက်တွင်ရှိပြီး ကျွန်းသစ်စီးပွားရေးလုပ်သော MRT Co Ltd သည် လည်း IGE အောက်တွင်ရှိသည်။

၂၀ဝ၈ ခုနှစ် သံတမန် ကြေးနန်းတခုတွင် United International ကျွန်းသစ် ကုမ္ပဏီပိုင်ရှင် ဦးဝင်းအောင်က အမေရိကန် သံတမန်တဦးအား “IGE သည် မြန်မာနိုင်ငံ ကျွန်းသစ်လုပ်ငန်းတွင် ဒုတိယအကြီးဆုံး ကုမ္ပဏီတခုဖြစ်ပြီး ၂၀ဝ၇ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ဝင်ငွေ ရှိသည်” ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။ ဦးအောင်သောင်း မိသားစုသည် ၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော ယူနိုက်တက် အမရာဘဏ်ကိုလည်း ပိုင်ဆိုင်သည်။

နအဖ စစ်အစိုးရ အာဏာလွှဲပြောင်းခါနီးတွင် အစိုးရပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင်အဖြစ် ထုတ် ရောင်းချရာတွင် IGE သည် ရန်ကုန်မြို့တွင် ယခင်က အစိုးရပိုင် အဆင့်မြင့် ဟိုတယ် ၃ ခုဖြစ်သော စထရင်း ဟိုတယ်၊ ဒူးဆစ် အင်းလျားလိတ်နှင့် သမ္မတ ဟိုတယ်များတွင် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအထိ ဝယ်ယူရရှိခဲ့သည်။ အောင်ရဲဖြိုးကုမ္ပဏီဟု အမည်ရသော စိုက်ပျိုးရေး ထုတ်ကုန်များ ရောင်းချသော ကုမ္ပဏီသည်လည်း ဦးအောင်သောင်း မိသားစုပိုင်ပင်ဖြစ်သည်။

၂၀ဝ၈ ခုနှစ်အတွင်း ပြင်ပသို့ ပေါက်ကြားခဲ့ သော အမေရိကန်သံတမန် ကြေးနန်းတခုတွင် IGE ကုမ္ပဏီကို ၁၉၉၄ ခုနှစ်၌ တည်ထောင်ပြီး ၂၀ဝ၁ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ခဲ့သည်ဟု သိရသည်။ UNOG အား မြန်မာနိုင်ငံနှင့် စင်ကာပူ နိုင်ငံ နှစ်နိုင်ငံစလုံးတွင် မှတ်ပုံတင်ထားပြီး ၂၀ဝ၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။

အပြင်သို့ ပေါက်ကြားလာသည့် အမေရိကန် သံတမန် လျှို့ဝှက်ကြေးနန်းများတွင် ဦးအောင်သောင်း၏ သားနှစ်ဦးစလုံးကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နှင့် အလွန်နီးစပ်သူများဟု ဖော်ပြထားပြီး ဦးသန်းရွှေကလည်း ၄င်းတို့ကို မိသားစုသဖွယ် သဘောထားသည်ဟု ဖော်ပြထားသည်။ ထိုညီအစ်ကို နှစ်ဦးသည် “မိသားစု အဆက်အသွယ်၊ စစ်အစိုးရ နှင့် အနေနီးစပ်ခြင်း တို့ကိုအသုံးချပြီး အလွန်ချမ်း သာသွားကြသည်” ဟုလည်း ရန်ကုန်အခြေစိုက် စီးပွားရေးသမားတဦး၏ ပြောစကားကို ကိုးကားပြီး ကြေးနန်းတွင် ရေးသားထားသည်။

ဦးပြည်အောင်သည် နအဖ စစ်ကောင်စီတွင် နှစ်ပေါင်းများစွာကြာ ဒုတိယ ဩဇာအကြီးဆုံးဖြစ်သူ ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၏ သမီး ဖြစ်သူ ဒေါ်နန္ဒာအေး၏ ခင်ပွန်းလည်းဖြစ်သည်။ ၂၀ဝ၉ ခုနှစ် ဇွန်လအတွင်း ဖော်ပြထားသော အမေ ရိကန် သံတမန် ကြေးနန်းတစောင်တွင်ဦးမောင်အေး သည် မြိုးမြိုးမြက်မြက် ရနိုင်သော စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်များ ချပေးရာတွင် ဦးတေဇထက် သူ့သား မက် ဦးပြည်အောင်ကို ပိုဦးစားပေးသည်ဟု ရေး သားထားသည်။

ကြည်း၊ ရေ၊ လေ ကွပ်ကဲညှိနှိုင်းရေးမှူးနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းနှင့် ဒု ဗိုလ်ချုပ်မှူး ကြီးဟောင်း ဦးမောင်အေးတို့ နှစ်ဦးသည် လုပ်ငန်းအသစ်များ၊ လိုင်စင်အသစ်များ ချပေးရာတွင်၎င်းတို့ အတွက်ပါ ဝေစားမျှစားလုပ်သော ဦးနေအောင်၊ Max Myanmar ကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော် နှင့် ဦးရွှေမန်း၏သား ဦးအောင်သက်မန်းတို့ကို ပိုဦးစား ပေးသည်ဟု အမေရိကန် သံတမန်များကို ပြန်လည် ဖောက်သည်ချခဲ့သော ရန်ကုန်အခြေစိုက် စီးပွားရေး သမားတဦးကို ကိုးကား၍ ၂၀ဝ၉ ခုနှစ် လျှို့ဝှက် ကြေးနန်း တခုတွင်လည်း ရေးသားထားသည်။

IGE သည် နေပြည်တော် တည်ဆောက်ရေးအတွက် တာဝန်ယူသော ကုမ္ပဏီ ၈ ခုအနက် တခုဖြစ်သည်။ မြို့တော်သစ်အတွင်း အစိုးရဌာန အဆောက်အအုံပေါင်းများစွာ တည်ဆောက်ပေးရသည့်အပြင် ဘန်ဂလိုပေါင်း ၃၀ ပါဝင်သော ကြယ်လေးပွင့် အဆင့်ရှိ IGE ပိုင် Hotel Amara ကိုပါ တည်ဆောက်ခဲ့သည်။ တခြားဆောက်လုပ်ရေး ကုမ္ပဏီ များကဲ့သို့ပင် မြန်မာအစိုးရသည် IGE အားဝန် ဆောင်မှုအတွက် အခကြေးငွေ မပေးသော်လည်း တခုလျှင် အမေရိကန် ဒေါ်လာ ၂ သိန်းတန်သော ကားတင်ပို့ခွင့် လိုင်စင် ၁၅ ခုချပေးခဲ့သည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် IGE သည် အစိုးရ၏ ကုန်သွယ်ရေး မူဝါဒကောင်စီ (TPC) ထံမှ ရွှေဂက်စ် ပိုက်လိုင်း စီမံကိန်းတည် ဆောက်ရေးအတွက် အသုံးပြုရန် ပိုက်လိုင်းများ တင်သွင်းခွင့်ရခဲ့သည်။ ထို့အပြင် IGE နှင့် အခြားသော ကုမ္ပဏီများသည် နိုင်ငံခြားသို့ သစ်အားလုံးကို မြန်မာ့သစ်လုပ်ငန်းအမည်ဖြင့် ပို့ဆောင်ခဲ့ပြီး သစ်ရောင်းချရသည့် အကျိုးအမြတ် အားလုံးကို စီးပွား ရေးကုမ္ပဏီများကပင် ရခဲ့သည်။

ဤသည်မှာ စစ်အစိုးရလက်ထက် နာမည်ဆိုး အထွက်ဆုံး ဝန်ကြီးဦးအောင်သောင်းနှင့် မိသားစု တို့၏ ချမ်းသာကြွယ်ဝခဲ့ပုံ တစိတ်တပိုင်းပင် ဖြစ်သည်။ သူ့လောက် မချမ်းသာသည့်တိုင် သူတို့နှင်နှင် ချမ်းသြွာကယ်ဝခဲ့ကြသော စစ်ဗိုလ်ဟောင်းများ၊ တနွယ် ငင်တစင်ပါ ဆွေးမျိုးများလည်း အပြောင်းအလဲများ ပြုလုပ်နေသည့် မြန်မာနိုင်ငံတွင် လက်ညှိုးထိုးမလွဲ ရှိနေသည်။

ဒု ဗိုလ်ချုပ်ကြီးဟောင်း ဝင်းမြင့်၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရ မောင်နီ၊ ပို့ဆောင်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေတို့သည်လည်း ရခိုင်ပြည်နယ်တွင် ၄င်းတို့ တိုင်းမှူးများ ဖြစ်စဉ်က ဒေသခံများ၏ လယ်မြေများ၊ မြေလွတ်မြေရိုင်းများ၊ နွားစားကျက်မြေများကို ဒေသခံ မြေစာရင်းဌာနနှင့်ပေါင်း၍ ဇနီးများ၊ သား သမီးများ၏ အမည်ပေါက်ဖြင့် သိမ်းယူခဲ့ကြဖူးသည်။ ထို့နောက် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ပေါ်ပေါက် လာသောအခါ ကျပ်သိန်းထောင်ချီ ကုမ္ပဏီများသို့ ရောင်းစားခဲ့ကြသည်။

အစိုးရ စီမံကိန်းများတွင် လာဘ်ပေးလာဘ်ယူ ခြင်း၊ စီးပွားရေး လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ် ခြင်းမှသည် မြေယာများ သိမ်းဆည်းယူခြင်း အထိ နည်းအမျိုးမျိုးဖြင့် ချမ်းသြွာကယ်ဝခဲ့ကြသော စစ် အစိုးရ ဝန်ကြီးဟောင်းများ၊ ဗိုလ်ချုပ်ဟောင်းများ သည် ယခုအခါ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့၊ အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် ပါလီမန်များထဲတွင် ထင်ထင်ပေါ်ပေါ် ရှိနေကြဆဲဖြစ်သည်။

အရပ်သားခရိုနီများအနေဖြင့် ပိတ်ဆို့အရေးယူ မှု စာရင်းမှ ပယ်ဖျက်ခံလို၍ ဖြစ်စေ၊ ပြောင်းလဲနေ သော မြန်မာပြည်တွင် ဆက်လက်ရပ်တည်ရန် ဖြစ် စေ နည်းမျိုးစုံဖြင့် အပြောင်းအလဲများ စတင်ပြုလုပ် နေချိန်တွင် စစ်အုပ်ချုပ်ရေး အရိပ်ထဲတွင် မြန်မာ ပြည်သူများထံမှ အေးဓားပြတိုက်ခဲ့ကြသော စစ်ဗိုလ် ဟောင်းများနှင့် ယင်းတို့၏ ဆွေမျိုးမိသားစုများမှာ လက်ခမောင်းခတ်နေနိုင်ဆဲ ဖြစ်သည်။ ယင်းတို့၏ မြန်မာ့သယံဇာတ၊ အကျိုးအမြတ်များကို မတရား သိမ်းယူထားမှုများ၊ ဘိုးဘွားပိုင် အမွေကဲ့သို့ ခံစား နေမှုများအတွက် မကြာမီ တချိန်ချိန်တွင် ပြည်သူနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ကိုးကား : What Does the Future Hold for Aung Thaung & Sons? By Seamus Martov

========================================================

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ..ဆိုတဲ့ခေါင်းစဉ်နဲ့ဧရာဝတီက
ဆောင်းပါးဖတ်ရတော့ဒီနေ့ဖတ်ရတဲ့သတင်း၂ပုဒ်ကိုတွဲမိလိုက်တယ်..
လွန်ခဲ့တဲ့နှစ်၃၀လောက်ကဖိလစ်ပင်းသမ္မတဟောင်းမားကိုစ့်ဖွက်ထားတဲ့ပိုက်ဆံတွေထဲက၂၅သန်း
ကိုဆွစ်ဘဏ်ကနေဖိလစ်ပင်းအစိုးရကဖေါ်ထုတ်ပြီပြန်လည်ရယူလိုက်ပါပြီ...
ဂျာမဏီသမ္မတကလည်းမြန်မာအစိုးရကိုအကြွေး၁ဘီလျံရဲ့တ၀က်၅၀၀မီလျံလျော်လိုက်တယ်တဲ့...
အင်း...
၁ဘီလျံကပြည်သူတွေကအစွန်းထွက်လေးတောင်ရလိုက်ရဲ့လား...
ဘယ်ဘဏ်တွေထဲရောက်ကုန်သတုံး....
ဝဋ်မလည်ကြပါစေနဲ့ဗျာ....


ပါတီများ ဘာသာရေးဖြင့် မဲဆွယ်ပါက အရေးယူမည်

ပါတီများ ဘာသာရေးဖြင့် မဲဆွယ်ပါက အရေးယူမည်



အောင်သူရ
 မြန်မာတိုင်း(မ်)

မဲရရှိရေး အတွက် ဘာသာရေးကို ခုတုံးလုပ်ပြီး မဲဆွယ်ပါက ပါတီဖျက်သိမ်း သည်အထိ အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြား ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

နိုင်ငံရေးပါတီများက ၎င်းတို့ပါတီအနိုင်ရရေးအတွက် မဲဆွယ်ခြင်းများပြုလုပ်သည့်အခါ ဘာသာ ရေးနှင့် ပတ်သက်ပြီး မဲဆွယ်ခြင်းမပြုလုပ်ရဟု ပါတီစတင်ဖွဲ့စည်းစဉ်ကပင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများတွင် ပါရှိပြီး ဖြစ်သည်ဟု ၎င်းက ပြောခဲ့သည်။

"ဘာသာရေးနဲ့ မဲဆွယ်တယ်ဆိုတာတော့ ကျွန်တော်လက်မခံပါဘူး။ နိုင်ငံရေးက နိုင်ငံရေးသက် သက်ပဲ။ ဘာသာရေးနဲ့ မဆိုင်ပါဘူး"ဟု ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းညွန့်လွင်က မြန်မာပို့စ်ဂျာနယ်ကို ပြောခဲ့သည်။

ထိုသို့ပြုလုပ်ပါက မြန်မာနိုင်ငံ အနောက် မြောက်ဘက်တွင် လူမျိုးရေး ပြဿနာ ပိုမိုကြီးထွား လာနိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစား ကွင်းတွင် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) ထောက်ခံပွဲသို့ တက်ရောက်လာသော နိုင်ငံရေးပါတီများသည် လူမျိုးရေးမုန်းတီးမှုများကို အများဆုံး ဟောပြောခဲ့ကြသည့်အတွက် ပြည်သူများအကြားတွင် ဝေဖန်သံများ ထွက်ပေါ် လာခဲ့ကြောင်း မြန်မာပို့စ်ဂျာနယ်က ဆိုသည်။


                                       


တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေကြမ်း အတည်ပြု

တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေကြမ်း အတည်ပြု



The Voice Weekly

လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်သုံးစွဲရာ လိုက်နာမည့် အချက်များ ထည့်သွင်း ရေးဆွဲထားသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဝိုင်းဝန်း ကန့်ကွက် ခဲ့သော်လည်း အဆိုးပါ ဥပဒေကို မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြည်သူ့လွှတ်တော်မှ ပြင်ဆင် အတည်ပြုထားသော ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၉၇မဲ၊ ကန့်ကွက်မဲ ၆၁ မဲနှင့် ကြားနေမဲ တစ်မဲသာ ရှိသောကြောင့် ယင်းဥပဒေကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ရှင်းပြသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ပေးပို့လာသော အဆိုပါ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်သောကြောင့် အမျိုးသား လွှတ်တော်တွင် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး လှဝင်းအောင်က ပြောကြားသည်။

နိုင်ငံသားများ အကျိုးစီးပွား တိုးတက်စေသော ရည်ရွယ်ချက်များဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲခြင်းကို ထောက်ခံသော်လည်း ဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲရေးအတွက် ဥပဒေတစ်ခု ပြဋ္ဌာန်းရန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲထားခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“ဥပဒေတစ်ရပ်အဖြစ် အတည်မပြုဘဲနဲ့လည်း လက်ရှိ အခြေအနေမှာ သုံးစွဲ ဆောင်ရွက်ခွင့် ရနေပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း မကိုက်ညီပါဘူး” ဟု ၎င်းကဆိုသည်။

အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၅၄ အရ အဆိုပါ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးမှသာလျှင် ကန့်ကွက်နိုင်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
“ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကို ရောက်တဲ့အခါမှာ လက်ခံဆွေးနွေးရန်သင့် မသင့်ဆိုတာ မပါတော့ပါဘူး။ ဒီအချိန်မှာ ကန့်ကွက်လို့ မရပါဘူး။ ပြည်သူ့လွှတ်တော် ပြင်ဆင်ချက်ကို သဘောတူမတူဘဲ ဆုံးဖြတ်ရပါမယ်” ဟု ၎င်းကဆိုသည်။

လွှတ်တော်သို့ တင်သွင်းလာသော ဥပဒေကြမ်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်လျှင် ဥပဒေကြမ်း စတင်တင်သွင်းသည့် အချိန်တွင်သာ ကန့်ကွက်နိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
“လုပ်ထုံးလုပ်နည်းအရ ပြည်သူ့လွှတ်တော်က ဆွေးနွေးပြီးလာတဲ့ ဥပဒေကြမ်းကို ကန့်ကွက်လို့ မရပါဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို ဇန်နဝါရီလ ပထမပတ်အတွင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် သုံးစွဲရာတွင် နိုင်ငံတော်သမ္မတ၏ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် သဘောထား ကွဲလွဲမှု ဖြစ်ပေါ်နေသော်လည်း အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ဇန်နဝါရီလအတွင်း အတည်ပြုကာ အမျိုးသား လွှတ်တော်သို့ ပေးပို့လာခြင်း ဖြစ်သည်။

ယင်းဥပဒေကို ထပ်မံပြဋ္ဌာန်းပါက လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုနိုင်ရန်ရေး ဆွဲထားသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေရှိပြီး ဖြစ်သည့်အတွက် လွှတ်တော် ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုနိုင်မည့် ဥပဒေနှစ်ရပ် ရှိလာမည် ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံဖြိုးရေး အသုံးစရိတ်ငွေကျပ် သိန်းတစ်ထောင် အသုံးပြုနိုင်မည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိဟုဆိုကာ နိုင်ငံတော်သမ္မတက ပြင်ဆင်ချက် ၁၁ ချက်ဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ချက် ၁၁ ချက်လုံး ပြင်ဆင်ခြင်း မပြုဘဲ နိုင်ငံတော် သမ္မတရုံးသို့ ပြန်လည် ပေးပို့ခဲ့သည်။

အလားတူ နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးပြီးဖြစ်သော ဥပဒေလေးခုနှင့် လက်မှတ် ရေးထိုးခြင်းမရှိဘဲ အတည် ဖြစ်နေသော ဥပဒေလေးခုသည် အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး အဆုံးအဖြတ်ကို ခံယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ဇန်နဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။


ဘာသာမဲ့ တိထ္ထိ တစ်ယောက် ဟော ပြော တာ ဘုန်းကြီး တွေ နားထောင်

ဘာသာမဲ့ တိထ္ထိ တစ်ယောက် ဟော ပြော တာ ဘုန်းကြီး တွေ နားထောင်


Melvin Moe

"နိုင်ငံရေး သမားတွေ ထောင်ကျ၊ အနှိပ်စက်ခံ နေရတုန်းက အဲ့ နေမျိုးဝေ ဘာလုပ်နေသလဲဗျ" တဲ့။

ဟုတ်ကဲ့၊ ထောက်လှမ်းရေး သတင်းပေး လုပ် နေ ခဲ့ ပါတယ်။

"လယ်သမား တွေ အ ရေး အတွက် တက်တက်ကြွကြွလုပ်ခဲ့ တာ မြင်ဖူးသလိုဘဲ" တဲ့။

ဟုတ်ကဲ့၊ ဇေကမ္ဘာ ကိုခင်ရွှေ (နန္ဒာလှိုင် ရဲ့ ယောက္ခမ) ဆီက၊ ငွေကြေးပံ့ပိုး ကူညီမှု မရခင် ကာလ တုန်းကပါ။ အခု တော့ အရက်ဖိုး အဆင် ပြေ သွား လို့၊ ဇေကမ္ဘာ က သိမ်း ထားတဲ့ လယ် မြေ တွေ ကို လှည့် တောင် မကြည့် တော့ပါဘူးဗျာ။

"အမျိုးဘာသာ သာသနာ ကို တော့ မြတ်နိုးပုံ ရပါတယ်"တဲ့။

ဘာသာတရား မှန်သမျှ ကို မယုံကြည်တဲ့ သူ တစ် ယောက်၊ ဘာသာမဲ့ တစ်ယောက် ဆိုတာ သူကိုယ်တိုင်၊ ထုတ်ဖော် ပြောကြားထားတဲ့ သူတစ်ဦး ဖြစ်တဲ့ အတွက်၊ ကျွန်တော် ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓသာသနာ ကို မြတ်နိုး တဲ့ သူ၊ ကာကွယ် စောင့်ရှောက် မယ့်သူ တော့၊ဘယ်လိုနည်းနဲ့ မှ မဖြစ်နိုင် ပါဘူး ဗျာ။

"ဒါဆို ဗုဒ္ဓဘာသာ ဘုန်းကြီး တွေ က၊ ဘာသာမဲ့ တစ်ယောက်၊တိထ္ထိ တစ်ယောက် ဟော ပြော နေ တာ ကို၊ ဘယ်လို အကြောင်းပြချက် နဲ့ နေပူကျဲတဲ အောက်မှာ သွားနားထောင် နေ တာလဲဗျ" တဲ့။

ဒီကိစ္စ တော့ အဲ့ ဘုန်းကြီး တွေ ကို သွားမေးဗျာ။ ကျုပ်ကို ဆန္ဒန်ဆင်မင်း ပုံပြင် ပြော မယ့်သူ တွေ ပေါ် လာ အုံးမယ် လို့ ပြောလွှတ်လိုက်ရတယ်။.......... ကြောက်လွန်းလို့..........

ဦးရွှေမောင် လိမ်သမျှ ဗူးပေါ်သလို ပေါ်ပြီ

ဦးရွှေမောင် လိမ်သမျှ ဗူးပေါ်သလို ပေါ်ပြီ




ပြည်သူ့အာဏာ

ဒူချီးရားတန်းကျေးရွာ မီးလောင်မှုနှင့်ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာနက ဖြတ်ညှပ်ကပ်လုပ်၍ လွှင့်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်၏ ရှင်းလင်းချက်မှာ လိမ်ညာထွက်ဆိုပြောကြားခြင်း ဖြစ်ကြောင်း ဗူးပေါ်သလို ပေါ်လာပြီဖြစ်ကြောင်း သိရသည်။

ဒူချီးရားတန်းကျေးရွာကို မီးရှို့သူများမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်တိုင် လုပ်ဆောင်ခြင်း သို့မဟုတ် ပူးပေါင်းကြံစည်ခြင်း ပြုလုပ်ခဲ့သည် ဟု ဒီဗွီဘီ သတင်းဌာနကို ပြောကြားခဲ့သည့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်အား သမ္မတဦးသိန်းစိန်က ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ ခွင့်ပြုချက်ဖြင့် ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးပြီးနောက် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒီဗွီဘီသတင်းဌာနက ပြောသမျှ အကုန်မထည့်ဘဲ လိုအပ်သည့်အပိုင်းများကိုသာ ဖြတ်ညှပ်ကပ်လုပ်၍ လိုရာဆွဲကာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

ဦးရွှေမောင်၏ ရှင်းလင်းချက်ကို တစ်ပါတီတည်း လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (ဘူးလက်လှဆွေ)ကလည်း ထောက်ခံပြောကြားခဲ့ပြီး ဒီဗွီဘီ သတင်းဌာနကို အပြစ်ဖို့ခဲ့ကြသည်။

ယခုအခါ ဒီဗွီဘီသတင်းဌာနသည် ဦးရွှေမောင်နှင့် တွေ့ဆုံမေးမြန်းခန်း အပြည့် အစုံကို ထုတ်လွှင့်ခဲ့ရာ ဦးရွှေမောင်၏ ပြောကြားချက်ကို သတင်းဌာနက ဖြတ်ညှပ်ကပ် လုပ်ခြင်း မဟုတ်ဘဲ မိမိပြောကြားခဲ့သည်များကို မပြောပါဟု ပြောင်ပြောင်တင်းတင်း လိမ်လည်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဦးရွှေမောင်၏ ပြောကြားချက်အပြည့်အစုံကို မဖြတ်မတောက်ဘဲ ပြန်လည် ထုတ်လွှင့်ခဲ့သည့် ဒီဗွီဘီသတင်းဌာန၏ ယူကျုတွင် လွှင့်တင်ထားမှုကို http://www.youtube.com/watch?v=6xtJCKIZlHo&feature=youtu.be တွင် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ယင်းဗီဒီယိုတွင် ဦးရွှေမောင်သည် ရိုက်ကူးထားသည်များ မည်သည့်နေ့တွင် ထုတ်လွှင့်မည်ကိုပါ ပြန်လည်မေးမြန်းခဲ့သည့် သက်သေများ တွေ့ရှိရသည်။

ဒီဗွီဘီသတင်းဌာန၏ ဗီဒီယိုဖိုင် အပြည့်အစုံတွင် ပါရှိသော ဖော်ပြချက်များအရ စစ်ဆေးခံပြီးနောက် ဦးရွှေမောင်၏ ပြောကြားချက်များမှာ လိမ်လည်ပြောကြားခြင်းများ ဖြစ်နေကြောင်း တွေ့ရှိရသည်။ အကယ်၍သာ ဦးရွှေမောင်သည် ယင်းတုံ့ပြန်ချက်များကို ရဲတပ်ဖွဲ့ထံ ထွက်ချက်ပြုရာ၌ ထွက်ဆိုခဲ့ပါက လိမ်လည်ထွက်ဆိုမှု တစ်မှုထပ်တိုးနိုင်ကြောင်း သိရှိရသည်။

"ဦးရွှေမောင်ကသာ လိမ်လည်ထွက်ဆိုရိုးမှန်ရင် မူလ ပြစ်မှုထက် နောက် တစ်မှု ထပ်တိုးသွားမှာ သေချာပါတယ်။ ဒီဗွီဘီက အထောက်အထားက ဗီဒီယို မှတ်တမ်းအပြင် ရိုက်ကူးသူ၊ မေးမြန်းသူတွေကိုပါ သက်သေအဖြစ် ဆင့်ခေါ်စစ်မေးနိုင်မှာပါ။ ဒီသက်သေတွေ ခိုင်ခိုင်လုံလုံ ရှိနေပြီ ဆိုရင်တော့ ဦးရွှေမောင် လိမ်လည်ထွက်ဆိုတာ ထင်ရှားလာမှာပါ။ လွှတ်တော်အမတ် တစ်ဦး ဖြစ်တဲ့အတွက် လိမ်လည်ထွက်ဆိုမှုဟာ အရမ်းကို သိက္ခာကျဆင်းစေ ပါတယ်။ ဒါဟာ လွှတ်တော်ကို ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဆောင်စေရာ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အစိုးရဘက်က စွဲချက်တွေ ထပ်တိုးလာနိုင်တဲ့အပြင် လွှတ်တော်ဘက်ကလည်း တစ်ခုခု အရေးယူရတော့မယ်၊ အကယ်၍ လွှတ်တော်က မသိကျိုးကျွံ ဆက်ပြီး လုပ်နေဦးမယ် ဆိုရင်တော့ လွှတ်တော်ရဲ့ ရပ်တည်ချက်အပေါ် ပြည်သူတွေက ပြန်ပြီး ထောက်ပြ ဝေဖန်လာတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဘက်က ပြောကြားချက်တွေ သိရှိရသလောက် ဆိုရင် ဒီဗွီဘီနဲ့တင်မကဘူး၊ ဗွီအိုအေနဲ့ပါ ပြောဆိုထားတာတွေ ရှိသေးတယ် လို့ သိရပါတယ်။ ဒါဆိုရင်တော့ ဦးရွှေမောင်ဟာ ငြင်းပယ် ရှောင်ထွက်လို့ မရတော့ပါဘူး။ ဆက်ပြီး လိမ်နေဦးမယ် ဆိုရင်တော့ ရဲတပ်ဖွဲ့နဲ့ အစိုးရဘက်က လည်း ဆက်ပြီး ထောက်ထားနေတော့မှာ မဟုတ်ဘူး ထင်ပါတယ်" ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ဦးရွှေမောင်အား စစ်မေးမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ပြည်သူများ အကြားတွင် ဦးရွှေမောင် စစ်မေးမှုအား စိတ်ဝင်တစား စောင့်ကြေည့်နေကြကြောင်း သိရသည်။



အမျိုးသားဝတ်စုံဖြင့် ပြည်ထောင်စုနေ့ ညစာစားပွဲသို့ တက်ရောက် လာသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် အချို့ကို တွေ့ရှိရစဉ်

ဓါတ်ပုံ - ဦးရွှေမောင်