အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

fredag 21 augusti 2015

ဒါရိုက်တာမိုက်တီးမှ ဌေးဦးသို့တရားဝင်အိတ်ဖွင့်ပေးစာ

ဒါရိုက်တာမိုက်တီးမှ ဌေးဦးသို့တရားဝင်အိတ်ဖွင့်ပေးစာ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဌကြီး ဦးဌေးဦး သို့
ဒါရိုက်တါ မိုက်တီးမှ အိပ်မပါပဲ ပေးတဲ့စာ ။
 

ဥက္ကဌကြီးခင်ဗျား ...
 

ဥက္ကဌကြီးတို့၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏လုပ်ရပ်နှင့် ပြောဆိုချက်များမှာ မိခင်ပါတီ၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသည့်အပြင် မြန်မာပြည်ဒီမိုကရေစီ ရှင်သန်ခိုင်မာစေရေးအတွက် အမျိုးသားနိုင်ငံရေးကို ဦးစီးဖေါ်ဆောင်နေသော မြန်မာတပ်မတော်၏ ရပ်တည်မှု့များကိုပါ အထင်အမြင်လွဲစရာများ ဖြစ်စေနိုင်ပါသောကြောင့် အဆိုပါကိုယ်စားလှယ်တော်အား လိုအပ်သလို အရေးယူနိုင်စေရန် အကြံပြုတင်ပြလိုက်ရပါသည်ခင်ဗျား ။
 

ဥက္ကဌကြီးအလျှင်အမြန် စိစစ်သုံးသပ်နိုင်ရန် ယခုနောက်ဆုံး ၄င်းကိုယ်တိုင် လူသိရှင်ကြား တရားဝင်ပြောထားခဲ့သည့် သူ၏နှုတ်ထွက်စကားအား ပြည်သူအများ၏ ဝေဖန်အကြံပြုချက်များနှင့်အတူ ယှဉ်တွဲတင်ပြလိုက်ရပါသည် ။
 

( ဦးလှဆွေ၏ ပြောဆိုချက် )
 

မိမိတို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ အမတ်နေရာအားလုံး၏ ၂၆% မျှ ရလျှင်ပင် အစိုးရဖွဲ့နိုင်ပြီဖြစ်ကြောင်း -
ထို့အတွက် လွှတ်တော်တွင်းရှိပြီးဖြစ်သည့် ၂၅% သော တပ်မတော်ကိုယ်စားလှယ်အားလုံးက မိမိတို့ပါတီအား တလုံးတခဲတည်း ပူးပေါင်းပို့ဆောင်ကြမည့်အကြောင်း ပင်ဖြစ်ရာ -
 

(၁) ၂၆% ရရုံမျှဖြင့် အစိုးရဖွဲ့နိုင်သည်ဆိုခြင်းကြောင့် မိခင်ပါတီအား မလျော်သြဇာသုံးသော - အနိုင်ကျင့်ဗိုလ်ကျသောပါတီအဖြစ် ပြည်သူအများ၏ အထင်အမြင်သေးမှု့ကို ခံရစေနိုင်ခြင်း ၊
 

(၂) အမာခံပါတီဝင်တယောက်ဖြစ်လျှက် မိမိပါတီအပေါ်မိမိ ယုံကြည်မှူ့အား နည်းလွန်းသလောက် အတိုက်အခံပါတီအပေါ် အထင်းကြီးလွန်းခြင်း ၊
 

(၃) ၄င်းပြောကြားသော မမျှတသည့် ဤဖြစ်ရပ်အရ သန့်ရှင်း၍တရားမျှတမှူ့ကို ဦးတည်ဆောင်ရွက်နေသည့် ရွေးကောက်ပွဲကော်မရှင်ကိုပါ နိုင်ငံတကာမှ မကြည်မလင် ဖြစ်စေနိုင်ခြင်း ။
 

(၄) တပ်မတော်သည် ပါတီတခုမဟုတ် ၊ သီးခြားလွတ်လပ်သည့် တသီးပုဂ္ဂလိကအမတ်များလည်း မဟုတ်ပေရာ ၄င်းလူသိရှင်ကြားပြောဆိုသကဲ့သို့ တစုတစည်းလုံးကြီး တရားဝင်ပူးပေါင်းနိုင်ခွင့်မရှိပါသောကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပါတီဆိုင်ရာ စည်း ဘောင် နည်း ဥပဒေ များနှင့်ပါ ငြိစွန်းသွားနိုင်ခြင်း ။
 

(၅) ပါတီနိုင်ငံရေးထက်ကြီးမြတ်သော အမျိုးသားနိုင်ငံရေးကို ဦးထိပ်ပန်ဆင်ချီတက်နေသည့် တပ်မတော်၏ ပုံရိပ်ကို ထိခိုက်ညစ်နွမ်းစေခြင်း ။
....... အစရှိသည့် ထိခိုက်မှူ့များ ဖြစ်စေနိုင်ရာကား -
အဆိုပါ ကိုယ်စားလှယ်တော်အား ကျန်းမာရေးဆေးစစ်ကြည့်ခြင်း ၊ ခုံရုံးဖွဲ့စစ်ဆေးခြင်း ၊ ထုချေလွှာတောင်းခြင်း ... စသဖြင့် လိုအပ်သလို အရေးယူသင့်ပါကြောင်း ပါတီကြီး၏ရှေ့ရေးကိုရည်မျှော်၍ စေတနာမေတ္တာအပြည့်ဖြင့် အကြံပြုလိုက်ရပါသည်ခင်ဗျား ။
.
                                                                                        လေးစားစွာဖြင့် -
                                                                                           ဒါရိုက်တာ

                                                                                            မိုက်တီး              

Inga kommentarer:

Skicka en kommentar