. ကော့သောင်း
-
အသိပေးကြေငြာခြင်း
ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊
söndag 17 november 2013
ထားဝယ်မြို့တော်
ထားဝယ်မြို့သည် အရေးပါသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်။တနင်္သာရီတိုင်းမြို့တော် ဖြစ်ပါသည်၊ ထားဝယ်မြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး အရှေ့ဘက်တွင် တနင်္သာရီရိုးမတောင်တန်းနှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ တောင်ဘက်တွင် သရက်ချောင်းနှင့် မြောက်ဘက်တွင် ရေဖြူမြို့နယ် များဖြင့် ထိစပ်လျက်ရှိပါသည်။ ရန်ကုန်မြို့မှ (၃၈၄) ကီလိုမီတာကွာဝေးပါသည်။ ရှေးဟောင်းဘုရားအများအပြား တည်ရှိပြီး ရှင်ကိုးရှင်ဘုရား၊ မျှော်ရစ်ဘုရား၊ဆုတောင်းပြည့်ဘုရားနှင့် ပေ(၂၄၃)ရှည်လျားသော လောကသာရဖူ လျောင်းတော်မူဘုရားတို့မှာ တန်ခိုးကြီး ထင်ရှားလှပေသည်။ ဒေသထွက်ကုန်များမှာဒူးရင်းယို၊ နာနတ်ယို၊ အုန်းထန်းလျက်၊ အိုးခွက်များမှာ ကျော်ကြားလှသည်။ ထားဝယ်လူမျိုးများသည် ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ အနုပညာရှိပြီး စကားပြောဟန်မှာ မြန်မာ၊ မွန်၊ ပုလော၊ မြိတ်တို့နှင့် အနည်းငယ်ကွာခြားသည်။
ရှင်ကိုးရှင်ဘုရား
၁။ ရှင်တောင့်ပုံ (တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့)
၂။ ရှင်မျှော် (
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာ)
၃။
ရှင်မုတ္ထီး (
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာ)
၎။
ရှင်ပင်ခရု (
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ကရပ်ပြင်ရပ်
)
၅။
ရှင်ဥသြ (
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ထားဝယ်မြို့ပိန္နဲတောရပ်၊ ဘုရားကြီးဝင်းအတွင်း
)
၆။
ရှင်တောက်ထိန် (
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကမြောကင်းရွာ
)
၇။
ရှင်ဇလွန် (တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ မြို့ဟောင်းရွာ)
၈။
ရှင်ဆံတော် (တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်ရွာ)
၉။
ရှင်ဓါတ်ဝဲ (တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ)
လောကသာရဖူ လျောင်းတော်မူဘုရား
ထားဝယ်ဒေသ၏ အထင်အရှား ဘုရားများတွင် တဆူအပါအဝင်ဖြစ်သည့် “လောကသရဖူ လျောင်းတော်မူဘုရားကြီး”သည် ထားဝယ်မြို့မှ ၄ မိုင်ခန့်အကွာ ထားဝယ်မြို့နယ်၊ အလယ်ကုန်း ကျေးရွာတွင် တည်ရှိသည်။ သမိုင်းစာအုပ်အထောက်အထားများအရ ကောဇာသက္ကရာဇ် ၁၂၉၂ ခု၊ တပေါင်းလတွင် တည်ထားကိုးကွယ်၍ ဉာဏ်တော်အလျား ၁၆၂ တောင်၊ ပလ္လင်တော်အလျား ၂၀၀ တောင်၊ ပလ္လင်တော်အနံ ၄၀ တောင်၊ မြေပြင်မှ အမြင့် ၅၂ တောင် အသီးသီးရှိသည်ဟု မှတ်သားသိရှိရပါသည်။
မှတ်ချက်။ ။ရှင်ကိုးရှင်ဘုရားဓာတ်ပုံနှင့် လျောင်းတော်မူဘုရားဆောင်းပါးကို အသုံးပြုခွင့်ပေးသော
ကိုထားဝယ်သား ကို အထူးကျေးဇူးတင်ရှိပါကြောင်း.....။
ရွှေတောင်စား စေတီတော်
ဆုတောင်းပြည့်ဘုရား
ရှေးဘုန်းကြီးကျောင်း တစ်ကျောင်း
ထားဝယ်မြို့တွင်း
အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း
ထားဝယ်သူလေးများ
ထားဝယ်လေဆိပ်
သင်္ဘောဆိပ်
ထားဝယ်လူမျိုး သားအဖနှင့် ကမျှောကင်းတံတားလမ်း
ကောက်စိုက်ချိန် သားအမိ
ထားဝယ်မြစ် ကပ္ပလီပင်လယ်ထဲစီးဝင်ပုံ
ထားဝယ်မြို့အနီးရှိ သာယာလှပသောငါးဖမ်းရွာလေး
ထားဝယ်မြို့အနီး ကပ္ပလီပင်လယ်ကမ်းခြေတစ်နေရာ
Inga kommentarer:
Skicka en kommentar
Senaste inlägg
Äldre inlägg
Startsida
Prenumerera på:
Kommentarer till inlägget (Atom)
Inga kommentarer:
Skicka en kommentar