အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 28 september 2014

အံ့သြစရာကောင်းတဲ့ မြန်မာပြည်က ချီးပေနေတဲ့ စိတ်ဓါတ်လေးများ(2)

အံ့သြစရာကောင်းတဲ့ မြန်မာပြည်က ချီးပေနေတဲ့ စိတ်ဓါတ်လေးများ(2)

 

     တုန်လှူ ပ်သွားသလား ကျွန်မပြောတာတွေဟာအမှန်တရားတွေပါနော် ဘယ်သူ ဘယ်သူ့မှထိခိုက်စေလိုတဲ့ အရေးသား မပါဘူးဆိုတာ တာဝန်ယူရဲပါတယ် အဲဒါဘဲ့ ကိုယ့်မြန်မာမိန်းကလေးတွေကို အိမ်ဖေါ်ပို့ကုန်အနေနဲ့ နိုင်ငံခြားတင်သွင်းနေသမျှကာလပတ်လုံး   မြန်မာဟာ ကမ္ဘာကျွန်ဘဲ့ဆိုတာ ကြေငြာစရာမလိုဘူး ကိုယ့်လူမျိုးကောင်းအောင် ကိုယ့်လူမျိုးးဂုဏ်တက်အောင်ကြံဆောင်မယ်မစဉ်းစားဘူး ထစ်ကနဲ ဆိုကုလားကိုအော်ဆဲဖို့ဘဲ့တတ်တဲ့ ကျွန်မတို့မြန်မာလူမျိုးးတွေရဲ့ စိတ်ဓါတ်ဟာ ချီးပေနေတဲ့လို့ ကဗျ ည်းတပ်လိုက်တဲ့ အတွက်လွန်တယ် ရိုင်းတယ်လို့သတ်မှတ်မယ်ဆိုရင် ကျွန်မမြူ နှင်းကတော့ တောင်းပန်ဖို့မရှိဘူး တစ်ခွန်းထဲဘဲ့ပြောလိုက်မယ် (လဲသေလိုက်ကြ)လို့ 

ဆက်ရန်------------

 မဘသ(သို့ကဗျာ လေးတစ်ပိုဒ်)




ကောက်ရိုးမီးအမျိုးသားရေးနဲ့
ဇောက်ထိုးကြီးသူခိုးကုလားလေးဆဲပြန်တော့
လွဲပြန်ရှာဒီတစ်သက်
မဲလှန်ရှာဒီအကွက်ကို
နင်မမြင်နင်မသိလေရော့သလား
ဘဝင်ထိရူးနေတဲ့အာဏာရှင်
မညာပါလျှင်အတည်ပြောလိုက်မယ်
ငါသာလျှင်အာဏာတစ်သက်ကိုင်ချင်တာမို့
ဘာသာဝင်တွေချင်းမတည့်အောင်ကြံ
လှည့်ဆောင်ကာရန်တိုက်ပါလို့
အကြံမိုက်လေခြင်း
မှန်မကိုဋ်လည်းထင်းဖြစ်ခဲ့ပြီမို့
အတင်းညစ်တာမဆန်းပေဘူး
မင်းဖြစ်ချင်တာတွန့်တွန့်လူး
သင်းအပြစ်တွေသာရွှံ့ညွန်လူးသလိုပ
မဲသထက်တူး ။


                                     မြူ နှင်း(အေးရိပ်ငြိမ်)

ဂျာနယ်လောကရဲ့စိန်ခေါ်သံ

ဂျာနယ်လောကရဲ့စိန်ခေါ်သံ


U Hla Swe
.......11 ဂျာနယ်က ရောင်းကောင်းရဲ့သားနဲ့ ။ကိုရဲထွဋ် တယောက်ထဲနဲ့ရန်လေးဖြစ်ပြလိုက်တာနဲ့ ပြီးတဲ့ဟာကို။




Bူးလက်မရှင်းတာကဒါ.....မျိုး

Bူးလက်မရှင်းတာကဒါ.....မျိုး



U Hla Swe

child marriage နဲ့ပါတ်သက်လို့ လွှတ်တော်မှာ ကျနော် မေးခွန်းထုတ်ခဲ့ပါတယ်။ အထူးသဖြင့် မူဆလင်ဘာသာဝင်တွေ ဟာ အသက်ငယ်ငယ်လေးတွေ ကို ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်း နေတာတွေ့နေရလို့ပါ။ကျနော် ကို မူစလင်ဘာသာဝင် တယောက်က ထမင်းဖိတ်ကျွေးလို့ သွားစားတော့ ၇ နှစ် ၈ နှစ်လောက်ရှိတဲ့ ခလေးမလေးက ဟင်းပွဲတွေ လာချပေးပါတယ် ။ဒါနဲ့ ကျနော်က ဒါခင်ဗျားသမီးလား ဘယ်နှစ်တန်း ရောက်ပြီလဲ လို့ မေးတော့ ဒါသူ့ မိန်းမ ပါလို့ပြောတယ်။ကျနော်အရမ်းအံ့သြ သွားပါတယ်။ ဒါကြောင့်ဒီမေးခွန်းမေးဖြစ်တာပါ။ဝန်ကြီးဋ္ဌာနက
ဖြေတာက ခြေဥ အရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်။the burma law act ;1898 အရ အမွေဆက်ခံခြင်း။အမွေခွဲခြင်း။ထိမ်းမြားလက်ထပ်ရေး။မျိုးနွယ်ရေး။ဘာသာရေးဆိုင်ရာ အစဉ်အလာ။အဖွဲ့အစည်းတစုံတရာတို့နှင့် ပါတ်သက်သည့် မည်သည့် ပြဿနာမဆို အမှု့သည်၏ ဘာသာဥပဒေအတိုင်း အဆုံးဖြတ်ပေးရမည် ။ဥပဒေများမှာ ၁၈၅၆ ဟိန္ဒူဥပဒေ။၁၈၇၂ ခရိယာန်ဥပဒေ။၁၉၀၉ဆခ် ဥပဒေ။၁၉၃၆ ပါရစီ ဥပဒေ။၁၉၅၃မူစလင်ဥပဒေ။၁၉၅၄ဗုဒ္ဓဘာသာဝင်ဥပဒေ။များရှိကြောင်းအရွယ်ရောက်သူဟုသပ်မှတ်ရာတွင်ဥပဒေတခုနှင့်တခုမတူကြောင်း the guardians and wards act . 1890 အရ မြန်မာနိုင်ငံအတွင်းနေထိုင်သူတို့သည် ၁၈ နှစ်ပြည့် လျှင်အရွယ်ရောက်ပြီး အကယ်၍၁၈ နှစ်မပြည့်မှီ တရားရုံးက အုပ်ထိမ်းသူခန့်ထားသည့်သူဖြစ်လျှင် ၂၁ နှစ်မှအရွယ်ရောက်ကြောင်း။၁၉၅၄ ဗုဒ္ဓဘာသာဝင်မိန်းမကိုအထူးထိမ်းများမှူု့ဥပဒေအရ ၁၄ နှစ်အောက် မငယ်သူကိုလက်ထပ်နိုင်သည်ဟုပြဌာန်းထားကြောင်း ။အစ္စလမ်တရားဥပဒေတွင်လူပျိုအပျိုဖေါ်ဝင်ချိန်ကို ကျား ၁၂ နှစ် မ ၉ နှစ် ဟုမှတ်ယူ၍သက်သေမပြနိုင်က ကျား မ ၁၅ နှစ်ဟုသပ်မှတ်ထားကြောင်း။ချေဥ ၃၄၇ အရမည်သူ့ကိုမဆို ဥပဒေ အရာ၌ တန်းတူရှိရမည်ဟု ပါရှိကြောင်း။ပြစ်မှု့ဆိုင်ရာပုဒ်မ ၂ အရ မည်သူမဆို ပြစ်မှုဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်ကို ဖေါက်ဖျက်ကပြစ်ဒဏ်ထိုက်သည်။ အခြားနည်းဖြင့် ပြစ်ဒဏ်ထိုက်သင့်ခြင်းမရှိစေရ ဟုသပ်မှတ်ထားသဖြင့် နိုင်ငံအတွင်းနေထိုင်သူအားလုံးသည် လက်ထပ်ထိမ်းမြားခြင်းအပါအဝင် မည်သည့်ကိစ္စရပ်တွင်မဆို ပြစ်မှု့ဆိုင်ရာ ပုဒ်မ ကိုလေးစားရမည်ဖြစ်ကြောင်း။၁၅ နှစ်ပြည့်၍ခိုးယူပေါင်းသင်းခြင်းသည် အစ္စလမ်ဥပဒေအရ အပြစ်မရှိသော်လည်း ၁၆ နှစ်မပြည့်သေးလျှင် ပြစ်မှု့ဆိုင်ရာ ဥပဒေ ၃၆၁ နှင့်ညှိ၍၃၆၃ ဖြင့် အရေးယူခံရမည်။အပျိုဘော်ဝင်ပြီး ၁၃ နှစ်အရွယ်မူစလင် မိန်းမကိုသဘောတူလက်ထပ်ပေါင်းသင်းခြင်းသည် အစ္စလမ် ဥပဒေ နှင့် ညီညွတ်သော်လည်း ပြစ်မှု့ဆိုင်ရာ ဥပဒေ ၃၇၅ အရ မုဒိမ်းမှု့မြောက်သဖြင့် ၃၇၆ ဖြင့်အရေးယူခံရမည်ဖြစ်ကြောင်း။နိုင်ငံတော်အနေဖြင့် UN convention on the right of the child ကသပ်မှတ်ထားသော စံ နှုန်းများနှင့်အညီ၁၉၉၃ ကလေးသူငယ်ဥပဒေအတိုင်း ဆောင်ရွက်လျှက်ရှိကြောင်း လို့ဖြေထားတယ်။ကျနော်မရှင်းတာက ၁၃ နှစ်အောက် အစ္စလမ် အမျိုးသမီးကို လက်ထပ်လို့ မုဒိမ်း မှု့နဲ့ တရားစွဲခံထားရတာ ကျနော်ဖြင့် မကြားမိပေါင်ဗျာ။




အနုပညာရှင်များကြားက မူးယစ်ဆေးပြဿ နာ

အနုပညာရှင်များကြားက မူးယစ်ဆေးပြဿ နာ



7Day News Journal


----------------------------------------------
ရေးသားသူ- နွေဦး

မကြာသေးမီရက်ပိုင်းအတွင်းက နာမည်ရသရုပ်ဆောင်မင်းသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား တစ်ရာကျော်နှင့်အတူ ဖမ်းဆီးလိုက်သည့်သတင်းမှာ ပရိသတ်အတွက် အထူးအဆန်းမဟုတ်တော့ပါ။ အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးပြဿနာ ရောထွေးနေမှုများမှာ ပရိသတ်များနှင့် ရင်းနှီးနေပြီဖြစ်သည်။

“တချို့ရုပ်ရှင်ထုတ်လုပ်ရေး တိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီ ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက်လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေးဝယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့သူတွေ တစ်ပုံကြီး၊ ပွဲတော်ကြီးလိုဖြစ်နေတာ”

ယနေ့ အနုပညာလောကအတွင်း ကြီးကြီးမားမားစိမ့်ဝင် နေရာယူထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ၏ အခန်းကဏ္ဍမြင်ကွင်းကို အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဖွင့်ဟပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ပေါ်၌ ဘိန်းကို အလွယ်တကူဝယ်ယူရရှိနိုင်သည့် ကာလတုန်းက သုံးစွဲသည့် အနုပညာရှင်အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှုမရှိသလောက် နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူ ဒါရိုက်တာဝိုင်းက ဆိုသည်။

ယနေ့ခေတ်တွင်မူ သုံးစွဲရုံသာမက ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားသည့် အနုပညာရှင်အချို့ ရှိလာပြီဖြစ်သည်။ ၎င်းတို့သည် ငွေကြေးရလိုမှုတစ်ခုအပြင် ဆေးကို စည်းရုံးသိမ်းသွင်းသည့် လက်နက်တစ်ခုသဖွယ် သုံးစွဲလာသည်မှာ အနုပညာလောကအတွက် အန္တရာယ်ဖြစ်လာကြောင်း မူးယစ်ဆေးဝါးသံသရာထဲက ယတိပြတ် ရုန်းထွက်ခဲ့ပြီး ယခုနာမည်ကြီး ဒါရိုက်တာတစ်ဦးအဖြစ် ပြန်လည်ရပ်တည်နေသူ ဒါရိုက်တာဝိုင်းက ပြောသည်။

နာမည်ရသရုပ်ဆောင်အချို့၊ အဆိုတော်အချို့၊ ဒါရိုက်တာ အချို့ ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရချိန်တွင် ပရိသတ်များကြားထိပင် သိရှိနေသည့် ဆေးဝါးရောင်းဝယ်မှုများနှင့် ပတ်သက်နေသော အနုပညာရှင်များ ဖမ်းဆီးခံရမှုသတင်းများ မတွေ့ရသေးသည်ကို မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက အဖြေပေးပါသည်။

“သိသိကြီးနဲ့ မဖမ်းဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ သိရင်တောင်မှ သူဘယ်ဟိုတယ်မှာ သုံးနေတာလဲ။ In Position ဖြစ်နေလား ကြည့်ပြီးမှ လုပ်ရတယ်။ ဘယ်သူကတော့ သတင်းကျော်ဇောမှုရှိတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတာကတော့ အနည်းနဲ့အများရှိကြတယ်။ စောင့်ကြည့်နေတယ်။ ကိုယ့်ဘက်က သေချာပိုင်နိုင်ရင် အနုပညာရှင်မကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူတာပါပဲ”

သို့သော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် ကျော်ဇောသတင်း ရထားတိုင်းလည်း ၀င်ရောက်ဖမ်းဆီးရန်မှာမူ အခက်အခဲအတားအဆီးများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“သရုပ်ဆောင်တွေထဲလည်း သုံးတာရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ Position ရှိမှ အရေးယူလို့ရမှာ။ သတင်းတက်လာတာနဲ့ အိမ်ပေါ်တက်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်လို့မရဘူး။ မမိရင် သိက္ခာချတယ်။ ကျင့်ဝတ်ချိုးဖောက်တယ်လို့ ဖြစ်လာနိုင်တယ်။ ဥပဒေက ရှိသေးတယ်” ဟု အဆိုပါ ရဲမှူးကြီးက ပြောသည်။

မအိပ်မနေ လန်းဆန်းတက်ကြွစွာဖြင့် အနုပညာအလုပ်များ လုပ်ကိုင်နိုင်ပြီး ဆန်းသစ်သော စိတ်ကူးများ၊ အတွေးအခေါ်များ ထွက်ပေါ်နိုင်သည်ဟူသည့် ယူဆချက်များကြောင့် နီးစပ်ရာအနုပညာရှင်အချို့ ဟိုတယ်ကဲ့သို့သော အခန်းများအတွင်း အုပ်စုဖွဲ့၍ ဆေးဝါးမှီဝဲခြင်းများရှိသည်။ နာမည်ကျော် အနုပညာရှင်များကို ဆေးဝါးများ အခမဲ့ပံ့ပိုးပေးခြင်း၊ အလွယ်တကူရှာဖွေပေးနိုင်ခြင်းတို့ဖြင့် စည်းရုံးထားနိုင်ပါက လုပ် ငန်းအဆင်ပြေနိုင်မည်ဟု ယူဆ ကြသည့် ထုတ်လုပ်ရေးတိုက်အ ချို့က ယင်းနည်းလမ်းကို သုံးစွဲကြ သည်ဟု ဆိုကြသည်။

“အနုပညာရှင်အချင်းချင်းလည်း ရောင်းတယ်။ အပြင်ကလူတွေကလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့ သူတွေနဲ့ ချိတ်မိသွားပြီး အရောင်းအ၀ယ်တွေဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်၊ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန်လွတ်လပ်စွာနဲ့ လုပ်ချင်ရာ လုပ်နိုင်နေကြတယ်” ဟု အမည်မဖော်လိုသူ ဒါရိုက်တာတစ်ဦးက ပြောသည်။

“တချို့ဆေးရောင်းသူတွေက သူတို့လိုအင်ဆန္ဒအတွက် စပေးသုံးတုန်းက ပိုက်ဆံပေးစရာ မလိုဘူး။ နောက်ပိုင်းကျတော့ ရောင်းရော။ မူးယစ်ဆေးဝါးသုံးစွဲပြီးရင် နောက်ဆက်တွဲလိင်ကိစ္စတွေပါ ပါလာကုန်တယ်။ အခုဟာက အနုပညာရှင်အချင်းချင်းကိုပဲ ရောင်းတာမဟုတ်ဘဲ လူတကာကို ရောင်းနေတာ” ဟု ယင်းဒါရိုက်တာက ပြောသည်။ အနုပညာရှင်အချို့သည် မူးယစ်စေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မှီဝဲသုံးစွဲမှ ဖန်တီးထုတ်လုပ်သည့် အနုပညာထုတ်ကုန်များ အရည်အသွေး တောက်ပြောင်ထူးချွန်သည်ဟု တလွဲယူဆချက်မှာ ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်သည့် အဓိကအချက်ဖြစ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးစီမံချက် ဒါရိုက်တာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးဒေါက်တာလှဌေးက ဆိုပါသည်။

“အရင်ခေတ်က ဘိန်းက သုံးပြီးရင် ငြိမ်တော့ အကျခေတ်ပေါ့။ အခုက အကြွခေတ်။ များသောအားဖြင့် မအိပ်မနေနဲ့ ဖျော်ဖြေရေးလိုင်းသွားတဲ့ ကလေးတွေက စိတ်ကြွဆေးတွေကို တလွဲသုံးစွဲကြတယ်။ အဆိုတော် ကောင်လေးတစ်ယောက်ဆို ဒါသုံးလို့ ပိုဆိုနိုင်တယ်လို့ပြောတယ်။ ဒါတော်တော်လေး လွဲမှားတယ်။ ရှိသမျှခွန်အားကို တစ်ထိုင်တည်းနဲ့ သုံးတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအရ ရုတ်တရက်သေဆုံးတဲ့ ဖြစ်ရပ်တွေ အခုနောက်ပိုင်းများလာတာ တွေ့နိုင်တာပဲ” ဟု ဒေါက်တာလှဌေးကပြောသည်။

အနုပညာရှင်များအကြား ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသရသည်ဟုဆိုကာ ဆေးလွန်သွားသဖြင့် ကုသမှုခံယူရသည့် သတင်းများကလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက ဖမ်းဆီးမှုများရှိသလောက် လက်လှမ်းမီ အလွယ်တကူရနိုင်သည့် ဆေးဝါးမှာလည်း အဆိုပါ WY စာတန်းပါ ဆေးပြားများ ဖြစ်နေကြောင်း တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်နေသည့် ဒေါက်တာလှဌေးက ဆိုသည်။ ရုပ်ရှင်ရိုက်ကွင်းအချို့တွင်ပင် တရားဝင်သဖွယ် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများ ရှိနေပြီး အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုမှာ အားနည်းနေကြောင်း ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါးအပေါ်ထားတဲ့ တစ်ဦးချင်းရဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ တော်တော်လေး ကြီးမားပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မသုံးစွဲသင့်ပါဘူး” ဟု အကယ်ဒမီထွန်းအိန္ဒြာဗိုက ပြောကြားသည်။

တိုင်းပြည်ကို ပြန်လည်ထူထောင်နေသည့် ကာလတွင် လူ့စွမ်းအားအရင်းအမြစ်များထဲမှ အဓိကအရေးပါသည့် လူငယ်ထု၏ အသက်အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသော စိတ်ကြွရူးသွပ်ဆေးဝါးကို အမြစ်ဖြတ်သုတ်သင်ရန် အစိုးရတွင် တာဝန်အပြည့်အ၀ရှိကြောင်း ဒါရိုက်တာရီဇော်က ပြောသည်။

“လွယ်လွယ်နဲ့ ၀ယ်မရဘူးဆို ဘယ်သူမှ သုံးမနေဘူး။ တိုင်းပြည်ပြန်ထူထောင်မယ့်အချိန်မှာ ပညာတတ်တွေ စွမ်းအားအရင်းအမြစ်တွေ နည်းရတဲ့အထဲ မူးယစ်ဆေးဖျက်ဆီးခံနေရတာ ၀မ်းနည်းဖို့ ကောင်းပါတယ်။ အစိုးရမှာလည်း သူ့အကျပ်အတည်းနဲ့ သူရှိမှာပါ။ ဒါပေမဲ့ ဒီဆေးဝါးပြဿနာကိုတော့ အရေးပေါ်စီမံချက်တစ်ခု အနေနဲ့ နှိမ်နင်းသင့်ပါပြီ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းရှိ မူးယစ်ဆေးဝါးကိစ္စများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထားပြီး အရေးမယူကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ပိုမိုများပြားလာနေကြောင်း မေလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ဒီချုပ်ဗဟိုဦးစီးအစည်းအဝေးတွင် ပြောကြားထားသည်။

တရားဝင်ဈေးကွက်ကြီးသဖွယ် အနုပညာသမားများ၏ စွမ်းအားများးကို ခြိမ်းခြောက်ဖြိုဖျက်သော မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကို မိမိတို့၏ ကိုယ်ပိုင်အသိခံယူချက်တို့ဖြင့်သာ တွန်းလှန်ရမည် ဖြစ်သည်။ ပရိသတ်များ ချစ်ခင်အားပေးသည့် အနုပညာရှင်ဖြစ်လာရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲရန် မလိုပါ။ မူးယစ်ဆေးဝါး မှီဝဲရန် မလိုပါ။ ပင်ကိုအရည်အသွေးကို မှတ်ကျောက်တင်နိုင်သည့် အနုပညာဝမ်းစာပြည့်ဝသော ပါရမီရှင်များကိုသာ ပရိသတ်ကတောင့်တသည်။ မူးယစ်ဆေးအကူအညီကြောင့် အောင်မြင်ကျော်ကြားပြီး ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်ရပ်တည်နိုင်သော အနုပညာရှင် မရှိသေးပါ။ ရှိမည်လည်း မဟုတ်ပါ။ “အနုပညာရှင် ကျွန်တော့်လူနာတွေ ဆုံးပါးသွားကြတာ တော်တော်တောင်ကြာသွားပါပြီ”ဟု လမ်းလွဲသွားသူ ကြွေလင့်အနုပညာရှင်အချို့အကြောင်း ဆရာဝန်ကြီးဒေါက်တာလှဌေး၏ မှတ်ချက်က ယနေ့ မူးယစ်ဆေးဝါးနွံထဲက ရုန်းမထွက်နိုင်သေးသော အနုပညာရှင်အချို့အတွက် မှတ်သားစရာပင် ဖြစ်ပါသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)



အိမ်ခြံမြေ ကြိုပွိုင့်ရောင်းဝယ်သူများ အခွန်စည်းကြပ်ခံရမည်စိုး၍ ရောင်းထုတ်လာကြဟုဆို

အိမ်ခြံမြေ ကြိုပွိုင့်ရောင်းဝယ်သူများ အခွန်စည်းကြပ်ခံရမည်စိုး၍ ရောင်းထုတ်လာကြဟုဆို




www.7daydaily.com
 ကြိုပွိုင့်စနစ်ဖြင့် အိမ်ခြံ မြေတိုက်ခန်း အရောင်းအ၀ယ်ပြု လုပ်မည့်သူများ အခွန်စည်းကြပ် မှုခံယူရမည်စိုးသောကြောင့် ဈေး ကွက်အတွင်း အမြန်ဆုံးအရောင်း အ၀ယ် ပြုလုပ်လာကြကြောင်း တိုက်ခန်းအကျိုးဆောင်များက ပြောသည်။

ကြိုပွိုင့်စနစ်ဖြင့် အိမ်ခြံမြေ တိုက်ခန်းများ အရောင်းအ၀ယ် ဖြစ်ပါက ချက်ချင်းအခွန်ဆောင် ရမည်ဖြစ်ပြီး အချိန်ကြာမှ အခွန်ဆောင်မည်ဆိုပါက ကာလတန်ဖိုးအတိုင်း အခွန်စည်းကြပ်မှု ခံယူရမည်ဖြစ်ကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပြီးနောက်ယခုကဲ့သို့ ညှိနှိုင်းပုံစံဖြင့် အမြန်ဆုံးအရောင်းအ၀ယ် လုပ်နေကြသည်ဟု သုခမြေအိမ်ခြံမြေ အကျိုးဆောင်က ပြောသည်။

‘‘တချို့ အရင်းလောက်ရ လည်း တော်ပြီဆိုပြီး ထုတ်ရောင်း နေကြတယ်’’ ဟု အထက်ပါအိမ် ခြံမြေ အကျိုးဆောင်က ပြော ကြားသည်။

ဥပဒေတစ်ခု၊ အမိန့်တစ်ခု ထုတ်ပြန်ပါက ဌာနမှ မလုပ်ဖြစ် သည်က များပြားပြီး အောက်ခြေ တွင် အမှန်တကယ်စိစစ်ကြပ် မတ် လုပ်ဆောင်မှုအားနည်း ကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာ ဦးစိုင်းခွန်နောင် က ပြောသည်။

စိုးရိမ်ပြီး ထုတ်ရောင်းနေ ကြသော်လည်း ၀ယ်မည့်သူမှာ လတ်တလော နည်းပါးနေပြီး ၀ါကျွတ်ကာလ အောက်တိုဘာတွင် အရောင်းအ၀ယ်ပြန်လည် သွက် လာနိုင်သည်ဟု ၎င်းက ခန့်မှန်းပြောကြားသည်။

ထို့ပြင် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချသည့် တိုက်ခန်းများမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ စတင်ရောင်းချသည့် ကန်ထရိုက် အဖွင့်ဈေးမှာ လွန်စွာကြီးမြင့်နေ ၍ ဈေးကစားလိုသူများ ၀ယ်ယူမှုနည်းလာကြောင်း စမ်းချောင်းမြို့နယ်မှ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက လည်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး နယ်နိမိတ်အတွင်း ရှိ မြို့နယ်နှစ်ဆယ်၌ စက်မှုဇုန်၊ စက်ရုံ၊ ဂိုဒေါင်နှင့် အိမ်ခြံမြေငှား ရမ်းခြင်းဆိုင်ရာ အခွန်တိမ်းရှောင် မှုများကို စတင်စစ်ဆေးနေပြီး စစ် ဆေးမှုရလဒ်ကို ယနေ့အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

စည်ပင်က အရည်အသွေးနိမ့် အဆောက်အအုံများ ဖြိုဖျက်ရန် စီမံချက်စတင်နေရာ ကြိုပွိုင့်တိုက်ခန်းဝယ်ယူသူများ စိုးရိမ်သဖြင့် အမြန်ဆုံး ထုတ်ရောင်းမှုများ ရှိနေသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့က ပြောသည်။



fredag 26 september 2014

ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂)

ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂)


Tomorrow သတင်းဂျာနယ် အမှတ်(၃၀)ရဲ.မျက်နှာဖုံးသတင်း
======================================
ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂) ။
============================================
စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပထမဆုံး ရောက်လာသည့်
အဖွဲ့မှာ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာကို လုံခြုံရေးယူထားသည့် စစ်တပ်
ဖြစ်သည်။ ဒုတိယ ရောက်လာသည်မှာ ရန်ကုန်တိုင်း အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့
ဖြစ်သည်။ တတိယ ရောက်လာသည့် အဖွဲ့မှာ ၁၉၉သို့ ဖုန်းဆက်သဖြင့် အနောက်ပိုင်း
ခရိုင် ရဲအထူးတပ်ဖွဲ့ ဖြစ်သည်။ သို့သော် တကယ် စစ်ဆေးရမည့် ရဲအဖွဲ့ ရောက်ရှိ
လာချိန်တွင် လူအများ ၀င်ထွက်ပြီး ဖြစ်သဖြင့် အခင်းဖြစ်သည့် နေရာမှ ခြေရာ
လက်ရာများ ပျက်နေပြီး စစ်ဆေးရန် ခက်ခဲနေပြီ ဖြစ်သည်။

ထိုမှုခင်းကို စုံစမ်းစစ်ဆေးခဲ့ရသူ တစ်ဦးက အမှုမှာ မပေါ်တဲ့ အမှုနဲ့ မဖော်တဲ့အမှုဆိုပြီး
ရှိတယ်။ ဒီအမှုက မပေါ်တဲ့အမှု မဟုတ်ဘူး။ အထက်က လူကြီးတွေ မဖော်တဲ့အမှုဟု
ပြောပြခဲ့သည်။ Tomorrow ဂျာနယ် ယခင်အပတ်က ဖော်ထုတ်စုံစမ်းရေးသားသည့်
အချက်များနှင့် သူ့မျက်မြင် ဖြစ်ရပ်များ ကွဲလွဲမှုရှိကြောင်းလည်း အဆိုပါ အမည်မဖော်
လိုသူ ရဲအရာရှိက ပြောပြခဲ့သည်။ သူက ပြောပြရာတွင် လိမ္မော်သီးရောင်းသူ
ယောင်ဆောင်ပြီး သတ်သည်ဟု ယူဆချက်မှာ အခြားစစ်ဆေးသည့် နယ်မြေခံ
ရဲအဖွဲ့၏ ယူဆချက်ဖြစ်သည်။

အမှန်မှာ အိမ်ရှင်နှင့် အကျွမ်းဝင်သူများက အိမ်သို့အလည်လာပြီး သတ်သွားခြင်းသာ
ဖြစ်သည်။ လာရောက်သွားသူ ဧည့်သည်များမှာ ငါးဦးရှိကြောင်းကို ဧည့်ခန်းအတွင်း
မသောက်ရသေးသည့် ကော်ဖီငါးခွက်နှင့် နေကြာစေ့ ပန်းကန်များက သက်သေခံ
နေကြောင်း၊ ဦးချာလီကို ဧည့်ခန်းတွင်းတွင် ပစ်ခတ်ပြီး အပေါ်ထပ်သို့ ဒရွတ်ဆွဲ
ခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးချာလီမှ အနီးရှိ တုတ်ဖြင့် ပြန်လည် ခုခံခဲ့သော်လည်း
သေနတ်မှန်သွားသဖြင့် လူသတ်သမားတို့ ပြုသမျှ ခံလိုက်ရကြောင်း၊ ဧည့်ခန်းအတွင်း
ပြုတ်ကျနေသော လိုက်ကာနှင့် သွေးများက ဧည့်ခန်းအတွင်း ပစ်ခတ်ခံရသည်ကို
ပြနေကြောင်း၊ အပေါ်ထပ်တွင် သူတို့လိုချင်သည်များကို ယူပြီးမှ ပစ်သတ်ခြင်း
ဖြစ်ကြောင်း၊ ထွက်ပြေးသည့် အိမ်ဖော်၏ နောက်စေ့ကို သေနတ်ဖြင့် ထိမှန်အောင်
 ပစ်နိုင်သည့်အတွက် ကြေးစား လူသတ်သမား ပါဝင်ကြောင်း၊ အသံတိတ် သေနတ်ဖြင့်
 ပစ်ခတ်သော်လည်း အချက်များစွာ ပစ်ခတ်သော်လည်း အချက်များစွာ ပစ်ခတ်သည့်
အတွက် ဒုတ်ဒုတ် ဒုတ်ဒုတ်ဟူသော အသံများကို အိမ်နီးချင်းများမှ ကြားနိုင်သော်
လည်း အိမ်နီးချင်းများကို မေးမြန်းမရခဲ့သည့်အပြင် မောင်းထုတ်ခြင်းပင် ခံခဲ့
ရကြောင်းလည်း သိခဲ့ရသည်။ လူသတ်သမားများထဲတွင် ကွမ်းအဆက်မပြတ်
စားသူတစ်ဦး အနည်းဆုံးပါကြောင်း၊ လှေကားအတက် နံရံတွင် ကွမ်းတံတွေးများ
ထွေးသွားခဲ့ကြောင်း စစ်ဆေးခဲ့သူ အရာရှိက ပြောပြသည်။

ထို့ပြင် ကျန်ရှိနေသော အိမ်မှ အတွင်းပစ္စည်းများကို တရားသူကြီးများရှေ့တွင် စစ်ဆေး
သိမ်းဆည်းရာတွင် စိန်များ၊ လက်ဝတ်ရတနာများ အစုလိုက်အပြုံလိုက် ကျန်သေးသည်
ကို တွေ့ရသဖြင့် လူသတ်သမားများသည် စိန်ရွှေရတနာများမှ တန်ဖိုး အကြီးဆုံးများ
ကိုသာ ရွေးနုတ်ယူသွားခဲ့ကြောင်း ထင်ရှားသလို အိမ်ရှင်၏ ငွေရေးကြေးရေးဆိုင်ရာ
အားလုံး ထည့်သွင်း မှတ်တမ်းတင်သည့် ကွန်ပျူတာ လက်ပ်တော့နှင့် တယ်လီဖုန်းမှာ
လည်း ပျောက်ဆုံးသွားခဲ့ကြောင်း၊ ထို့အပြင် အိမ်ဘေးရှိ လျှပ်စစ်မီးမိန်းခလုတ်ကို
လူသတ်သမားများက ပိတ်သွားသဖြင့် CCTV ကင်မရာများလည်း အလုပ်မလုပ်နိုင်ဖြစ်
ခဲ့ကြောင်းလည်း အဆိုပါ ရဲအရာရှိက ဆက်လက် ပြောပြခဲ့သည်။

လူသတ်သမား အဖွဲ့သည် လုံးဝလက်ဗွေရာ မကျန်အောင် ဆောင်ရွက် သွားနိုင်ခဲ့
သဖြင့် အတွေ့အကြုံရှိ ကြေးစားတစ်ဦးက ဦးဆောင်ခြင်း ဖြစ်နိုင်သည်ဟု သူက
ယူဆသည်။ရဲတပ်ဖွဲ့ အနေဖြင့် ဦးချာလီ၏ သားမက်ဖြစ်သူနှင့် ၀န်ထမ်းများကို
ရန်ကုန်ဆေးရုံကြီးတွင် မေ့ဆေးထိုးသွင်းပြီး အိပ်မွေ့ချ စစ်ဆေးမှုကို အကြိမ်ကြိမ်
ပြုလုပ်ခဲ့ကြောင်း၊ အလားတူ သံသယရှိသူ တစ်ဦးကို စစ်ဆေးစဉ် လက်လွန်ပြီး
အဆိုပါ သံသယရှိသူ နံရိုးများ ကျိုးကာ သေဆုံးသွားသဖြင့် စစ်ဆေးသူ အားလုံးကို
ရာထူးချပြီး နယ်စွန်နယ်ဖျား အသီးသီးသို့ အပို့ခံလိုက်ရကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့ဝင်က ဆက်လက် ပြောပြရာတွင် အသတ်ခံရသူများသည် အားမတန်သဖြင့်
အသတ်ခံ ရသော်လည်း အသတ်ခံရသည့် ၀ိညာဉ်က လူသတ်သမားနောက်သို့
တောက်လျှောက် လိုက်နေကြောင်း၊ ထိုအချက်ကို သီလ၊ သမာဓိရှိသည့် ရဲတပ်ဖွဲ့ဝင်
တိုင်း ယုံကြည်ကြကြောင်း၊ ထိုသို့ ယုံကြည်သဖြင့် ၀ိညာဉ်က ဖော်ထုတ်ပေးခဲ့သည့်
 အမှုများလည်း ရှိကြောင်း၊ လူသတ်မှု ဖြစ်လျှင်ဖြစ်ချင်း အချို့ရဲများက အလောင်း
အနီးကပ်ပြီး လူသတ်သမားကို ဖော်ထုတ်ပေးရန် ပြောသည်ကို မိမိလည်း ယုံကြည်
လက်ခံကြောင်း သူက ဆက်လက်ပြောပြသွားသည်။ ယခုဖြစ်ပွားခဲ့သည့် အမှုတွင်
သေဆုံးသူများ အတွက် သက်ပျောက် ဆွမ်းမကျွေးခဲ့သည်ကိုလည်း မိမိ သတိတ
ရရှိနေကြောင်း သူက ဆက်လက်ပြောပြသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်က သူ့အနေဖြင့် အမှုကို ဆက်လက် စစ်ဆေးခွင့် မရသော်လည်း
ထိုအမှုသည် ရင်းနှီးအကျွမ်းဝင်သူများက အိမ်သို့ အလည်လာပြီး သတ်ဖြတ်ခဲ့သည့်
 ကြိုတင်ကြံစည်သော လူသတ်မှု ဖြစ်ကြောင်း၊ စုစုပေါင်း ထိုနေ့က အိမ်အတွင်းသို့
လူသတ်သမား အပါအ၀င် ငါးဦး ရောက်ရှိခဲ့ကြောင်း၊ ပစ္စည်းယူရန်ထက် မှတ်တမ်း
မှတ်ရာများကို ဖျောက်ဖျက်လိုသဖြင့် သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း၊ အဓိက ပျောက်ဆုံး
သွားသည်မှာ ဓမ္မစေတီမင်းကြီး၏ မိဖုရား ပန်ခဲ့သည်ဆိုသော သမိုင်းဝင် နားဋောင်း
နှင့် ပြည်တန် ပတ္တမြားကြီး တစ်လုံးပင်ဖြစ်ကြောင်း၊ ထိုအမှုနှင့် ပတ်သက်ပြီး အသတ်
ခံရသူ မိသားစုနှင့် အဆက်အသွယ်ရှိသော နာမည်ကျော် စီးပွားရေးသမားများနှင့်
ရုပ်ရှင် ဒါရိုက်တာ တစ်ဦးကိုပါ ခေါ်ယူစစ်ဆေးခဲ့ကြောင်းလည်း ထပ်မံသိရှိရသည်။

ရန်ကုန်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုများအနက် မပေါ်သည့် အမှု နှစ်မှုသာရှိကြောင်း၊
တစ်မှုမှာ သင်္ဃန်းကျွန်းတွင် ဖြစ်ပွားခဲ့သော ဆရာဝန် မိသားစု ငါးဦးကို သတ်ဖြတ်ခဲ့
သည့် အမှုနှင့် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု နှစ်ခုသာ ဖြစ်ကြောင်း
အဆိုပါ ရဲအရာရှိက ဆက်လက် ပြောကြားသွားသည်။

အချို့အမှုများတွင် တရားခံ သို့မဟုတ် တရားခံနှင့် ဆက်စပ် ပတ်သက်နေသူများသည်
အာဏာရှိ အသိုင်းအ၀ိုင်းက ဖြစ်စေ၊ အာဏာရှိ အသိုင်းအ၀ိုင်းနှင့် ပတ်သက်နေသူများ
ဖြစ်စေ ဖြစ်နေပါက ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်းဖော်ထုတ်ရသည်မှာ ခက်ခဲကြောင်း၊
အဘယ်ကြောင့်ဆိုသော် အဆိုပါ သူများကို ဖမ်းဆီးစစ်ဆေးခွင့် မရနိုင်သောကြောင့်
ဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။

ယခုအခါ ထိုအမှုကို ပိတ်သိမ်းခြင်း မပြုသေးဘဲ ရဲမှုခင်းတပ်ဖွဲ့(CID)က ဆက်လက်
ကိုင်တွယ်နေသော်လည်း မူလစစ်ဆေးခဲ့သည့် လူဟောင်းများ တစ်ယောက်မှ
မရှိတော့သည့် အတွက် လူသတ်သမားအဖွဲ့ အတွင်းမှ တစ်ဦးဦးက သစ္စာဖောက်
ဖော်ထုတ်ခြင်းမှလွဲပြီး အမှုပေါ်ရန်မှာ မှေးမှိန်နေပြီ ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်
က သူ၏အတွေ့အကြုံနှင့်ယှဉ်ပြီး ပြောပြသွားခဲ့သည်။

Tomorrow သတင်းအဖွဲ့




ပါးရိုက်ဖို့မသင့်တော်လို့ ကိုရင်တွေခုံပေါ်တက်လက်ပိုက်ခိုင်းတဲ့ အုန်းညှင့်.......

ခုံပေါ်တက်လက်ပိုက်ခိုင်းတဲ့ ဦးအုန်းမြင့်



ပါးရိုက်ဖို့မသင့်တော်လို့
ကိုရင်တွေခုံပေါ်တက်လက်ပိုက်ခိုင်းတဲ့
အုန်းညှင့်.......

မန်းလေးကကြံ့ဖွတ်တွေဦးသိန်းစိန်ကိုလှောင်ပြောင်

မန်းလေးကကြံ့ဖွတ်တွေဦးသိန်းစိန်ကိုလှောင်ပြောင်



ဒီဗီနိုင်းတွေနဲ့ဦးသိန်းစိန်ကိုလှောင်
သလိုလိုပြောင်သလိုလိုလုပ်နေတာလား
မန်းလေးကကြံ့ဖွတ်တွေ....





ဒီကိစ္စ ရှင်းပြီးမှ တရားစွဲပါ.

ဒီကိစ္စ ရှင်းပြီးမှ တရားစွဲပါ.



လေးရောင် 4 Hi တစ်လုံးလျှင် ဒေါ်လာ ခုနစ်သိန်းဖြင့် ပြန်ကြားရေးမှ ၀ယ်ယူခဲ့သော အိန္ဒိယကုမ္ပဏီမှ Eleven Media Group သို့ ပေးပို့ထားသော Proposal

EMG မှ ၀ယ်ယူလိုသော လေးရောင် 4 Hi သုံးလုံးနှင့် တစ်ရောင် တစ်လုံးအတွက်Proposal
(အဆိုပါပေးပို့မှုအရ ပြန်ကြားရေးမှ ခုနစ်သိန်းဖြင့် ၀ယ်ယူသောစက်မှာ ဒေါ်လာနှစ်သိန်းခွဲနှင့် သုံးသိန်းကြားသာ ကျသင့်မည်ဖြစ်သည်။)



ဒီကိစ္စ ရှင်းပြီးမှ တရားစွဲပါ
=============
ဒေါက်တာသိန်းမြင့်
Eleven Media Group
စက်တင်ဘာ ၂၂ ရက်က လွှတ်တော်မှာ ကျမ်းလာကျိန်တဲ့ ဦးရဲထွဋ်ရဲ့ အဖြေစကားတွေကြောင့် ကျွန်တော်ဒီဆောင်းပါးကို ရေးရတာပါ။

ဦးရဲထွဋ်က The Daily Eleven မှာပါတဲ့ ကိုမာန်သူရှိန်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ရေးခဲ့တာနဲ့ပတ်သက်ပြီး ပြောတာပါ။ တကယ်တော့ ဒီလိုရေးသားမှုဟာ ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးမဟုတ်ဘူး။ အစိုးရအတွင်းမှာ အဂတိတရားလိုက်စားမှုတွေ မြင့်တက်လာတယ်။ မီဒီယာတွေက ထောက်ပြပေမယ့် အစိုးရက ဂရုမစိုက်ဘူး။ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် ထောက်ပြလည်း ဂရုမစိုက်ဘူး။ ဒါကြောင့် တိတိကျကျ မှန်မှန်ကန်ကန် ရေးသားထောက်ပြတာတွေကို ဘာလို့ကာနေတာလဲ။
တကယ်လည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဘတ်ဂျက်တွေအရင်ထက်ပိုများသလို အဂတိလိုက်စားမှုလည်း ပိုမြင့်လာနေတာပဲ။ ဒီလိုအဂတိလိုက်စားမှု မြင့်တက်နေတာကို ဦးသိန်းစိန်အနေနဲ့ လုံးဝမတိုက်ဖျက်နိုင်ဘူး။ အားလုံးထောက်ပြနေကြတဲ့ သမ္မတရဲ့အဓိကအားနည်းချက်က လာဘ်စားနေတဲ့ဝန်ကြီးတွေကို လုံးဝအရေးမယူတာပါပဲ။

ဒီလိုပြဿနာတွေ ဖြစ်တဲ့အချိန်မှာ ဒီလိုဝေဖန်မှုတွေ၊ ရေးသားမှုတွေရှိတဲ့အချိန်မှာ ဦးရဲထွဋ်အနေနဲ့ ကျွန်တော်တို့ Eleven Media Group နဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန်ဖြစ်တဲ့ ကိစ္စတစ်ခုလိုပြောတာ၊ ဖြေတာလုပ်လာလို့ ကျွန်တော်ကိုယ်တိုင်ပဲ အခုလိုရှင်းဖို့ဖြစ်လာတာပါ။

Eleven Media Group နဲ့ ဦးရဲထွဋ်ကြား အဓိကဒိုင်ခံဆက်သွယ်ရတာ ကျွန်တော်ပါ။ စာမူကိစ္စ အပြန်အလှန် အီးမေးလ်ပေးပို့မှုတွေရှိခဲ့တယ်။ ဦးရဲထွဋ်ဆီမှာလည်း အဲဒီမေးလ်တွေ ရှိမှာပါ။ အဲဒီတုန်းက ဦးရဲထွဋ်က စာရေးဆရာတစ်ယောက်အနေနဲ့ စာရေးတယ်။ ကျွန်တော်တို့ကလည်း မူနဲ့ကိုက်ရင် စာမူတွေလက်ခံထည့်သွင်းပြီး မူနဲ့မကိုက်ရင် ဦးရဲထွဋ်ရဲ့ ဆောင်းပါးစာမူတွေကို ဘယ်လိုပယ်ခဲ့သလဲဆိုတာ ဦးရဲထွဋ် အသိပါ။ ၂ဝဝ၉ ခုနှစ်လောက်ကစခဲ့တဲ့ ဆောင်းပါးပေးပို့ခြင်းအဆက်အသွယ်ဟာ ၂ဝ၁၂ ခုနှစ် မတ်လနောက်ပိုင်းကနေ အခုထိ စာမူကိစ္စအဆက်အသွယ် မရှိတော့ပါဘူး။

ဦးရဲထွဋ် အခုလို ပြောလိုက်တော့လည်း ကောင်းပါတယ်။ ဒါပေမဲ့ အခုပြောလိုက်တဲ့ ဦးရဲထွဋ်ရဲ့ ပြောကြားချက်က EMG ကို ပြောတယ်လို့ မယူဆပါဘူး။ နောက်ပြီး ဦးရဲထွဋ် တစ်ယောက်တည်းအတွက် ပြောတယ်လို့လည်း မယူဆဘူး။ ဦးရဲထွဋ်က သမ္မတကိုယ်စား၊ အစိုးရအဖွဲ့ကိုယ်စား ပြောလိုက်တယ်လို့ ယူဆတယ်။ ဒီအတွက် သမ္မတရော၊ အရေးပါတဲ့ ဝန်ကြီးတွေရော၊ အစိုးရအဖွဲ့ဝင်တွေပါ အဂတိလိုက်စားမှု ရှိ၊ မရှိ မီဒီယာနဲ့ ပြည်သူလူထုက ဆက်တိုက်စောင့်ကြည့်သွားမှာပါ။ အဂတိလိုက်စားမှုတွေ ပေါ်လာခဲ့ပြီဆိုရင်တော့ ဥပဒေအတိုင်း ရှင်းကြရမှာပေါ့။ ကျွန်တော်တို့ကတော့ ဦးရဲထွဋ်ရဲ့ စကားကို ပြန်ချေပနေမှာမဟုတ် ဘူး။ ဒီကိစ္စတွေက အခုလောလောဆယ်မှာ အဖြေပေါ်ဦးမှာမဟုတ်တဲ့အတွက် စောင့်ကြည့်နေမယ်။ ဦးရဲထွဋ်ကလည်း သမ္မတကိုယ်စား၊ ဝန်ကြီးတွေကိုယ်စား၊ အစိုးရအဖွဲ့ကိုယ်စား စိန်ခေါ်လိုက်ပြီပဲ။ ဒါကြောင့် မီဒီယာတွေ၊ ပြည်သူတွေကလည်း စောင့်ကြည့်နေမယ်။ အတိအကျရလာတဲ့ အချိန်ရောက်ရင် အရေးယူနိုင်တဲ့ အခြေအနေရှိလာပြီဆိုရင် အခုအစိုးရလက်ထက် မဟုတ်ခဲ့ရင်တောင် နောက်အစိုးရလက်ထက်မှာပါ ဆက်ပြီး အရေးယူမှုတွေ ပြုလုပ်ရမှာပါ။

ဦးရဲထွဋ်ရဲ့အဖြေထဲမှာ Eleven Media Group က အစုရှယ်ယာတွေ ဘယ်သူပါသလဲဆိုတာမျိုး ထင်ယောင်ထင်မှားဖြစ်အောင်ပြောတာမျိုးက ရှင်းမှရမှာပါ။ ပြီးတော့ ဘယ်သူတွေ အစုရှယ်ယာပိုင်သလဲ၊ နေ့စဉ်အရှုံးခံပြီး ထုတ်နိုင်အောင် ဘယ်လိုများရပ်တည်နေသလဲ ဆိုတဲ့ပြောဆိုပုံတွေက ဒေါက်တာဆိတ်ဖွားအရေးအသားနဲ့ တော်တော်လေးတူနေတယ်။ တရားစွဲဖို့ တစ်ချိန်လုံးပြောတာမျိုးလည်း အတူတူပါပဲ။ ဦးရဲထွဋ်ကိုယ်တိုင် တရားစွဲဖို့တစ်ချိန်လုံးခြိမ်းခြောက်တာမျိုးက ဒေါက်တာဆိတ်ဖွားပြောလေ့ရှိတဲ့ Eleven က File တွေ သူ့မှာရှိတယ်၊ တစ်ချိန်ချိန်ဖွင့်ချမယ် ပြောသလိုမျိုးဖြစ်နေတယ်။ ဒေါက်တာဆိတ်ဖွားအနေနဲ့တင် မဟုတ်ပါဘူး။ ဦးရဲထွဋ်ကိုယ်တိုင် ဒီလိုအချက်အလက်တွေ ရှိတယ်ဆိုရင် ဖွင့်ချလိုက်ပါ။

ကျွန်တော်တို့ရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုက ရှင်းပါတယ်။ ပုံစံ ၆/၂၆ နဲ့ ကုမ္ပဏီများမှတ်ပုံတင်ရုံးမှာ တရားဝင်ရှိပြီးသားပါ။ ကျွန်တော်ရယ်၊ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ သူ့ဇနီး၊ ဦးမီးပွား ပြီးတော့ အယ်ဒီတာချုပ်နှစ်ယောက် စုစုပေါင်းခြောက်ယောက်ရှိတယ်။
အစုရှယ်ယာ ၉၇ ရာခိုင်နှုန်းက ကျွန်တော်တို့နှစ်ယောက် ပိုင်တယ်။ ဒါတွေက ရှင်းရှင်းလင်းလင်း ရှိပြီးသားပါ။ ကျွန် တော်တို့ အရှုံးခံထုတ်စရာမလိုဘူး။ ဘယ်သူ့ငွေမှ မပါဘူး။ ဘယ်သူကမှ ကျွန်တော်တို့အပေါ် ဩဇာလာလွှမ်းမိုးလို့ မရဘူး။ ဆုံးဖြတ်ချက်တွေ အားလုံးက ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေအတိုင်းပဲ ဆောင်ရွက်တယ်။ ကျွန်တော်တို့ကိုပဲဖြစ်ဖြစ်၊ CEO ဒေါက်တာ သန်းထွဋ်အောင်ကိုပဲဖြစ်ဖြစ် ဝယ်လို့ရတယ်၊ ဩဇာလွှမ်းမိုးလို့ရတယ်၊ လက်ဆောင်တွေပေးပြီးတော့ ဩဇာလွှမ်းမိုးလို့ရတယ်လို့ ဘယ်ခရိုနီ၊ ဘယ်ဗိုလ်ချုပ်၊ ဘယ်အာဏာရှိအသိုင်းအဝိုင်းကဖြစ်ဖြစ်ဆိုခဲ့ရင် ကျွန်တော်တို့ ရှင်းလို့ရတယ်။ ကျွန်တော်တို့
အရှုံးခံထုတ်စရာအကြောင်း မရှိပါဘူး။ The Daily Eleven စထုတ်တဲ့ ဒီနှစ်မှာ ကုန်သွယ်လုပ်ငန်းခွန်သိန်း ၂၆ဝဝ ကျော်ဆောင်ထားပြီးတော့ ဝင်ငွေခွန် ၂၁ဝဝ ကျော် ဆောင်ထားပါတယ်။ ကျွန်တော်တို့မှာ ရှုံးရင် ဒီလိုအခွန်မဆောင်နိုင်ပါဘူး။ နိုင်ငံခြားကရော ပြည်တွင်းဘယ်သူ့ဆီကမှ တစ်ပြားတစ်စေ့ မယူဖူးပါဘူး။ ပေးဖူးတဲ့လူရှိရင် အခုချက်ချင်းလာပြောပါ။ နောက်လည်း ထပ်မရှင်းတော့ဘူး။ ဦးရဲထွဋ် ယုံထင်ကြောင်ထင်တွေပြောလွန်းလို့ ဒီလိုပြောရတာပါ။ ဦးရဲထွဋ်ရဲ့ ဝါဒဖြန့်ချိရေးလူတွေကပဲ ဒီလိုတွေရေးနေကြတာပဲ။ ယုံထင်ကြောင်ထင်တွေ လာပြီးမပြောနဲ့။ ကျွန်တော်တို့ကိုပေးခဲ့တဲ့လူရှိရင် လာပြော။ ကျွန်တော်တို့မှာ တရားမဝင် ရှယ်ယာရှင်တွေရှိရင် လာပြော၊ တရားမဝင် ရှယ်ယာရှင်တွေ ဘာမှမရှိဘူး။

ကျွန်တော်တို့ဖော်ပြသလို ဦးရဲထွဋ်ရယ်၊ ဦးရဲထွဋ်ရဲ့ပိုင်ဆိုင်မှုကို မဖော်ပြချင်ရင် ဦးရဲထွဋ်တို့ ဝန်ကြီးအချင်းချင်းပဲ ဖော်ပြကြ၊ ကျွန်တော်က တစ်ခုပဲတောင်းဆိုချင်တယ်။ ဦးရဲထွဋ်နဲ့ရင်းနှီးတဲ့ Forever က ကိုဝင်းမော်တို့၊ ရွှေသံလွင်ကိုကျော်ဝင်းတို့ရဲ့ ငါးနှစ်အတွင်း အခွန်ဆောင်မှုကိုပဲ ဖော်ပြလိုက်ပါ။ ဒါတွေက ကျွန်တော်တို့အချင်းချင်းပဲ ညှိမယ်။ သူတို့ရဲ့ ငါးနှစ်အခွန်ဆောင်မှုကို ကျွန်တော်တို့ရဲ့ ငါးနှစ်အခွန်ဆောင်တာနဲ့ ယှဉ်ကြည့်မယ်။ သူတို့ရဲ့ဝင်ငွေက ကျွန်တော်တို့ထက် ဆယ်ဆပိုများတယ်။ အဲဒါပဲ ကျွန်တော်ပြောချင်တယ်။ ကျန်တာမပြောချင်ဘူး။ ဦးရဲထွဋ်က ပုံနှိပ်စက်ကိစ္စ တရားစွဲမယ်ဆိုလို့ ပုံနှိပ်စက်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ရှင်းပါတယ်။ ရှင်းတဲ့စာကို ဦးရဲထွဋ်ဖတ်ပြီးမှ တရားစွဲဖို့၊ မစွဲဖို့ ဦးရဲထွဋ်ရော၊ သမ္မတရော ရှေ့နေချုပ်ရုံးရော၊ သေချာစီစဉ်ပါ။ ကျွန်တော်တို့မှာ သက်သေအထောက်အထား အခိုင်အမာရှိပါတယ်။

နံပါတ်တစ်အချက်- အရင်တုန်းကလည်း ကျွန်တော်တို့ဖော်ပြပြီးပြီ။ ကျွန်တော်တို့ဝယ်တဲ့ ပုံနှိပ်စက်က ဒီတန်ဖိုးရှိတယ်။ ဒါပေမဲ့ အခုနောက်ဆုံးဖော်ပြမယ့်အကြောင်းရင်းက ရှေးရှေးတုန်းကလည်း တော်တော်များများ အားလုံးသိပြီးပါပြီ။ 4 Hi Tower 4 Unit ပုံနှိပ်စက်တစ်လုံးကို ဒေါ်လာခုနစ်သိန်း နဲ့ The Printer House ကနေ အောင်မြင်စွာဝယ်ယူခဲ့တယ်လို့ ဖော်ပြပါတယ်။ ဦးရဲထွဋ် ဒုဝန်ကြီးတာဝန်ယူတဲ့အချိန်မှာ ဒီတင်ဒါခေါ်တာပါ။ အဲဒီပုံနှိပ်စက်မျိုးကို ဒေါ်လာ ခုနစ်သိန်းနဲ့ ဝယ်ယူခဲ့တယ်။ နှစ်ရောင်ရိုက်လို့ရတဲ့ ပုံနှိပ်စက်ကို ခင်ဗျားတို့ဝယ်ခဲ့တာ ဒေါ်လာ လေးသိန်းဝန်းကျင်နဲ့ ဝယ်ခဲ့တယ်။ လေးရောင်ရိုက်လို့ရတဲ့ ပုံနှိပ်စက်တစ်လုံးကို ဒေါ်လာ ခုနစ်သိန်းဝန်းကျင်နဲ့ ဝယ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ရှင်းပါတယ်။ အဲဒီကုမ္ပဏီကပဲ ကျွန်တော်တို့ကို 4 Hi သုံးလုံး၊ Mono တစ်လုံးအတွက်ကို ၈၉၅ဝဝဝ နဲ့ ကမ်းလှမ်းနေပါတယ်။ သူတို့ဖော်ပြချက်ကို ကျွန်တော်တို့က ဈေးဆစ်တဲ့အခါမှာ ဒေါ်လာ ရှစ်သိန်းလောက်နဲ့ ရနိုင်တယ်လို့ အကြောင်းပြန်ပါတယ်။ တစ်လုံးတည်းဝယ်ရင် ဒီစက်ရဲ့ တန်ဖိုးက ဒေါ်လာသုံးသိန်းအောက်မှာပဲ ရှိပါတယ်။ ဒေါ်လာခုနစ်သိန်းနဲ့ ဝယ်ယူခဲ့တဲ့စက် လေးရောင်ရိုက်လို့ရတဲ့စက်ကို ကျွန်တော်တို့ကို ဒေါ်လာသုံးသိန်းအောက်နဲ့ ကမ်းလှမ်းခဲ့တဲ့သဘောဖြစ်နေတယ်။ ဒီဟာမှာ ကွာခြားချက်ရှိနေတဲ့အတွက် ကျွန်တော်တို့က တိုင်းပြည်ဘဏ္ဍာငွေတွေ နစ်နာတယ်ဆိုပြီးတော့ရေးတာကို ဦးရဲထွဋ်တို့ ဝန်ကြီးဌာနက အဲဒါကိုအသရေဖျက်တယ်၊ ဂုဏ်သိက္ခာကျဆင်းတယ် လို့ပြောနေတယ်။

တကယ်တော့ ဒါဟာ ဂုဏ်သိက္ခာကျဆင်းတာလောက် မဟုတ်ဘူး။ တိုင်းပြည်ရဲ့ဘဏ္ဍာငွေ နစ်နာတာက ဦးရဲထွဋ်တို့ရဲ့ ဂုဏ်သိက္ခာထက် ဆိုးပါတယ်။ ပြည်သူရဲ့ချွေးနဲစာနဲ့ယူထားတဲ့ငွေတွေကို ဗုံးပေါလအော သုံးချင်တိုင်းသုံးစွဲချင်တိုင်းစွဲတာဟာ တော်တော်ကြီးဆိုးပါတယ်။

နံပါတ်တစ်အချက်အနေနဲ့ ဦးရဲထွဋ်တို့ဘက်က ထောက်မယ်ဆိုရင် စက်အမျိုးအစားမတူဘူးဆိုတာနဲ့တော့ ထောက်လို့မရပါဘူး။ အဲဒီကုမ္ပဏီကပဲ ကျွန်တော်တို့ကို ကမ်းလှမ်းခဲ့တာပါ။ စက်အမျိုးအစားနဲ့ Specification တွေ အားလုံးကိုလည်း ဖော်ပြထားပြီးဖြစ်ပါတယ်။ စက်အားလုံးကို စုံစမ်းစစ်ဆေးလိုက်ရင် သိနိုင်ပါတယ်။

နံပါတ်နှစ်အချက်- ငွေကြေးကြိုတင်စိုက်ရအောင်လည်း The Printers House က ငွေကြေး ကြိုတင်စိုက်စရာမလိုပါဘူး။ နိုင်ငံခြားကုမ္ပဏီကဝယ်ယူရင် LC ဒါမှ မဟုတ် Credit နဲ့ရောင်းချနိုင်တဲ့ ကုမ္ပဏီတွေပါ။

နံပါတ်သုံး- Training ကိစ္စကြောင့်ဆို ပြီး အကြောင်းပြတာတွေလည်း တွေ့ပါတယ်။ ကျွန်တော်တို့ Technician ကို ခြောက်လ ဒီကိုခေါ်ယူပြီး ဒီကလုပ်သားတွေ အကုန်လုံးကို Training ပေးတာက ဒေါ်လာတစ်သောင်းအောက်ပဲ ကုန်ကျပါတယ်။ အဓိကအကြောင်းရင်းက ဦးရဲထွဋ်တို့ဌာနဟာ ဈေးကြီးပေးပြီးတော့ ဝယ်ယူခဲ့ပါတယ်။ တကယ်လို့ ဦးရဲထွဋ်တို့အနေနဲ့ ကိုယ့်ပစ္စည်းဆိုရင် ဒီလိုပဲလက်လွှတ်စပယ် ဈေးကြီးပေးပြီး ဝယ်မလား။ တိုင်းပြည်ရဲ့ဘဏ္ဍာတွေ အလွဲသုံးစားအလုပ်ခံလိုက်ရတယ်။ မတရားအလုပ်ခံရတယ်။ ဒါကတော့ ထင်ရှားနေပြီ။

အဲဒါကြောင့် ဒီကိစ္စကိုရှင်းပြီးမှ တရားစွဲချင်ရင် စွဲပါ ။အဂတိတရားလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကလည်း ဒီကိစ္စတွေမှာ ကျွန်တော်တို့တိုင်ကြားမှုကို တစ်ခုမှ ဖြေရှင်းခြင်းမရှိပါဘူး။ တရားမျှတမှုဆိုတာ ဘယ်နားမှာလဲလို့ ဦးရဲထွဋ် ထင်ပါသလဲ။ ခုနစ်သိန်းနဲ့ ဘာကြောင့်ဝယ်ယူရသလဲဆိုတာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာနက စစ်ဆေးပြီးမှ ကျွန်တော်တို့ကို လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကျွန်တော်တို့မှားရင် ကျွန်တော်တို့ခံပါ့မယ်။

အခုဖြစ်နေတာက အစိုးရရဲ့စီမံခန့်ခွဲမှု အားနည်းတာ၊ အဂတိတရားလိုက်စားမှုနှိမ်နင်းဖို့ ပျက်ကွက်တာ၊ ခေါင်းဆောင်လုပ်တဲ့ သမ္မတက မပြတ်သားတာတွေကြောင့် တိုင်းပြည်က တစ်စစနဲ့ ချွတ်ခြုံကျလာတာကို ကျွန်တော်တို့ Eleven Media Group က တစ်ချက်ချင်းထောက်ပြလာတဲ့ကိစ္စ ဖြစ်ပါ တယ်။ ပုံနှိပ်စက်ကိစ္စက နမူနာတစ်ခုပါ။ ပြန်ကြားရေးဝန်ကြီး ဂုဏ်သိက္ခာ၊ ဦးရဲထွဋ်ရဲ့ ဂုဏ်သိက္ခာ၊ အစိုးရအဖွဲ့ရဲ့ဂုဏ်သိက္ခာ သမ္မတရဲ့ ဂုဏ်သိက္ခာတွေထက် အရေးကြီးတာက တိုင်းပြည်ရဲ့အနာဂတ်၊ လူငယ်တွေရဲ့အနာဂတ်၊ တိုင်းပြည်ကိုယ်ကျင့်တရားနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။

ကျွန်တော်တို့ကို တရားမစွဲခင် ဒီကိစ္စကို အများပြည်သူ ထင်သာ၊ မြင်သာအောင် စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့ တောင်းဆိုရတာဟာ သမ္မတနဲ့ ဦးရဲထွဋ်တို့ရဲ့ ကိုယ့်ကျင့်တရား၊ သိက္ခာတရားကို မေးခွန်းထုတ်လိုက်တာပါပဲ။ ဘဝဆိုတာ တိုတိုလေးပါ။ တစ်ခဏလည်း စံလို့ရပါတယ်။ တစ်ဘဝလည်း စံလို့ရပါတယ်။ မတရားလုပ်တဲ့သူတွေဟာ သံသရာမှာတော့ မစံနိုင်ပါဘူး။




ပြန်ပေးသမားတွေကမြေကြီးမှာထိုင်လို့ပါလား

  ပြန်ပေးသမားတွေကမြေကြီးမှာထိုင်လို့ပါလား


လမ်းမှာနယ်ကျွံလာတဲ့တရုတ်၂ယောက်ကိုရွာမှာခဏ
ထိုင်ခိုင်းပြီးထမင်းကျွေးအလှုလုပ်နေတာသမ္မတကြီး
ကပြန်ပေးလို့တောင်းတာအောက်ခြေရဲဆီရောက်
တော့နာကားပီးပြန်ပေးမှုဖြစ်သွားတယ်




အနာဂါတ်ရဲ့ရင်သွေးတွေကိုအမြင့်ရောက်စေချင်တဲ့သမ္မတကြီး

အနာဂါတ်ရဲ့ရင်သွေးတွေကိုအမြင့်ရောက်စေချင်တဲ့သမ္မတကြီး



အမှတ်(၁)ခဲယမ်းမီးကျောက်တပ်သည် ပဲခူးမြို့၊ သာယာကုန်းကျေးရွာအုပ်စုမှ ကျေးရွာတောင်သူ လယ်သမားများပိုင် လယ်ယာမြေဧက (၅၈၀၀)ကျော်ကို အဓမ္မသိမ်းဆည်း ထားပြီးနောက် ပြန်မပေးသေးသည့် အပြင်၊ သုံးမိုင်နီးပါး အရှည်ရှိသည့် အုတ်တံတိုင်း စည်းရိုး ကာရံလိုက်သဖြင့်ကျေးရွာသူကျေးရွာသားများ အလွန်ဒုက္ခရောက်လျက် ရှိပါသည်။ အုတ်တံတိုင်း စည်းရိုးသည် ကျေးရွာအ၀င်အထွက်လမ်းများအားလုံးကို
ပိတ်ဆို့လိုက်သည်ဖြစ်၍၊ အမျိုးသမီးများနှင့် ကလေးငယ်များသာမက၊ ကျောင်းသူ aကျာင်းသားများပါ အုတ်တံတိုင်းစည်းရိုးကို ၀ါးလှေကားဖြင့် ခက်ခက် ခဲခဲ ကျော်ဖြတ် သွားလာနေရပါသည်။ အဆိုပါ ၀ါးလှေကားလေးကိုပင် မကြာခန လာရောက်ခုတ်ဖြတ် ဖျက်ဆီးလေ့ရှိသေးသည်။

Su Su Nway




သံမဏိခွပ်ဒေါင်းမလေး

သံမဏိခွပ်ဒေါင်းမလေး



စစ်ဆေးမှုပြီးလို့ရဲကားပေါ်တက်ခါနီးရဲမေ တွေကကားပေါ်တက်ဘို့အတင်းအကြပ်
လုပ်တော့ ခဏစကားပြောဘို့အချိန်မ ပေးနှိုင် ဘူးလားဒါလူအခွင့်အ ရေးလို့ပြောပြီး
သူမကျန်းမာရေးကောင်းတဲ့အ ကြောင်း။ဆက်လက်ပြီး
တိုက်ပွဲဝင်ကြဘို့လက်ပံတောင်းပြည်သူတွေကိုရဲရဲတောက်
ပြောပြီး အားပေးကူညီကြတဲ့အဖွဲ့အစည်းရဲဘော်ရဲဖက်များ
ကိုကျေးဇူးတင် တဲ့အ ကြောင်းနှင့်ဆက်လက်တိုက်ပွဲဝင် သွားမည်ဟုဗကသ
ကျောင်းသူမဖြူနှင်းထွေးမှရဲရဲတောက်ပြောခဲ့တာဟာခွပ်
ဒေါင်းသွေးဆိုတာပြသလိုက်တာပါ။မတရားပုဒ်မတပ်ပြီး
တရားလိုပြုလုပ်သူလူကြီးများ ရှက်တတ်ယင် လဲသေ
ဘို့ဘဲရှိပါတော့တယ်။အပြုံးတစ်ချက်မပျက်ခဲ့တဲ့ညီမ လေး
ဖြူနှင်းထွေးရေ အမှန်တရားမြတ်နိုးတဲ့ပြည်သူတွေမင်း
ဘက်မှာရှိနေကြတယ်။
သံမဏိခွပ်ဒေါင်းမ လေးအမြန်ဆုံးလွတ်မြောက်မှာပါ

credit>>> Nay Oo

onsdag 24 september 2014

အပျိုစစ်စစ်များအဆုံးထိဖတ်ရန်၊ Living Together

  အပျို စစ်စစ်များအဆုံးထိဖတ်ရန်၊ Living Together 

အပျို စစ်စစ် များသာ ဖတ်ရန် ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့ နော် အအိုတွေဖတ်မိရင် စိတ်ဓါတ်ကျမှာစိုးလို့ ပါ အပျိုစစ်စစ်ဆိုတာက ခုခေတ်က ၁၆ နှစ်၁၇နှစ် ဆိုရင်ကို ရည်းစားက ရှိနေကြတာ ။ ရည်းစားဖြစ်တာ ၁ ရက်မကြားဘူး living together က နေနေကြပြီလေ တကယ်တော့ လက်မ ထပ် ရသေးပဲနဲ့ အတူတူနေကြတာ မိန်းခလေးတစ်ယောက်အတွက် လုံးဝတန်ဖိုးကျသွားပါပြီ အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်းရဲ့  တန်ဖိုး ထားခြင်း ကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ် အပျိုစင်ကနေ အအို ဖြစ်ဖို့ က ၅မိနစ်မကြာပါဘူး ။ ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ် ဖို့ က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။
ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် ပြောပြထားပါ။ ဒါမှ သူဘက်က လက်မခံဘူး ။စိတ်ခုသွားတယ်ဆိုရင်တော့ ရဲရဲကြီးသာ လမ်းခွဲ လိုက် ပါ။ သူ တကယ်ချစ်တာမဟုတ်တာသေချာနေပါပြီ။သေလောက်အောင်ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်း သိမ်း ထားပါ။ ဘဝမှာ ရည်းစားဦး နဲ့  လွဲ ကျ တာ ၁၀၀မှာ ၉၀ အထိ ရှိထား တာပါ။ ရည်းစားဦးကတည်းက အပျိုစင်ဘဝကို ပေးထားခဲ့လို့ ။ အကြောင်းတစ်ခုခုကြောင့် သူနဲ့ များ လွဲသွားခဲ့ ရင် နောင်တွင် ကိုယ်နဲ့ တကယ်လက် တွဲရ မယ့်   ယောင်္ကျားနဲ့ တွေ့ မှာ အကြီးကြီးနောင်တရပါလိမ့်မယ် ။
အဲကျမှတော့ နောင်တရ ပါတယ်လို့ သိသွား လည်းနောက်ကျသွားပါပြီ။အခန့် မသင့်ရင် အိမ်ထောင်ရေပြသာနာတွေတောသ်ဖြစ်လာနိုင်ပါတယ်။ ထိုင်ဝမ် မှာ အိမ်ထာင် ကျပြီးလို့ ကလေးတောင် ၃ယောက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်း နဲ့ အတူတူနေ ခဲ့တဲ့ video ဖိုင်တွေ laptop ကနေတဆင့်ပြန့် ပြီး အိမ်ထောင်ရေး ကွဲသွားခဲ့တာ တကယ်လက်တွေ့ ပါ။ အတုမယူသင့် တာတော့ အတုမယူပါနဲ့ ညီမတို့ ။ (နောက် တစ်တစ်ခု အွန် လိုင်းမှာ status တင်ရင် လည်း   စောက် ဘာဖြစ်   စောက်ညာဖြစ်တယ် ။ အဲလို စောက်တွေ ထည့်ထည့်ပြီး ရိုင်းတာတွေ မတင် ကျဖို့  လည်း   တောင်း ဆိုပါတယ်။ ကိုယ်ဟာကိုယ် ဘာထင်နေ လဲတော့မသိပါ။
အများအမြင်မှာ အရမ်းရိုင်းတဲ့မိန်းမဆိုတာတော့ လူတိုင်းအထင်သေး သွားတတ်ကြ ပါ တယ်။ ) မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ လှတာ ချမ်းသာ တာ ကို ပြောတာ မဟူတ်ပါဘူး ။ အပျိုစင် ဘဝကိုပြောထားတာပါ ။ သေလောက်အောင် လှနေပါစေ လက်မ ထပ်သေး ပဲ အအိုဖြစ်သွားရင် မိန်းမ တန် ဖိုး က ကျသွားပြီ ဆိုတာ သတိရှိကြပါ ညီမငယ်တို့  living together ( လက်မထပ်သေး ပဲ အတူတူနေခြင်း) ဘဝမှာ ဆင်ချင်နိုင်ကြ ပါစေ ။
လို့ ဆုတောင်းပေးရင် ခင်မင်လျက် Online Chitthu

                                            မြူ နှင်း(အေးရိပ်ငြိမ်)

စကားဝှက်များနဲ့ စကားပြောကြည့်ရအောင်

စကားဝှက်များနဲ့  စကားပြောခြင်း



မနက်က အပြင်ထွက်တော့ အိတ်ကပ်ထဲ ဦးဉာဏ်ထွန်းဘဲပါတယ်
အိမ်က ဘာမှစားမလာခဲ့တော့ 

လမ်းထိပ်ကဆိုင်မှာ ဦးသိန်းစိန်တစ်ခွက်ဝင်ဆွဲလိုက်ရတယ်
အဲဒီဆိုင်အထွက်မှာ ဘော်ဒါတစ်ယောက်နဲ့ တွေ့တယ် လက်ထဲမှာလည်း သူ့မိန်းမ ပြုပ်စားဖို့တဲ့ 

  
ဦးအောင်သိန်းလင်း လေးငါးဖူး ကိုင်လို့ ဒီကောင်အရင်က အရမ်းသောက်တယ် မူးလာရင်ဆိုးတယ် ဟိုလူ့ ဦးအုန်မြင့်လုပ်မယ် ဒီလူ့ ဦးအုန်းမြင့်လုပ်မယ်နဲ့ တခါကဆို ကားယူလာပြီး ဦးဉာဏ်ဝင်းလုပ်မယ်လုပ်လို့ မနည်းတားရတယ်။ သူမူးရင် ကိုယ့်မှာအမြဲတမ်း ဦးရဲထွဋ်လိုက်လုပ်နေရတာ ခုတော့လိမ္မာနေပြီ။ သီလတွေဘာတွေယူလို့ ဦးမြင့်လှိုင်တွေ ဘာတွေလုပ်နေပြီ မြို့ပြင်မှာ ခြံဝယ်ပြီး ဦးခင်ညွှန့်လုပ်စားနေတယ် သူ့ကိုနုတ်ဆက်ပြီးအထွက် အော် မေ့တော့မလို့ ကျုပ်မိန်းမ တရုတ်မ မှာတာ သတိရတယ် ညမိုးရွာရင် ဦးဇော်မင်းက မသေချာဘူး ဦးကိုကိုလှိုင် တစ်ထုပ်လောက်ဝယ်ခဲ့မှာလိုက်တာ မေ့လို့မဖြစ်ဘူး တော်ကြာ ဦးလှဆွေလုပ်ပြီး လိမ်ဆွဲခံရဦးမယ် ဘာလို့ကြောက်မှာလဲ ချစ်တာဗျ ဘာကျုပ်ကိုများ ဦးအောင်မင်းမှတ်နေလားမသိဘူး။
(Khin Mg Kyaw)


                                      မြူ နှင်း(အေးရိပ်ငြိမ်)

အမေစုကို၅နှစ်လောက်မြင်ချင်ပါတယ်ဆိုရင်ကောထည့်ပေးမလား

အမေစုကို၅နှစ်လောက်မြင်ချင်ပါတယ်ဆိုရင်ကောထည့်ပေးမလား





မြို့လယ်ခေါင်နှင့် ဒီမိုကရေစီ

မြို့လယ်ခေါင်နှင့် ဒီမိုကရေစီ

ယခုလက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာ တိုင်းပြည်အတွက် ယုံကြည်ကိုးစားရဆုံး လူထုခေါင်းဆောင်နှင့်တကွ ရှစ်လေးလုံး အရေးတော်ပုံမှ ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီ လိုလားကြသူများက အဖျက်အဆီး အနှောင့်အယှက်မျိုးစုံကြားက ၂၀၁၅-မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာအောင် တစိုက်မတ်မတ်လုပ်နေကြချိန်မှာ အချို့သော ပြည်သူများကလည်း မပြောင်းလဲသော စိတ်ဓာတ်၊ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေနဲ့ ရန်ကုန်မြို့လယ်ခေါင်မှာနေတာကွဆိုတဲ့ ဂုဏ်ပုဒ်ကြီးတွေနဲ့မှမတန်၊ စည်းလွတ် ဘောင်လွတ် ထင်တိုင်းကြဲနေကြတာတွေကို အပြစ်တင်ဖို့ထက် မြင်ရ စိတ်မချမ်းမသာ၊ မရေးရမနေနိုင်အောင် ကရုဏာဒေါသောဖြင့် ပြုပြင်စေလိုတဲ့ စိတ်ရင်းအမှန်ဖြင့် ရေးသားပါသည်။
လူထုခေါင်းဆောင်နှင့်တကွ စာပေပညာရှင်များကလည်း လူငယ်တွေ စာဖတ်ကြဖို့ တိုက်တွန်းလိုက်ရတာလည်း အမော၊ လူထု ခေါင်းဆောင်ရဲ့ ရှစ်လေးလုံးကာလ အသက် ၄၃-နှစ်မှသည် ပြုပြင်ပြောင်းလဲဖို့ အခြေခံ အဓိကအချက်ဖြစ်တဲ့ စည်းကမ်းရှိပါ၊ ညီညွတ်ကြပါဆိုတဲ့ ပြောစကားသည် ယခုအသက် ၆၉-နှစ်သို့သာ ရောက်ခဲ့ပြီ။ အချို့ပြည်သူအများစု စိတ်ဓာတ်ကြံ့ခိုင်စွာနှင့် ဘာတစ်ခုမှ မပြုပြင်သေးပါ။ နိုင်ငံရေးဆိုတာ ဘာလဲလို့ ဒေါ်အောင်ဆန်းစုကြည် အကျယ်တ၀င့် ရှင်းပြထားပြီးသား။ ယခု ပြောလိုသည်နှင့် သက်ဆိုင်တာကိုသာ ပြောပါမည်။ နိုင်ငံရေးဆိုတာ ကိုယ်က မကြိုက်တဲ့အစိုးရကို ဆန့်ကျင်တာကို ဆိုလိုတာ မဟုတ်ပါ။ နိုင်ငံရေးဆိုတဲ့ ထီးအရွက်မိုးကြီးအောက်မှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးရှုထောင့်မှ ထင်ဟပ်နေတဲ့ မြို့ပြ၊ ကျေးလက်ဆိုတာတွေ အသာထား ရန်ကုန်မြို့လယ်ခေါင် တိုက်ခန်းပေါ်မှ ပြည်သူများ၊ မြို့လယ်ခေါင် အမှီပြုပြီး စီးပွားလာရှာသော ဈေးသည်များ အင်မတန် အကျည်းတန်ပါသည်။

လိုချင်တာကအမြင့် နေထိုင်ပြုမူပုံများက နိမ့်ကျစွာနှင့်တော့ လူထုခေါင်းဆောင်လည်း ကယ်နိုင်မှာ မဟုတ်သလို အသက်ကိုစတေး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော ထောင်ကျကျောင်းသား/သူ တွေလည်း အဆိပ်ပင်ကို ရေလောင်းမိသလိုသာ " ဆင်းရဲသားတစ်ယောက်ကို သူဌေးဆယ်ယောက် ကယ်လို့ မရဘူး " ဆိုတာ ဒီလိုဆင်းရဲတဲ့နိုင်ငံက စည်းမရှိ လူ့ကျင့်ဝတ်မသိသူတွေကို ပြောခြင်းပါ။

မြို့လယ်တိုက်ခန်းပေါ်မှာနေသော အိမ်ရှင် (သို့) အိမ်ငှားများ ဒီခေတ်မှာ ပညာပေးပြောဆိုမှုတွေကြားက လမ်းကြားသို့ အမှိုက်ပစ်ချခြင်းက လွန်လှပြီ။ အိမ်ရှေ့ လူသွားလမ်းပေါ်ကို အပေါ်ထပ်များမှ အမှိုက်ထုပ် ပစ်ချခြင်းမှာ တွေးလို့ပင် မရအောင် အဘယ်သို့သော သွန်သင်ဆုံးမမှု နည်းစနစ်မျိုးနှင့် ကြီးပြင်းခဲ့သနည်း။ ကွမ်းတံတွေးများ တိုက်ခန်းလှေကားနံရံတွေမှာ ထွေးခြင်း၊ လမ်းကြားကို အမှီပြုပြီး အဟောင်းမှန်သမျှ ၀ယ်တဲ့ဆိုင်က ရှိသမျှ အစုတ်အပြတ် လမ်းကြားထဲ သိုလှောင် ဖြန့်ကျက်ထားခြင်းက စက်မှုဇုန်အလား၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ပူးပေါင်း စားသောက်ပြီး လုပ်ကိုင်ခွင့်ပေးထားသည်မှာ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ်ပွားများရေး စီမံချက်အလား၊ မြန်မာနိုင်ငံမှ အုတ်ထရံများ သနားစရာ၊ အချို့သော အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားသားများ အုတ်ထရံ မြင်လို့မရပါ။ မြို့လယ်မှာ လူသူမရှောင် သေးပန်းခြင်းစရိုက်များ။

ပိုဆိုးသည်က အနာဂတ်မျိုးဆက်သစ်များကို မွေးဖွားပေးမည့် ပုခက်လွှဲသောလက်ပိုင်ရှင်များ၏ လစဉ်သုံး အတွင်းပစ္စည်း လူသွားလမ်းပေါ်မှာ အရဲသား။ မြို့လယ်ကို အမှီပြု အသက်မွေးဝမ်းကျောင်းတာကို နားလည်ခံစားပေးနိုင်သည်။ သို့သော် မရှိဆင်းရဲလို့ ကိုယ့်အကျိုးအတွက် ငွေရှာပြီး ပရမ်းပတာ ရှုပ်ပွသွားမှုများ၊ မနက်ရောင်းမည့် အီကြာကွေးကြော်တဲ့ ဒယ်အိုးလမ်းထိပ်ထောင့်မှာ ထောင်ထား၊ မနက်ရေဆေး မဆေး မသိ၊ ညဘက် ဘီယာဆိုင်အပြန် လူကြီးမင်းများ၊ ကြောင်၊ ခွေးများ သေးပန်းတာမြင်နေရ စားသုံးမှုများ၏ ကျန်းမာရေးကတော့ အကြော်ခံဆီနှင့် အပြင်းစား အက်ဆစ်ဓာတ်ပေါင်းပြီး သက်တမ်းရှည်မှာ မြင်ယောင်မိ၊ မြို့လယ်ခေါင်ရဲ့ အရှင်သခင် တစ်ပါး  စည်ပင်မှ သန့်ရှင်းရေး ၀န်ထမ်းတို့ရဲ့ လမ်းတွင်းကားရပ်နားဘက်ခြမ်း အမှိုက်လှည်းဖို့ လိုင်စင်မရလို့ဖြစ်တည်နေသော သမိုင်းဝင် ကျောက်ဖြစ် ရုပ်ကြွင်း၊ အမှိုက်များ၊ ကိုယ်ပိုင်တောင့်တင်းသော စီးပွားရေးလုပ်ငန်းတွေက ရှိပြီးသား။

သို့သော် ရပ်ကွက်နေ မိဘများကို မေတ္တာရှေ့ထားပြီး သကြားလိုချိုသော အသီးအနှံတွေကို ထိုက်တန်တဲ့ဈေးထက် လျှော့ရောင်းပေးဖို့ ကျေးဇူးရှင် တရုတ်မှ တင်သွင်းသော အော်လံကြီးနှင့် ရပ်ကွက်နေ သက်ကြီးရွယ်အို နာမကျန်းသူတွေကိုမှ အားမနာ အော်ဟစ်ရောင်းချနေသော ဈေးသည်များ စသဖြင့် မြို့လယ်ခေါင်အလှ ပသာဒများ တင်ပြရလျှင် ကုန်အံ့မထင်။

လူငယ်တွေ စာဖတ်ရုံနှင့်မပြီးဟု ထင်ပါသည်။ ထိုလူငယ်တွေကို မွေးဖွားပေးလိုက်သော နေ၀င်းအစိုးရမှ စစ်အစိုးရ သက်တမ်းတွင် မသေလို့ ကျန်နေသူမိဘများ၊ လူငယ်ဘ၀မှာတင်မဟုတ် လူကြီးဘ၀မှာလည်း စာပေဖတ်ရှုလေ့လာသင့်သည်။ စည်းကမ်းညီညွတ်ခြင်း ဆိုတာကို ကြီးကြီးကျယ်ကျယ် တိုင်းပြည်အတွက် လုပ်ဖို့ ခဏနေပါ၊ မိမိအိမ်တွင်းမှတစ်ဆင့် ရပ်ကွက်၊ ထိုမှသည် ကျယ်ပြောသော နိုင်ငံ့ တာဝန်သို့ စည်းကမ်းရှိရှိ၊ ညီညွတ်သောအပြုအမူ၊ ကျယ်ပြောသောအမြင်၊ မြင့်မြတ်တဲ့စိတ်ထားရှိမှ ကိုယ်ကျရာ နေရာမှာ တာဝန်ကျေစွာ ထမ်းနိုင်မှာပါ။ "မင်းတုန်းမင်းနှင့် ငါးခြောက်ပြား" သင်ခန်းစာကို ငယ်စဉ်ကတည်းက စာပေမှာ လေ့လာဖတ်ရှုခဲ့ရမှာပါ။ သို့သော် ဖတ်သာ ဖတ်၊ လက်တွေ့မသုံး၊ အစိုးရက ဘာဖြစ်လို့ စီးပွားက မကောင်းလို့၊ တိုင်းပြည်ကရှုပ်ထွေးလို့၊ ဆင်းရဲလို့ ဆိုတဲ့ ဆင်ခြေတွေနဲ့ နေချင်သလို နေကြဦးမယ်ဆိုရင် စာတွေဖတ်လည်း မလုံလောက်ဘူးဟု ပြောခြင်းပါ။

အစိုးရမကောင်းလို့ လူနေမှုဘ၀ နိမ့်ကျသွားတာကို ထောက်ခံသည်။ သို့သော် မိမိရဲ့ ကိုယ်ကျင့်သိက္ခာ စည်းကမ်း၊ လူနေမှု အသိုင်း အ၀ိုင်း ပြောဆိုဆက်ဆံမှုတွေ နိမ့်ဆင်းသွားစရာ အကြောင်းမရှိ၊ ဘယ်သူမပြု မိမိမှု စာပေမတတ်လို့ ဗဟုသုတမရှိ၊ ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ကြောင့် စရိုက်လက္ခဏာ သေးသိမ်ရတာတွေကတော့ လောကနိယာမတရားအရ နေရာတိုင်းမှာ အဆိုးအကောင်း ဒွန်တွဲနေသည်။ လူကောင်းရှိသလို လူဆိုးရှိသည်။ သို့သော် လူကောင်းလိုလိုနှင့် စည်းပျက်ကမ်းပျက် လူတန်းစားတွေကြောင့် တရားသဘောအရ မိမိနဲ့ ထိုက်တန်တဲ့ အစိုးရကိုပဲ ရလိမ့်မယ်ဟူသော ပြောဆိုမှုတွေကို စိတ်မဆိုးဘဲ လက်ခံလိုက်ပါ။ ဒုက္ခဆိုတာကို ဗမာပြည်ထဲနေပြီး မသိသေးဘူး။ ဒီလိုပဲ ဆက်နေဦးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီအတွက် စတေးခဲ့ရသောသူများကို အားနာသင့်သည်။

အုပ်ချုပ်သူကောင်းမှ တိုင်းပြည်အေးချမ်းမယ်။ နိုင်ငံရေးထီးအရွက်မိုးကြီးအောက်မှ ခေါင်းစဉ်များ၊ အဆင့်ဆင့် အကောင်းဘက် ဖော်ဆောင်နိုင်မှ တစ်ဦးချင်းစီ နေချောင်သာချောင် ရှိမယ်ဆိုတာတော့ တွေးထားပါ။ ခရိုနီလည်းမဟုတ်၊ ဖြတ်လေးဖြတ်ထဲ လူးလှိမ့်နေရတဲ့ ပြည်သူတွေ ဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေ မမေ့သင့်ပါ။ ညီညွတ်မှုဆိုတာ ပါတီတွင်း ညီညွတ်နေလို့ချည်း မရပါ။ လူမှုဆက်ဆံရေး နယ်ပယ်မှာလည်း ယဉ်ကျေးသော ပြုမူဆက်ဆံခြင်းဖြင့် ညီညွတ်မှုကိုလည်း ထူထောင်ရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာကျော်တောင် မနိုင်တာ ငါလိုကောင်ကတော့ ကောင်းကောင်းကြီး မေတ္တာပို့ခံရမယ်လို့ တွေးပြီးသား။ ဟုတ်ကဲ့၊ မေတ္တာပို့သူတို့၏ အရည်အသွေးပါပဲ၊ သို့သော် မြင်ကွင်းတော်တော် ရုပ်ပျက်နေပြီဖြစ်၍ ရှေ့ကို ဘယ်လိုပြောင်းလဲမှုတွေနဲ့ အကောင်းဆုံး "မူ" တွေ ချမှတ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လည်း "မူ" ကြိုက်သလောက်ကောင်း၊ "လူ" မကောင်းလို့တော့ ကမ္ဘာမှာ ဆက်ပြီး အံ့ဖွယ်အဖြစ်တွေနဲ့ ကျော်ကြားဦးမှာပါ။ ဂုဏ် သိက္ခာဆိုတာ ငွေကြေးဓန မဟုတ်၊ လူမှန်ရင် ဘာသာတရားဆုံးမမှုအောက်မှာ ကိုယ်ကျင့်သိက္ခာ ကောင်းစွာ စည်းကမ်းရှိနေထိုင်ပြုမူ ပြောဆိုခြင်း စိတ်ဓာတ်ကြီးမြင့်စွာ ထားနိုင်ခြင်းကို ဆိုလိုသည်။

ကောင်းမွန်သောအစိုးရနှင့် ပြောင်းလဲတိုးတက်တဲ့ တိုင်းပြည်ကို မျှော်လင့်လျှင် ပြောင်းလဲမှုကို လက်မခံသော အစိုးရနှင့် ခရိုနီများမှလွဲ၍ ကျန်သော ပြည်သူတစ်ဦးချင်းစီသည် အဘယ်သို့သော မှိုင်းတိုက်မှုကိုမျှ မှိုင်းအမိမခံဘဲ ငါတို့ကတော့ အကျင့်စရိုက်တွေ ဘယ်လို ပြုပြင် ပြောင်းလဲပြီးပြီလဲ။ ဆန်းစစ်ညီညွတ်သင့်ပါသည်။ ဒီစာကိုဖတ်ပြီး နိုင်ငံကြီးသား စိတ်ဓာတ်များ မွေးမြူလာနိုင်ကြပါစေ။ "ကိုယ်နေထိုင်တဲ့ အနေအထားမှာ ကိုယ့်အဆင့်ကို "စံ" သတ်မှတ်ပါ။" လူထုခေါင်းဆောင် အမေစုရဲ့ "မျှော်လင့်ချက်ဆိုတာ အလုပ်ပေါ်မှာ အခြေခံရပါမယ်" ဆိုတဲ့ စကားကို လက်ခံလိုက်နာရင်း အခြေခံမှသည် အထက်အမြင့်ဆုံးအဆင့်ထိ စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်နှင့် ငြိမ်းချမ်းသာယာသော မြန်မာ ပြည်ကြီးအဖြစ် ပြောင်းလဲနိုင်ပါစေဟု ဆန္ဒပြုအပ်ပါသည်။


ဒန်း ၊ အလင်းမျက်ဝန်း

                                         မြူ နှင်း(အေးရိပ်ငြိမ်)




söndag 21 september 2014

အံ့သြစရာကောင်းတဲ့ ချီးပေနေတဲ့ ဗမာ စိတ်ဓါတ်လေးများ


အံ့သြစရာကောင်းတဲ့ မြန်မာပြည်က ချီးပေနေတဲ့ စိတ်ဓါတ်လေးများ

            ဖြစ်ပုံက ကျွန်မကို တစ်နေ့ ကမေးလာတယ် နင်ကကုလားမလားတဲ့ နင်ရေးနေတာ ကုလားဘက်ပါနေသလိုဘဲ့တဲ့ ကဲဖြေပါပြီ ကျွန်မကိုဒီလိုမေးတယ်ဆိုမှတော့ ကျွန်မက မြန်မာနိုင်ငံသား ဗုဒ္ဒဘာသာစစ်စစ်တစ်ယောက်ပါ အဲဒါပေမယ့်လို့ မြန်မာဗုဒ္ဒလို့ ဆိုလိုက်တာနဲ့ ရှင်တို့လို တစ်ဖက်စွန်းရောက်ပြီး သူများဘာသာ သာသနာကို ငြိုးနွမ်းအောင် ဘာသာရေးအဆောက်အဦးတွေကို ရိုက်ဖျက်ဆီးရလောက်အောင် အတွေးတိမ်တဲ့ ချီးပေနေတဲ့ မြန်မာလူမျိုးတော့မဟုတ်ဘူးဆိုတာ ပြောထားပါရစေ ကျွန်မ မြန်မာပြည်မှာနေစဉ်က ရှင်တို့လို မြန်မာပြည်က မွတ်စ်လင်မ်တွေကို မျက်မုန်းကျိုးခဲ့မိဖူးတယ် ကျွန်မငယ်ငယ်တုန်းက သန်လျှင်မှာနေခဲ့တုန်းကပေါ့ ကျွန်ရှစ်တန်းအောင်လို့ အမေတို့ကော့သောင်းအေးရိပ်ငြိမ်ကိုပြောင်းလာတဲ့ အချိန်ထိဘဲ့ဆိုပါတော့ ကော့သောင်းမြို့ကို ကျွန်မစရောက်ပြီး ကော့သောင်းမြို့ရဲ့ ရေမြေအနေထား လူတွေရဲ့ ဖော်ရွေတဲ့ အပြုံး လေးတွေဟာ ကျွန်မရန်ကုန်မှာ မမြင်ဖူးခဲ့တဲ့ အပြုံးလေးတွေ အပြောလေးတွေကြောင့် ကျွန်မကိုယ်ကျွန်မ ကော့သောင်းသူလို့ခံစားပြစ်လိုက်တယ် တကယ်လည်းကျွန်မ   ကော့သောင်းအတွက် မအားတဲ့ကြားက ကော့သောင်းပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ အများပြည်သူသိအောင်သတင်းလေးတွေ တင်ပေးနေခဲ့ပါတယ် အဲဒီမှာပြောဖို့ကျန်ခဲ့တာက ကျွန်မ  ကျောင်းပြီးလို့ နိုင်ငံခြား မလေးရှားကိုထွက်သွားတဲ့အချိန်မှာ ကျွန်မ ဘ၀ဟာ အရာရာပြောင်းလဲခဲ့ပါတယ် ဘာတွေပြောင်းလဲသလည်းဆိုတော့ ကျွန်မ မြန်မာပြည်မှာတုန်းက မွတ်စလင်မ်မုန်းတီးခဲ့တာ မလေးရှားရောက်တဲ့အချိန်မှာ သူတို့ရဲ့ပြောဆိုပြုမှု နေထိုင်ပုံတွေဟာ လေးစားအတုယူစရာတွေချည်း ဘဲ့ဆိုတာသဘောပေါက်လာတယ် အော်ငါတို့မြန်မာပြည်မှာ အိမ်ဂျယ်လုပ်နေတာဟာ ဘာမှလည်းမဟုတ်ပါလား မြန်မာပြည်ကမွတ်စလင်မ်တွေဟာ သူတို့ထက်တောင်ဘာသာရေးအလေးပေးကြသေးပါလား ငါတို့က မြန်မာပြည်က မွတ်စလင်မ်တွေကို ငါတို့နဲ့မတူလို့ မျက်မုန်းကျိုးနေတာပါလား ဆိုတာသဘောပေါက်လာပါတယ် အဲဒီကစပြီး ကျွန်မ မလေးရှားမှာ ကိုယ့်ကိုယ်ကို ရှက်နေမိတယ် ဒါတွေဘာဖြစ်လို့ကျွန်မရေးနေရသလည်းဆိုရင်တော့ မြန်မာပြည်မှာ ခုချိန်ထိ မျက်စိမပွင့်သေးတဲ့ မြန်မာပြည်သားတွေ သူတစ်ပါးဘာသာကိုလည်းမလေ့လာ ဘေးထိုင်ဘုပြောနေတဲ့ နလဗိန်းတုန်းကောင်တွေရှိနေလို့ ကျွန်မ လိုသူများနိုင်ငံရောက်လာတဲ့အချိန် မျက်စိပွင်လာတဲ့အချိန်မှာ ကျွန်မလိုအရှက်ရမှာစိုးလို့ ပြောပြနေရတာပါ  ပြောရအုံးမယ် နင်တင်တဲ့သတင်းက မွတ်စလင်မ်ကောင်းကြောင်းတွေဘဲ့တဲ့ ပြောမှာပေါ့ သတင်းဘဲ့ မှန်ရာကိုပြောရမှာပေါ့  သတင်းကျင့်ဝတ်မှာ ဘာတွေပါလည်း ဘာတွေကျင့်ကြံရမလည်းဆိုတာ ကျွန်မကိုပြောနေတဲ့သူတွေက နားမလည်လို့ဆိုတာကျွန်မ သဘောပေါက်ပါတယ်  လေ့လာ၊စူးစမ်း၊ဖတ်ရှု၊မှတ်သား လိုက်ပါအုံးလို့ဘဲ့ပြောလိုက်ပါရစေ ဟောခုလည်းလာပြန်   
ပြီ ပခုက္ကူမှာတဲ့ ဘူးသီးတောင်မှာတဲ့ မဟုတ်ကိုအဟုတ်လုပ် ပုံကြီးချဲ့ အီဒ်နေ့အမှီ အမဲမသတ်ရအောင်ချီးစားတဲ့ဥဏှောက်နဲ့ လံကြုပ်ဖန်တီးပြသာနာလုပ်နေကြပြန်ပြီ၊ မွတ်စလင်မ်အမဲသတ်အီဒ် နေ့မှာ အမဲသတ်တယ် ပြီးတော့ လူတွေကိုဝေတယ် ကောင်းမှုလုပ်တယ် အဲဒါမကောင်းလို့လား (ဟေ့သူတစ်ပါးအသက်သတ်တာကောင်းသလား)လို့ တော့မြူနှင်းကိုမမေးလိုက်နဲ့ ကောင်းတာပေါ့ ကျွန်တို့ဘာသာမှာပြထားတာက ပါဏာတိပါတကံလေ သူတို့ဘာသာ မှာပြထားတာက ပါဏာတိပါတကံဘဲ့ဒါပေမယ့် သူတို့မွတ်စလင်မ်ဘာသာမှာပြထားတာက မိမိစားသောက်မယ့်အမဲကိုသတ်ဖို့ခွင့်ပြုထားတယ် ကျွန်မတို့ဗုဒ္ဒဘာသာမှာက ခွင့်မပြုထားဘူး သူများသတ်ထားတာကို တောင်းစားဖို့ဘဲ့ခွင့်ပြုထားတယ် ကျွန်မနှိုင်းယှဉ်ပြနေတာနော် ကျွန်မက ဗုဒ္ဒမြတ်စွာဘုရားကို ကွန်ပလိန်းတက်တာမဟုတ်ဘူး အရှိကိုအရှိအတိုင်း အမြင်ကိုအမြင်အတိုင်းပြောနေတာပါ ကဲကိုယ်ကိုယ်တိုင်မသတ်ဘူး သူများသတ်တာတောင်းစားဆိုတိုင်း တောင်းစားနေရအောင် ကျွန်မတို့ ဗုဒ္ဒဘာသာဟာ သူတောင်းစားဘာသာလား စားဖို့အတွက်တော့သတ်ရမှာဘဲ့မဟုတ်လား ခုဟာက ဘာဖြစ်ဖြစ် ဘုရားဟောထားတယ် သူတစ်ပါးအသက်မသတ်ရဘူး တဲ့ ရတယ်လေ အဲဒါဆို တစ်ခြားသူတစ်ယောက်သတ်ထားတဲ့အမဲကိုလည်းမစားနဲ့ပေါ့ တောင်းစားရပြီဆိုကတည်းက သူတောင်းစားဘဲ့မဟုတ်လား ပြီးတော့ ကျွန်တို့ ခန္ဖာထဲမှာပေါ့ အနာရောဂါတစ်ခုခုရလာပြီဆိုပါတော့ လိုအပ်ရင် ပိုးသတ်ဆေးသောက်ရတာဘဲ့မဟုတ်လား အဲဒီပိုးကိုသတ်လို့ ပါဏာတိပါတကံမထိုက်ဘူးလား ပြောအုံးမယ်ဒီလိုပြောရင် လိုအပ်လို့သတ်တာပေါ့ဆိုပြီးတော့ အခုလည်းမွတ်စလင်မ်တွေက သူတို့ဘာသာမှာပြထားတာ အဲဒီနေ့ကျရင် အမဲသတ် အမဲဆိုတာ ဘာအမဲဖြစ်ဖြစ်နော် အဲလိုသတ်တာကို ဘာဖြစ်လို့သတ်တာလည်း သူတို့သတ်ပြီး အဲဒီအသားတွေမြေမြုပ်ပစ်လိုက်သလား သူတို့ဘဲ့တစ်နှစ်စာထိုင်စားနေသလား မဟုတ်ဘူးနော် သူတို့ဘာသာမှာပြထားတာ အမဲသတ်လိုက် ပြီးရင် မရှိဆင်းရဲသားကိုလှူလိုက်ပြောထားတာ သူတို့ချည်းစားတာမဟုတ်ဘူးနော် မရှိဆင်းရဲသားကိုလှူတာ ဘယ်လောက်မွန်မြတ်လိုက်တဲ့အလုပ်လည်း ထမင်းစားတဲ့ဥဏှောက်နဲ့စဉ်းစားကြည့်ကြပါ ဘယ်နိုင်ငံအစိုးကရမှာ ဒီလိုမွန်မြတ်တဲ့အလုပ်ကို မလုပ်ကြသေးဘူး မွတ်စလင်မ်ဘာသာဝင်အားလုံးက အများစားကြရအောင် ကိုယ့်အိတ်ထဲကပိုက်ဆံနဲ့ အမဲဝယ်ပြီး အလှူလုပ်တာကို ဘာဖြစ်လို့ ကန့်ကွက်နေကြတာလည်း မြန်မာပြည်မှာနွားတွေရှားသွားတာ မွတ်စလင်မ်ကိုမယိုးနဲ့အုံး မြန်မာပြည်က နွားတွေ ကျွဲတွေ အားလုံး နိုင်ငံခြားတင်ပို့နေတာ မကြားလို့လား   အဲဒီလိုသာ ကြပ်ကြပ်တင်ပို့ နေ မကြာခင်မှာ မြန်မာပြည်မှာ မြန်မာလူမျိုးလည်းနိုင်ငံခြားတင်ပို့လို့ ၀န်ကြီးတွေတောင် နိုင်ငံခြားသွားပြီး ရွေးကောက်ခံနေရမယ်
ဆက်ပါဦးမယ် 

                                မြူနှင်း(အေးရိပ်ငြိမ်)

ဘူးသီးတောင်မှာ လှုံ့ဆော်မှုဆန်ဆန် ဖြစ်ရပ်တချို့ပေါ်ပေါက်ခဲ့

ဘူးသီးတောင်မှာ လှုံ့ဆော်မှုဆန်ဆန် ဖြစ်ရပ်တချို့ပေါ်ပေါက်ခဲ့



RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က စာသင်ကျောင်းတချို့မှာ အခုလအတွင်း လုံခြုံရေးဆိုင်ရာ ပြဿနာတချို့ ပေါ်ပေါက်ခဲ့ တယ်လို့ ခရိုင်ရဲ တပ်ဖွဲ့က RFA ကို ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်းက အလယ်တန်း ကျောင်း တချို့မှာ ဖြစ်စဉ်သုံးခု ဖြစ်ပွားခဲ့ကြောင်း ခရိုင်ဒုတိယ ရဲမှူးကြီး ဦးရွှေသန်းက ပြောပါတယ်။ ပထမဖြစ်ရပ်မှာ ဘင်္ဂါလီကျောင်းသား တစ်ဦးက နိုင်ငံတော်သီချင်းစာသားထဲက မြန်မာဆိုတဲ့နေရာမှာ ရိုဟင်ဂျာလို့ပြောင်းလဲသီဆိုခဲ့ တာ၊ နောက်တစ်ခုက ကျောင်းရုံးခန်းအတွင်းဝင်ရောက်ပြီး နိုင်ငံတော်အလံအပါအ၀င် ပရိဘောဂတွေကို ဖျက်ဆီးခဲ့တာ၊ နောက်ဆုံးတစ်ခုကတော့ ဆရာမရဲ့စားပွဲပေါ်မှာ စာရေးခဲ့တာဖြစ်တယ်လို့ ဒုရဲမှူးကြီး ဦးရွှေသန်း က ပြောပြပါတယ်။

"နောက်ဆုံးအခုဆိုရင် ဆရာမရဲ့စားပွဲခုံမှာရေးသွားတယ်၊ ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာပြည်နယ်ဖြစ်သည် ဆိုပြီးရေးသွားတာ အဲ့ဒါ လုပ်တဲ့လူလည်းပေါ်ပြီးပြီ၊ အဲ့ဒီကျောင်းသားကိုတော့ ကျနော်တို့ ဆုံးဖြတ်ချက်တော့မချရသေးဘူး၊ ရခိုင်ပြည်နယ်မှာ ဖြစ် ပျက်နေတဲ့ ကျောင်းသားတွေကိုတော့ ကျောင်းထုတ်လိုက်တာရှိတယ်၊ နောက် ပြီးရင် ကျောင်းပြောင်းခိုင်းပေးလိုက်တာတွေရှိတယ်"

ဒီလုပ်ရပ်တွေဟာ အစ္စလာမ် အစွန်းရောက်အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ အယ်လ်ကိုင်းဒါး အဖွဲ့ ခေါင်းဆောင်က သူတို့ရဲ့ တောင်အာရှဆိုင်ရာအဖွဲ့ခွဲတစ်ခု အိန္ဒိယနိုင်ငံမှာ အခြေစိုက်ဖွဲ့စည်းပြီးဖြစ်တယ်၊ မြန်မာနိုင်ငံအပါအ၀င် ဘင်္ဂလာဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ ဂျီဟတ်လှုပ်ရှားမှုတွေ ဆောင်ရွက်မယ်လို့ ဗီဒီယိုကတဆင့် အင်တာနက်မှာ ကြေညာ ခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တာပါ။

အဲ့ဒါကြောင့် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ တခြားပါဝင်ပတ်သက်မူတွေ ရှိမရှိစုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာလှုပ်ရှားမယ်ဆိုတဲ့ အကြမ်းဖက်အဖွဲ့ကြေညာချက်နဲ့ ပတ်သက်ပြီး ထူးခြားတဲ့သတင်း တစုံတရာ မရရှိသေးဘဲ၊ ဒေသတွင်း ပုံမှန်တည်ငြိမ်းအေးချမ်းနေတယ်လို့ဆိုပါတယ် အလားတူဘင်္ဂလာဒေ့ရှ့်နိုင်ငံနဲ့ နယ်စပ်ကို ပိတ်မထားဘဲ၊ လုံခြုံရေးကိုသာ သတိထားဆောင်ရွက်နေတယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။



ဘတ်ဂျတ်ကို ဇီးသီးမှတ်လို့ နှိုက်စားနေကြတာလား

ဘတ်ဂျတ်ကို ဇီးသီးမှတ်လို့ နှိုက်စားနေကြတာလား




    Tuesday, 16 September 2014 13:54

ပွဲဈေးတန်းမှာ ဇီးသီးဗန်း မှောက်ကျသလိုပဲ ဟိုလူနှိုက်စား ဒီလူနှိုက်စားနဲ့ ဝန်ကြီးဌာနတွေကို ချပေးတဲ့ ဘတ်ဂျတ်ဟာလည်း တစ်ဝက်ပဲ ကျန်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဥပမာပေး ပြောပါတယ်။

အစိုးရသစ် လက်ထက်မှာ စီမံကိန်းတွေ ဆောင်ရွက်ဖို့ ဝန်ကြီးဌာန အသီးသီးက တောင်းခံလာတဲ့ ဘဏ္ဍာငွေတွေကို လွှတ်တော်က ခွင့်ပြုပေးထားပေမယ့် အစိုးရဌာနတွေမှာ လာဘ်စားမှုတွေကြောင့် တစ်ဝက်ပဲ အမှန်တကယ် အသုံးပြုနေတယ်လို့ သူက ဆိုပါတယ်။

“ပွဲဈေးတန်းမှာ ဇီးသီးဗန်း မှောက်ကျသလိုပဲ။ မှောက်လည်း ကျရော ဟိုလူက တစ်ဆုပ်နှိုက်စား ဒီလူက တစ်ဆုပ်နှိုက်စား ဇီးသီးက တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘက်ဂျက်က အဲဒီလိုဖြစ်နေတယ်။ ခွင့်ပြုပေးတဲ့ကြားထဲက ဟိုလူနှိုက်စား ဒီလူနှိုက်စားနဲ့ တစ်ဝက်ပဲ ကျန်တယ်” လို့ ဦးခင်အောင်မြင့်က ပြောပါတယ်။

အစိုးရအဖွဲ့အစည်း အတွင်း လာဘ်စားမှုတွေ ရှိနေတဲ့အတွက် စီမံကိန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ အထူးလုပ်ဆောင် စစ်ဆေးတဲ့ စနစ်တစ်ခု၊ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆလိုင်းခွဲယန်ရဲ့ ကျေးလက် ကျန်းမာရေး ဋ္ဌာနခွဲ အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ သတ်မှတ် စံချိန်စံညွှန်း ကိုက်ညီမှု မရှိတဲ့အတွက် ဘယ်လို အရေးယူဆောင်ရွက်ထားလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ အခုလို ပြောဆိုတာပါ။

အဂတိ လိုက်စားမှု အမြင့်မားဆုံး နိုင်ငံတွေ စာရင်းမှာ ပါတဲ့ မြန်မာနိုင်ငံမှာ အစိုးရသစ်လက်ထက် ၂၀၁၃ ခုနှစ် ဩဂုတ်လမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။

ဥပဒေအရ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းထားပေမယ့် အဂတိလိုက်စားမှုတွေ သိသာစွာ လျော့ကျလာတာ မရှိဘူးလို့ လွှတ်တော်ကိုယ်စားတွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြပါတယ်။
- See more at: http://thevoicemyanmar.com/index.php/news/item/2757-bjk#sthash.UwkxjrG6.dpuf



ရန်ကုန်စည်ပင်၅မဲ၎မဲ

ရန်ကုန်စည်ပင်၅မဲ၎မဲ

r



ခိုးဝင်ဘင်္ဂလီ ၆ ယောက်အား ကားပေါ်မှ ချထားခဲ့

ခိုးဝင်ဘင်္ဂလီ ၆ ယောက်အား ကားပေါ်မှ ချထားခဲ့



လွန်ခဲ့သော ၅ ရက်ခန့်က မှော်ဘီမြို့နယ်ဆပ်သွားတောကျေးရွာအုပ်စုဘန့်ဘွေးကုန်းကျေးရွာ ပြည်-ရန်ကုန်ကားလမ်းမပေါ်တွင်ကား
တစ်စီးပေါ်မှ ရန်ကုန်မြို့ အတွင်းသို့ဆက်လက် သယ်ဆောင်ခြင်းမပြုရဲသဖြင့်ခိုးဝင်ဘင်္ဂလီ  ၆ ယောက်အား
ကားပေါ်မှ ချထားခဲ့ သောဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပါသည်။

၎င်းဘင်္ဂလီ များရောက်ရှိနေခြင်းအား သတင်းရသဖြင့် တပ်မတော်သားများပြည်သူ့ရဲများနှင့်ပြည်သူလူထု မှဝိုင်းဝန်းဖမ်းဆီးရာ
 ပထမ ညတွင် ဖမ်းဆီးရရှိမှုမရှိဘဲ ဒုတိယ ညတွင် ဘင်္ဂလီ ၃ ယောက်အားဖမ်းဆီးမိပြီး တတိယနေ့တွင် ဘင်္ဂလီ ၂ ယောက်အား
ထပ်မံဖမ်းဆီးရမိပြီး ၅ ဦးဖမ်းမိထားပါသည်။

၁၂ နှစ်အရွယ်ဘင်္ဂလီတစ် ယောက် မှာ ယနေ့ထိ ဖမ်းဆီးရမိခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်လျက်ရှိပါသည်။ဖမ်းဆီးရမိသော ဘင်္ဂလီ များမှာမြန်မာစကားလုံးဝနားလည်ခြင်းမရှိကြောင်းလည်းသိရပါသည်။

၎င်းဘင်္ဂလီ များသည် ရန်ကုန်မှတဆင့်မလေးရှားနိုင်ငံသို့ သွားရောက်မည်ဟုစစ်
ဆေးသိရှိရပါသည်။အထူးသတိထားသင့်သည်မှာရခိုင်ပြည် နယ် နယ်စပ်မှ ဘာသာစကား
နားလည်ခြင်းမရှိဘဲ စစ်ဆေး ရေးဂိတ်အဆင့်ဆင့်ကိုကျော်ဖြတ်၍ ရန်ကုန်မြို့နှင့် အနီးဆုံး
နေရာထိ ဘင်္ဂလီများ ရောက်ရှိလာနိုင်ခြင်းမှာ မည်သူ့တွင်တာဝန်ရှိ သည်
ဆိုသောအချက် မှာအထူးသတိထားရမည်ဖြစ်ပါသည်။

ခိုင်မောင်ဦး ပို့  ပေးသည်
http://www.shwemyanmarmediagroup.org/2014/09/blog-post_796.html


ဦးသိန်းစိန်ပုံပါတာကို photoshop လားလို့ မေးလာကြတဲ့အတွက်

ဦးသိန်းစိန်ပုံပါတာကို photoshop လားလို့ မေးလာကြတဲ့အတွက်


Ye Tun

ဒီမိုဖတ်တီး တင်ထားတဲ့ ဘာလင်တံတိုင်းဟောင်း ဘလောက်တုံးပေါ်မှာ အာဏာရှင်များ ကာတွန်းမှာ သမ္မတဦးသိန်းစိန်ပုံပါတာကို photoshop လားလို့ မေးလာကြတဲ့ မိတ်ဆွေများအတွက် အဖြေရှာပေးလိုက်ပါတယ်။ AFP က ဓါတ်ပုံဆရာ JOHN MACDOUGALL ရိုက်ကူးထားပြီး ဘာလင်မြို့ရဲ့ Checkpoint Charlie အနီးမှာ ပြင်သစ်လူမျိုး အနုပညာရှင် Guillaume Kashima ရေးဆွဲထားတာကို January 13, 2013 က မှတ်တမ်းတင် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Photoshop မဟုတ်ပါဘူး။ တကယ့် အစစ်ပါ AFP ကဖြစ်ပါတယ် ခင်ဗျာ။



ဂုဏ်ပြုကြပြန်ပြီ

ဂုဏ်ပြုကြပြန်ပြီ