အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 28 april 2014

သုံးနှစ်သားအစိုးရ၏ အကျိုး အပြစ် အချိုး

သုံးနှစ်သားအစိုးရ၏ အကျိုး အပြစ် အချိုး



Yangon Media Group

==========================================

သုံးနှစ်သားအစိုးရ၏ အကျိုး အပြစ် အချိုး

==========================================
ရန်ကုန်တိုင်းမ် ဂျာနယ် ၊ အတွဲ (၁၀) အမှတ် (၁၅)

နှင်းကို ရေးသားသည်။

နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင်ခဲ့ပြီ ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က သူ့ရဲ့သုံးနှစ်ပြည့်သမ္မတ သက်တမ်းမိန့်ခွန်းတွင်ြေ<ွကးကြော်ခဲ့ပါသည်။ စစ်ဗိုလ်ချုပ်ကြီး
တစ်ဖြစ်လဲ လက်ရှိပြည်ထောင်စုအစိုးရအဖွဲ့ခေါင်းဆောင်ကြီး ဦးသိန်း စိန်တစ်ယောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတ ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပါပြီ။ သူစတင် တာဝန်ထမ်းဆောင်သည့် ၂ဝ၁၁ခုနှစ် မတ် ၃ဝရက်တွင် သူဦးဆောင် မည့် ပြည်ထောင်စုအစိုးရသစ်၏ မူဝါဒသဘောထားလမ်းစဉ်ကိုချပြ ခဲ့သည်။ မိန့်ခွန်းမှာ နားထောင်ကောင်းခဲ့သည်။ ကြားနာရသူအဖို့ အားတက်စရာကောင်းခဲ့သည်။

ထိုမှစတင်ကာ ၂ဝ၁၄ ခုနှစ် မတ် ၂၆ ရက်၊ သမ္မတသက်တမ်း သုံးနှစ်ပြည့်သည်အထိ သူ့မိန့်ခွန်းများကို ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူလူထုကို ဆက်တိုက်ချပြပြော ဆိုခဲ့သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြားသည့်အခါ တိုင်း ပြည်တွင်းပြည်ပနိုင်ငံရေးလေ့လာသုံးသပ်သူများ၊ ကျွမ်းကျင် ပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ လူမှုရေးလုပ်ငန်းလုပ်ဆောင် သူများ စသဖြင့် နိုင်ငံ့အရေးကိုစိတ်ပါဝင်စားသူတိုင်းက စောင့်ကြည့် လေ့လာကြစမြဲ။ သူ့ပြောစကားများ၏အသွားအလာကို ဝေဖန်ထောက်ရှု နေကြစမြဲဖြစ်သည်။

မိမိတို့ရန်ကုန်တိုင်းမ်မှတွေ့ဆုံမေးမြန်းခဲ့သော နိုင်ငံရေးလေ့ လာသူများ၊ စီးပွားရေးနှင့်ဥပဒေရေးရာအကြံပေးများ၊ အရပ်ဘက် အဖွဲ့အစည်းမှခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များ၏အဆိုအရတော့ သမ္မတဦးသိန်းစိန်၏မိန့်ခွန်းများအားလုံး နီးပါး အကောင်းဘက်တွင်ရှိသည်ဟုဆိုကြသည်။ သို့သော် အပြော နှင့်အလုပ်ကတော့ တစ်ထပ်တည်းမကျသေးဟု ဆိုပါသည်။
အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုသောစကားသည် အထူးသဖြင့် နိုင်ငံရေးတွင် ပိုပြီးထင်ဟပ်စေသည်ဟု မြန်မာ့နိုင်ငံ ရေးလေ့လာသူ ဦးကျော်လင်းဦးက ယခုလို ပြောဆိုပါသည်။

''ဒီမိုကရေစီစနစ်အောက်မှာ ပြည်သူတွေကို ဘယ်လောက်အ လုပ်အကျွေးပြုမယ်၊ ပြည်သူတွေအကျိုးကို ဘယ်လောက်အထိဖော် ဆောင်မယ်ဆိုတာ နိုင်ငံရေးသမားတိုင်း ပြောတတ်တဲ့လေလုံးတွေပဲ၊ ဒါက မထူးဆန်းဘူး။ ဘယ်သူမဆို နိုင်ငံရေးသမားမှန်ရင်ပြောလာ မှာပဲ။ တကယ့်အပိုင်းမှာကျတော့ အခက်အခဲတွေရှိတယ်''။
ဦးသိန်းစိန်အစိုးရအတွက် မူဝါဒပိုင်းဆိုင်ရာ အခက်အခဲများ၊ မူဝါဒကိုလက်တွေ့အကောင်အထည်ဖော်မှုပိုင်းဆိုင်ရာအခက်အခဲ များ၊ နိုင်ငံရေးအင်အားစုအချင်းချင်းညီညွတ်မှု၊ မညီညွတ်မှုပိုင်းဆိုင် ရာအခက်အခဲများ စသဖြင့်ရှိသည်ဟု ဦးကျော်လင်းဦးကဆိုသည်။
''ဦးသိန်းစိန်ရင်ဆိုင်နေရတဲ့ပြဿနာက သူ့အစိုးရသက်တမ်း အတွင်းမှာ သူ့ရဲ့အစိုးရယန္တရားကြီးတစ်ခုလုံးကို တစ်စုံလုံးပြုပြင်ပြောင်းလဲပစ်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပဲ''။

ဦးသိန်းစိန်အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွင် အချိန်ယူမှု၊ လေ့ကျင့်ပေးမှု၊ သင်ကြားပေးမှု၊ မူဝါဒကောင်း များဖော်ဆောင်မှု၊ ထွက်ပေါ်လာသည့်မူဝါဒများ၏ အလုပ်ဖြစ်မဖြစ် ဆိုသည်ကို အချိန်ယူစောင့်ကြည့်မှုတို့ကို မလုပ်ဆောင်နိုင်ခဲ့သည့် အပြင် နောက်ထပ်နိုင်ငံရေးအင်အားစုတစ်ခုဖြစ်သည့် လွှတ်တော် နှင့်လည်း အပေးအယူမျှမျှ၊ ညှိနှိုင်းတိုင်ပင်ပူးပေါင်းလုပ်ကိုင်မှုများ အားနည်းနေသည်ဟု သူကထောက်ပြသည်။ ထို့ကြောင့် ဦးသိန်း စိန်အစိုးရအတွက်တော့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွင်း အခက်အခဲများစွာရှိနေဦးမှာပဲဟု ဦးကျော်လင်းဦးက ယူဆသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှဦးဌေးကြွယ်ကလည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက် များနှင့်ပတ်သက်ပြီး ''ရလဒ်ကို ပီပီပြင်ပြင် မမြင်တွေ့ရသေးပါဘူး''ဟု ကောက်ချက်ချပါသည်။

ပြီးခဲ့သည့်စစ်အစိုးရလက်ထက် စည်းမျဉ်းစည်းကမ်းနှင့်အမိန့်၊ ညွှန်ကြားချက်များကအစ ဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရသစ် အတွက် တော်တော်အခက်အခဲရှိနေသည်ကိုတွေ့ရသည်ဟုဦးဌေးကြွယ်က ဆိုသည်။

''အစိုးရအဖွဲ့အစည်းရဲ့ အင်စတီကျူးရှင်း၊ အရပ်သားအစိုးရ အဖွဲ့တစ်ခုရဲ့ လုပ်ပုံကိုင်ပုံတွေပြောင်းလဲတဲ့အခါမှာ အောက်ခြေ ပိုင်းက တကယ့်အကောင်အထည်ဖော်တဲ့ကိစ္စတွေမှာ အခက်အခဲ တွေ ကြုံနေတုန်းပဲ''ဟု သူကပြောသည်။

ဆိုလိုသည်က ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြုပြင်ပြောင်း လဲရေးကိုသွားနိုင်ဖို့အတွက် ပထမဆုံး ဖြေလျှော့ခြင်းကိုသာစလုပ် နေပြီး ပြုပြင်ပြောင်းလဲရေးအဆင့်ထိတော့ သိသိသာသာ မရောက် သေးဟု ဦးဌေြး<ွကယ်က ယူဆသည်။

သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့အနေဖြင့် ယခင်စစ်အစိုးရ လက်ထက်က အခြေအနေထက်တိုးတက်လာပါသည်ဟုပြောဆိုနေ သော်လည်း တကယ့်အနှစ်သာရပိုင်းက ပြောင်းလဲလာပြီလားဟု မေးခွန်းထုတ်ရင်တော့ ဖြေဖို့ အင်မတန်ခက်ခဲလိမ့်မည်ဟု စီးပွား ရေးနှင့် ဥပဒေရေးရာအကြံပေးလုပ်ငန်းလုပ်ကိုင်သူ စီးပွားရေးပညာ ရှင် ဦးတင်သန်းဦးက တွက်ဆပါသည်။

''စီးပွားရေးအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကိုကြည့်ရင် သြ့ (နားလည်မှုစာချွန်လွှာ) ထိုးတဲ့အဆင့်ထက်ပိုပြီး ရှေ့ဆက်တိုးဖို့အ တွက် နိုင်ငံရေးမတည်ငြိမ်မှုတွေကို အစိုးရဘက်ကဘာမှလုပ်ပေး နိုင်တာ မတွေ့ရဘူး''။

နိုင်ငံရေးယဉ်ကျေးမှုသစ်

ပြီးခဲ့သည့် မတ် ၂၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်ခန်းမ၌ ပြောဆိုခဲ့သော သူ၏သုံးနှစ်ပြည့်သမ္မတသက်တမ်းအထိမ်းအမှတ်မိန့်ခွန်းတွင် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ခုကို မြင်တွေ့နေရပါပြီဟု ဦးသိန်းစိန်ကဆိုခဲ့ပေမယ့် ဘယ်အရာဖြစ် သည်ဟုတော့ တိတိကျကျပြောဆိုသွားခြင်းမရှိခဲ့ပါ။

မြန်မာနိုင်ငံသည် ပြည်သူလူထုရဲ့ထောက်ခံမှု၊ ပြည်သူလူထု ရဲ့ဆန္ဒသဘောထားတွေနှင့် အုပ်ချုပ်သည့်အစိုးရပုံစံတစ်ရပ်ကို ကူး ပြောင်းနေပြီ။ ထို့ကြောင့် အစိုးရတွေကို ဝေဖန်တာ၊ ကန့်ကွက်တာ၊ ရှုပ်ချတာတွေကို နားထောင်မည်၊ ပြည်သူလူထုရဲ့သဘောထားတွေ ကို သည်းခံနားထောင်ရမည်ဆိုသည့်ယဉ်ကျေးမှုပုံစံကို ရည်ညွှန်း ပြောဆိုသည်ဟုထင်မြင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူ ဦး ကျော်လင်းဦးက ယူဆသည်။

နှစ်ပေါင်းမြောက်မြားစွာ အာဏာရှင်စစ်အစိုးရလက်အောက် တွင်နေလာရတော့ အစိုးရများသည် ပြည်သူလူထုကဝေဖန်တာ၊ အ တိုက်အခံတွေက ဝေဖန်တာ၊ နိုင်ငံရေးသမားတွေက ဝေဖန်တာတွေ ကို ဆတ်ဆတ်ထိမခံဖြစ်ခဲ့သည့်သာဓကများရှိခဲ့ပါပကော။ ''ဝေဖန် တဲ့အခါတိုင်းလဲ အစိုးရတွေက ပြင်းထန်တဲ့တုံ့ပြန်မှုပုံစံတွေနဲ့ အပြစ် ပေးလေ့ရှိတယ်''ဟု ဦးကျော်လင်းဦးက ဆိုသည်။

အစိုးရအနေဖြင့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို ပုံဖော် နေတယ်လို့ပြောဆိုနေသော်လည်း တကယ့်နိုင်ငံရေးယဉ်ကျေးမှုသစ် တစ်ခုကိုဖန်တီးနိုင်မည့်ဥပဒေများရှိသလားဟုမေးခွန်းထုတ်လျှင် ရှိသည်ကိုမတွေ့ရဟု ဥပဒေရေးရာအကြံပေး ဦးတင်သန်းဦးက ဆိုသည်။
ဒီမိုကရေစီကိုသွားနေသည့်နိုင်ငံမို့ စီတန်းလှည့်လည်ခြင်းဆိုင် ရာဥပဒေကိုပြဋ္ဌာန်းခဲ့သည်ဆိုပေမယ့် တကယ့်စီတန်းလှည့်လည်ဆန္ဒ ထုတ်ဖော်သူတွေအတွက် တရားမျှတတဲ့ဥပဒေတစ်ရပ်မဟုတ်ခဲ့ဟု သူက ထောက်ပြသည်။ ဆိုတော့ ဥပဒေပိုင်းအရ ဒီမိုကရေစီယဉ် ကျေးမှုသစ်၊ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို မြင်နေရပြီလို့ပြော ပေမယ့် တကယ်တမ်းလက်တွေ့တွင်မရှိသေးသည်ကို ဦးတင်သန်း ဦးက ယခုလို ပြောသည်။

''ဆန္ဒထုတ်ဖော်တဲ့သူတွေကို သမ္မတလာမတွေ့ဘူး၊ သမ္မတက မြင့်လို့ထားလိုက်ဦး၊ သက်ဆိုင်ရာဝန်ကြီးလဲလာမတွေ့ဘူး၊ သက်ဆိုင် ရာပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့လဲလာမတွေ့ဘူး၊ ဒီမိုကရေစီယဉ် ကျေးမှုမှာက မှားတာ၊ မှန်တာနောက်မှာထား၊ ကိုယ့်ပြည်သူကို လာ ရှင်းပြရမယ့်တာဝန် အစိုးရမှာရှိတယ်။ မှန်ရင် ဖြေရှင်းပေးရမယ်၊ မှား ရင် ဥပဒေအရ အရေးယူရမယ်။ နှုတ်ကတော့ လုပ်ပေးမယ်ပြောပြီး လက်တွေ့ကျတော့ မလုပ်ပေးတာ အကျင့်အဟောင်းကို ပြန်သုံးနေ သလိုပဲ''။
ထိုသို့နိုင်ငံတော်သမ္မတမိန့်ခွန်းတစ်ခါပြောတိုင်း ထူးခြားသည့် စကားလုံးများ၊ ကတိပေးမှုများ၊ သတိပေးပြောဆိုမှုများသည် မကြာ ခဏကြုံတွေ့ရလေ့ရှိပြီး အပြောနှင့်လုပ်ရပ်အမြဲနှိုင်းယှဉ်ကြည့်ဖို့ အ ရေးကြီးသည်ဟု ၄င်းကဆိုသည်။

အင်အားသုံးရပ်နှင့် အစိုးရ၏မူဝါဒလမ်းစဉ်များ

သမိုင်း၏သင်ခန်းစာများအရ 'ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး'ဆိုသည့် တို့တာဝန်အရေးသုံးပါး အောင်မြင်စွာထမ်းဆောင် နိုင်ဖို့အတွက် 'နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ နိုင်ငံတော် ကာကွယ်ရေးအင်အား'အဖြစ် အင်အားသုံးရပ်တောင့်တင်းဖို့လိုအပ် ကြောင်း ဦးသိန်းစိန်က သမ္မတဖြစ်စ ပထမဆုံးမိန့်ခွန်းတွင်ထည့်ပြော ခဲ့သည်။

နိုင်ငံရေးအင်အားအဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကိုအထူးအလေးထားမည်ဟု သူက ကတိပြုခဲ့သည်။ အလားတူနိုင်ငံ ရေး၏ ကွင်းဆက်တစ်ခုဖြစ်သော စီးပွားရေးအင်အားမတောင့်တင်း ရင်လည်း သူတစ်ပါး၏ အထင်အမြင်သေးမှု၊ နှိမ့်ချဆက်ဆံမှုတွေခံရ နိုင်သည့်အတွက် စီးပွားရေးအင်အားတောင့်တင်းသော စက်မှုနိုင်ငံ ဖြစ်အောင် ထူထောင်ရမည်ဟု တိုက်တွန်းသည်။ နိုင်ငံတော်ကာ ကွယ်ရေးအတွက်တော့ နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟု သူက ဆိုသည်။ ထို့ပြင် နိုင်ငံတော်ကိုကာကွယ်ဖို့အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်လည်းရှိဖို့လိုသည်ဟု ဦးသိန်းစိန်က သူ့ရဲ့ပထမ ဆုံးမိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေး စသည့်ကဏ္ဍအားလုံးတွင် အခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီ နည်းကျကျ လုပ်ဆောင်ဖို့လိုအပ်ကြောင်း သူ့အစိုးရအနေဖြင့် သတိ ချပ်ခဲ့သည်။ အလားတူ သူပြောခဲ့သမျှသော မိန့်ခွန်းများထဲမှ ပြည် သူလူထုအပါအဝင် နိုင်ငံရေးလေ့လာသူများ၊ တက်ြ<ွကလှုပ်ရှားသူ များ၊ နိုင်ငံရေးသမားများအကြား ရေပန်းအစားဆုံးစကားသည် ''မိမိ တို့အစိုးရအနေဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုပုံစံဖြင့် သန့်ရှင်းသော အစိုးရအဖွဲ့ဖြစ်ရေး''ဆိုသောစကားသာဖြစ်သည်။ ထိုစကားသည် လူတိုင်း သည်းခြေကြိုက်ဖြစ်ခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်၊ လွှတ်တော် တွင်းအစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ဦးရှိန်ကျော်ဝင်းက တော့ ယခုလို သုံးသပ်ပါသည်။
''ဦးသိန်းစိန်အစိုးရအနေနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရား စီရင်ရေးဆိုတဲ့မဏ္ဍိုင်ကြီးသုံးရပ်ကို အခြေခံဥပဒေသစ်နဲ့ဆောင်ရွက် ရတော့ အောင်မြင်မှုတွေရှိသလို အားနည်းချက်တွေလဲရှိတာပေါ့''။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဌေးြ<ွကယ်၏အဆိုအရတော့ လက်ရှိအစိုးရအနေဖြင့် မူပိုင်းချမှတ်မှုတွင် အောက်ခြေအဆင့်အထိလိုက်နာနိုင်အောင်ချမှတ်နိုင်မှု အားနည်း နေပြီး အချို့အပိုင်းများတွင် အမိန့်ပေးစနစ်ဖြင့်သွားနေသည်ကိုတွေ့ ရသည်။ ညွှန်ကြားချက်များကို ထိထိရောက်ရောက်လိုက်နာနိုင်ဖို့အ တွက် ဒေသဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အထိ ပူးပေါင်း ဆောင်ရွက်မှုအပိုင်းများတွင် အားနည်းနေသည်ဟုဆိုသည်။

ထို့ပြင် အောက်ခြေတရားဥပဒေစိုးမိုးရေးကို ဖြည့်ဆည်းပေး ရမည့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ (ဥပမာ-ရဲဌာန)၏ စွမ်းရည် တွေကလည်း အားနည်းနေသေးသည်ဟု ဦးဌေြး<ွကယ်က ဆိုသည်။
''ပြည်သူလူထုကိုခြိမ်းခြောက်ဖို့မဟုတ်ဘဲနဲ့ ပြည်သူလူထုကို ကာကွယ်ပေးမယ်ဆိုတဲ့အစိုးရတစ်ရပ်မျိုးအထိသွားနိုင်ဖို့ လိုအပ်ပါ တယ်''။

သမ္မတ၏ အားသာချက် (သို့) အကျိုး

မိမိတို့ရန်ကုန်တိုင်းမ်မှတွေ့ဆုံမေးမြန်းခဲ့သူများ၏ အဆိုအရတော့ ဦးသိန်းစိန်အစိုးရ၏ လုပ်ဆောင်ခဲ့သမျှထဲ တွင် နိုင်ငံရေးအကျဉ်းသားများလွတ်ငြိမ်းချမ်းသာခွင့်ပေး ခဲ့သည့်လုပ်ရပ်သည် အအောင်မြင်ဆုံးဖြစ်သည်ဟုဆိုသည်။

''လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စတွေဆိုရင် တော်တော် ထင်သာမြင်သာရှိတဲ့လုပ်ဆောင်ချက်ကောင်းပါ''ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရှိန်ကျော်ဝင်းက ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်း လဲမှုပြုလုပ်ရာတွင် ပါဝင်သင့်သူနိုင်ငံသားအားလုံးပါဝင် နိုင်စေရန်အတွက် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်း ကျခံရသူများအပါအဝင် ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ပေါင်း(၄၉)ကြိမ်ခွင့်ပြုခဲ့ရာ အကျဉ်းသားပေါင်း ၆၈ဝဝဝ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်ဟု ပြီးခဲ့သည့် မတ်၂၄ ရက်တွင် ဦးသိန်းစိန်ကထုတ်ပြောခဲ့သည်။
ထို့ပြင်အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများ တွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား မိခင်နိုင်ငံ အတွင်းသို့ပြန်လာနိုင်ရေးအတွက် ဖြေလျှော့မှုများပြုလုပ် ခဲ့သည့်လုပ်ရပ်ကိုလည်း မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော် လင်းဦးကကြိုဆိုသည်။

အလားတူ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ရာတွင်လည်း ယခင်စစ်အစိုးရလက်ထက်က နိုင်ငံရေးရန်ဘက်များဖြစ်ခဲ့ သည့် နိုင်ငံရေးအင်အားစုများကို ပြေလည်အောင်ဆောင် ရွက်နိုင်ခြင်းသည်လည်း ဦးသိန်းစိန်အစိုးရအတွက် အား သာချက်တစ်ခုဖြစ်သည်ဟု ဦးကျော်လင်းဦးက အသိအမှတ် ပြုသည်။
''ရလဒ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆို ရင် လွှတ်တော်ထဲတောင် ရောက်နေပြီ။ နိုင်ငံရေးဖြစ်စဉ် တွေထဲမှာ ပါနေပြီ''။

အထူးသဖြင့် သူ့အစိုးရအဖွဲ့လက်ထက်တွင်မှ တစ် ကျော့ပြန်ဖြစ်ပွားခဲ့သည့်ပြည်တွင်းစစ်ကိုရပ်တန့်ဖို့ ဦးသိန်း စိန်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်း ရင်းသားခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုကို ပိုမိုအရှိန်မြှင့်လာသည်ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးပြုံးချိုက ထောက်ခံ သည်။

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနှင့် အမျိုးသားစည်းလုံး ညီညွတ်မှုဆိုသည်က သမိုင်းထဲတွင်ပဲမြင်တွေ့ရခဲ့သည်။ ထိုအချိန်က ကိုလိုနီခေတ်တို့၊ ဖက်ဆစ်လက်အောက်က လွတ်မြောက်ဖို့အတွက်ဆောင်ရွက်ရာမှာ စည်းစည်းလုံးလုံး လုပ်ခဲ့ကြတာမို့သာ၊ နောက်ပိုင်းတွင် စည်းလုံးမှုပြိုကွဲကုန် ပြီး ဟာကွက်ပျော့ကွက်တွေပိုများလာသည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရှိန်ကျော်ဝင်းက ပြောသည်။

''အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကိုရဖို့ဆိုရင် အချိန်ယူ ရမယ်၊ ယုံကြည်မှုရအောင်ယူနေရတော့ ထင်တိုင်းမပေါက် ဘဲ အခြေအနေကောင်းမလိုလိုဖြစ်ခဲ့တယ်။ မျှော်လင့်ချက် တော့ရှိနေပြီ။ အခက်အခဲတော့ရှိနေဦးမှာပဲ''ဟု ဦးရှိန်ကျော် ဝင်းက ယူဆသည်။
ထို့ပြင် သဘာဝပတ်ဝန်းကျင်အရေးကိုအကြောင်းပြ ကာ သူ့သက်တမ်းအတွင်းရပ်ဆိုင်းခဲ့သော မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီးလည်း ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင်တို့၏ထောက်ခံမှုကို သမ္မတဦးသိန်းစိန်ရရှိခဲ့သေးသည်။ အဆိုပါဆုံးဖြတ်ချက်ကို အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထောက်ခံအားပေးခဲ့သည်။

ယင်းသို့ သမ္မတဦးသိန်းစိန်၏လုပ်ဆောင်ချက်များ အနက် အသိအမှတ်ပြုဖွယ်ရာများမြင်တွေ့ရသလို မအောင် မြင်မှုများ၊ အားနည်းချက်များ၊ အပြောနှင့်အလုပ် ရှေ့နောက် မညီမှုများကလည်းရှိနေသေးသည်။

သမ္မတ၏ အားနည်းချက်(သို့) အပြစ်

''သူပြောခဲ့တဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန့်ရှင်း တဲ့အစိုးရ ပုံစံဖြစ်အောင်လုပ်မယ်ဆိုတဲ့ကိစ္စကတော့ ခုထက် ထိ ဖြစ်ဖို့ခဲယဉ်းနေသေးတယ်ဆိုတာပဲ''ဟု မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးက ထောက်ပြသည်။

၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာသိမ်းအစိုးရလက် ထက်အဆက်ဆက်တွင် တိုင်းပြည်၏အုပ်ချုပ်ရေးယန္တရား ကြီးတစ်ခုလုံးပျက်စီးသွားခဲ့တော့ လပိုင်း၊ နှစ်ပိုင်းအတွင်း ပြုပြင်ဖို့မလွယ်ကူသည်ကို နားလည်သော်လည်း ဦးသိန်း စိန်အစိုးရအနေဖြင့် ဖြစ်နိုင်ခြေရှိမည့်ပုံစံကောင်းအချို့ ရရှိအောင်သာ ဆောင်ရွက်နိုင်မည်ဟုသူက ယူဆသည်။

တစ်ချိန်တည်းတွင် သန့်ရှင်းသောအစိုးရတစ်ရပ်ဖြစ် ဖို့ဆိုရင်လည်း အစိုးရအဖွဲ့ဝန်ထမ်းတွေအားလုံးသည် အဂတိ တရားကင်းရှင်းဖို့၊ လာဘ်ပေးလာဘ်ယူမှုကင်းရှင်းဖို့လို အပ်သည်။ သို့အတွက် ဝန်ထမ်းများကို နိုင်ငံတကာအဆင့် လုပ်ခလစာနှုန်းထားပေးနိုင်ဖို့သည် သမ္မတဦးသိန်းစိန်အ တွက် မဟာအခက်အခဲတစ်ရပ်ဖြစ်နေသည်ဟု ဦးကျော် လင်းဦးက သုံးသပ်သည်။

သူ့ရဲ့သမ္မတသက်တမ်းစကတည်းကပြောဆိုခဲ့သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်သည်လည်း အကောင် အထည်မြင်တွေ့ရန် မှုန်ဝါးနေဆဲဖြစ်သည်ကို ¤င်းကယခု လိုပြောသည်။
''အချို့လဲပြောကြတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးက ထိပ်ပိုင်းမှာပဲရှိနေပြီး အောက်ခြေမှာ ဘာမှမပြောင်း လဲဘူးတဲ့။ အောက်ခြေလူတန်းစားတစ်ရပ်လုံးမှာ ဆင်းရဲမွဲ တေမှုမလျှော့ချနိုင်သေးဘူး၊ ဆင်းရဲနေတုန်းပဲ''။

ဆင်းရဲမွဲတေမှုလျှော့ချဖို့အတွက်ဟုဆိုကာ နိုင်ငံတကာ အကူအညီများကိုအသုံးပြုရာတွင်လည်း တကယ်တမ်းအ ချက်အလက်များဖြင့် ပွင့်လင်းမြင်သာမှုရှိရှိကိုင်တွယ်ဖြေ ရှင်းသည်ကိုမတွေ့ရဟု စီးပွားရေးပညာရှင် ဦးတင်သန်းဦး ကဆိုသည်။
''ဆိုလိုတာက နိုင်ငံတကာအကူအညီတွေကိုလိုချင်လို့ အမည်ခံ လိုက်လုပ်ပေးနေရတဲ့ပုံစံမျိုးဖြစ်နေတာ။ တကယ့် အတွင်းကျကျ ရည်ရွယ်ချက်နဲ့ပြောင်းလဲစေတဲ့လုပ်ငန်းစဉ် နဲ့ ဆင်းရဲသားတွေခံစားရတာ မရှိဘူး''ဟု ¤င်းက ဆိုသည်။

ဦးသိန်းစိန်အစိုးရသည် ဆင်းရဲသားများဝင်ငွေတိုး တက်ဖို့ကိုဆောင်ရွက်နေသည်ဆိုသော်လည်း သိသာသော တိုးတက်ပြောင်းလဲမှုကို ယနေ့ထိမမြင်တွေ့ရသေးဟု ဦးဌေး ကြွယ်ကဝေဖန်သည်။ အလားတူ ပညာရေးကဏ္ဍ၊ ကျန်း မာရေးကဏ္ဍတို့တွင်လည်း ပြုပြင်ပြောင်းလဲမှုမလုပ်နိုင် သေးဟု ¤င်းကဆိုသည်။

ကျေးလက်ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆင်းရဲသား ပပျောက်ရေး၊ မူလတန်းကျောင်းတွေ အဆင့်တိုးမြင့်ရေး စသဖြင့်ရည်မှန်းချက်များထားကာ ပြောဆိုလုပ်ကိုင်နေပေ မယ့် သီးခြားရန်ပုံငွေသုံးစွဲနိုင်မှုနည်းပါတာ၊ ပူးပေါင်းဆောင် ရွက်နိုင်မှုအားနည်းတာတွေကြောင့် ယခုချိန်အထိ ထိထိ ရောက်ရောက်လုပ်နိုင်သည်ကို မတွေ့ရသေးဟု ဦးဌေးကြွယ် က ဆိုသည်။

''အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေး တယ်ဆိုပြီး နောက်ထပ်နိုင်ငံရေးအကျဉ်းသားတွေ ဖြစ် လာအောင် ပိတ်ပင်ထားတဲ့၊ ခွင့်ပြုပေးထားတဲ့ ဥပဒေ တွေကို ပြင်ဆင်ဖို့ကိစ္စတွေမှာ အားနည်းနေတယ်။ မလို အပ်တဲ့ဥပဒေတွေကို ဖျက်သိမ်းနိုင်ဖို့ဆိုတဲ့ကိစ္စတွေမှာ တော်တော်ကြီးကို နှေးနေတယ်''ဟု ¤င်းက ဦးသိန်းစိန် အစိုးရ၏ အားနည်းချက်များကို ထောက်ပြသည်။

ယခုလိုဦးသိန်းစိန်အစိုးရ၏အားနည်းချက်များအ ပြင် ¤င်းအစိုးရအဖွဲ့၏ကျန်ရှိနေသေးသော နှစ်နှစ်တာ သက်တမ်းအတွက် အကြီးမားဆုံးဖြေရှင်းရမည့် စိန်ခေါ် မှုများလည်း ရှိသေးသည်။
သမ္မတဖြေရှင်းရမည့်

အကြီးမားဆုံးပြဿနာများ

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ အဓိကကြုံတွေ့ နေရသည့် လယ်ယာမြေသိမ်းဆည်းခံရမှုပြဿနာသည် ဦးသိန်းစိန်အစိုးရအတွက် စိန်ခေါ်မှုအရှိဆုံးပြဿနာ ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦး က ဟောကိန်းထုတ်သည်။
အဆိုပါပြဿနာများသည် ပြီးခဲ့သော စစ်အစိုးရ လက်ထက်က မတရားအရမ်းကာရော၊ စွတ်လုပ်ခဲ့သည့် လုပ်ရပ်များ၏ရလဒ်ဖြစ်သည်။

''တိတိကျကျ အထောက် အထားနဲ့သိမ်းခဲ့တာမဟုတ်ဘဲ သိမ်းချင်တာ လက်ညှိုးထိုး ပြီးအတင်းလုပ်ခဲ့တာ။ အခုပွင့်လင်းလာတဲ့ အစိုးရသစ် လက်ထက်မှာတော့ လယ်သမားတွေက ငုံ့မခံတော့ဘဲ ပြန် တောင်းဆိုကြတော့ ပြန်ပေးမယ်လုပ်တဲ့အခါ စာရင်း ဇယားတွေကအများကြီး ရှုပ်ထွေးနေတယ်''ဟု ဦးကျော် လင်းဦးက ဆိုသည်။ ¤င်းက ယခုလိုလည်း ဥပမာပေးပြီး သုံးသပ်ပါသေးသည်။

''ဥပမာ- စစ်တပ်ဆိုရင် တပ်မြေအတွက် မြေသိမ်း ရင် သူတို့လိုအပ်တာထက် ငါးဆလောက်ပိုသိမ်းထားတာ မျိုးတွေရှိတယ်။ မြေယာပြဿနာဟာ ဦးသိန်းစိန်အစိုးရ အတွက် တော်တော်ကိုကြီးတဲ့ပြဿနာကြီးဖြစ်သလို တော် တော်နဲ့ဖြေရှင်းဖို့မလွယ်တဲ့ ပြဿနာကြီးပဲ။ လာမယ့်ရွေး ကောက်ပွဲမှာ ဦးသိန်းစိန်အနေနဲ့ပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးပါတီ အနေနဲ့ပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာမဲရှုံးရင် အဲဒီကိစ္စကြောင့် ရှုံးတာပဲဖြစ်လိမ့်မယ်''။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရှိန်ကျော်ဝင်း ကလည်း ထိုအယူအဆနှင့်ဥပမာကို လက်ခံသည်။ မြေ သိမ်း ယာသိမ်းကိစ္စရပ်များသည် တိုင်းပြည်လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းခန့်ရှိသော တောင်သူလယ်သမားများ၏ စီးပွားရေးကိစ္စဖြစ်သောကြောင့် ဦးသိန်းစိန်အစိုးရအ နေဖြင့် ¤င်းပြဿနာကိုမဖြေရှင်းနိုင်ပါက နိုင်ငံရေးအရ စည်းရုံးရေးလုပ်ငန်းစဉ်များတွင် အခက်အခဲတစ်ရပ်ဖြစ် လာနိုင်သည်ဟု ဦးရှိန်ကျော်ဝင်းကယူဆသည်။

ယင်းသို့ မြေသိမ်းယာသိမ်းအမှုများတွင် မူလပိုင် ရှင်များကိုပြန်ပေးနိုင်ဖို့အတွက် ပီပြင်သည့်လယ်ယာမြေ ဥပဒေမရှိသေးဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဌေးကြွယ်ကယူဆသည်။ လယ်လုပ် သူသည် တကယ်ပဲလယ်ပိုင်ခွင့်ရှိသလား၊ လယ်လုပ်ပိုင် ခွင့်ပဲရှိတာလားဆိုသည်က ပီပြင်မှုမရှိသေးဘဲ ကြားအ ဖြေတစ်ခုဖြစ်သည့် မှတ်ပုံတင်ခွင့်ပေးသည့် အဆင့်သာရှိ သေးသည်ဟု ဦးဌေးကြွယ်ကဆိုသည်။
''အထူးသဖြင့် တကယ်နစ်နာတဲ့သူတွေကို ဖြည့် ဆည်းမှုပေးတဲ့အပိုင်းတွေ၊ ညှိနှိုင်းမှုပေးတဲ့အပိုင်းတွေမှာ အစိုးရအဖွဲ့ရဲ့ဖြေရှင်းနိုင်မှု အားနည်းနေပါတယ်''။

နောက်ထပ်ဦးသိန်းစိန်အစိုးရအတွက် ရင်ဆိုင်ဖြေ ရှင်းရမည့် အကြီးမားဆုံးသောပြဿနာသည် ပြည်တွင်း ထိပ်ပိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးများက လက်ဝါးကြီး အုပ်ထားသော စီးပွားရေးပုံစံပင်ဖြစ်သည်ဟု ဦးကျော် လင်းဦးကဆိုပါသည်။
သမ္မတဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံ၏ စီးပွား ရေးမူဝါဒကို ဈေးကွက်စီးပွားရေးစနစ်ဟု ပြောဆိုခဲ့သော် လည်း လက်တွေ့တွင် ယခင်အစိုးရနှင့်ပတ်သက်ဆက် နွှယ်နေသောလုပ်ငန်းရှင်ကြီးများ၊ နီးစပ်သူများကသာ ငွေကြေးကို အခြေခံ၊ တိုင်းပြည်၏ စီးပွားရေးလုပ်ငန်း လုပ်ကွက်ကြီးများတွင် လက်ဝါးကြီးအုပ်ထားသည်ဟု သူကဆိုသည်။
''အဲဒီလက်ဝါးကြီးအုပ်ထားတာကို ပြန်ပြီးထိန်းချုပ် ဖို့၊ ကန့်သတ်ဖို့က လက်ရှိအစိုးရမှာအခက်အခဲတွေရှိနေ တယ်''ဟု ဦးကျော်လင်းဦးက ယူဆသည်။

ထိုအရေးကိုဖြေရှင်းဖို့ ထွက်ပေါက်တစ်ခုအဖြစ် နိုင်ငံ ခြားသားရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်ကာ လွတ်လပ် သောရင်းနှီးမြှုပ်နှံမှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် စားသုံး သူတွေကို လွတ်လပ်စွာရွေးချယ်နိုင်သည့် ဈေးကွက်ပုံစံ မျိုးကိုပုံဖော်ဖို့ ဦးသိန်းစိန်အစိုးရ ကြိုးပမ်းခဲ့သည်။ သို့ သော် ထိုသို့သောတံခါးကျယ်ကျယ်ဖွင့်သည့် ဦးသိန်းစိန် ၏အစိုးရအဖွဲ့ကို အဓိကဆန့်ကျင်နေသည်က လွှတ်တော် ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် လွှတ်တော်ဥက္ကဋ္ဌ ကိုယ် တိုင်က ''ကိုယ့်တိုင်းပြည်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် တွေက မတည်ငြိမ်သေးဘူး။ မအောင်မြင်သေးတဲ့အခြေ အနေမှာ ဈေးကွက်ကိုတံခါးဖွင့်ပေးလိုက်ရင် နိုင်ငံခြား က လာမယ့်အရင်းအနှီးအလုံးအရင်းတွေကြောင့် ပြည် တွင်းလုပ်ငန်းရှင်တွေကို နစ်နာသွားမှာကို စိုးရိမ်တယ်''ဆိုသည့်သဘောမျိုးပြောလာတော့ ဈေးကွက်ဖော်ဆောင် ရေးလုပ်ငန်းစဉ်တွေအပေါ် အဟန့်အတားအများကြီး ဖြစ်စေသည်ဟု ¤င်းကဆိုသည်။

''လက်ဝါးကြီးသာ အုပ်ထားတယ်၊ စားသုံးသူတွေ အတွက် ကျေနပ်လောက်တဲ့ဝန်ဆောင်မှုတွေကို မပေး နိုင်ဘူး။ တယ်လီဖုန်း၊ အင်တာနက်နဲ့ တခြားလုပ်ငန်းတွေ ကအစဆိုတော့ ဈေးကွက်စီးပွားရေး ပီပြင်တယ်လို့ကို ပြောလို့မရဘူး''။

ဈေးကွက်စီးပွားရေးဆိုသည်က ပြည်ပရင်းနှီးမြှုပ်နှံ သူတွေကို ဖိတ်ခေါ်ရမည်၊ လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ကို အားပေးရမည်၊ လွတ်လပ်စွာယှဉ်ပြိုင်မှုအတွက် လိုအပ် သည့်ပံ့ပိုးမှုတွေကို အစိုးရနှင့်လွှတ်တော်က ပူးပေါင်းလုပ် ဆောင်ရမည့်သဘောရှိသည်။

လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း နယ်ပယ် အဝန်းအဝိုင်းထဲတွင် လုပ်ငန်းရှင်များကိုယ်တိုင်က လွှတ် တော်ကိုယ်စားလှယ်များဖြစ်နေသည်။ အစိုးရအဖွဲ့တွင် လည်း လုပ်ငန်းရှင်ကြီးများကိုယ်တိုင်က ဝန်ကြီးအဆင့်၊ ဒုဝန်ကြီးအဆင့်များဖြစ်နေသည်။ သို့အတွက် လုပ်ငန်း ရှင်ကြီးများ၏ လက်ဝါးကြီးအုပ်လိုမှုသည် လွှတ်တော်မှ ထွက်လာသည့် ဥပဒေများတွင်ရော၊ အစိုးရအဖွဲ့မှ ထွက် လာသည့်ဥပဒေများ၊ မူဝါဒများအပေါ်တွင်ပါ လွှမ်းမိုးမှု အများဆုံးရှိသည်ဟု ဦးကျော်လင်းဦးက ယူဆသည်။
''နိုင်ငံတကာလုပ်ငန်းရှင်တွေ မလာသရွေ့ကတော့ လုပ်ငန်းရှင်တွေရဲ့ လက်ဝါးကြီးအုပ်မှုကို ပြည်သူလူထုအ နေနဲ့၊ စားသုံးသူတွေအနေနဲ့ ခါးစည်းပြီးခံနေရဦးမှာပဲ''။

ထို့အပြင် တိုင်းပြည်အတွင်းဝင်ရောက် ရင်းနှီးမြှုပ်နှံ ဖို့အတွက် နိုင်ငံတကာလုပ်ငန်းရှင်ကြီးများကို ဖိတ်ခေါ် နေသည်ဆိုသော်လည်း တရုတ်လွှမ်းမိုးနေသည့် စီးပွား ရေးစာချုပ်များရှိနေသဖြင့် နောက်ထပ်ဆန့်ကျင်ဘက် စီးပွားရေးလုပ်ငန်းများ၏ အခွင့်အလမ်းနည်းပါးမှုကိစ္စ သည်လည်း အကြီးဆုံးပြဿနာတစ်ရပ်ဟု စီးပွားရေးပညာ ရှင် ဦးတင်သန်းဦးကဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ နှစ်ခု(တရုတ်၊ အိန္ဒိယ)အကြားတွင်ရှိနေသည့်အတွက် ကုန်ပစ္စည်းထုတ်ကုန်များကို အဓိကဖြုန်းတီးနိုင်မည့် ဧရာမ ဈေးကွက်ကြီးတစ်ခုဖြစ်ကြောင်း နိုင်ငံတကာလုပ်ငန်း ရှင်ကြီးများက သိကြပါသည်။ သို့သော် ပြည်တွင်းရေး မတည်ငြိမ်၊ မငြိမ်းချမ်းမှု၊ စာရင်းဇယားမရှိဘဲ ဟိုလူ့ပေး ရ၊ ဒီလူ့ပေးရသည့် ကုန်ကျစရိတ်တွေ ပိုများနေခြင်းက သူတို့(နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတို့)အတွက် ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နေရခြင်းဖြစ်သည်ဟု ဦးတင် သန်းဦးက ယူဆသည်။

''နိုင်ငံတကာမှာမရှိတဲ့ တရားမဝင်ကုန်ကျစရိတ်က မြန်မာပြည်မှာ အကြီးမားဆုံးသောပြဿနာပဲ''။ ထို့ပြင် သမ္မတဦးသိန်းစိန်အတွက် တခြားသောပြဿနာရပ်များ ကလည်း ဒုနဲ့ဒေးရှိနှင့်နေသေးသည်ဟု ¤င်းက ဆိုသည်။

သမိုင်းလှအောင် ရေးမည်

သမ္မတဦးသိန်းစိန်ကတော့ သူတာဝန်ထမ်းဆောင် စဉ်အတွင်း တိုင်းပြုပြည်ပြု ဘယ်လောက်စွမ်းဆောင်နိုင် ခဲ့တယ်ဆိုတာကိုသမိုင်းတင်ခဲ့မည်ဖြစ်ကြောင်း သူ့ရဲ့သမ္မတ သုံးနှစ်ပြည့်သက်တမ်းတွင်ထည့်ပြောခဲ့သည်။ ညင်သာ သောဒီမိုကရေစီအပြောင်းအလဲကို တည်ငြိမ်အေးချမ်းစွာဖော်ဆောင်ခဲ့တယ်ဆိုတဲ့ လှပတဲ့သမိုင်းကို ရေးထိုးနိုင် ဖို့ သူ့တွင် ဆန္ဒရှိနေသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သော အမျိုးသားပြန် လည်သင့်မြတ်ရေးဆိုသည့်အပိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အဓိကဖြေရှင်းရမည့်ကိစ္စဟု ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးဌေြး<ွကယ်က ပြောသည်။ ငြိမ်း ချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးမရှိဘဲ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုသည်က ဘယ်လိုမှမဖြစ်နိုင်ဟု သူက ယူဆသည်။

''ပြည်သူကနေ ရွေးချယ်တဲ့အရပ်သားအစိုးရတက် နိုင်ဖို့၊ ပြည်သူရဲ့အဆုံးအဖြတ်ကိုခံနိုင်ဖို့၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ချောမွေ့နိုင်ဖို့ဆိုရင် အမျိုးသားပြန် လည်သင့်မြတ်ရေးကိုအဓိကဖြေရှင်းရမှာပါ''ဟု ဦးဌေးြ<ွကယ်က တိုက်တွန်းသည်။

မည်သို့ဆိုစေ လက်ရှိသမ္မတဦးသိန်းစိန်၏ အစိုးရ အဖွဲ့ကြုံတွေ့နေရသောလုပ်ငန်းစဉ်များ၊ ပြဿနာများ သည်ကား သူ၏ငါးနှစ်တာသက်တမ်းဖြင့် ဖြေရှင်းနိုင်ရန် မလွယ်ကူပါ။ သို့နှင့် ၂ဝ၁၅ ခုနှစ်အလွန်တွင် သူပဲ အစိုးရ ဆက်ဖြစ်မလား၊ တခြားတစ်ယောက်ပဲ အစိုးရဖြစ်လာ မလားဆိုသည်က ယခုထိဝေဝေဝါးဝါးရှိနေဆဲ။ အကယ် ၍သာ သမ္မတဦးသိန်းစိန်က အစိုးရဆက်မဖြစ်ခဲ့လျှင် လက်ရှိသူလုပ်နေသည့် လုပ်ငန်းများကပုံစံပြောင်းသွား နိုင်မလားဆိုသည်က စောင့်ကြည့်ရမည်ဖြစ်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကိုသာကြည့်လျှင် လက်ရှိအခြေ အနေအရ နီးနီးစပ်စပ်ဖြစ်နေပေသော်လည်း ဦးသိန်းစိန် အစိုးရဆက်မဖြစ်တော့ပါက ပြည်တွင်းငြိမ်းချမ်းရေးနောက် ကြောင်းပြန်ဆုတ်သွားမလားဆိုသည်ကို ဘယ်သူမှ တပ် အပ်ပြောနိုင်မည်မဟုတ်ဟု မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးက ဆိုသည်။

''ဦးသိန်းစိန်က တိုင်းရင်းသားတွေအပေါ်မှာ ကတိ ကဝတ်တွေထားခဲ့ပေမယ့် နောက်တက်လာမယ့်အစိုးရက အဲဒီ ကတိကဝတ်တွေကိုဖျက်သွားလိုက်ရင် ပြည်တွင်း စစ်ကဆက်ဖြစ် တစ်ကျော့ပြန်လာနိုင်တဲ့ အနေအထားမျိုး တွေရှိနေတယ်''။ ။

အတိတ်ကာလက မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့သမားတစ်ဦး

တင်ထွန်း၊စက်မှု-၂၊ငြိမ်း၊
(ရွှေအမြုတေ မဂ္ဂဇင်း


အတိတ်ကာလ မြန်မာ့ဂုဏ်ဆောင် အားကစား သမားတွေထဲမှာ မြန်မာ့လက်ဝှေ့ အားကစားသမား ကျားဘညိမ်း ဆိုတဲ့ ပုဂ်္ဂိုလ်တစ်ဦး ရှိခဲ့ဖူးပါတယ်။
ကျားဘညိမ်းက ကျွန်တော့် ဖခင်နဲ့ သက်တူ ရွယ်တူပါ။ အချိန်ကာလက ခရစ်နှစ် ၁၉၅၅-၅၆ ဖြစ်ပြီး ရက်တစ်ရက်မှာ အောင်ဆန်း အားကစားပြိုင်ကွင်းကို ကျွန်တော့်ဖခင်နဲ့ လိုက်ပါခဲ့ရင်း (National Fitness Council) လို့ခေါ်တွင်တဲ့ အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီကို ရောက်သွားပါတယ်။ အဲဒီ အဆောက်အအုံရှေ့မှာ အထက် ပန်းဆိုးတန်းလမ်း ရှိပြီးလမ်းရဲ့ မျက်နှာချင်း ဆိုင်မှာ စိန့်ဂျိုးဇက်ကွန်ဗင့် အမျိုးသမီး အထက်တန်းကျောင်း (St. Joseph’s Convent) (အခု အထက ၃ မင်္ဂလာတောင်ညွန့်) ဖြစ်ပါတယ်။ ကျွန်တော်ကတော့ စိန့်အန်ထော်နီ ယောက်ျားကလေး အထက်တန်းကျောင်း (St. Anthony’s High School) အခု အထက ၄ မင်္ဂလာ တောင်ညွန့်မှာ ကျောင်းတက်နေတုန်းကာလ ဖြစ်ပါတယ်။
ဖခင်နဲ့ ကျွန်တော်တို့ အဲဒီ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီကို ရောက်လာကြတဲ့ အခါ ဖခင်က သူ့မိတ်ဆွေ တစ်ဦးနဲ့ ကျွန်တော့်ကို မိတ်ဆက် ပေးခဲ့ပါတယ်။
“မင်း ဒီအန်ကယ်လ်ကို သိလား” လို့လည်း ဖခင်က ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်က မသိကြောင်းကို ဦးခေါင်း ခါပြလိုက်ပါတယ်။

အဲဒီမှာ ဖခင်က ကျွန်တော့်ကို-
“အဲဒါ မြန်မာ့လက်ဝှေ့ချန်ပီယံ အန်ကယ်လ် ကျားဘညိမ်းပဲ။ မင်း မှတ်ထား၊ နောင်ကိုတွေ့ရင် မင်းက အရင်နှုတ်ဆက်” လို့ ပြောကြားပါတယ်။ ကျွန်တော်လည်း ဖခင်ကို “ဟုတ်ကဲ့”လို့ ပြန်ပြောပြီး  ဦးခေါင်း ညိတ်ပြလိုက်ပါတယ်။ ဖခင်က ကျွန်တော်ဟာ သူ့သား ဖြစ်တယ်လို့ ပြောတဲ့အခါ အန်ကယ်လ် ကျားဘညိမ်းက ကျွန်တော့်ကို ကြည့်ပြီး ပြုံးရယ်ပြပါတယ်။

အဲဒီအချိန် ကာလက အန်ကယ်လ် ကျားဘညိမ်းဟာ ပြိုင်စံရှားတဲ့ မြန်မာ့ လက်ဝှေ့ကျော် အားကစားသမား တစ်ဦး ဖြစ်ပြီး အန်ကယ်လ် ကျားဘညိမ်းတို့ ခေတ်မှာ ကျွန်တော် သိရှိခဲ့တဲ့ မြန်မာ့ လက်ဝှေ့ အားကစား သမားများမှာ ဘောက်ဆာ (Boxer) မဂျစ်၊ သိန်းမြင့်၊ ဂျိတ်ဘာဝါးနဲ့ နီနီတို့ဖြစ်ကြပြီး ကျွန်တော် မှတ်မိသမျှ ရေးသား တင်ပြတာ ဖြစ်လို့ အဲဒီ အချိန်ကာလက ကျွန်တော့် အသက်အရွယ်ကလည်း ဆယ်ကျော်သက် ဖြစ်နေတာမို့ ကျွန်တော် မမှတ်မိတဲ့ လက်ဝှေ့ အားကစားသမား များလည်း ရှိကြမှာ ဖြစ်ပါတယ်။
အဲဒီ အချိန် ကာလမှာ နာမည်ကျော် မြန်မာ့ လက်ဝှေ့ကျော် အားကစား သမား တစ်ဦးလည်း ရှိခဲ့ပါတယ်။ သူကတော့ ကြေးစားလက်ဝှေ့ သမားဖြစ်တဲ့ ဘောက် ဆာမောင်သောင်းပါ။ သူက အိနိ္ဒယ နိုင်ငံနဲ့ အနောက် နိုင်ငံတွေမှာ ကြေးစား လက်ဝှေ့ ထိုးသတ် နေချိန်လည်းဖြစ်ပြီး အန်ကယ်လ်ကျားဘညိမ်းလို မြန်မာ့ လက်ဝှေ့ကျော် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူက ကြေးစား လက်ဝှေ့သမား တစ်ဦးပါ။
မြန်မာ့လက်ဝှေ့ လောကမှာ အန်ကယ်လ် ကျားဘညိမ်းက မြန်မာ့ လက်ဝှေ့ကို ကမ္ဘာက သိရမယ် ဆိုတဲ့ ခံယူချက်နဲ့ အညီ တစ်ခေတ်မှာ တစ်ခါသာ ပေါ်ထွန်းခဲ့တဲ့ မြန်မာ့ လက်ဝှေ့ အားကစားသမား တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်လွှား လက်ဝှေ့လောကမှာ လူသိများခဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။
အန်ကယ်လ်ကျားဘညိမ်းရဲ့ မိတ်ဆွေ ကျွန်တော့် ဖခင်ကလည်း အခြားသူ တစ်ဦး မဟုတ်ပါ။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်ကာလ မြန်မာ့ဘောလုံး လောကမှာ နာမည်ကျော် ဘောလုံး သမားတစ်ဦး ဖြစ်တဲ့ မြန်မာ့ မီးရထား ဘောလုံး အသင်းက နည်းပြ “ဘောဘုရား ဘာဘာ” ဖြစ်ပါတယ်။ ကျွန်တော့် ဖခင်ရဲ့ အဖေ၊ ကျွန်တော့် အဘိုးကလည်း မန္တလေးသား တစ်ဦးဖြစ်ပြီး ကျွန်တော် ငယ်စဉ် ကာလက မန္တလေးကို မကြာခဏ သွားရောက်ခဲ့ပါတယ်။
ခရစ်နှစ် ၁၉၅၅-၅၆ ၀န်းကျင်ကာလက အောင်ဆန်းကွင်း မြောက်ဘက်ဝင်းမှာ တင်းနစ်ကွင်း နှစ်ကွင်းရှိခဲ့ပြီး ကျွန်တော့်ရဲ့လက်ဦးဆရာ တင်းနစ်နည်းပြက ဆရာ ဦးခင်မောင်သန်း ဖြစ်ပြီး အခုတော့ ကွယ်လွန် သွားရှာခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် အဲဒီကွင်းမှာ တင်းနစ် ကစားပြီးတိုင်း (N.F.C) လို့ခေါ်တဲ့ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီရုံးကို သွားရောက်ပြီး ရေသောက်လေ့ ရှိပါတယ်။ တစ်ခါတစ်ရံမှာ အန်ကယ်လ်ကျားဘညိမ်းနဲ့ တွေ့ဆုံတဲ့ အခါမှာလည်း ကျွန်တော်က လေးလေးစားစား နှုတ်ဆက်တဲ့ အခါ အန်ကယ်လ်ကျားဘညိမ်းကလည်း ကျွန်တော့်ကို ပြန်နှုတ်ဆက်ပြီး သူနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းကိုလည်း ကျွန်တော့် အဖေအား ပြန်ပြောပြဖို့ မှာကြားလေ့ ရှိပါတယ်။
အန်ကယ်လ် ကျားဘညိမ်းကို အခုခေတ် လူငယ်များက သိရှိကြလိမ့်မယ် မဟုတ်ပါ။ ဒါပေမဲ့ အန်ကယ်လ် ကျားဘညိမ်း အကြောင်းကို ကြားဖူးကြသူတွေ ရှိကြသလို မကြားဖူးသူတွေလည်း ရှိကြပါတယ်။ အန်ကယ်လ် ကျားဘညိမ်းခေတ်ကို မီကြသူ များဟာ ဒီနေ့ ဒီအခါမှာ အသက် ၇၀ ကျော် အရွယ်တွေ ဖြစ်နေပါပြီ။ အဲဒီ အသက် အရွယ်ထက် ငယ်ကြသူတွေကတော့ သိရှိကြသူတွေ ရှိကြသလို၊ မသိရှိကြသူတွေ လည်း အများအပြား ရှိကြမှာပါ။
အန်ကယ်လ်ကျားဘညိမ်းဟာ မြန်မာ့ထီးနန်း စိုက်ခဲ့ရာ မြို့တော်ဖြစ်ခဲ့တဲ့ မန္တလေးမြို့သား တစ်ဦးဖြစ်ပြီး မျိုးချစ် စိတ်ဓာတ် အလွန်ပြင်းပြသူတစ်ဦးလည်း ဖြစ်ပါတယ်။ “မြန်မာကို ကမ္ဘာက သိရမယ်”ဆိုတဲ့ စိတ်ဓာတ် အရင်းခံပြီး လက်ဝှေ့ ပြိုင်ပွဲများကို ထိုးသတ်လေ့ ရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။ ပြိုင်ပွဲတွေ မှာလည်း လက်သံပြောင်ပြောင် ထိုးသတ်လေ့ ရှိပါတယ်။ နိုင်ပွဲများစွာကိုလည်း အောင်နိုင် ခဲ့ပါတယ်။ အန် ကယ်လ်ကျားဘညိမ်းဟာ မြန်မာ့လက်ဝှေ့ အားကစားဂုဏ်ဆောင် လက်ဝှေ့ သမားတစ်ဦး ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတွင်းမှာသာ မကဘဲ ပြည်ပ နိုင်ငံများ အထိ သူ့ရဲ့ဂုဏ်သတင်းက မွှေးပျံ့ခဲ့ပါတယ်။

မြန်မာ့ လက်ဝှေ့လောကမှာ အန်ကယ်လ် ကျားဘညိမ်းကို မြန်မာ့ အားကစား ပရိသတ်တွေသာ မကဘဲ အနောက်နိုင်ငံ လက်ဝှေ့ သမားများနဲ့ လက်ဝှေ့ ပရိသတ်တွေကပါ ကြည်ညို လေးစားကြတယ်လို့ လက်ဝှေ့သမား တစ်ဦးက ကျွန်တော့်ကို ပြန်ပြောပြခဲ့ တာမို့ သိခဲ့ရတာလည်း ဖြစ်ပါတယ်။ မြန်မာ့အားကစား ပရိသတ်ရဲ့ သဘော သဘာဝက လက်ရုံးရည်နဲ့ ယှဉ်ပြိုင်ရတဲ့ အားကစားကို အလွန် နှစ်သက်ကြပြီး အထူးသဖြင့် ဘောလုံး ပြိုင်ပွဲနဲ့ လက်ဝှေ့ ယှဉ်ပြိုင် ထိုးသတ်ပွဲတွေကို အလွန် စိတ်ဝင်စားကြပြီး အားပေးလေ့ ရှိတတ် ကြပါတယ်။
ကျွန်တော် ကိုယ်တိုင်ကလည်း မြန်မာ့ လက်ဝှေ့ပွဲတွေနဲ့ အခြား တိုင်းပြည်မှာ လက်ဝှေ့ ယှဉ်ပြိုင်ပွဲတွေကို ကြည့်ရှုတဲ့ အခါတိုင်း အန်ကယ်လ် ကျားဘညိမ်းကို အထူးလွမ်းဆွတ် သတိတရ ဖြစ်ရပြီး အန်ကယ်လ် ကျားဘညိမ်း ရဲ့ သားတစ်ယောက် ဖြစ်တဲ့ ဆရာ ဦးဝင်းငြိမ်း ဆီကိုလည်း စိတ်က ရောက်သွား တတ်ပါတယ်။
ဒီအချိန်မှာ ကျွန်တော်ဟာ ၀န်ထမ်း အဖြစ်ကနေ အငြိမ်းစား ယူထားပြီး အသက်ကလည်း ၆၅ အတွင်း ရောက် နေပါပြီ။ ကျွန်တော် ဖြတ်သန်း လာခဲ့ ရတဲ့ အတိတ် ကာလက ဘ၀ အတွေ့အကြုံတွေကို လစဉ်ထုတ် မဂ္ဂဇင်း တစ်ခုမှာ ရေးသားနေရင်း ကျွန်တော့် ဘ၀ရဲ့ နောက်ဆုံး နေ့တွေကို ဖြတ်သန်း နေပါတယ်။
အန်ကယ်လ် ကျားဘညိမ်းနဲ့ လက်ဝှေ့ အကျော်အမော် ဘောက်ဆာ (Boxer) မဂျစ်တို့ဟာ မင်္ဂလာတောင် ညွန့်မြို့နယ်မှာ ရှိတဲ့ ကျွန်တော့် ဖခင် နေအိမ်ကို မကြာခဏ ရောက်ရှိ လာတတ်ပြီး  အန်ကယ်လ် ကျားဘညိမ်းအကြောင်း ပြောနေတတ်ပါတယ်။ နေစောင်းတော့မှ ပြန်သွား ပါတော့တယ်။ ကျွန်တော်က သူတို့နှစ်ယောက် ပြောကြတဲ့ အကြောင်းအရာတွေကို  ခုထက်ထိ မှတ်မိနေပြီး ပြန်လည် သတိရ အောက်မေ့ပြီး အခုလို အလွမ်းပြေ ပြန်ဖောက်သည် ချနေတာဖြစ်ပါတယ်။
ကျွန်တော့် ဖခင်ဟာ  အန်ကယ်လ် ကျားဘညိမ်းနဲ့ ရင်းနှီးသလို ဘောက် ဆာ(Boxer) မဂျစ်နဲ့လည်း အလွန်ရင်းနှီး ပါတယ်။ ဒါပေမဲ့လည်း သင်္ခါရ လောကကြီးကို မလွန်ဆန် နိုင်ကြသူတွေ ဖြစ်ကြလို့ သူတို့အားလုံး ခုအချိန်မှာ တော့ လူ့ဘောင် လောကကြီးမှာ မရှိကြ တော့ပါ။ ကွယ်လွန် ကုန်ကြပြီ ဖြစ်ပါတယ်။ သက်ရှိ လူသားတွေဖြစ်ကြတဲ့ လူတွေကတော့ လူ့ဘ၀ဇာတ်ခုံကြီးပေါ် မှာ  ကိုယ့်အခန်းကို ကိုယ်တိုင် ကကြ ရပြီးနောက် မိမိရဲ့ အခန်းပြီးဆုံးတဲ့ အခါမှာ ဇာခန်းဆီး လိုက်ကာကြီး အပေါ်ကနေ ကျလာပြီး တစ်ဘ၀ တစ်ဇာတ်သိမ်း သွားကြရတာပဲ ဖြစ်ကြပါတယ်။

ဒီ့အတွက် ကျွန်တော့်ဘ၀ မချုပ် ငြိမ်းခင် ကာလမှာ ကျွန်တော်ဖြတ်သန်း လာခဲ့ရတဲ့ အတိတ်ကာလက အမှတ် တရ ဖြစ်ရပ်တွေကို စာပေ ပရိသတ် သိရှိ စေလိုတဲ့ အတွက် ပြန်လည် ရေးသား ဖော်ပြရင်း ကျွန်တော့်ရဲ့ ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။
ဒီဆောင်းပါးနဲ့ အတူ ၁၉၅၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်ထုတ် မန္တလေး လူထု သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျွန်ုပ်တို့ ကျားကြီး နိုင်ခြင်း သတင်း ဆောင်းပါးကို ပူးတွဲ ဖော်ပြပြီး အန်ကယ်လ် ကျားဘညိမ်း(ဦးကျားဘညိမ်း)ကို ဂုဏ်ပြု လိုက်ပါတယ်။
(မူရင်းသတ်ပုံ အတိုင်း)

ကျွန်ုပ်တို့ ကျားကြီးနိုင်ခြင်း
ရန်ကုန်မြို့ အောင်ဆန်းကစား ကွင်းကြီး၌ ဇန်န၀ါရီလ ၁၆ ရက်နေ့ညက သီဟို လက်ဝှေ့ကျော် ၇ ဦးနှင့် မြန်မာ လက်ဝှေ့ကျော်များ တွေ့ဆ ထိုးသတ်ကြရာ ပွဲ ၇ ပွဲ အနက်တွင် မြန်မာတို့က ၄ ပွဲ နိုင်ပြီး သီဟိုတို့က ၃ ပွဲသာ အနိုင်ရရှိသွားကြောင်း။
ကြည့်အကောင်းဆုံး ၂ ဘက်စလုံးမှပင် လက်ဝှေ့ စည်းကမ်းနှင့် အညီ အားကြိုးမာန်တက် ထိုးသတ် ကြရာ တချီတချီတွင် ပရိသတ်များ ဟာကနဲ၊ ဟယ်ကနဲ အာမေဍိတ် ပြုကြရသည် အထိ လက်ဝှေ့ပွဲများမှာ စိတ်ဝင်စားဖွယ် ကောင်းလှကြောင်း၊ လက်ဝှေ့ပွဲ များမှာ အသဲ တထိတ်ထိတ် ရင်တဖိုဖိုနှင့် ကြည့်၍ အားမရနိုင် လောက်အောင်ပင် ရှိတော့သည်ဟု ပရိသတ်ထုကြီးက မှတ်ချက် ပြုကြရကြောင်း။
ပွဲတိုင်း အဆိုင်းတိုင်း လိုလိုပင် လျင်မြန် ဖြတ်လပ်စွာ ထိုးသတ်ကြခြင်းကို တွေ့မြင် ရကြောင်း၊ အထူးသဖြင့်ကား အနိုင်အရှုံးကို စောင့်ကြည့် နေကြသော ပွဲကြည့် ပရိသတ် ထုကြီးကို စိတ်အကျေနပ် စေဆုံး ၀မ်းအမြူးစေဆုံးနှင့် အသဲထိတ် စေဆုံး ပွဲ ၂ ပွဲမှာ မူကား အိုလံပစ်ပြန် မြန်မာ ရွှေမန်းသား (ကျွန်ုပ်တို့၏)ကျားဘညိမ်းနှင့် ပရီမာဒဆား တို့၏ ဗိုလ်လုပွဲနှင့် အေးကိုနှင့် အကီဆီကရား တို့၏ ဗိုလ်လုပွဲ ၂ ပွဲပင် ဖြစ်တော့ ကြောင်း။

ကျွန်တော် ညံ့သလား ၊ ကျားဘညိမ်း

ကျားဘညိမ်း၏ လက်ဝှေ့ရည်တွင် ကျင်လည်ပါးနပ်ခြင်းနှင့် အလေ့အကျင့် ရှိခြင်းများက သီဟို လက်ဝှေ့ကျော်ကြီး ပရီမာဒဆားအား အကြီးအကျယ် အခက်အခဲ တွေ့စေသည်ကို ပရိသတ်က တွေ့မြင်ရကြောင်း။
ကျားဘညိမ်းမှာ ရန်ကုန်သို့ ဆင်းလာသည့်နေ့ မန္တလေး ချမ်းမြသာစီ လေယာဉ် ကွင်းကပင် လိုက်လံအားပေးပို့ဆောင်ကြသော မိတ်ဆွေများအား “ကျွန်တော့် ညံ့သလား”ဆိုတာကို ကြိုးစား၍ အဖြေပေးပါမည်ဟု ပြောဆိုခဲ့သေးပြီး ရန်ကုန်တွင် လည်း တွေ့ဆုံ အားပေးကြသူ မိတ်သင်္ဂဟ အပေါင်းနှင့် သတင်းထောက်များအား “ကျွန်တော် အစွမ်းကုန် ထိုးသတ်ပါမည်ဟု” ဂတိပေးထားသူဖြစ်သဖြင့် ဗမာ့ ပရိဿတ်က အထူးမြှော်လင့် အားထားလျက်ရှိရာ မြှော်လင့်သည့်အတိုင်းပင် ကျားကြီး၏ ထိုးသတ်ပုံမှာ အထူး ကြည့်ကောင်းလှကြောင်း။ ယှဉ်ပြိုင်ထိုးသတ်သူ သီဟို လက်ဝှေ့ ကျော်ကြီးမှာ အထူးလေ့ကျင့်သားရှိသူ၊ ခံနိုင်ရည် ရှိလှသူ ဖြစ်၍သာ မလဲခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကျားဘညိမ်း၏ ပြင်းထန်လှသော လက်သီးချက်များ ခံရသည်မှာ တစ်ဘက်လူ အတွက် မသက်သာလှသည်ကို ပရိဿတ်က တွေ့မြင်ရကြောင်း။
အားမလို အားမရပွဲ
သီဟိုရဲအား အလဲထိုးချရန် ကျားဘညိမ်းက အကြိမ်ကြိမ် ကြိုးစားနေသည်ကို ပရိဿတ်ကြီးက အားမလို အားမရ ကြည့်နေရပြီး နောက်ဆုံး၌ အမှတ်နှင့် ကျားဘညိမ်း အနိုင် ရသွားခြင်းကိုသာ ကျေနပ် လိုက်ရတော့ကြောင်း။ ထိုညက အနိုင်ရရှိကြသော ဗမာ့ လက်ဝှေ့ကျော်များမှာ ၁။ ကျားဘညိမ်း။ ၂။ အေးကို။ ၃။ ဗင်ကရပ်။ ၄။ သကြား မဂျစ်တို့ဖြစ်ကြောင်း။
၁၉.၁.၅၃ နေ့ထုတ် လူထု သတင်းစာမှ

                                           မြူ နှင်း(အေးရိပ်ငြိမ်)

နေမျိုးရဲတင် ရန်အောင် ကင်းတား ကုလားပျို ဗိုလ်ပို


ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်

Cover
ဗိုလ်ပိုသည် ယင်းတော်ရွာ လက်နက်ကိုင်အစုသား ကင်းတား ကုလားပျိုသွေးသောက်ကြီးဖြစ်သည်။ ရုပ်ဆင်းသဏ္ဌာန်မှာ နှုတ်ခမ်းမွှေး ကားကား၊ ပါးမုန်းမွှေးပါးပါး၊ အသားဖြူဖြူ လုံးကြီးပေါက်လှဖြစ်သည်။ ဆံကေသာ သျှောင်ကြွားကြွားတွင် ဖော့လုံးဖြူတစ်ပတ်ရစ်ပေါင်းသည်။
ဆဒ္ဒန်ဆင်မင်းသခင် ဘ၀ရှင်မင်းတရားကြီးက ထောင်ထားခြားနား နေသော ရှမ်းငဖုံးကို နှိမ်နှင်းကွပ်မျက်ရမည်ဟု မိန့်တော်ချစဉ် မိမိ၏ ညီတော် ဗိုလ်ဦးပဲကို ခေါ်ရန် အဆောင်ကိုင် ဗိုလ်တစ်ဦးကို စေလွှတ်သည်။ ညီတော် ရောက်လာသည့်အခါ ရှမ်း ငဖုံးအရေးကို ငြိမ်းအေးအောင် ဆောင်ရွက်ရန်တိုင်ပင် ညှိနှိုင်းကြသည်။ မကြာမီ-
        “နှမလေးမယ်တို့ မောင်မှာ
စစ်သံကြားလျှင် ရွှေဓားပိုက်ကာ
အိုးစားဖက်ကို လိုက်လို့ရှာသည်”
ဟူသော စစ်သည်ဘွဲ့ အိုင်ချင်းကဲ့သို့ အိုးစားဖက်များရှာပြီး တပ်စုဖွဲ့ကြသည်။
သွေးသောက်ကြီး ဦးပိုသည် အုန်းခွံရောင်မြကလေးခေါ် မြင်းကြီးကို စီးလျက် တပ်ဦးမှချီတက်သည်။ ထိုစဉ် ယင်းတော်တစ်ဝိုက်တွင် တပ်ဆော် ဒုံးချင်းသံများ ညံသွားတော့သည်။
    “ကုန်းဘောင် ရွှေဘို နေလိုထွန်း၊ ဆက်ခါနှင်းတဲ့၊ နွယ်သမ်္ဗိန်၊ ကနက်မိုးလို့၊ နန်းရိုးစိန်၊ မန်းမြို့ရွှေပြည်ငါတကားဟဲ့၊ ယောက်ျားဆိုမျှ၊ ဤမြေပြင်၊ ဗျူဟာသေနင် အခေါင်ချုပ် ခေါဘဏီ ရန်ခလုတ်ချိုးနှုတ်တဲ့ မှုထမ်း။ လက်ရွေးတော်ကြုံ၊ ဘာမဖြုံသည်၊ သေနတ်ကို ရဲသတ်္တိမှုထမ်း၊ ပရိမ္မာဘွား၊ ကျန်ရစ် သား၊ ဘုရားဟောမှ လောကီဈာန်၊ တော်စွာလျော်စွာ၊ တော်ပေတောင်း၊ ရန်အပေါင်းခေါင်ကဖြို၊ ကင်းတားကုလားပျို၊ မကျော်လားဟဲ့၊ မော်ထားတဲ့ ဤမြေ၊ ဗျူဟာ သေနင်အပေါင်းချုပ်၊ ခေါဘဏီရန်ခလုတ်၊ ချိုးနုတ်တဲ့မှုထမ်း”
ဟူသော ဒုံးချင်းသံသည် ကြားရသူအပေါင်းကို စစ်စိတ်စစ်မာန် ပွားစေသည်။ ဇာတိသွေးဇာတိမာန် ထက်သန်စေသည်။ သွေးသောက်ကြီး ဦးပို၏ သေနတ်ကိုင် အစုသားငါးဆယ်ကျော်တွင် ညီတော်မောင်ဦးပဲလည်း ပါဝင်သည်။
စစ်ခရီး ၁၅ ရက်ခန့်ကြာသောအခါ သိန်္နီအနီး တောကြီးမျက်မည်းထဲ၌ ထောင်ထားခြားနားသူ ငဖုံးနှင့် နောက်လိုက်တစ်စုတို့ကို ရင်ဆိုင်တွေ့ ရသည်။ ငဖုံးတို့နှင့် အပြန်အလှန် ပစ်ခတ်ကြသည်။ ဦးပိုတို့ ညီအစ်ကိုသည် အထိုးအခုတ် အပစ်အခတ်၌ ကျင်လည်သည်။ အရှောင်အတိမ်း တွင်လည်း ကျွမ်းကျင်သည်။ သူပုန်နှင့် ရင်ဆိုင်စဉ် တူမီးသေနတ်နှင့် ပစ်ခတ်ရသည်ကို အားမရနိုင်တော့၊ နိုင်ချင်ကြက်ကဲ့သို့ အတင်းဝင် အတင်းခုတ်တော့သည်။ ထိုရင်ဆိုင်တိုက်ပွဲတွင် ရန်သူ၏လှံချက်ဖြင့် ဗိုလ်ဦးပဲ ကျဆုံးရသည်။ သွေးသောက် ဦးပို၏သွေးသည် ပို၍ ဆူဝေပြီး ငဖုံးရှိရာသို့ တရစပ်ဝင်သည်။ ဦးပို၏ လှံချက်သည် ငဖုံး၏ချက်ကောင်းကို စူးနစ်သွားပြီး ငဖုံးမရှုမလှကျဆုံးသည်။ နောက်ပါငယ်သားတို့လည်း အတုံးအရုံးပြိုလဲပြီးအကျအဆုံးများစွာနှင့် ထွက်ပြေး ကြရသည်။
သွေးသောက်ကြီး ဦးပိုသည် ညီဦးပဲအား ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီး စစ်မြေမှပြန်ခဲ့သည်။ အမှုတော်ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်ပြီး အပြန် လမ်းခရီးတွင် ရတနာပုံနေပြည်တော်မှ ခံတပ်ဗိုဒိုကရင်၏သား ဗိုလ်ချုပ် ၀လီခန်တပ်နှင့်တွေ့ဆုံသည်။ ဗိုလ်ချုပ်ထံ အကြောင်းစုံတင်ပြပြီး ရွာသို့တပ်ပြန် ဆုတ်ခွာခဲ့သည်။ သွေးသောက်ကြီး ဦးပိုမှာ ရတနာပုံနေပြည် တော်သို့သွားရောက်ပြီး လွှတ်တော်ဝန်ကြီး၊ ဗြဲတိုက်ဝန်ကြီးတို့ထံ အကြောင်းစုံ လျှောက်တင်ပြီး မှ ယင်းတော်သို့ပြန်ခဲ့သည်။
ဤသို့ ရှမ်းငဖုံးကို နှိမ်နင်းအောင်မြင်ခဲ့ကြောင်း မင်းတုန်းမင်း တရားကြီးကြားသိသောအခါ ဦးပိုအား နေမျိုးရဲတင် ရန်အောင်ဟူသော ဘွဲ့ကို ချီးမြှင့်သည်။ မကြာမီမှာပင် ကင်းတားကုလားပျိုအစုသားအပေါင်းတို့အား ဦးစီးအုပ်ချုပ်ရန် အစီရင်ရာထူး၌ ထပ်ဆင့်ခန့်ထားပြန်သည်။ ထိုအခါမှစ၍ ဦးပိုအား သွေးသောက်ကြီးနေမျိုးရဲတင်အောင်အစီရင် ဦးပိုဟု ခေါ်တွင်ကြသည်။
သွေးသောက်ကြီး နေမျိုးရဲတင်ရန်အောင် အစီရင်ဦးပို အုပ်ချုပ်စဉ် အခါတွင် ယင်းတော်ရွာ၌ ခုံဦးရွဲဟု အမည်ထင်ရှားသော လူရိုးကြီး တစ်ယောက်ရှိသည်။ သူ့တွင် သားမယားမရှိ။ ရသမျှ ငွေစကြေးစကလေး များကို စုဆောင်းထားလေ့ရှိသည်။ အကြောင်းသိသော အခြားလူကြီး တစ်ဦးက ခုံဦးရွဲ ညအချိန် ဗလီသို့အလာလမ်းမှဆီးကြို၍ ခုံမင်း၏ ငွေများကို ခဏလှည့်ပါ။ ထိုငွေများနှင့် လောင်းကစားရလျှင် အမှန်နိုင်ရမည်၊ နိုင်လျှင် ခုံမင်းကို တစ်ဝက်ပေးမည်ဟု ဖြားယောင်းပြောဆိုသည်။ ခုံမင်းက ယုံကြည် ပြီး မိမိငွေစများကိုပေးလိုက်သည်။ အဆိုပါလူကြီးသည် အခြားသူတစ်ဦးနှင့် ကစားရာ ရှုံးသွားသည်။ ထိုအခါ ခုံဦးရွဲမှာ ချမ်းသာသမျှ ငွေစဆုံးရှုံး သွားသဖြင့် စိတ်ချောက်ချားသွားသည်။ ရွာထဲ၌ တစ်အိမ်ဝင် တစ်အိမ်ထွက် လှည့်လည်သွားလာ လျက်နေရှာသည်။
ဦးရွဲ၏အဖြစ်အပျက်ကို သွေးသောက်ကြီး အစီရင်ဦးပိုသို့ တိုင်ကြားရာ သွေးသောက်ကြီးက ခုံဦးဝှိုက်ကို ခေါ်၍ စာချိုးစေသည်။ ခုံဦးဝှိုက်သည် ၎င်းတို့အကြောင်းကို ခုံဦးရွဲ ၀ိညာဉ်ဘုံမှနေ၍ ဆိုဟန်စပ်ဆိုထားသည်။
ဝိဉာဉ်ဘုံမှ အသံ
—————-

“အကြောင်းရယ်မှ စုံစွာလေ၊ ကျုပ်ဖြစ်လျာကို၊ ရွှေနား ချိုသာ၊ ပြန်ပြောပါမည်၊ အုန်းထန်းသပြေ၊ မှိုင်းဝေေ၀နဲ့၊ ရေလဲတင်ကြမ်း၊ ပန်းလဲနီဝါ၊ သာခေါင်ငယ်ချင်းပေတဲ့၊ ရွှေယင်း ရွာ၊ ပလီတကာခေါ်ဆို၊ ငါမင်းပျိုဟု၊ သုံးမည်ခေါ်မြဲ၊ ခုံကိုရွဲတဲ့၊ လူတို့အမှု၊ ကာမေသုကို၊ မပြုလိုပြီ၊ ပိတ်ဒုံးဒရီ၊ ဇာအင်္ကျီနှင့်၊ ဘောင်းဘီပုတီး၊ ယူပြီးသောအခါ၊ အေရှာနမာဇ်၊ ဖတ်ချိန်သင့် ပြီ၊ လမ်းမဆီသို့၊ ကြမ္မာငယ် သွေကွက်၊ အနောက်ဘက်ကို၊ ထွက်လာရာတွင်၊ ရှိုင်တွာန်ဝင်၍၊ အရှင်မြတ်က၊ လအနတ် ချသကဲ့သို့၊ အစရယ်မှအဆုံး၊ ကိုဗိုင်ဒုံးနှင့်၊ တွေ့ကြုံကြလေ၊ မျက်စိမှိတ်ကာ၊ လည်ညိတ်ကာ ဖြင့်၊ မာယာလှည့်ဖြား၊ ကုလား တစ်သွယ်၊ ပေါက် ၂၀၊ တကယ်ရိုက်စို့၊ ကတိခံပြီးပြန်လာပြီးမှ၊ ရွှေညောင်သာခေါင်၊ ရပ်များဘောင်က၊ မှောင်ခိုနှင့်ပင်၊ ပေါင်းသင်းတွေ့ယှက်၊ ကစားကွက်၊ တစ်ချက် လောင်းသော်၊ ကံမတော်၊ ချော်ရလေချင်း၊ လူ့အဖျင်းတွင်၊ သူ့ညွတ်ကွင်း၊ ချက်ချင်းဝင်မိ၊ သွေးသံလှည့် ပတ်၊ ရောဂါများကပ်သလို၊ မတ်တတ်မိ၍ ကသီလင်တ၊ ဒေါင်းတစ်ရာ့ခုနစ်ဆယ်၊ တကယ် ပေးရ၊ ကိုဗိုင်ဒုံးက၊ လူလုံးလှ၍၊ ငါ့မှာတစ်မူ၊ နတ်မဟူ၊ လူလဲ မဟုတ်၊ စိတ်တစ္ဆေကိုင်၊ မရပ်နိုင်အောင်၊ အပူရိုင်မြင်းကဲ့သို့၊ မတင်းမမာ၊ ငါဖမ်းစား ကုလားပြစ်၊ ချမ်းသာရစေ၊ မင်္ဂလာရယ် မှစံခင်း၊ ရွှေယင်းရွာ၊ဂုဏ်ရောင် ငယ်လင်းပေတဲ့ ခုံမင်းတတွေ”
ဤကဗျာကို စာဆိုတော် အဖတ်တော် ဦးမောင်ကြီးအား လူထု အလယ်၌ဖတ်ကြားစေသည်။ ခုံ ဦးရွဲ၊ ညောင်မြင့်သူကြီး ဦးခို၊ ဦးဗိုင်ဒုံး တို့သည် သွေးသောက်ကြီးက အထူးအပြစ် မပေးရဘဲရှက်လှ၍ နောင်ဤသို့ မလုပ်ပါဟု အပြစ်ကို ၀န်ချတောင်းပန်ရသည်။ ခုံ ဦးရွဲသို့ ဒေါင်းဒင်္ဂါး (၁၇၀)ကိုလည်း ပြန်ပေးရသည်။ ထိုအခါမှ ခုံဦးရွဲမှာ ၀မ်းမြောက်လှ၍-
“ခုံ ငရွဲ ဖုန်ထဲမှာဖြင့် မပျော်ချင်။ လူစတုံး အောင်လို့၊ ငဗိုင်ဒုံး သူပလီ၍ မူလကျီ အလုပ်ရဲတယ် သဲတဲ့ဖြစ်အင်။ ခိုဒါထံ ဒိုအာသပါလို့ လိုရာတတောင်းဆိုလျှင်၊ အရှင်က ချက်ချင်း၊ သွေးသောက်ဆို မေးထောက်သူ ဦးပိုကွ၊ ထူးသိုဘာ အပြစ်ကင်းအောင်ပ၊ လက်ငင်းလူတကာသို့၊ ကဗျာခေါ်ဆို တေးငယ်နဲ့ပြစ်ပေးကာ ကြောင်းဖော်ထုတ်တယ် ဟုတ်ပေ့ခုံမင်း” ဟု ဆိုသည်။
လူရိုးကြီး ခုံဦးရွဲသည် ပြန်လည်ရရှိသော ဒေါင်းဒင်္ဂါး(၁၇၀)ထုပ်ကို ကျောတွင်ပိုး၍ လမ်းတစ်လျှောက် တတွတ်တွတ် ရေရွတ်လျက် တစ်ချက် တစ်ချက် သီချင်းများပင် သီဆိုလိုက်သေးသည်။
သီချင်း
——–

    “ငဗိုင်ဒုံး အပိုင်ကျုံးမယ်လို့ သူကြံစည်။ မြတ်တစ်ပါး ဘုရား ကယ်ကူလို့ စင်ကြယ်ဖြူ ခုံငရွဲမှာ လွှဲရလေပြီ၊ ညောင်မြင့်ဆိုရွာ ကျပ်တွင်းရယ်က ခုံမင်းမောင်ခိုနဲ့ တူနှစ်ကိုယ် မျက်စိမှိတ် စိတ်က ပလီ၊ မပြီတဲ့ယောက်ျား၊ နေမျိုးတဲ့ရဲတင် ရန်အောင်ရှင် စီရင်မင်း ရယ်က ပြစ်ရင်းဖော် မထုတ်ပေမယ့်၊ သူယုတ်ကောင်ချင်းတို့ လက်ရယ်မှာ ချက်ချင်းမိန့်နှင့် တောင်းတယ် ဒေါင်းငွေဒင်္ဂါး”
    အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲ ဆင်နွှဲရန် ၁၂၄၇ ခု သီတင်းကျွတ်လတွင် ရတနာပုံနေပြည်တော်မှ ချီတက်လာသော ဗိုလ်ချုပ်ဝလီခန်တပ် ဗလ မင်းထင်တပ် ယင်းတော်သို့ ရောက်လာသည်။ ထိုအခါ တော်ဘုရားလေး သီပေါမင်းအမိန့်တော်အရ သွေးသောက်ကြီးဦးပိုသည် ထိုတပ်များနှင့် အတူ ချီတက်လိုက်ပါသွားရလေသည်။ ဗိုလ်ချုပ်ဝလီခန်တပ်သည် တောင်ငူဘက်သို့လည်းကောင်း၊ ဗလမင်းထင်တပ်သည် တောင်တွင်းကြီးမှ မိကျောင်းရဲသို့ လည်းကောင်း အသီးသီးချီတက်ကြသည်။ မကြာမီမှာပင် နေပြည်တော်မှ ပြန်လည်ဆုတ်ခွာခဲ့ကြရမည်ဟု အမိန့်တော် ရောက်ရှိလာ ပြန်သဖြင့် အသီးသီး ဆုတ်ခွာပြန်လည်လာခဲ့ကြရာ သွေးသောက်ကြီး ဦးပိုလည်း ပြန်လာခဲ့ရသည်။
နေမျိုးရဲတင်ရန်အောင် အစီရင် ဦးပိုသည် အမှုတော်ကို သက်စွန့် ကြိုးပမ်းထမ်းရွက်သည်။ ယင်းတော်နှင့် ပတ်ဝန်းကျင်ရှိ မွတ်စလင်မ်ရွာတို့ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်စီမံရသည်။ အားလပ်ချိန်ကလေးများတွင် ရှေးဟောင်းစာပေပုရပိုက်များကို ရှာဖွေဖတ်ရှုလေ့ရှိသည်။ ထို့ကြောင့် အမှုများစီရင် ရာတွင် ဦးပို၏စီရင်ထုံးများသည် မှတ်သားဖွယ် ကောင်းသော စီရင်ထုံးများဖြစ်သည်။ သစ်ကုန်သည် ဂိုလာမတီနှင့် မိဒါသတို့၏ ရရန်၊ ပေးရန် အငြင်းအခုံ ဖြစ်ပွားသော အမှုစီရင်ရာ၌ အထူးကောင်းမွန်လှပေသည်။
ဦးပိုသည် ကဗျာစာပေဘက်၌လည်း ၀ါသနာပါသည် လူပေါင်း ၃၀၀၀ ကျော်တို့ မြန်မာပြည်သို့ ၀င်ရောက်လာပုံ  လင်္ကာ(၁၀)ပုဒ် စပ်ခဲ့သည်။ တေးထပ်၊ လေးချိုးတို့ကိုလည်း စပ်ဆိုခဲ့သည်။ လင်္ကာ ၁၀ ပိုဒ် အစကို ဖော်ပြပါသည်။
မခြား နဂိုရ် ကုလားပျို
“နေမျိုးမှုတင်၊ ရန်အောင်တင်သား၊ ဘွဲ့ရှင်မောင်ပို၊ ကျွန်ုပ်ဆိုမည်၊ နဂိုရ်ဌာန၊ အိန်္ဒိယ၀ယ်၊ အဘနတ်ရွာ၊ စံလေ ရှာသော်၊ နှစ်ဖြာညီနောင်၊ စစ် မဆောင်ဘဲ၊ အခေါင်ကြငှန်း၊ ဘထီးနန်းကို၊ သိမ်းမြန်းဆက်ခံ၊ နောင်တော်စံ၍၊ ဘုန်းလျှံ ယှက်ဖြာ၊ ဥပရာလည်း၊ ဘရွာနဂိုရ်၊ မနေလို၍၊ ဗိုလ်ခြေနောက်ပါ၊ ရံများစွာနှင့်၊ ယက္ခာပူရ၊ သူ့ယောက်ဖ၏၊ ဌာန ရွှေမြေ၊ ရခိုင်ပြေသို့၊ ကြွလေသောဟူ၊ ရောက်တော်မူသော်၊ တစ်ဆူသနင်း၊ ရခိုင်မင်းလည်း နန်းတွင်းရှုပ် ထွေး၊ တိုင်းပြည်ရေးကို၊ ဆွေးနွေးတိုင်ပင်၊ ပြုစီရင်၍၊ သခင်စိတ်ဖြူ၊ ကြည်တော်မူသည်၊ ဧလူနှလုံးရွှင်သတည်း။
မင်းသားဥပရာ၊ စိတ်ကြည်စွာဖြင့်၊ စံရှာပျော်ပိုက်၊ နေသော ကြိုက်တွင်၊ နောက်လိုက်ဗိုလ်ပါ၊ ချို့များစွာကို၊ ရာဇာသနင်း၊ ရခိုင်မင်း၏၊ တင်းမာ ခက်ထန်၊ ရာဇမာန်ကြောင့်၊ တရံမကြာ၊ သုံးထောင်သာသည့်၊ ဗိုလ်ပါရဲမက်၊ အရှေ့ဘက်သို့၊ ထွက်ခဲ့လေရာ၊ ပြည်မြန်မာ၌၊ ဟံသာရောက်သွား၊ မင်းတရား ၏ ထံပါးရောက်လာ၊ ခိုလှုံပါသော်၊ ရာဇာသနင်း၊ စကြာမင်းက၊ နှစ်သင်းခွဲလျက်၊ မြစ်မြောက်ဘက်နှင့်၊ တောင်ဘက်သို့လျှင်၊ ခြားစီရင်၍၊ အရှင့်မှုတော်၊ ထမ်းစေသော်တည်း၊ ပြည်ပေါ်ထင်ရှား၊ မှုထမ်းသားဝယ်၊ မခြားနဂိုရ် ကုလားပျိုဟု၊ လိုရာ ရွေးထုတ်၊ ရန်ခလုတ်ကို၊ ချိုးနှုတ်ဂုဏ်ပြောင်၊ ပွဲတိုင်းအောင် သည်၊ အခေါင်ဇာနည်ဘွားပေတည်း” ဟူ၍ဖြစ်သည်။
ဦးပို၏ခေတ်အခါတွင် ယင်းတော်ရွာမှ စာပေပညာရှိ အချို့ ပေါ်ပေါက်ခဲ့သည်။ ပေါ်ပေါက်သူတို့ကို အဆင့်အတန်းအလိုက်  ချီးမြှင့်လေ့ရှိသည်။ လက်ရေးဖြင့် ကုရ်အာန်များရေးစေလျက်ရွာ၌ ဓမ္မဒါန အဖြစ်ဝေငှခဲ့သည်။ ကလေးသူငယ်တို့အား ဒီနီယတ်နှင့် အရဗီစာပေများကို ဂိုဏ်းသခင်ကြီး ဦးမွတ်စံ က သင်ကြားပေရသည်။
ထိုခေတ်အခါ၌ စာပေသက်သက် သင်ပေးသော ဆရာဦးစိန်၏ ကျောင်းတစ်ကျောင်းလည်းရှိသည်။ သွေးသောက်ကြီးသည် ဆရာကြီး ဦးစိန်အား သခင်ကြီးဦးနုရေးခဲ့သော ၃၅ ခန်းကျမ်း ၁၆ ပိုဒ် လင်္ကာ၊ ၁၁ ခန်း ကျမ်းတို့ကို စာပေနှင့် ဘာသာရေးအဖြစ် သင်ကြားပေးစေသည်။ ထို့ကြောင့် ဆရာကြီး ဦးစိန် ကျောင်းထွက်သည် ၃၅ ခန်း၊ ၁၆ ပိုဒ်  လင်္ကာ၊ ၁၁ ခန်း၊ လက်ဆောင်တော် ၄၀ လင်္ကာ တို့ကို အလွတ်ရသူများ ကြသည်။ သွေးသောက်ကြီး ဦးပို သည် ဗြိတိသျှများ ကျူးကျော်ဝင်ရောက် လာပြီးနောက် ၂၅ နှစ်ခန့်ကြာမှ မိမိနေရာ မင်းဝိုင်းအိမ်ကြီးတွင် အလ္လာဟ်အရှင် အမိန့်ခံယူတော်မူသည်။
မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။

                                        မြူ နှင်း(အေးရိပ်ငြိမ်)

မြန်မာ့ဘာဏုရာဇာ မောင်လာနာဂိုလမ် အလီရှား


ရေးသားပြုစုသူ- ပါမောက္ခ ဒေါက်တာအောင်ဇော်

အမည်ရင်းမှာ စိုက်ယစ်ဂိုလမ်အလီရှား ဖြစ်သည်။ သာသနာနွယ်ဝင် သူတော်စင်တို့ ချီးမြှင့်သည့်ဘွဲ့မှာ ရှမ်စွလ်ဘရ်မာ (မြန်မာ့ဘာဏုရာဇာ) ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးက ကြည်ညိုလေးစားသည့် စာတော်ပြန် ဆရာကြီးခေါ် မိုးဆုပန် ဆရာတော် ကာဘွလ်မော်လ၀ီကြီးနှင့် အလွန်ခင်မင် ရင်းနှီးသူဖြစ်သည်။
ဘခင်ကြီးသည် အိန်္ဒိယနိုင်ငံ ရှားဟ်ပူရ်မြို့သားဖြစ်သည်။ ဇာတိမြို့ အနီးရှိ ဘရွတ် အမည်ရှိ တောရွာကလေးတွင် မွဖ်တီအဟ်မဒ် ပီယာန်းထံ အူရဒူ၊ အရဗီ၊ ဖာရစီ အခြေခံပညာရပ်များကို ဆည်းပူးသည်။ ရှားဟ်ဝလီယွလ္လာဟ်သခင်၏ အနွယ်ဖြစ်သော ရှာဟ်အစ်္စဟာက်ထံ သာသနာ့ ပညာကို အလယ် တန်းအောင်သည်အထိ ဆည်းပူးခဲ့သည်။
လူလားမြောက်သည်နှင့် ဗြိတိသျှပန်ချာပီ စစ်တပ်တွင် ဓမ္မဆရာအဖြစ် တာဝန်ယူဆောင်ရွက်သည်။ အင်္ဂလိပ်စစ်တပ်များ၊ မြန်မာပြည်သို့ ပြောင်းရွှေ့လာရာတွင် သခင်ကြီးသည် ပန်ချာပီစစ်တပ်နှင့်အတူ ပါလာသည်။ မန္တလေးမြို့ မျက်ပါးရပ်တပ်စခန်းရှိ ဗလီတွင် ရှေ့ဆောင်ဆရာအဖြစ် ဆောင်ရွက်သည်။ စခန်း၏ စစ်တန်းလျားတွင်နေသဖြင့် သခင်ကြီးကို စစ်တန်းမော်လ၀ီကြီးဟုခေါ်ကြသည်။ သခင်ကြီးသည် စစ်တပ်မှ ဓမ္မ ဆရာအဖြစ် နုတ်ထွက်ပြီး မန္တလေးမြို့ ၂၉ လမ်းရှိ၊ အိုးတော်ဗလီတွင် အီမာမ်ရှေ့ဆောင် ဆရာ အဖြစ် တာဝန်ယူခဲ့သည်။
သခင်ကြီး၏ အိမ်ထောင်ဘက်သည် အထက်မြန်မာနိုင်ငံ ဘုတ္ထောရွာသူ ဒေါ်သီဖြစ်သည်။ ဒေါ်သီ၏ ဖခင်သည် မြေထူးမြို့ သေနတ် စာရေးကြီး ဦးအဗ်ဒွလ္လာခေါ် ဦးပေါက်တူးဖြစ်သည်။ ဒေါ်သီ၏ဆွေမျိုးများ အများစုမှာ ကန့်ဘလူ နယ်တစ်ဝိုက်တွင်ရှိသည်။ မင်းပါးစိုးခွင် ထွက်ဝင် ခစားရသော သစ္စာတော်ခံများဖြစ်ကြသည်။ ဆရာကြီးနှင့် ဒေါ်သီတို့သည် မြန်မာ ဘုရင်မင်းမြတ် ဆောက်လုပ် လှူဒါန်းသော မန္တလေးမြို့၊ ကုလားပျိုရပ် ဗလီတွင်ထိမ်းမြား မင်္ဂလာဆောင်နှင်းခဲ့ကြသည်။
သခင်ကြီးတွင် သား ၇-ဦး ထွန်းကားသည်။ အဟ်မဒ်ရှား၊ ဟစံရှား၊ ဟူစိန်ရှား၊ ကာစင်မ်ရှား၊ ယူစွဖ်ရှား၊ အိုဗိုင်ဒွလ်လာရှားနှင့် အဗူဗကရ်ရှားတို့ ဖြစ်သည်။ သမီးများမှာ ငယ်စဉ်ကပင် ကွယ်လွန်ကြပြီး ၁၉၅၈ ခုနှစ်တွင် သား ၆-ဦး ကျန်သည်။
သားဦးဖြစ်သူ အဟ်မဒ်ရှားသည် ပန်ဂျပ်နယ်တွင် အလွန်နာမည်ကြီးသော တရားဟောပီရ် ဆရာဖြစ်သည်။ ခေါင်းဆောင်ကြီး မုဟမ္မဒ်အလီ ဂျင်းနားကဲ့သို့ ပုဂ်္ဂိုလ်ကျော်များကပင် ဆရာကြီး၏အိမ်သို့ လာရောက်တွေ့ဆုံသည်။ လေယာကတ် အလီခန်က ဆောက်လုပ်ပေးသော ဗလီကြီးတွင် သောကြာနေ့တိုင်း တရားဓမ္မဟောကြားသည်။ ပါကစ္စတန် သာသနာ့ ပညာရှင်များက ဆရာတင်ရသူဖြစ်သည်။  “ကုရ်အာန် ဟာဖစ်အရာတွင် မိမိထက် သာသည်။ အူရဒူ၊ ပန်ဂျာပီလို အဟောအပြောကို ပရိသတ်က ပိုမိုနှစ်သက်သည်။ အမြဲပင် ဇိကိရ်ဘာဝနာ စီးဖြန်းနေလေ့ရှိသည်။ ကရာမတ်(တန်ခိုး)လည်း စိတ်ရှိတိုင်းပြသည်။ နန်းရင်းဝန်မင်းသည်ပင် သူ၏မူရိဒ်ခံဖြစ်လေသည်”ဟု ညီဖြစ်သူ ဟစံရှားကဖော်ကျူးသည်။
စစ်တန်းသခင်ကြီး၏ ဒုတိယသားမှာ ဟစံရှားဖြစ်သည်။ ၉ နှစ်သား အရွယ်ကပင် ဟာဖစ်ဖြစ်သည်။ ပန်ဂျပ်ရှားဟ်ပူရ်တွင် ဟာဖစ်ဖတ်ရင်း ခေတ် ပညာသင် အင်္ဂလိပ်ကျောင်းတွင်လည်း ငါးတန်း စာမေးပွဲအောင်မြင်သည်။ ဖခင်ဖြစ်သူ သခင်ကြီး၏ဆန္ဒအရ သာသနာ့ပညာကိုသာ ပေါက်မြောက်အောင် သင်ယူသည်။ လူမျိုးဘာသာမရွေး စိတ်ဝင်စားဖွယ် ကောင်းအောင် ဟောပြောနိုင်စွမ်းသူအဖြစ် ထင်ရှားသည်။
သခင်ကြီး၏ တတိယသားဖြစ်သူ ဟူစိန်ရှားသည်လည်း ဟာဖစ်တစ်ဦးဖြစ်သည်။ မန္တလေး အိုးဘိုဗလီ၏ ရှေ့ဆောင် မော်လ၀ီကြီးလည်း ဖြစ်သည်။ စတုတ္ထသားသည် ကာစင်ရှား ဖြစ်သည်။ မိမိအစ်ကိုကြီး တာဝန်ယူထားသော ရှာဟ်ပူရ်မြို့ ဂျာမေဗလီကြီးတွင် ရှေ့ဆောင်ဆရာကြီး ဖြစ်သည်။ ပဉ္စမသားသည် အဆိုပါ ဗလီခန်းတွင်ပင် နေထိုင်သည်။ လောကီ ကိစ္စ အ၀၀ကို စွန့်လွှတ်နေသူ ဖြစ်သည်။ ဟာဖစ်တစ်ဦးလည်းဖြစ်သည်။ ဆဋ္ဌမသားသည် အိုဗိုင်ဒွလ္လာဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် သင်ရိုးကုန်သည်အထိ ဆည်းပူးအောင်မြင်ပြီး မြန်မာနိုင်ငံသို့ ကြွရောက်လာသည်။ ဗန်းမော်မြို့တွင် ရှေ့ဆောင် ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ သတ္တမမြောက် သားထွေးမှာကား အဗူဘကရ်ဖြစ်သည်။
စစ်တန်းသခင်ကြီးသည် မြန်မာလိုကျွမ်းသည်။ တရားဒေသနာများကို မြန်မာလို ရေလည်စွာ ဟောကြားနိုင်သည်။ မန္တလေးမြို့ အိုးဘိုဗလီတွင် တာဝန်ထမ်းဆောင်စဉ် တွေ့ကြုံရသော ပြဿနာများကြောင့် မိမိတတ်ထားသော ပညာကိုအား မလိုအားမရ ဖြစ်လာသည်။ အဆင့်မြင့်ပညာများကို ဆက်လက် ဆည်းပူးလိုစိတ် ပြင်းပြလာသည်။ သို့နှင့် ပညာရေးအတွက် အိန်္ဒိယနိုင်ငံသို့ ထွက်ခွာသည်။ မိမိတို့ ကြည်ညိုလေးစားသော သခင်ကြီး ပညာသင် ခရီးအတွက် အိုးတော်ဗလီ ဒါယကာကြီး ပတ္တမြား ဦးဖိုးသက်နှင့် ဂျမာအသ်သားများက အစစပံ့ပိုးကူညီကြသည်။
သခင်ကြီး နိုင်ငံရပ်ခြားသို့ မထွက်ခွာမီ ဇနီးနှင့် သား ၂-ဦးကို ကန့်ဘလူမြို့နယ် ဘုတ္တောကျေးရွာရှိ ဆွေမျိုးများထံ အပ်နှံခဲ့သည်။ ဆွေမျိုးများက စောင့်ရှောက်ပေးကြသည်။
သခင်ကြီးသည် အိနိ္ဒယနိုင်ငံတွင် ကျော်ကြားသော မောင်လာနာ ရရှိဒ် အဟ်မဒ်ဂန်ဂူဟီသခင်ကြီးထံ ဆည်းပူးခွင့်ရသည်။ ထိုသခင်ကြီးသည် ဂုဏ်ထူး ၀ိသေသအမျိုးမျိုးဖြင့် ထင်ရှားသော ပညာရှင် သူတော်စင်ကြီး ဖြစ်သည်။ သူ့ခေတ်သူ့အခါက ဖိကဟ်အတတ် ကျွမ်းကျင်ဆုံး ပုဂ်္ဂိုလ်ထူးဟု သိမှတ်ကြသည်။
စစ်တန်းသခင်ကြီး သင်ရိုးကုန် ပေါက်မြောက်၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသောအခါ ဆရာကောင်းတပည့်ပီပီ ဘ၀တစ်သက် တာတွင် စစ်မှန်သော တရားတော်များကို ဖြန့်ဖြူးနိုင်သည်။ ဖိကဟ်ဓမ္မသတ် အရာအတွင် မိမိဆရာ့နည်းတူ မင်းမူနိုင်ခဲ့သည်။ ပထမဦးစွာ အိုးတော်ဗလီတွင် စာပေသင်ကြားပို့ချမှုစတင်ခဲ့သည်။ ထို့နောက် ဗလီဒါယကာ ဦးဖိုးသက်က ဗလီအနီးမြေနေရာ ၀ယ်ယူလှူဒါန်းပြီး စုပေါင်းဒါနဖြင့် မုဟမ္မဒီယာအရဗီ သိပ္ပံကျောင်းတော်ကြီး ဖွင့်လှစ်သည်။ သခင်ကြီးကပင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူရသည်။ ထိုကျောင်းသည် အထက်မြန်မာ နိုင်ငံတွင် အစ္စလာမ် သာသနာစာပေများကို အစောဆုံး ဖွင့်လှစ်သင်ကြားသည့် ကျောင်းတော်ကြီးဖြစ်သည်။
သခင်ကြီး၏နိစ်္စဓူဝ ကျင့်ဝတ်မှာ နံနက်ဖဂျေရ်ဝတ်ပြုပြီးလျှင် ကျောင်းတွင် စာပြသည်။ နံနက် ထမင်းစားချိန် (၁၂)နာရီအထိ တစ်ဆက် တည်း စာပြသည်။ ထမင်းစားပြီးလျှင် ခေတ္တခဏ အိပ်တတ်သည်။ နေ့လယ်အချိန်၌ အိုးတော် ဗလီတွင် ဇဟိုရ် နမာဇ်ဝတ်ပြုသည်။ ပြီးလျှင် အစွရ်ညနေချမ်း ၀တ်ပြုချိန်အထိ စာကြည့်သည်။ အစွရ်ပြီးလျှင် အိမ်ပြန်ကာ ဖတ်တ၀ါဓမ္မသတ် ဆုံးဖြတ်ချက်များရေးသည်။ ညနေ၀င်မဂ်ရစ် ၀တ်ပြုမှုအပြီး ညစာသုံး ဆောင်သည်။ မိသားစုနှင့် စကားစမြည်ပြောသည်။ အေရှာ ညဦးယံ ၀တ်ပြုအပြီးတွင်မူ မိတ်ဆွေရင်းချာများအိမ်သို့ သွားပြီး တရားဓမ္မဆွေးနွေးသည်။ ည (၁၂)နာရီမှ အိမ်ကို ပြန်သည်။ ညအခါတွင် တဟ်ဂျွဇ်နမာဇ် ထဖတ်လေ့ရှိသည်။ ပညာဂုဏ်၊ သီလဂုဏ်နှင့် ပြည့်စုံသော သခင်ကြီး၏ရှေ့မှောက်တွင် အခြားမော်လ၀ီများသည် ကျားရှေ့ရောက် သမင်ငယ်ကဲ့သို့နေကြသည်ဟု အဆိုရှိသည်။
စစ်တန်းသခင်ကြီးသည် ဆရာကောင်းဆရာမြတ်တို့ထံမှ နည်းခံ ခဲ့ရသူဖြစ်သည်။ ကိုယ်တိုင်ကလည်း ပါရမီခံကောင်းသဖြင့် မန်တစ် အေလင်မ် တက္ကနယဒီပနီကို အထူးကျွမ်းကျင်သည်။ ဓမ္မပြဿနာ၊ စုဒ်၊ စောဒနာတို့ကို အကိုးအကားခိုင်မာစွာ ဆုံးဖြတ်ဖြေကြားပေးသည်။ သခင်ကြီးသည် ရှရီအတ် တရားတော်အပြင် တစောင်ဝုဖ်၊ တွရီကာများကို သင်ကြားပြသသည်။ ဆရာကြီး၏ တပည့်များသည်လည်း မြန်မာနိုင်ငံ တစ်နံတစ်လျား၌ သာသနာ့ပညာကို ဆက်လက်ဖြန့်ဖြူးသူများ ဖြစ်လာသည်။

ထူးချွန်သည့် မုဟမ္မဒီယာကျောင်းထွက်ပညာရှင်များတွင် မောင်လာ နာရှဖီ၊ မောင်လာနာဟာဖစ် ဦးဘဒင်၊ မောင်လာနာ ဗရှိရ်အဟ်မဒ်ခေါ် ဆရာကြီးပုံ၊ မောင်လာနာ ဦးစွလ်တန်၊ ဓ္မကထိကမောင်လာနာ ဦးဘသွင် (ခင်ဦး) စသူတို့ ပါဝင်သည်။
စစ်တန်းသခင်ကြီးလက်ထက်က မုဟမ္မဒီယာ အာရဗီသိပ်္ပံ ကျောင်းတော်ကြီးသည် မန္တလေးမြို့၏ သာသနာရေးကိစ္စအ၀၀အတွက် ဗဟိုဌာန ဖြစ်ခဲ့သည်။
သခင်ကြီးသည် ၁၉၃၆ ခု ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အလ္လာဟ် အရှင့် အမိန့်တော်ခံယူသည်။
သခင်ကြီး၏ တပည့်မိုရီဒီများသည် ကြာသပတေးနေ့တိုင်း စုရုံး၍ ဇကီရ်ကမ္မဋ္ဌာန်း ဘာဝနာ ပွားများအားထုတ် ဖတ်ရွတ်ကြသည်။ သခင်ကြီး၏ ဒရ်ဂါတော်ကို မန္တလေးမြို့ ဥသျှစ်ကုန်းတွင် ခမ်းနားစွာ ဆောက်လုပ်ထားကြသည်။
မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။

                                         မြူ နှင်း(အေးရိပ်ငြိမ်)

ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်မပေးပါကလမ်းမထွက် ဆန္ဒပြရမည်ဟုမိုးသီးဇွန်ပြောဆို

  ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်မပေးပါကလမ်းမထွက် ဆန္ဒပြရမည်ဟုမိုးသီးဇွန်ပြောဆို



Monday, April 28, 2014
မြန်မာ့ခေတ်
ABSDF ကျောင်းသားတပ်မတော်နှင့် လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူမိုးသီးဇွန်သည် လာမည့်
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲလစ်လပ် မဲဆန္ဒ ၃၁ တစ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ချင်သော်လည်း ၎င်း၏ ကိုယ်ပိုင်
မှတ်ပုံတင်မရရှိသေးသည့်တွက်ကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ရန်ခက်ခဲနေလျက်ရှိကြောင်းဧပြီ ၂၈ ရက်နေ့ကသိရသည်။

လက်ရှိတွင် မိုးသီးဇွန်သည် အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူတစ်ဦးဖြစ်ပြီးမှတ်ပုံတင်ပြန်လည် ရရှိရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီထံသို့ တင်ပြထားကြောင်း ၎င်းကပြောသည်။

“အကိုတစ်ယောက်ထဲမရတာတော့ မဟုတ်ဘူး ပြန်လာတဲ့သူတွေအကုန်မရသေးဘူး။ မှတ်ပုံတင်က ပြန်လျှောက်ထားပြီးပြီအကိုတို့က
နိုင်ငံသားတွေပါ မှတ်ပုံတင်ကို ပြန်ထုတ်ပေးပါ။ ဒါမရရင် အကိုအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် ဘာမှဆက်လုပ်လို့မရဘူး ” ဟု
မိုးသီးဇွန်ကဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရအခြားနိုင်ငံသားအဖြစ်ခံယူထားသူသည် မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲတွင် ယှဉ်ပြိုင်ခွင့်မရှိပဲ
မြန်မာနိုင်ငံတွင် ၁၀နှစ်ကျော်အခြေချနေထိုင်သူဖြစ်မှသာ ရွေးကောက်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်းသိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပေးဖို့ မပြင်ပေးဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်းသမ္မတလုပ်လို့မရသလို၊ငါတို့လည်း
အမတ်လုပ်လို့မရဘူး။ငါတို့ကို ပြန်ခေါ်ထားပြီးတော့ရွေးကောက်ပွဲဝင်ခွင့်မပေးဘူးဆိုရင် ငါတို့လမ်းမထွက် ဆန္ဒပြရတော့မယ် ” ဟု
မိုးသီးဇွန်ကထပ်လောင်းပြောဆိုသည်။

အမည်မဲစာရင်းပယ်ဖျက်ပေးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံသားခံယူထားသော မြန်မာနိုင်ငံသားများအားမှတ်ပုံတင်
ပြန်ထုတ်ပေးခြင်းအခွင့်အာဏာသည်နိုင်ငံတော် သမ္မတထံတွင် သာရှိပြီးမိုးသီးဇွန်အနေဖြင့် မှတ်ပုံတင် ပြန်လိုချင်ပါက နိုင်ငံတော်
သမ္မတထံသာတိုက်ရိုက် လျှောက်ထားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး
ကပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ အနေနဲ့ က ဘာမှလုပ်ပေးလို့မရဘူး။ သူမှတ်ပုံတင်ပြန်လိုချင်တယ် ဆိုရင် နိုင်ငံတော်
သမ္မတထံသာတိုက်ရိုက်လျှောက်ပါ။ နိုင်ငံတော်သမ္မတက လုပ်ပေးပါလို့ ကျွန်တော်တို့ ကိုပြောလာရင် ကျွန်တော်တို့အနေနဲ့ လုပ်ပေးမှာပါ “ဟု
ဦးထွန်းထွန်းဦးကဆိုသည်။

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအားအောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီးမိုးသီးဇွန်သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအားဝင်ပြိုင်ခွင့်ရရှိခဲ့ပါက တသီးပုဂ္ဂကိုယ်စားလှယ်အဖြစ်သာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

သမီးနဲ့အဖေ လတ်တလောနှုတ်ဆက်ခွင့်က ဒီအတိုင်းပဲရှိနေသေး

သမီးနဲ့အဖေ လတ်တလောနှုတ်ဆက်ခွင့်က ဒီအတိုင်းပဲရှိနေသေး


Ma Lwin
မတရား အုပ်ချုပ်သူတွေလက်ထက်မှာ လူဖြစ်လာရတဲ့ ကျမတို့လို မိသားစုတွေ အားလုံးက တရားမှုကိုချစ်မြတ်နိုးတတ်သူတွေပါ။
ဒီနေ့ရုံးချိန်း ၁၁ နာရီ ၁၅ မိနစ်လောက်မှစတယ်။
သမီးက သူ့အဖေကို မှာနေတဲ့စကားက ဖေဖေ မြန်မြန်ပြန်လာနော် တဲ့။


  ယူနတီဂျာနယ်သတင်းထောက်များကို ၈ ကြိမ်မြောက် ရုံးထုတ်
*********************************************
ဒီဗွီဘီ 28 April 2014

နိုင်ငံတော်လျှို့ဝှက်သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုခံရတဲ့ ယူနတီဂျာနယ် သတင်းထောက်တွေ ဒီကနေ့ မနက်ပိုင်းကနေ စပြီး ပခုက္ကူမြို့တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထွက် စစ်ဆေးခံနေရကြောင်း ယူနတီဂျာနယ်သတင်းထောက် ဦးရာဇာဦးရဲ့ အမျိုးသမီး ဒေါ်သိဂီ င်္ထွန်းက ပြောပါတယ်။
မျက်မြင်သက်သေ ၄ ဦးကို စစ်ဆေးမှာ ဖြစ်တဲ့အတွက် ညနေပိုင်းအထိ ကြာနိုင်ပြီး ရန်ကုန်က ရှေ့နေတွေတော့ အခုတကြိမ် သွားရောက်ခြင်းမရှိဘူးလို့ သူက ဆိုပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ် အနီး တည်ဆောက်ထားတဲ့ ဓာတုစက်ရုံအကြောင်း ရေး သား ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ်ရဲ့ နယ်ခံသတင်းထောက် အပါအ၀င် အမှုဆောင် အယ်ဒီတာချုပ်၊ အကြီးတန်းသတင်းထောက် ၂ ဦးနဲ့ သတင်းထောက် ၁ ဦးကို အခုနှစ် ဖေဖော်ဝါရီ လကတည်းက ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

အမြန်လမ်းတွင် လုယက်မှုများ ရှိနေ

အမြန်လမ်းတွင် လုယက်မှုများ ရှိနေ



 ၈၀မိုင် နဲ့ ၉၀မိုင်ကြားတွင် လမ်းလယ်ဘ လော့တုံးများအား ချ၍လုမည့်အဖွဲ့မှ ခြုံခိုစောင့်နေတတ်သည်။
လမ်းတ လျှောက် ရှိ ကူညီပါရ စေ ဖုန်းများမှာ


တောင်ကိုရီးယားဝန်ကြီးချုပ်ရဲ့ နုတ်ထွက်ဖို့ကိစ္စကိုလက်ခံမှာ မဟုတ်

  တောင်ကိုရီးယားဝန်ကြီးချုပ်ရဲ့ နုတ်ထွက်ဖို့ကိစ္စကိုလက်ခံမှာ မဟုတ်

သင်္ဘောမှောက်မှု တောင်ကိုရီးယားဝန်ကြီးချုပ် နုတ်ထွက်
*******************************************
ဗွီအိုအေ (မြန်မာဌာန) 28.04.2014

တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂင်ဟေး (Park Geun-Hye)က သူမအနေနဲ့ တောင်ကိုရီးယားဝန်ကြီးချုပ်ရဲ့ ရာထူးနုတ်ထွက်လွှာကို လက်ခံသွားမှာဖြစ်ပေမယ့် Sewol ကူးတို့သင်္ဘော တိမ်းမှောက်မှုပြဿနာ ကိုင်တွယ်ဖြေရှင်းလို့မပြီးမချင်း နုတ်ထွက်ဖို့ကိစ္စကိုလက်ခံမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့က လူပေါင်း ၃၀၀ ကျော် သေဆုံးတာ ဒါမှမဟုတ် ပျောက်ဆုံးတာတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရရဲ့ တုံ့ပြန်မှုအပေါ် လူထုက မကျေမနပ်ဖြစ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် Chung Hong-won က တနင်္ဂနွေနေ့ အစောပိုင်းမှာ သူ့ကို ရာထူးကနေ နုတ်ထွက်ခွင့်ပေးပြုဖို့ တောင်းဆိုလိုက်တာပါ။ ဝမ်းနည်းနေတဲ့ပုံပေါ်နေတဲ့ ဝန်ကြီးချုပ်က အစိုးရအဖွဲ့မှာ သူ ဆက်ရှိနေခြင်းအားဖြင့် အစိုးရအဖွဲ့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ ပြောပြီး ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ကြောင်းကို တနင်္ဂနွေနေ့ အစောပိုင်းက ရုပ်သံကနေ ပြောသွားခဲ့ပါတယ်။

တန်ချိန် ၆,၈၀၀ ရာရှိတဲ့ အဲဒီကူးတို့သင်္ဘောဟာ ကျောင်းသားတွေနဲ့ဆရာ ရာပေါင်းများစွာကို တင်ဆောင်ပြီး နိုင်ငံအနောက်တောင်ပိုင်းက Jeju ကျွန်းကို သွားနေတုန်း တိမ်းမှောက်နစ်မြုပ်သွားတာပါ။ ဒီကိစ္စအပေါ် တောင်ကိုရီးယားနိုင်ငံမှာ အကြီးအကျယ်ဒေါသထွက်ခဲ့ကြပြီး သင်္ဘောပေါ်ပါတဲ့သူတွေကို ကယ်ဆယ်ရေးတွေမပြီးခင် သင်္ဘောကိုစွန့်ခွာခဲ့တဲ့ သင်္ဘောသားတွေကို အကြီးအကျယ်ဝေဖန်ခဲ့ကြပါတယ်။

သူ့အနေနဲ့ အစောကတည်းက ရာထူးကနုတ်ထွက်ချင်ပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေက ဦးစားပေးလုပ်ရမှာဖြစ်တဲ့အတွက် ရာထူးကမထွက်ခင် ကူညီချင်တယ်လို့ ပြောပါတယ်။

(Photo တောင်ကိုးရီးယားဝန်ကြီးချုပ် Chung Hong-won)

Credit : VOA

ဘာမြူဒါတြိဂံ၏ လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်များ ဖော်ထုတ်နိုင်ပြီ

ဘာမြူဒါတြိဂံ၏ လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်များ ဖော်ထုတ်နိုင်ပြီ





အတ္တ လန်တစ် သမုဒ္ဒရာ အတွင်း ရှိ မီယာမီ၊ ပြူတို ရီကို၊ ဘာမြူဒါ ကြားမှာ တည်ရှိ တဲ့ တြိဂံ ပုံစံ ဒေသ ဟာ ထူးဆန်း လှတဲ့ အခြေ အနေ တွေကြောင့် ထင်ရှား ကျော်ကြား တဲ့ နေရာ အဖြစ် သတ်မှတ် ခြင်း ခံထား ရ ပါ တယ်။ ဘာမြူဒါ တြိဂံ ဒေသရဲ့ ဆိုးရွား လှတဲ့ အကြောင်း ကို နယ်မြေ သစ် ရှာ ဖွေ ခဲ့တဲ့ ခရစ္စ တိုဖာ ကိုလံ ဘတ် က သူ့ရဲ့ မှတ်တမ်း ထဲမှာ ရေးသား ဖော်ပြ ခဲ့ဖူးတယ် လို့ သိရ ပါတယ်။

ဘာမြူဒါတြိဂံ ဒေသကြား ကိုဝင်ရောက် လာတဲ့ သင်္ဘောတွေ၊ လေယာဉ်တွေဟာ အကြောင်းပြချက် မယ် မယ် ရရမရှိဘဲ ပျောက် ဆုံးသွားခဲ့တာမို့ဒီဒေသကို မကောင်း ဆိုးဝါး နေရာ အဖြစ် သတ်မှတ် ထားကြပါတယ်။ အချို့က ဘာမြူဒါတြိဂံဒေသမှာ ဂြိုဟ်သား တွေ၊ ၀ဲဂယက်တွေ၊ မကောင်းဆိုးဝါး တွေ ကြီး စိုးနေတာမို့ သင်္ဘော တွေ နဲ့ လေယာဉ်တွေ ပျောက်ဆုံးနေခြင်းဖြစ်ရတယ်လို့ ဒဏ္ဍာရီ ဆန်ဆန်ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အမေရိ ကန်သိပ္ပံပညာရှင်တွေကတော့ ဘာမြူဒါတြိဂံ ဒေသမှာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွားမှု ကြောင့် သာ သင်္ဘော တွေနဲ့ လေယာဉ်တွေပျောက် ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ အချက်အလက် တွေနဲ့ ထုတ်ပြန်သွားခဲ့ပါတယ်။
အမေရိကန်ရေတပ်နဲ့ ကမ်းခြေတပ်တို့ ရဲ့ လေ့လာမှု စစ်တမ်းကို အထောက် အထား ယူပြီး သမုဒ္ဒရာ စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ (NOAA ) က ဘာမြူဒါတြိဂံဒေသ ဟာ ဘာမှမရှိဘဲ ရာသီ ဥတု ဆိုးရွား မှု ကြောင့် သာ လေယာဉ်တွေနဲ့သင်္ဘောတွေ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်တယ်လို့ သတင်းထုတ် ပြန် ကြေညာ ခဲ့ ပါ တယ်။ မကောင်းဆိုးဝါးတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကိုလည်း လက်တွေ့ ပြသဖို့ အထောက် အ ထား လုံးဝ မရှိခဲ့ဘူးလို့ ယင်းအဖွဲ့က ဆက်လက်ဆိုခဲ့ပါ တယ်။ 

ယင်းအဖွဲ့ရဲ့ ကြေညာချက်မှာ ““ကျွန် တော် တို့ ဟာ သင်္ဘောတွေနဲ့ လေယာဉ်တွေ ဘာမြူဒါတြိဂံဒေသမှာ ဘာကြောင့် ပျောက် ဆုံးခဲ့ရသလဲ ဆိုတာကို အကြိမ် ကြိမ် လေ့လာ မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး ထွက် ပေါ်လာတဲ့အဖြေကတော့ ရာသီဥတုကြောင့် သာ ဖြစ် ပါ တယ်””လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။ 

၁၉၅၀ ပြည့်ကာလ တွေ အထိ ဘာမြူဒါ တြိဂံဒေသကို လူ တွေ သိပ်စိတ်ဝင်စားမှုမရှိခဲ့ ပါဘူး။ ဒါပေမဲ့ အေပီသတင်းဌာနက သတင်း ထောက် တစ်ဦးဖြစ်တဲ့ ဂျူံးစ်ဟာ ဒီအ ကြောင်း နဲ့ပတ်သက်ပြီး ရေးသားဖော်ပြမှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘာမြူဒါတြိဂံဒေသကို လူတွေ စိတ် ၀င် စားလာရခြင်း ဖြစ်ပါတယ်။ 

ဂျူံးစ်ရဲ့ ရေးသားဖော်ပြမှုအရ အမေရိကန် စစ်သင်္ဘောတွေဟာ ဘာမြူဒါ တြိဂံ ဒေသမှာ အကြိမ်ကြိမ်ပျောက်ဆုံးခဲ့တယ်လို့ သိခဲ့ရပါ တယ်။ ပြီးခဲ့တဲ့ နှစ် ဇန်န၀ါရီကာလမှာလည်း အီတလီ နာ မည်ကြီးဒီဇိုင်နာ မစ်ဆိုနီအပါ အ၀င် ခရီးသည်ငါးဦးဟာ ဘာမြူဒါတြိဂံဒေသ မှာ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆို ပါ တယ်။

ဒါပေမဲ့ (NOAA)အဖွဲ့ကတော့ ပင်လယ် သမုဒ္ဒရာ တွေဟာ လူသား တွေအတွက် အမြဲ တမ်း အသစ် အ ဆန်း တစ်ခု သဖွယ် ဖြစ်နေ ကြောင်း၊ ရာသီဥတု ဆိုးရွားမှုကို ဘယ်သူမှ ခန့်မှန်းလို့မရကြောင်း၊ ဒါကြောင့် ဘာမြူဒါ တြိဂံဒေသဟာဆိုးရွားတဲ့နေရာ ဖြစ်လာခဲ့ ကြောင်း ဆိုသွားခဲ့ပါ တယ်။
  
 
                                           မြူ နှင်း(အေးရိပ်ငြိမ်)

söndag 27 april 2014

ဘာသာရေးစစ်ပွဲများ



ဘာသာရေးစစ်ပွဲများ

ဘာသာရေးစစ်ပွဲများ
============
( ဘီဘီစီ စာမျက်နှာတွင် ဖော်ပြထားသော ဆောင်းပါးဖြစ်ပါသည်။ )

ဘုရားသခင်ကို စစ်ပွဲလှူံ့ဆော်ရေးအစီအစဉ်ထဲကို ထည့်သွင်းရုံမျှဖြင့် မြင့်မြတ်သောစစ်ပွဲဖြစ်လာသည်မဟုတ်။ စစ်ပွဲဖြစ်လာစေရန် နှိုးဆော်သောတွန်းအားသည် ဘာသာရေးဖြစ်မှသာ မြင့်မြတ်သောစစ်ပွဲဖြစ်နိုင်သည်။

ယခုခေတ်တွင် ဘာသာရေးစစ်ပွဲများအပေါ် အမြင်သည် ဆန့်ကျင်ဘက်ဖြစ်နေနိုင်သည်။ လူထောင်ပေါင်းများစွာကို သတ်ဖြတ်၍ နယ်ပယ်တစ်ခုလုံးဖျက်ဆီးခြင်းသည် မြင့်မြတ်ခြင်းနှင့် ဝေးကွာလှမ်းလှသည်ဟု ထင်မြင်စရာကောင်းနေဧ။်

သို့သော် ဘာသာရေးနှင့် စစ်ပွဲဟူသည်မှာ လက်ချင်းတွဲခဲ့ကြသည်မှာ ကြာမြင့်လှပေပြီ။ စစ်တပ်များသည် ဘုရားသခင်က ၎င်းတို့နှင့်အတူရှိနေသည်ဟူသောယုံကြည်ချက်ဖြင့် ဆုတောင်းပဋာပြုပြီးနောက် စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ကြသည်။ ကျမ်းစာအလိုရ လူမျိုးစုတိုက်ပွဲများတွင် ရှူံးနိမ့်သူက အောင်နိုင်သူဧ။် နတ်ဘုရားများကို ပြောင်းလဲကိုးကွယ်ရတတ်သည်။

သို့ရာတွင် ဘုရားသခင်ကို စစ်ပွဲလှူံ့ဆော်ရေးအစီအစဉ်ထဲကို ထည့်သွင်းရုံမျှဖြင့် မြင့်မြတ်သောစစ်ပွဲဖြစ်လာသည်မဟုတ်။ စစ်ပွဲဖြစ်လာစေရန် နှိုးဆော်သောတွန်းအားသည် ဘာသာရေးဖြစ်မှသာ မြင့်မြတ်သောစစ်ပွဲဖြစ်နိုင်သည်။
 
မြင့်မြတ်သောစစ်ပွဲများတွင် အချက်သုံးချက်ပါဝင်သည်။

(၁) ဘာသာရေးရည်မှန်းချက်အောင်မြင်စေရန်

(၂) ဘာသာရေးခေါင်းဆောင်မှ ခွင့်ပြုချက်ပေးရန်

(၃) ပါဝင်ဆင်နွှဲသူများသည် စိတ်ဓါတ်ပိုင်းအရ ဆုချခံရသကဲ့သို့ ထင်မြင်စေရန်

ဘာသာရေးခေါင်းစဉ်တပ်လျက် ဆင်နွှဲသောစစ်ပွဲအများစုသည် သာမာန်စစ်ပွဲများကဲ့သို့ပင်ဖြစ်သော်လည်း အားလုံးတော့ မဟုတ်ပေ။

(၁) ဘာသာရေးအကြောင်းရင်းများ
===================
ဖရန်စစ်ဘာကွန်က မြင့်မြတ်သောစစ်ပွဲဖြစ်ရခြင်း အကြောင်း ၅ ချက်ကို တင်ပြသည်။ ( ခရစ်ယာန်ဘာသာဝင်အနေဖြင့် ရေးသားထားခြင်းဖြစ်သော်လည်း အချက်အလက်များသည် မည်သည့်ဘာသာအတွက်မဆို အကျုံးဝင်သည်။ )

(က) ယုံကြည်ကိုးကွယ်မှုကို ပျံ့နှံ့စေရန်

(ခ) ခရစ်ယာန်ဘာသာဝင် တစ်ဦးမှ မကျန်တော့သော်လည်း ယခင်ခရစ်ယာန်နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန်။

(ဂ) တစ်ချိန်က ခရစ်ယာန်နယ်များရှိ ခရစ်ယာန်ဘာသာဝင်များကို ကယ်တင်ရန် ( တစ်နည်း ဘာသာခြားများဧ။် ကျေးကျွန်ဖြစ်ခြင်းမှ ကာကွယ်ရန်။)

(ဃ) လက်ရှိ ညစ်ငြမ်းလျက် မသန့်စင်သောဒေသများအား ပြန်လည်သိမ်းပိုက်၍ သန့်ရှင်းစင်ကြယ်သောဒေသများဖြစ်လာစေရန်

(င) ခရစ်ယာန်များအသတ်ခံရခြင်း၊ ရက်စက်ခံရခြင်း၊ မကောင်းမှုများအတွက် ကလဲ့စားချေရန် ( လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ခဲ့သည့်တိုင်အောင် )

ပထမဆုံးအကြောင်းသည်သာ ယေဘူယျလက်ခံထားသောအကြောင်းများနှင့် မကိုက်ညီပေ။ အခြားအကြောင်းများသည် အချိန်ကာလရွေ့လျောမှုကြောင့် အကြောင်းမဟုတ်တော့ပဲလည်းဖြစ်နေနိုင်သည်။ 

(၂)  တရားဝင်အာဏာပိုင်သူ
================
မြင့်မြတ်သောစစ်ပွဲအတွက် တရားဝင်အာဏာပိုင်သည် အစိုးရမဟုတ်ပေ။ ဘုရားကျောင်းများ သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် ဘာသာရေးအသင်းကို ဦးဆောင်သူများဖြစ်တတ်သည်။

ရှေးယခင်က အာဏာပိုင်သည် နတ်ဘုရားဖြစ်သည်။ ကျမ်းစာထဲတွင် မကြာခဏဆိုသလို ဘုရားသခင်သည် လူများကို စစ်ပွဲဆင်နွှဲရန် တိုက်ရိုက်အမိန့်ပေးစေခိုင်းတတ်သည်။ ယနေ့ခေတ်တွင်တော့ မဟုတ်ပေ။

(၃) တစ်ဦးချင်းစီဧ။် စိတ်ပိုင်းဆိုင်ရာဆုလာဒ်
========================
ပါဝင်ဆင်နွှဲသူများဧ။် စိတ်ပိုင်းဆိုင်ရာဆုလာဒ်အဖြစ် ခံစားရခြင်းသည်လည်း မြင့်မြတ်သောစစ်ပွဲဧ။် တတိယအချက်ဖြစ်သည်။ စစ်တိုက်ရုံမျှဖြင့် စစ်သားများသည် ဆုရသည်ဟု မထင်ပေ။ ဆိုးဆိုးရွားရွား ဒေ၀ဒတ်သင်ကြားမှုမျိုးကို ဆန့်ကျင်ခြင်းမှသာလျှင် ကိုယ့်ကိုယ်ကိုဆုရသည်ဟု ထင်နိုင်သည်။

ဘာသာရေးစစ်ပွဲသမိုင်း
=============
ပထမဆုံးသောမြင့်မြတ်စစ်ပွဲကို အောက်တိုဘာလ ၃၁၂ စီအီးတွင် ရိုမာန်အင်ပါယာဘုရင် ကွန်စတန်တင်းက ကောင်းကင်ယံ၌ လက်ဝါးကပ်တိုင်ကို အောင်နိုင်ရေးနမိတ်အဖြစ် မြင်ရသောကြောင့် ဆင်နွှဲခဲ့သည်။

 ကွန်စတန်တင်းသည် ထိုနမိတ်ကို ယုံကြည်သဖြင့် သူ့စစ်သားများဧ။် ချပ်ဝတ်တန်ဆာများတွင် လက်ဝါးကပ်တိုင်တံဆိပ်နှိပ်ခတ်ခဲ့သည်။ သူ့ထက်အင်အားများသော ပိုလီသီးရစ်ကိုးကွယ်သူများကို အောင်နိုင်ခဲ့သည်။ ( သမိုင်းဆရာများက ခရစ်ယာန်အကျိုးစီးပွားများအတွက် အချိုးအကွေ့တစ်ခုဟု သတ်မှတ်ခဲ့သည်။ )

ခရူးဆိတ်စစ်ပွဲများ
==========
အနောက်တိုင်းဧ။် မြင့်မြတ်သောစစ်ပွဲပေါင်းများစွာကို ခရူးဆိတ်စစ်ပွဲများဟု ခေါ်သည်။ ၁၀၉၅ မှ ၁၂၉၁ စီအီးအထိဆင်နွှဲခဲ့ကြသည်။ ရည်ရွယ်ချက်မှာ မူဆလင်များနေထိုင်နေသော မြင့်မြတ်သည့်နယ်မြေများကို ပြန်လည်သိမ်းပိုက်လျက် အမှားကို အမှန်ပြင်နိုင်ရန် ခရစ်ယာန်ဘာသာအတွက် စစ်ပွဲဆင်နွှဲခြင်းဖြစ်သည်။

ပထမခရူးဆိတ်စစ်ပွဲကို ပုပ်ရဟန်းမင်းကြီး အာဘန်က ၁၀၉၅ တွင်ဆင်နွှဲခဲ့သည်။ မြင့်မြတ်သောနယ်မြေများကို သိမ်းပိုက်ထားပြီး ခရစ်ယာန်ဘာသာဝင်များကို နှိပ်စက်မှုများ အတွက် ဒေါသထွက်သောကြောင့် ခရစ်ယာန်ဘာသာအတွက် စစ်တိုက်ရန်အမိန့်ပေးခဲ့သည်။ ဘုရားသခင်က စစ်ပွဲကိုကောင်းချီးပေးသည်ဟု ပြောခဲ့သည်။

( သင်ဟာ ဘုရားသခင်အလိုတော်ရှိတဲ့အတိုင်း စစ်ပွဲငိုကြွေးသံဖြစ်ပါစေ။ ရန်သူကို လက်နက်ဖြင့်တိုက်ခိုက်သောအခါ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ငိုကြွေးပါစေ။ ဒါဟာ ဘုရားသခင်ရဲ့ အလိုတော်ဖြစ်ပါတယ်။
ဘုရားသခင်ကို ဦးညွှတ်လျက် ဒီမြင့်မြတ်သောခရီးရှည်ကြီးကို လိုက်ပါရန်ဆုံးဖြတ်သော မည်သူ့ကိုမဆို သက်ရှိထင်ရှားစွန့်လွှတ်စွန့်စားသူ၊ မြင့်မြတ်သူ၊ ဘုရားသခင်လက်ခံတော်မူသောသူအဖြစ် သတ်မှတ်သည်။ ထိုသူဧ။် နဖူး သို့မဟုတ် ရင်ဘတ်ပေါ်တွင် ဘုရားသခင်ဧ။် အမှတ်အသားဖြစ်သော လက်ဝါးကပ်တိုင်ကို တပ်ဆင်ခွင့်ရှိသည်။)

ပုပ်ရဟန်းမင်းကြီးသည် ခရူးဆိတ်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်သူအားလုံးကို အပြစ်ဒဏ်များမှလည်း လွတ်ငြိမ်းခွင့်ပြုသည်။

ပထမခရူးဆိတ်စစ်ပွဲကို ခါးသီးစွာတိုက်ခိုက်ပြီးနောက် ဂျေရုဆလင်ကို သိမ်းပိုက်မိသည်။ မြို့တော်တွင်းနေထိုင်သူများမှာ ခရစ်ယာန်ကျုးကျော်သူများဧ။် ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံရသည်။ 

ကျုးကျော်သူများသည် ခေတ်မီစစ်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ချိုးဖောက်ခဲ့ကြသည်။ ရှူံးနိမ့်သူကို လိုအပ်သည်ထက် ပိုချေမှုန်းခဲ့ခြင်းများသည် ယနေ့တိုင်အောင် အစ္စလာမ်နိုင်ငံရေးကို အရောင်ဆိုးလျက်ရှိပေသည်။

http://www.bbc.co.uk/ethics/war/religious/holywar.shtml


( ဘီဘီစီ စာမျက်နှာတွင် ဖော်ပြထားသော ဆောင်းပါးဖြစ်ပါသည်။ )

ဘုရားသခင်ကို စစ်ပွဲလှူံ့ဆော်ရေးအစီအစဉ်ထဲကို ထည့်သွင်းရုံမျှဖြင့် မြင့်မြတ်သော စစ်ပွဲဖြစ်လာသည် မဟုတ်။ စစ်ပွဲဖြစ်လာစေရန် နှိုးဆော်သောတွန်းအားသည် ဘာသာရေးဖြစ်မှသာ မြင့်မြတ်သော စစ်ပွဲဖြစ်နိုင်သည်။

ယခုခေတ်တွင် ဘာသာရေးစစ်ပွဲများအပေါ် အမြင်သည် ဆန့်ကျင်ဘက်ဖြစ်နေနိုင်သည်။ လူထောင်ပေါင်းများစွာကို သတ်ဖြတ်၍ နယ်ပယ်တစ်ခုလုံးဖျက်ဆီးခြင်းသည် မြင့်မြတ်ခြင်းနှင့် ဝေးကွာလှမ်းလှသည်ဟု ထင်မြင်စရာကောင်းနေဧ။်

သို့သော် ဘာသာရေးနှင့် စစ်ပွဲဟူသည်မှာ လက်ချင်းတွဲခဲ့ကြသည်မှာ ကြာမြင့်လှပေပြီ။ စစ်တပ်များသည် ဘုရားသခင်က ၎င်းတို့နှင့်အတူရှိနေသည်ဟူသောယုံကြည်ချက်ဖြင့် ဆုတောင်းပဋာပြုပြီးနောက် စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ကြသည်။ ကျမ်းစာအလိုရ လူမျိုးစုတိုက်ပွဲများတွင် ရှူံးနိမ့်သူက အောင်နိုင်သူဧ။် နတ်ဘုရားများကို ပြောင်းလဲကိုးကွယ်ရတတ်သည်။

သို့ရာတွင် ဘုရားသခင်ကို စစ်ပွဲလှူံ့ဆော်ရေးအစီအစဉ်ထဲကို ထည့်သွင်းရုံမျှဖြင့် မြင့်မြတ်သောစစ်ပွဲဖြစ်လာသည်မဟုတ်။ စစ်ပွဲဖြစ်လာစေရန် နှိုးဆော်သောတွန်းအားသည် ဘာသာရေးဖြစ်မှသာ မြင့်မြတ်သောစစ်ပွဲဖြစ်နိုင်သည်။

မြင့်မြတ်သောစစ်ပွဲများတွင် အချက်သုံးချက်ပါဝင်သည်။

(၁) ဘာသာရေးရည်မှန်းချက်အောင်မြင်စေရန်

(၂) ဘာသာရေးခေါင်းဆောင်မှ ခွင့်ပြုချက်ပေးရန်

(၃) ပါဝင်ဆင်နွှဲသူများသည် စိတ်ဓါတ်ပိုင်းအရ ဆုချခံရသကဲ့သို့ ထင်မြင်စေရန်

ဘာသာရေးခေါင်းစဉ်တပ်လျက် ဆင်နွှဲသောစစ်ပွဲအများစုသည် သာမာန်စစ်ပွဲများကဲ့သို့ပင်ဖြစ်သော်လည်း အားလုံးတော့ မဟုတ်ပေ။

(၁) ဘာသာရေးအကြောင်းရင်းများ
===================
ဖရန်စစ်ဘာကွန်က မြင့်မြတ်သောစစ်ပွဲဖြစ်ရခြင်း အကြောင်း ၅ ချက်ကို တင်ပြသည်။ ( ခရစ်ယာန်ဘာသာဝင်အနေဖြင့် ရေးသားထားခြင်းဖြစ်သော်လည်း အချက်အလက်များသည် မည်သည့်ဘာသာအတွက်မဆို အကျုံးဝင်သည်။ )

(က) ယုံကြည်ကိုးကွယ်မှုကို ပျံ့နှံ့စေရန်

(ခ) ခရစ်ယာန်ဘာသာဝင် တစ်ဦးမှ မကျန်တော့သော်လည်း ယခင်ခရစ်ယာန်နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန်။

(ဂ) တစ်ချိန်က ခရစ်ယာန်နယ်များရှိ ခရစ်ယာန်ဘာသာဝင်များကို ကယ်တင်ရန် ( တစ်နည်း ဘာသာခြားများဧ။် ကျေးကျွန်ဖြစ်ခြင်းမှ ကာကွယ်ရန်။)

(ဃ) လက်ရှိ ညစ်ငြမ်းလျက် မသန့်စင်သောဒေသများအား ပြန်လည်သိမ်းပိုက်၍ သန့်ရှင်းစင်ကြယ်သောဒေသများဖြစ်လာစေရန်

(င) ခရစ်ယာန်များအသတ်ခံရခြင်း၊ ရက်စက်ခံရခြင်း၊ မကောင်းမှုများအတွက် ကလဲ့စားချေရန် ( လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ခဲ့သည့်တိုင်အောင် )

ပထမဆုံးအကြောင်းသည်သာ ယေဘူယျလက်ခံထားသောအကြောင်းများနှင့် မကိုက်ညီပေ။ အခြားအကြောင်းများသည် အချိန်ကာလရွေ့လျောမှုကြောင့် အကြောင်းမဟုတ်တော့ပဲလည်းဖြစ်နေနိုင်သည်။

(၂) တရားဝင်အာဏာပိုင်သူ
================
မြင့်မြတ်သောစစ်ပွဲအတွက် တရားဝင်အာဏာပိုင်သည် အစိုးရမဟုတ်ပေ။ ဘုရားကျောင်းများ သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် ဘာသာရေးအသင်းကို ဦးဆောင်သူများဖြစ်တတ်သည်။

ရှေးယခင်က အာဏာပိုင်သည် နတ်ဘုရားဖြစ်သည်။ ကျမ်းစာထဲတွင် မကြာခဏဆိုသလို ဘုရားသခင်သည် လူများကို စစ်ပွဲဆင်နွှဲရန် တိုက်ရိုက်အမိန့်ပေးစေခိုင်းတတ်သည်။ ယနေ့ခေတ်တွင်တော့ မဟုတ်ပေ။

(၃) တစ်ဦးချင်းစီဧ။် စိတ်ပိုင်းဆိုင်ရာဆုလာဒ်
========================
ပါဝင်ဆင်နွှဲသူများဧ။် စိတ်ပိုင်းဆိုင်ရာဆုလာဒ်အဖြစ် ခံစားရခြင်းသည်လည်း မြင့်မြတ်သောစစ်ပွဲဧ။် တတိယအချက်ဖြစ်သည်။ စစ်တိုက်ရုံမျှဖြင့် စစ်သားများသည် ဆုရသည်ဟု မထင်ပေ။ ဆိုးဆိုးရွားရွား ဒေ၀ဒတ်သင်ကြားမှုမျိုးကို ဆန့်ကျင်ခြင်းမှသာလျှင် ကိုယ့်ကိုယ်ကိုဆုရသည်ဟု ထင်နိုင်သည်။

ဘာသာရေးစစ်ပွဲသမိုင်း
=============
ပထမဆုံးသောမြင့်မြတ်စစ်ပွဲကို အောက်တိုဘာလ ၃၁၂ စီအီးတွင် ရိုမာန်အင်ပါယာဘုရင် ကွန်စတန်တင်းက ကောင်းကင်ယံ၌ လက်ဝါးကပ်တိုင်ကို အောင်နိုင်ရေးနမိတ်အဖြစ် မြင်ရသောကြောင့် ဆင်နွှဲခဲ့သည်။

ကွန်စတန်တင်းသည် ထိုနမိတ်ကို ယုံကြည်သဖြင့် သူ့စစ်သားများဧ။် ချပ်ဝတ်တန်ဆာများတွင် လက်ဝါးကပ်တိုင်တံဆိပ်နှိပ်ခတ်ခဲ့သည်။ သူ့ထက်အင်အားများသော ပိုလီသီးရစ်ကိုးကွယ်သူများကို အောင်နိုင်ခဲ့သည်။ ( သမိုင်းဆရာများက ခရစ်ယာန်အကျိုးစီးပွားများအတွက် အချိုးအကွေ့တစ်ခုဟု သတ်မှတ်ခဲ့သည်။ )

ခရူးဆိတ်စစ်ပွဲများ
==========
အနောက်တိုင်းဧ။် မြင့်မြတ်သောစစ်ပွဲပေါင်းများစွာကို ခရူးဆိတ်စစ်ပွဲများဟု ခေါ်သည်။ ၁၀၉၅ မှ ၁၂၉၁ စီအီးအထိဆင်နွှဲခဲ့ကြသည်။ ရည်ရွယ်ချက်မှာ မူဆလင်များနေထိုင်နေသော မြင့်မြတ်သည့်နယ်မြေများကို ပြန်လည်သိမ်းပိုက်လျက် အမှားကို အမှန်ပြင်နိုင်ရန် ခရစ်ယာန်ဘာသာအတွက် စစ်ပွဲဆင်နွှဲခြင်းဖြစ်သည်။

ပထမခရူးဆိတ်စစ်ပွဲကို ပုပ်ရဟန်းမင်းကြီး အာဘန်က ၁၀၉၅ တွင်ဆင်နွှဲခဲ့သည်။ မြင့်မြတ်သောနယ်မြေများကို သိမ်းပိုက်ထားပြီး ခရစ်ယာန်ဘာသာဝင်များကို နှိပ်စက်မှုများ အတွက် ဒေါသထွက်သောကြောင့် ခရစ်ယာန်ဘာသာအတွက် စစ်တိုက်ရန်အမိန့်ပေးခဲ့သည်။ ဘုရားသခင်က စစ်ပွဲကိုကောင်းချီးပေးသည်ဟု ပြောခဲ့သည်။

( သင်ဟာ ဘုရားသခင်အလိုတော်ရှိတဲ့အတိုင်း စစ်ပွဲငိုကြွေးသံဖြစ်ပါစေ။ ရန်သူကို လက်နက်ဖြင့်တိုက်ခိုက်သောအခါ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ငိုကြွေးပါစေ။ ဒါဟာ ဘုရားသခင်ရဲ့ အလိုတော်ဖြစ်ပါတယ်။
ဘုရားသခင်ကို ဦးညွှတ်လျက် ဒီမြင့်မြတ်သောခရီးရှည်ကြီးကို လိုက်ပါရန်ဆုံးဖြတ်သော မည်သူ့ကိုမဆို သက်ရှိထင်ရှားစွန့်လွှတ်စွန့်စားသူ၊ မြင့်မြတ်သူ၊ ဘုရားသခင်လက်ခံတော်မူသောသူအဖြစ် သတ်မှတ်သည်။ ထိုသူဧ။် နဖူး သို့မဟုတ် ရင်ဘတ်ပေါ်တွင် ဘုရားသခင်ဧ။် အမှတ်အသားဖြစ်သော လက်ဝါးကပ်တိုင်ကို တပ်ဆင်ခွင့်ရှိသည်။)

ပုပ်ရဟန်းမင်းကြီးသည် ခရူးဆိတ်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်သူအားလုံးကို အပြစ်ဒဏ်များမှလည်း လွတ်ငြိမ်းခွင့်ပြုသည်။

ပထမခရူးဆိတ်စစ်ပွဲကို ခါးသီးစွာတိုက်ခိုက်ပြီးနောက် ဂျေရုဆလင်ကို သိမ်းပိုက်မိသည်။ မြို့တော်တွင်းနေထိုင်သူများမှာ ခရစ်ယာန်ကျုးကျော်သူများဧ။် ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံရသည်။

ကျုးကျော်သူများသည် ခေတ်မီစစ်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ချိုးဖောက်ခဲ့ကြသည်။ ရှူံးနိမ့်သူကို လိုအပ်သည်ထက် ပိုချေမှုန်းခဲ့ခြင်းများသည် ယနေ့တိုင်အောင် အစ္စလာမ်နိုင်ငံရေးကို အရောင်ဆိုးလျက်ရှိပေသည်။

                                        မြူ နှင်း(အေးရိပ်ငြိမ်)