အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 17 februari 2015

ကော့သောင်း ပါစီအုပ်ချူ ပ် ရေးမှူးး သိစေရန်

ကော့သောင်း ပါစီအုပ်ချူ ပ် ရေးမှူးး သိစေရန်



ကဲဘယ်သူ့မှာတာဝန်ရှိလဲ။ ဘာကြောင့်မသိတာလဲ။ မသိရင်ပြောမည်။
ဘုရင့်နောင်တံတာနဲ့ဂျက်တီနေရာတွေမီးမလင်းတာ လနဲ့ချီနေပြီ။
တံတားကဖန်ချောင်းသုံးချောင်းဖိုးကို တွက်ကဒ်ပြီးတော့ မလုပ်ကြတာလား။
ဟိုတစ်ခေါက်က ကားအမိုးနဲ့ညိသွားတဲ့ မီးကြိုးပျက်တာကို အကြောင်းပြပြီး
ဒီအတိုင်းထားတာလား။ တောင်တော်ရုပ်ဆိုးတယ်။ ပန်းခြံဒေါင့်ကမီးတိုင်
မီးမလင်းတာလဲ မသိတာလား။ မသိချင်ဟန်ဆောင်တာလား။
မသိလျှင် အခုသိပြီဖြစ်လို့ အမြန်ဆုံးဆောင်ရွက်ပေးပါ။
သဘောင်္ကမီးထွန်းထားမှလင်းရရှာတဲ့ ဘုရင့်နောင်တံတားနဲ့ပန်းခြံဒေါင့်ကို
ကျော်သွားတတ်တဲ့သင်တို့မျက်လုံးတွေကိုချီးကျူးတယ်။
ယခင်ထိုဖြစ်စဉ်ကိုသတိမထားမိ။ ယခုသိသဖြင့် ယခုပြောသည်။

                                 မြူ နှင်း(အေးရိပ်ငြိမ်)

တကယ်ချစ်ကြတဲ့ခါ


 တကယ်ချစ်ကြတဲ့ခါ
ကွယ်လွန်သွားပြီးတဲ့ ခင်ပွန်းက ချစ်သူအတွက် ဗယ်လင်တိုင်း ပန်းစီးပို့
ခေါင်းစဉ်ဖတ်လို့ မရှင်းမရှင်း ဖြစ်သွားမယ် ထင်ပါတယ်။ တကယ်တမ်းကျတော့ ကွယ်လွန်သွားတဲ့ ခင်ပွန်းက သူ့ဇနီး ပန်းစီး ရဖို့ ကြိုတင် စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံက အသက် ၅၂ နှစ်အရွယ် မုဆိုးမ ဖြစ်သူ Shelly Golay ဟာ သက်တူရွယ်တူဖြစ်ပြီး ကွန်လွန်သွားတဲ့ Jim Golay ရဲ့ ချစ်ခင်ယုမမှုကို အတူရှိစဉ်ကို ရရှိခံစားခဲ့ရ ပါတယ်။ ခင်ပွန်းဖြစ်သူက ဦးနှောက်ကင်ဆာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗန်လင်တိုင်းဒေးက အိမ်ရှေ့ကို ပန်းစီးရောက်တောင် ကလေးတွေ သူ့ကို စတာလို့ထင်ခဲ့ပေမယ့် ပန်းစီးဆိုင်ကို ဖုန်းဆက်ကြည့်တော့ Jim Golay အမည်ရ ပုဂ္ဂိုလ်ကိုယ်တိုင် နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တိုင်း ပို့ပေးဖို့ အော်ဒါမှာထားကြောင်း ဆိုပါတယ်။
ဘယ်နှစ်နှစ်အထိ ဆိုတာတော့ မပြောထားပေမယ့် အော်ဒါပေါင်း မြောက်များစွာကို ပြုလုပ်ထားခဲ့ကြောင်း ဆိုပါတယ်။ ပန်းစီးနဲ့ အတူ ပါလာတဲ့ စာကလည်း အမျိုးသမီးအတွက် ဝမ်းနည်းစရာပါ။ ‘Happy Valentine’s Day Honey. Stay Strong! Yours Forever, Love Jim’ လို့ ရေးထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ရုပ်ရှင်ထဲမှာသာ ရှိခဲ့တဲ့ ချစ်သူ မျိုး အပြင်မှာ တကယ်ရှိနေတာမျိုးကို ကြုံတွေ့ရတော့ Shelly ခမျာ ဝမ်းသာရပေမယ့် အနားမှာ မရှိတော့တဲ့အတွက်လည်း ဝမ်းနည်းခဲ့ရပါတယ်။

                                          မြူ နှင်း(အေးရိပ်ငြိမ်)

စိတ်ဝင်စား သံဝေဂယူစရာ ပုံများစုစည်းတင်ပြပေးပါသည်၊











                                                           မြူ နှင်း(အေးရိပ်ငြိမ်)

ကော့သောင်းမြို့ ပုလဲလမ်းကအိမ်တွေကိုဆေးသုတ်ဖို့ရပ်ကွက်လူကြီးတွေ တအိမ်တက်တအိမ်ဆင်းလိုက်ပြော

ကော့သောင်းမြို့ ကို တိုးတက်စေချင်သောသူများ

ကျွန်တော်တို့ ကော့သောင်းမြို့ ပုလဲလမ်းကအိမ်တွေကိုဆေးသုတ်ဖို့ရပ်ကွက်လူကြီးတွေ တအိမ်တက်တအိမ်ဆင်းလိုက်ပြောနေပါတယ်
မရှိတဲ့အိမ်တွေမှာဆေးသုပ်ဖို့နေနေသာသာစားဖို့တောင်အနိုင်နိုင်လုပ်နေရတယ်
သူတို့ပြောဖို့ကလွယ်လွယ်လေးပေါ့
ကုန်ကျငွေကိုသူတို့ကပေးမှာလား
ကိုယ့်အိမ်ကိုတော့လှအောင်လုပ်ချင်တာပေါ့ ဒါပေမဲ့ငွေလိုတယ်လေ ပါးစပ်နဲ့လုပ်လို့မရဘူး
စီးပွါးရေးချွတ်ခြုံကျနေတဲ့မြို့မှာစီးပွါးရေးကောင်းအောင်ဘယ်လိုလုပ်ပေးရမလဲမစဉ်းစားဘူး
အိမ်တွေကိုဆေးသုပ်ခိုင်းပြီး စီးပွါးရေးကောင်းကြောင်း
မြို့ကလှပပြီး ဘယ်လောက်တိုးတက်ကြောင်း
ရောက်လာမဲ့ လူကြီးတွေကိုလိမ်ဖို့စဉ်းစား
နေတယ်
ဒီလိုလုပ်ရပ်တွေရပ်သင့်နေပါပြီ
ကိုယ့်မြို့စီးပွါးရေးကောင်းအောင်လုပ်ပေးပါ စီးပွါးရေးအောင်မြင်တိုးတက်ကောင်းမွန်ရင် ခင်ဗျားတို့ခိုင်းစရာမလိုဘူး
ကိုယ့်အိမ်ကိုယ် ရွှေချလိုက်မယ်


                                             မြူ နှင်း(အေးရိပ်ငြိမ်)

ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းထံပေးစာ


ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းထံပေးစာ
 


ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလား ဘီယာဆိုင်လား
ကော့သောင်း>>ဖေဖော်ဝါရီ၊၁၅ရက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း ခင်ဗျား ကျွန်တော် ရပ်ကွက်သူ/ရပ်ကွက်သား ကိုယ်စားပြုအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မသင့်လျော်သော အပြုအမှု လုပ်ဆောင်ချက် လက္ခံထားမှုကို အကြံပြုပါရစေ
ရပ်ကွက် အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မျက်နှာစာတွင် ဖွဲ့စည်းထားသော
၁။ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆိုင်းပုဒ်
၂။ဒေသအရံမီးသတ်တပ်ဖွဲ့ ဆိုင်းပုဒ်
၃။မြန်မာနိုင်ငံကြက်ခြေနီအသင်း ဆိုင်းပုဒ်
၎။မိခင်ကလေးစောင့်ရှောက်ရေးအသင်း ဆိုင်းပုဒ်
၅။မြန်မာနိုင်ငံအမျိုးသ္မီးရေးရာအသင်း ဆိုင်းပုဒ် စသည့် အဖွဲ့အစည်းများ၏ ဆိုင်းပုဒ်မှတပါး ရုံးပိုင်းဆိုင်ရာအကြောင်းအရာနှင့် မသက်ဆိုင်သော ကြော်ငြာ ပိုစတာများ မတွေ့ရှိရပါ သို့ဖြစ်ပါ၍ ကျွန်တော်တို့ ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အရှေ့တွင် ရပ်ကွက်ရုံးနှင့် သက်ဆိုင်သော အထက်ဖော်ပြပါ အဖွဲ့အစည်းများ၏ ဆိုင်းပုဒ်ကိုကွယ်၍ ကုမ္မဏီတခု၏ မြန်မာဘီယာ ကြော်ငြာပိုစတာကြီး အုပ်မိုးထားမှုမှာ အုပ်ချုပ်ရေးမှူးရုံး၏ အချုပ်အခြာကိုဝင်ရောက်စွတ်ဖက်ခြင်း အုပ်ချုပ်ရေးမှူး၏ ဂုဏ်သိက္ခာညိုးညွမ်းအောင်ပြုလုပ်ခြင်း ရပ်ကွက်သူ/ရပ်ကွက်သားများအပေါ် မထီမဲ့မြင် ပြုရာရောက်ကြောင်း ရှူ့မြင် သုံးသပ်မိပါသဖြင့် အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ လက်မခံသင့်သော အကြောင်းအရာဖြစ်သောကြောင့် ရပ်ကွက်မှရွေးချယ်တင်မြှောက်ထားသော ရပ်မိ/ရပ်ဖကိုယ်စားပြု (၅)ဦးကော်မတီ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့်သက်ဆိုင်သော အဖွဲ့အစည်းများမှ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးသင့်ကြောင်း တင်ပြအပ်ပါသည်

ပေးပို့သူ/ရပ်ကွက်သား
ကော့သောင်းသတင်းဌာန
အနာဂါတ်ခေါင်းဆောင်ကလေးများ


                                        မြူ နှင်း(အေးရိပ်ငြိမ်)

ဖုန်ကြားရှင်မှ တစ်ကမ္ဘာလုံးက တရုတ်တွေကို လိပ်မူရေးသားထားတဲ့စာ

ဖုန်ကြားရှင်မှ တစ်ကမ္ဘာလုံးက တရုတ်တွေကို လိပ်မူရေးသားထားတဲ့စာ

Myet Chell
ဖုန်ကြားရှင်မှ တစ်ကမ္ဘာလုံးက တရုတ်တွေကို လိပ်မူရေးသားထားတဲ့စာဖြစ်ပါတယ်။ မိမိက ဖတ်ချင်ပေမဲ့ တရုတ်လို နားမလည်တဲ့အတွက် တရုတ်စာ ကျွမ်းကျင်ပညာရှင် မိမိမိတ်ဆွေတစ်ယောက်ကို အကူညီတောင်းပြီး ဘာသာပြန်ခိုင်းထားတာဖြစ်ပါတယ်။ စာက ရှေး တရုတ်စာအရေးအသားနဲ့ ရေးထားတာလို့ ပြောပါတယ်။ အပင်ပန်းခံ ဘာသာပြန်ပေးတဲ့ Rocky Mg Mg Shoutdi ကို ကျေးဇူးတင်ပါတယ်။

စာထဲမှာ ဖုန်ကြားရှင်ဟာ ငိုပွဲချထားပါတယ်။ တကမ္ဘာလုံးက ပြည်ပရောက်တရုတ်တွေကို လူအင်အား ငွေအင်အားနဲ့ ကူညီပေးဖို့အတွက် မေတတာ ရပ်ခံထားပါတယ်။ အကျယ်ကို အောက်မှာ ဆက်ဖတ်ကြည့်နိုင်ပါတယ်။
.
ကျွန်တော်ဖုန်ကြားရှင်မှ တစ်ကမ္ဘာလုံးရှိ ပြည်ပရောက်တရုတ်လူမျိုးများအား အကြောင်းကြားစာ
++++++++++++++++++++++++++++++++++++++++++++++++++

.
ဟိုးအရင်အစကတည်းကကိုးကန့်လူမျိုးတို့ဟာတရုတ်လူမျိုးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ဟန်မင်းဆက်ထန်မင်းဆက်ကတည်းကဖြစ်တယ်။ကံဆိုးမိုးမှောင်ကျပြီးတရုတ်ပြည်ဟာဘိန်းစစ်ပွဲကြောင့်အမျိုးကိုပစ်ဂျပန်နဲ့ပေါင်းပြီးဓားပြတွေဖြစ်။သူတစ်လူငါတစ်မင်းနဲ့နယ်မြေတွေခွဲကာကိုးကန့်လူမျိုးတို့သည်လည်းမိမိပိုင်ဒေသကနေထွက်ခွာပြီးတစ်ခြားဒေသကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
.
နောက်ပိုင်းတွင်တရုတ်ပြည်ကြီးကံကောင်းကာတရုတ်လူမျိုးတို့သည်မော်စီတုံးကဲ့သို့ခေါင်းဆောင်ကောင်းပေါ်ပေါက်လာပြီးတရုတ်ပြည်ကြီးကိုတစ်ညီတစ်ညွတ်တည်းဖြစ်အောင်အုပ်ချုပ်နိုင်ခဲ့ပြီးတရုတ်လူမျိုးတွေရဲ့ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ကိုးကန့်ကတော့ကံမကောင်းပဲမိုးနတ်မင်း၏မမျှတတယ့်စီမံမှုကြောင့်ကိုယ်ပိုင်ခွဲထွက်ခဲ့ရပြီး2600m2 ဧရိယာလူဦးရေ ၂သိန်းကျော်တို့ဟာတစ်ခြားလူမျိုးလက်ထဲကိုကျရောက်ခဲ့ရပါတယ်မြန်မာလူမျိုးတို့ဟာအတင်းသိမ်းပိုက်ပြီးကျွန်တော်တို့မြေကိုသိမ်းဆည်းထားခဲ့ကျပါသည်။
.
ကျွန်တော်ဖုန်ကြားရှင် ငယ်စဉ်ကတော့ တိုင်းတပါး အနိုင်ကျင့်မှုများကို မခံနိုင်၍ ကိုးကန့်လူမျိုးများစုစည်းပြီး ကိုယ့်အရပ် ကိုယ့်ဒေသကို ကာကွယ်ခဲ့ပါသည်။ ကျွန်တော်ဟာ ကွန်မြူနစ်ဝါဒကို လက်ခံသူတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် ဝ၊ ကချင်၊ စသော တိုင်းရင်းသားများကဲ့သို့ မြန်မာစစ်တပ်လက်အောက်ခံရန် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထူထောင်ခဲ့ပါတယ်။
.
ပထမ သက်တန်း နှစ် ၂၀ ကြာခဲ့ပါတယ်။ ဘိန်းလုံးဝစိုက်ခွင့်မပြုခဲ့ဘဲ စီးပွားရေးကိုသာ ဦးတည်လုပ်ဆောင်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်စေခဲ့ပါတယ်။ နောက်ဆုံးတွင် ကိုးကန့်ဒေသ ဘိန်းကင်းစင်ပြီး လူများစိတ်ချမ်းသာစွာ နေနိုင်ကာ စီးပွားရေးသည်လည်း တစ်ဖြေးဖြေးကောင်းမွန်တဲ့ဘက်သို့ ဦးတည်လာခဲ့ပါတယ်။
.
ထို့နောက် ကိုးကန့်ဒေသ ဘိန်းပပျောက်မှုကြောင့်ြ မန်မာစစ်တပ်၏ ဝင်ငွေထိခိုက်ခဲ့ပြီး အမုန်းတရားများရှိခဲ့ပါတယ်။ ၂၀၀၉ ၈ လပိုင်းမှာ တော့ ကတိဖောက်ဖျက်ပြီး ကျွန်တော့လက်ထောက်ပိုင်စွတ်ချိုင်းနဲ့ ပူးပေါင်းပြီး ကျွန်တောတို့ ကိုးကန့်ဒေသကို ရုတ်တရက်ဝင်တိုက်ခဲ့ပါတယ်။ ကျွန်တော့်စစ်တပ်ကတော့ ပြင်ဆင်ချိန်မရှိလိုက်တဲ့အတွက် အကျအဆုံးများပြီး ထွက်ပြေးတိန်းရှောင်ခဲ့ရပါတယ်။
.
ပိုင်စွတ်ချိုင်အာဏာရပြီးနောက်ပိုင်းမှာတော့ ကိုးကန့်ဒေသဟာ ကိုးကန့်ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိတော့ဘဲ ဘိန်းစိုက်ပျိုးမှု ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာစစ်တပ်မှလည်း အာဏာပြပြီး ရွာများကို အဓမ္မ သိမ်းပိုက်ခြင်း၊ ကျွန်တော့ညီအစ်ကိုများကို အနိုင်ကျင့်ခြင်း၊ အမျိုးသမီးများကို ဖျက်ဆီးခြင်း ၊ နည်းမျိုးစုံသုံးပြီး အနိုင်ကျင့်ခြင်း တို့ကြောင့် ကိုးကန့်လူမျိုးများ ထောင်သောင်းမက ဒုက္ခရောက်ခဲ့ရပါတယ်။
.
ယုတ်မာသော မြန်မာလူမျိုးများနဲ့ ပိုင်စွတ်ချိုင်……. အညှိုးရှိပါက ကျွန်တော့ကိုသာ လာသတ်ပါ။ ကျွန်တော့လူမျိုး ကျွန်တော့ကလေးတွေမှာ အပြစ်မရှိပါဘူး။ သက်ကြီးရွယ်အိုတွေ မိန်းမသားတွေမှာ အပြစ်မရှိပါဘူး။ တရုတ်ပြည်မှာ ဘိန်းစစ်ပွဲပြီးသွားတာ နှစ်တစ်ရာလောက်ရှိပြီဖြစ်ပေမဲ့ တရုတ်မျိုးနွယ်ဝင် ကိုးကန့်လူမျိုး ၂ သိန်းကျော်နေတိုင်တဲ့ ကိုးကန့်ဒေသမှာတော့ ခုထိ ဒုက္ခ ခံစားနေရတုန်းပါဘဲ။ အဲဒီဘိန်းစစ်ပွဲတုန်းကလို ဒုက္ခမျိုးစုံ ခံစားနေရတုန်းပါဘဲ။ ကျွန်တော်အဲဒီအဖြစ်တွေ ပြန်တွေးမိတိုင်း မျက်ရေကျရပြီး အသေဖျောင့်မှာ မဟုတ်ပါဘူး။
.
ကျွန်တော်ဟာ အခုဆိုရင် အသက်ကြီးပါပြီ။ လက်နက်ချပြီး အေးဆေးအနားယူသင့်တဲ့အရွယ်ရောက်နေပါပြီ ။ ဒါပေမဲ့ ကျွန်တော့လူမျိုးအတွက် ကျွန်တော့အသက်က မပြောပလောက်ပါဘူး။ ကျွန်တော့လူမျိုးအတွက် ကျွန်တော်အင်အားတွေပြန်လည်စုစည်းပြီး ကိုးကန့်လူမျိုးတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်အောင် တိုက်ခိုက်နေပါတယ်။ ကျွန်တော်မှ တကမ္ဘာလုံးရှိ တရုတ်လူမျိုးများအား အမျိုးကို ချစ်ပါက ကျွန်တော့အား လူအင်အား ငွေအင်အား တတ်နိုင်သလောက်ကူညီကြပါလို့ ကျွန်တော်မှ ရိုသေစွာ ကန်တော့ပြီး အကူအညီတောင်းခံအပ်ပါတယ်။

အသက် ၈၉ နှစ်၊ ဖုန်ကြားရှင်

တရုတ်စာ မူရင်းလင်ခ့်==>



                                        မြူ နှင်း(အေးရိပ်ငြိမ်)

မြန်မာပြည်မြေပုံ အရှေ့ခြမ်းကို တရုတ်လက်သို့ သေချာပေါက်

မြန်မာပြည်မြေပုံ အရှေ့ခြမ်းကို တရုတ်လက်သို့ သေချာပေါက်

၈၈၈၈ အရေးအခင်းမဖြစ်ခင်က မြန်မာပြည်မှာ ကိုးကန့်လူမျိုးဆိုတာက တစ်သောင်း ( ၁၀၀၀၀ ) မပြည်ခဲ့ပါဘူး ဒါပေမယ့် တရုတ်ပြည်မှာတော့ သိန်းဂဏန်းကျော် ရှိနေခဲ့ပါတယ် ။ အဲ့ဒီလိုပဲ ဝ ဆိုတာက သုံးသောင်း ( ၃၀၀၀၀ ) လောက်ပဲရှိခဲ့ပါတယ် ဒါပေမယ့် တရုတ်ပြည်မှာကတော့ ဆယ်သိန်းခန့်ကျော် ( ၁၀ ) သိန်းခန့် ရှိခဲ့ပါတယ် ။

အရေးအခင်ပြီးတော့ မြန်မာစစ်အစိုးရက အနောက်နိုင်ငံကြီးများ၏ ဖိအားကိုဆန့်ကျင်နိုင်ရန် ဗွီတိုအာဏာရှိသော တရုတ်ကို ပြေးကပ်ပြီး အဖေတော်ခဲ့ပါတယ် ။ အဲ့ဒီ သခင်အဖေတော်စပ်မှု့က အပေးအယူအားဖြင့် ကိုးကန့်နဲ့ ဝ တို့ကို မြေနေရာခွဲဝေပေးရေး တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးရေးတို့ ပါဝင်ပါတယ် ။

အဲ့ဒီသဘောတူညီချက်ကြောင့် တရုတ်က နိုင်ငံတကာ၏ မြန်မာနိုင်ငံအပေါ် အရေးယူရေးကိစ္စတွေကို ဗွီတိုအာဏာဖြင့် ကုလသမဂ္ဂမှာ ပယ်ချပေးခဲ့သလို့ လိုအပ်သော လက်နှက်အင်အားများကိုလဲ တရုတ်ပြည်ကနေ အကြွေးစနစ်ဖြင့် ရောင်းချပေးပါတယ် ။

အကြွေးဆိုတာက သိကြတဲ့အတိုင် အတိုးကြီးစွာ အရစ်ကျပေးဆပ်ရတာ သဘာဝဖြစ်ပါတယ် ၊ အဲ့ဒါကြောင့် မြန်မာပြည်ဟာ တရုတ်ထံသို့ ပြန်ပေးစရား သန်းပေါင်းထောင်ပေါင်းများစွာ အကြွေတင်ရှိသွားပါတော့တယ် ။

ထို့အတူ တရုတ်ကို မျက်နှာလုပ်နေရသဖြင့် မြန်မာနိုင်ငံမှ အဖိုးတန် တွင်းထွက်ပစ္စည်းများ တောထွက်ပစ္စည်းများ ရေထွက်ပစ္စည်များ ဓာတ်ငွေ့များစသည်တို့ကိုလဲ ဈေးပေါပေါနှင့်ရောင်းချပေးခဲ့ရပါတယ် ။ အဲ့ဒီ ရောင်ချမှု့တွေအတွက် စစ်အာဏာရှင်များက အရိုးစုတ်ရတဲ့ အမြတ်ငွေရရှိပြီး တရုတ်တွေကတော့ အသားစားသွားခဲ့တာ ပြည်သူအများ သိကြတဲ့အတိုင်း တောပြောင် တောင်ပြုန်းပြီး မြန်မာပြည်ကြီးမှ ထွက်သမျှအဖိုးတန်များကို ကျေးဇူးရှင်ကြီးအဖြစ် ပေးဆပ်လိုက်ရပါတော့တယ် ။

အခုကျန်နေတာက အတော်အတန်ဖဲ့ယူထားပြီးသားဖြစ်တဲ့ မြန်မာမြေပုံဖြစ်ပါတယ် ။ အဲ့ဒီမြေပုံကို ခေါင်းပိုင်းထပ်ချိုးဖို့အတွက် အရှေ့ပိုင်းကို ဖြတ်ယူဖို့အတွက် ကိုးကန့်နဲ့ ဝ အမည်ခံတွေကို စစ်လက်နှက် အပြည့်အဝ ထောက်ပံပေးပြီး ယူကရိမ်းက ခရိုင်မီယာကဲ့သို့ ဖြစ်ပွားလာအောင် ဖန်တီးနေခြင်း ဖြစ်ပါတယ် ။

ဝ နှင့် ကိုးကန့်တို့က ခွဲထွက်ရေးကြေငြာပြီး တရုတ်ကထောက်ခံ၍ ရုရှားကဲ့သိုနည်းတူ ဝ ဒေသ ကိုးကန့်ဒေသတို့တွင် တရုတ်စစ်တပ်ထိုင်လိုက်ပြီဆိုပါက မြန်မာနိုင်ငံ၏ စစ်အင်အားသည် မည်သို့ပင် အသေခံနိုင်ပါသည် သတ္တိရှိပါသည်ဟု ပြောနေစေကာမူ အသေသာအဖတ်တင်၍ ပြန်၍ရနိုင်တော့မည်မဟုတ်ပါ ။ ( ယူကရိမ်း ခရိုင်မီယာ အရေးအခင်ကို နမူနာ ယူစေလိုသည် ) ။

ထို့ကြောင့် ယခုအခြေအနေတွင် ပြစ်ပေါ်ခဲ့သော စစ်ကြောင်းအနေအထားနှင့် ပြင်ဆင်ထားသော စစ်ရေးအခြေအနေများအရ လက်ဦးမှု့ရယူ၍ ကိုးကန့်နှင့် ဝ နယ်ကို မိမိ၏ နိုင်ငံတော်အချုပ်အခြာ အာဏာ၏ လက်အောက်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရန် လုပ်ဆောင်ရမည်ဖြစ်သည် ။

အချုပ်အားဖြင့် မူလက သောင်းဂဏန်မပြည့်သော ကိုးကန်လူဦးရေသည် တရုတ်များဝင်ရောက်လာပြီး သိန်ဂဏန်း ဖြစ်သွားခဲ့ပြီး ၊ မူလက သောင်ဂဏန်းရှိသော ဝ လူဦးရေသည် တရုတ်များဝင်ရောက်လာပြိး ငါသိန်းခန့်ရောက်ရှိနေပြီးဖြစ်သလို တိုင်းရင်းသားဆိုသည်မှာလည်း မြန်မာပြည်မှာ မွေးသူတိုင်းကို တိုင်းရင်းသာအဖြစ် သတ်မှတ်၍ မရသလို၊ ကျူးကျော်လာသူတွေ များတိုင်းလည်း တိုင်းရင်းသားဖြစ်ခွင့်မရှိပါ ။

ထို့ကြောင့် ယခုဖြစ်ပေါ်ဆဲ အခြေအနေပေါ်တွင်မူတည်ပြီး ပြတ်သားစွာ အရေးယူခြင်း မပြုလုပ်ပါက ထိုသူတို့အား သတ်မှတ်ပေးထားသော ပြည်နယ်ဧရိယာအတိုင်း မြန်မာပြည်မြေပုံ အရှေ့ခြမ်းကို တရုတ်လက်သို့ သေခြာပေါက် အပိုင်ပေးလိုက်ရတော့မည်ဖြစ်ကြောင်း မြန်မာတနိုင်ငံလုံးအား မြန်မာနိုင်ငံသားများအား အသိပေး ပြောကြားလိုက်ရပါကြောင်း ။

( ဦးနိုင်ဝင်း လန်ဒန် )


                                           မြူ နှင်း(အေးရိပ်ငြိမ်)

မန္တလေးစစ်ကြောင်း ရန်ကုန်အရောက်ချီတက်မည်၊ ကျန်စစ်ကြောင်းများ အိမ်ပြန်ပြီးစောင့်ကြည့်မည်

 

ရန်ကုန်။ ။ရန်ကုန်မြို့သို့ဦးတည်ချီတက်နေကြသည့် သပိတ်မှောက်စစ်ကြောင်းများအကြား ရန်ကုန်သို့ ဆက်လက်ချီတက်ရေး၊ မတက်ရေး သဘောထားကွဲလွဲနေကြောင်း သပိတ်ခေါင်းဆောင်များက Yangon Globe ကိုပြောသည်။
ဧရာဝတီ၊ မြေလတ်-မုံရွာနှင့် မော်လမြိုင်-ထားဝယ် ကျောင်းသားသပိတ်စစ်ကြောင်းတို့အနေဖြင့် လွှတ်တော်က အမျိုးသားပညာရေးဥပဒေပြင်ဆင်ချက်များကို အတည်ပြုပြဋ္ဌာန်းပြီးသည်အထိ သပိတ်ကိုရပ်နားကာ သက်ဆိုင်ရာပြည်နယ်များတွင်သာ သပိတ်စခန်းဖွင့်ကာဆက်လက် စောင့်ကြည့်မည်ဖြစ်သော်လည်း မန္တလေးပင်မသပိတ်စစ်ကြောင်းကမူ မူလသတ်မှတ်ထားသည့် အတိုင်း ရန်ကုန်အရောက်ဆက်လက်ချီတက်မည်ဟုဆိုသည်။

"ကျွန်တော်တို့သပိတ်စစ်ကြောင်းမှာပါတဲ့ ကျောင်းသားတွေကိုမေးတယ်။ သူတို့ကလည်း ရန်ကုန်ကိုမချီတက်တော့ဘဲ မအူပင်၊ ပုသိမ်မြို့တွေမှာသပိတ်စခန်းဖွင့်ပြီး စောင့်ကြည့်မယ်လို့ သဘောတူတယ်။ အဓိကကတော့ အစိုးရကလည်း ရန်ကုန်ကိုမလာစေချင်ဘူး။ ကျွန်တော်တို့ အနေနဲ့လည်း ရန်ကုန်ထဲရောက်တော့ တောင်းဆိုရင် တစ်ခြား ကိစ္စရပ်တွေ ပါလာတော့မယ် ဒါဆို ပြဿနာကပိုကြီးသွားရင် လက်ရှိအနေထားမှာသဘောတူညီချက် တွေပျက်သွားနိုင်တယ်။ ဒါကြောင့် ရန်ကုန်ထဲကိုရောက်မှ လွှတ်တော်ကိုဖိအားပေးတာထက် တစ်ခြားပုံစံမျိုးနဲ့ စောင်ကြည့် ဖိအားပေးတာမျိုးလုပ်တဲ့သဘောမျိုးကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာပါ" ဟု ဧရာဝတီ သပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင် ကိုအောင်ခန့်ဇော်ကပြောသည်။

သို့ရာတွင် မန္တလေးမှလာသည့် ပင်မသပိတ်စစ်ကြောင်းအနေဖြင့် လွှတ်တော်က မိမိတို့လိုလားချက်အတိုင်း ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးမှသာ သပိတ်ကိုလှန်မည်ဖြစ်ပြီး မူလသတ်မှတ်ထားသည့်အတိုင်း ရန်ကုန်သို့ဆက်လက်ချီတက်မည်ဟု ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီမှ ကိုအောင်နေပိုင်ကပြောသည်။

 






"ကျွန်တော်တို့သပိတ်စစ်ကြောင်းက တစ်ခြားသပိတ်စစ်ကြောင်းတွေလို မဟုတ်ဘူး မန္တလေးက စထွက်လာကတည်းက လမ်းလျှောက်ပြီး ပြည်သူတွေရဲ့ယုံကြည်မှုကို ယူထားရတာ။ တောင်းဆိုထားတဲ့ အချက်တွေတရားဝင် ဘာတစ်ခုမပြဋ္ဌာန်းဘဲနဲ့ သပိတ်ကိုမရပ်နားဘူး။ ရပ်နားလိုက်ရင်ပြည်သူတွေရဲ့မျှော်လင့်ချက်ကိုချိုးလိုက်သလို ဖြစ်နေမယ်။ ဒါကြောင့်ရန်ကုန်ထိ ချီတက်မယ်။ ပြီးရင် အဲဒီမှာသပိတ်စခန်းဖွင့်ပြီးလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို စောင့်မယ်" ဟု၎င်းက ပြောသည်။
  ကျောင်းသားများ၏တောင်းဆိုချက် ၁၁ ချက်ကို အစိုးရဘက်က သဘောတူပြီးနောက်တွင် ရန်ကုန် တိုင်းဒေသကြီးအာဏာပိုင်များဘက်က ကျောင်းသားများအား ရန်ကုန်နယ်မြေအတွင်းသို့ ဝင်ရောက် မလာရန်နှင့် ဝင်ရောက်လာပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ယခုလ ၁၅ ရက်မှစပြီး အစိုးရအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအ၀င်နေရာများတွင် ရဲတပ်ဖွဲ့ဝင်များသာမက အရပ်ဝတ်လူပုဂ္ဂိုလ်များကပါ အဝေးပြေးယာဉ်များနှင့် ခရီးသွားများပါမကျန် မေးမြန်းစစ်ဆေးပြီး လမ်းမပေါ်တွင် သံဆူးကြိုးများချထားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှစပြီး အနယ်နယ်မှကျောင်းသားသပိတ်စစ်ကြောင်းများ စတင်ထွက်ခွာခဲ့ကြ ပြီး ပင်မသပိတ်စစ်ကြောင်းဖြစ်သည့် မန္တလေးစစ်ကြောင်းမှာ တနင်္ဂနွေနေ့က ပဲခူးတိုင်းအုတ်ဖိုမြို့သို့ ရောက်ရှိခဲ့သည်။


                                              မြူ နှင်း(အေးရိပ်ငြိမ်)

ကျောင်းသားစစ်ကြောင်း ရန်ကုန်သို့ ချီသင့်မသင့် မနက်ဖြန်ဆုံးဖြတ်မည်

ကျောင်းသားစစ်ကြောင်း ရန်ကုန်သို့ ချီသင့်မသင့်  မနက်ဖြန်ဆုံးဖြတ်မည်


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ တောင်း ဆိုနေတဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ရန်ကုန်အထိ ဆက်လက်ချီတက်ဖို့ မသေချာသေးဘဲ မနက်ဖြန် မှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ ကျောင်း သားခေါင်းဆောင်တွေက ပြောပါတယ်။
ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမြို့ကို ဒီနေ့ရောက် ရှိလာချိန်မှာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။

"မနက်ဖြန် လက်ပံတန်းမှာ ကျောင်းသားတွေ စာမေးပွဲ စတဲ့ရက်ပေါ့၊ တစ်ရက်နားမယ်၊ နားတဲ့အချိန်မှာ ကျနော်တို့ အစည်းအဝေးလုပ်မယ်၊ ကျောင်းသား အကုန်လုံးကို လက်ရှိအခြေအနေ အားလုံးရှင်းပြ မယ်၊ ကျောင်းသားတွေရဲ့ ဆုံးဖြတ်ချက်တွေတောင်း မယ်၊ သူတို့ရဲ့သဘောထားတွေတောင်းမယ်၊ အဲ့သဘောထားအတိုင်း ဆက်သွားသင့်၊ မသင့် သတင်းထုတ်ပြန်မယ်"

အဲဒီ့သပိတ်စစ်ကြောင်း ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် ပါဝင်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့က မန္တလေးမြို့က ထွက်ခွာလာတာ ဖြစ်ပါတယ်။

ဧရာဝတီ၊ ထားဝယ်၊ မော်လမြိုင်၊ ပခုက္ကူ နဲ့ မုံရွာက သပိတ်မှောက်စစ်ကြောင်းတွေဟာ မနေ့က သပိတ်တွေကို ရပ်နားလိုက်ပါတယ်။


                                          မြူ နှင်း(အေးရိပ်ငြိမ်)

ပါးရိုက်လို့ အလုပ်ပြုတ်တဲ့ ဥပဒေမရှိဘူးပြောပြီး ကျောင်းသူကို အတန်းပိုင်ဆရာမ ပါးရိုက်

 

 ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့ နယ်ရှိ အ.ထ.က. ၄ ကျောင်းမှ အဌမတန်း အတန်းပိုင်ဆရာမသည် သူမ၏ အတန်း၌ ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးအား ဆုံးမရာတွင် ပါးရိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ပါးရိုက်ခံရသည် ကျောင်းသူ က ပါးမရိုက်ပါနှင့် တခြားနည်းဖြင့် ဆုံးမပါ ဟု ပြောကြားခဲ့သည်ဟု သိရသည်။ အခြား ဆရာမများ ရောက် လာကာ ကျောင်းသူအား ဖြောင်းဖြ့ပီး ဆရာမကို ခံပြောမိသည့် အတွက် တောင်းပန်ရန် တိုက်တွန်းသဖြင့် ကျောင်းသူ ကလေးမှ ထိုင်ကန်တော့ရာ အဆိုပါ အတိုင်းပိုင်ဆရာမက နင် ကန်တော့လဲ ငါမကျေနပ်ဘူး။ ပါးရိုက် လို့အလုပ်ပြုတ်တဲ့ဥပဒေမရှိဘူးပြောဘူးဟုပြောပြီး ထပ်မံပါးရိုက်ခဲ့ဟု သိရသည်။

အဆိုပါ ဆရာမက ဒေါသချောင်းချောင်းထွက်နေရာ ဆက်လက်ပြီး ကျောင်းသူအား ပါးရိုက်ရန် ကြိုးစားသဖြင့်အခြား ဆရာမ များက ဆွဲခေါ်တားဆီးခဲ့ရပါသည်။

အဆိုပါ ဖြစ်ရပ်ကို ကြားသိကြသည့် ကျောင်းသားမိဘများအားလုံး မခံမရပ်နိုင်ဖြစ်နေဟု ဆိုသည်။ အရွယ် မရောက်သေးသော ကျောင်းသူ တဦးအား ဆရာမများက အုပ်ချုပ်သော ကျောင်းပိုင်နက်အတွင်း တရားလွန် ဆင့်ကဲပါးရိုက်ခြင်း၊ ရန်သူတစ်ဦးကို တုန့်ပြန်သကဲ့သို့ ငယ်ရွယ်သည့် ကျောင်းသူ အား ဥပဒေမဲ့ လုပ်ဆောင်ခြင်းအတွက် မိမိ၏ သမီး ၂ ဦးအတွက်လည်း ထိလန့်မိကြောင်း အမည်မဖော်လိုသည့် မိဘတစ်ဦးက The Ladies သို့ ပြောကြားခဲ့သည်။

၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ပါးရိုက်ဆုံးမခြင်းသည် ကာအိဒြေကို ပျက်စီးစေကြောင်း၊ ယခုအခါတွင် စာမေးပွဲများ အလွန်နီးကပ်နေသဖြင့် ကလေးများ စိတ်အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်ကြောင်း၊ နောင်လာမည့် စာသင်နှစ်တွင် သမီးဖြစ်သူအား အခြားကျောင်းသို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း ကျောင်းသူဖခင်တစ်ဦး The Ladies မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။


                                            မြူ နှင်း(အေးရိပ်ငြိမ်)