အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 18 augusti 2015

ကော့သောင်း ၂ မိုင်ဆေးရုံ မှ တာဝန်ကျ ဆရာဆရာမ.များ ပေါ့ဆ မှု ကြောင့် လူနာမသေ သင့် ဘဲသေ ရ။

ကော့သောင်း ၂ မိုင်ဆေးရုံ မှ တာဝန်ကျ ဆရာဆရာမ.များ ပေါ့ဆ မှု ကြောင့် လူနာမသေ သင့် ဘဲသေ ရ။
======================



၁၃ -၈-၂၀၁၅ နေ့ ကကမ်းနီးငါးလုပ်ငန်း ကုမ္ပဏီ ဝန်ထမ်း ဦးလှဝေ ၅၃ နှစ် ၊သည် နှလုံးရော ဂါ ရှိသူဖြစ်ပြီး၊ ရင်ဘတ်အောင့် မူးဝေ သဖြင့် ပြင်ပဆေးခန်းသို့ သွားရောက်ပြသရာ ၊စမ်းသပ်စစ်ဆေးပြီး. ဆေး ရုံ.သို့ အမြန် သွား ရန်ညွှန်ကြား ခဲ့ကြောင်း။
13-8-2015. 09:00 ခန့် ဆေးရုံ သို့ ရောက်သွားရာ ၊ပြင်ပလူနာဌာန တွင် အချိန်ကြာပြီး ၊အပေါ်ထပ် သို့လမ်းလျှောက် တက် ရာ.အမောဆို့ပြီး ကုတင်ပေါ် ရောက်ပြီး၁၀ မိနစ်ခန့် အကြာတွင်.သေဆုံး သွားခဲ့ ပါသည်။
ဦးလှဝေ မှာ အငြိမ်းစား ရဲအရာရှိ တဦး ဖြစ်ပါသည်။ ထိုအချိန်က မည်သူတာဂန်ကျ သည်ကို မသိရ သော်လည်း၊ OPD တွင် ဒေါက်တာ.နိုင်နိုင်ထွန်း...တာဝန်ကျသည့် အခါတိုင်း လူနာကို ဂရုမစိုက်ဘဲ အကြာကြီး ထိုင်စောင့် ခိုင်း လေ့ ရှိ ပြီး၊လူနာများ နှင့်ဆက်ဆံရာတွင် မိုက်ရိုင်းစွာဆက်ဆံလေ့ရှိ ကြောင်း၊
သမားတော်.များ၊အထူးကုများနှင့်.ပြသရန် လိုအပ်သောလူ နာများကို တွေ့ခွင့် မပေးဘဲ သူ့သဘောနှင့်သူ.တွေ့ရာကြုံဆေးကိုဖြစ်သလိုပေးပြီး မသက်သာရင် ပြန်လာဟု.ဖြစ်သလို လုပ်၍ပြန်လွှတ်ပါသည်။
 

အိမ်မရောက်မီသေလို့ပြန်မလာနိုင်သူရှိသလို ၊သူနှင့် နောက်တကြိမ် မတွေ့ လို၍.ပြန်မလာသူများ.လည်းရှိ၏။
.. .တခါက ကျွနုပ် ၏ မိတ်ဆွေ တဦး အရိုးအထူကုနှင့် ပြသရန် လာသည်ကို ။တွေ့မပေးဘဲ.အချိန်ဆွဲ ပြီးထိုင်စောင့်ခိုင်းသဖြင့်.စိတ်မရှည် ဘဲ စကားများ ရကြောင်း၊ မကျေနပ်ရင်တိုင်ချင်ရာတိုင်ဟု မိုက်မိုက်ရိုင်းရိုင်းပြောလိုက်ပါသေးသည်။
နောက်မိတ်ဆွေ တဦး ရုတ်တရက် အသက်ရှူကြပ် လို့ ရောက်လာရာ တွင်လည်း နိုင်နိုင်ထွန်း၏ ဂျူတီ.နှင့်ကြုံကြိုက် သဖြင့် ဂရုမစိုက်ဘဲ ဖြစ်သလိုသွေးပေါင်တိုင်း ပြီး သွေးတိုးသည်ဟုဆို ကာ မလိုအပ်ဘဲသွေးပေါင်ကျဆေး များ ကို ပါ ပေးပြီးမသက်သာရင်ပြန်လာဟု ဆိုကာ ပြန်လွှတ် သည်။
ထိုမိတ်ဆွေမှာ ဗဟုသုတ.ရှိသူဖြစ်၍. စွမ်းထက် တွင် အပြင်သမားတော်နှင့်ပြရာ
သွေးတိုး မရှိ ကြောင်းသိရပြီး၊ အောက်ဆီဂျင်နှင့်.ဆေးရည် ရောစပ် ရှူစေပြီး ရောဂါနှင့်.ဆေး.သင့် အောင်ပေးသဖြင့် အသက်ချမ်းသာရာရခဲ့ ကြောင်း ၊၎င်း၏..ဆေးမှတ် တမ်း များကိုပူးတွဲဖော်ပြ လိုက်ပါတယ် ။
အောက်ဆီဂျင် ကို ဓမ္မပီတိ ကဲ့သို့ သော နာရေးကူညီမှု.အသင်း များ ၊Ngo များ၊သံဃာ.တော်များမှ လိုလေသေးမရှိ အခမဲ့ ပေးလှူနေပါတယ် ၊ နမျောတွန့်တို ပြီးအသုံး မပြု တာတော့ လူမဆန်ရာကျ.ပါတယ်။
နိုင်နိုင်ထွန်း ကိုပြောလိုက်ပါတဲ့.၊မတိုင်မှာ မပူနဲ့တဲ့ ၊ဆေးရုံ က.တန်ဘိုး ကြီးတဲ့ဆေးအကောင်းစားတွေ ကို Expire နီးတဲ့ဆေး တွေ နဲ့ အပြင်ဆိုင်မှာလဲတာတို့ ၊မင်းတို့ပြန်ရောင်းပြန်သွင်းထားတဲ့ ဆိုင်တွေမှာဝယ် ဘို့ ပြန်ညွှန်းတာတို့ အထောက်အထားတွေ ရှာနေ ရလို့ကြာနေတာ၊ မင်းလူပါးဝ တာခံလိုက်ရလို့မကျေနပ်တဲ့လူတွေစုပြီးတိုင်လိမ့်မယ် ။

ဖေ့စ်ဘုတ်မှကူးယူဖေါ်ပြပေးသည်။

                                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar