အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 30 december 2013

သန်းရွှေကို ဖယ်နိုင်ရင် မြစ်ဆုံကို ကယ်နိုင်ပြီ

သန်းရွှေကို ဖယ်နိုင်ရင် မြစ်ဆုံကို ကယ်နိုင်ပြီ


Hawdeka Khalaylay

(နေပြည်တော်အရေးပေါ်သတင်း)

မြစ်ဆုံကနေ အထက်တကြောမှာ ယူရေနီယမ်တွေ နဲ့ ရဲအတ် တွေ တူးလို့ရတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါပြီ ၊

သန်းရွှေက မြစ်ဆုံကို ပြန်စဖို့ တရုတ်တွေကို မီးစိမ်းပြလိုက်ပြီလို့ သတင်းရထားပါတယ် ၊

မြစ်ဆုံကို အာရုံလွှဲဖို့ အစီအစဉ်တွေ တရပ်စပ်လာပါလိမ့်မယ် ၊

မကြာသေးခင်က သန်းရွှေခိုင်းလို့ တေဇ နဲ့ အောင်သောင်း မြစ်ဆုံဘက်ကို ခရီးထွက်သွားသေးတယ်လို့ ကြားပါတယ် ၊

မြစ်ဆုံဆက်လုပ်ဖို့ အောင်သောင်းက အိုက်ထွန်းကိုပါ ရှယ်ယာထည့်ခိုင်းထားတယ်ကြားပါတယ် ၊

အခုတော့ မြစ်ဆုံဟာ စတီဗင်လော တစ်ယောက်ထဲ မဟုတ်တော့ပါဘူး ၊

မြစ်ဆုံကိစ္စမှာ တရုတ်တွေဆီက ကန်ထရိုက်ပြန်ယူထားသူတွေက စတီဗင်လော ၊ တေဇ ၊ အောင်သောင်း နဲ့ အိုက်ထွန်းတို့ ၄ ယောက် ဖြစ်သွားပါပြီ ၊

မကြာခင်မှာ ကေအိုင်အေ နဲ့ တိုက်ပွဲကြီးတွေ ထပ်ဖြစ်အောင်လုပ်ပြီး မြစ်ဆုံသွားတဲ့ လမ်းကို ပိတ်ပစ်လိုက်တော့ မှာပါ ၊

မြစ်ဆုံကို ကယ်မယ်ဆိုရင် သန်းရွှေကို ဖယ်မှရပါတော့မယ် ၊

စတီဗင်လော ၊ တေဇ ၊ အောင်သောင်း နဲ့ အိုက်ထွန်းတို့ကလည်း မြစ်ဆုံကို ကြောင်တောင်မနှိုက်သင့်ပါဘူး ၊

သန်းရွှေကို ဖယ်နိုင်မှ မြစ်ဆုံကို ကယ်နိုင်တော့မှာပါ ၊

(နေပြည်တော်မှ ပေးပို့လာသော အရေးပေါ်သတင်းဖြစ်ပါသည် )





မဒမ်လျူယန်ဒေါင် နှင့် ဦးသန်းရွှေတို့ နေပြည်တော်၌ လျှို့ဝှက်တွေ့ဆုံခဲ့

မဒမ်လျူယန်ဒေါင် နှင့် ဦးသန်းရွှေတို့ နေပြည်တော်၌ လျှို့ဝှက်တွေ့ဆုံခဲ့



Hawdeka Khalaylay
၂၀၁၃ ဒီဇင်ဘာ ဒုတိယပတ်က တရုတ်ဒုဝန်ကြီးချုပ် မဒမ်လျူယန်ဒေါင် နှင့် ဦးသန်းရွှေတို့ နေပြည်တော်၌ လျှို့ဝှက်တွေ့ဆုံခဲ့
(နေပြည်တော်လျှို့ဝှက်သတင်း)

၂၀၁၃ ဒီဇင်ဘာ ဒုတိယပတ်က တရုတ်ဒုဝန်ကြီးချုပ် မဒမ်လျူယန်ဒေါင် နှင့် ဦးသန်းရွှေတို့ နေပြည်တော်၌ လျှို့ဝှက်တွေ့ဆုံခဲ့သည်ဟု နေပြည်တော်သတင်းရပ်ဝန်းမှ လျှို့ဝှက်သတင်းအဖြစ်ပေးပို့ခြင်းဖြစ်သည် ၊

တွေ့ဆုံရာတွင် ဧည့်သည်တော် မဒမ်လျူယန်ဒေါင်မှ ဦးစွာ ဦးသန်းရွှေ သို့ ဂါရဝပြုစကားပြောကြားခဲ့ပါသည် ၊

အဆွေတော် မြန်မာနိုင်ငံ၏ခေါင်းဆောင်ကြီး ဦးသန်းရွှေ ကို ယခုလို ကျန်းကျန်းမာမာ နှင့် တွေ့ရသည့်အတွက် လွန်စွာမှ ဝမ်းမြောက်မိပါကြောင်း ၊ အဆွေတော် ခေါင်းဆောင်ကြီး ဦးသန်းရွှေ၏ ထူးချွန်ပြောင်မြောက်သော လုပ်ရပ်ဖြစ်သည့် ကျောက်ဖြူကူမင်း

ပိုက်လိုင်းတည်ဆောက်နိုင်ခဲ့မှုနှင့်ပတ်သတ်၍ ကျွန်ုပ်တို့ သမ္မတကြီး ရှီကျင်းပင်မှ အထူးပင် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ၊ အဆွေတော်ကြီးဆက်လက်ခွင့်ပြုထားသော ကျောက်ဖြူကူမင်း ရထားလမ်းနှင့် ကားလမ်း စီမံကိန်းကိုလည်း

အမြန်တည်ဆောက်မည်ဖြစ်ကြောင်း ၊ မြစ်ဆုံဆည်တည်ဆောက်မှုကိုလည်း မကြာမီပြန်လည်ခွင့်ပြုမည်ဟု သိရသည့် အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ၊ လက်ပံတောင်းတောင် နှင့် မြွေတောင်ဖားတောင် စီမံကိန်းများကိုလည်း ဆက်လက်လုပ်ကိုင်မည်

ဖြစ်ပါကြောင်း နှုတ်ခွန်းဆက်ပြောကြားပါသည် ၊

ဦးသန်းရွှေမှ အဆွေတော် လာရောက်လည်ပတ်သည့် အတွက် ဝမ်းသာပါကြောင်း ၊ မြန်မာလူမျိုးများအတွက် မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာကို သိသူသာလျှင် ခေါင်းဆောင်ဖြစ်သင့်ကြောင်း ၊ ကျွန်ုပ်ကို မြန်မာခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားသဖြင့်

ကျေးဇူးတင်ရှိပါကြောင်း ၊ မိတ်ဆွေကောင်း ပီသစွာ ဆက်လက် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ကချင်မြောက်ပိုင်းဒေသမှ ယူရေနီယမ် နှင့် ရှားပါးသတ္တတူးဖော်ခြင်း လုပ်ငန်းကို အမြန်စတင်အကောင်အထည်ဖော်လိုပါကြောင်း ၊ ၂၀၁၄ သန်းခေါင်စာရင်း

စီမံကိန်းတွင် မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်လိုသူ အဆွေတော်တို့ထံမှ နိုင်ငံသားများကို စိတ်ချရသည့် အနေအထားဖြစ်အောင် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ၊ ၂၀၁၅ အလွန်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးအတွက်

အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အဆွေတော်တို့ဘက်မှလည်း ယခင်နည်းတူ လိုအပ်လျှင် ဗီတိုအာဏာနှင့် ကာကွယ်ပေးရမည်ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွက်သာမက အဆွေတော်တို့ တရုတ်နိုင်ငံ အတွက်ပါ အန္တရယ်ရှိသူ

အဖြစ် သတ်မှတ်ရမှာဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ကစားကွက်များကို စိတ်ရှည်ရှည်နှင့် စောင့်ကြည့်စေလိုကြောင်း ၊ လက်နက်ကိုင်တပ်ဖွဲများ၏ ဦးစီချုပ်မှာ ယနေ့တိုင် မိမိပင်ဖြစ်ကြောင်း ၊ ကောလဟာလများကို မယုံစေလိုကြောင်း ၊ အမေရိကန်ကို

မချစ်သော်လည်း အောင့်ကာနမ်း ဗျူဟာဖြစ် ဆက်ဆံသွားမည်ဖြစ်ကြောင်း ၊ မြောက်ကိုးရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခြင်းမပြုဟု ဂတိပေးနိုင်ကြောင်း ၊ လိုအပ်ပါက ကိုကိုကျွန်းကို အမေရိကန်သို့ ခေတ္တငှားရမ်းအသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း ၊
အဆွေတော်တို့ထံမှ စစ်လက်နက်ပစ္စည်းများဆက်လက်ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြန်လှန်ပြောဆိုခဲ့သည် ၊

ထို့နောက် ဦးသန်းရွှေနှင့် တရုတ်အစိုးရ အဆင့်မြင့် အရာရှိများအကြား တိုက်ရိုက်ဖုန်းခေါ်ဆက်သွယ်နိုင်သည့် သီခြားဆက်သွယ်ရေးလမ်းကြောင်းများအကြောင်း ဆက်လက်ပြောဆိုကြပါသည် ၊

(နေပြည်တော်မှ ပေးပို့လာသော လျှို့ဝှက်သတင်းဖြစ်သည်)


ဖွင့်ထားမိတဲ့ ကင်မရာကနေ မြောက်ကိုရီးယားတွေကို တွေ့ခဲ့ရ

ဖွင့်ထားမိတဲ့ ကင်မရာကနေ မြောက်ကိုရီးယားတွေကို တွေ့ခဲ့ရ



Hawdeka Khalaylay

(နေပြည်တော်သတင်း)

လွှတ်တော်ကြီဟာ ဘယ်လိုတည်ဆောက်ထားတယ် ဘယ်လိုလည်ပတ်နေတယ် ဆိုတာ လျှို့ဝှက်ထားရမယ့်နေရာ မဟုတ်ပါဘူး ၊

လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ မြန်မာပြည်ရဲ့ ကံကြမ္မာကိုပုံဖော်မယ့်သူတွေပါ ၊

အခုတော့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် စိတ်မချရဆုံးနေရာက လွှတ်တော်ကြီးကိုယ်တိုင် ဖြစ်နေပါတယ် ၊

လွှတ်တော်ရဲ့ စီစီတီဗွီ ကင်မရာအထဲမှာ မြောက်ကိုးရီးယားတွေ တွေ့ခဲ့ရတယ် ဆိုတဲ့ သတင်းထွက်လာပါတယ် ၊

လွှတ်တော်အောက်မှာလည်း မြေအောက်လှိုဏ်ခေါင်းတွေရှိတယ်ဆိုတဲ့ သတင်းကတော့ ထွက်နေတာကြာနေပါပြီ ၊

လွှတ်တော်လုံခြုံရေးအတွက် သီသန့် အစီအစဉ်တွေထားရှိဖို့ပြောတော့လည်း ဦးသန်းရွှေက သဘောမတူပြန်ပါဘူး ၊

လွှတ်တော်အထဲက စီစီတီဗွီတွေဟာ ၂၄ နာရီ အလုပ်မလုပ်ပါဘူး ၊

အထက်က ဖွင့် ဆိုတဲ့ အချိန်မှာ ဖွင့်ရပြီး အထက်က ပိတ်ထားဆိုတဲ့ အချိန်မှာ ပိတ်ထားရတာတွေပါ ၊

အခုသတင်းထွက်သွားတာက ပိတ်ဆိုတဲ့ အချိန်မှာ ဖွင့်ထားမိတဲ့ ကင်မရာကနေ မြောက်ကိုရီးယားတွေကို တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းပါ ၊

မြောက်ကိုရီးယားတွေက လွှတ်တော်တစ်ခုလုံး ထိန်းချုပ်နိုင်တဲ့ ကွန်ထရိုးအခန်းတစ်ခု လာဆင်ပေးတာလို့ပြောပါတယ် ၊

အခုဆိုလွှတ်တော်အထဲမှာ ဘယ်နေရမှာပဲဖြစ်ဖြစ်တီးတိုးတိုင်ပင်နေတာတွေကို လျှို့ဝှက်အသံဖမ်းယူနိုင်ပါတယ် တဲ့ ၊

နောက်ထပ် တခြား အစီအစဉ်တွေလဲ ရှိနိုင်ပါသေးတယ် ၊

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို မှာချင်ပါတယ် ၊

ဒီတစ်ခါ လွှတ်တော်လာတက်ရင် လွှတ်တော်ကိုယ်စားလှယ်တွေ သရဏဂုံ တစ်ခါတည်း တင်ခဲ့ပါလို့ . . .

(နေပြည်တော်မှ ပေးပို့လာသော သတင်းဖြစ်သည်)


သူလိုလူ နောက်တစ်ယောက် မလာနိုင်ဘူး

သူလိုလူ နောက်တစ်ယောက် မလာနိုင်ဘူး

Demo KaungmaLay

 အိုဘားမား မရှိလည်း အမေရိကန်ဟာ အမေရိကန်ပါပဲ
 နောက်တစ်ယောက်လာလိမ့်မယ်…
ဗလာဒီမာပူတင်မရှိလည်း ရုရှားဟာ ရုရှားပါပဲ
 နောက်တစ်ယောက်လာလိမ့်မယ်…
လီရှင်ပင်း မရှိလည်း တရုတ်ဟာ တရုတ်ပါပဲ
 နောက်တစ်ယောက်လာလိမ့်မယ်…
 ဒေးဗစ်ကင်မရွန်း မရှိလည်း ဗြိတိန်ဟာ ဗြိတိန်ပါပဲ
 နောက်တစ်ယောက်လာလိမ့်မယ်…
ဖရန်ဆွာအော်လွန်း မရှိလည်း ပြင်သစ်ဟာ ပြင်သစ်ပါပဲ
 နောက်တစ်ယောက်လာလိမ့်မယ်…
အိန်ဂျလာမာကဲလ် မရှိလည်း ဂျာမန် ဟာ ဂျာမန်ပါပဲ
 နောက်တစ်ယောက်လာလိမ့်မယ်…
မက်မိုဟန်ဆင်း မရှိလည်း အိန္ဒိယ ဟာ အိန္ဒိယပါပဲ
 နောက်တစ်ယောက်လာလိမ့်မယ်…
 ဦးသိန်းစိန် မရှိလည်း မြန်မာဟာ မြန်မာပါပဲ
 နောက်တစ်ယောက်လာလိမ့်မယ်…

 ဒေါ်အောင်ဆန်းစုကြည် မရှိလည်း မြန်မာဟာ မြန်မာပါပဲ
 အာရှဟာ အာရှပါပဲ အရှေ့တောင်ဟာ အရှေ့တောင်ပါပဲ
ကမ္ဘာဟာ ကမ္ဘာပါပဲ
ဒါပေမယ့် နောက်တစ်ယောက် မလာနိုင်ဘူး အဲ့ဒါ သေချာတယ်

 (ဖျာပုံနီလုံဦး- ၃၀-၁၂-၂၀၁၃ ဒီလှိုင်း)

တော်ကြပါတော့ အမေစုကို မယုတ်မာကြပါနဲ့တော့

ဘယ်တုန်းကမှ နိုင်ငံခြားသား မခံထားဘူး။ သက်သက်မဲ့ ကလိန်ကျတာ ။


Esther Ohnmar

KIM နဲ့ ALEX က မြန်မာနိုင်ငံသားတွေပဲ ဘယ်တုန်းကမှ နိုင်ငံခြားသား မခံထားဘူး။ သူတို့မေမေကို မစ္စ အဲရစ်လို့ခေါ်ရင်တောင်သူတို့ဘယ်တုန်းကမှလက်မခံခဲ့ဘူး။ ကင်း(မ)ရဲ့ကျောင်းသားကဒ်မှာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာလို့ပဲရှိတယ် မြန်မာနိုင်ငံသားပဲဖြစ်တဲ့ ကင်းနဲ့ အဲလက်ဇန္ဒားကို သူတို့ပဲ BLACK LIST လုပ်တာ
သူတို့ဥပဒေက သူတို့ပါးစပ်မှာပဲရှိနေတာ ။သက်သက်မဲ့ ကလိန်ကျတာ ။


ဒီမို ဖက်တီး

ရိုင်းလိုက်တာ ။ ဒီစစ်တွေ ဒီဖွတ်တွေရဲ့ ရိုင်းချက်က ကမ်းကုန်ပါတယ် ။
မွေးကတည်းက မြန်မာနိုင်ငံသားအဖြစ်သာ ခံယူခဲ့တဲ့ ကလေးနှစ်ယောက်ရဲ့ နိုင်ငံသားအဖြစ် ရပ်တည်မူကို ၁၉၈၉မှာ ဖျက်သိမ်းခဲ့တယ် ။
လင် နေမကောင်းတော့ မြန်မာပြည်ကို ၁၉၉၈ ကတည်းက လာခွင့်ပိတ်ပင်တယ် ။
လင် သေခါနီး ၁၉၉၉ ပုပ်ဂျွန်ပေါလ်ရဲ့ မေတ္တာရပ်ခံချက်ကိုတောင် စောက်ဂရုမစိုက်ပဲ မယားကို နိုင်ငံထဲက ထွက်သွားလေမလားဆိုပြီး အကျပ်ကိုင်ခဲ့တယ် ။
အကျယ်ချုပ်ဘ၀မှာ ၁၅ နှစ်လုံးလုံး ဖုန်းဖျက်ထားခဲ့တယ် ။ သားနှစ်ယောက် ခမျာ မွေးနေ့လေးတောင် အမေဖြစ်သူရဲ့ အသံကို မကြားရ ။ ဘဒ်ဒေးကဒ်လေး မရ ။
အခုလည်း မိခင်ဖြစ်သူ သမ္မတ ဖြစ်နိုင် မဖြစ်နိုင်တာ သားနှစ်ယောက်အပေါ်ကို မူတည်ပြန်အောင် အကွက်ဆင်ကြပြီ ။
သားနှစ်ယောက်ထဲက တစ်ယောက်က မြန်မာနိုင်ငံသားအဖြစ် မခံယူချင်ဘူး ၊ ပြန်မလာနိုင်ဘူး ဆိုရင် .....
မိခင်ဖြစ်သူသာမက ၊ အဘိုးဖြစ်သူကိုပါ နာမည်ပျက်အောင် တည်ကြက်အဖြစ် အသုံးချကြပြန်ပြီ ။
ရိုင်းလိုက်တာ ။ ဒီစစ်တွေ ဒီဖွတ်တွေရဲ့ ရိုင်းချက်က ကမ်းကုန်ပါတယ် ။
 
Thet Tin

အမေစု သားနှစ်ယောက်စလုံး မြန်နိုင်ငံသား ပြန်ပြောင်းမှ တရားဝင်မယ်တဲ့ တမျိုးပြီးတမျိုး မရိုးရဘူးနော် ။
ကလိမ်စိငြမ်းဆင်နေကြတုံး
တော်ကြပါတော့ အမေစုကို မယုတ်မာကြပါနဲ့တော့


... 

စုံတွဲအကယ်ဒမီပွဲတက်ဖက်ရှင် ဒီဇိုင်းများ

စုံတွဲအကယ်ဒမီပွဲတက်ဖက်ရှင် ဒီဇိုင်းများ



သတင်းဘုရင်





လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက မီးဘေးသင့် ကျောင်းသူကျောင်းသားတွေကို ကူညီကြဖို့

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက မီးဘေးသင့် ကျောင်းသူကျောင်းသားတွေကို ကူညီကြဖို့



Maung Ne Lynn Aung

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက မီးဘေးသင့် ကျောင်းသူကျောင်းသားတွေကို ကူညီကြဖို့ တိုက်တွန်းလိုပါတယ်

လပွတ္တာမြို့နယ်၊ ကန်ဘက်ကျေးရွာကြီးမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ညက လောင်ကျွမ်းခဲ့တဲ့ မီးဘေးဒဏ်ကြောင့် အိမ်ခြေ ၂၃၁ အိမ် ပျက်စီးဆုံးရှုံးပြီး၊ လူပေါင်း ၁၁၀၈ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ မြို့သူမြို့သားတွေ စုစည်းပြီး ကူညီရေး အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။

ဆောင်းတွင် အချိန် ဆိုတော့ စောင်၊ ခြင်ထောင်၊ အ၀တ်အစား ဒါတွေ လိုအပ်ပါတယ်။ အစားအသောက်အတွက်လည်း အခုမနက်က စပြီး ပို့နေပါပြီ။ မနက်ဖြန်ကျရင်လည်း မြို့က ပဲ့ထောင်တွေ ထပ်ပြီး ရိက္ခာနဲ့ အ၀တ်အထည်တွေ သွားပြီး ပို့မှာ ဖြစ်ပါတယ်။

မီးဘေးဒဏ်သင့်တဲ့ ကန်ဘက်ရွာက အထက်တန်းကျောင်းမှာ သူငယ်တန်းကနေ ဒဿမတန်းအထိ ကျောင်းသားပေါင်း ၁၇၅ ယောက် ပညာသင်ယူနေကြပါတယ်။ ဆယ်တန်း နှစ်ကျ အပြင်ဖြေ ကျောင်းသားတွေပါ ထည့်ပြီး တွက်ရင် တစ်ရွာလုံးမှာ ကျောင်းသားပေါင်း ၂၀၀ အနည်းဆုံး ရှိပါလိမ့်မယ်။ အစားအသောက်နဲ့ ရိက္ခာတွေ ပို့နေပြီ ဆိုပေမယ့် ကျောင်းသုံး ပစ္စည်းတွေ လိုအပ်နေတာကို တွေ့ရပါတယ်။

ဒီတော့ကာ မီးဘေးသင့် ကျောင်းသူ ကျောင်းသားတွေ အတွက် လှူကြပါလို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်လည်း အိမ်ပြန်ရောက်နေတော့ မြို့မှာ နေတဲ့ သူငယ်ချင်းတွေနဲ့ စုပြီး ကျောင်းသုံးပစ္စည်း ဖြန့်ဖြူးဖို့ စပြီး လုပ်နေပါတယ်။ ခန့်မှန်းလိုအပ်ချက် စာရင်းကို အောက်မှာ ဖော်ပြထားပါတယ်။

ဗလာစာအုပ် - ၃၀၀ ဒါဇင်
ဘောပင် - ၃၀ ဒါဇင်
ခဲတံ - ၃၀ ဒါဇင်
ပေတံနဲ့ ခဲဖျက် - ၂၀၀ ခု စီ

ကလေးတွေကို လှူချင်တယ် ဆိုရင်တော့ ဒီလို လှူလို့ ရပါတယ်။

၁၃၀၀ ကျပ် ဆိုရင် ဗလာစာအုပ် ၁ ဒါဇင်
၁၀၀၀ ကျပ် ဆိုရင် ဘောပင် ၅ ချောင်း
၅၀၀ ကျပ် ဆိုရင် ခဲတံ ၃ ချောင်းနဲ့ ခဲဖျက် ၁ ခု
၃၀၀ ကျပ် ဆိုရင် ပေတံ ၁ ချောင်း

အတန်းကြီးတွေ အတွက် စက်ဝိုင်းခြမ်း၊ ကွန်ပါ၊ ကျင်တွယ် ဒါတွေ လိုပါတယ်။ သူတို့ စာမေးပွဲမှာ မဖြစ်မနေ သုံးရမယ့် ပစ္စည်းတွေ ဖြစ်ပါတယ်။
ဝိုင်းဝန်းကူညီမယ် ဆိုရင်တော့ ပစ္စည်းတွေကို ကလေးတွေ လက်ထဲ ရောက်အောင် ကျွန်တော် ကိုယ်တိုင် သွားပြီး ဝေပါ့မယ်။ ဇန်န၀ါရီ ၁ ရက်နေ့မှာ ကျွန်တော် အဲဒီကို သွားပြီး ဝေဖို့ရာ စီစဉ် ထားပါတယ်။ အခု ဗလာစာအုပ် စပြီး မှာထားပါပြီ၊ ရသလောက်ကို အရင်ဆုံး ဝေပါ့မယ်။

ကလေးတွေကို ကူချင်တယ် ဆိုရင်တော့ ကျွန်တော့် အိမ်ဖုန်း ၀၉၄၉၇၄၄၄၀၇ နဲ့ ကျွန်တော့် မိတ်ဆွေ ကိုဇော်မင်းသန်းရဲ့ ဖုန်း ၀၉၃၁၇၁၀၂၉၃ ကို ဆက်သွယ်နိုင်ပါတယ်။ ဒီပစ္စည်းတွေ အမြန်ဆုံး ပေးနိုင်ဖို့ လိုနေပါတယ်။ အမြန်ဆုံး ကူကြပါ။ လှူချင်ရင် စာရင်း လှမ်းပေးလို့ ရပါတယ်။ ငွေကိစ္စကို ကျွန်တော် ရန်ကုန် ပြန်ရောက်မှ ရှင်းလို့ ရပါတယ်။ လာယူ ဆိုလည်း လာယူလို့ ရပါတယ်။ တစ်ထောင်၊ နှစ်ထောင် ဆိုလည်း မနည်းပါဘူး။ ကလေးတွေ စာအုပ်ဖိုး၊ ခဲတံဖိုး ရတာပေါ့။

ဓာတ်ပုံ - နှလုံးသားလပွတ္တာ





söndag 29 december 2013

ဖေ့စ်ဘုတ်မှ နှစ်ခါပြန်ကြည့်ရသော်ဓါတ်ပုံများ







 မသိရင် လူပုလေးတစ်ယောက်က ရှေ့က မိန်းမကြီးကိုခွစီးထားသလိုဘဲ့နော် 

သေချာကြည့်ပါ   ထိုလူဘောင်းဘီနှင့် မိန်းမကြီးအင်္ကျီအရောင်တူနေလို့ ဖြစ်တာပါ



                                                  မြူနှင်း(အေးရိပ်ငြိမ်)




ပြည်သူတွေ ဘာကြောင့် အာဆီယံ ဥက္ကဋ္ဌရာထူး စိတ်မ၀င် စားတာလဲ

ပြည်သူတွေ ဘာကြောင့် အာဆီယံ ဥက္ကဋ္ဌရာထူး စိတ်မ၀င် စားတာလဲ

ပြည်သူတွေ ဘာကြောင့် အာဆီယံ ဥက္ကဋ္ဌရာထူး စိတ်မ၀င် စားတာလဲ 








တစ်ချိန်က အပယ်ခံ တိုင်းပြည်က အခုတော့ ဒေသဆိုင်ရာ ခေါင်းဆောင် ဖြစ်လာပြီဟု အာဆီယံ ဥက္ကဋ္ဌတာဝန်ကို မြန်မာက ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်တွင် လွှဲပြောင်း ရာယူပြီးနောက် နိုင်ငံတကာ မီဒီယာက သတင်းဖော်ပြကြသည်။ 
၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် အာဆီယံဥက္ကဋ္ဌဖြစ်လာခြင်းက ပြုပြင်ပြောင်းလဲမှုများကြောင့် နာမည်ကောင်းရလာသော သမ္မတဦးသိန်းစိန်အစိုးရအတွက် သံတမန်ရေးဆိုင်ရာဆုတစ်ဆု ဖြစ်ကြောင်းလည်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြသည်။
အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူနိုင်ခဲ့ခြင်းအတွက် အစိုးရသစ်မှာ ဟန်မဆောင်နိုင်အောင် ဂုဏ်ယူဝမ်းမြောက်၊ ကျေနပ်နေချိန်တွင် ပြည်သူအများစုမှာ အာဆီယံဥက္ကဋ္ဌရာထူး၊ ထိုတာဝန်ကြောင့်ရလာမည့် အကျိုးကျေးဇူးတို့နှင့်ပတ်သက်၍ မသိကိန်းများစွာဖြစ်နေသည်။
အာဆီယံဥက္ကဋ္ဌရာထူးကို ရယူခဲ့သော်လည်း အာဆီယံအသင်းကြီးအကြောင်းကို ပြည်သူလူထုသိရှိနိုင်ရန် ပညာပေးလုပ်ငန်းများ ပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက ပြောကြားသည်။ ထိုအချက်ကပင် လူထုစိတ်ဝင်စားမှု လျော့နည်းခြင်း၏ အဓိကဖြစ်သည်။
သာမန်ပြည်သူ ၁၀ ဦးကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့်ပတ်သက်၍မေးမြန်းရာ မသိသလို စိတ်လည်းမ၀င်စားကြဟု ဖြေသည်။
အာဆီယံ၏ ရည်ရွယ်ချက်ကိုက နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းရေးကို ဦးတည်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုသို့ တိုက်ရိုက်အကျိုးသက်ရောက်မှုမှာ နည်းပါးပြီး ပြည်သူများ စိတ်ဝင်စားမှုမရှိခြင်းဖြစ်ကြောင်း အာဆီယံရေးရာသင်တန်းများ ပို့ချနေသူ သံလွင်နိုင်ငံရေးအင်အားစုမှ ဦးဇော်မင်းကျော်ကပြောကြားသည်။ အစိုးရသည် အာဆီယံနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးရုံသာရှိပြီး ယင်းစာချုပ်ပါ အကျိုးခံစားခွင့်များကို အောက်ခြေပြည်သူလူထုအထိ သိရှိအောင် ဆောင်ရွက်ထားခြင်းမရှိခြင်းကြောင့် ပြည်သူများ အာဆီယံကိုမသိရှိခြင်းမှာ မထူးဆန်းကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။
“တီဗီသတင်းမှာ သမ္မတပြောသွားတဲ့ အာဆီယံအကြောင်းတွေ တစ်လုံးမှနားမလည်ဘူး။ ပြီးတော့ အာဆီယံအသိုက်အ၀န်းဆိုတာလည်း ကျွန်မ မသိဘူး။ အခု ကျွန်မကလေးနှစ်ယောက်ရဲ့ ကျူရှင်စရိတ်၊ ကျောင်းစရိတ်၊ ကုန်ဈေးနှုန်းနဲ့ ယောက်ျားရဲ့ တက္ကစီမောင်းလို့ရတဲ့ ပိုက်ဆံကမလောက်ဘူး။ အခု သမ္မတက အာဆီယံဥက္ကဋ္ဌဆိုတော့ ကုန်ဈေးနှုန်းတွေကျအောင် သူမလုပ်ပေးနိုင်ဘူးလားလို့ သိချင်တယ်”ဟု မင်္ဂလာတောင်ညွန့် စံပြဖဆပလရပ်ကွက်ကနေ ဒေါ်စိုးစိုးမော်ကပြောပါသည်။ အာဆီယံဥက္ကဋ္ဌရာထူးကို ကမ္ဘောဒီးယားအား အလှည့်ကျော်၍ မြန်မာနိုင်ငံက ရယူလိုကြောင်း သမ္မတဦးသိန်းစိန်အစိုးရက အာဆီယံကို ၂၀၁၂ တွင် ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးတွင် တောင်းဆိုခဲ့သည်။
၂၀၀၆ ခုနှစ်က ဥက္ကဋ္ဌတစ်ကြိမ်ဖြစ်ခွင့်ကို အမေရိကန်၊ ဥရောပသမဂ္ဂမိတ်ဖက်နိုင်ငံများ အပါအ၀င် နိုင်ငံတကာဖိအားပေးမှုကြောင့် အဆင်သင့်မဖြစ်ဟုဆိုကာ လက်လွှတ်ခဲ့ရသော မြန်မာအတွက် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအပြီးတွင် ဥက္ကဋ္ဌရာထူးကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဘာလီတွင်ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံနိုင်ငံများက မြန်မာကို ယုံကြည်စွာ ဥက္ကဋ္ဌရာထူးပေးရန် ဆုံးဖြတ်ခဲ့သည်။ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်းမရှိ၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းဆိုသည့် အာဆီယံပဋိညာဉ်ကြောင့် ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နှုတ်ဆိတ်နေလေ့ရှိသည့် အာဆီယံနိုင်ငံများမှာ အတိတ်က မြန်မာပြည်သူလုထုနှင့် နီးစပ်မှုမရှိကြပါ။ ထို့အပြင် မြန်မာအစိုးရက ဥက္ကဋ္ဌရာထူးမရမီ လပိုင်းအတွင်းကမှ အာဆီယံမိတ်ဆက်အကြောင်းအရာများကို အစိုးရပိုင်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ခြင်းမှာလည်း ထိရောက်မှုမရှိခဲ့ပါ။ 
“လူထုက ၀ါဒဖြန့်ချိပြန်ကြားရေးဆိုတာနဲ့ပဲ တစ်လျှောက်လုံးဖြတ်သန်းခဲ့ရတဲ့အတွက် သူတို့ပြောတာဆိုတာ စိတ်မ၀င်စားဘူး။ မဆိုင်သလိုနေတယ်။ ဒါကြောင့်ပါ”ဟု ဦးရဲထွန်းက ပြောကြားသည်။ “အာဆီယံနဲ့ပတ်သက်ပြီး တီဗီကလွှင့်တယ်ဆိုတာတောင် မသိပါဘူး။ အခု စိတ်ဝင်စားတာက ကျွန်တော်တို့ရပ်ကွက်တွေ မီးအရမ်းပြန်ပျက်တယ်။ အခုနှစ်လအတွင်းမှာကို တော်တော်ပျက်တယ်။ မီးမပျက်တာကြာပြီ။ မီးပြန်ပျက်တာကို ဘယ်လိုမှမနေနိုင်ဘူး။ မီးလေးတော့ ပုံမှန်ပြန်လာစေချင်တယ်”ဟု သာကေတမြို့နယ်နေ ကွမ်းယာရောင်းသူ ကိုအောင်ချိုကပြောကြားသည်။
ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဘာသာရေးပဋိပက္ခများ၊ တိုင်းရင်းသားလက်နက်ကိုင်အရေး စသည့်ပြဿနာပေါင်းများစွာကို ရပ်ဆိုင်းဖြေရှင်းနေဆဲအချိန်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ခြင်းက ပြည်သူအပေါ် ထပ်မံ၍ ၀န်ထုပ်ဝန်ပိုးဖြစ်လာနိုင်ကြောင်း ဒေါက်တာရန်မျိုးသိမ်းကဆိုပါသည်။ ဥက္ကဋ္ဌဖြစ်သည့်အတွက် ထိပ်သီးအစည်းအဝေးအပါအ၀င် အစည်းအဝေးပေါင်းတစ်ထောင်နီးပါး အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် ထုတ်ယူသုံးစွဲရမည့် ရင်းမြစ်များစွာ လိုအပ်မည်ဖြစ်သည်။ 
“ကျခံသုံးစွဲရမယ့် Resource တွေအတွက် အစိုးရယန္တရားက အဆင်သင့်မဖြစ်သေးတော့ လိုအပ်တဲ့ငွေကြေး၊ နည်းပညာ ဒါတွေပြည့်စုံဖို့အတွက် ဘတ်ဂျက်ကသုံးရမှာပဲ။ ဒါကို ပြည်သူက မျှဝေခံစားရမှာ”ဟု ၎င်းကပြောကြားသည်။ အာဆီယံ၏မူဝါဒသည် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ပြည်သူ့ထံ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိချင်မှရှိမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာကျင့်သုံးခြင်းနှင့် နိုင်ငံတကာတွင် ၀င်ဆံ့ခြင်းတို့သာ အမြတ်ထွက်မည်ဖြစ်ကြောင်း ဗဟုအဖွဲ့မှ ဦးတင်မောင်သန်းက ပြောကြားသည်။
“အာဆီယံ ဥက္ကဋ္ဌဖြစ်မို့လို့ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ ပြီးဆုံးသွားမယ်လို့ မျှော်လင့်နေတာကတော့ အလွန်အကျွံမျှော်လင့်တာပဲဖြစ်တယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ ၂၀၁၅ မှာ အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်ဖြစ်လာတဲ့အခါ ဖွံ့ဖြိုးပြီးသား စင်ကာပူ၊ မလေး၊ အင်ဒိုလိုနိုင်ငံတွေက အခွင့်သာနိုင်တယ်။ ကျွန်တော်တို့ မြန်မာမှာ ရောင်းစရာ ဘာမှသိပ်မရှိဘူး။ ခံရဖို့များတယ်”ဟု ဦးဇော်မင်းကျော်ကဆိုသည်။
အာဆီယံ ဥက္ကဋ္ဌရာထူးသည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြုမှုတစ်ခုကို ရယူခြင်းဖြစ်ပြီး တစ်နှစ်သက်တမ်းအတွင်း နိုင်ငံများကို ဦးဆောင်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ထိပ်သီးနိုင်ငံကြီးများနှင့် အစည်းအဝေးအစီအစဉ်များကို ဦးဆောင်ရေးဆွဲခြင်း စသည့်အခွင့်အရေးတို့ကို မြန်မာကရရှိမည်ဖြစ်သည်။ ယင်းအချက်ကို အခွင့်ကောင်းယူ၍ စီးပွားရေးအကျိုးအမြတ်ထွက်အောင် အစိုးရဆောင်ရွက်နိုင်ပါက ပြည်သူကို တိုက်ရိုက်မဟုတ်သည့်နည်းဖြင့် အကျိုးပြုရာရောက်ကြောင်း ဦးဇော်မင်းကျော်ကသုံးသပ်သည်။ အစည်းအဝေးသို့ လာရောက်ကြသည့် အင်အားကြီးနိုင်ငံများထံမှ ရေတိုကာလအကျိုးရှိသည့် အထောက်အပံ့အကူအညီများရအောင် အစိုးရအနေဖြင့် ပါးနပ်စွာစည်းရုံးနိုင်ခြင်းကသာ ပြည်သူအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။ မြန်မာတွင်ပေါများသည်မှာ လုပ်အားခနှင့် လုပ်သားများသာဖြစ်ခြင်းကြောင့် လုပ်သားအင်အားကို အခြေပြုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်နိုင်ရန် အစိုးရကကြိုးပမ်းပေးခြင်းဖြင့် ပြည်သူထံ အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံသည် “ငြိမ်းချမ်းကြွယ်ဝသော လူ့အသိုင်းအ၀ိုင်းသို့ စုစည်းမှုဖြင့် ရှေ့ဆက်ကြပါစို့”ဆောင်ပုဒ်ဖြင့် အာဆီယံ အသင်းကို ဦးဆောင်မည်ဖြစ်သည်။ ပြည်သူကို ဗဟိုပြုသော အာဆီယံအဖွဲ့ဖြစ်စေရန် ကြိုးစားမည်ဖြစ်ပြီး ၂၀၁၅ တွင် ပေါ်ပေါက်လာမည့် အာဆီယံအသိုက်အ၀န်းအတွက် ရည်မှန်းချက်များ ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု သမ္မတက ပြောကြားသည်။ သို့သော် အာဆီယံနိုင်ငံများထဲတွင် မြန်မာက စီးပွားရေးဖွံ့ဖြိုးမှု အနိမ့်ဆုံးဖြစ်နေ၍ တန်းတူဖွံ့ဖြိုးတိုးတက်ရန် ဥက္ကဋ္ဌသက်တမ်းတစ်နှစ်အတွင်း များစွာကြိုးစားရဦးမည်ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ပြောကြားထားသည်။ “အကောင်းဘက်က မျှော်လင့်ရတာကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို နိုင်ငံတကာက ဖိအားပေးလာနိုင်သလို ဥက္ကဋ္ဌဖြစ်တဲ့ အတွက် နိုင်ငံတကာရဲ့သဘောထားနဲ့ စံချိန်စံညွှန်းတွေကို လိုက်နာကျင့်သုံးဖို့ လိုတယ်။
ဒါပေမဲ့လည်း ဥက္ကဋ္ဌသက်တမ်းဟာ တစ်နှစ်ပဲဖြစ်တဲ့ အတွက် အများကြီးတော့ပြောင်းလဲမှာမဟုတ်ပါဘူး”ဟု ဦးဇော်မင်းကျော်ကပြောကြားသည်။ အင်တာနက်လိုင်းများ နှေးကွေးလွန်းခြင်း၊ လျှပ်စစ်မီး မကြာခဏပြတ်တောက်ခြင်း၊ တည်းခိုနေထိုင်စရာဟိုတယ်များ မပြည့်စုံသေးခြင်း၊ ရှိထားသည့် ဟိုတယ်အခန်းခနှုန်း ထားများ ဈေးနှုန်းကြီးမြင့် နေခြင်းနှင့် ညီမျှသောဝန်ဆောင်မှုကို ပြန်မရခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များကအစ မြန်မာဘာသာဖြင့်သာ ရှိနေသေးခြင်း စသည့်အခြေခံအဆောက်အအုံပိုင်း တွင်လည်း မပြည့်စုံသေးကြောင်း လေ့လာသူများက ဆိုကြသည်။ “အာဆီယံဥက္ကဋ္ဌဆိုတာ အစည်းအဝေးတွေ ဒီမှာအိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ် လို့တော့ သိတယ်။ ကျန်တာတော့ သိပ်စိတ်မ၀င်စားဘူး။ သိလည်းမသိပါဘူး။ ကျွန်တော်ရှင်းရှင်းပြောရရင် ဆီးဂိမ်းတောင် သိပ်စိတ်မ၀င်စား ပါဘူး။ ကျွန်တော် စိတ်ဝင်စားတာက အင်တာနက်လိုင်းတွေမြန်ဖို့နဲ့ အင်တာနက်သုံးခတွေ ဒီထက်ဈေးလျှော့ချပေးဖို့ပါ”ဟု အသက်(၂၃)နှစ်အရွယ် ဒုတိယနှစ်ဥပဒေ ကျောင်းသား ကိုရန်နိုင်မောင်ကပြောသည်။ 
ဘရူနိုင်းနိုင်ငံ တွင်မူ အလှည့်ကျဥက္ကဋ္ဌရာထူးအတွင်း လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ခဲ့ပြီး မြန်မာအလှည့်တွင်ရော နိုင်ငံအတွက် ဘာလုပ်နိုင်မည်လဲဆိုသည်က အဓိကမေးခွန်းဖြစ်သည်။ အထက်ပါအချက်များအားလုံး ပြည့်စုံအောင် ဖြေရှင်းနိုင်ရန် အချိန်များစွာမကျန်တော့ပါ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာပင် အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာ စတင်ထမ်းဆောင်ရတော့မည့်အတွက် ဖြစ်သည်။ 

                                                    မြူနှင်း(အေးရိပ်ငြိမ်)

ထင်းမီးနဲ့ အိုင်ဖုန်းအားဖြည့်မယ်၊ ရေကျိုမယ်

ထင်းမီးနဲ့ အိုင်ဖုန်းအားဖြည့်မယ်၊ ရေကျိုမယ်

htin miဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၂၀ ကျော်ဆိုတော့ ၁ သိန်းဝန်းကျင် တန်ဖိုးရှိမယ့် ပစ္စည်းလေး ဖြစ်ပါတယ်။
BioLite Stove လို့အမည်ပေးထားပြီး ထင်းမီးထည့်လိုက် ရင်ရေကျိုချက် လို့ရမယ်၊ ဖုန်းအားလည်း သွင်းလို့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဖုန်းကတော့ အိုင်ဖုန်းပဲ ဖြစ်ပါတယ်။ အိုင်ဖုန်း ဘယ်အမျိုးအစားကိုမဆို အားသွင်းလို့ ရပါတယ်။ ရေတစ်လီတာ ကျိုချက်ဖို့ကိုလည်း ၄ မိနစ်ဝန်းကျင်ပဲ ကြာပါ တယ်။ ဒါက ကိုယ်ထည့်တဲ့ ထင်းမီးပမာဏပေါ်လည်း မူတည်ပါတယ်။ ထင်းမီးတစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ လောင်နိုင်တဲ့ ဘယ်လိုလောင်စာအမျိုးအစားကို မဆို အသုံးပြုလို့ မီးမွေးလို့ရမှာ ဖြစ် ပါတယ်။
ယင်းမီးကနေ အပူထွက်မယ်။ ယင်းအပူကို သာမိုအလက်ထရစ် ဂျန်နရေတာ က ဆွဲယူပြီး လျှပ်စစ်ဓာတ်အား ထုတ်ပေးပါမယ်။ ယင်း လျှပ်စစ် ဓာတ်အား က USB ပေါက်ကနေ Apple တို့ Gadget တိုင်းကို အားသွင်းလို့ ရမှာ ဖြစ် ပါတယ်။ Android အတွက်လည်း ရှိတယ်လို့ ဆိုပါတယ်။ ဖုန်းတင်မကပဲနဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းများကိုလည်း အားသွင်းနိုင်မှာ ဖြစ်ပါ တယ်။
အသေးစိတ်အချက်အလက်များကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

                                                      မြူနှင်း(အေးရိပ်ငြိမ်)


.