အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 30 juli 2014

မုန်းတရားလှုံ့ဆော်မှုများကို လုံးဝသည်းခံတော့မည်မဟုတ်ဟု ပြောကြားထားသော နိုင်ငံတော်သမ္မတ၏ စကားသည် အမှန်တကယ်ပဲလား

မုန်းတရားလှုံ့ဆော်မှုများကို လုံးဝသည်းခံတော့မည်မဟုတ်ဟု ပြောကြားထားသော နိုင်ငံတော်သမ္မတ၏ စကားသည် အမှန်တကယ်ပဲလား


ဝီရသူဆိုသော သင်္ကန်းဝတ်ဘုန်းကြီးတု၏ အောက်တန်းစားလှုံ့ဆော်ရေးတရားများနှင့် အင်တာနက်လူမှုကွန်ယက်မှ အမုန်းပွားစေမည့်စာများ ရေးသားခြင်းတွေကို လွတ်လပ်ခွင့်ပေးထားခြင်းသည် - အမုန်းတရားလှုံ့ဆော်မှုများကို လုံးဝသည်းခံတော့မည်မဟုတ်ဟု ပြောကြားထားသော နိုင်ငံတော်သမ္မတ၏ စကားသည် အမှန်တကယ်ပဲလား?

လူတစ်ဦး သို့ တစ်စု သို့ အဖွဲ့တစ်ခု၏ အပြစ် လုပ်ရပ် အပြုအမူများသည် ထိုသူတို့နှင့်သာ သက်ဆိုင်သည် ထိုသူများသည် မည့်သည့်ဘာသာကိုယ်းကွယ်သည် မည်သည့်လူမျိုးဖြစ်သည် မည့်သည့်နိုင်ငံသားဖြစ်သည် ဖြစ်ခြင်းသည် ထိုသူများကိုယ်းကွယ်သော ဘာသာ ထိုသူများ၏ အမျိုးအနွယ် နိုင်ငံများနှင့် သက်ဆိုင်ခြင်းမရှိသလို ထိုသူများကိုအကြောင်းပြု၍ ထိုသူများနှင့်ပါတ်သတ်ရာ မပါတ်သတ်ရာများကို ရောထွေး၍ ပုတ်ခတ်အပစ်တင်စော်ကားခြင်းသည် အသိဥာဏ်မဲ့သော လုပ်ရပ်ဖြစ်သည်။


အဖျက်အမှောင့်လုပ်ရပ်ကို ရွံ့မုန်းလျှင် အဖျက်အမှောင့်လုပ်ရပ်ကို လုပ်နေကြသူများကိုသာ ပစ်တင်ရမည် ဝေဖန်ရမည် ထိုအဖျက်လုပ်ရပ်များကို လုပ်နေကြသူများ၏ ဘာသာနှင့် လူမျိုးများကို သိမ်းကြုံး၍ မဝေဖန်သင့် မစော်ကားသင့်ပေ။


မူဝါဒကို မကြိုက်လျှင် မူဝါကို ဝေဖန်နိုင်သည် ထိုမူဝါဒကို ပြုလုပ်နေသူများသည် ထိုဘာသာတရား၏ မူဝါဒသာ ဖြစ်သည်ဟု တရားသေ သတ်မှတ်ခြင်းသည် အသိဥာဏ်မဲ့သောလုပ်ရပ်ဖြစ်သည်။

စနစ်ကိုမကြိုက်လျှင် စနစ်ကိုဝေဖန်နိုင်သည် ထိုစနစ်ကိုအကြောင်းပြု၍ မဆိုင်သူများကို ပုတ်ခတ်စော်ကားခြင်းသည် အသိဥာဏ်မဲ့ခြင်းသာဖြစ်သည်။


အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည် မြန်မာ့မြေမှ မြန်မာ့သယံဇာတများကို ဂုတ်သွေးစုပ်အမြတ်ထုတ်ခဲ့သည်။ အင်္ဂလန်သည် ခရစ်ယာန်အများစုနေထိုင်သော နိုင်ငံဖြစ်သည်။


ယခုအချိန်၌ အင်္ဂလိပ်များနှင့် ခရစ်ယာန်များအား မည်သူကမျှ ပစ်တင်ဝေဖန်မပုတ်ခတ်ကြပါ ပစ်တင်ဝေဖန်ပုတ်ခတ်လျှင်လည်း ထိုသူသည်သာ အသိဥာဏ်မဲ့သူဖြစ်သည်။


နယ်ချဲ့စနစ်ကိုသာ ဆန့်ကျင့်ကြရမည် နယ်ချဲ့သူများ၏ ကိုယ်ကွယ်းရာဘာသာတရားကို ဆန့်ကျင်၍မရပါ။ ထို့အတူ ဖက်ဆစ်စနစ်ကိုသာ ရွံ့မုန်းကြရမည် ဖက်ဆစ်စနစ်ဖြင့် အနိုင်ကျင့်စော်ကားသူများကိုသာ ဝေဖန်ပစ်တင်ကြရမည်။ ဂျပန်လူမျိုးများအားလုံးကို ယခုအချိန်၌မည်သူကမျှ ဝေဖန်စော်ကားနေကြခြင်းမရှိကြ ဝေဖန်စော်ကားလျှင်လည်း ထိုသူသည်သာ အသိဥာဏ်မဲ့သူဖြစ်သည်။


နာဇီဝါဒကို ရွံ့မုန်းလျှင် နာဇီဝါဒီများကိုသာ ပစ်တင်ဝေဖန်ရမည် ဂျာမာန်လူမျိုးများအားလုံးကို သိမ်းကြုံးမစော်ကားသင့် သိမ်းကြုံးဝေဖန်စော်ကားလျှင်လည်း ထိုသူသည်သာ အသိဥာဏ်မဲ့သူဖြစ်သည်။


KIA,KNU,DKBA တို့၏ လုပ်ရပ်ကို မကြိုက်လျှင် ထို KIA,KNU,DKBA တို့ကိုသာ ဝေဖန်သင့်သည် ထိုအဖွဲ့များနှင့် လူမျိုးတူများဖြစ်သော ကချင် ကရင်များအားလုံးကို သိမ်းကြုံး၍ ဝေဖန်စော်ကား၍မရပါ။ ထိုအဖွဲ့များ၏ ကိုယ်းကွယ်ရာ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာများကို ရောထွေး၍ မည်သူကမျှ မပုတ်ခတ် မစော်ကား မဝေဖန်ကြ။ ပုတ်ခတ်စော်ကားဝေဖန်လျှင်လည်း ထိုသူသည်သာ အသိဥာဏ်မဲ့သူဖြစ်သည်။


ဤသို့ဖြစ်လျှင် အစ္စလာမ်ဘာသာဝင်တစ်ဦးပြုလုပ်သော အပြစ်တစ်ခုအား အခြားသော တစ်ကမ္ဘာလုံးရှိအစ္စလာမ်ဘာသာဝင်များအား အဘယ့်အတွက် သိမ်းကြုံးစော်ကားနေကြရပါသနည်း။


အပြစ်ရာဇဝတ်မှုသည် အပြစ်ရာဇဝတ်သာ ဖြစ်သည် ထိုသူသည် အစ္စလာမ်ဘာသာဝင်ဖြစ်ယုံမျှ ထိုအပြစ်ရာဇဝတ်မှုသည် အစ္စလာမ်၏ ဝါဒဟု သတ်မှတ်လျှင် ထိုသူသည် အလွန်သိမ်ဖျဉ်းသောသူသာဖြစ်သည်။


မွတ်စလင်မ်တချို့ သားသမီးများသည်ကို ကြည့်ပြီး အစ္စလာမ်ဘာသာအား သားဖောက်သာသနာဟု နာမည်တပ်သည် မသိလျှင် အခြားဘာသာဝင်များ ကလေးပင် မရှိကြသလို မိန်းမပင်မယူကြသလို ဂျေဟဒ်သည် အာရဗီစာပေဝေါဟာရသာဖြစ်သည် ထိုဂျေဟဒ်ဟူသော စကားသည် အဖိနှိပ် အစော်ကား အနိုင်ကျင့်ခံနေရသူအားလုံးနှင့်သက်ဆိုင်သည်။


သို့သော် ထိုအာရဗီစကားကို တလွဲသိနေကြသည် ဂျေဟဒ်ဟု အသံထွက်ယုံမျှ မွတ်စလင်မ်များ၏ ပြည်သိမ်း ဝါဒဟု ထင်နေကြပြီးလေပြီး ပြောသူများကလည်း လျှာအရိုးမရှိတိုင်း လက်လွတ်စလွယ် ပြောခဲ့ကြသည်။ ပြောသူများမှာ ဗုဒ္ဓဘာသာဝင်များ ဘုရားနှင့် တစ်ဂိုဏ်းတည်းထားသည့် သံဃာများဖြစ်နေသည်။ ဤသည် အလွန်စိုးရိမ်စရာကောင်းသော အခြေအနေဖြစ်သည်။


အကြောင်းအရာတစ်ခုကို အစ္စလာမ်၏ ဝါဒဟု သတ်မှတ်လိုလျှင် ရှေးဦးစွာ အစ္စလာမ်ဘာသာဝင်များကို မေးမြန်းသင့်သည် အစ္စလာမ်ဘာသာဝင်များအကြောင်းကို အစ္စလာမ်ဘာသာဝင်များသာ ကောင်းကောင်းသိနိုင်သည်။


ဗုဒ္ဓဘာသာအကြောင်းကို ဗုဒ္ဓဘာသာဝင်သာ ကောင်းကောင်းသိနိုင်သလို အခြားဘာသာဝင်တစ်ဦးဦးက ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လုပ်ရပ်ကို ကြည့်၍ ဗုဒ္ဓဘာသာဟူသည် ဤသို့ဖြစ်သည်ဟု သတ်မှတ်၍မရပါ။


အစ္စလာမ်ဘာသာဝင်များ၌ ခွဲထွက်ရေးစီမံကိန်းများမရှိ၊ မသင်ဖူး၊ မကြားဖူးပါ၊ အကြမ်းဖက်လုပ်ရပ်ကို လက်မခံပါ ခွဲထွက်လာလျှင်လည်း မည်သည့်မွတ်စလင်မ်ကမျှ အသာတကြည်သဘောတူရန်မရှိပါ။ အခြားဘာသာဝင်များက အစ္စလာမ်တွင်မရှိသည့် အချက်များကို ပြောနေခြင်းသည် ရှက်ဖွယ်ဖြစ်သည်။


အကြမ်းဖက်ဝါဒကို ရွံ့မုန်းလျှင် အကြမ်းဖက်နေသူများကိုသာ ဝေဖန်သင့်သည် ထိုအကြမ်းဖက်နေသူများသည် အစ္စလာမ်ဘာသာဝင်ဖြစ်ယုံမျှဖြင့် အစ္စလာမ်ဘာသာအား အကြမ်းဖက်ဘာသာဟုသတ်မှတ်ခြင်းသည် အလွန်တရာ အတွေးခေါင်ခြင်းသာဖြစ်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက် အပစ်ကျူးလွန်လျှင် ထိုသူနှင့်သာသက်ဆိုင်သည် ထိုသူကိုအကြောင်းပြု၍ မည်သူကမှ ဗုဒ္ဓဘာသာသည် အကြမ်းဖက်ဘာသာဟုမဝေဖန်ကြ လူတစ်ဦး၏ အပြုအမူလုပ်ရပ်သည် ထိုသူနှင့်သာသက်ဆိုင်သည် ထိုသူသည် မည်သည့်ဘာသာဝင်ကို ကိုယ်းကွယ်သည်ဆိုယုံမျှဖြင့် အမိုက်မှောင် လမ်းမှားနေသူများကို အလင်းရောင် လမ်းမှန်သို့ ဆွဲဆောင်ရန်ပေါ်ထွက်လာသော ဘာသာများအား သိမ်းကြုံးစော်ကားလျှင် ထိုသူသည် အတွေးအခေါ်သိမ်ဖျဉ်းသူဖြစ်သည်။


အစ္စလာမ်ဘာသာရေးဆရာများသည် အစ္စလာမ်ဘာသာရေးတရားအကြောင်းကိုသာဟောပြောရသည် ဗုဒ္ဓဘာသာဘုန်းကြီးသည်လည်း ဗုဒ္ဓဘာသာတရားအကြောင်းကိုသာ ဟောပြောသင့်သည် မိမိနှင့်မနီးစပ် မအပ်စပ် မကျွမ်းကျင်သော အခြားဘာသာများ၏ အကြောင်းအရာများကို ဟုတ်သယောင်ယောင် ဖြင့် လုံးဝတိကျသေချာကြောင်း ကတိများ ခံဝန်ချက်များ အာမခံချက်များထုတ်၍ ဟောပြောခြင်းသည် ရှက်ဖွယ်ကောင်းသည် သေသေချာချာမစူးစမ်း မလေ့လာပဲ တင်းပြည့်ကျပ်ပြည့်ယုံကြည်သူများသည် အသိဥာဏ်သိမ်ဖျဉ်း နုံနည်းသူများသာဖြစ်သည်။


အစ္စလာမ်ဘာသာဝင်များသည် ပြည်သိမ်းစီမံချက်များဖြင့် ဂျေဟဒ်ဆင်နွှဲ၍ မြန်မာနိုင်ငံကို အလွယ်တကူ သိမ်းယူလိုက်မည်ဟု အသိဥာဏ်မဲ့စွာ ယုံကြည်နေကြသူများအနေဖြင့် သေသေချာချာစဉ်းစားဖို့လိုပါသည်။


ပြည်တွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အများအပြားရှိသည် သိန်းပေါင်းများစွာသော စစ်သားများရှိသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ခွဲထွက်ရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်နေကြသော်လည်း မြန်မာနိုင်ငံရှိမည်သည့် နယ်မြေမှ ထိုလက်နက်ကိုင်တပ်ဖွဲ့များလက်သို့ ခွဲထွက်လျှက် မကွဲထွက်သွားသည်ကို သိကြလျှင် အစ္စလာမ်ဘာသာဝင်များက လည်လှီးဂျေဟဒ်လုပ်နေသည်ကို စစ်တပ်နှင့်လက်နက်ကိုင်တပ်ဖွဲ့များက လက်ပိုက်ကြည့်နေကြလျှက် မြန်မာနိုင်ငံကြီး အစ္စလာမ်နိုင်ငံဖြစ်သွားမည်ဟူသော လုပ်ကြံလှုံ့ဆော်ရေးတရားများအား စဉ်းစားချင့်ချိန်နိုင်စွမ်းမဲ့စွာ အယုံလွယ်နေကြသူများသည် မိဘကောင်းတစ်ဦး၏ ကောင်းမွန်သော ဆိုဆုံးမမှုကို မခံခဲ့ရသော သားသမီးများ။ ဆရာကောင်းများ၏ ကောင်းမွန်သော ပဲ့ပင်ဆုံးမမှုများဖြင့် မကြုံစုံခဲ့ရဖူးသူများ ကောင်းမွန်သော ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာမကြီးပြင်းခဲ့ရသူများဟုမှတပါး အခြားသတ်မှတ်စရာမရှိပါ။

 
MSK

                                  မြူ နှင်း(အေးရိပ်ငြိမ်)

လက်ရှိမြန်မာနိုင်ငံတွင်ကျင့်သုံးနေသောမဲပေးစနစ်

လက်ရှိမြန်မာနိုင်ငံတွင်ကျင့်သုံးနေသောမဲပေးစနစ်



(FPTP)( first-past-the-post ) = election is one that is won by the candidate receiving more votes than any other(s).
ရွေးကောက်ခံကိုယ်စားလှယ်မိမိမဲဆန္ဒနယ်တွင်မဲနိုင်ပြီးကိုယ်စားလှယ်အများစုနိုင်သည့်
ပါတီမှတိုင်းပြည်စီမံခန့်ခွဲမှုတာဝန်ယူရသည့်စနစ်ဖြစ်သည်။

( မှတ်ချက်၊ ၊ အိတ်ထဲထည့်ရန်အမွေပေးခြင်းမဟုတ် )



ကြားနေချင်ရင်လွှတ်တော်မတက်မှရတော့မယ်

ကြားနေချင်ရင်လွှတ်တော်မတက်မှရတော့မယ်


တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ဒုတိယ ဗိုလ်မှုးကြီး ဖေကြိုင်ကတော့ PR စနစ်ကျင့်သုံးမယ်ဆိုရင်အမျိုးသားလုံခြုံရေးနဲ့ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး ကိုထိုခိုက်လာနိုင်မယ်လို့ဆွေးနွေးသွားပါတယ်။
Aung Gyi Dvb.
ပြည်သူ့လွှတ်တော်တွင် အထက်ပါအဆို ဆွေးနွေးရန် တင်သွင်းစဉ်က တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ကြားနေရန်သာ ဆုံးဖြတ်ခဲ့သော် လည်း စက်ခလုတ်ဖြင့် ဆုံးဖြတ်ခြင်း မပြုဘဲ ကန့်ကွက်သူများ မတ်တတ်ရပ်စနစ်ကိုသာ ကျင့်သုံးခဲ့သဖြင့် ထောက်ခံသည့် ပုံစံဖြစ်သွားကြောင်း

ပြည်သူ့ လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဋ္ဌေးနိုင်

PR (သို့မဟုတ်) အခြားစနစ် များထဲမှ မြန်မာပြည်အတွက် သင့်လျှော်မယ့်စနစ် တမျိုးမျိုး ကို ရွေးချယ်ဖို့ အတွက် ကော်မတီ ဖွဲ့ဖို့ ဆုံးဖြတ်တာပါတဲ့။ မြန်မာနိုင်ငံအတွက် သင့်တော်တဲ့ရွေးကောက်ပွဲစနစ် ဖော်ဆာင်ရန် ကော်မတီ သို့မဟုတ် ကော်မရှင်တရပ် ဖွဲ့စည်းဖို့ကို ပြည်သူ့လွှတ်တော်ဥက္ကဌက ဆုံးဖြတ် လိုက်ပါတယ်။

PR ဇတ်တော်ကြီး ပြည်သူ့လွှတ်တော်မှာ ကပြ ပြီးသွားပါပြီ။
ဇတ်လမ်း၊ ဇတ်ညွှန်းနဲ့ ဒါရိုက်တာဟာ ပုဇွန်တောင်အမတ် ဦးအောင်ဇင် မဟုတ်ပါဘူး။ အင်န်ဒီအက်ဖ် ပါတီလည်း မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီလည်း မဟုတ်ပါဘူး။ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဖြစ်ပါတယ်။
မိုက်တီး၊ မီးပွား၊ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ၀ိုင်း၊ ဇာဂနာ အားလုံး သူရဦးရွှေမန်းဆီမှာ ပညာ ဆည်းပူးသင့်တယ်။ (နောက်တာမဟုတ်) ပီအာရ်ကိစ္စ လွှတ်တော်တင်တဲ့ ဇူလိုင် ၂၄ ကစ ဒီနေ့ ၂၉ အထိ လွှတ်တော် ဗီဒီယိုဖိုင်တွေကိုကြည့်ရင် သူရဦးရွှေမန်း ဘယ်လောက်တော်သလဲ ဆိုတာ အားလုံး လေ့လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ထ ပြီး ကျွန်မတို့ ဘာကို ထောက်ခံရမှာလဲ၊ ဘာကိုကန့်ကွက်ရမှာလဲ ဆိုပြီး မျက်စေ့သူငယ် နားသူငယ် နဲ့ ထိုင်ရမလို ထ ရမလို ဖြစ်ပြီးမေးယူရတဲ့အထိ ဇတ်ပွဲကြီး အရမ်းကောင်းခဲ့ပါတယ်။

စည်သူအောင်မြင့်။

“လွှတ်တော်မှာ ဒီနေ့ လုပ်သွားတဲ့ ပုံစံက သိပ်မရှင်းဘူး။ နိုင်ငံရေး ကစားသွားတာ။ ဦးအောင်ဇင်ပြောတဲ့ အဆိုကို အတည် ပြုတဲ့ သဘောမျိုး ပြောသွားတယ်။ ဦးအောင်ဇင်ရဲ့ အဆိုထဲမှာတော့ နောက်ဆုံး အပိုဒ်မှာ ကော်မတီ၊ ကော်မရှင် တရပ် ဖွဲ့စည်းဖို့ ပါတယ်။ အဲဒါကို တန်းပြီး အတည်မပြုဘဲ ကော်မရှင်ဆိုတာ တဆင့်ခံပြီး အတည်ပြုလိုက်တာပဲ”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှလိုင်ဇာမြို့အစည်းအဝေးသို့ သဘောထား ပေးပို့

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှလိုင်ဇာမြို့အစည်းအဝေးသို့ သဘောထား ပေးပို့


တင်ရင်ဘာဖြစ်လဲ သဘောပါလားပရိတ်သတ်....

တင်ရင်ဘာဖြစ်လဲ သဘောပါလားပရိတ်သတ်....




                                     မြူ နှင်း(အေးရိပ်ငြိမ်)

ကျောက်တောင်နဲ့ အေးမောင်

ကျောက်တောင်နဲ့ အေးမောင်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အခြေချနေထိုင်တဲ့ သူဌေးကြီး ဦးကျောက်တောင်နဲ့ ဒေါက်တာအေးမောင်တို့ အကွဲအပြဲဖြစ်ကြတယ်လို့ သတင်းရပါတယ်။

ဒေါက်တာအေးမောင်ရဲ့နောက်မှာတော့ ရခိုင်အစွန်းရောက်များ ရှိနေပြီး ဦးကျောက်တောင်ရဲ့နောက်ကွယ်မှာတော့ ဗဟိုအစိုးရရှိနေတာကြောင့် ပရိတ်သတ်အဖြစ်ပဲ အားပေးနေကြပါ။


ယနေ့ တောင်ကုတ်မြို့မှာ စာတွေ လိုက်ဝေပါတယ်။ စာပါ အကြောင်းအရာအနှစ်ချုပ်ကတော့ တောင်ကုတ်မြို့မှာ အကြမ်းဖက်တွေ ကျူးလွန်တာဟာ RNDP ပါတီသာ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ တောင်ကုတ်မြို့သူ မြို့သားတွေ ချမ်းသာနေတာကို မလိုမုန်းတီးနေခြင်းကြောင့် တောင်ကုတ်မြို့အား သိက္ခာကျအောင် တမင် ဖန်တီးလိုက်တာသာ ဖြစ်ကြောင်းများ ပါဝင်တယ်လို့ သိရပါတယ်။


ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ကြရအုံးမှာပေါ့။
အမှန်တရားဆိုတာဖုံးထားလို့ရတဲ့အရာမှမဟုတ်တာ ကြောင်ကြာကြာရေမငုတ်သလိုပေါ့
 
                                 မြူ နှင်း(အေးရိပ်ငြိမ်)

" ဂဏန်းတွေ မလုပ်ကြပါနဲ့တော့ "

" ဂဏန်းတွေ မလုပ်ကြပါနဲ့တော့ "

တနေ့ လူတစ်ယောက် ဂဏန်းရောင်းတဲ့သူထံမှ ဂဏန်းစားဖို့အတွက် သွားဝယ်တယ်၊ ပြီးနောက် ဂဏန်းသည်က ဆွဲခြင်းထဲကို ဂဏန်းတွေကို ထည့်ပေးတော့ ဝယ်သူက ဂဏန်းတွေ ထွက်လာပြီး ကျခဲ့မှာစိုးလို့ တစ်ကောင်နဲ့တစ်ကောင်ကို တွဲပြီးချည်ခိုင်းတယ်၊ ဒီအခါ ဂဏန်းရောင်းသူက မိတ်ဆွေ ဒီဂဏန်းတွေက ချည်ဘို့မလိုပါဘူးဟု ပြန်ပြောလေသည်။

ဝယ်သူက သဘောမပေါက်တော့ ဆိုင်ရှင်အား သေချာပြန်မေးတော့ ဂဏန်းသည်က ဂဏန်းတွေဟာ တစ်ကောင်ထွက်ပေါက်ရလို့ ထွက်ပြီဆိုရင် ထွက်ခွင့်မပေးဘဲ ကျန်တဲ့အကောင်တွေက ဝိုင်းဆွဲထားကြတယ်၊ ခုဒီဂဏန်းတွေကိုမပူနဲ့ တစ်ကောင်ထွက်ရင် ကျန်တဲ့ကောင်တွေက ဝိုင်းဆွဲထားကြလိမ့်မယ် လွတ်သွားဖို့မရှိဘူးဟု ရှင်းပြလေသည်။


အဲ့ဒီကဏန်းတွေလိုပဲ ကျွန်တော်တို့ မွတ်စလင်မ်တွေဖြစ်နေကြတယ်။


ဗလီမှာကြွေပြားကပ်လို့ အရင်ဆုံးသွားတိုင်တဲ့သူက ဘယ်သူလဲလို့ မေးကြည့်လိုက်ရင် မွတ်စလင်မ်။


ခြံစည်းရိုးပျက်ကျနေလို့ ပြန်ပြင်နေရင် အရင်ဆုံးသွားတိုင်တာက မွတ်စလင်မ်။


ဗလီဂေါ်ပကလုပြီး ရုံးရောက်ဂတ်ရောက်တွေဖြစ်နေတာကလည်း မွတ်စလင်မ်တွေ ဖြစ်နေကြတယ်။ အလ္လာဟ်အိမ်တော်မှာ အာဏာ၊ ပါဝါလုနေကြတယ်။


ဂျမာအသ်ခါနာတွေ ရမ္မသွာန်လဖွင့်ခွင့်ရပြီး ရမ္မသွာန်ပြီးလို့ ဖတ်နေသေးရင် ရုံးမှာသတင်းသွားပေးတာလဲ မွတ်စလင်မ်။


ရယကဥက္ကဌ ကတောင် ပြောယူရတယ် မင်းတို့သတင်း ငါတို့လိုက်လဲ မစုံစမ်းဘူး ဥပုဒ်လပြီးလို့ ဆက်ပြီးဝတ်ပြုနေတာ သိပေမဲ့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်မို့လို့ မသိသလိုဘဲနေပေးထားတယ်

ဒါပေမဲ့ မင်းတို့လူမျိုးထဲကဘဲ လာတိုင်နေတော့ ငါတို့ မသိသလိုနေပေးလို့ မရတော့ဘူးပေါ့ ဆိုပြီး ပြန်ရှင်းပြတယ်။

အသားထဲက လောက်ထွက်တာ ရှက်ဖို့တောင်ကောင်းရဲ့ ခုလည်းဗလီတွေမှာ တရားပွဲတွေ မလုပ်ဖို့ တားမြစ်ပေးဖို့ အစိုးရဆီ တိုင်ကြားတယ်ဆိုလား ကြားရပြန်ပြီ။


ဒီဗလီတွေ ဒီသာသနာ့စာသင်ကျောင်းတွေ ဒီတရားပွဲတွေ ရပ်တန့်သွားရင် ကျွန်တော်တို့အတွင်းမှာ ဘာတွေဖြစ်လာနိုင်တယ် နောက်တက်လာမဲ့ လူငယ်တွေမှာ သာသနာနဲ့ပတ်သက်ပြီး

ဘယ်လိုအန္တရာယ်တွေ ကြုံလာနိုင်တယ် ဆိုတာ မတွေးမိရလောက်အောင် ကန်း ကုန်ပြီလား?
 
Aurora Phoenix | ‎အလင်းမျက်ဝန်း

                                     မြူ နှင်း(အေးရိပ်ငြိမ်)

သားတို့သမီးတို့မှာဘာအပြစ်ရှိလို့လဲ

သားတို့သမီးတို့မှာဘာအပြစ်ရှိလို့လဲ

ပြောပရစေနော်

ဟောဒီလူ့လောကကြီးထဲက လူသားတွေထဲမှာအဖြူ အစင်ဆုံးနဲ့ အပြစ်အကင်းဆုံး လူသားဆိုတာ သားတို့သမီးတို့လို ကလေးလေးတွေပါ၊ ဘာမှနားမလည်သလို ဘယ်အပူအပင်တွေမှ မတွေးတတ် မရှိသေးသလို ဘာတာဝန်မှလည်း မရှိတဲ့ အလွန်နုနယ်လွန်းတဲ့ ပန်းကလေးတွေလိုပါ


ပြောပရစေနော်


သားတို့သမီးတို့တွေ လောကကြီးထဲကို ကိုယ့်သဘောနဲ့ကိုယ်လာတာမဟုတ်ပါဘူး မိဘဆိုတဲ့ မေတ္တာကြီးမားဆုံး လူသားနှစ်ယောက်က ပေါင်းစပ်ပြီး လူ့လောကကြီးထဲကို ခေါ်လာတာပါ၊ သားတို့သမီးတို့မှာ ဘာမှစွမ်းဆောင်ရည်မရှိလောက်အောင် အင်အားနည်းလှပါတယ်၊ သားတို့သမီးတို့ ကလေမိဘတွေလို သွေးနဲ့ကိုယ်သားနဲ့ကို တည်ဆောက်ထားတာပါ။


ပြောပရစေနော်


သားတို့သမီးတို့ကို စေတနာမေတ္တာရှိမှ လူ့လောကကြီးထဲခေါ်ပါ ကျေးဇူးရှင်နှစ်ပါး ကာမဂုဏ်အရသာခံရုံလောက်နဲ့ စေတနာမပါခဲ့ရင် လူ့လောကကြီး သား/သမီးတို့ ရောက်လာမှာ မလိုချင် မေတ္တာမပေးနိုင်ရင် အစထဲက လာလို့မရအောင်တားထားပါနော်၊ အပျော်လွန် ကာမကျူးပြီး သား/သမီးတို့ကို အမေ့ဗိုက်ထဲ ရောက်လာတော့မှ သတ်ပြစ်တာ လူ့လောကထဲ ရောက်လာတော့မှ စွန့်ပြစ်တာမျိုးတွေက ကျေးဇူးကြီးပါတယ်ဆိုတဲ့ မိဘနှစ်ပါးလို အသွေးအသားနဲ့တည်ဆောက်ထားတဲ့ သား/သမီးတို့အပေါ် လူမဆန်သလို ရက်စက်လွန်းရာကျပါတယ်။ လူသားဆိုတဲ့အသိနဲ့ ကိုယ်ချင်းစာကြည့်ပါနော်


ပြောပရစေနော်


မိဘတွေရဲ့မိဘတွေတုန်းက မိဘတွေကို သား/သမီးတို့လို လုပ်ခဲ့ရင်ဆိုပြီး တွေးကြည့်ပေးပါနော်၊ အခုတော့လေ သာ/သမီးတို့လို ကလေးတွေ ဆေးရုံပေါ်မှာ လမ်းပေါ်မှာအမှိုက်ပုံဘေးမှာ မိဘမဲ့အဖြစ်တွေနဲ့ များလာနေသလို တောင်းစားခိုးစားနဲ့ အကျင့်ပျက်အငတ်ဘေး ကြုံနေရတဲ့ကလေးတွေ များလာနေပြီ ဒီလိုဖြစ်ရတာ သားတို့သမီးတို့မှာ ဘာအပြစ်တွေရှိလို့လဲ မိဘက မကျွေးမွေးချင်မထိန်းသိမ်းခြင် စွန့်ပြစ်ချင်လောက်အောင် ဘာအပြစ်တွေရှိလို့လဲ ဘာအပြစ်တွေလုပ်ခဲ့မိလို့လဲ


ပြောပြစေနော်


ပန်းကလေးလို နူညံ့အပြစ်ကင်း ဖြူစင်တဲ့ သားတို့သမီးတို့လေ မိဘရင်ခွင်ဆိုတာကို အမက်မောအတမ်းတဆုံးပါ အမေ့နို့ရည်ချိုချိုကို အနှစ်သက်ဆုံးနဲ့ သား/သမီးတို့အတွက် အသက်ဆက်စရာအားဆေးတခုပါ အမေနို့ချို တိုက်ဖို့စေတနာမပါရင်တောင် မစွန့်ပစ်လိုက်ပါနဲ့ အမေနဲ့အဖေက သား/သမီးတို့ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘဝလှေကားတွေမို့ပါ သား/သမီးတို့ကို စွန့်ပစ်လိုက်ရင် ဘယ်သူက စောင့်ရှောက်ကျွေးမွေးကြမှာလဲ ဘဝပင်လယ်ကြီးထဲ မျက်စိသူငယ် နားသူငယ်နဲ့ စုန်ဆန်မျောရမယ့် အဖြစ်အတွက် နည်းနည်းလောက် တွေးကြည့်ပေးပါနော်။


ပြောပရစေနော်


သားတို့သမီးတို့ဘဝကလေ မိဘတင်မက ကိုယ့်ထက်ကြီးတဲ့ သူမှန်သမျှ ပြုသမျှ ခံဘဝတွေပါ၊ သား/သမီးတို့ကို မကျွေးလည်း ငတ်ရုံ စွန်ပစ်လဲခံရုံ ငိုရုံကလွဲလို့ ဘာမှမတတ်သာတဲ့ ဘဝတွေပါ၊ ဒီကြားထဲ နိုင်ငံထဲက စစ်ဘေးစစ်ဒဏ်တွေကြုံရ သတ်ဖြတ်ကြတဲ့အခါ မပြေးတတ်မပုန်းတတ်တဲ့ သား/သမီးတို့တွေပဲ သေကြရတာလေ ကမ္ဘာမီးလောင် သားကောင်ချ နင်းတဲ့ အဲဒီစကားက သား/သမီးတို့ကို မိဘတွေအတွက် စတေးစေတာသိပါတယ်၊ အခုလေ ကမ္ဘာမြေကြီးရဲ့နေရာအနှံ့အပြားမှာ သား/သမီးတို့လို ကလေးတွေ လူကြီးတွေရဲ့ ကိုယ်ချင်းစာ ညှာတာမှုမရှိပဲ ရက်စက်နေကြလို့ အများကြီးသေကုန်ပြီလေ သူ့တို့မှာရော ဘာအပြစ်တွေရှိလို့လဲ ဘာအပြစ်တွေလုပ်လို့လဲ


ပြောပရစေနော်


လောကထဲကိုခေါ်လို့ ရောက်လာတဲ့ သား/သမီးတို့တွေက မျက်စိသူငယ် နားသူငယ်နဲ့ ဘာမှမသိလို့ မရက်စက်ကြပါနဲ့ ပွင့်လာမယ့် ပန်းကလေးတွေ အချိန်မတန်ခင်ညိုးနွမ်း သေကြေပျက်စီးအောင် မလုပ်ကြပါနဲ့။ အဖြူ စင်ဆုံး အပြစ်ကင်းဆုံးလေးတွေမို့ ရင်ထဲမှာ ကြောက်စိတ်အားငယ်စိတ် နားကြည်းစိတ်တွေကို အမာရွတ်တခုလို စွဲကျန်အောင် လုပ်မပေးကြပါနဲ့ ဘာမှမစွမ်းဆောင်နိုင်တဲ့ ဘဝတွေမို့ မရက်စက်ကြပါနဲ့၊ စစ်ဘေးစစ်ဒဏ်လည်း မပြေးတတ်မပုန်းတတ်လို့ သား/သမီးတို့အသက်နဲ့ဘဝအတွက်ငဲ့ညှာစဉ်းစားပေးကြပါ။ သား/သမီးတို့ကို သနားကြပါ ကြင်နာကြပါ စောင့်ရှောက်ပေးကြပါ။ လမ်းမှန်ပြပေးပြီး အနာဂတ်ကိုလှပစေကြပါ၊ အေးချမ်းတဲ့ တိုင်းပြည်ကြီးအဖြစ်နဲ့ မိဘရင်ခွင်မှာ ငြိမ်းချမ်းစွာ ခိုလှုံခွင့်ပြုကြပါ။ သားသမီးချင်းကိုယ်ချင်းစာပေးကြပါ။ ကလေးသဘာဝအတိုင်း ပြုမူနေထိုင်ခွင့်ပြုကြပါ ရှင်သန်ခွင့်ပေးကြပါ မျှော်လင့်ချက် ရောင်ခြည်တွေပေးကြပါ။ မိဘတွေရဲ့အပြုံးနဲ့ ကြင်နာနွေးထွေးမှုကို ပေးကြပါ သား/သမီးတို့ကို တန်ဖိုးထားပေးကြပါ။ သား/သမီးတို့ကို ပွင့်သော်ပန်းတိုင်း လန်းစေသလို တိုးတက် လူလားမြောက်ခွင့် ပေးကြပါ။

 
ပြောပရစေနော်

ဒီလူ့လောကကြီးထဲမှာလေ ဘယ်လိုပြဿနာမီးတွေ လောင်နေပါစေ ဘယ်လိုရက်စက်ယုတ်မာမှုတွေ ရှိလာနေပါစေ ဘယ်လောက်ဆင်းရဲမွဲတေ ကျပ်တည်းမှုတွေ ဖြစ်နေပါစေ သား/သမီးတို့နဲ့ ဘာမှမဆိုင်လို့ သား/သမီးတို့အပေါ်ကို မပုံချ မရက်စက်ကြပါနဲ့ အဲဒီလိုများပြုခဲ့ကြရင်လေ သား/သမီးတို့မှာ ပြောစရာတခုပဲရှိပါတယ်။ သားတို့သမီးတို့မှာ ဘာအပြစ်ရှိလို့လဲ လို့ ဒီတခုလေးပဲ ပြောပရစေနော်။

 
 မိုက်ကယ်ဦးချစ်

                                       မြူ နှင်း(အေးရိပ်ငြိမ်)

ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာအပေါ် တုံ့ပြန်ချက်ကွဲပြား

ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာအပေါ် တုံ့ပြန်ချက်ကွဲပြား

ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးစိုးရိမ်ရတဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုရဲ့ အစီရင်ခံစာသစ်မှာ သတ်မှတ်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း ဘာသာရေး ခေါင်းဆောင်တွေမှာ သဘောထား အမြင် အမျိုးမျိုး ရှိနေကြပါတယ်။ ဖြစ်ခဲ့တဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေကြောင့် အခုလို သတ်မှတ်ခံရတယ်ဆိုတာကို လက်မခံ ပယ်ချသူရှိသလို သဘောတူသူလည်း ရှိနေတာပါ။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို ဘာသာရေးအရ လွတ်လပ်ခွင့် စိုးရိမ်စရာကောင်းတဲ့ အဆင့်ထဲမှာ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆူဒန်၊ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေနဲ့အတူ Tier 1 အဆင့် နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စု သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဘာသာရေး အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ထောင်ဂဏန်းရှိတဲ့ မူဆလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Kerry က ဒီအစီရင်ခံစာထုတ်ပြန်တဲ့ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။


ဒီအချက်ကို ၉၆၉ လှုပ်ရှားမှုမှာရော၊ မျိုးစောင့်လှုပ်ရှားမှုမှာရော ဦးဆောင်နေတဲ့  မန္တလေးတိုင်း ဒေသကြီး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အ၀ ရှိတယ်လို့ အခိုင်အမာ ယုံကြည်တဲ့အကြောင်း အခုလို ဗွီအိုအေ ကို မိန့်ပါတယ်။


“သူတို့ တဖက်သတ် တိုင်ကြားတဲ့သူတွေရဲ့ တိုင်စာတွေကိုပဲ ယုံကြည်ပြီးတော့ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာပါ။ တကယ်တမ်းကျတော့ ပကတိအခြေအနေနဲ့ လုံးဝ ဆန့်ကျင်ဘက်ကြီး ဖြစ်နေပါတယ်။ ဘာသာရေးပဋိပက္ခတွေဖြစ်တာ ခွဲခြားဆက်ဆံမှုကြောင့် မဟုတ်ပါဘူးခင်ဗျ။ ဘာသာရေးပဋိပက္ခတွေဖြစ်တာ လူမျိုးတမျိုး၊ ဘာသာတခုကို ပစ်မှတ်ထားပြီးတော့ အဓမ္မ အနိုင်ကျင့်တာတွေ၊ အကြမ်းဖက်တာတွေ လုပ်လို့ပါ။ အဲ့ဒါပါ။ နောက်တခုကတော့ ဦးဇင်းတို့ဘာသာတရားက လူတိုင်းကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါတယ်။ နောက်ပြီးတော့ တခြားတခြားသော နိုင်ငံတွေထက်ကို မြန်မာနိုင်ငံက လွတ်လပ်စွာ ကိုးကွယ်ခွင့် ရပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့်မပေးတာ ဘာသာတခုပဲရှိပါတယ်။ အဲ့ဒီဘာသာတခုကတော့ ခရစ်ယာန်ကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်မပေးဘူး။ ဟိန္ဒူကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် မပေးဘူး။ ဗုဒ္ဓဘာသာကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် မပေးဘူး။ သူတို့တွေကို ရည်ရွယ်ပြီး ပြောတာဆိုရင်တော့ မှန်ပါတယ်နော်။”


မြန်မာနိုင်ငံကို ဘာသာရေးအရ စိုးရိမ်စရာကောင်းတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံရတာဟာ ပြည်တွင်းမှာဖြစ်တဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေကြောင့်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေက  လက်ခံထားပါတယ်။


မြန်မာနိုင်ငံအတွင်းမှာ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခတွေ ဖြစ်ဖြစ်နေတာဟာ မြန်မာတနိုင်ငံလုံးနီးပါးနဲ့ မသက်ဆိုင်ဘဲ အစွန်းရောက် လူနည်းစုတစုရဲ့ လုပ်ရပ်ကြောင့် ဖြစ်လာရတာလို့ ရှုမြင်သူကတော့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် တဦးလည်းဖြစ်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ရဲ့ နာယကတဦးလည်းဖြစ်တဲ့ သိက္ခာတော်ရ ဒေါက်တာ စောမာဂျေကြီးက ပြောပါတယ်။


“ဘာသာရေးရဲ့ လွတ်လပ်ခွင့်ကတော့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးထားပြီးသားပဲ။ အဲတော့ မြန်မာပြည်မှာ ပေါ်ပေါက်နေတဲ့ ကိစ္စတွေကတော့ ဒါကတော့ ဘာသာရေးပဋိပက္ခထက် ဘာသာရေး အသွင်ဆောင်တဲ့ဟာတွေ ဖြစ်တယ်။ ဒီမြန်မာနိုင်ငံမှာ Myanmar Interfaith Group လို့ ခေါ်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့လည်း ရှိပါတယ်။ နောက် ခုနပြောတဲ့ ဟာမျိုးဆိုတာထက် တကယ့်တကယ်တမ်းတော့ မြန်မာပြည်မှာ မပြောလောက်တဲ့ လူနည်းစု အထူးသဖြင့် အစွန်းရောက်တဲ့ လူနည်းစုရဲ့ လုပ်ဆောင်မှုကြောင့် ဘာသာရေးအသွင်ဆောင်တဲ့ ကိစ္စတွေ ပေါ်လာပါတယ်။”


ဟိန္ဒူဘာသာရေးခေါင်းဆောင် တဦးလည်းဖြစ်၊ ဓမ္မပါလ (ဟိန္ဒူ) အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါက်တာ လှထွန်းကတော့ ပြည်တွင်းမှာ ဘာသာရေးအရ ခွဲခြားမှုတွေ ရှိတယ်ဆိုတဲ့ အချက်ကို လက်ခံပြီးတော့ အကြမ်းဖက် အသွင်ဆောင် ပဋိပက္ခတွေဟာ  ဘာသာတခုရဲ့အကြောင်းကို အခြားဘာသာဝင်တွေက သေချာ ဂဃဏန မသိတာကနေ နားလည်မှုတွေလွဲပြီး ပဋိပက္ခတွေ ဖြစ်လာတာလို့ သူက သုံးသပ်ပါတယ်။


“ဒါ ခွဲခြားတယ်ဆိုတာတော့ ဟုတ်ပါတယ်။ မြင်နေရတာပဲလေ အားလုံးက။ ရှိတော့ရှိပါတယ်။ သို့သော်လည်း ဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီးတော့ လူတွေမှာ မသိတဲ့အပိုင်းပေါ်မှာ တဘက်ကိုပဲ စွဲစွဲပြီးတော့ သွားနေတဲ့အပိုင်း ကျနော် အဲ့လိုပဲထင်ပါတယ်။ ရှိတာကတော့ ဟိုးအောက်ခြေ grassroots level မှာ ရှိကောင်းတော့ရှိတယ်။ ဒါကတော့ ငြင်းဆိုလို့လည်း မရပါဘူး။ အဲ့ဒါကလည်း လူတွေက ဘာသာတခုနဲ့ တခုအကြောင်းကို မသိလို့ပဲ ဒီလိုမျိုးဖြစ်နေတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်တယ်။”


မြန်မာနိုင်ငံတွင်းမှာ ဘာသာရေး ခွဲခြားမှုကတော့ မြို့ကြီးတွေမှာ သိသိသာသာကြီး မရှိပေမဲ့ မူဆလင်ဆိုရင် အစိုးရ အလုပ်အကိုင်ကစလို့ အားကစားနယ်ပယ်အထိပါ ခွဲခြားမှုတွေကတော့ ရှိသင့်သလောက် အခုထိ ရှိနေသေးတယ်ဆိုတာကို တွေ့ရတယ်လို့ အစ္စလာမ်ဓမ္မဗိမာန်က ဦးဆောင်ဆော်သြရေးမှူး ဦးအေးလွင်က ပြောပါတယ်။


“ကျနော်တို့ အစ္စလာမ်ဘာသာဝင်များ အရည်အသွေး၊ အရည်အချင်း ရှိသော်ငြားလည်းပဲ အလုပ်အကိုင်တွေ မရဘူး။ ကျနော်သည်ပင်လျှင် အားကစားနယ်ပယ်မှာ ရွှေတံဆိပ်ဆု ရအောင်လို့ ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့လည်း အခြားအခြားသော မိတ်ဆွေတွေဆီက ကြားရတာကတော့ ဒီအားကစားနယ်ပယ်၊ အနုပညာနယ်ပယ်၊ စာပေနယ်ပယ်လို နယ်ပယ်မှာတောင်မှ ဘာသာရေးကို အကြောင်းပြုပြီးတော့ နှိပ်ချတာ၊ ခွဲခြားတာတွေဆိုတာက ရှိနေပါတယ်ဆိုတာကို ကျနော်တို့ သိနေရပါတယ်။ ဟို အလုပ်အကိုင်ရတာတို့၊ ဒီနိုင်ငံခြားသွားရေးဆိုတာတွေကတော့ ခဏထားလိုက်ဦး။ ပြည်တွင်းမှာကိုက အဲ့ဒီလို ဟာမျိုးလေးတွေက ရှိနေတယ်ဆိုတာကတော့ ဒါ စိတ်မကောင်းဖွယ်ရာ ဒါ အမှန်တရားတခုပါ။”


ဒီလို ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ပေးတဲ့ အနေအထားတရပ် ဖြစ်လာနိုင်တယ်လို့လည်း  ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က မနေ့က VOA နဲ့ မေးမြန်းခန်းမှာ ထောက်ပြခဲ့ပါသေးတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စ Yanghee Lee ကလည်း ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေ၊ အမုန်းစကား ပြန့်ပွားမှုတွေနဲ့ ရခိုင်ပြည်နယ်ရှိ မူဆလင်တွေအပေါ် ချုပ်ချယ်ကန့်သတ်တာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရကြောင်း အစိုးရအနေနဲ့ တာဝန်သိစွာနဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါရန် သတင်းစာရှင်းပွဲမှာ တိုက်တွန်းခဲ့ပါသေးတယ်။

 
  အောင်ရဲ မောင်မောင် | VOA

                                     မြူ နှင်း(အေးရိပ်ငြိမ်)

အမှန်ရောက်လို့ အမှားတွေစပျောက်ပြီ

အမှန်ရောက်လို့ အမှားတွေစပျောက်ပြီ


အစ္စလမ္မစ် လက်နိုင်ကိုင် စစ်သွေးကြွေ အကြမ်းဖက်သမားလို့ သုံးလိုက်ရင် ဂါဇာဘက်ကဘယ်သူမှ ရပ်တည်တော့မှာမဟုတ်ဘူး၊ အစ္စရေးဘက်ကရပ်တည်တော့မယ်လို့ ထင်နေတဲ့ ဇီယွန်ဝါဒီတွေနဲ့ အပေါင်းအပါနိုင်ငံတွေ၊ အပေါင်းအပါမီဒီယာတွေ ဒီတစ်ပွဲမှာ အဖက်ဆယ်လို့ မရအောင် ကမ္ဘာကြီးရဲ့ လူသားဆန်သူတွေရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျောသွားကြပြီ။

သူတို့ အားကိုးပါတယ်ဆိုတဲ့ မီဒီယာကြီးတွေဖြစ်တဲ့ BBC နဲ့ CNN က အစ္စရေးဘက်ယိမ်းတဲ့သတင်းတွေဖော်ပြခဲ့ပေမယ့်လည်း အဲဒီမီဒီယာတွေရဲ့ သက်ဆိုင်တဲသတင်းသမားတွေကတော့ ဂါဇာဘက်ကရပ်တည်ကုန်ကြတယ်။ CNN ကသတင်းသမားတစ်ယောက်ဆိုရင် အစ္စရေးဇီယွန်တွေ ဂါဇာလူနေအိမ်တွေပေါ်ကိုဗုံးကြဲတာကို Live ကြည့်ပြီး အားပေးနေတဲ့ အစ္စရေးဘက်ခြမ်းက ပြည်သူတွေကို Scum- ဆန်ကုန်မြေလေးလို့ သုံးလိုက်တဲ့အတွက် အလုပ်ပြုတ်ခံလိုက်ရတယ်။ BBC ကသတင်းထောက်တစ်ယောက်ဆိုရင်လည်း ဟမ္မားစ်က ဂါဇာတွေကိုလူသားတံတိုင်းအဖြစ်သုံးနေတာမျိုးလုံးဝမရှိဘူးဆိုပြီး ရဲရဲဝံ့ဝံ့ပြောပြီး အစ္စရေးဇီယွန်တွေရဲ့ အလိမ်အညာတွေကို ဖော်ထုတ်ပစ်လိုက်တယ်။


ကမ္ဘာတစ်လွှားမှာ တိုရာဟ်ဂျူးတွေအပါအ၀င် မွတ်စလင်မဟုတ်သူတော်တော်များများက ဂါဇာဘက်က ထောက်ခံကြောင်း၊ အစ္စရေးရဲ့ ကျူးကျော်စစ်နဲ့ ရက်စက်မှုတွေကို အဆုံးသတ်ရတော့မည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်။ ကမ္ဘာတစ်လွှားက နာမည်ကြီး ဆယ်လီဘရီတီတွေကလည်း အစ္စရေးကိုရှုံ့ချကြောင်းနဲ့ ဂါဇာဘက်ကရပ်တည်ကြောင်း ရဲရဲဝံ့ဝံ့ထုတ်ဖော်လာကြတယ်။ ဒါတင်မကသေးပဲ အစိုးရခေါင်းဆောင်ပိုင်းတွေတွေကပါ ပါလက်စတိုင်းဘက်ကရပ်တည်လာကြတယ်။ အရင်က အများမိုးခါးရေသောက်သလို လိုက်သောက်ခဲ့ကြတဲ့ Islamophobic တော်တော်များများလည်း သဘောထားတွေပြောင်းကုန်ပြီး ဂါဇာကိုထောက်ခံကုန်ကြတယ်။ "ဂါဇာကိုထောက်ခံဖို့ အတွက် မွတ်စလင်ဖြစ်ဖို့ မလိုဘူး၊ လူသားဆန်တဲ့ နှလုံးသားရှိဖို့ ပဲလိုအပ်တယ်" ဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ကမ္ဘာတစ်လွှားက လူတန်းစားပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကပြခဲ့ကြတယ်။


မြန်မာနိုင်ငံမှာ သတင်းကိုအလုပ်ပြုတ်ခံပြီးရဲရဲဝံ့ဝံ့ရေးသားပြီး ရပ်တည်ရဲတဲ့ သတင်းထောက်ဘယ်နှစ်ယောက်ရှိလဲ။ ထောင်ကျခံရဲတဲ့သတင်းထောက်ဘယ်နှစ်ယောက်ရှိလဲ။ အကြမ်းဖက်တဲ့လူတွေကို အကြမ်းဖက်သမားလို့ ရဲရဲဝံ့ဝံ့သုံးနှုံးရဲတဲ့လူဘယ်နှစ်ယောက်ရှိလဲ။ သတ္တိရှိတဲ့လူတွေကတော့ ထောင်နန်းစံကုန်ကြပြီ။ လက်ဆယ်ချောင်းတောင်မပြည့်ချင်ပါဘူး။ အများစုကတော့ အမှန်တရားပေါ်ကိုရပ်တည်ရမယ့်အစား တစ်ခါတစ်လေ အမှန်တရားကိုဖုံးကွယ်ရုံတင်မကဘူး ဗြောင်လိမ်ဗြောင်စားသတင်းတွေနဲ့ ပါ ပြည်သူကိုအဆိပ်ခတ်တယ်။ ဂါဇာကိုအကြမ်းဖက်တဲ့ အစ္စရေးဇီယွန်ဝါဒီတွေရဲ့ ကျူးကျော်စစ်မှာ ကမ္ဘာမီဒီယာတွေ သတင်းသမားတွေ ပြည်သူလူထုတွေ ဘယ်လိုရပ်တည်ခဲ့ကြသလဲဆိုတာ မြန်မာနိုင်ငံက မီဒီယာတွေ၊ သတင်းသမားတွေ ပြည်သူလူထုတွေ အတုယူသင့်တယ်။


လိမ်ညာလှည့်ဖျားမှု၊ မှားယွင်းမှုဟာ ဘယ်လောက်ပဲအင်အားကြီးမားနေပါစေ၊ အချိန်တန်ရင် တောင်ကြီးဖ၀ါးအောက်၊ လှိုင်းကြီးလှေအောက်ရောက်သွားမှာအသေအချာပါပဲ။ အစ္စရေးဇီယွန်ဝါဒီတွေ ကမ္ဘာကို နှစ်ပေါင်းများစွာဘယ်လောက်လိမ်ခဲ့လိမ်ခဲ့ အခုတော့အကုန်လုံး သဲထဲရေသွန်ဖြစ်သွားတာကိုကြည့်ရင်း ကျနော်တို့ အားလုံး သံဝေဂယူနိုင်စေကြောင်း ဆုတောင်းအပ်ပါတယ်။


ဒီနေရာမှာ အလျဉ်းသင့်လို့ ကုရ်အာန်အာယသ်လေးတစ်ပိုဒ်ကိုဖော်ပြပါရစေ။


"ထို့ ပြင် အသင်သည် (ဤသို့ ) ပြောကြားပါလေ။ အမှန်သည် ရောက်ရှိလာခဲ့ချေပြီ၊ ၄င်းပြင်အမှားသည် ပျောက်ကွယ်သွားခဲ့လေပြီ၊ ဧကန်မလွဲ အမှားသည် ကွယ်ပျောက်မည့်အရာပင်ဖြစ်ခဲ့ပေသတည်း။"


(ကျမ်းတော်မြတ်ကုရ်အာန် ၁၇း၈၁)


                                                မြူ နှင်း(အေးရိပ်ငြိမ်)



969 အဖွဲ့မှ အကြမ်းဖက်ရန် လှုံ့ဆော်နေသော်လည်း အစ္စလာမ်ဘာသာဝင်များမှ ငြိမ်းချမ်းရေးကို ထိန်းသိမ်းလျှက်ရှိ

969 အဖွဲ့မှ အကြမ်းဖက်ရန် လှုံ့ဆော်နေသော်လည်း အစ္စလာမ်ဘာသာဝင်များမှ ငြိမ်းချမ်းရေးကို ထိန်းသိမ်းလျှက်ရှိ

အစ္စလာမ်ဘာသာဝင် သက်ကြီးရွယ်အိုတစ်ဦးမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ဦးအား ကူညီပေးနေစဉ် (ဓာတ်ပုံ fb)
စစ်ယူနီဖောင်းချွတ်ပြီး သမ္မတဖြစ်လာသော ဦးသိန်းစိန်အစိုးရလက်ထပ်တွင် မြန်မာ့သမိုင်း၌ အဆိုးရွားဆုံးသော ဘာသာရေးအကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့ပါတယ်။

ယင်းဖြစ်စဉ်များကြောင့် အစ္စလာမ်ဘာသာရဲ့ အခြေခံအဆောက်အအုံများစွာ ဖြိုချ ဖျက်ဆီးခံရခြင်း၊ ပိတ်ပင်ခံရခြင်းများ ရှိခဲ့ပြီး ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင် ထောင်သောင်းချီ၍ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။


“လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်သည်”ဟု စကားပုံအရ ဆိုနိုင်မည်ဖြစ်သော်လည်း ဦးသိန်းစိန်အစိုးရလက်ထက် အကြမ်းဖက်ခံရမှုများတွင် အစ္စလာမ်ဘာသာဝင်များသည် တစ်ဖက်သက် အကြမ်းဖက်ခံရခြင်းများသာ ဖြစ်တယ်လို့ လေ့လာသူများက ဆိုပါတယ်။


ပေါ်ပေါက်ခဲ့သော ဘာသာရေး ဖိနှိပ်မှုများတွင် အာဏာပိုင်များမှ ပူးပေါင်းပါဝင်ခဲ့တယ်လို့ မွတ်စလင်မ်အများစုမှ သံသယ ဖြစ်လျှက်ရှိပါတယ်။


ယင်းသို့ သံသယများ ပေါ်ပေါက်ရသည့်အကြောင်းအရင်းများစွာရှိသည့်အနက် အချို့ကတော့...


(၁) ပြန်ကြားရေးဝန်ကြီးဌာနမှ စစ်တွေမြို့တွင် အစွန်းရောက် ဗုဒ္ဓဘာသာ အကြမ်းဖက်သမား စစ်သွေးကြွများမှ အကြမ်းဖက်မှုများအား ကျူးလွန်၍ ရဲစခန်းအတွင်းထိ ၀င်ရောက်ကာ လက်နက်တိုက်အား ဖောက်ထွင်း၍ လက်နက်များ လုယူမည့်ဆဲဆဲတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ပစ်ခတ်နှိမ်နင်းရသည့် သတင်းများအား မည်သူ မည်ဝါ ကျူးလွန်သည်ကို ရှင်းလင်းစွာ ဖော်ပြခြင်းမရှိသည့်အချိန်တွင် တောင်ကုတ်၌ အပြစ်မဲ့စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည့် မြန်မာမွတ်စလင်မ်များအား သတင်းစာများတွင် “မူစလင်ကုလားလူမျိုးများ”ဟု စော်ကားပုတ်ခတ်သည့် စကားလုံး အသုံးအနှုံးများဖြင့် ဖော်ပြခဲ့ခြင်း၊


(၂) သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး (အင်တာနက်အမည် မှူးဇော်) ဆိုသူမှ အင်တာနက်တွင် အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်သမားများအသွင်ဖြစ်အောင် သတင်းမှားများ ဖြန့်ချိခဲ့သည့်အပြင် အခင်းဖြစ်နေရာ၌ တစ်ဖက်မြင်ပုံရိပ်ဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများအား ပြည်တွင်းမီဒီယာတချို့နှင့်ပူးပေါင်း၍ နိုင်ငံအ၀ှမ်း ပျံ့နှံ့အောင် ဖြန့်ဖြူခဲ့ခြင်း


(၃) ပြည်တွင်းမီဒီယာများနှင့် ပါတီတချို့မှ ယခုအချိန်အထိ အစ္စလာမ်ဘာသာအား စော်ကားသည့် ရေးသားမှုများအား အင်တာနက်တွင်သာမက စာစောင်များတွင်ပါ ထည့်သွင်း ပြုလုပ်နေဆဲဖြစ်သော်လည်း မျက်ကွယ်ပြု၍ လွှတ်ထားခြင်းကြောင့် အစွန်းရောက်သူများ ပိုမို၍ သွေးကြွလာစေခြင်း၊


(၄) ဗုဒ္ဓဘာသာ အစွန်းရောက် အကြမ်းဖက်သမား ဘုန်းကြီးများမှ တရားဝင် တရားပွဲများ ပြုလုပ်၍ ကမ္ဘာ့ ဒုတိယ ကိုယ်းကွယ်မှုအများဆုံး ဘာသာကြီးဖြစ်သော အစ္စလာမ်ဘာသာအား တရားဝင် စော်ကားမှုများ ပြုလုပ်နေခြင်းအား အားပေး အားမြှောက် ပြုလုပ်ပေးထားခြင်း၊


(၅) အကြမ်းဖက် လုပ်ရပ်များ ပေါ်ပေါက်လာသည့်အခါတိုင်း အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်သူများ ပြောင်ကျကျ ပါဝင်ကျူးလွန်နေခြင်း၊ ရခိုင်ပြည်နယ်တွင် လက်နက်ဖြင့် အစ္စလာမ်ဘာသာဝင်များအား ပစ်ခတ် သတ်ဖြတ်နေခြင်း၊ ရခိုင်ပြည်နယ်တွင် တားမြစ်ဆေးများ၊ လက်နက်များ ကုန်ကူးနေသူများအား လက်ဆုပ်လက်ကိုင် ဖမ်းဆီးမိနေသော်လည်း ထိုသူများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ခြင်းနှင့် ဘုန်းတော်ကြီး သင်္ဃန်းဝတ်များ ဖြစ်နေခြင်းကြောင့် အများမသိရအောင် ဖုံးကွယ်ထားခြင်း၊


(၆) ယခုအခါ 969 အမည်ဖြင့် အကြမ်းဖက်ဂိုဏ်းထူထောင်၍ နယ်လှည့် စည်းရုံးရေး၊ ဂိုဏ်းသား တိုးပွားရေးအတွက် အင်တာနက်မှတဆင့် ၀ါဒဖြန့်သူများမှာ ပြည်ပရောက် အစိုးရတာဝန်ထမ်းဆောင်နေသူများဟု သံသယဖြစ်နေသူများနှင့် ၎င်းတို့အတွက် နောက်ကွယ်မှ ထောက်ပံ့ပေးထားခြင်း၊


(၇) 969 အမည်ခံ သံဃာအကြမ်းဖက်ဂိုဏ်းများအား လွတ်လပ်စွာဖြင့် လှုပ်ရှားမှု ပြုနိုင်ရန် အကာအကွယ်ပေးထားခြင်း၊


(၈) 969 အကြမ်းဖက်ဂိုဏ်းမှ အစ္စလာမ်ဘာသာဝင်များကို အကြမ်းဖက် သုတ်သင်ရင် ပြင်ဆင်သည့် လှုံ့ဆော်ရေး စာတန်းများနှင့် လှုပ်ရှားမှုများကို သိသိကြီးနှင့် လွှတ်ထားပေးခြင်း၊


(၉) 969 အကြမ်းဖက်ဂိုဏ်းမှ အစ္စလာမ်ဘာသာဝင်တို့နှင့် ဆက်သွယ်သူများကို ဥပဒေမဲ့ အပြစ်ပေး အရေးယူသည့်အခြေအနေများကို ထိန်းသိမ်းမှု မပြုခြင်းကြောင့် ယခုအခါ 969 ဂိုဏ်းသားများနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခမီးများ စတင်တောက်လောင်လာခြင်း၊


(၁၀) 969 အကြမ်းဖက်ဂိုဏ်း၏ ထိပ်သီးပုဂ္ဂိုလ်များအဖြစ် လူသိများသော မန္တလေးမှ ၀ီရသူ၊ ရန်ကုန် သာကေတမှ ဒယ်အိုးနဲ့ မှော်ဘီမှ ရွှေည၀ါတို့အား သိရှိထားသော်လည်း အရေးယူမှု မရှိခြင်း


အစရှိတာတွေပဲ ဖြစ်ပါတယ်။


ယင်းအချက်များအပြင် အစိုးရတာဝန်ရှိသူများဟာ အစ္စလာမ်ဘာသာဝင်များအား အခြေအနေအရပ်ရပ်တွင် ခက်ခဲမှုဖြစ်စေရန် မှတ်ပုံတင်များ ထုတ်ပေးခြင်းအား ကန့်သတ်ခြင်း၊ အိမ်ထောင်စုဇယားများအား ကန့်သတ်ထားခြင်း၊ လုပ်ငန်းများအား ပြန်လည်ပိတ်သိမ်းခြင်း၊ ရှေးဟောင်း သမိုင်းဝင် ဗလီများအား ပြင်ဆင်ခွင့် မပေးခြင်း၊ သမိုင်းဝင် သုသာန်များအား အစဖျောက်နေခြင်း၊ ဘာသာရေးအခြေခံ စာသင်ကျောင်းများအား ပိတ်သိမ်းခြင်း၊ ပွဲတော်များ ကျင်းပခွင့် ပိတ်ပင်ထားခြင်း၊ ကလေးသူငယ်များ ပညာသင်ကြားရေးတွင် ခွဲခြားမှုများ ပြုလုပ်ထားခြင်းများရှိနေသော်လည်း တစ်ဖက်တွင်မူ ဗုဒ္ဓဘာသာဝင်များအား အစွန်းရောက်စေမည့် တရားပွဲအမည်ခံ အကြမ်းဖက်စည်းရုံးရေး လှုံ့ဆော်ပွဲများအား လွတ်လပ်စွာ ကျင်းပခွင့် ပေးထားပြီး အစ္စလာမ်ဘာသာရဲ့ ဘုရားသခင် အလ္လာဟ်အရှင်မြတ်နဲ့ တမန်တော်မိုဟမ္မဒ်တို့အား စော်ကားနေခြင်းအား အတားအဆီးမဲ့ ပြုလုပ်စေခိုင်းနေခြင်းကြောင့် အစ္စလာမ်ဘာသာဝင်များရဲ့ ခေါင်းဆောင် တမန်တော်မိုဟမ္မဒ်အား အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက်၍ မုန်းတီးလာစေခြင်းအား အစ္စလာမ်ဘာသာဝင်များဘက်မှ ပြန်လည်ချေပ ရှင်းလင်းတင်ပြနိုင်ရန်အတွက် အခွင့်အရေးများ ဆုံးရှုံးနေခြင်းအပေါ် အခွင့်ကောင်းယူ၍ ဗုဒ္ဓဘာသာ အစွန်းရောက် 969 အကြမ်းဖက်ဂိုဏ်းဟာ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာဝင်များကို သွေးခွဲပြီး အစ္စလာမ်ဘာသာအား မြန်မာပြည်မှ စိတ်ကူးယဉ်ဆန်ဆန် အမြစ်ပြတ် သုတ်သင် ချေမှုန်းရန်အတွက် ဖွဲ့စည်းပြီး မြို့ရွာအနှံ့တွင် လှုပ်ရှားမှုများ အရှိန်မြှင့် လုပ်ဆောင်လာနေကြပါတယ်။


သို့သော် အစ္စလာမ်ဘာသာဝင်များကမူ မြို့ရွာတိုင်းတွင် ဗုဒ္ဓဘာသာဝင်များနှင့် ပူးတွဲ၍ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေးနဲ့ ဘာသာရေးတွေကို အရှိန်မပြတ် လုပ်ဆောင်ရင်း ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော တမန်တော် မိုဟမ္မဒ်ရဲ့ နောက်လိုက်များအဖြစ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းလျှက် ရှိနေပါကြောင်း “အလင်းမျက်ဝန်း”မီဒီယာရဲ့ အယ်ဒီတာ့ အာဘော်အဖြစ် တင်ပြလိုက်ရပါတယ်။



                               မြူ နှင်း(အေးရိပ်ငြိမ်)

tisdag 29 juli 2014

ရိုဟင်ဂျာလူမျိုးရှိကြောင်းနိုင်ငံတော်သမ္မတ ဟောင်း Dr. ဦးဘဦး နှင့် အ ပေါင်း ပါ အ ကြံ ပြု လွှာကို ထောက် ပြ တင် ပြ ခြင်း

၂။ ဒေါက်တာ ဦးဘဦး ( ၁၈၈၇-၁၉၆၃ )   ၁၃-၃-၁၉၅၂ မှ ၁၃-၃-၁၉၅၇ ထိတာဝန်ထမ်းဆောင်ခဲ့သည်။
ရခိုင် အမျိုးသားများ၏ တောင်ဆိုချက်အရ ရခိုင်ပြည်နယ် ပေး ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရ မှ အကြံပေး ရေး အဖွဲ့ တစ်ဖွဲ့ ကို ၁၉၆၀ ပြည့်နှစ် ဧပြီလ (၂၉) ရက် ဖွဲ့စည်းတာဝန်ပေး ခဲ့ပါသည်။ယင်းအဖွဲ့ တွင်အောက်ပါ ထင်ပေါ်ကျော်ကြားသည့် နိုင်ငံတော် အဆင့် အမြင့် ဆုံးတာဝန်ထမ်းဆောင် ခဲ့သည့် ပုဂ္ဂိုလ်များ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။
(၁) – ဥက္ကဌ – ဒေါက်တာ ဦးဘ ဦး၊ နိုင်ငံတော် သမ္မတဟောင်း
(၂) – အဖွဲ့ဝင် – ဒေါက်တာ ဦးသိန်မောင်၊ နိုင်ငံတော် တရားရေးဝန်ကြီးချုပ်ဟောင်း

(၃) – အဖွဲ့ဝင် – ဦးတင် ၊ပြည်သူ့လွှတ်တော် ဥက္ကဌ ဟောင်း

(၄) – အဖွဲ့ဝင် – ဦးအုန်းဖေ၊ တရားလွှတ်တော် တရားဝန်ကြီးဟောင်း

(၅) – အဖွဲ့ဝင် – ဦးချစ်သောင်း – ၀န်ကြိးဟောင်း
အထက်ပါ အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ လူထူတန်းစား ပြည်သူ့အလွှာ အသီးသီး နှီးနှော်ပြီး အကြံညာဏ်များ ရယူ၍ နိုင်ငံတော် အစိုးရသို့ အစီခံရင်စာ တင်ပြခဲ့ပါသည်။ ထို ပုဂ္ဂိုလ်များသည် တက္ကသိုလ်ကျောင်းရှိ ရခိုင် နှင့် ရိုဟင်ဂျာ ကျောင်သားများ သဘောထားရယူခြင်း၊ ရခိုင်ပြည်နယ် အနယ်နယ် အရပ်ရပ် လူထုလူတန်စား အလွှာ ပေါင်းစုံများ ထံမှ အကြံညာဏ်များ၊ ဆန္ဒ သဘောထားများ ရယူခဲ့သည်။ရခိုင်ပြည်နယ်ရှိ ရခိုင် ပြည်သူများထံမှ လည်းကောင်း၊ ရိုဟင်ဂျာ ပြည်သူ များ ထံမှ လည်းကောင်း လူတန်းစား အလွှာ အသီးသီး သို့ ချဉ်းကပ်၍ ဆန္ဒ သဘောထား ရယူခဲ့ သည့် လုပ်ငန်း သည် တိုင်းသိ၊ပြည်သိ ကမ္ဘာသိ လုပ်ငန်းတစ်ရပ် ဖြစ် ပြီး ထိုအဖွဲ့ အစည်းတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များသည် လည်း နိုင်တော်၏ အဆင့် အမြင့် ဆုံးတာ ၀န်ထမ်းဆောင် ခဲ့သူများ လည်းဖြစ် ပါသည်။ ထိုပုဂ္ဂိုလ်များ၏ အစီရင်ခံစာ သည် ပေါပေါတန်တန် တွက်ယူ၍ မရနိုင်၊ သမိုင်းဝင် လုပ်ရပ် တစ်ခု ဖြစ်ပါ သည်။
ထိုအစီရင်ခံစာတွင် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုးများ ရနေ၍ ရိုဟင်ဂျာ လူမျိုးများနှင့် တိုင်ပင် နှီးနှော သဖြင့် အစီရင်ခံ စာတွင် ဖေါ်ပြခဲ့ ခြင်းဖြစ်သည်။ (မြန်မာနိုင်ငံရေးတတိယ တွဲ)
ယခုအခါ ဘင်္ဂလားဒေရှ်မှ ရခိုင်ပြည်နယ် အတွင်း သို့် အမည်တူ မျိုးနွယ်စု တစ် စု ခိုးဝင်လာပြိး ဒေသခံ ရခိုင် လူထု အား လွှမ်းမိုးပြီး ရခိုင်ပြည်နယ် တွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း တွင်တွင်ငြင်း ဆန် နေခြင်း ဖြစ်သည်။ထို ခိုးဝင်လာသော အမည် တူ ဘင်္ဂလားဒေရှ် နိုင်ငံသား မြန်မာနိုင်ငံတွင် သိန်းပေါင်းများစွာ ၀င်ရောက် နေထိုင် ပြီး တစ်ဖက်နိုင်ငံ သား ဖြစ်ပါလျက် ဗုဒ္ဓ ဘာသာဖြစ်သည့်အတွက် မြန်ာနိုင်ငံတွင် တိုင်းရင်း ဖြစ် သွားသည်။ တစ်နည်း ပြောရလျှင် တိုင်းရင်းသားဖြစ် ဗုဒ္ဓ ဘာသာဖြစ်ရမည် သဘော သက်ရောက်နေသည်။
ထိုအချက်မှာ (၂၁- ၉ – ၁၉၈၃) နေ့ထုတ် ကျေညာချက်အမှတ် ၁၃/၈၃ နှင့် လုံ့ဝ ဆန့်ကျင်နေသည်။ ၎င်း ကျေညာချက်တွင် အခန်း(၂) အပိုဒ်(၅) ၌ ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင် နှင့် ရှမ်းဖြစ်စေကာမူ နိုင်ငံတော်တွင် အမြဲ နေထိုင်မှု မရှိဘဲ အခြား နိုင်ငံတွင် ပင်ရင်းနိုင်ငံသား အဖြစ် အမြဲ နေထိုင်သူများသည် တိုင်းရင်းသား မဟုတ် ဟူ၍ဖေါ်ပြထားသည်။
တဖန် ၁၈၂၃ ခုနှစ်နောက် ပိုင်း မြန်မာနိုင်ငံတော် အတွင်းသို့ ၀င်ရောက်နေထိုင ကြသော အမည်တူ မျိုးနွယ်စု များ သည်လည်း တိုင်းရင်းသား မဟုတ်သည့် အပြင် မွေးရာပါ နိုင်ငံသား မဟုတ်ပါ ဟူ၍ ဖေါ်ပြထားသည်။
ထို့ကြောင်း ရခိုင်ပြည်တွင် ရိုဟင်ဂျာ လူမျိုးအမှန်တကယ် ရှိ၍ ၁၉၅၄ စကတင်္ဘာ လ (၂၅) ရက်နေ့ ၀န်ကြီး ကက်ဘီးနက် အစည်းအဝေးတွင်ရိုဟင်ဂျာ များသည် တိုင်းရင်းမျိုးနွယ်စု ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
အထက်ပါ ထင်ပေါ်ကျော်ကြားသည့် နိုင်ငံတော် အဆင့် အမြင့် ဆုံးတာဝန်ထမ်းဆောင် ခဲ့သည့် ပုဂ္ဂိုလ်များ ၏ တင်ပြချက်အရလည်းကောင်း ရိုဟင်ဂျာ လူမျိုး အမှန် ရှိနေကြောင်း   ပေါ်ပေါက် သည် အတွက် မြန်မာ့အသံ၊ လူမျိုးစု ရေးရာ အသံလွင့် ကဏ္ဍတွင် ထည့်သွင့် အသံလွင့် ခဲ့သည် ကို ငြင်းဖွယ်ရာ မရှိ တိုင်းသိပြည်သိ ကမ္ဘာ သိပင်ဖြစ် ပါသည်။
ထို့ကြောင်း မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုး မရှိဟု ပြော ဆိုခြင်းသည် လူသားမျိုးနွယ်စု အား အဓမ္မပြု ကျင့်သကဲ့သို့ ထိုလူသားမျိုးနွယ်စုမှာ လူ့အခွင့်အရေး ဆုံးရှုံးကာ နိုင်ငံမဲ့ လည်းဖြစ်သွား နိုင်သည် ကို အလေးထား စဉ်စား စရာ အချက် ဖြစ်ကြောင်း သုတေသီ တစ်ဦးမှ ထောက်ပြ တင်ပြပါသည်။

                                  မြူ နှင်း(အေးရိပ်ငြိမ်)

အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဌက သတိပေး

အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဌက သတိပေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များမှ(၂၈.၇.၂၀၁၄)ယနေ.ကျင်းပသော ပထမအကြိမ် ပြည်သူလွတ်တော် ဒသမ ပုံမှန် အစည်းအဝေး ၃၆ ရက်မြောက်နေ.တွင်ဆွေးနွေးသော ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင်. လိုက်လျောညီထွေမှု.ရှိမည့်းဒီမိုကရေစီစနစ်ကိုပိုမိုဖော်ဆောင်နိုင်သောအချိုးကျ ကိုယ်စားပြုစနစ်ကိုအခြေခံသည့်ရွေးကောက်ပွဲနည်းလမ်းကိုပြည်သူလွှတ်တော် ရွေးချယ်တင်မြှောက်ပွဲအတွက်စီစဉ်ဆောင်ရွက်ပေးရေးအဆို( PR)ကို အဖွဲချု ပ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် Dr.ဒေါ်သန်းငွေ(ကလောမြိုနယ်) Dr.အောင်မိုးညို (မင်းဘူးမြို.နယ်) ၊Dr.ဇော်မြင်.မောင် (ကျောက်ပတောင်းမြို့နယ်) ဒေါ်တင်တင်ရီ(ကျွန်းစုမြို နယ်)၊ ဦးမန်းဂျော်နီ(မြောင်းမြ မြို့နယ်)၊ ဦးခင်မောင်ဝင်း (လမ်းမ္မတော်)၊ဦးခင်မောင်သိန်း(စစ်ကိုင်း)၊ဦးမင်းသူ(ဥတ္တရသီရိ)၊တို့ မှ ကန်.ကွက်ဆွေးနွေးခဲ.ကြကြောင်းသိရှိရပါသည်၊

အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်ဆွေးနွေးတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဌက သတိပေး ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဦးအောင်ကြီးက ပေးပို့ထားပါတယ်။  

                              မြူ နှင်း(အေးရိပ်ငြိမ်)

ဂျေလိုတင်ပါးနဲ့ အစိတ်သားပဲ မှန်းသူ

ဂျေလိုတင်ပါးနဲ့ အစိတ်သားပဲ မှန်းသူ


 ကြံ့ဖွံ့ပါတီရဲ့ ၂၀၁၅ ရည်မှန်းချက်ကို ထုတ်ပြောလိုက်ပုံကတော့ အတော်ဆိုးပါသဗျာ။ ၂၀၁၅ မှာ ကြံ့ဖွံ့ အာဏာမရမှာလည်း ပူစရာမလို၊ ဒီလူထဲက ပဲ သမ္မတ ဖြစ်ဦးမှာလို့ ဆိုလိုက်တာလေ။ အဲဒီ မှာတွက်ချက်ပြပုံက “လွှတ်တော်ထဲမှာ တပ် က ၂၅ ရာခိုင်နှုန်း ရှိနေပြီ၊ ကြံ့ခိုင်ရေးက ၂၆ ရာခိုင်နှုန်းပဲ မဲနိုင်ပါစေ၊ ၂၅ ရာခိုင်နှုန်း နဲ့ ပေါင်းရင် ၅၁ ရာခိုင်နှုန်းဖြစ်ပြီပေါ့၊ ဒါဆို ကိုယ့်သမ္မတနဲ့ ကိုယ့်အစိုးရ အဖွဲ့ နဲ့ ဖြစ်ပြီပေါ့၊ မိတ်ဖက် ပါတီတွေ ထည့်တွက်ရင် ၂၆ ရာခိုင်နှုန်းက ပြေးမလွတ် ပါဘူး”ပါတဲ့။

ဒီနေရာမှာ ယူနီဖောင်းဝတ် တပ်မတော်သား ၂၅ ရာခိုင် နှုန်းဟာ ယူနီဖောင်းချွတ် သူတို့ စီနီယာဟောင်း ကြံ့ဖွံ့များနဲ့ တစ်သင်းတည်း တစ်ဖွဲ့တည်းရယ် လို့ လူတွေက အမြဲမြင်ခဲ့ကြပြီး ဒါဟာ ဟုတ်တယ်ဆိုရင် ကြံ့ဖွံ့အတွက် ရှက်စရာကောင်း လှသလို တပ်မတော်အတွက်လည်း သိက္ခာကျစရာဖြစ်ပါတယ်။ .... .....

ဦးလှဆွေ အခုပြောတဲ့လေသံက ငါးစိမ်းသည်တစ်ယောက်က ““ဒီမှာ၊ ဒီဈေးမှာ ငါ တစ်ယောက် တည်းရောင်းဖို့ စည်ပင်နဲ့ ညှိထားပြီးသား၊ ငါ့ဆီမှ မ၀ယ်ရင် မရဘူး၊ ငါ့ဆီမှာ ၀ယ်ရင်လည်း အစိတ်သား အလေးခိုးထားတဲ့ ချိန်ခွင်နဲ့ပဲ ရောင်းမှာ၊ နင် ၅၀ သား ၀ယ်ရင် ငါအဆစ်ထည့်မှ နင် ၂၆ ကျပ်သားပဲ ရမယ်၊ ၀ယ်ချင်ဝယ်၊ မ၀ယ်ချင်နေ၊ မကျေနပ်ရင် တိုင်ချင်ရာတိုင်” လို့ ပြောတဲ့ လေသံပေါက်နေတယ်လို့ ခံစားရပါတယ်။

ဆရာရီနေနိုင်၏
ဘီလူးသဘက်ကြားက ဘူးလက် (သို့မဟုတ်) ဂျေလိုတင်ပါးနဲ့ အစိတ်သားပဲ မှန်းသူ



ဖင်နဲ့ပါးစပ်မှားနေတဲ့သူ

ဖင်နဲ့ပါးစပ်မှားနေတဲ့သူ



ဒီမို အန်းဂရီးဘတ်

သွားလေသူ ဒေါက်တာသန်းငြိမ်း ပြောခဲ့တဲ့ ဒေါ်စု ထွက်လာလို့ သူက ပါတီကို ဖျက်သိမ်း ပါဆိုရင်
ဖျက်ပါ့မယ်ဆိုတဲ့ စကားကို ပြည်သူက ယုံစားမိလို့ ....
ခင်ဗျားတို့ဟာ ခမောက်အစွမ်းနဲ့ ၂၀၁၀ တုန်းက မဲ ဘယ်လောက်ရခဲ့သလဲ ဆိုတာကို စာရင်းမှတ်ထားပါ

ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ လူထုဆန္ဒခံယူပွဲလုပ်‌ပြီးမှလုပ်‌‌ဆောင်‌သင့်‌‌(ဗိုလ်‌မူး‌ဌေးနိုင်‌)

ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ လူထုဆန္ဒခံယူပွဲလုပ်‌ပြီးမှလုပ်‌‌ဆောင်‌သင့်‌‌(ဗိုလ်‌မူး‌ဌေးနိုင်‌)



PR အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် လုပ်မည်ဆိုပါက ပြည်သူ.ဆန္ဒခံယူပြီး
ဖွဲစည်းပုံအခြေခံဥပဒေကို အရင်ဆုံး ပြင်ဆင်ရမည်လို. တပ်မတော်သားကိုယ်စားလှယ်
မှဆွေးနွေး။
ဘယ်‌‌ရွေး‌ကောက်‌ပွဲလုပ်‌လုပ်‌ လုပ်‌လို့ရပါတယ်‌။
‌‌‌PR အချိုးကျကိုယ်‌စားပြုစနစ်‌ဟာလည်း‌မျှတတဲ့စနစ်‌ဖြစ်‌ပါတယ်‌ ဒါပေမယ့်
ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ လူထုဆန္ဒခံယူပွဲလုပ်‌ပြီးမှလုပ်‌‌ဆောင်‌သင့်‌‌ကြောင်း
ဗိုလ်‌မူး‌ဌေးနိုင်‌က ကြား‌နေသူအဖြစ်‌ ပြည်‌သူလွှတ်‌‌တော်‌မှာ‌ဆွေး‌နွေးသွားပါတယ်‌။

- Aung Gyi Dvb.



သီလရှင်ဆရာလေးလက်နဲ့ထိလိုက်ရုံနဲ့ သက်သာပျောက်ကင်း

သီလရှင်ဆရာလေးလက်နဲ့ထိလိုက်ရုံနဲ့ သက်သာပျောက်ကင်း


အစိုးရရဲ့ကျမ်းမာရေးစောင့်ရှောက်မှုစနစ်ကဘယ်လောက်ကောင်လဲဆိုသုံးခွမြို့တမြို့ထဲမှာနေမကောင်းသူ၅၀၀၀လောက်နေ့စဉ်ဆရာလေး ဒေါ်သုနန္ဒာ ရေစင်နဲ့ကုတာခံဖို့တန်းစီနေရတယ်


Myit Kyoe Inn

သုံးခွမြို့ ရေလည်ကျောင်းတိုက်မှာ ဆေးလာကုပေးနေတဲ့ သီလရှင်ဆရာလေး တစ်ပါးရောက်နေပါတယ်၊၊
 ရေစင်တစ်ခွက်တိုက်ပြီး လက်နဲ့ထိလိုက်ရုံနဲ့ သက်သာပျောက်ကင်းကြလို့ ဆေးလာကုကြတဲ့ လူနာတွေက
တစ်နေ့ကို လူ ၅၀၀၀ လောက် ရှိနေပါတယ်၊၊
 မနက် ၈ နာရီကနေ ၁၁ နာရီအထိ တစ်ကြိမ် ၊ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီအထိ တစ်ကြိမ် ကုပေးပါတယ်၊၊
တစ်ကြိမ်ပြရင် ကိုယ့်မှာဖြစ်နေတဲ့ရောဂါ တခုပဲ ပြောရတာပါတဲ့၊၊
ဒီနေ့က ဆေးကုပေးတာ ၅ ရက်မြောက်နေ့ပါ၊၊ ၈ လပိုင်း ၃ ရက်နေ့အထိ ကုပေးမှာလို့ သိရတယ်၊၊
စကားမပြောနိင်တဲ့ အ နေသူတွေ စကားထုတ်ပြောလာနိင် ၊ လေဖြတ်နေသူတွေ လှုပ်ရှားလာနိင်တာကို
 တွေ့ရလို့ ကျနော့် မိတ်ဆွေတွေ အတွက် သတင်းကောင်း ပေးတာပါ၊၊
ဒီပုံမှာ ဆေးကုဖို့ တန်းစီ စောင့်နေကြသူတွေပါ၊၊


WannaSoe Mdy
သူနေတာက နတ်မောက်မြို့မြောက်ဘက် ၄ မိုင် အကွာက နာမ်ချွန် ကျောင်း မှာပါ ။ ဒေါ်သုနန္ဒာ ထင်တယ် ဘွဲ့က ။ အဲ့မှာဟထမင်းပါကျွေးတယ် နေစရာပါပေးထားတယ် ။ ပျောက်တဲ့လူတော်တော်များတယ် ။

ဦးနေ၀င်းမြေးများနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံသော စီစီအိုအီးစီဆိုတာဘာလဲ

ဦးနေ၀င်းမြေးများနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံသော စီစီအိုအီးစီဆိုတာဘာလဲ



Byထားထားမြင့်
No.453 Monday, July 28, 2014
http://www.7daydaily.com/story/16988#.U9Y7urGCUTA

ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်း၊ ဦးအေးနေ၀င်းတို့ သုံးဦးကို တွေ့ရစဉ် (ဓာတ်ပုံ − အေပီ)

မြန်မာ စစ်အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အကျဉ်းထောင်မှ လွတ်မြောက်လာသော မြေးများက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ပြင်ဆင် နေကြောင်း မကြာသေးမီက သတင်းမီဒီယာများအား အသိပေး ဖြေကြားခဲ့ပါသည်။ သူတို့က မြန်မာနိုင်ငံတွင် အုပ်ချုပ်သူစစ် အစိုးရနှင့် ပတ်သက်နေသည်ဟု ဆိုသော ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇပိုင်ဆိုင်သည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD)၏ ရှယ်ယာများကို အများဆုံးဝယ်ယူ လုပ်ကိုင်သွားမည်ဟုဆိုသည်။ ၎င်းတို့ကိုတရုတ်နိုင်ငံမှ CCOEC(China  National Corporation For Overseas Economic Coop-eration) ဟုခေါ်သည့် ကုမ္ပဏီ တစ်ခုက ငွေအရင်းအနှီးထုတ်ပေး ရန် ကမ်းလှမ်းခဲ့သည်ဟု ဦးအေးနေ၀င်းနှင့်  ဧရာဝတီသတင်းဌာန တို့၏ မေးမြန်းခန်းတွင် ဖော်ပြထားသည်။

ဦးအေးနေ၀င်းတို့အား စီးပွားရေးလုပ်ကိုင်ရန် အရင်းအနှီးထုတ် ပေးဖို့ ကမ်းလှမ်းခဲ့သော တရုတ် ကုမ္ပဏီတစ်ခုဟုဆိုသည့် စီစီအို အီးစီ(CCOEC) ဆိုသည်မှာ မည်ကဲ့သို့ကုမ္ပဏီမျိုးပါလဲ။ ၎င်းတို့ကဘာကြောင့် ဦးအေးနေ၀င်းတို့အား ငွေထုတ်ပေးရန် ကမ်းလှမ်းရတာလဲဆိုသည့် မေးခွန်းများထွက်ပေါ် လာပါသည်။

အမှန်တော့စီစီအိုအီးစီကို တရုတ်ကုမ္ပဏီတစ်ခုဆိုသည် ထက် တရုတ်အစိုးရပိုင်ကုမ္ပဏီ တစ်ခုဟုပြောသည်က ပိုမှန်ကန် ပါမည်။ စီစီအိုအီးစီဖြစ်လာမည့် ထိုကုမ္ပဏီကို ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံတော်ကောင်စီ၏ ထောက်ခံမှုအရ တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် (China National Corporation For Building Materials Expor- tation) အဖြစ်စတင်တည်ထောင် ခဲ့သည်။ လက်ရှိကမ္ဘာတစ်ဝန်း နိုင်ငံ ၁၀၀ ခန့်တွင် စီးပွားရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက် နေသည့် ကုမ္ပဏီဖြစ်သည်။ တ ရုတ်အစိုးရ သွင်းကုန်ထုတ်ကုန် ဘဏ်က ထောက်ပံ့ထားသည့် အတွက် ငွေအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည်။ ၁၉၉၃ခုနှစ်တွင် နိုင်ငံရပ်ခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်အမျိုးသား ကော်ပိုရေးရှင်း (စီစီအိုအီးစီ)အဖြစ် အမည်ပြောင်းလဲခဲ့သည်။

စီစီအိုအီးစီ၏ မူလလမ်း ကြောင်းမှာ တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် ဖြစ်သော်လည်းနောက်ပိုင်းတွင် စွမ်းအင်ကြီးစွာ လိုအပ်နေသော တရုတ်အစိုးရ၏ ရည်မှန်းချက်ကို ဖြည့်တင်းရန် စွမ်းအင်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တခြားစီးပွားရေးလုပ်ငန်းများကိုပါ စီစီအိုအီးစီက တိုးချဲ့ဆောင်ရွက်လာ သည်။

ထိုသို့ဆောင်ရွက်လာရာ တွင် စီစီအိုအီးစီ၏ ဈေးကွက်နေ ရာရွေးချယ်မှုမှာ အထူးစိတ်ဝင် စားစရာကောင်းသည်။ များသော အားဖြင့် နိုင်ငံတကာအနောက် တိုင်းကုမ္ပဏီများ၊ အမေရိကန် ကုမ္ပဏီများ၊ ဂျပန်ကုမ္ပဏီများ သည် စီးပွားရေးလုပ်ငန်းဆောင် ရွက်ရာတွင် လူ့အခွင့်အရေးပြဿ နာများ၊ အကြမ်းဖက်မှုများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု များစသော နေရာများမှ လွတ် ကင်းသော နိုင်ငံများကို ရွေးချယ် ကြသည်။ စီစီအိုအီးစီကမူ အများ နှင့် ပြောင်းပြန်ဖြစ်၏။

အကြမ်းဖက်မှု၊ လူ့အခွင့်အ ရေးချိုးဖောက်မှုများကြောင့် ကမ္ဘာ့အလယ်မှာ ကြဉ်ထားသည့် နိုင်ငံ များတွင်သာ စီစီအိုအီးစီက ပြိုင် ဘက်မရှိအခွင့်အရေးရယူပြီး စီး ပွားရေးလုပ်ကိုင်လေ့ရှိသည်။

ဥပမာဆိုရလျှင် အကြမ်း ဖက်မှုများဖြင့် ကျော်ကြားနေ သည့် ယီမင်နိုင်ငံတွင် စီစီအိုအီးစီ က ၂၀၁၂ ခုနှစ်၌ သဘာဝဓာတ် ငွေ့စက်ရုံသုံးရုံတည်ထောင်ရန်သဘောတူခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ကာတာတက္ကသိုလ် မှ နိုင်ငံတကာလေ့လာရေးပညာ ရှင် မိုဟာမက်ဆာဖတ်ရာမတ်က ယီမင်နိုင်ငံ၏ အကြမ်းဖက်မှု သတင်းဆိုးများကြောင့် အနောက်နိုင်ငံများက ယီမင်နှင့် ဆက်ဆံရန် လက်တွန့်နေချိန်တွင် တရုတ် နိုင်ငံက ထိုဒေသတွင် ၎င်း၏အနေ အထားအားကောင်းလာရန် အခွင့်အရေးယူကြိုးပမ်းနေသည်။ စီစီ အိုအီးစီက တရုတ်အစိုးရ၏ ထို ရည်မှန်းချက်ကို ဖြည့်ဆည်းပေး သည်ဟုဆိုသည်။

ယီမင်နိုင်ငံမှ သူပုန်များ သည် အယ်လ်ကိုင်ဒါအကြမ်း ဖက်သမားများနှင့် ဆက်သွယ်မှု ရှိနေသည်ဟူသော သတင်း ကြောင့် အနောက်နိုင်ငံများက ရှောင်ရှားနေချိန် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကတော့ အား ကောင်းလာသည်။ စီစီအိုးအီးစီကလည်း ထိုဆက်ဆံရေးကို တစ်စိတ်တစ်ပိုင်းပံ့ပိုးကူညီအားဖြည့်ပေး ၏။ ယီမင်တွင် ရေနံအနည်းငယ် သာထွက်သော်လည်း လောင်စာ စွမ်းအင်အမြဲလိုအပ်နေသည့် တရုတ်နိုင်ငံအတွက် နည်းနည်းရလည်း နည်းနည်းအလျောက် အကျိုးရှိသည်။

ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏ ဝေဖန်ပြစ်တင်မှုကို ခံနေရသည့် ယခင် ဆိုဗီယက် ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည့် အရှေ့ဥရောပနိုင်ငံ ဘီလာရုစ် နိုင်ငံတွင်လည်း စီစီအိုအီးစီ၏ လုပ်ငန်းများရှိပါသည်။ အထူးသ ဖြင့် စွမ်းအင်စက်ရုံများကို စီစီအို အီးစီက တရုတ်သွင်းကုန်ထုတ် ကုန်ဘဏ်၏ ပံ့ပိုးမှုဖြင့် အကောင် အထည်ဖော်နေသည်။

ထိုစက်ရုံများသည် နိုင်ငံ၏ သဘာ၀၀န်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသည်ဟု ဘီလာရု(စ်) နိုင်ငံသတင်းမီဒီယာများက ဝေဖန်ပြစ်တင်ထားပါသည်။ စီစီအိုအီးစီ အပါအ၀င် တရုတ်ကုမ္ပဏီများက အကျင့်ပျက်ခြစားနေသော ဘီ လာရုစ် အစိုးရအာဏာပိုင်များ နှင့် ပေါင်းပြီး အခွင့်အရေးယူ သည်ဟုလည်း ရေးသားကြပါ သည်။

ထိုကဲ့သို့သောစီစီအိုအီးစီက မြန်မာနိုင်ငံသို့ ၀င်ရောက်လာပြီး သြဇာတိက္ကမကြီးသူစီးပွားရေးသမားများနှင့် စစ်အာဏာရှင်ဦးနေ၀င်း၏ မိသားစုများအတွက် ငွေအရင်းအနှီးထုတ်ရန် ကမ်း လှမ်းလာသည်ဟုဆိုသည်။

လတ်တလောတွင် အဆိုပါသတင်းက လူအများစုကို အံ့အားသင့်သွားခဲ့စေသည်။ ဦးတေဇ၊ ဦးနေ၀င်းမိသားစု၊ တရုတ်အစိုးရ၏ စီစီအိုအီးစီ ဘာတွေဖြစ် လာမလဲဆက်လက်စောင့်ကြည့်ရန်အထူးစိတ်ဝင်စရာကောင်းသည် ကတော့ အသေအချာပင်ဖြစ်ပါ သည်။



“ဟကောင် မင်းအရပ်သားလား၊ ရဲလား”

“ဟကောင် မင်းအရပ်သားလား၊ ရဲလား”



အရပ်သားလား၊ ရဲလား
Moe Zay Nyein

ဒီနေ့ ဂျာနယ်တစ်စောင်ပါ သတင်းတစ်ခုဖတ်ရင်း စဉ်းစားမိတယ်။ လှိုင်သာယာမှာ အမျိုးသမီးတစ်ဦးကို ရဲက အဓမ္မကျင့်တာမှာ ၀င်ကယ်တဲ့သူနှစ်ယောက်ကို ရဲကင်းပျက်စီးစေမှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ထောင်(၁)နှစ်စီ ချတယ်ဆိုတဲ့ သတင်းပါ။ အဓမ္မကျင့်တယ်ဆိုတာတော့ ရဲသောဘာသော မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုမှာ မလွှဲရှောင်သာတွေ့ရတတ်တဲ့ မှုခင်းတစ်ခုပါပဲ။ ၀င်ကူညီသူတွေ အစွဲခံရတာမှာ ရဲကင်းပျက်စီးစေမှုကတော့ ထားပါတော့။ ဒါပေသိ တာဝန်ဝတ္တရားနှောက်ယှက်မှု ဆိုတာကို စဉ်းစားလို့မရဘူး။ အဓမ္မကျင့်တာ ရဲရဲ့တာဝန်ဝတ္တရားဖြစ်နေတဲ့သဘောမျိုး အဓိပ္ပာယ်ထွက်နေတယ်။
နောက်နောင် သွားရင်းလာရင်း “ကယ်ကြပါဦးရှင့်၊ ဒီမှာ အဓမ္မကျင့်နေလို့ပါ” လို့ အကူအညီတောင်းခံရရင်တောင် ချက်ချင်းမကူညီရဲပဲ အပေါ်ကကောင်ကို “ဟကောင် မင်းအရပ်သားလား၊ ရဲလား” လို့ အရင်မေးစမ်းကြည့်ရမဲ့ပုံပဲ။

ဗိုလ်ချုပ်ရုပ်ရှင်ကို ပြည်တွင်းပညာရှင်များဖြင့်သာ ရိုက်ကူးရန် ဆုံးဖြတ်

ဗိုလ်ချုပ်ရုပ်ရှင်ကို ပြည်တွင်းပညာရှင်များဖြင့်သာ ရိုက်ကူးရန် ဆုံးဖြတ်


Byဇွဲဉာဏ်
No.453 Monday, July 28, 2014

 ‘‘အောင်ဆန်း’’ရုပ်ရှင်ရိုက်ကူးရေးကို ပြည်တွင်းပညာ ရှင်များဖြင့် ၂၀၁၅ ခုနှစ်တွင်စတင် ရိုက်ကူးသွားမည်ဖြစ်ပြီး ရိုက်ကူးမည့် ဒါရိုက်တာနှင့် ထုတ်လုပ်သူများကို ဇူလိုင် ၂၇ ရက်တွင်ပြုလုပ်ခဲ့သော အစည်းအဝေး၌အတည်ပြုခဲ့ကြောင်း  ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။

‘‘ဒီနေ့ပဲ ဆုံးဖြတ်လိုက် တယ်၊ ပရိုဂျူဆာကို မအိအိခိုင်နဲ့ ကိုလူမင်းတွဲဖက်ပြီး တာဝန်ယူ မယ်၊ ရိုက်ကူးရေးကို ကိုယ်ရယ်၊ဝိုင်းရယ်တွဲဖက်ပြီး တာဝန်ယူမယ် ကျန်တဲ့လူတွေလည်း တာဝန်ခွဲ ဝေပြီးယူကြပါတယ်’’ ဟု ၎င်းကပြောသည်။

ယင်းရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ပြီးခဲ့သည့်နှစ်စက်တင်ဘာလကတည်းက ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတကာ အရည်အသွေးမီရိုက်ကူးနိုင်ရန် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ခဲ့ရာ ရိုက်ကူးမည့် ဇာတ်ညွှန်းနှင့်ပတ်သက်၍ အမြင်မတူသောကြောင့် အဆင်မပြေခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘နိုင်ငံတကာအဆင့် ထုတ်လုပ်နိုင်မယ့်ထုတ်လုပ်သူတစ်ယောက်ကိုရှာတယ်။ ပထမဆုံး ကနေဒါ၊ နောက်ပြီး ပြင်သစ်၊ အခုနောက်ဆုံး အမေရိကန် အဲဒီသံရုံးတွေနဲ့ဆက်သွယ်ပြီးရှာတဲ့အခါ ဘာတစ်ခုထင်ထင်ရှားရှားဖြစ်လာလဲဆိုတော့ ကိုယ်တို့ရေးထားတဲ့ ဇာတ်ညွှန်းအပေါ်မှာ ရှုမြင်တဲ့ပုံချင်းက မတူဘူးဖြစ်နေတယ်။ ကိုယ်တို့က ဒီဟာကို သမိုင်းအနေနဲ့ ရှုမြင်တယ်။ ဒါပေမဲ့ နိုင်ငံတကာကရုပ်ရှင်အနေနဲ့ပဲရှုမြင်တယ်’’ ဟု မင်းထင်ကိုကိုကြီးက ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ညှိုနှိုင်းနေသည်မှာ ကိုးလကျော်ကြာမြင့်နေပြီဖြစ်သောကြောင့်ဆက်လက်ညှိုနှိုင်းနေပါက လာမည့် ၂၀၁၅ ခုနှစ်တွင် ရိုက်ကူးနိုင်တော့မည်မဟုတ်သောကြောင့် ပြည်တွင်းအနုပညာရှင်များဖြင့်သာ ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါရုပ်ရှင်ကို ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁၀၀ ပြည့်မြောက်သည့် ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသနိုင်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
http://www.7daydaily.com/story/16981#.U9ZBb7GCUTA



“တရုတ်မှာ ခွေးကျွေးတဲ့အစာ မြန်မာကလေးတွေကို မရောင်းပါနဲ့”

“တရုတ်မှာ ခွေးကျွေးတဲ့အစာ မြန်မာကလေးတွေကို မရောင်းပါနဲ့”


The Voice Weekly
[ Voice of the Day ]

တရုတ်စာနဲ့ ခွေးငယ်ငယ်လေးတွေ အတွက်သာလို့ ရေးထားတဲ့ မုန့်တစ်မျိုးကို မြောက်ဥက္ကလာပ မြို့နယ်မှ ကျောင်းတချို့ရဲ့ မုန့်ဈေးတန်းမှာ ရောင်းချတာ တွေ့ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းထံက သိရပါတယ်။
“မြောက်ဥက္ကလာပက ကျောင်းတချို့ကို ဝင်ရောက် လေ့လာတဲ့အခါမှာ အထက်တန်းကျောင်း သုံးကျောင်းမှာပေါ့။ သုံးကျောင်းစလုံးမှာ တရုတ်စာတွေနဲ့ ရေးထားတဲ့ မုန့်ချိုတွေ၊ တရုတ်တံဆိပ်နဲ့ မစ်ရှိတ်၊ အန္တရာယ်ရှိတဲ့ အမှုန့်လို့ ယူဆနိုင်တဲ့ အမှုန့်ပေါ့နော်၊ နောက်ပြီး ငါးမုန့်၊ အာလူးကြော်ထုပ်၊ မြန်မာတံဆိပ် မြန်မာနာမည် ဖြစ်ပေမယ့် ရက်လွန်သတ်မှတ်တဲ့ Date မပါဘူး၊ ဖုန်းနံပါတ်တွေ၊ ဖက်စ်နံပါတ်တွေ မုန့်ထုပ်မှာ ပါပါတယ်။ စုံစမ်းမေးမြန်းသွားမှာပါ” လို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ်ပါ
“တရုတ်မှာ ခွေးကျွေးတဲ့အစာ မြန်မာကလေးတွေကို မရောင်းပါနဲ့” သတင်းမှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]



အမျိုးသားညီလာခံမှ ဒီချုပ် ဘာကြောင့်ထွက်ခဲ့သလဲ

အမျိုးသားညီလာခံမှ ဒီချုပ် ဘာကြောင့်ထွက်ခဲ့သလဲ



Byအေးသူစံ
On  Sat, 2014-07-26 15:12
အတွဲ (၁၃)၊ အမှတ်(၂၀)
http://www.7daydaily.com/story/16834#.U9ZCULGCUTA

လွန်ခဲ့သော နှစ် ၂၀ ၀န်းကျင်က ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံး ရေးဆွဲခဲ့သော အမျိုးသားညီလာခံမှ ဒီချုပ်က အဘယ်ကြောင့် သပိတ်မှောက် ထွက်ခွာခဲ့သလဲဆိုသည်မှာ သမိုင်းစာမျက်နှာတွင် အရေးကြီးသော ဇာတ်ဝင်ခန်းတစ်ခန်း ဖြစ်ခဲ့သည်။

စစ်အစိုးရက NLD သည် တစ်ပါတီအလိုကျ ညီလာခံမျိုးဖြစ်စေရေးနှင့် အစိုးရကို သြဇာလွှမ်းမိုးရန် မဖြစ်နိုင်သည့် တောင်းဆိုချက်များ တမင်တောင်းဆိုပြီး ညီလာခံက သပိတ်မှောက်ထွက်သွားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်အချို့ကလည်း ညီလာခံစည်းကမ်းချက်များကို ချိုးဖောက်ခြင်းကြောင့် NLD ထုတ်ပယ်ခံရသည်ဟုဆိုသည်။

သို့သော် ဒီချုပ်ဘက်ကမူ ညီလာခံတွင် အာဏာပိုင်များက ပေးထားသည့် ကတိအတိုင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို သေးသိမ်ရှုပ်ထွေးအောင် ပြုလုပ်ခဲ့သဖြင့် တွေ့ဆုံညှိနှိုင်းခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဟု ခိုင်မာစွာယုံကြည်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တကယ်အဖြစ်မှန်မှာတော့ NLD သည် ညီလာခံကို သပိတ်မှောက်ထွက်ခွာသွားခြင်း မဟုတ်ပါ။ စစ်အစိုးရနှင့် တွေ့ဆုံရေး တောင်းဆိုထားခြင်းအတွက် ညီလာခံမတက်ဘဲ စောင့်ဆိုင်းနေချိန်တွင် ညီလာခံဥပဒေအရ ၄၈  နာရီ ခွင့်မဲ့ပျက်ကွက်သည်ဆိုကာ စစ်အစိုးရအလိုကျ အကောင်အထည်ဖော်သော ကော်မရှင်က ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း NLD ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းမှုများ၊ ညီလာခံဆိုင်ရာ သုတေသနစာတမ်းများက ဖော်ပြနေသည်။

‘‘ကျွန်တော်တို့က ဒီအချက်၊ ဒီအချက်တွေကြောင့် တွေ့ဆုံလိုပါတယ်ဆိုပြီး ကော်မရှင်ကို ၁၉၉၅ နိုဝင်ဘာ ၂၇ ရက်စွဲနဲ့ ပေးပို့တယ်။ စာပို့ထားလို့ ညီလာခံကို မတက်ဘဲ စောင့်နေတုန်း ၄၈ နာရီတောင် မပြည့်သေးပါဘူး။ စာပို့ပြီး နောက်တစ်နေ့မနက်မှာပဲ ကျွန်တော်တို့အားလုံးကို ညီလာခံကိုယ်စားလှယ်အဖြစ်ကနေ ကော်မရှင်က ထုတ်ပယ်ပစ်လိုက်တယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းမြင့်ကပြောသည်။

ဒီချုပ်၏တောင်းဆိုမှုကို ညီလာခံကော်မရှင်က နိုဝင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်ဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။

ဒီချုပ်က စစ်မှုထမ်းဟောင်း၊ အမျိုးသမီးနှင့် လူငယ်များ၊ အသက်(၁၈)နှစ်ပြည့်ပြီး ကျောင်းသားလူငယ်များကိုပါ ညီလာခံဖိတ်ကြားရန် အဆိုပြုသည်။ ညီလာခံတွင် အချိန်ဇယားသတ်မှတ်ချက်မရှိခြင်း၊ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ် ရာခိုင်နှုန်းအင်မတန်နည်းပါးခြင်းကို ထောက်ပြသည်။ ယင်းလုပ်ရပ်သည် တစ်ပါတီစိတ်ကြိုက် မူချမှတ်ရန်နှင့် ကိုယ်စားလှယ်များကို ပါတီအလိုကျ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန်ဖြစ်သည်ဟု ကော်မရှင်က စွပ်စွဲခဲ့သည်။

ဒီချုပ်၏တောင်းဆိုမှုများသည် ညီလာခံမှုများကို ဖျက်သိမ်းရန်၊ စိတ်ကြိုက်မူများချမှတ်ရန် ကြိုတင်ကြံစည်မှုဖြင့် လုပ်ဆောင်ကြောင်း သုံးသပ်သည်ဟု ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

အစိုးရအပေါ် သြဇာပေးခြယ်လှယ်နိုင်ရန် ရည်ရွယ်၍ မလိုအပ်ဘဲ တွေ့ဆုံဆွေးနွေးရေးကိုသာ တွင်တွင်တောင်းဆိုနေခြင်းဟု ကော်မရှင်ကပြောပြီး နောက်တစ်ရက် နိုဝင်ဘာ ၃၀ ရက်တွင် သဘာပတိထံ ကြိုတင်အကြောင်းမကြားဘဲ ညီလာခံတက်ရန် နှစ်ရက်ဆက်တိုက်ပျက်ကွက်သည်ဟု အကြောင်းပြကာ ဒီချုပ်ကိုယ်စားလှယ်အားလုံးကို ထုတ်ပယ်လိုက်သည်ဟု သတင်းစာများတွင် ဖော်ပြခဲ့သည်။

၁၉၉၃ ခုနှစ် စက်တင်ဘာတွင် စတင်ခဲ့သော အမျိုးသားညီလာခံသို့ ဒီချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ကိုယ်စားလှယ် ၈၆ ဦး တက်ရောက်ခဲ့သည်။ ၁၉၉၄ ခုနှစ် ဧပြီတွင် သင်္ကြန်ပိတ်ရက် ညီလာခံခေတ္တရပ်နားထားချိန်တွင် အခြေခံမူ ၁၀၄ ချက်ကို ညီလာခံ၌ ချပြခြင်းမရှိဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ဦးစီး၍ လူထုထောက်ခံပွဲများ ပြုလုပ်အတည်ပြုလိုက်သည်။ ထို့ကြောင့် ညီလာခံထဲတွင် ဒီမိုကရေစီအင်အားစုများနှင့် စစ်အစိုးရတို့ သဘောထားကွဲလွဲမှု စတင်ခဲ့သည်။

ယင်းလုပ်ရပ်မှာ မသင့်လျော်သည့် အလွန်ဆိုးရွားသည့် အခြေအနေကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း RFA တွေ့ဆုံခန်းတွင် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်က ဖြေကြားခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့မှာ နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခါစလည်း ဖြစ်သည်။

န၀တအစိုးရ၏ ထုတ်ပြန်ချက် ၁/၉၀ တွင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်များ ရေးဆွဲရန်တာဝန်ဟုဆိုခဲ့သည်။ ထို့အပြင် န၀တ၏ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးခင်ညွန့်ကလည်း ဖွဲ့စည်းပုံရေးဆွဲရန်မှာ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံကိုယ်စားလှယ်များ တာဝန်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

သို့သော် ညီလာခံဦးတည်ချက် လုပ်ထုံးလုပ်နည်းများမှာ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုမရှိခြင်း၊ ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်မှာ ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် ထာဝစဉ်လူနည်းစုဖြစ်ခြင်း၊ စာတမ်းများကို လွတ်လပ်မှုမရှိဘဲ အာဏာပိုင်များအလိုကျ စိစစ်ပြင်ဆင်ပေးရခြင်း၊ ကိုယ်စားလှယ်များ၏ တင်ပြချက်အများစု ဥပက္ခာအပြုခံရခြင်းနှင့် ညီလာခံတွင် အချိန်ဇယားသတ်မှတ်ထားခြင်းမရှိခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေးကို NLD က စာပို့တောင်းဆိုခဲ့သည်။

ထို့အပြင် အနာဂတ်နိုင်ငံတော်၏ အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေးအချက်ကို NLD က လက်မခံခဲ့ပေ။

သို့သော် စစ်အစိုးရကလည်း ထိုအချက်များကို တစ်ချက်မှအထိမခံခဲ့ဟု ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကပြောသည်။

‘‘တရားမျှတမှုမရှိဘဲနဲ့ တစ်ဖက်သတ် အနိုင်ကျင့်တဲ့နေရာတော့ ဘယ်သူနေမှာလဲ။ ကန့်ကွက်ရဲရမယ်။ ကျောခိုင်းရဲရမယ်။ အစတည်းက အခြေခံမူ နံပါတ် ၆ ကို မကြိုက်ခဲ့တာ။ နောက်ပြီး ဒီအလုပ်သမားကိုယ်စားလှယ်၊ လယ်သမားကိုယ်စားလှယ်အစုအဖွဲ့တွေ ရွေးတဲ့အခါ လယ်သမားအစည်းအရုံးသမဂ္ဂမရှိဘဲနဲ့ ဘယ်လိုရွေးမှာလဲ။ ကန့်ကွက်နေတဲ့ကြားက သူတို့စိတ်ကြိုက် ၇၀၂ ယောက်ကို ခေါင်းခေါက်ရွေးလာတယ်’’ဟု ဦးစိုင်းညွန့်လွင်ကပြောသည်။ SNLD ကလည်း ၂၀၀၄ တွင် ညီလာခံကို စွန့်ခွာခဲ့သဖြင့် ပါတီဝင်များ အဖမ်းခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှားသွားသည့်တစ်ချက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညီလာခံကျင်းပရေးအတွက် ပါတီ ၁၀ ခုနှင့် တွေ့ဆုံစဉ်ကတည်းက ညီလာခံအခြေခံမူခြောက်ချက်ကို ပြင်းပြင်းထန်ထန် မကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။ အခြေခံမူခြောက်ချက်အနက် နံပါတ်ခြောက်ဖြစ်သည့် တပ်မတော်က နိုင်ငံရေးဦးဆောင်မှုတွင် အစဉ်တစိုက်ပါဝင်ရေးအချက်မှာ ဒီမိုကရေစီအခြေခံမှုများကို ချိုးဖဲ့ဖျက်ဆီး၍ အာဏာရှင်စနစ်ကို အသက်သွင်းနေမှန်းသိလျက်နှင့် န၀တ ကြေညာချက် ၁/၉၀ ကို ယုံကြည်မိ၍ ညီလာခံကို တက်ရောက်ခဲ့ကြောင်း ထုတ်ပယ်ခံရပြီးမှ ဒီချုပ်က ကြေညာချက်ပြန်ထုတ်ခဲ့သည်။

‘‘မြန်မာ့မြေပေါ်မှာ ဘယ်သူမှ တပ်စခန်းမချရတို့၊ ၅၉ (စ)တို့ကို အခြေခံမူအဖြစ် ချမှတ်တဲ့သတင်းလည်းကြားရော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက်က ရန်ကုန်ရောက်ချလာတယ်။ ဒေါ်စုနဲ့တွေ့လည်းပြီးရော ဦးအောင်ရွှေဦးဆောင်တဲ့ NLD ၈၆ ယောက် ထွက်သွားကြတာပဲ။ ညီလာခံကို ခွင့်မဲ့ပျက်ကွက်လို့ သူတို့ကိုထုတ်ပစ်လိုက်တာ။ ဒါရှင်းပါတယ်။ သူတို့ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် ဖိအားပေးတာပေါ့’’ဟု ညီလာခံတက်ခဲ့သည့် တတ်သိပညာရှင်အစုအဖွဲ့ဝင်၊ ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဝင် တက္ကသိုလ်မြတ်သူက သူ၏အမြင်ကိုပြောသည်။

NLD သည် စည်းကမ်းဖောက်ဖျက်ခြင်းကြောင့် ထုတ်ပယ်ခံရခြင်းဖြစ်ကြောင်း အလုပ်သမားအစုအဖွဲ့မှ သဘာပတိ ဒေါက်တာမျိုးသန့်တင်ကလည်း ဆိုသည်။

ညီလာခံတွင် အစုအဖွဲ့ရှစ်ဖွဲ့တွင် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များအစုအဖွဲ့တို့ကလွဲ၍ ကျန်အစုအဖွဲ့များမှာ စစ်အစိုးရအလိုကျလူများသာဖြစ်ကြောင်း ဒီမိုကရေစီအင်အားစုတို့က ဝေဖန်ခဲ့သည်။ ဒေါက်တာမျိုးသန့်တင်ကမူ ဆွေးနွေးချက်များကို လွတ်လပ်စွာတင်ပြနိုင်ကြောင်း ပြောသည်။

‘‘NLD က ဆွေးနွေးတာ သိပ်မကြားရပါဘူး။ သူတို့က စည်းကမ်းချိုးဖောက်လို့ ထုတ်ခံရတာ။ ဘယ်အဆိုမဆို အစုအဖွဲ့မှာ ဆွေးနွေးတင်ပြလို့ရတာပဲ။ ပြီးတော့ အလွှာအသီးသီးကလူတွေ ပါတယ်။ အစိုးရကရွေးတဲ့လူတွေ မဟုတ်ပါဘူး။ အစိုးရ၀န်ထမ်းတို့၊ ဘာတို့တော့ ပါတာပေါ့။ ညီလာခံတက်ဖို့ဆိုတာ အပေါ်က ခေါင်းခေါက်ရွေးလို့ရတာမှ မဟုတ်တာ။ အဆင့်ဆင့်ဖြတ်သန်းရသေးတာ’’ဟု ၎င်းကဆိုသည်။ တက္ကသိုလ်မြတ်သူ၊ ဒေါက်တာမျိုးသန့်တင်တို့ ပြောသကဲ့သို့ ညောင်နှစ်ပင်ညီလာခံမှာ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးတင်ပြ၍မရကြောင်း ညီလာခံတက်ရောက်ခဲ့သော ဒီမိုကရေစီအင်အားစုများက တညီတညွတ်တည်းပြောသည်။

ဒီချုပ်သည် အခွင့်အရေးကို ဆုံးရှုံးခံခဲ့ခြင်းမဟုတ်ဘဲ။ ပြောရေးဆိုခွင့်အတွက် တောင်းဆိုရင်းကပင် အထုတ်ခံခဲ့ရခြင်းဖြစ်သည်။ ညီလာခံတစ်လျှောက်လုံးတွင် ဒီချုပ်ပြောဆိုဆွေးနွေးမှုများ အရာမထင်ခဲ့။ စစ်အစိုးရအလိုကျ လူပုဂ္ဂိုလ်အများစု၏ ဆန္ဒသဘောထားများကသာ ညီလာခံတွင် လွှမ်းမိုးခဲ့သည်။

‘‘ဒီနေ့စာတင်ထားတုန်းပဲ နောက်နေ့မနက်ချက်ချင်း ညီလာခံထဲကနေ ဒီချုပ်ကိုယ်စားလှယ်ထိုင်ခုံတွေကို ဆွဲထုတ်သွားတာပဲ’’ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်ကပြောသည်။

၁၉၉၃ မှ ၁၉၉၆ အထိ ညီလာခံမှတ်တမ်းများတွင်လည်း ဒီချုပ်နှင့် တိုင်းရင်းသားပါတီများ တင်ပြဆွေးနွေးချက်များအပေါ် စစ်အစိုးရက လက်သင့်မခံဘဲ သူတို့လုပ်ချင်ရာသာ လုပ်ခဲ့သည်မှာ ထင်ရှားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

‘‘၁၉၉၆ မှာ ဒီချုပ် အမျိုးသားညီလာခံကို ဆက်မတက်တာ နိုင်ငံရေးအရ မှန်ကန်တယ်လို့ မြင်တယ်။ စစ်အစိုးရက ပြောချင်တာပြော၊ ငါတို့က ငါတို့အစီအစဉ်တိုင်းပဲလုပ်မယ်ဆိုတဲ့ သဘောပဲရှိခဲ့တယ်’’ဟု ၎င်းကပြောသည်။

‘‘ဒီချုပ်ထွက်ပြီးမှ ကျွန်တော်က ညီလာခံတက်တယ်။ နှစ်ဖက် ဘယ်သူမှားတယ်၊ မှန်တယ်တော့ သေချာမပြောနိုင်ဘူး။ ဒါပေမဲ့ ဒီချုပ်တောင်းဆိုမှုထဲမှာပါတဲ့ စာတမ်းတွေကို လွတ်လွတ်လပ်လပ် တင်ပြခွင့်မရခဲ့တာတော့ အမှန်ပဲ။  အဆိုတော်တော်များများဟာ မှတ်တမ်းအဖြစ်ပဲ ရှိခဲ့ကြတယ်။ ဘယ်လိုပဲ ဒီမိုကရေစီစနစ်နဲ့ လုပ်တယ်လို့ အစိုးရကပြောပြော ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ညီလာခံအဆင့် လုံးဝမဟုတ်ခဲ့ဘူး’’ဟု ညီလာခံသို့ ဖိတ်ကြားခံခဲ့ရသူ ကချင်အထူးဒေသ (၂)မှ ဒေါက်တာတူးဂျာကပြောသည်။

ရှစ်နှစ်ကြာရပ်နားပြီး ၂၀၀၄ တွင် ပြန်စသော ညီလာခံတွင် ဒီချုပ်တောင်းဆိုချက်များ လျစ်လျူရှုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားသဖြင့် ဒီချုပ်က ညီလာခံဖိတ်ကြားချက်ကို လက်မခံတော့ပေ။

‘‘တပ်က နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်တယ်ဆိုတဲ့အချက်ကို ဦးအောင်ရွှေတို့က သဘောမတူလို့ထွက်တာ။ နောက်တော့ အပြင်မှာ ပါတီဝင်တွေ သဘောထားတွေညှိပြီး ဦးအောင်ရွှေတို့က ပြန်ဝင်မယ်အလုပ်မှာ ကော်မရှင်က လက်မခံတော့တာ။ ထွက်သွားလည်း အေးတယ်ဆိုတဲ့ပုံစံမျိုး လုပ်လိုက်တာ။ ဦးအောင်ရွှေတို့ ဘာမှလုပ်လို့မရဘူး ဖြစ်သွားတယ်။ ဒါကို န၀တအကြီးအကဲတွေက သတင်းထုတ်ပြန်တော့ NLD က ထွက်သွားတယ်။ နောက်ပြန်ခေါ်လည်း မလာတော့ဘူးဆိုပြီး သမိုင်းအမှားတွေကို လူငယ်တွေ ကောက်ချက်ချမှာစိုးတယ်။ အဲဒီတုန်းက န၀တအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဦးအောင်ရွှေက ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုကြောင့် တီဗီပေါ်ကတောင် စိန်ခေါ်ခဲ့သေးတယ်။ ဒါ ပုဂ္ဂိုလ်ရေးအငြိုးတွေနဲ့ကို လုပ်ပစ်လိုက်တာ’’ဟု တပ်မတော်အငြိမ်းစား စစ်သည်တစ်ဦးက ညီလာခံတွင် ဒီချုပ်ပါဝင်ခွင့်မရခဲ့သည့်အကြောင်း ပြောကြားသည်။

ထို့ကြောင့် အခြေခံဥပဒေရေးဆွဲရန် ကမ္ဘာတွင် အရှည်ကြာဆုံးညီလာခံ ကျင်းပပြီး ဥပဒေရေးဆွဲကာ ထိုဥပဒေအတိုင်း နိုင်ငံအပြောင်းအလဲများ အကောင်အထည်ဖော်ခြင်းမှာ စစ်အစိုးရခေါင်းဆောင်အချို့၏ စနစ်တကျ အကွက်ချစီမံခဲ့သော နှစ်ရှည်စီမံကိန်းတစ်ခု ဖြစ်သည်။ ညောင်နှစ်ပင်ညီလာခံမှာလည်း ၎င်းတို့ ပြဋ္ဌာန်းလိုသောဥပဒေ ပြဋ္ဌာန်းနိုင်ရန် ကစားကွက်တစ်ခုသာ ဖြစ်ခဲ့သည်။

လက်ရှိ ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲဝင်လာသော ဒီချုပ်၏ ရှေ့အနာဂတ်ခရီးလမ်းမှာ လွှတ်တော်ပြင်ပတွင် အောင်မြင်မှု အထိုက်အသင့် ရရှိထားပြီဖြစ်သည်။

၅၄ ရက်အတွင်း အခြေခံဥပဒေမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် အချက်ကို ပြည်သူငါးသန်းကျော်မှ လက်မှတ်ရေးထိုးထားပြီး ဒီချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ကြိုးပမ်းမှု၊ ပြည်သူငါးသန်းကျော်၏ သဘောထားကို လွှတ်တော်က မည်သို့တုံ့ပြန်မည်ဆိုသည်မှာ မကြာမီ အဖြေပေါ်တော့မည်ဖြစ်သည်။         ။
http://www.7daydaily.com/story/16834#.U9ZCULGCUTA

lördag 26 juli 2014

ဆိုင်ကယ်နဲ့ရေလောင်းနည်း

ဆိုင်ကယ်နဲ့ရေလောင်းနည်း


Mcctatkone Trainng

ယခု ပျိုးပင်များစတင်စိုက်ပျိုးနေပါပြီ နောက်ထပ်အဆင်ပြေလွယ်ကူတာတစ်ခုပြောပြပါမယ် ရေကို ဆိုင်ကယ်နဲ့အလွယ်တကူတတ်ဆင်ပြီး ယခုလို အပင်လောင်းပါတယ် ရေပန်းနဲ့ပေါ့ ကျွန်တော်ရောင်းနေတဲ့ဆိုင်ကယ်နဲ့စုပ်တင်တဲ့ရေပန့်အသုံးဝင်ပုံလေးပါ သာမန်ဆိုယင် အင်ဂျင်တပ်ဆင်မယ် ရွေ့မယ် သယ်ယူရတာမလွယ်ကူပါဘူး အခုဆိုင်ကယ်လေးအကွက်ထဲတွန်းသွား ရောက်မှ တပ်ဆင်လိုက် ၁၀ မိနစ်ပါပဲ ဈေးနှုန်းကလဲ သုံးသောင်းခွဲပဲကျမယ် တစ်နေကုန်မှ SLOW နဲ့ ဆီနှစ်ဗူးပဲကုန်မယ် အခုရေလောင်းတာ (0.1) ဧက ကို ဆီ လေးရာကျပ် ဖိုးပဲကုန်တယ် ရေဖျန်းတာပါ လိုချင်တဲ့သူလဲဆက်သွယ်ပါ
PH..33545430
      0943048293