အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 23 augusti 2015

မောတောင်ဒေသရှိ မြန်မာဂိတ်တွင် တရားမဝင် ငွေကြေးတောင်းခံမှုရှိနေသဖြင့် ကုန်သည်များလျော့ကျ

 မောတောင်ဒေသရှိ မြန်မာဂိတ်တွင်
တရားမဝင် ငွေကြေးတောင်းခံမှုရှိနေသဖြင့် ကုန်သည်များလျော့ကျ
==============================


တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုအတွင်းရှိ မြန်မာ-ထိုင်း
နယ်စပ် မောတောင်ဒေသမှာ မြန်မာဂိတ်မှ တရားမဝင် ငွေကြေး
တောင်းခံမှုများရှိနေကြောင်း ကုန်သည်အသိုင်းအဝိုင်းထံမှ သိရ
ပါတယ်။

မြန်မာ-ထိုင်း နှစ်ဖက်တာဝန် ရှိသူတွေကကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်
ဖို့ဆိုပြီးသဘောတူထားတဲ့ အပိုင်းတွေရှိပါတယ်။ထိုင်းနိုင်ငံဘက်က
သွင်းတဲ့ကုန်တွေကို မောတောင် ရွာထဲအထိကားတွေနဲ့လာချဖို့
ခွင့်ပြုထားသလို မြတ်မာဘက်က ကုန် တွေကိုလည်း တောင်ခြေ
အထိ ပို့ဆောင် လို့ ရသလို မြန်မာနိုင်ငံဘက် လာရောက်လည်ပတ်
မယ့် ထိုင်းနိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံက ခရီးသည်တင်
ကားတွေနဲ့ ထိုင်းနိုင်ငံ ဆင်းခွန်ဂိတ်အထိ ကြိုဆိုခွင့်ပေးထားပါတယ်။
ဒါပေမယ့် မောတောင် ဂိတ်မှာ ရဲတပ်ဖွဲ့ တွေက ကုန်သွယ်မှု
ဆောင် ရွက် နေတဲ့သူတွေဆီက နေ တရားမဝင်ငွေကြေးကောက်ခံ
နေတယ်လို့ ကုန်သည်တစ်ဦးမှ ပြောပါတယ်။

ဘိလပ်မြေ အဓိက တင် သွင်း နေတဲ့ မောတောင် ဂိတ်မှ ကားများကို
ရဲတပ်ဖွဲ့ဝင် များက ဖြတ်သန်းခွင့် မ ပေးပဲ ကားတစ်စီးကို ဘတ် ၂၀၀၀
ပေးမှသာဂိတ်ဖြတ်သန်းခွင့်ပေးတယ်လို့သိရပါတယ်။မောတောင်
နယ်စပ်ဂိတ်မှ ကုန်သွယ်မှုပြုလုပ်ဖို့အတွက် တစ်ဦးချင်းကုန်သွယ်ကတ်
ပြုလုပ်ထားသူ(၅၀)ရှိရာမှ ယခု လက် ရှိ(၄)ဦးသာကျန်တော့တယ်လို့
အသင်းတာဝန် ရှိသူတစ်ဦးက ပြောပါတယ်။

ဘယ်နိုင်ငံက နယ်စပ်ဂိတ်တွေကို ကြည့်ကြည့် Buffer Zone
ဆိုတာရှိပါတယ်။ကုန်သွယ်မှု အဆင်ပြေ စေဖို့ ဆောင် ရွက်ထား
ကြတာပါ။အခု ရဲတွေက ဌာနက ခွင့်ပြုထားတဲ့တရားဝင် ကုန်သွယ်
နေသူတွေကိုတောင် ငွေကြေးတောင်းခံကြတာပါ။မောတောင် မှာ
ဈေးလာရောင်းတဲ့ ဈေးကားတွေလည်းဖြတ်သန်းခွင့် မ ပေး ဘူး။
မောတောင် က ဒေသခံတွေဟာ ဒီဈေးကားကိုစောင့်ပြီး ထမင်းဟင်း
ချက်စားရတာပါ။အဲဒီဈေးကားတွေကိုလည်းဖြတ်သန်းခွင့် မ ပေးဘူး။ ဘတ်(၅၀၀)ပေးမှဖြတ်သန်းခွင့်ပေးပါတယ်။ထိုင်းကုန်သည်တွေလည်း
ဒီဂိတ်က နေ ကုန်သွယ်မှုမလုပ်ချင်တော့ဘူးလို့ပြောလာပါတယ်။

ဒီလို ဥပဒေမဲ့ တရားမဝင် ငွေကြေးတောင်းခံနေတာကို အရေးမယူ
ူနိုင် ရင် မောတောင် နယ်စပ်ဂိတ်က ကုန်သွယ်မှုရပ်တန့်သွားလိမ့်မယ်
လို့ မောတောင် ဒေသခံတစ်ဦးက ရင် ဖွင့် လာပါတယ်။


                                             မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar