အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 31 maj 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကျောင်းသားအားလုံးပါဝင်ပေး

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကျောင်းသားအားလုံးပါဝင်ပေး

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကျောင်းသားအားလုံးပါဝင်ပေး






                                                                               နည်းပညာကျောင်းသားများ

                                  မြူ နှင်း(အေးရိပ်ငြိမ်)

ရာဇာမင်းလိုင်းပိတ်တော့ တောင်ပြာတန်းက ဘာပြောတယ်မှတ်လဲ။

ရာဇာမင်းလိုင်းပိတ်တော့ တောင်ပြာတန်းက ဘာပြောတယ်မှတ်လဲ။


အကူအညီတောင်းပါရစေ

ပြီးခဲ့တဲ့ ဧပြီလ ၁၂ရက်နေ့က နေပြည်တော် အမြန်လမ်းမှာ တောင်ပြာတန်း Express မီးလောင်လို့ ၁၃ဦး သေဆုံးခဲ့ရတယ်။

အဖြစ်မှန်ကတော့ ယာဉ်မောင်းအိပ်ငိုက်ရာက ရှေ့ကကားကိုတက်ကြိတ်ပြီး မီးလောင်တာပါ။ ဖြစ်ဖြစ်ချင်းမှာ ခရီးသည်တွေက ကားတံခါးဖွင့်ပေးဖို့ အကူအညီတောင်းခံသော်လည်း ယာဉ်မောင်းက မဖွင့်ပေးဘဲ အချိန်တွေဆွဲနေပြီး မရှူနိုင် မကယ်နိုင်ဖြစ်မှသာ ခရီးသည်တွေကိုထားပြီး ထွက်ပြေးပါတယ်။ (ဒီဖြစ်စဉ်ကို ယာဉ်ပေါ်ပါခရီးသည်များကို မေးကြည့်လို့ ရပါတယ်။)

ဒါပေမယ့် ဒီထွက်ပြေးတဲ့ ဒရိုင်ဘာကိုခုထိမမိဘူးလို့ပြောတယ်။ ဒရိုင်ဘာကို မမိရင် ဘာမှ အရေးယူလို့မရဘူးတဲ့။ ဒါကြောင့် ယာဉ်လိုင်း ကိုလည်း အရေးမယူဘူး။

ကျွန်တော်တို့ကတော့ သေတဲ့သူတွေရဲ့ မိသားစုဝင်တွေပါ။ သေတဲ့ကိစ္စမှာ အစိုးရကလဲ ဘာမှ
မကူဘူး။ ယာဉ်လိုင်းကလည်း ရှေ့ပွဲ၊ နောက်ပွဲ ကြည့်ပေးဖို့မပြောနဲ့ ဒီနေ့အထိ ဖုန်းသတင်းတောင် မမေးဘူး။ လူကြီးတွေနဲ့ပိုင်တယ်လို့လည်း ကြားရပါတယ်။ ဘာမှကြောက်စရာမရှိဘူးလို့လဲ သိရပါတယ်။ ရာဇာမင်းလိုင်းပိတ်တော့ တောင်ပြာတန်းက ဘာပြောတယ်မှတ်လဲ။ ငါတို့က အေးဆေးပဲတဲ့။ ဒီလိုဖြစ်လို့ လူတောင်ပိုသိလို့ စီးတဲ့သူပိုများလာသေးတဲ့။

လူကြီးနဲ့ပိုင်လို့ ရဲကိစ္စကိုပဲ အာရုံစိုက်ပြီး သေတဲ့သူတွေအတွက် ကျန်ရစ်တဲ့ မိသားစုကိုတောင် သတင်းတောင်မမေးဘူး။ သေသူမိသားစု၊ ဒဏ်ရာရသူတွေကသာ သူတို့ဆီကို ဆက်သွယ်ရတာ။ သူတို့က စဆက်သွယ်တာမရှိဘူး။ ကားဂိတ် တစ်ဂိတ်လုံး ကားဂိတ်မန်နေဂျာဆိုတဲ့ ကိုသော်မီတစ်ယောက်ပဲ
ရှိတယ်ထင်တယ်။ ကျန်တဲ့သူတွေက မေးလည်း လအ အတိုင်းပဲ။ အဲ့လူကလဲ အချိုးမပြေဘူး။ မေးလိုက်ရင် နေပြည်တော်က အဘခေါ်လို့ သွားနေရလို့။ ကျွန်တော်တို့က နေပြည်တော်က အဘက ခဏခဏခေါ်နေတာ သွားနေရလို့ မအားဘူးတဲ့။ ဒါကြောင့် ခင်ဗျားတို့ဆီမလာနိုင်ဘူးတဲ့။ တွေးကြည့်တော့ သေတဲ့သူက သေတာ ၁လတောင်ရှိပြီ။ နေပြည်တော်အဘက တစ်ရက်တစ်ခါခေါ်နေလို့ ၁လအတွင်းမှာတောင် သူတို့ကားဂိတ်က တစ်ခါမှမလာနိုင်တာဖြစ်မယ်ထင်တယ်။ ကားဂိတ်တာဝန်ခံ အဆင့်ကတောင် ဟိုလူကြီးနဲ့ ပိုင်သလို၊ ဒီလူကြီးနဲ့ပိုင်သလို ကိုင်တုတ် သေးတယ်။ ယာဉ်လိုင်းလူကြီးတွေ၊ ပိုင်ရှင်တွေဆိုတာ ခုထိ မျက်နှာကို မမြင်ဖူးလိုက်ပါဘူး။

သေသူတွေကြောင့် ကျန်ရစ်သူ တစ်ချို့မှာ ခိုကိုးရာမဲ့တယ်။ တစ်ချို့မှာ ဘ၀ပျက် မတတ်ဖြစ်တယ်။ တစ်ချို့က ငွေကြေးမပြည့်စုံဘူးဗျာ။ စိတ်မကောင်းဘူး။ လျော်ကြေးဆိုရင်လည်း ဖြစ်သင့် ဖြစ်ထိုက်တာ ပေးသင့်တယ်။ ထိုက်တန်တဲ့ လျော်ကြေးဖြစ်သင့်တယ်။ ဒါတွေ ယာဉ်လိုင်းက တာဝန်ယူရမှာပဲ။

တခြားနိုင်ငံမှာတော့ အစိုးရကလည်း တာဝန်ယူတယ်။ ဒီမှာတော့ ၀မ်းနည်းစရာ ကောင်းတယ်။ အလောင်းမြေကျတာ တောင် နာရေးကူညီမှုအသင်းရှိလို့။ မဟုတ်ရင် ယူကျုံးမရ စရာပဲ။

ဒဏ်ရာရသူတွေကိုလည်း မစို့မပို့ပေးတယ်ဆိုရုံပေးပြီး နှစ်သိမ့်တယ်။ မျက်နှာတစ်ခုလုံးနဲ့ ကိုယ်တစ်ခြမ်း မီးလောင်တာကို ၁သိန်းပေးပြီးပြီးပြီတဲ့။ ကြားရတာနားခါးတယ်။ တစ်သိန်းပေးတဲ့အချိန် တစ်ခါပဲလာတယ် သတင်းတောင် မမေးဘူးတဲ့။

ကျွန်တော်တို့ မိသားစုတွေပေါင်းပြီး သမ္မတဆီကို တိုင်စာပို့ထားပါတယ်။ ဒီစာကို Attached ဖိုင်နဲ့ တွဲပေးလိုက်ပါတယ်။

Online သတင်းကလည်း ထိရောက်အောင် ဆောင်းပါးရေးပေးဖို့ အကူအညီ တောင်းတာပါ။ ဘာလို့ အကူအညီတောင်းလဲဆိုရင် ရာဇာမင်းကားကလည်း ဒီအချိုးချိုးပြန်ပြီ။ တာဝန်ရှိသူတွေကလည်း နိုင်ငံရေးက လွဲရင် လူမှုရေးကို
စိတ်မ၀င်စားဘူး။ ပြည်သူတွေရဲ့အသက်ကို ဟင်းရွက်ကန်စွန်းမှတ်တယ်။ ငွေများငွေနိုင်၊ အမှုပျောက်တဲ့ခေတ်ကိုး။ တာဝန်ရှိသူက ဘယ်သူလဲဆိုတာ ရှာမရဘူး။  သေလို့ ရယက ထောက်ခံစာ တောင်းတာတောင် အဟောက်ခံရတဲ့ဘ၀။

ခံပြင်းတာက အာဏာပိုင်တွေနဲ့ ပိုင်တယ်ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေက
ဆင်းရဲသား ပြည်သူတွေကို ဂရုမစိုက်တာပဲ။ အစိုးရကလဲဗျာ ရာထူးတွေတာယူထား ၀န်ကြီးတွေကလည်း ပေါ။  ၀န်ကြီးဌာနတွေတာ ပေါတာ။ ပြည်သူတွေအတွက် ရပ်တည်ပေးတဲ့ ဌာန ဘာတစ်ခုမှမရှိဘူး။ ဒါတွေက ဘယ်အထိဖြစ်နေအုန်းမှာလဲ။

နောက်ဒီလို Accident တွေဖြစ်ရင် ပြည်သူ့အသက်ကို စတေးရမယ်ဆိုရင် ပြည်သူတွေဘက်က ဘယ်သူတွေ ရပ်တည်မလဲ။ ဘယ်လိုဖြေရှင်းပေးမှာလဲ။ ဘယ်လိုတာဝန်ယူကြမှာလဲဆိုတာ ဖြစ်လာဖို့ မီဒီယာကို အကူအညီတောင်းပါတယ်။ ခုက မီဒီယာက လှုပ်မှ ထိုင်ခုံပေါ်က လိုက်လုပ်တဲ့ခေတ်ဖြစ်နေတယ်။

၂၇.၅.၂၀၁၄ ရက်နေ့က ၀န်ကြီးဌာနတွေဆီကို စာပို့ပါတယ်။ တောင်ပြာတန်းကားဂိတ် တာဝန်ခံ ကိုသော်မီဆိုသူက သေသူထဲက မိသားစုဝင် တစ်ယောက်ကို ဖုန်းဆက်ပြီး ကောပါတယ်။ ခင်ဗျားတို့အတွက် အာမခံ ၅သိန်းရအောင် ကားဂိတ်က လျှောက်ပေးနေတယ်လေတဲ့။ ခင်ဗျားတို့ တိုင်စာပို့စရာလားတဲ့။  ၅သိန်းဆိုတာ နာရေးအတွက် ဆွမ်းကျွေး ၁ပွဲစာတောင်မရှိ ပါဘူး။ ဒါကိုလိုက်လုပ်နေတယ်အကြောင်းပြပြီး ၁လကျော်အထိ ပစ်ထားတဲ့ အောက်တန်းကျတဲ့ ကားဂိတ်ကို စဉ်းစားကြည့်ပါ။

ဒါတွေဟာ အမှန်တရားတွေပါ။ တစ်ခုခုမေးမြန်းစရာရှိခဲ့ရင် သေဆုံးသူမိသားစုဝင် ပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ပါတယ်။ ဒဏ်ရာရ သူတွေကိုလည်း မေးမြန်းနိုင်ပါတယ်။ ဒဏ်ရာအပြင်းအထန်မရပေမယ့် ပစ္စည်း/ငွေဆုံးရှုံးသွားတဲ့ ခရီးသည်တွေကို လည်း မေးမြန်းနိုင်ပါတယ်။

(တရားမျှတမှုကိုချစ်မြတ်နိုးသူ)


မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချူပ်ရဲမြင့် တရားစွဲဆိုခံရခြင်းမှကင်းလွှတ်

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချူပ်ရဲမြင့် တရားစွဲဆိုခံရခြင်းမှကင်းလွှတ်


Shwe Mann
ထို ဥပဒေ အရ...အိမ်ရှင်အား ပုဒ်မ ၂၈၅ နဲ့ တရားစွဲစရာမလိုတော့ပြီမို့  မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချူပ်အား တရားစွဲဆိုခြင်းမှ ....ကင်းလွှတ်စေ.....။

ဒီမို ဖက်တီး
ရဲမြင့်ကို မဖမ်းဘူးကွာ ဆိုလည်း ပြီးတာကြီးကို။ ခင်ဗျားတို့လက်ထက်မှာ ဥပဒေဆိုတာ လက်ထဲက အီးပဲလေ ရှူချင်ရှူ ရှိုက်ချင်ရှူက်ပေါ့။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ခံစားခွင်.မှာ သိန်းပေါင်း ( ၂၃၀၀ ) ဖြစ်

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ခံစားခွင်.မှာ သိန်းပေါင်း ( ၂၃၀၀ ) ဖြစ်



Sai Phyo Wai Lin

အခုရှုပ်မှနောင်ရှင်း

သရ၀ဏ်(ပြည်)

ကျွန်တော် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီထဲသို.၀င်တော.မည် ။ ဘယ်သူတွေဘာထင်ထင် ကျွန်တော်ဝင်မည် ။ ဒီခေတ်မှာနိုင်ငံရေးပါတီတစ်ခုတော.နောက်ခံရှိထားမှဖြစ်မည် ။ သူများတွေဝင်သောပါတီထဲသို.လည်း အုတ်အရောရောကျောက်အရောရော သူများလုပ်တိုင်းလိုက်လုပ်ကာ ရောတိရောရာ မလုပ်ချင် ။ ကိုယ်ထင်တာကိုယ်လုပ်တာကျွန်တော်.၀ါသနာဖြစ်သည် ။ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ကိုကျွန်တော်ကြိုက်သည် ။ယခင်ပါတီဥက္ကဌဦးသိန်းစိန်သည် လာဘ်မစားဘူးဟုနာမည်ကျော်ကြားသော Mr. Clean ဖြစ်သည် ။ ယခုပါတီဥက္ကဌဖြစ်သူ၊ သူရဦးရွှေမန်းသည် တိုင်းပြည်ကောင်းအောင်လုပ်နိုင်မည်.သူတစ်ဦးဖြစ်သည် ဟုကျွန်တော်ယုံသည် ။ ထို.ကြောင်.ပါတီသို.ကျွန်တော်ဝင်မည် ။သို.သော် ကျွန်တော်သည် ဥာဏ်ရည်နုံနဲ.သူဖြစ်သည် ။ ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီနှင်.ပါတ်သက်လာလျင် ကျွန်တော်မရှင်းလင်းသော ၊ မည်သို.မျှမစဉ်းစားတတ်သော ကိစ္စလေးအနည်းငယ်ရှိသည် ။မေးခွန်းအနည်းငယ်ရှိသည် ။ ခုရှုပ်မှနောင်ရှင်းဆိုသလိုထိုကိစ္စများကိုသက်ဆိုင်ရာပါတီခေါင်းဆောင်များမှကျွန်တော် သဘောပေါက်နားလည်လာအောင် ရှင်းပြနိုင်ပါက အလွန်ကျေးဇူးတင်မိပေမည် ။ ရှင်းပြမည်ဟုလည်းယုံကြည်မျှော်လင်.ပါသည် ။ ထိုအခါကျွန်တော်သည် ပါတီထဲသို.၀င်ရန်သာရှိပါတော.သည် ။
ပထမအချက်အနေဖြင်.ကျွန်တော်မေးလိုသည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်း နှင်.ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် အတူတူပဲလားဟူသောမေးခွန်းဖြစ်ပါသည် ။အဘယ်.ကြောင်.ဆိုသော် ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်းသည် အစိုးရပိုင်အသင်းကြီးဖြစ်ခဲ.သည် ။ အစိုးရပိုင်အသင်းဖြစ်စဉ်က အသင်းပိုင်ရုံးခန်းများ၏ မြေနေရာနှင်. အဆောက်အဦ အားလုံးသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.တည်ဆောက်ထားသော ရုံးခန်းများဖြစ်သည် ။ ထိုသို. နိုင်ငံတော်ပိုင်မြေနှင်.ရုံးများသည် အသင်းကြီးအဖြစ်မှ နိုင်ငံရေးပါတီတစ်ခုအဖြစ်သို.ပြောင်းလဲလိုက်သောအခါ နိုင်ငံတော်ပိုင်ပစ္စည်းများကို နိုင်ငံတော်သို.ပြန်အပ်ရမည်ဖြစ်သည် ။ နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံတော်ပိုင်မဟုတ်သဖြင်. ယခင်နိုင်ငံတော်ပိုင်အသင်းကြီး၏မြေနေရာ ၊ဘဏ္ဍာငွေ ၊အဆောက်အဦ ၊လက်ကျန်ငွေ ၊ စီးပွားရေးလုပ်ငန်းစသည်များကိုတစ်ခုမကျန် နိုင်ငံတော်သို.ပြန်အပ်ရပေမည် ။ ပြည်သူတို.၏ ချွေးနည်းစာဖြစ်သော နိုင်ငံတော်ဘဏ္ဍာငွေ သည် ပါတီတစ်ခုအတွက်သုံးလို.ရမရကျွန်တော်သိချင်သည် ။ ထို.ကြောင်.ကြံ.ခိုင်ရေးအသင်းကြီး၏မြေများ ၊ တိုက်များ ၊ ရုံးခန်းများ ၊စီးပွားရေးလုပ်ငန်းများ ကို ပြည်ခိုင်ဖြိုးပါတီက မိဘအမွေသားသမီး ဆက်ခံသလို ယူလိုက်ခြင်းမှာ တည်ဆဲဥပဒေနှင်.ညီမညီ ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီသည် ပြည်သူပိုင်ပစ္စည်းများကို နိုင်ငံရေးပါတီတစ်ခုသို.ကိုယ်.သဘောနှင်.ကိုယ်ပေးပိုင်ခွင်.ရှိမရှိ ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် နိုင်ငံပိုင်ပစ္စည်းကိုပါတီအတွက်လွှဲပြောင်းရယူပိုင်ခွင်.ရှိမရှိ ကျွန်တော်သိလိုပါသည် ။

ဒုတိယသိလိုသည်မှာအသင်းကြီးကိုစတင်တည်ထောင်သူ နာယကကြီးဖြစ်သော အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်းဖြစ်သည် ။ ပြည်ခိုင်ဖြိုးပါတီသည် ပြည်ခိုင်ဖြိုးအသင်းမှဆင်းသက်လာသည်ဖြစ်ရာ အသင်းကြီး၏မူလစတင်တည်ထောင်သူတစ်ယောက်အကြောင်းကိုပါတီကရှင်းပြနိုင်လိမ်.မည်ဟုယူဆ၍ မေးရခြင်းဖြစ်ပါသည် ။ ကျွန်တော်သိလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ယခုနေနေသော အိမ်တော်ဟုခေါ်သည်.နေပြည်တော်မှ မြေနေရာနှင်.အဆောက်အဦသည် သူ၏ချွေးနည်းစာဖြင်. လစာဝင်ငွေထဲမှစုဆောင်းကာ ဆောက်လုပ်ထားခြင်းလော ၊ သို.တည်းမဟုတ် နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများဖြင်.ဆောက်လုပ်ထားခြင်းလောမရှင်းသဖြင်.မေးချင်ပါသည် ။ သူ.ငွေဖြင်.သူဆောက်လုပ်ထားပါသည်ဟုတစ်ခွန်းဖြေလျင်ဘာမှစောဒကတက်၍ ရှေ.ဆက်မမေးတော.ပါ ။သို.သော် နိုင်ငံတော် ဘတ်ဂျက်ငွေဖြင်.ဆောက်ထားပါသည်ဆိုလျှင် မရှင်းတာလေးအနည်းငယ်ရှိပါသည် ။ နိုင်ငံတော်ဝန်းထမ်းတစ်ယောက်အားတာဝန်ထမ်းဆောင်စဉ်ပေးထားသောအိမ်သည် သက်ပြည်.ပင်စင်ယူ၍ (အမှန်မှာ သက်ကျော်ပင်စင်ဟုပင်ပြောရမလိုဖြစ်ပေသည် ။ စကားချပ် ။ ) ရာထူးမှအနားယူသွားသောအခါ ထိုအိမ်တွင်ဆက်နေ၍ရမရ သိလိုပါသည် ။ နိုင်ငံတကာတွင် အမေရိကန်သမ္မတအဆက်ဆက်သည်ရာထူးမှ နှစ်စေ.၍ဆင်းသွားသောအခါ အိမ်ပေါ်မှဆင်းပေးရပါသည် ။ နောက်သမ္မတနေရန်အိမ်အသစ်ထပ်ဆောက်ရရိုးထုံးစံမရှိပါ ။ အိမ်ဖြူတော်သည် လေးနှစ်တစ်ခါ (သို.မဟုတ် )ရှစ်နှစ်တစ်ခါ သမ္မတများပြောင်းနေပါသည် ။ ဗြိတိန်တွင်လည်း ၀န်ကြီးချုပ်အသစ်တက်လာသောအခါ ၀န်ကြီးချုပ်ဟောင်းသည် လန်ဒန်မြို. အမှတ် (၁၀ ) ဒေါင်းနင်းလမ်းနေအိမ်မှ ထွက်ခွာပေးကြရစမြဲဖြစ်သည် ။ မြန်မာနိုင်ငံတွင်လည်း တပ်မတော်သားဝန်ထမ်းများသည် အသက် (၆၀) ပြည်.၍ပင်စင်ယူသောအခါ ရရှိထားသော လိုင်းခန်း (သို.မဟုတ် )အရာရှိအိမ်ယာကို စစ်တပ်သို.ပြန်အပ်ရပါသည် ။ က.ပ.စ တွင်အလုပ်လုပ်သော ကျွန်တော်၏မိတ်ဆွေ တပ်မတော်သားတစ်ဦးသည် ပင်စင်ယူသောအခါ နေစရာမရှိတော.သဖြင်. သူတို.မိသားစုထဲမှတစ်ယောက်ကို အလုပ်ထဲတွင်ပြန်သွင်းထားပြီးမှ ထိုအိမ်ယာကိုပြန်နေခွင်.ပြုရန်လျှောက်လွှာတစ်ခါပြန်တင်ကာ ဘောင်ဝင်အောင်ဆောင်ရွက်ရပါသည် ။ အခြား အရပ်ဘက်ဝန်ထမ်းများလည်းထိုနည်းနှင်နှင်ဖြစ်ပါသည် ။ ၀န်ထမ်းဘ၀ကရခဲ.သောအိမ်သည် ပင်စင်ယူသောအခါ အပြီးအပိုင်ရလိုက်သည်ဟူ၍လည်းမကြားဖူးပါ ။ ထို.ကြောင်.တပ်ချုပ်ကြီး( ဟောင်း)၏အိမ်သည် ကိုယ်ပိုင်အိမ်လား ၊နိုင်ငံတော်ပိုင်အိမ်လားသိလိုခြင်းဖြစ်ပါသည် ။

ဒုတိယတစ်ချက်သိလိုသည်မှာ ပင်စင်လစာကိစ္စဖြစ်ပါသည် ။ ၂၀၁၁ ခုနှစ် မတ်လ (၃၁) ရက်နေ. မှစ၍ ပင်စင်ဦးစီးဌာနမှစ၍ ခံစားခွင်.ပြုလိုက်သည်. ပင်စင်လစာငွေများမှာ ဗိုလ်ချုပ်မှူးကြီး သိန်းရွှေ (ငြိမ်း) ၏ပင်စင်လစာ မှာတစ်လလျင် ကျပ် သိန်း(၁၀၀) ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) မှာတစ်လလျင် ကျပ်သိန်း (၈၀) ခံစားခွင်.ရှိသည်ဟုဆို၏ ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၅၈)တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည် ဟုဖော်ပြပါရှိ၏ ။ ထိုသို.ဆိုလျင် ဖွဲ.စည်းပုံဥပဒေအရ နိုင်ငံတော်၏အထွတ်အထိပ်ဖြစ်သည်ဟုဆိုသော သမ္မတဦးသိန်းစိန်က လုပ်ခလစာ တစ်လလျင် သိန်း (၅၀ )ပဲရနေပါလျက် အထွတ်အထိပ်မဟုတ်တော.သောပုဂ္ဂိုလ်တစ်ယောက်၏ပင်စင်လစာငွေမှာ အထွတ်အထိပ်ထက် နှစ်ဆများနေသည်မှာ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်.ညီညွတ်ခြင်းရှိမရှိ ၊ဖွဲ.စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်မရောက် သိရှိလိုပါသည်ခင်ဗျား ။
တစ်ဖန်နိုင်ငံရေးဆုငွေ ( အရပ်အခေါ်ဂရယ်ဂျူတီကြေး )ချီးမြှင်.ရာတွင်လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ခံစားခွင်.မှာ သိန်းပေါင်း ( ၂၃၀၀ ) ဖြစ်သည်ဟုသိရပါသည် ။ထိုကိစ္စသည်ကောလဟလ လားတကယ်လား သိလိုပါသည် ။ တကယ်ဖြစ်ပါက Gratuity ကြေး သိန်း (၂၃၀၀ ) ရအောင်တွက်လိုက်သော တွက်နည်းစနစ်ကိုသိလိုပါသည် ။ သာမန်အားဖြင်.၀န်ထမ်းများအငြိမ်းစားယူသောအခါ Gratuity (ခေါ်) လုပ်သက်ခံစားခွင်. တွက်ချက်သော ပုံသေနည်းမှာ ကျွန်တော်သိသလောက်အောက်ပါအတိုင်း တစ်နိုင်ငံလုံးတွက်ကြပါသည် ။

အငြိမ်းစားမယူမီနောက်ဆုံးရခဲ.သော လစာ x လုပ်သက် ÷ ( ၂ ) ဖြစ်ပါသည် ။

ဤနည်းဖြင်.တွက်ချက်ပါက ဗိုလိချုပ်မှူးကြီးသန်းေ၇ွှ၏လုပ်သက်ကို (၄၅ )နှစ်ဖြင်.စဉ်းစား၍တွက်ချက်လျင် သူ၏မူရင်းလစာမှာ တစ်လလျင်သိန်း (၁၀၀ ) ရှိပါမှ ဂရယ်ဂျူတီကြေး သိန်း ၂၃၀၀ ခန်. ရပေလိမ်.မည် ။ ထို.ကြောင်.ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မူရင်းလစာမှာ တစ်လသိန်းတစ်ရာလား ၊ထိုသို.သိန်းတစ်ရာလစာရခဲ.လျင် ပင်စင်ကြတော. ဘယ်လိုလုပ် တစ်လ သိန်းတစ်ရာဖြစ်သွားသလဲ မရှင်းပေ ။ပင်စင်တွက်နည်းမှာ နောက်ဆုံးရလစာကိုလုပ်သက်နှင်.မြှောက်ပြီး တပ်မတော်သားဆိုလျင် (၅၀ )နှင်.စားရပါသည် ။ အရပ်ဘက်ဝန်ထမ်းဆိုလျင် ( ၇၀ ) နှင်.စားရပါသည် ။ တစ်လလျင်ယခင်ကလစာ သိန်း (၁၀၀ ) ရခဲ.လျင်တော. လုပ်သက် (၄၅ )နှစ်နှင်.မြှောက်ကာ (၅၀ )နှင်.စားလိုက်သောအခါ သိန်း(၉၀)ရပါသည် ။တွက်နည်းတွင်တပ်မတော်သားများအတွက် မူရင်းလစာနှင်.အတူ အရည်အချင်းလစာ ၊ နှစ်တိုး ၊ အိမ်ငှားခများပါထပ်ထည်.လေ.ရှိရာ ဤသိန်း(၉၀ ) မှ သိန်း(၁၀၀ )ရသွားသည်ဆိုလျင် ဖြစ်နိုင်ပါသည် ။ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပင်စင်မယူမီကလစာမှာ တစ်လလျင် သိန်း (၁၀၀ )ဖြစ်ခဲ.လျှင်တော.ပင်စင်ကြေး သိန်းတစ်ရာဆိုတာရော ၊ လုပ်သက်ခံစားခွင်. ( Gratuity ) သိန်း (၂၃၀၀ ) ဆိုတာရော စာရင်းကိုက်ပါသည် ။သို.သော် ပြသနာမှာ ဗိုလ်ချုပ်မှူးကြီးတို.ယခင်ကလစာ ဘယ်လောက်ယူခဲ.ပါသည်ဟု နိုင်ငံတော်ပြည်သူများကိုတစ်ခါမှ လူရာသွင်း၍မကြေငြာခဲ.ခြင်းဖြစ်သည် ။ ထို.ကြောင်.ကျွန်တော်သိလိုသည်မှာပြည်ခိုင်ဖြိုးအသင်းကြီး၏မူလတည်ထောင်သူ နာယကကြီး ဦးသန်းရွေ၏ပင်စင်မယူခင်က ခံစားခဲ.သောတရားဝင်လစာသည် တစ်လလျင်သိန်း(၁၀၀ )ကျပ် ဟုတ်မဟုတ်သိလိုပါသည် ။ မဟုတ်ခဲ.လျင် ပင်စင်နှင်. ဂရယ်ဂျူတီကြေးကိုမည်သည်.တွက်နည်းဖြင်.တွက်လိုက်သလဲဆိုတာသိလိုပါသည် ။ဟုတ်ခဲ.လျင် လုပ်ခလစာ တစ်လလျင်ကျပ်သောင်းဂဏန်းဖြင်. တစ်နိုင်ငံလုံးနှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲနေချိန်တွင် ဤမျှများသောလစာကိုမည်သည်.အချိုးချလစာစနစ်ဖြင်. ရယူခဲ.သလဲသိလိုပါသည် ။

နောက်တစ်ခုသိလိုသည်မှာလည်းပြည်ခိုင်ဖြိုးဥက္ကဟောင်း နှင်.ဥက္ကဌသစ်၏ပင်စင်လစာအကြောင်းဖြစ်သည် ။ တပ်မတော်ပင်စင်လစာအဖြစ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဟောင်း လက်ရှိနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် သည်တစ်လ ကျပ်သိန်း(၅၀ )ပင်စင်ရသည်ဟုသိရပါသည် ။ လက်ရှိပါတီဥက္ကဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော်နာယကလဲဖြစ်သူ၊ သူရဦးရွှေမန်းသည်လည်းပင်စင်လစာ တစ်လ သိန်း (၅၀ )ဟုသိရပါသည် ။ထိုမှတစ်ဖန် လက်ရှိသမ္မတလစာ အဖြစ် ဦးသိန်းစိန်က တစ်လလျင် သိန်း(၅၀ ) ၊ဦးရွှေမန်းက ပြည်သူ.လွှတ်တော်ဥက္ကဌရာထူးအတွက်လစာ တစ်လလျင် (၃၅)သိန်းရနေပြီဖြစ်သည် ။ ထိုသို.ဆိုလျင်ကျွန်တော်သိလိုသည်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဟောင်း နှင်. လက်ရှိဥက္ကဌသစ်တို.သည်လက်ရှိရာထူးအတွက်လဲလစာယူသည် ၊တပ်မတော်ပင်စင်အတွက်လဲ သိန်း(၅၀ ) ၊ (၃၅) သိန်းစသည်ဖြင်. နှစ်ပြန်နှစ်လဲယူနေကြပါသလား ၊ လစာတစ်မျိုးထဲပဲယူပါသလား၊ လစာနှစ်မျိုးကိုတစ်ပြိုင်တည်းရယူခံစားနေကြပါလျင် တိုင်းပြည်ဘဏ္ဍာကိုထိုသို.ရယူခံစားခြင်းမှာ ဖွဲ.စည်းပုံအခြေံဥပဒေနှင်.ညီညွတ်ပါရဲ.လားဟူ၍ဖြစ်ပေသည် ။

နောက်ထပ်မေးခွန်းမှာ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးစဉ်ကာလနှင်.သက်ဆိုင်သည် ။ ၂၀၁၀ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည်သူလူထုကို ပြည်ခိုင်ဖြိုးပါတီက လမ်းများခင်းပေးခြင်းလဲပါဝင်ပါသည် ။ကျွန်တော်သိလိုသည်မှာ ထိုသို.မဲဆွယ်စည်းရုံးမှုအဖြစ် ခင်းပေးသောကွန်ကရစ်လမ်းများသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.ခင်းပေးသည်လား ၊ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ငွေဖြင်.ခင်းပေးတာလားသိလိုရင်းဖြစ်သည် ။ နိုင်ငံတော်ဘဏ္ဍာဖြင်.ခင်းပေးသည်ဆိုပါက နိုင်ငံတော်ဘဏ္ဍာကို နိုင်ငံရေးပါတီတစ်ခု၏ မဲဆွယ်စည်းရုံးမှုအတွက်သုံးခွင်.ရှိမရှိသိလိုပါသည် ။ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင်. စေတနာသက်သက် ခင်းပေးခဲ.သည်ဟုဆိုလျင်ကျေးဇူးတင်ပါသည် ။ တစ်ခုထပ်မေးချင်သည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ နှင်.ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီသည် ဘိလပ်မြေဂိုဒေါင်တစ်ခုကို နှစ်ဖွဲ.အတူမျှသုံးပါသလား ၊ နှစ်ဖွဲ.ပူးတွဲ၍ပိုင်ဆိုင်ပါသလားဟုသိချင်စိတ်လဲဖြစ်မိပါသည် ။ အဘယ်.ကြောင်.ဆိုသော် ကျွန်တော်နေထိုင်သော မြောက်ဥက္ကလာပမြို.နယ် ၊(ဆ)ရပ်ကွက် အတွင်းမှလမ်းတစ်လမ်းကို ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်သည်.အနေဖြင်. ကွန်ကရစ်လမ်းခင်းပေးပါသည် ။ ပြည်ခိုင်ဖြိုးပါတီမှခင်းပေးသည်.အတွက်ကျေးဇူးတုန်.ပြန်သောအနေဖြင်.လမ်းထဲမှ လူငယ်များ ပြည်ခိုင်ဖြိုးပါတီသို.၀င်ကြရပါသည် ။ ပါတီတံဆိပ်ပါသော တီရှပ်အကျီ င်္များဝတ်ကြရပါသည် ။လမ်းခင်းရန်အတွက်ဘိလပ်မြေထုတ်သောအခါ ကျွန်တော်တို.လမ်းထဲမှ လူ ဆယ်ဦးခန်.သူတို.ခေါ်သောကားဖြင်.လိုက်သွားရပါသည် ။ ဘိလပ်မြေသွားထုတ်ရသောဂိုဒေါင်မှာ ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီ မှပိုင်ဆိုင်သော အစိုးရဌာနဆိုင်ရာဂိုဒေါင်ဖြစ်ပါသည် ။ ထို.ကြောင်.ကျွန်တော်ယနေ.အထိမရှင်းသည်မှာ ကျွန်တော်တို.လမ်းကိုကွန်ကရစ် ခင်းပေးသူကျေးဇူးရှင်မှာ ရန်ကုန်မြို.တော်စည်ပင် လား ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီလား ဆိုသည်ကိုသဲသဲကွဲကွဲမဆုံးဖြတ်တတ်ပါ ။

နောက်ထပ်မသဲကွဲသောအချက်တစ်ခုကိုလည်းတစ်လက်စထဲ မေးပါရစေ ။ ကျွန်တော်သည်ဧည်.လမ်းညွန်အဖြစ် ပုဂံဒေသဘက်သို.သွားသောအခါ အညာဒေသ (အထူးသဖြင်. )ကျောက်ပန်းတောင်းနှင်.ညောင်ဦးကြားရွာအချို.တွင် ပြည်ခိုင်ဖြိုးရွာ ဟူသော ကျောက်စာတိုင်လိုလို ကမ္ဖည်းမော်ကွန်းလိုလို ဆိုင်းဘုတ်များကိုရွာထိပ် ကားလမ်းနဘေးလူမြင်သာသောနေရာများတွင်မကြာခနတွေ.ရပါသည် ။ ပြည်ခိုင်ဖြိုးသည် နိုင်ငံရေးပါတီအဖြစ်အသွင်မကူးပြောင်းမီ ပြည်ခိုင်ဖြိုးအသင်းကြီးအဖြစ်ရှိစဉ်က နိုင်ငံတော်ဘဏ္ဍာငွေဖြင်. ရွာကိုကူညီခဲ.သဖြင်. ပြည်ခိုင်ဖြိုးရွာဟု ဂုဏ်ဖော်ကာ ကျောက်တိုင်စိုက်ထူခဲ.ခြင်းဖြစ်မည် ။ သို.သော် ပြည်ခိုင်ဖြိုးသည် နာမည် ၊ တံဆိပ် ၊ ဆောင်ပုဒ် မပြောင်းပဲ ပြည်ခိုင်ဖြိုးအမည်ဖြင်.ပင် နိုင်ငံရေးပါတီအဖြစ်ကူးပြောင်းရောက်ရှိသွားပြီဖြစ်ရာ အရင်ခေတ်က နိုင်ငံတော်ပိုင် (ပြည်သူ.ငွေ)ဖြင်. ထောက်ပံ.ကူညီခဲ.သောကျေးရွာတစ်ရွာ၏အမည်ကို ယခုအခါနိုင်ငံရေးပါတီဖြစ်နေသော ပါတီအမည်ဖြင်. ပြည်ခိုင်ဖြိုးရွာဟု ကြော်ငြာ ဆိုင်းဘုတ်ရေးထိုးထားခြင်းမှာ နိုင်ငံတော်ငွေဖြင်. ပါတီအတွက်မဲဆွယ်နေခြင်းဖြစ်သောကြောင်. ဤကိစ္စသည် ရွေးကောက်ပွဲဥပဒေဖြင်.ညီညွတ်၏ မညီညွတ်၏ကို သိလိုပါသည် ။

နောက်ဆုံးအနေဖြင်.ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (ငြိမ်း) အကြောင်းကိုမေးမြန်းလိုပါသည် ။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် မူလက ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီ ၀င်တစ်ယောက်သာမက ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦဖြစ်ပါသည် ။၂၀၁၀ေ၇ွးကောက်ပွဲတွင်မန္တလေးတိုင်းတံတားဦးမြို.နယ် ၊ ပြည်သူ.လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကိုကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခဲ.သူဖြစ်ပါသည် ။ လွှတ်တော်အမတ်ဖြစ်ပြီးကာမှ သမ္မတကြီးတာဝန်ပေးခန်.အပ်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဖြစ်လာသူဖြစ်သည် ။ကျွန်တော်သိလိုသည်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးသည် ယခုလက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်နေသေးပါသလား ၊ ပါတီမှတရားဝင်နှုတ်ထွက်လိုက်ပြီလား သိလိုပါသည် ။ ပါတီဝင်ဖြစ်နေသေးလျင် ရွေးကောက်ပွဲကော်မရှင်ဥက္ကရာထူးယူထားသူသည် နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင် ဖြစ်နေ၍ရမရ သိလိုပါသည် ။ ပါတီမှနုတ်ထွက်ပြီးဖြစ်သည်ဟုဆိုလျင် သမ္မတကြီးဦးသိန်းစိန်သည်ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် ဦးတင်အေးကိုမကြာခနခေါ်ယူလိုက်ပါစေခြင်းသည် ကြံ.ခိုင်ရေးပါတီဝင်အချင်းချင်းမို.ခေါ်သွားသည်လား ၊ တပ်မတော် D.S.A အပါတ်စဉ် (၉) ကျောင်းဆင်းဘက်ချင်းမို.မျက်နှာသာပေးကာခေါ်သွားသည်လားသိလိုပါသည် ။

ထိုသို.တစ်ပါတီထဲမှတက်လာသူ သမ္မတနှင်. ရွေးကောက်ပွဲ ဒိုင်လူကြီးလုပ်မည်.သူတို. ရင်းနှီးလွန်းနေခြင်းသည် နောင်ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီအသာစီးရစေရန်အားသာချက်ဖြစ်မဖြစ် သိလိုပါသည် ။တစ်ဖန်ဦးတင်အေးက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလများတွင် အတိုက်အခံပါတီကြီးတစ်ခုမှပါတီဝင်အချို.သည် ကြယ်ငါးပွင်.အလံများကိုကိုင်ဆောင်ခဲ.ကြသဖြင်.အလံတော်ဥပဒေအရ အရေးယူ၍ ရသည် ၊ကန်.ကွက်သူရှိလျင်အရှုံးပေးပစ်မည်ဟု ပုသိမ်ခရီးစဉ်တွင်မိန်.ကြားခဲ.ပါသည် ။ ထိုအခါသတိရ၍မေးလိုသည်မှာပြည်ထောင်စုကြံခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီညီလာခံကြီးတွင်တည်ဆဲသုံးရောင် ခြယ်ဲနိုင်ငံတော်အလံကိုပြောင်းပြန်ဇောက်ထိုး လွှင်.ထူခဲ.ခြင်း ကိုအလံတော် ဥပဒေအရ အရေးယူ၍ ရမရ ၊ ပါတီမှအရေးယူခဲ.ခြင်းရှိမရှိ သိလိုပါသည် ။

ကျွန်တော်သိလိုသောအကြောင်းအရာ မြောက်များစွာရှိပါသေးသည် (ဥပမာ အစိုးရအဖွဲ.၀င်နိုင်ငံ.ခေါင်းဆောင်များနှင်.လွှတ်တော်အမတ်များ ၏ ပိုင်ဆိုင်မှုဓနဥစ္စာထုတ်ဖော်ကြေငြာရေးအဆိုကို ဘာကြောင်.လွှတ်တော်တွင်ပြည်ခိုင်ဖြိုးအမတ်များကန်.ကွက်ကြသည် ၊ White Card ကိုင်ထားသော နိုင်ငံသားမဟုတ်သူဘင်္ဂလီများမဲပေးခွင်. ၊ပါတီထောင်ခွင်.ပြုထားခြင်းကို လာမည်.၂၀၁၅ ရွေးကောက်ပွဲတွင်ဘယ်လိုသဘောထားသည် ၊စသည်ဖြင်. ) ။ သို.သော် အလုပ်မအားသည်.ကြားထဲမှလူကြီးများခေါင်းခြောက်မည်စိုးသောကြောင်.ဤမျှသာမေးခွန်းမေးလိုက်ပါသည် ။တကယ်မရှင်း၍မေးခြင်းဖြစ်၍ရိုင်းတာပါခဲ.လျင်ခွင်.လွတ်စေချင်ပါသည် ။ကျွန်တော်သိလိုသည်များကိုတိတိကျကျ မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်သိရသည်နှင်. ကျွန်တော်ကိုယ်တိုင်လည်းပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသို.၀င်ပါမည် ။မိသားစုကိုလည်းဝင်စေပါမည် ။အခြားသူများကိုလည်းဝင်ဖို.တိုက်တွန်းပါမည် ။ ကျွန်တော်.အတွက်ပါတီဝင်လျှောက်လွှာတစ်စောင်ချန်ထားပေးပါခင်ဗျား ။

သရ၀ဏ်(ပြည်)

via : Ko Nyi

ဒီနေ့ကာတွန်း

ဒီနေ့ကာတွန်း


အေ့ .... ဗြှစ်...........

အေ့ .... ဗြှစ်...........



အခြေခံဥပဒေထဲထည့်မှာလား
စစ်တပ်ကိုအကြမ်းဖက်နှိမ်နင်းခိုင်းရမှာလား
ပြည်သူတွေကိုပဲလမ်းပေါ်ထွက်ဆန္ဒပြခိုင်းရမှာလား
လွှတ်တော်ထဲကိုမျိုးစောင့်နဲ့တွဲသွင်းရရင်ကောင်းမှာလား
တိုင်းပြည်ကိုဖျက်တဲ့အဖျက်သမားစာရင်းဘလက်လစ်စ်လိုက်ရမှာလား



ဘဘ ကလည်း မလိုလားဘူးတဲ့

ဘဘ ကလည်း မလိုလားဘူးတဲ့



Ohn Myint Htay

ဂ-ရပ်ကွက်အနောက်ပိုင်း
ပြည်ကြီးတံခွန်မြို့နယ်

မနက်က ၃ပွင့်နဲ့ တပည့်၂ယောက်ကလည်း ပါဝင်ပူးပေါင်းသွားပါတယ်

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပယ်ချခံရ

 ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပယ်ချခံရ



ရန်ကုန်၊ မေ ၃၀- ဒေါ်အောင်ဆန်း စုကြည်နှင့် ၎င်း၏ အစ်ကိုဖြစ်သူ ဦး အောင်ဆန်းဦးတို့၏ အမှုအား ပြည် ထောင်စုတရား လွှတ်တော်ချုပ်၌ မေ ၃ဝရက်က အပြီးသတ်စီရင်ချမှတ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်ဘက် မှ တက်သည့်အယူခံကို ပယ်ချခံခဲ့ရ သည်ဟု သိရှိရသည်။

အဆိုပါ အမှုအား မေ ၃ဝရက် နေ့ တွင် တရားသူကြီးတစ်ဦး၏ရှေ့၌ စီရင်ချက်ချမှတ်မည်ဟု ပြည်ထောင် စုလွှတ်တော်ချုပ် အမှုစာရင်း အမှတ် စဉ်(၁၃)တွင် ဖော်ပြထားပြီး ယခုကဲ့ သို့ ပယ်ချခဲခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ ဝင် ဦးထွန်းထွန်းဟိန်းကဆိုသည်။

”ဒီနေ့အမှုမှာဒေါ်အောင်ဆန်း စုကြည်ဘက်က တက်တဲ့အယူခံကို ပယ်လိုက်တယ်လို့ သိရပါတယ်”ဟု ဦးထွန်းထွန်းဟိန်း က ပြောသည်။ ပြည်ထောင်စုတရားလွှတ်တော် ချုပ် အမှုစာရင်းတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးအောင်ဆန်းဦးတို့၏အမှုအား အမှတ်စဉ်(၁၃)တွင်ဖော်ပြ ထားပြီး တရားမအယူခံမှု၊ အမှုအ မှတ် ၄၄၁/၂၀၁၃၊ အယူခံ တရားလို ဒေါ်အောင်ဆန်းစုကြည်၊ အယူခံ တရားလိုရှေ့နေ ဦးဉာဏ်ဝင်း၊ အယူခံ တရားပြိုင် ဦးအောင်ဆန်းဦး(၎င်း၏အခွင့်ရ ကိုယ်စားလှယ် ဦးစိုင်းညွန့် နိုင်)၊ အယူခံတရားပြိုင်ရှေ့နေ ဦး အေးလွင် စီရင်ချက်ချမှတ်ရန်ဟု ဖော် ပြပါရှိသည်။

အဆိုပါ အမှုစီရင်ချက် ချမှတ် မှုနှင့်ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ဆက် သွယ်မေးမြန်းခဲ့သော် လည်း ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။ အဆိုပါ အထူးအယူခံမှုအား နေပြည်တော်ရှိပြည်ထောင်စုတရား လွှတ်တော်ချုပ် တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး (၁)ကြားရှေ့မှောက်၌(တစ်ပါးထိုင်) ကြားနာ စစ်ဆေးခဲ့ပြီးဖြစ်ကာ မေ ၃ဝရက်တွင် အပြီးသတ်စီရင်ချက် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ နအဖ စစ်အစိုးရလက် ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီးဖြစ်သူ အမေရိကန်နိုင်ငံတွင် နေထိုင်သည့် ဦးအောင်ဆန်းဦးက ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေသည့် တက္ကသိုလ်ရိပ် သာလမ်း အမှတ်(၅၄) နေ အိမ်အား အမွေဆိုင်အဖြစ် ထုခွဲရောင်းချရန် တရားရုံးတွင် တရားမမှုအဖြစ် စွဲဆို ခဲ့ခြင်းဖြစ်သည်။

[Democracy today Daily Newspaper--]

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲ (၅) နာရီကြာဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ

   မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲ (၅) နာရီကြာဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ



(နိရဉ္စရာ- ၃၁ မေလ ၂၀၁၄)
tension-rises-on-myanmar-border

နယ်စပ်တွင် ဘင်္ဂလာ; BGB တပ်ဖွဲ့ ယမန်နေ့က ကင်းလှည့်နေစဉ် ( ဓါတ်ပုံ- အင်တာနက်)

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့များ အကြား ယမန်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ (၅) နာရီ ကြာမြှင့်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ဖေါ်ပြကြသည်။

တိုက်ပွဲမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်းတောင်တောင်တန်းနယ် နတ်ကျောက်ဆရီမြို့နယ် ပိုင်ချရီ အရပ်တွင် နံနက် ၁၁ နာရီကျော်မှ ညနေ ၄ နာရီအထိ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပျောက်ဆုံးနေသော အလောင်းအား မည်သည့်နေရာတွင် ရှိကြောင်း မြန်မာဘက်က နေရာအများအပြားကို ညွှန်ပြ ဆက်သွယ် ပြောဆိုပြီးနောက် ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့က သွားရောက်ရှာဖွေစဉ် မြန်မာဘက်က စတင် ပစ်ခတ်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ဘက်က စွပ်စွဲ ပြောကြားသည်။

သို့အတွက် ဘင်္ဂလာဒေခ်ျ့ဘက်က တုန့်ပြန် ပစ်ခတ်ခဲ့ရသည်ဟု BGB ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်  Aziz Ahmed ဆက်လက် ပြောဆိုသည်။

သို့အတွက် လောလောဆယ်တွင် အလောင်းကို ရှာဖွေရန်နှင့် အလံတင်အစည်းအဝေးကို နယ်စပ်တွင် ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း သူက ဆိုသည်။

မျက်မြင်များ၏ အပြောအရ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့ BGB တပ်ဖွဲ့များ ဖရိုဖရဲပြိုကွဲသွားစဉ် သေဆုံးသွားသူ ဘင်္ဂလာဒေခ်ျ့ တပ်ဖွဲ့ဝင်၏ အလောင်းကို မြန်မာတပ်ဖွဲ့က ၀င်ရောက် ဆွဲယူသွားခဲ့သည်ဟု ဆိုသည်။

ယခုနယ်စပ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာ အစိုးရထံ ဆက်သွယ်ဆောင်ရွက်နေသလို အနီးကပ်စောင့်ကြည်နေသည်ဟု သိရှိရသည်။

ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ် အကြီးအဲ  Maj Gen Aziz က ပြဿာနာကို ပြေလည်အောင် ဖြေရှင်းနိုင်ရေးအတွက် နယ်စပ်တွင် ကြိုးစားဆောင်ရွက်နေကြောင်းနှင့် သံတမန်ရေးအရပါ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

နယ်စပ်အနီးပြည်သူများက သေနတ်ပစ်ခတ်သံများ ကြားရကြောင်း၊ အများစု ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း ပြောဆိုသည်။

 

Miss Asia Pacific World 2014သရဖူ မေမြတ်နိုးကသမိုင်းတင် ဆွတ်ခူး

Miss Asia Pacific World 2014သရဖူ မေမြတ်နိုးကသမိုင်းတင် ဆွတ်ခူး




The Voice Weekly
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပနေတဲ့ Miss Asia Pacific World 2014 ပြိုင်ပွဲရဲ့
ပထမဆုကို မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်တဲ့ အလှမယ် မေမြတ်နိုးက ဆွတ်ခူးရရှိသွားပါတယ်။

သရဖူ The Irrawaddy (Burmese Version)
မေမြတ်နိုး Miss Asia Pacific World 2014 မယ်သရဖူ ဆွတ်ခူး
အိမ်ရှင်တောင်ကိုရီးယားနဲ့ နောက်ဆုံး အဆင့် ၂ ဦးတည်း ကျန်တဲ့ အချိန် မှာ မြန်မာအလှမယ် မေမြတ်နိုး က Miss Asia Pacific Wolrd 2014 ရဲ့ သရဖူကို အောင်နိုင်သူအဖြစ်ကြေညာလိုက်ချိန်မှာ အွန်လိုင်း ကနေ တိုက် ရိုက်ကြည့်ရှုနေသူတွေပါ အလွန်ဝမ်းမြောက်သွားကြတာပါ။
1st Runner - Korea , 2nd Runner -Macau, 3rd Runner- Philippines, 4rh Runner- India, 5th Runner - Singapore, 6th Runner - Thailand တို့က အသီးသီး ရရှိသွားကြပါတယ်။
အစောပိုင်းမှာကတည်း ဒိုင်လူကြီးတွေရဲ့ မေမြတ်နိုးရဲ့ အလှအပနဲ့ အစွမ်းအစတွေကို အတော်ချီးကျူးခဲ့ကြ တာပါ။
အခုလို မြန်မာအလှမယ် မေမြတ်နိုးဟာ မစ္စ ပစ္စိဖိတ်အလှမယ် သရဖူနဲ့ အတူ Popularity Award ဆု လည်း ရရှိထားပြီးသားဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်း လွှဲပြောင်းပေး

ဘင်္ဂလားဒေ့ရှ်သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်း လွှဲပြောင်းပေး


 မြန်မာပိုင်နက်နယ်စပ်ခြံ စည်းရိုးအနီးသို့ ခိုးဝင်လာသော ကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်စဉ် ကျဆုံးသွားသော လက်နက်ကိုင်၏ ရုပ်အလောင်း နှင့်သေနတ်ကို ဘင်္ဂလားဒေ့ရှ်နယ် ခြားစောင့်တပ်သို့ မေလ ၃၀ ရက် ညနေတွင်ပြန်လည်လွဲအပ်လိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ယူနီဖောင်း အ၀ါရောင်ပဲ ၀တ်ထားပြီး တပ်ဖွဲ့တံဆိပ်မပါ တော့ သူတို့နယ်ခြားစောင့်တပ်ဖွဲ့ ၀င်လို့ပြောပေမယ့် လက်မခံပါ ဘူး။ ဒါပေမဲ့ မိတ်မပျက်စေချင်လို့ အ လောင်းရော၊ သေနတ်ရော ဒီနေ့ ပဲပြန်ပေးလိုက်ပြီ’’ဟု ဒုတိယရဲ မှူးကြီးအဆင့်ရှိ နယ်ခြားစောင့် လုံခြုံရေးရဲတပ်ဖွဲ့အရာရှိတစ်ဦး ကပြောသည်။

မြန်မာဘက်မှ မောင်တော မြို့နယ်ခြားစောင့်လုံခြုံရေးရဲတပ်ရင်း ဒုတိယရဲမှူးကြီး မိုးညိုဦး ဆောင်သော အဖွဲ့နှင့် ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB) တို့ မေ ၃၀ ရက် နေ့လယ်က မောင်တောမြို့နှင့် နယ်ချင်းစပ် နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ် ချောင်းစရီနယ်ခြားစောင့်ရဲစခန်း တွင် ဆွေးနွေးမှုများပြုလုပ်၍ ပြန် လည်လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲအရာရှိကြီးကပြောသည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာ ဘက်မှ အရာရှိနှင့် ရဲတပ်ဖွဲ့ဝင် ဆယ်ဦးခန့် သွားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ဖွဲ့ကမူ နတ်ချောင်းစရီနယ်ခြား စောင့်ရဲစခန်းအနီးတွင် တင့်ကား ခြောက်စီးဝန်းရံ၍ အင်အားပြ သည့် ပုံစံမျိုး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်ဘင်္ဂလားဒေ့ရှ်တပ် သားတစ်ဦးကို မြန်မာနယ်ခြား စောင့်တပ်က ပစ်ခတ်ပြီး အ လောင်းကို ဆွဲယူသွားခဲ့သည်ဆို သည့် သတင်းများကြောင့် နယ် စပ် အခြေအနေ တင်းမာနေပြီး သောကြာနေ့ ညနေ ၄ နာရီမှစ ကာ ၄၅ မိနစ်ကြာ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်မှူးကြီး အာဇစ်ကို ကိုးကား ကာ Fianncial Express သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့(BGB) က ၎င်းတို့  ၏ တပ်ဖွဲ့ဝင်ပါဟု ပြောကာ ပြန် တောင်းသွားသည့် ရုပ်အလောင်း နှင့် သေနတ်မှာ မေလ ၂၉ ရက် က မြန်မာပိုင်နက် နယ်စပ်အနီး သို့ လက်နက်ကိုင်ဆောင်လျက် ခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်နေသည့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ ၀င်အချို့က ပစ်ခတ်လိုက်စဉ် သေဆုံးသွားခဲ့သူဖြစ်သည်။

‘‘ဗျူဟာမှူးက တစ်ဆင့် ဆွေးနွေးဖို့တောင်းဆိုတာပါ။ သ ဘောရိုးမှန်ရင် သောင်းကျန်းသူရှိ နေတဲ့နေရာကို ၀င်လာစရာ အ ကြောင်းမရှိဘူးလေ။ မတည်မငြိမ်ဖြစ်နေတဲ့ နေရာကို ၀င်လာတာ ကြောင့် နယ်စပ်လုံခြုံရေးအရ ပစ်ခဲ့ပြီး သေဆုံးတော့မှသာ သူ တို့လူပါလို့ ပြောတာပါ’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြော ကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက မေလ ၂၉ ရက်တွင် ဒါကာရှိ မြန်မာသံအမတ် ကြီး ဦးမျိုးမြင့်သန်းကို ဆင့်ခေါ်၍ ၎င်းတို့၏ နယ်ခြားစောင့်တပ်ဖွဲ့ ၀င် Nayek M Mizanur Rahman ကို ချက်ချင်းပြန်လွှတ်ပေးရန် စာကို ပေးအပ်ခဲ့သည်။ မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအ မတ်ကြီး မူစတာ ဖာကာမယ်က လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနထံ ယင်းစာကို ထပ်မံပေး အပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်က ကျဆုံးသွားပြီဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်ကို ဖမ်းဆီးထားသော ၎င်းတို့တပ်ဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန်ဟု သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

‘‘ဒီစာကို ရထားပါတယ်။ အရေးယူဆောင်ရွက်မှု ပြုနေပါ တယ်။ အခု အခြေအနေက အ ရမ်းရှုပ်ထွေးနေပါတယ်။ သူတို့ စာထဲမှာက သူတို့တပ်ဖွဲ့ဝင်လို့ ပြောထားပေမယ့် ဟုတ်၊ မဟုတ် စိစစ်ဆောင်ရွက်ရမှာပါ။ မြေပြင် အခြေအနေသတင်းတွေစုပြီး စစ် ဆေးပြီးမှ ရှေ့တစ်ပတ်ထဲမှာ အကြောင်းပြန်ကြားရမှာ ဖြစ်ပါ တယ်။ လောလောဆယ်တော့ စာရတဲ့အထိပဲ ပြောလို့ရပါတယ်’’ ဟု နိုင်ငံရေးရာ ဦးစီးဌာန (ဘင်္ဂ လားဒေ့ရှ်နိုင်ငံ) မှ ဒုတိယညွှန် ကြားရေးမှူးတစ်ဦးက ပြောကြား သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရပေးပို့ သည့် စာထဲတွင် ၎င်းတို့၏ တပ် ဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန်အပြင် မြန်မာ−ဘင်္ဂလားဒေ့ရှ် နယ်စပ် တွင် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက် မှုပြဿနာများ ရေရှည်တွင် ထပ် မံမဖြစ်ပွားရန် ယခု ပစ်ခတ်တိုက် ခိုက်မှုကို စုံစမ်းစစ်ဆေးဖော် ထုတ်ပေးရန် တောင်းဆိုထား ကြောင်း ယင်းစာပါ ဖော်ပြချက် အရ သိရသည်။

‘‘သူတို့ တပ်ဖွဲ့ဝင် ဟုတ်၊ မဟုတ်ကတော့ ဒီအချိန်မှာ ဘာ မှမပြောနိုင်သေးပါဘူး’’ ဟု နယ် ခြားစောင့် ကွပ်ကဲရေးတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။

Author: အောင်သစ်လွင် / အေးသူစံ
7DAY DAILY

 
 
 
  

ရဲစခန်းမှူးနှင့် ရဲသတင်းပေးများ လုပ်ရပ်ကြောင့် မြိတ်မြို့ ပြည်သူများ လုံခြုံမှု မရှိ

ရဲစခန်းမှူးနှင့် ရဲသတင်းပေးများ လုပ်ရပ်ကြောင့် မြိတ်မြို့ ပြည်သူများ လုံခြုံမှု မရှိ




News-Of-Myeik Facebook


မြိတ်မြို့တွင် ဥပဒေကို ချိုးဖောက်ကာ မကောင်းမှုမှန်သမျှကို ဂိုဏ်းဖွဲ့လုပ်ကိုင်နေ သော မြိတ်မြို့ မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်လွင့်နှင့် ရဲသတင်းပေးများကြောင့် ပြည်သူများမှာ လုံခြုံ မှုရှိသည်ဟု ခံစားရခြင်း မရှိတော့ကြောင်း သိရသည်။ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့တွင် ဥပဒေချိုးဖောက်ကာ မကောင်းမှု မှန်သမျှကို ဂိုဏ်းဖွဲ့ လုပ်ကိုင်နေသော မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ် မြင့်လွင်နှင့် ရဲသတင်းပေး များကြောင့် ပြည်သူများမှာ ရဲအုပ်မြင့်လွင် ရှိသောမြို့တွင် နေထိုင်ရသည်မှာ လုံခြုံမှုရှိသည်ဟု လုံးဝမခံစားရတော့ကြောင်း မြိတ်မြို့နေ ပြည်သူ/သားများက ပြောကြားလာတဲ့ အတွက် ဒီသတင်းကို တင်ပေးလိုက်ရပါတယ်။ ပြည်သူများ အနေဖြင့် ဥပဒေဘက်တော်သား တစ်ယောက်ဟာ ဥပဒေကို လုံးဝ ချိုးဖောက် နေပြီး ဘယ်လိုမှ ယုံကြည်မှု မရှိတော့ကြောင်း အဆိုပါ အကျင့်ပျက်ရဲ ၀န်ထမ်း နှင့် ၄င်း၏တပည့်များ၊ ရဲသတင်းပေးများကို စိတ်ဆိုး ဒေါသထွက် နေကြကြောင်း သိရပါတယ် ရဲအုပ်မြင့်လွင် ဆိုသူမှာ နိုင်ငံတော်သမ္မတကြီးဦး သိန်းစိန် တာဝန်ယူပြီး နောက်ပိုင်းမှာ လာဘ်ပေးလာဘ်ယူ ကိစ္စများကို စတင် ကိုင်တွယ်တဲ့ အချိန်မှာ အဲဒီ အကျင့်ပျက် ရဲအုပ်လည်း စာရင်းထဲမှာ ပါသွားပြီး တနင်္သာရီမြို့ ကို ခဏသွားရောက် တာဝန်ထမ်းဆောင်နေခဲ့ပါတယ် အဲဒီ ရဲအုပ်ဟာ ရာထူးလျော့ချခံရခြင်း၊ အရေးယူခံရခြင်း မရှိပဲ သူ့အထက်က လူကြီးကို ပေးကမ်း နိုင်တာကြောင့် ရဲလူကြီးများနှင့် အဲဒီ ရဲအုပ်မြင့်လွင် တို့ဟာ သမ္မတကြီးကို တပတ် ရိုက်လိုက်နိုင်ခဲ့ပါတယ်။ တနင်္သရီမှာ အ၀င်ပြထားပြီး၊ မကြာခင်မှာ မြိတ်လေဆိပ် မှာ လူလိုသလိုလိုနှင့် နေရာတစ်ခုကို အကြောင်းပြပြီး မြို့ပေါ်ကို ရောက်လာ ပြန်ပါ တယ်။ သိပ်မကြာခင်မှာပဲ အပေးကမ်းကြမ်းတဲ့ အတွက် မြိတ်မြို့ ပေါ်က ဂုဏ် သိက္ခာကြီးတဲ့ ရဲဝန်ထမ်း တွေသာ ရုံးထိုင်ခွင့် ရှိတဲ့ မြို့မရဲစခန်းကို အဲဒီရဲအုပ်မြင့် လွင် ဆိုသူဟာ ပြန်လည် ရောက်ရှိလာပါတယ် ဒီကိစ္စကို သမ္မတကြီးနှင့် အထက် လူကြီးတွေ မလိုက်တာလား၊ သက်ဆိုင်ရာ ထောက်လှမ်းရေးတွေက ရောမသိ လိုက်တာလား ဆိုတာတော့ သူတို့ ကိုယ်တိုင်သိ ကြမှာပါ။ ပေးကမ်းပုံက အားလုံး သိန်း 700 လောက် အကုန်ခံပြီး ဒီနေရာကို မတန်မရာ ရယူလိုက်တယ်လို့ သိရ တယ်။ အဲဒီ ဂုဏ်သိက္ခာကြီးတဲ့ ပြည်သူ့ရဲတွေသာ ရုံးထိုင်လေ့ရှိတဲ့ မြို့မရဲစခန်းမှာ အကျင့်ပျက် ရဲတစ်ကောင် မတန်မရာ နေရာရလာပြီး ဒုတိယနေ့မှာပင် သူ့ ရဲ့ နောက်လိုက် ရဲသတင်းပေး ( informer ) တွေကို အားလုံး ခေါ်ယူပြီး ဘိသိပ်ခံ ယူုပွဲ ကျင်းပကြောင်း ရဲသတင်းပေးများကို တစ်ဦးလျှင် ကျပ် 50000 စီ ပေးစေပါ တယ်။ ရဲက ရဲသတင်းပေးတွေကို ငွေကြေးထောက်ပံ့ရမည့် အစား ရဲသတင်းပေး တွေက ရဲကို ဆက်ကြေးပြန်သွင်း ရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ရဲအုပ် မြင့်လွင်က ရဲသတင်းပေးတွေနှင့် ဂိုဏ်းတစ်ခုဖွဲ့ပြီး လုပ်ပိုင်ခွင့်တွေ ဥပဒေမဲ့ချ ပေးလိုက်တာပဲ။ အခုဆိုရင် ရဲက ဥပဒေမဲ့လုပ်ရပ်တွေနှင့် အုပ်စုဖွဲ့ပြီး မြို့သစ်၊ မြိတ်တောင်၊ အင်းလေးမြိုင် စက်မှုဇုံ စတဲ့ ဆင်ခြေဖုံး ဒေသတွေမှာ ဖာခန်း (ပြည် တန်ဆာ )၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ချဲထီ၊ ( 2လုံး၊ 3 လုံး ) များကို အ ကြီး အကျယ် လုပ်ကိုင်နေ ပါတယ်။ အဲဒီတ စ်ဝိုက်က နေရာတွေ စားသောက်ဆိုင် အမည်ခံ ထားတဲ့ ( KTV )တွေ ၊ ဖာခန်းတွေ 66 ခုရှိတယ်လို့ သိရပါတယ် ကဲ... မြိတ်မြို့အတွက် အရုပ်ဆိုးဆုံး လုပ်ရပ်တွေကို ဒီလူတွေက နှမချင်းမစာနာလုပ် ကိုင်နေကြပါတယ် သူတို့က ဒီဒေသခံတွေ မဟုတ်တဲ့ အတွက် ဒီမြို့မှာ ရာထူးရ တုန်း လုပ်ချင်သလို လုပ်သွားပြီး ဒီကဒေသခံ မိကောင်းဖခင် သားသမီးတွေက တော့ ဒီလိုနေရာမျိုး မှာ ဘယ်လို နေထိုင်နေရတယ်ဆိုတာ ကိုယ်ချင်းစာကြည့် နိုင်ပါတယ်။ အဲဒီဖာခန်း ( ပြည်တန်ဆာအိမ် ) တွေ ၊ ချဲထီ ၊ မူးယစ်ဆေးဝါးလုပ် မှု တွေကို ၄င်း၏ တပည့် ရဲကြပ် မျိုးသိန်းနှင့် ဇော်မိုးအောင်ဆိုသူက လုပ်ကိုင် ပေးရပါတယ်။ ဆက်ကြေးတွေကိုလည် ဒီအကျင့်ပျက်ရဲတွေနှင့် ရဲသတင်းပေး တွေက လုပ်ကိုင်ကြပါတယ်။ မျိုးသိန်းဆိုသူ ရဲကြပ်ဟာလည်း အင်မတန်ယုတ် ညံ့သော စိတ်ထားရှိသည့် ရဲတစ်ဦး အဖြစ် မြို့နေ လူထုက ကောင်းကောင်းသိကြ ပြီး၊ ဘောင်းဘီကြီးဆိုသူနှင့်လည်း အဆက်သွယ်ရှိကြောင်း၊ ယခင် မူးယစ်ဆေးဝါး ရောင်းချခဲ့သူများ ကိုလည်း ၄င်းကပင် ရှယ်ယာထည့်ကာ ရောင်းချစေခဲ့ ကြောင်း မူးယစ်ဆေးဝါး ရောင်းချသည့်လူငယ်များကို ရဲများက လာဖမ်းသွား သောအခါ မူလနေရာကို မေးကြရာ သူတို့ဝယ်ရသည်မှာ မျိုးသိန်း ဆိုသည့် ရဲဖြစ် ကြောင်း၊ သူကရောင်းခိုင်းကြောင်း ပြောသောအခါ ရဲများက ဒီနာမည်ကို လုံးဝမ ပြောရန်၊ တရားရုံးတွင်လည်း ထုတ်မပြောရန် ခြိမ်းခြောက်ခြင်း၊ ညှင်းပန်းနှိပ် စက်ခြင်းများပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး ရောင်းပေးကြတဲ့ မသိနားမလည်တဲ့ လူငယ်အတော်များများဟာ သူတို့အပေါ်က လူကို မဖော်နိုင် ပဲ ထောင်ထဲမှာ အများကြီး ယခုထက်တိုင် အများကြီးရှိပါတယ်။ သားသမီးရှိသူ တိုင်း ကိုယ်ချင်းစာကြည့်ပါခင်ဗျား။။ မြင့်လွင်တို့ မျိုးသိန်း တို့မှာလည်း သားသမီး တွေရှိ နေပါတယ်။ ၀ဋ်ဆိုတာ မြန်ပါတယ်လို့ ဒေသခံတစ်ဦးက ရင်ဖွင့်ခဲ့ပါတယ်။ ရဲအုပ်မြင့်လွင်ဟာ မြို့သစ်ရဲစခန်းမှာ တာဝန်ကျစဉ် ကတည်းက ညပိုင်းအချိန်များတွင် လမ်းသွားလမ်းလာ လူများကို စခန်းကို ခဏလိုက်ခဲ့ ကိစ္စရှိသည် ဟုခေါ် ကာ စခန်းရောက်ပါက မှောင်ရိပ်ခိုသည်ဟု စွပ်စွဲကာ လူတစ်ဦးကို ကျပ် 20000 တောင်းကာ ပြန်ပေးဆွဲသည့် ပုံစံများနှင့် ငွေရှာခဲ့ကြောင်းသိရသည်။ နောက် နောက်များက မလုပ်ချင်တော့သော အခါတွင် လည်းကောင်း ငွေရနည်းသည့် အခါတွင်လည်းကောင်း၊ ဘ၀သစ် ကဲ့သို့နေရာများသို့ ပြောင်းပစ်မည်ဟု ခြိမ်း ခြောက်လေ့ရှိကြောင်း သိရပါတယ်။ ၄င်းမြင့်လွင်ဟာ သမီးမွေးနေ့၊ မယားမွေးနေ့၊ ၄င်း၏မွေးနေ့များ ပြုလုပ်ကာ မြိတ်မြို့ပေါ်ရှိ ၄င်းနှင့် မကင်းနိုင်သည့် အလုပ် များကို လုပ်နေသည့် လုပ်ငန်း 600လောက်က လူများကို မွေးနေ့ဖိတ်ပါတယ်။ တစ်ယောက် ကို မွေးနေ့ လက်ဆောင် တစ်သိန်းလောက်ပေးရပါတယ်။ အဲဒီငွေ တွေဟာ တစ်နှစ်ကို သိန်း 1800 လောက် နှစ်စဉ်ရရှိပါတယ်။ ရဲအုပ်မြင့်လွင်ဟာ လက်ရှိ မှန်လုံကားကြီး ( express ) 7 စင်းခန့်  အိမ်ခြံမြေ 5 ကွက်၊ ဆိုင်ကယ် အစီး 20 ( တက္ကစီ ) အုံနာ ထားပြီး အလွန် ချမ်းသာတဲ့ အကျင့်ပျက် ရဲတစ်ဦးအဖြစ် ဇိမ်ခံနေပြီး ၄င်းတပည့်များ ၊မျိုးသိန်း ၊ ဇော်မိုးအောင်၊နှင့် ရဲသတင်း ပေးများက သက်ဆိုင်ရာအလိုက် ဖာခန်း၊ မူးယစ်ဆေးဝါး၊ ထီ လုပ်ငန်းများကို ကြီးကြပ် ပေးနေရာ ၄င်းအား ဆက်သနေရကြောင်း သိရပါတယ်။ ဒီကိစ္စကို ပြည်သူများက တင်ပြလာတဲ့အတွက် ကျွန်တော်တိုမြိတ်သူ/ သားများကို တာဝန်ယူ ကာကွယ်ေ ပးနေကြတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းများနှင့် အထက်လူကြီး များ၊ နိုင်ငံတော်သမ္မတကြီး အထိ တင်ပြပါပေး ပါလို့ ပြောလာတဲ့အတွက် ဒီပို့စ် ကို တင်ပေးလိုက်တာ ဖြစ်ပါတယ်။ လူသား အားလုံးတရား ဥပဒေစိုးမိုးမှုအောက် တွင် နေထိုင်ကြပါစေ။
 
                                            မြူ နှင်း(အေးရိပ်ငြိမ်)
 
 

ထားဝယ်ပိုင်ရဲ့သီချင်းလေးပါ

ထားဝယ်ဆိုဒ်မှ

                                          မြူ နှင်း(အေးရိပ်ငြိမ်)

ထိုင်းနိုင်ငံရေး ပဋိပက္ခ ထားဝယ် စီမံကိန်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်

ထိုင်းနိုင်ငံရေး ပဋိပက္ခ ထားဝယ် စီမံကိန်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်


ထားဝယ် အထူး စီးပွားရေးဇုန်, ထိုင်း, သမ္မတ ဦးသိန်းစိန်
ထားဝယ် အထူး စီးပွားရေးဇုန် တည်ဆောက်ရေး ဆွေးနွေးရန် ၂၀၁၂ ဒီဇင်ဘာလ အတွင်းက ထားဝယ်သို့ ရောက်ရှိလာသည့် ထိုင်း ၀န်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ် နှင့် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – Yingluck Shinawatra / facebook)
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် မြန်မာအစိုးရနှင့် အဓိက ပူးပေါင်း လုပ်ဆောင်နေသည့် ထိုင်းနိုင်ငံ၌ ၀န်ကြီးချုပ် အပြောင်းအလဲနှင့် နိုင်ငံရေး ပဋိပက္ခများ ကြုံတွေ့နေရသော်လည်း စီမံကိန်းအပေါ်တွင် ကြီးမားသည့် သက်ရောက်မှု ရှိမည် မဟုတ်ကြောင်း သိရသည်။
“နိုင်ငံရေး ပြဿနာတွေ ရှိပေမယ့် ဒီဘက်ကို ထိခိုက်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲ ဆိုတော့ ထိုင်းကပဲ လုပ်နေတာ မဟုတ်ဘူး။ ၅၀- ၅၀ စီ ဆိုတော့လေ။ နောက်ဒီဟာက သူတို့ ရင်းနှီးမယ့်သူ မဟုတ်ဘူး။ လုပ်ဖို့အတွက် Co-ordinate ပဲ လုပ်တာလေ။ နောက် အဓိက လုပ်မယ့် ပရောဂျက်လည်း သူတို့လုပ်မယ် ပြောတာ မရှိသေးဘူး” ဟု ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းလုပ်ငန်းများ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ နှင့် အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က ပြောသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သတ်သည့် ပူးတွဲ ကြေညာချက်ကို သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်တို့က ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်က ထုတ်ပြန်ခဲ့ပြီး ယင်းစီမံကိန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အာဆီယံ ခေါင်းဆောင်များသို့ အသိပေးခဲ့သည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သတ်သည့် ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးတွဲ ကော်မတီကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယင်းပူးတွဲ ကော်မတီက အဓိက ဦးစားပေး စီမံကိန်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်တွင် အပြီး အကောင်အထည် ဖော်ရန် သဘောတူခဲ့ ကြသည်။
ယင်းအပြင် ယခုနှစ် နိုဝင်ဘာလ အတွင်း ထိုင်း-မြန်မာအစိုးရ အကြား ထားဝယ် စီမံကိန်းနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာ ၃ ခုကို လက်မှတ်ရေးထိုး ခဲ့ပြီး စာချွန်တခုမှာ Dawei SEZ Development Co (DSEZ) သို့ လုပ်ပိုင်ခွင့် လွှဲပြောင်းပေးခြင်း ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် စီမံကိန်းကို ဆက်လက် အကောင် အထည်ဖော်နိုင်ရန် အတွက်  ထိုင်း-မြန်မာ ရင်းနှီးမြှပ်နှံမှု တဖက်လျှင် ၅၀ ရာခိုင်နှုန်းစီဖြင့် ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်းအစိုးရက အဆိုပါ Dawei SEZ Development Co (DSEZ) တွင် ပါဝင် ဖွဲ့စည်းထားခြင်းသာ ရှိပြီး ကျန်သည့်  လုပ်ငန်းပိုင်းတွင် မည်သည့် ရင်းနှီးမြှပ်နှံမှု ထည့်ဝင် လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာအစိုးရ သတင်း ထုတ်ပြန်ချက်များ အရ အဓိက စီမံကိန်းများကို ထိုင်းနိုင်ငံနှင့် လုပ်ဆောင်ရန် မရှိသေးသော်လည်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ၂ နိုင်ငံ အစိုးရအကြား ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေသောကြောင့် ယင်းနိုင်ငံတို့၏ နိုင်ငံရေး အခြေအနေများသည် ထားဝယ် ရေနက်ဆိပ်ကမ်းအား မျှော်မှန်းသည်ထက် ပိုမိုကြန့်ကြာသွားနိုင်ကြောင်း လေ့လာ စောင့်ကြည့်သူများက သုံးသပ်ပြောဆိုသည်။
“သူတို့ဘက်က မြန်မာအစိုးရနဲ့ ပေါင်းပြီး Co-ordinate လုပ်တယ်။ ပူးပေါင်း ဆောင်ရွက်တာပေါ့၊ ဒီဟာပဲ လုပ်တာရှိနေတော့ သူတို့ မလုပ်တော့ရင် တခြားကိုငှားရုံပဲ ရှိတာပေါ့။ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ဘာမှပူပန်စရာ မလိုဘူးထင်ပါတယ်” ဟု ဒုဝန်ကြီး ဦးဆက်အောင်က ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါ စီမံကိန်းအတွက် ထိုင်း-မြန်မာ-ဂျပန်တို့ ပူးပေါင်းပြီး Model Plan တခု ရေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ Model Plan ကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်း အပြီးသတ် ရေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း မြန်မာအစိုးရက ကြေညာထားသော်လည်း လက်တွေ့တွင် ထိုင်းနိုင်ငံရေး ပြဿနာများကြောင့်  ထပ်မံ ကြန့်ကြာလာနိုင်ဖွယ် ရှိနေပြီး မြန်မာအစိုးရက မည်သို့ လုပ်ဆောင်သွားမည်ကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးချေ။
လတ်တလောတွင် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ထိုင်းနိုင်ငံတွင် လက်ရှိဝန်ကြီးချူပ် ယင့်လတ် ရှင်နာဝပ်က ရာထူးမှ နုတ်ထွက်လိုက်ပြီး လာမည့် ၄၅ ရက် အတွင်း ရွှေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားသည်အထိ နိုင်ငံရေး ပြဿနာများ ကြီးထွားလျက်ရှိသည်။

“ကျနော်တို့က သူတို့ဘက် ဘယ်လိုရှိလဲ မသိဘူး။ G to G လုပ်ထားပေမယ့် ကျနော်ကတော့ အောက်အဆင့်ပဲ ရှိပါသေးတယ်။ အပေါ်ကလူတွေ ဆုံးဖြတ်မှာပေါ့။ ဒါကတော့ အပ်ါပိုင်းကလူတွေ မေးမှရမယ်။ ဒီလုပ်ငန်းအတွက် တာဝန်ရှိဆုံးပေမယ့် ဒါက နိုင်ငံရေးအရလည်း ပါတော့ မပြောတတ်တာပါ” ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ဥက္ကဌ ဦးဟံစိန်က ဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ၂၀၀၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ ယင်းစီမံကိန်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ထိုင်းနိုင်ငံ၏ တတိယ အကြီးဆုံး ကုမ္ပဏီဖြစ်သည့် Italian-Thai Development ကုမ္ပဏီက ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်တွင် မြန်မာ အာဏာပိုင်များနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
မြန်မာအစိုးရက အဆိုပါ ကုမ္ပဏီအား လုပ်ပိုင်ခွင့် သက်တမ်း ၇၅ နှစ်ဖြင့် လုပ်ကိုင်ခွင့် ချပေးခဲ့သော်လည်း အီတာလျံ-ထိုင်းဘက်က အရင်းနှီးကြီးသည့်အတွက် ဆက်လက်လုပ်ဆောင်ရန် မတတ်နိုင်သဖြင့် ယခုအခါ တတိယနိုင်ငံ အဖြစ် ဂျပန်နိုင်ငံက ဆက်လက်ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

                                 မြူ နှင်း(အေးရိပ်ငြိမ်)

၈၈ မျိုးဆက် (၄၃၆) ပြင်ဆင်ရေး လက်မှတ်ကောက်ခံမှုတွင် ပူးပေါင်းဆောင်ရွက်

၈၈ မျိုးဆက် (၄၃၆) ပြင်ဆင်ရေး လက်မှတ်ကောက်ခံမှုတွင် ပူးပေါင်းဆောင်ရွက်



The 88 Generation Peace and Open Society
ယနေ့ မေလ ၃ဝ ရက်နေ့ ၂ဝ၁၄ ခုနှစ်တွင်
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊
မြို့နယ်နှင့် ရပ်ကျေးအမျိုးသားဒီမိုကရေစီ
အဖွဲ့ရုံးများတွင် ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ပုဒ်မ (၄၃၆)ပြင်ဆင်းရေး လက်မှတ်
ရေးထိုး ကောက်ခံမှု အခမ်းအနားသို့ ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ
ကိုမင်းကိုနိုင်၊ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီးနှင့်
၈၈ မျိုးဆက်အဖွဲ့ဝင်များ သွားရောက်ကာ လက်မှတ်
ကောက်ခံရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

၄၃၆ ပြင်ဆင်ရေး နိုင်ငံတကာမှလည်း လက်မှတ်ထိုးနိုင်ပါပြီ။

၄၃၆ ပြင်ဆင်ရေး နိုင်ငံတကာမှလည်း လက်မှတ်ထိုးနိုင်ပါပြီ။



 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်းဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ရေးထိုးခြင်းအား ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများလည်း မိမိဆန္ဒအရ ပါဝင်ဆောင်ရွက်နိုင်ပါပြီ။

ပြည်ပတွင်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနေဖြင့် ၁။ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ ၂။ မြန်မာနိုင်ငံသားဖြစ်ရမည်။ ၃။ မြန်မာနိုင်ငံသားလက်မှတ်အမှတ်(သို့မဟုတ်)မြန်မာနိုင်ငံကူးလက်မှတ်အမှတ်စဉ် ထည့်သွင်းဖေါ်ပြနိုင်ရမည်။ ၄။ မိမိဆန္ဒအရသာ ဆန္ဒပြုလက်မှတ်ရေးထိုးခြင်းဖြစ်ရမည်။ ၅။ လူတစ်ဦးလျှင် တစ်ကြိမ်သာ လက်မှတ်ရေးထိုးဆန္ဒပြုရပါမည်။ အထက်ပါအချက်များနှင့်အညီ အောက်တွင်တင်ပေးထားသော ဆန္ဒပြုလက်မှတ်ထိုးဇယားပုံစံအတိုင်းသာ လက်မှတ်ရေးထိုးကြပြီးနောက် စကင်ဖတ်၍ အဖွဲ့ချုပ် ရုံးချုပ် အီးမေးလ်လိပ်စာ info.nldburma@gmail.com သို့ ပြန်လည်ပေးပို့နိုင်ပါသည်။

သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး ဇွန်လအတွင်း စတင်ဆွေးနွေးမည်

သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး ဇွန်လအတွင်း စတင်ဆွေးနွေးမည်



The Voice Weekly

ရန်ကုန်၊ မေ ၂၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အတားအဆီး ဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီတွင် ဇွန်လ ဒုတိယပတ်အတွင်း စတင်ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက The Voice သို့ ပြောကြားသည်။

ယင်းသို့ ဆွေးနွေးရာတွင် ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်သော ပြည်သူများ၏ ဆန္ဒထုတ်ဖော်ချက်များ၊ အကြံပြုချက်များကိုပါ ထည့်သွင်းစဉ်းစားပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးတည် ပြင်ဆင်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီပုဒ်မနဲ့ ပတ်သတ်ပြီး အရမ်းတင်းကျပ်လို့ မရသလို၊ ဖြေလျှော့လွန်းရင်လည်း နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ပါတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

အဆိုပါ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို ဆွေးနွေးသော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် စဉ်းစားခြင်း မပြုပါက အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ် မည်သို့မျှ အရာမထင်ကြောင်း NLD ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“အဓိကကျနေတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို ပြင်ဆင်မည်ဟု လွှတ်တော်က စီစဉ်နေခြင်းသည် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးမည်ဟု အဓိပ္ပာယ် သက်ရောက်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။
“အလုပ် မဟုတ်တာကို ပြောနေကြတာ။ ဒီ ၄၃၆ကို ပြင်မယ်လို့ ဆုံးဖြတ်ပြီးလို့ အတွင်းက ပုဒ်မတွေပြင်ဖို့ ဆွေးနွေးတာပေါ့” ဟု ၎င်းကဆိုသည်။

ထို့အပြင် လွှတ်တော်အတွင်း အမတ်နေရာ အများဆုံး ရယူထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော်လည်း ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး အကြံပြုစာ တစ်သိန်းကျော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီဝင်များက ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်သွင်းထားပြီး ပုဒ်မ ၅၆ (စ) နှင့် ပုဒ်မ ၄၃၆ မပြင်ဆင်ရေးအတွက် နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် မေလအတွင်း ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

အဆိုပါ ဟောပြောမှု အချို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက်များကို သတိထား ဟောပြောရန် ညွန်ကြားချက်တစ်စောင် ပေးပို့ခဲ့ပြီး ယင်းသို့ သတိပေးချက် ထုတ်ပြန်ရန် ရွေးကောက်ပွဲ ကော်မရှင်တွင် လုပ်ပိုင်ခွင့် မရှိကြောင်း NLD ပါတီက ပြန်လည် တုန့်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက် အခန်း (၃) ပုဒ်မ ၅၉ (စ) တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်ကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။