အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 23 juli 2015

ဦးအောင်သောင်းကွယ်လွန်

ဦးအောင်သောင်းကွယ်လွန်

ဦးနှောက်သွေးကြောပေါက်သဖြင့် စင်္ကာပူနိုင်ငံ တွင်ဆေးကု သမူ့ ခံယူေ နသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည်ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့် တွင်ကွယ်လွန်သွား ပြီ ဖြစ် ကြောင်းမိသားစုဝင်များထံမှသတင်းရရှိပါတယ်။
ဦးအောင်သောင်း၏ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ပြန်လည်သယ်ဆောင်လာမည်ဖြစ်ပြီး နေ့လည် ၁၂ နာရီအချိန်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာမည်ဖြစ်သည်။

ဦးအောင်သောင်း မိသားစု at Mount E hospital today 




                                      မြူ နှင်း(အေးရိပ်ငြိမ်)

အလုပ်ရှင်ကပေးရမည့်နစ်နာကြေးနုန်းထားများ

အလုပ်ရှင်ကပေးရမည့်နစ်နာကြေးနုန်းထားများ 

                 
                      

                          မြူ နှင်း(အေးရိပ်ငြိမ်)

 

ကိုသိန်းအောင်နင်းပြီး ချမ်းသာအောင် လုပ်ပြမယ် မောင်

ကိုသိန်းအောင်နင်းပြီး ချမ်းသာအောင် လုပ်ပြမယ် မောင် 

 





                                 မြူ နှင်း(အေးရိပ်ငြိမ်)

"အောင်"ပါတာချင်းအတူတူ

"အောင်"ပါချင်းအတူတူ

ဦးအောင်ကိုလဲစစ်တပ်ကပဲ..
နာမည်မှာ"အောင်"ပါတာလဲတူတယ်
အရေခွံချွတ်ထားတာလဲတူတယ်..
ကြံခိုင်ရေးမှာလဲအတူတူပဲ..
ဘာလို့ အွန်လိုင်းဒီမိုတွေကနေကောင်း
ဖို့ ဆုတောင်းပေးနေလဲ...
ကျန်တဲ့ကြံခိုင်ရေးတွေရောအဲ့လိုလေး
မခံစားချင်ဖူးလား..
လုပ်ရပ်ကလေး..
ရပ်တည်ချက်လေး..
ထွက်ရပ်ရဲတာလေး..
နဲ့ အမှန်တရားအတွက်အတ္တကို

မြေမြုပ်ကြရအောင်။


                                           မြူ နှင်း(အေးရိပ်ငြိမ်)

ကမ္ဘာမှတ်တမ်းဝင်သည့်မြန်မာ

ကမာ့္ဘမှတ်တမ်းဝင်သည့်မြန်မာ





                                           မြူ နှင်း(အေးရိပ်ငြိမ်)

onsdag 22 juli 2015

ဆလ်ဖွီခေါင်းဆောင်ဟာရှင်တင်မြင့်မှ အရှုပ်ထုပ်များ

ဆလ်ဖွီခေါင်းဆောင်ဟာရှင်တင်မြင့်မှ အရှုပ်ထုပ်များ
ဆလ်ဖွီခေါင်းဆောင်ကြီး ဟာရှင်တင်မြင့်မှ ရေးသားပြုစု ထုတ်ဝေခဲ့သော အစိမ်းရောင် မြန်မာဘာသာပြန်ကုရ်အာန်ကျမ်းစာအုပ်မှ မြတ်ရစူလ် နှင့် နဗီရစူလ် အပေါင်းတို့၏ ဂုဏ်သိက္ခာတော်များကို ထိပါး-စော်ကား-ကျဆင်းစေသည့် စာသားများ ၀ါကျများ သုံးနှုန်းထားသည့် အချို့ချို့သော အထောက်ထားများ ကောက်နှုတ်တင်ပြထားပါသည်။ ရန်ကုန်မှ မွတ်စ်လင်မ်မိတ်ဆွေတစ်ဦးမှာ ပေးပို့လာသဖြင့် မွတ်စ်လင်မ်များ အထူးသတိထားကြရန် မျှဝေပေးလိုက်ပါသည်။












 နံပါတ်စဉ်မမှန်ဘဲဖြစ်နေတာကို နံပါတ်စဉ်အလိုက်ပြင်ဆင်ဖတ်ရှု့ပေးပါရန်
                                             မြူ နှင်း(အေးရိပ်ငြိမ်)

အူဆေးနည်းပညာ

အူဆေးနည်းပညာ


ချစ်စွာသော မိတ်ဆွေတို့ရေ.. ဗိုက်ပူ အလှပျက်နေလို့ စိတ်ညစ်နေကြပါသလား၇ှင်။ ဆေးသောက်စရာမလိုပဲ အ၇မ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ တစ်ရက်တော့ပင်ပန်း ခံ၇ပါမယ်။ အနည်းငယ် ခက်ခဲတဲ့အတွက် အစာအိမ်ရောဂါရှိသူ၊ သွေးအားနည်း ရောဂါရှိသူတွေ အတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလိုပါတယ်ရှင့်။ လုပ်ရမယ့် နည်းလမ်းလေးကတော့ ဒီလိုပါ။

၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။ (ဥပမာ - ယနေ့ မနက် ၇နာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ၇နာရီထိ)။

၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာခန့်ထိ ၀င်အောင် သောက်ပေးရပါမယ်။

၃။ မည်သည့် အစားအစာ၊ကော်ဖီ၊လက်ဖက်ရည်၊ အချိုရည်မှ မသောက်ရပါ။

၎။ ၂၄ နာရီ ပြည့်သည်နှင့် ရေကြက်သည်းနွေး တစ်လီတာကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်မွှေပြီး တစ်ထိုင်တည်း ကုန်အောင် သောက်ပေးရပါမည်။

၅။ ထို့နောက် အိပ်ယာထက်တွင် ညာဘက်သို့ စောင်းကာ နာရီ ၀က်ခန့် လဲလျောင်း နား နေရပါမယ်။

၆၊ ၀မ်းသွားလိုလာလျှင် ထ သွားလိုက်ပါ။

၇။ ထိုသွားသော ၀မ်းသည် အလွန် နံဟောင်သော ၀မ်း၊ ရံခါ အမည်း အညစ် အကြေးများပါ တွေ့ရပါလိမ့်မယ်။

၈။ ၄ခါ ၅ခါ ခန့်သွားပီး အ၇ည်ကျဲလာလျင် ဆန်ပြုတ် (သို့) သစ်သီးဖျော်ရည် တစ်ခွက် သောက်ကာ ခန ပြန် နားနေလိုက်ပါ။

၉။ ထို့ နောက် ထိုနေ့ တစ်နေကုန် အပူအစပ်၊ နို့နှင့် နို့ထွက် အစားအစာများ နှင့် ready made food များကိုေ၇ှာင်ကြဉ်ပေးရပါမည်။
နောက်ရက်များတွင် နှစ်သက်ရာ ပြန်လည် စားသောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ready made food များကို တော့ တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။

နို့နှင့် နို့ထွက် အစားစာများကို တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။ သစ်သီးဝလံများကို ပိုမိုစားသုံး၇ပါမည်။

ညဘက်တွင် အသီးနှံ တမျိုးမျိုး ကို ညစာ အစားထိုး ဖြည့်စွက် စားသုံးနိုင်ပါသည်။ ယင်းနည်းသည် မင်းသမီး ဒိုင်ယာနာ မကွယ်လွန်မီ တလ တခါ ပြုလုပ်နေကြ နည်းလမ်းဖြစ်သည်ဟု သိရပါသည်။
မိမိတို့ နေ့စဉ် စားသုံးခဲ့သော အစားအစာများ အကြော်ဆီများ ဆီဦးထောပတ်များအတွက် အူသည် မည်သည့်အခါမှ မဆေးကြောခဲ့ရပါ။ ထို့ကြောင့် ဗီလိုင်ဟု ခေါ်သော အမြှေးလေးများမှာ ငါးကန်များေ၇ညှိ တက်သကဲ့သို့ အညှိလေးများ တက်နေပါသည်။ ထိုသည်ကို 
ဆားေ၇နွေးလေးများဖြင့် ဆေးကြောသန့်စင်လိုက်ခြင်းဖြစ်ပါသည်။ 

ထိုသို့ ဆေးကြောလိုက်ခြင်းဖြင့် နောင် အခါ စားသောက်သော အသီးအနှံ အစားအစာများမှ အာဟာရများ ပိုမို စုပ်ယူနိုင်မည်ဖြစ်ပီး ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဒာကို ပိုင်ဆိုင်လာမည်ဖြစ်သည်။
ထိုသို့ အူမဆေးမီ မိမိ ဗိုက်နှင့် ကိုယ်အလေးချိန် တိုင်းထားပါ။ အူဆေးပီးနောက်ရက် ထပ်တိုင်းကြည့်ပါ။ သိသိသာသာ ဗိုက်လေး ချပ်ရပ်လှပသွားမည်ကို တွေ့၇ပါမည်။
သတိပြုရန်မှာ။

 ။ အူဆေးထားပီးနောက် ညစာအဖြစ် နို့နှင့်နို့ထွက်အစားစာများ စားသုံးခြင်း၊ ညစာ အလွန်အမင်း စားသုံးခြင်းများ သတိပြု ရှောင်ကြဉ်စေလိုပါသည်။ အသီးအနှံ ဖြည့်စွက် စားသုံးခြင်း အလေ့အထကို ပြု လုပ်စေလိုပါသည်။
(မှတ်ချက်။ ။ မိတ်ဆွေ တစ်ဦးပြောပြသော နည်းလမ်းကို ကိုယ်တိုင် စမ်းသပ် အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။)

                                             မြူ နှင်း(အေးရိပ်ငြိမ်)

ဘုန်းကြီးကျောင်းမဟုတ်ပါ (ဟာသ)

ဘုန်းကြီးကျောင်းမဟုတ်ပါ (ဟာသ)


စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး တမဟုတ်ချင်း အရှိန်မြင့်လာပြီး နအဖစစ်အုပ်စု မျက်ဖြူဆိုက်နေချိန်၊ နအဖစစ်အုပ်စုက သူ့တို့ကိုးကွယ်တဲ့ ဘုန်းကြီးတွေ မေတ္တာသုတ်ရွတ် စီတန်းလမ်းလျှောက်တဲ့အထဲ ပါမသွားအောင် ဘုန်းကြီးချင်း သွေးခွဲထားတဲ့ အချိန်တုန်းက ဆိုပါတော့ …။

အဲဒီအချိန်မှာ ပြည်ပသတင်းထောက်တယောက်က ကျောက်ပန်းတောင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းကို ဖုန်းခေါ်သတဲ့။ ကျောင်းထိုင်ဆရာတော်ကို အင်တာဗျူးလုပ်ဖို့ပါတဲ့။ ဘာဖြစ်လို့ အင်တာဗျူးချင်တာလဲဆိုတော့ အဲဒီကျောင်းထိုင်ဆရာတော်က စီးတန်းလမ်းလျှောက်တဲ့အထဲ သူ့ကျောင်းက သံဃာတွေ မပါဝင်ကြဖို့ တားမြစ်တယ်ဆိုတဲ့သတင်း ကြားရလို့ပါတဲ့။ နောက်ပြီး အဲဒီဆရာတော်ဟာ စစ်အုပ်စုနဲ့ ကြံဖွံ့တွေက ကိုးကွယ်ဆည်းကပ်တဲ့ ဘုန်းကြီးလို့လည်း သတင်းထွက်နေလို့ပါတဲ့။

ကံကောင်းချင်တော့ ဖုန်းက အကြိမ်ကြိမ် မခေါ်ရဘဲ တန်းဝင်သွားပြီး “ဟလို” ဆိုတဲ့ နှုတ်ခွန်းဆက်သံကို ကြားရသတဲ့။ ဒါနဲ့ ဖုန်းလာကိုင်တဲ့သူကို “- - - - - ဘုန်းကြီးကျောင်းကပါလား”လို့ သတင်းထောက်က မေးလိုက်သတဲ့။ ဖုန်းကိုင်သူက “ဟုတ်ပါတယ်” လို့ ချက်ချင်း ပြန်ဖြေသတဲ့။ သတင်းထောက်က ၀မ်းသာသွားပြီး “ဒါဆို ကျနော့်ကို ကျောင်းထိုင်ဆရာတော်နဲ့ စကားပြောခွင့်ပြုပါခင်ဗျာ” လို့ ဖုန်းကိုင်သူထံ ခွင့်ပန်လိုက်သတဲ့။ အဲဒီအခါမှာ တဘက်က ဖုန်းကိုင်သူက “အေး … ငါပဲကွဲ့၊ ဘာကိစ္စရှိလို့လဲ” လို့ ပြန်မေးသတဲ့။

အဲဒီမှာ သတင်းထောက်က အားတက်သွားပြီး “ကျနော် - - - အသံလွှင့်ဌာနကပါ။ ဆရာတော်နဲ့ အင်တာဗျူး လုပ်ချင်လို့ပါဘုရား” လို့ ရိုရိုသေသေ ခွင့်တောင်းလိုက်သတဲ့။ အဲဒီလိုလည်း ခွင့်တောင်းရော တဘက်ဖုန်းကိုင်သူက ကပျာကယာ စကားတခွန်းပြောပြီး ဖုန်းကို “ဂွပ်”ကနဲ ချသွားလို့ သတင်းထောက်ခမျာ ပြုံးစိစိဖြစ်ကျန်ခဲ့သတဲ့။

တဘက်ဖုန်းကိုင်သူ ပြောလိုက်တာကတော့ “ဟေ့ … ဒကာကြီး … ဒါ ဘုန်းကြီးကျောင်းမဟုတ်ဘူး၊ အိမ်ကွဲ့ … အိမ် … အိမ်” ပါတဲ့။ အော် … နအဖဘုန်းကြီးတွေလည်း နအဖလိုပဲ လိမ်တတ်ပါကလားဆိုပြီး ပြုံးစိစိဖြစ်တာနေမှာပေါ့နော်။

ဒကာကြီးဆိုမှတော့ လူလား ဘုန်းကြီးလား မပြောတော့ဘူးနော်
                                          မြူ နှင်း(အေးရိပ်ငြိမ်)

မြ၀တီ မှဗိုက်ဖေါက်သမားများ

မြ၀တီ မှဗိုက်ဖေါက်သမားများ

ခုတလော ဗိုက်ဖေါက်တွေဟာ အရင်ကလိုတံတားထိပ်မှာ ၀ရုန်းသုန်းကား
မလုပ်ကြတော့ပဲ အဆင်မြင့်တဲ့နည်းဗျူဟာတွေကို သုံးလာကြပါပြီ။
တံတားထိပ် / မဲ့ဆောက်ကားဂိတ် စာတာတွေမှာ လူတွေကိုအဖွဲ့ခွဲပြီးထား
ပါတယ်

- တုံးတွေဘာတွေထုမလာလည်းကိစ္စမရှိ ပြန်လာမှ ပုံမှန်တဲ့သက်သာတဲ့ဈေးကိုပြောထားတယ်
- ဘယ်သွားချင်လဲ ကားမရတဲ့နေရာဆိုတာမရှိရ အားလုံးရတယ်
(လူတွေကရတာမှလိုချင်တာကိုး)
- မြ၀တီကိုသွားတာလည်း ပုံမှန် ၅၀ ဘတ်ဆို ၃၀ ဘတ်
- ငွေဈေးလား လာထား သူများထက် ပိုရစေရမယ်  ဈေးပိုပြောထားတယ်
( လူတွေက လောဘသားကို အပိုပြောထားသဘောကြတာပေါ့)

စသည်ဖြင့် အားလုံးကို ဈေးသက်သာ အောင်အဆင်ပြေအောင်ပြောထားပြီး မြ၀တီဘက်ကို သူတို့ရဲ့ကြိုတင်တီးလုံးတိုက်ထားတဲ့လူတွေ၊ကားတွေ နဲ့ခေါ်လာကြတယ်။
ပြီးတော့ မြ၀တီဘက်က သူတို့ရဲ့ စခန်း အရင်လို ရပ်ကွပ်ထဲ့က အိမ်တွေ
မဟုတ်တော့ပါ၊ ရပ်ကွပ်အစွန်အဖျားက ခြံကျယ်ကြီးတွေပါ။ အဲ့ဒီကိုခေါ်လာပြီး ၀ိုင်းပြီးအမဲဖျက်ပါပြီး။
ပါလာတဲ့ငွေကို သူတို့ဆီမှာပဲ လဲရတယ် တခြားမှလုံးဝမလဲရ၊
တကယ်လိုမြ၀တီမှ အသိရှိ၍ဖုန်းဆက်ခေါ်ပြီး လဲပါကလဲ ပြဿနာတစ်မျိုးမဟုတ်တစ်မျိုးအရှာခံရပြီမှတ်ပေတော့။
ငွေထဲ့ပေးသောအိပ်များမှာ လုံးဝအမဲရောင်ဖြစ်နေမည်။ သူတို့ဘာပဲသုံး
သုံး အိတ်အမဲကိုသာသုံးတာ။ နောက်ဆုံးငွေမပြောနဲ့ ခင်ဗျားတို့ဖုန်းတွေကိုပါအကြံအဖန်လုပ်တာပဲ။

ဗိုက်ဖေါက်တွေမှာ နည်းအစုံရှိပါတယ်။ သူတို့အား အသိုင်းအ၀ိုင်းမရှိဟုထင်ပါက ခင်ဗျားတို့
အလွဲကြီးလွဲမည်။ နယ်ထိန်းဘာညာများသည် သူတို့၏ ရှယ်ရာဝင်များဖြစ်သည်ဆိုပါက ခင်ဗျားတို့ယုံချင်မှ ယုံမေ နော့။

အကြံပေးလိုသည်မှာ လူခံမရှိပါက
အတတ်နိုင်ဆုံး တံတားပေါ်က တရားဝင်သွားလာပါ။
ဆိုင်ကယ်စီးပါက ဆိုင်ကယ်လှိုင်းအင်ကျီပါသောသူ ဆိုင်ကယ်ဂိတ်ကလူ
ကိုရွေးစီးပါ။
ငွေလဲတဲ့အခါ ရတာနာပြည့်ထွန်းကဲ့သို့သော ရွှေဆိုင်တွေမှာလဲပါ။
ထိုကဲ့ရွှေဆိုင်ကြီးများမှာလဲပါက ဈေး ၁၀ ပြား ကွာတောင် အလိမ်မခံရပါ။

ပုံ ၂ ပုံမှာ ခုလောလောဆယ် ဗိုက်ဖေါက်တွေစခန်းလုပ်ထားတဲ့ မြ၀တီ
အာရှလမ်းဟောင်း ကားဂိတ်ဟောင်း အလွန်နားက Coffee ဆိုင်ဗန်းပြ ပြီး
အိမ်ပြန်တဲ့ မြန်မာတွေကို ၀ိုင်းဖေါက်နေတဲ့ နေရာတွေ ထဲ့က တစ်ခုပါ။
နေ့တိုင်းဖေါက်ပါတယ်။

ဒါတွေကိုပပျောက်အောင် အစိုးရပိုင်းအနေနဲ့ ကူညီဆောင်ရွက်ပေးတာ နိုင်အောင် ဓါတ်ပုံနှင့်တစ်ကွတင်ပြလိုက်ရပါသည်။
                     

                  
                                          မြူ နှင်း(အေးရိပ်ငြိမ်)

tisdag 21 juli 2015

မဲစာရင်းအမှားတွေ ပြင်ဆင်ဖို့ အချိန်ရှိသေးကြောင်း ဦးတင်အေး ပြောကြား



ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဇွန်လ ၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး သတင်းမီဒီယာသမားတွေကို တွေ့ဆုံရှင်းလင်းနေစဉ်
လက်ရှိထုတ်ပြန်ထားတဲ့ အခြေခံမဲဆန္ဒရှင် စာရင်းအမှားအယွင်းတွေကို ပြင်ဆင်ဖို့ အချိန်ရှိသေးကြောင်း နဲ့ နိုင်ငံရေးပါတီတွေက တင်ပြလာရင် ပြင်ဆင်ပေးမှာဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေး က ပြောလိုက်ပါတယ်။

ပြည်ထောင်စုရွေးကော်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ၈၀ လောက်က ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံစဉ် မဲစာရင်းမှားယွင်းမှုတွေ ရှိနေတာကို နိုင်ငံရေးပါတီတွေက ဆွေးနွေးရာမှာ ဦးတင်အေးက ပြောကြားခဲ့တာဖြစ်ပါတယ်။

"ဒီမဲစာရင်းနဲ့ ပတ်သက်ပြီး စိတ်ထဲမှာမထားပါနဲ့၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့မှားတယ်ဆိုရင် ကျနော့်ဆီ အထောက်အထားယူခဲ့ပါ၊ ကျနော်ပြင်ပေးပါ့မယ်၊ အခုကျနော် ခင်ဗျားတို့ကို အချိန်ပေးထားပါသေးတယ်၊ လူက ၁ဝ ရာခိုင်နှုန်းပဲလာတယ် ပြီးတော့ ကျနော့်စိတ်ထဲမှာ စိုးရိမ်တဲ့ ၉ဝ ရာခိုင်နှုန်းက လာမကြည့်ဘူး၊ မှားလားမသိ မှန်လားမသိ နောက်တစ်ခါလာကြည့်လိုက်တယ် ၃ဝ ရာခိုင်နှုန်းတက်လာတယ် ၇ဝ ရာခိုင်နှုန်း မှားလားမသိ မှန်လားမသိ"

မဲစာရင်းတွေကို လာရောက်စစ်ဆေးကြည့်ရှုသူ နည်းလွန်းတာကိုလည်း တွေ့ရတာကြောင့် မဲစာရင်းစိစစ်တဲ့အချိန်ကို တိုးပေးခဲ့ရကြောင်း အတော်များများက မိမိတို့မဲစာရင်း မှားသလား မှန်သလားတောင် စိတ်မ၀င်စား ကြကြောင်း ကော်မရှင်ဥက္ကဌက ပြောပါတယ်။

ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက တောင်းဆိုတာ ကိုလည်း သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ မဖြစ်မနေကျင်းပသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ကျပ်ငွေ ၄ ဘီလီယံလောက် သုံးစွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

                                         မြူ နှင်း(အေးရိပ်ငြိမ်)

မန္တလေးမှာ ဘာသာပေါင်းစုံအဖွဲ့က နောက်ထပ် လူငယ်တစ်ဦး ဖမ်းဆီးခံရ



မန္တလေးတိုင်းဒေသကြီးမှာ ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့က အဖွဲ့ဝင် မပွင့်ဖြူလတ်ကို လဝက ဥပဒေပုဒ်မ ၁၃ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်နေ့က ဖမ်းဆီးခံထားရတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ် အမှုအတွက် စစ်ဆေးဖို့ဆိုပြီး ဆင့်ခေါ်လိုက်ရာကနေ မပွင့်ဖြူလတ်ကို ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ မပွင့်ဖြူလတ်ရဲ့ အကိုက ပြောပါတယ်။

"၁၈ ရက်နေ့က သက်သေအနေနဲ့ပေါ့နော် လာရောက်အစစ်ခံဖို့ပါဆိုပြီးတော့ ခေါ်လို့သွားလိုက်တယ်၊ CID ရုံးမှာ စစ်တာပေါ့နော်၊ ပြန်ပြီးတော့လွှတ်ပေးလိုက်တယ်၊ ၁၉ ရက် တစ်ခါထပ်ချိန်းလိုက်တယ်၊ မြို့မအမှတ် ၈ ရဲစခန်းမှာစစ်တယ်၊ အဲဒီ့မှာမလွှတ်ပေးတာပါခင်ဗျ၊ ပုဒ်မနှစ်ခုတပ်ပြီး အရေးယူထားပါတယ်၊ လဝကပုဒ်မလို့ပြောတယ်"

သင့်မြတ်လိုသူများအဖွဲ့ဟာ မန္တလေးမြို့က ဂဠုန်နီဆရာတော်နဲ့ အာရှအလင်းရောင် ဆရာတော်တို့ပါဝင်ပြီး အဲဒီဆရာတော်တွေအတူ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေထိန်းချုပ်နယ်မြေအတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေထံပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ကြရာ ဓာတ်ပုံတွေကို အင်တာနက်လူမှုကွန်ရက် ဖေ့ဘွတ်စ် စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေထဲမှာ ကိုဇော်ဇော်လတ်က သေနတ်ကိုင်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ မပွင့်ဖြူလတ်တို့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ အဲဒီအတွက် ကိုဇော်ဇော်လတ်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ချမ်းအေးသာစံမြို့နယ် မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းနဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူ မရှိဘူးလို့သာ ပြောပါတယ်။

                                         မြူ နှင်း(အေးရိပ်ငြိမ်)

မြန်မာသံတော်ဆင့် အယ်ဒီတာ ၁၁ ဦးအမှု အမိန့်ချမှတ်

 

 

 မြန်မာသံတော်ဆင့်ဂျာနယ် အယ်ဒီတာအဖွဲ့ဝင် ၁၁ ဦးကို ဇူလိုင်လ ၂၁ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်စဉ် Photo: RFA  နိုင်ငံတော်သမ္မတကို စော်ကားပုတ်ခတ်တဲ့ အသုံးအနှုန်းတွေပါတဲ့ အင်တာဗျူးကို ဖော်ပြခဲ့တာကြောင့် တရားရင်ဆိုင်နေရတဲ့ မြန်မာသံတော်ဆင့်ဂျာနယ် အယ်ဒီတာအဖွဲ့ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးက ဒီနေ့ ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ် အမိန့်ချမှတ်လိုက်ရာမှာ ငွေဒဏ်ပေးဆောင်လိုက်ပါတယ်။
အဲဒီအမှုတွဲထဲမှာပါတဲ့ ၉ယောက်ကို အမှုကနေ ပလပ်ပေးလိုက်ပြီး ၂ယောက်ကို အပြစ်ရှိတယ်ဆိုပြီး အမိန့်ချတာကို မကျေနပ်တာကြောင့် အယူခံဆက်တင်သွားမယ်လို့ ရှေ့နေ ဦးဇော်လင်းက ပြောပါတယ်။

"တရားသူကြီးရဲ့ အမြင်အပေါ်မှာတော့ သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်ကြီး ပြောဖို့ခက်တယ်၊ ကျနော်တို့ ရှေ့နေ လုပ်ထားတာဆိုတော့ မကျေနပ်ရင် အပေါ်ဆက်တက်ရုံပဲရှိတယ်၊ တရားသူကြီးက သူ့သဘောထားနဲ့သူ ချလိုက် တာပဲလေ၊ ၁၁ ယောက်ထဲက တကယ်လည်းလွှတ်သင့်တဲ့ ၉ ယောက် လွှတ်လိုက်တာတော့ ဝမ်းသာပါတယ်၊ ဟိုနှစ်ယောက်ကိုလည်း လွှတ်သင့်တယ်လို့မြင်တယ်၊ ဒါကတော့ အမှုလိုက်ခဲ့တဲ့ ရှေ့နေတစ်ယောက်ရဲ့အမြင်ပေါ့၊ အယူခံတက်တယ်ဆိုတာ ဒဏ်ငွေမဆောင်ဘဲ တက်လို့မရဘူး၊ ဒဏ်ငွေမဆောင်ရင် ခြောက်လဆိုပြီးပါ တယ်၊ လောလောဆယ်ဒဏ်ငွေတော့ ဆောင်ရမှာပဲ၊ ဆောင်ပြီးတော့ဆက်တက်ပေါ့၊ အပေါ်မှာနိုင်ရင်တော့ ဒဏ်ငွေပြန်ထုတ်ပေးမှာပါ"

ထုတ်ဝေသူ၊ အယ်ဒီတာချုပ် ဦးကျော်စွာဝင်းနဲ့ ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းတို့ကို ထောင်ဒဏ် ၆ လ (သို့မဟုတ်) ငွေဒဏ် ၁၀သိန်းစီ ချမှတ်ခဲ့တာပါ။ ကျန်တဲ့အယ်ဒီတာအဖွဲ့ဝင် ၉ ယောက်ကို အမှုက ပလပ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၉ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်ထုတ်ဂျာနယ်မှာ ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းက ဗေဒါနိုင်ငံရေးသိပ္ပံကျောင်းအုပ် ဦးမျိုးရန်နောင်သိမ်းနဲ့ တွေ့ဆုံမေးမြန်းချက်ကဏ္ဍကို ဖော်ပြခဲ့ တာဖြစ်ပါတယ်။

အဲဒီမေးမြန်းချက်မှာ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်ခဲ့တာကို မဖြတ်တောက်ဘဲ ဂျာနယ်မှာ ဖော်ပြခဲ့တာကြောင့် ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက တရားလိုလုပ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၉(ဆ) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။


                                         မြူ နှင်း(အေးရိပ်ငြိမ်)

AIDS ရောဂါ အလိုလို ပျောက်ကင်းနေသူတစ်ဦး ရှိလာ



HIV ဗိုင်းရပ်စ် ရှိနေတဲ့ ၁၈ နှစ် အရွယ် ပြင်သစ် အမျိုးသမီးငယ် တစ်ဦး ဟာ ဘယ်လို ဆေးဝါး မျိုး ကို မှ မသုံးစွဲတာ ၁၂ နှစ် လုံးလုံး ရှိ နေပြီ ဖြစ် ပေမယ့် အခု သူ့မှာ ရောဂါ လက္ခဏာ တွေ တဖြည်းဖြည်း ကွယ် ပျောက် လာ နေ ပါတယ်။
မွေးကင်းစ မှာပဲ မိခင် ရောဂါသည် ဆီကနေ HIV ကူးစက် ခဲ့ ရပြီး၊ အသက် ၆ နှစ် အရွယ် ထိသာ HIV ထိန်းချုပ် ဆေး တွေ သောက်ခဲ့ ရသူ ဖြစ်တယ် လို့ AIDS ရောဂါ ဆိုင်ရာ နိုင်ငံတကာ ညီလာခံ ကျင်းပနေ တဲ့ သိပ္ပံ ပညာရှင် တွေ ကြားနာ ခဲ့ ရပါတယ်။

HIV ရောဂါ သမိုင်းမှာ ပထမဆုံး အနေနဲ့၊ အခု ဆိုရင် သူ့ရဲ့ သွေးထဲ မှာ HIV ဗိုင်းရပ်စ် ရှိနေတဲ့ ပမာဏ ဟာ တိုင်းတာ လို့ မရ လောက် အောင် လျော့ကျ သွားပြီ ဖြစ်ပါတယ်။



                                     မြူ နှင်း(အေးရိပ်ငြိမ်)

måndag 20 juli 2015

ကလေးအကလေးအထူးကုနှင့်သားဖွားမီးယပ်အထူးကုမရှိသောမြို့

ကလေးအထူးကုနှင့်သားဖွားမီးယပ်အထူးကုမရှိသောမြို့

ကလေးအထူးကုမရှိသော မြို့နှင့် သားဖွားမီးယပ်အထူးကုမရှိသောမြို့ ဟုဆိုလျှင်မြူ နှင်းလွန်ရာကျအုံးမည် 
ကော့သောင်းမြို့တွင် ကလေးအထူးကုမရှိတဲ့အတွက်ယာယီတာဝန်ထမ်းဆောင် ဆရာဝန်တစ်ယောက်မှ ကလေးအထူးကုဆိုပြီး 

ကလေးအထူးကုထိုင်ခုံတွင်ဝင်ရောက်ထိုင်နေသည်မှာ အများအသိပင်ဖြစ်ပါသည်။ အထက်မှ ထိုနေရာအတွက် အထူးကုဆရာဝန်ချပေးသော်လည်း ထိုဆရာဝန်များမှာ တနင်္လာမှ သောကြာနေ့အထိ ကော့သောင်းတွင်တာဝန်ထမ်းဆောင်ပြီး ကျန်ရက်များတွင် မြိတ်နှင့်ထားဝယ်တွင် တာဝန်ထမ်းဆောင်နေပါသည် ထိုသို့ဖြစ်ပျက်နေသည်မှာ ကော့သောင်းရွှေမြို့တော်အတွက်မဖြစ်သင့်သည့်ကိစ္စဖြစ်နေသည့်အတွက် တာဝန်ရှိသူများမှ အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးစေချင်ပါသည် ။ 

ထိုသို့တာဝန်ဖြင့်လာရောက်သည့်အထူးကုများကိုလည်း မြို့ခံများနှင့် ကော့သောင်းမှ တာဝန်ရှိပိုဂ္ဂိုလ်များအနေဖြင့် ဖက်လှဲတကင်း ဧည့်ဝတ်ပျူ ငှါ စေချင်ပါသည် ထိုဆရာဝန်များ အဘယ့်တွက်ကြောင့်ကော့သောင်းရွှေမြို့တော်တွင် တာဝန်မထမ်းဆောင်ချင်ပါနည်း ။အထူးကုဆရာဝန်များအနေဖြင့်လည်း သွားလိုက်လာလိုက်နှင့် ကော့သောင်းတွင် သူတို့အတွက်နေစရာများကို ဌာနဆိုင်မှ ဖန်တီးပေးခြင်းများ အလိုရှိပါမည် သူ့ဖာသာသူ သွားလိုက်လာလိုက် မေးမြန်းခြင်း အလျင်းမရှိ အဘယ်ကဲ့သို့ နေထိုင်သနည်း အဆင်ပြေရဲ့လား စသဖြင့်မေးမြန်းခြင်း ၊လိုအပ်တာ ကူညီဆောင်ရွက်ပေးခြင်းမျိုး လည်းမရှိသည့်တွက် ထိုသို့ တာဝန်ကို မယူရဲကြောင်း ဆရာဝန်တစ်ဦးပြောကြားသဖြင့် သိရှိခဲ့ရပါသည် ။

 အဏ၀ါရပ်ကွက်နေ ကိုမောင်မောင်ဆိုသူသည် သူ့ကလေးနေမကောင်းသဖြင့် အမည်မဖေါ်ပြချင်တော့သည့် ဆေးရောင်းဆိုင်နှင့်တွဲလျက် ကလေးအထူးကုဆိုသူနှင့်ပြကြည့်ရာ ဆေးရုံမတင်ဘဲဆေးခန်းတွင်ကြိတ်ကုပြီး အခြေနေမကောင်းတော့မှ ဆေးရုံတင်ခိုင်းသည့်အတွက် ဆေးရုံတွင်အပူတပြင်း အရေးတကြီး ကုသလိုက်ရသည့်အတွက် လူနာရှင်များမှာ အများကြီးနစ်နာကြရပါသည်။ ပုလောတုံတုံးမှမသူဇာဆိုသူသည်လည်းထိုသို့သောအဖြစ်မျိုးကြုံရသည့်အတွက် 

ပိုက်ဆံတတ်နိုင်သည့်သူဖြစ်နေသဖြင့် ရနောင်းဆေးရုံသို့ အချိန်မှီတက်ရောက်ကုသလိုက်မှ ကလေးမှာ အသက်ရှင်ခွင့်ရသွားပါသည်။ ထို့သို့အဖြစ်မျိုးနောင်မဖြစ်ရလေအောင် ကော့သောင်းမှ သက်ဆိုင်ရာတာဝန်ရှိများအနေဖြင့် တာဝန်ယူစေချင်သောကြောင့်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ 

                                            မြူ နှင်း(အေးရိပ်ငြိမ်)

söndag 19 juli 2015

လေးစားသင့်တဲ့ ကော့သောင်းမြို့က ပြည်ခိုင်ဖြိုးအသင်းသားများ

လေးစားသင့်တဲ့ ကော့သောင်းမြို့က ပြည်ခိုင်ဖြိုးအသင်းသားများ 

ကျမတစ်ခုပြောပြချင်ပါတယ် ဒီလိုပြောလို့ ကျမက ပြည်ခိုင်ဖြိုးပါတီဝင်ဘဲ့လို့ အထင်မရောက်စေချင်ဘူး ကော့သောင်းမြို့ပေါ်က ပြည်ခိုင်ဖြိုး တွေ ပြည်သူတွေ လိုအပ်ချက်ကို တကယ် ကူညီပေးနေတာ မြင်ရတဲ့အတွက် ကျမ ကိုယ်တိုင် လေးစားမိပါတယ်ရှင့် လူကြီးမင်းများအနေဖြင့်ကြည့်ပါ ကော့သောင်းမြို့ ပြည်ခိုင်ဖြိုးဝင်တစ်ယောက် ဘယ်သူ့ကိုစော်ကားလိုက်တာမြင်ဖူးသလဲ ဒါ ကျွန်မ အရှိကိုအရှိအတိုင်းပြောလိုက်တာပါ ဘယ်လိုမှ ကျွန်မအပေါ်မထင်စေချင်ပါ ဒါ ကိုကြည့်ပြီးပြောလို့ ဒါဘဲ့လားဆိုပြီးမမေးချင်ကြပါနဲ့ ကျွန်မ က သဘောကိုပြောပြတာပါ  ကျွန်မဟာ ဘယ်ပါတီဝင်မှမဟုတ်တဲ့အတွက် ဘယ်ပါတီကောင်းတယ်မကောင်းဘူးမပြောလိုပါ  လက်ရှိ အခြေနေကိုပြောပြတာပါ  ဒါဆိုရင် NLD ပါတီမကောင်းဘူးလား မမေးပါနဲ့ ကျွန်မ ပြောတာက အာဏာရပါတီတစ်ခုအနေနဲ့  ကော့သောင်းမြို့မှာ မောက်မာရိုင်းစိုင်းတာမရှိတာကိုပြောပြချင်တာပါ။ စာဖတ်သူမိတ်ဆွေများအားလုံးကိုကျေးဇူးတင်လျှက် 



 အေးရိပ်ငြိမ်အောင်တော်မှုဘုရားပေါ်တွင်ပြည်ခိုင်ဖြိုးအသင်းသားများ လုပ်အားပေးနေပုံ
ဓါတ်ပုံ---မောင်နိုင် မှကူးယူဖေါ်ပြပေးပါသည်။
                                             မြူ နှင်း(အေးရိပ်ငြိမ်)

ရေကျော်လမ်း ပုလောတုံတုံးတံတားအလွန်

 ရေကျော်လမ်း ပုလောတုံတုံးတံတားအလွန်
ပုလောတုံတုံးတံတား ရှည်အလွန် တံတားငယ် မရောက်ခင် လမ်းမှာ ရေအမြင့်ပေထက်နှိမ့်လွန်းမက နှိမ့်နေသည်ကို သက်ဆိုက်ရာအာဏာပိုင်မှာ မသိမဟုတ်သိသိကြီးနှင့် ဘာအတွက်ကြောင့်များ မလုပ်ပေးသလည်း ဆိုတာ သက်ဆိုင်ရာအာဏာပိုင်များအထက်မှ သက်ဆိုင်ရာတာဝန်ရှိများ သိစေရန် ပုံနှင့်တစ်ကွဖေါ်ပြပေးလိုက်ရပါသည် ။

                          (ဓါတ်ပုံကို-----Phoe Htoo မှကူးယူဖေါ်ပြပေးသည်)


                                            မြူ နှင်း(အေးရိပ်ငြိမ်)

ပုလောတုံတုံးမှအများအကျိုးကို ဆောင်ရွက်ပေးသူမို့ ဂုဏ်ပြု လို့ အများသိစေရန်တင်ပြအပ်ပါသည်

ပုလောတုံတုံးကျေးရွာမှ အများအကျိုးကို ဆောင်ရွက်ပေးသူမို့ ဂုဏ်ပြု လို့ အများသိစေရန်တင်ပြအပ်ပါသည်
အများအကြိုး ရွယ်သယ်ပိုးသူ
ဟိုတစ်လော ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာ အဆင်းလမ်းကောင်းမွန်လာစေ
ချင်တဲ့စေတနာ
နိုင်ငံတော်အကြီးအကဲများ ခဏ ခဏလာစေချင်
သည်ကော့သောင်းမြို့ဆီ ဆိုတဲ့ခေါင်းစဉ်နဲ့
စာတစ်ပုဒ် တင်ခဲ့ဖူးပါတယ်

ဒီစာပိုက်မှာလိုသွားတာက တစ်ခါတစ်လေ အဲဒီလမ်း
ကလေးဟာ လူကြီးတွေမလာလည်း ကောင်းမွန်တဲ့
အခါကောင်းနေတတ်ပါတယ်

အခုအခါမှာတော့ ဒီလမ်းလေး ပျက်စီးသွားတဲ့အချိန်
တိုင်းလိုလို ဂရုတစ်စိုက်နဲ့ လမ်းကလေး သွားလာရအဆင်
ပြေကောင်းမွန်သွားအောင် ပြုပြင်ပြီး ကုသိုလ် ယူနေတတ်တဲ့ လူတစ်ယောက်အကြောင်းကို
ရေးသားဂုဏ်ပြုမိတ်ဆက်ပေးမှာဖြစ်ပါတယ်

သူ့အမည်ကို ပုလုံးတုံတုံးရွာသူ/သားများခေါ်တာက
တော့ ဦးမော်စီတုံးလို့ခေါ်ကြပါတယ်

သူဟာ ဒီရွာလေးကိုသွားတဲ့လမ်းကလေး
ပျက်စီးပြီး သွားလာရ အခက်အခဲဖြစ်တဲ့အချိန်တိုင်းမှာ
နှစ်ပေါင်းများစွာ
မိမိရဲ့ အလုပ်အကိုင်တွေ၊အချိန်တွေ၊ငွေတွေ
များစွာအကုန်ခံပြီး လူအများသွားလာရအဆင်ပြေ
အောင်အမြဲတမ်းဂရုတစ်စိုက်နဲ့ ပုံ ပါအတိုင်းပြုပြင်နေ
တတ်ပါတယ်

တစ်ကယ်လို့မိတ်ဆွေများ ပုလုံးတုံတုံးကျေးရွာသို့
အလည်သွားလို့ဘဲ့ဖြစ်ဖြစ်တစ်ခေါက်တစ်ခါရောက်
သွားလို့ ထိုလမ်းကလေးသွားလာရ အဆင်ပြေနေပါ
လျှင် ချီးမွန်းရမည့်သူ ကျေးဇူးတင်ရမယ့်သူက
ဒီမော်စီတုံးဆိုတဲ့လူကြောင့်လို့မှတ်ထားပေးပါ

ဒါကြောင့် ထိုpost ကိုဖတ်မိကြသော ကော့သောင်း
သား/သူများ
မိတ်ဆွေများ
ပုလုံးတုံတုံးကျေးရွာ၌နေထိုင်ပြီး အများအကျိုးကို
ဆောင်ရွက်နေသော
ဦးမော်စီတုံးဆိုသောလူကြီးကို ဝမ်းမြှောက် ဂုဏ်ယူ
သာဓုခေါ်ဆို ချီးမွန်းပေးကြပါရန်
အများအကြိုး သယ်ပိုးသူဆိုသောခေါင်းစဉ်ဖြင့်
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။











                                             မြူ နှင်း(အေးရိပ်ငြိမ်)

ခမောက်ကြီး မှဆင်းရဲသားများအတွက်ကြည့်စေချင်

သို့
နိုင်ငံတော်သမ္မတကြီးသိစေရန်
 ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် ဆင်းရဲသားပြည်သူများအား
ုလုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစားပြု၍ မြို့နယ်အုပ်ချုပ်ရေးမှုး-
ဦးကျော်တင်မိုး နှင့်လူတစုက အနိုင်ကျင့်ပြုလုပ်နေကြပါသည်။
နေစရာအိမ်မရှိတဲ့ရွာသူရွာသားများအတွက်တိုးချဲ့ကွက်သစ်ဖေါ်ထုတ်ခဲ့
သော်လည်း ခမောက်ကြီး ထွေ/အုပ်မှ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးမှအိမ်ယာ
ကွက်များကိုရောင်းစားခဲ့ပါသည်။ခမောက်ကြီးမြို့သို့လာရောက်သောလူကြီး
များအားတိုင်ကြားခဲ့သော်လည်းမည်သူမှအရေးယူဆောင်ရွက်ပေးခြင်းမရှိပါ။
ဆင်းရဲသားများမြေကွက်တွင်အိမ်ဝင်ဆောက်သည့်အခါ မြို့နယ်အုပ်ချုပ်ရေးမှူးမှ
စာဖြင့်တားမြစ်နှင်ထုတ်ပါတယ်။မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်တင်မိုး နှင့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးကြည်လွင်တို့ပေါင်းပြီး လက်သိပ်ထိုးရောင်းစားကြပါသည်။
၎င်းတို့၏ကိုယ်ကျိုးအတွက်ငွေလိုလျှင် မြေကွက်တွေထုတ်ရောင်းနေကြပါသည်။
ဥပမာ-မြို့နယ်အုပ်ချုပ်ရေးမှူးသင်တန်းသွားရန် နှင့် ၄င်းရုံးမှစာရေးမဆိုင်ကယ်တိုက်လို့
ပေးရန်ငွေလိုလို့  စသည်ဖြင့်ငွေလိုသည့်အခါ လက်သိပ်ထိုးရောင်းစားပါသည်။
ဆင်းရဲသားပြည်သူများအတွက်နေစရာမရှိ၍၀င်ရောက်နေထိုင်တော့လည်း ချိမ်းခြောက်
ခြင်းကိုခံနေရပါသည်။မြို့နယ်/ခရိုင်တွေအုပ်တို့မှလည်းဆောင်ရွက်ပေးခြင်းမရှိပါ။
ဝန်ထမ်းများလစာငွေတိုးသော်လည်း ခမောက်ကြီးထွေ/အုပ်တွင်လဒ်စားမှုတွေအလွန်
များပါသည်။ရုံးအုပ် ဦးမြင့်လွင် ဆိုလျှင်ခေတ်အဆက်ဆက် မြေကွက်တွေလက်ညှိုးထိုး
ရောင်းစားပါသည်။(၆)ခန်းတွဲဝန်ထမ်းအိမ်ယာတွင် (၁)ခန်း(၃၀၀၀၀ိ/)ဖြင့်ငှါးရမ်းရာ
လက်ရှိ လ-၀-က ၀န်ထမ်းတစ်ဦးနေထိုင်လျှက်ရှိပါသည်။လိုင်းခန်းအနောက်တွင်လည်း
ဝက်သားသည်နှင့်ပဲပြုတ်သည်တို့ကိုငှါးရမ်းထားသော်လည်း အကျင့်ပျက်ဝန်ထမ်းအား
အုပ်ချုပ်ရေးမှူးမှအရေးယူခြင်းမရှိပါ ။သူတို့ကပြောပါသေးသည်-ုကြိုက်တဲ့နေရာတိုင်-
ဂရုမစိုက်ဘူး..အင်တာနက်လည်းမောရုံဘဲတဲ့ ။
ခမောက်ကြီးမြို့နယ်ခွဲအုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ၏ မတရားသော
လုပ်ရပ်များအား လာရောက်စစ်ဆေးပြီး ထိရောက်စွာအရေးယူပေးပါရန်တင်ပြအပ်
ပါသည်။

                                           မြူ နှင်း(အေးရိပ်ငြိမ်)

မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီးကို အလေးပြုရမှာ ဝန်လေးသလောက်



ဆရာကြီး ဒေါက်တာ သန်းထွန်းပြောခဲ့တဲ့ စကား “သမိုင်းသင်တာ မ အ အောင်လို့” တဲ့။
မြန်မာနိုင်ငံမှာ အာဏာအရှိဆုံးလို့ ပြောနေကြတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ကို သွားတော့ ဗိုလ်မိုးကြိုး လို့ မြန်မာနာမည် ခံထားတဲ့ ဗိုလ်မှူးကြီး ဆူဇူကီး ခဲဂျိရဲ့ အုတ်ဂူမှာ လွမ်းသူ့ပန်းခွေချ အလေးပြုတဲ့ သတင်း ဖတ်ရတယ်။ “မ အ အောင် သမိုင်းသင်ရမယ်” ဆိုတာ ဒီတော့မှ ပိုပြီး သဘောပေါက်မိတယ်။

ဗိုလ်မှူးကြီး ဆူဇူကီးကို မြန်မာ့တပ်မတော် ဖွဲ့စည်းထူထောင်ရာမှာ အဓိက အရေးပါတဲ့ ပုဂ္ဂိုလ်တဦးအဖြစ် အတော်များများ ထင်မှတ်နေကြပါတယ်။

ဗိုလ်မှူးကြီး ဆူဇူကီး ဘာတွေ လုပ်ခဲ့သလဲ။ ၁၉၄၁ ခုနှစ်တုန်းက ဗြိတိသျှ လက်အောက်ခံ မြန်မာနိုင်ငံကို မိနာမိ မာဆုယော ဆိုတဲ့ နာမည်တမျိုးနဲ့ လာပြီး လျှို့ဝှက် စစ်ရေး၊ ထောက်လှမ်းရေး တာဝန်တွေ လုပ်ဆောင်ခဲ့တယ်။ မျိုးချစ်စိတ်ရှိတဲ့ မြန်မာလူငယ်တွေ သတင်းကို ရယူစုဆောင်းပြီး အင်္ဂလိပ်ကို တော်လှန်ချင်တဲ့ ဒီလူငယ်တွေကို စည်းရုံးသိမ်းသွင်းဖို့ လုပ်ဆောင်ခဲ့တယ်။

အဲဒီအထဲက မြန်မာ လူငယ်ခေါင်းဆောင် သခင်အောင်ဆန်းကို စည်းရုံးလို့ သမိုင်းဝင်မယ့် ရဲဘော်သုံးကျိပ်ကို ဂျပန်ကို ခေါ်ယူပြီး စစ်ပညာ လေ့ကျင့် သင်ကြားပေးခဲ့တယ်။ ဗိုလ်မှူးကြီး ဆူဇူကီးရဲ့ မီနာမိကီကန် (南機関) အစီအစဉ်နဲ့ မြန်မာ့လွတ်လပ်ရေး တပ်မတော်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းခဲ့တာမို့ ဗိုလ်မှူးကြီး ဆူဇူကီးဟာ မြန်မာ့တပ်မတော်ကို ပျိုးထောင်ခဲ့တဲ့ အဓိက ပုဂ္ဂိုလ်ကြီးလို့ ထင်မှတ်စရာပါ။

မီနာမိကီကန် (南機関) ဆိုတာ ဂျပန်ဘာသာနဲ့ဆိုရင် တောင်ပိုင်းအဖွဲ့လို့ အဓိပ္ပာယ်ရတယ်။ တကယ်တော့ ဗိုလ်မှူးကြီး ဆူဇူကီးရဲ့ နာမည်ဝှက် မီနာမီ မာဆုယောက မီနာမိကို ယူပြီး မီနာမိဦးဆောင်တဲ့ အဖွဲ့လို့ ခေါ်ဆိုတာ ဖြစ်တယ်။ ဒီအဖွဲ့ဟာ ဂျပန်ကြည်းတပ်နဲ့ ရေတပ်ရဲ့ ပူးတွဲ ထောက်လှမ်းရေး၊ လျှို့ဝှက်စစ်ဆင်ရေး ပဉ္စမံတပ်ဖွဲ့ပါဘဲ။

မီနာမိကီကန်က စစ်ပညာလေ့ကျင့်သင်ကြားပေးလိုက်တဲ့ မြန်မာခေါင်းဆောင် ရဲဘော်သုံးကျိပ်က ဗိုလ်နာမည်တွေ မှည့်ကြတော့ ဗိုလ်မှူးကြီး ဆူဇူကီးလည်း ဗိုလ်မိုးကြိုးဆိုတဲ့ မြန်မာဗိုလ်ဘွဲ့ ခံယူခဲ့တယ်။ (အဲဒီအချိန်တုန်းက လူသိများတဲ့ ထီးရိုးကို မိုးကြိုးပစ်မည် ဆိုတဲ့ တဘောင်အတိုင်း အတိတ်နိမိတ်ယူတာလို့ ဆိုပါတယ်။)

ဗိုလ်မှူးကြီး ဆူဇူကီး ဦးဆောင်တဲ့ မီနာမိ ကီကန်ရဲ့ အစီအစဉ်အတိုင်း ရဲဘော်သုံးကျိပ်နဲ့ ဘီအိုင်အေ မြန်မာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းပြီး ဂျပန်စစ်တပ်က လက်နက်တပ်ဆင် ထောက်ပံ့ခဲ့တယ်။ တပ်ဦးက ဘီအိုင်အေကို တင်ပြီး ဂျပန်စစ်တပ်ဟာ မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါတွေဟာ အားလုံး သိပြီးသား သမိုင်းဖြစ်ရပ်တွေပါပဲ။

ဒီတော့၊ ဗိုလ်မှူးကြီး ဆူဇူကီးကို မြန်မာ့တပ်မတော် ထူထောင်ပေးတဲ့ ကျေးဇူးရှင်ကြီးအဖြစ် ထင်သူတွေ ထင်ကြတာပေါ့။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို စတင်ခဲ့တဲ့ နေဝင်းဆိုရင် ဗိုလ်မှူးကြီး ဆူဇူကီးနဲ့ မီနာမီကီကန် အဖွဲ့ဝင်တွေကို တခမ်းတနား ဂုဏ်ပြုခဲ့တယ်။ “အောင်ဆန်းတံခွန်” ဆိုတဲ့ နိုင်ငံတော်ဘွဲ့တမျိုးနဲ့တောင် ချီးမြှင့်ခဲ့ပါသေးတယ်။

အမှန်ကတော့၊ ဗိုလ်မှူးကြီး ဆူဇူကီးဟာ ကျရာတာဝန်ကို ထမ်းဆောင်ရတဲ့ စစ်အရာရှိ တယောက်သာ ဖြစ်တယ်။ သူ့ကို တာဝန်ပေးထားတဲ့အတိုင်း ကျေပြွန်အောင် လုပ်ဆောင်တာက လွဲပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထု ကောင်းကျိုးအတွက် ဘာတခုမှ အပိုမလုပ်ခဲ့ပါဘူး။

နောင်တချိန်၊ မြန်မာ့သမိုင်းမှာ အရေးပါ ထင်ရှားလာမယ့် လူငယ်ခေါင်းဆောင် ရဲဘော်သုံးကျိပ်ကို စစ်ပညာ သင်ကြားပေးရတာလည်း အထက်က အမိန့်အတိုင်း လုပ်တာပါ။ သူ့နေရာမှာ တခြား ဂျပန်ဗိုလ်မှူးကြီး တယောက်ယောက်ကို တာဝန်ပေးရင်လည်း ဒီအတိုင်းပဲ လုပ်ကြမှာပါပဲ။ ဗိုလ်မှူးကြီး ယာမာဒါ ဖြစ်ဖြစ်၊ ဗိုလ်မှူးကြီး မူရာယာမဖြစ်ဖြစ်၊ ဗိုလ်မှူးကြီး ဆိုက်တိုဖြစ်ဖြစ်၊ ဘယ်သူမဆို လုပ်ဆောင်ရမယ့် တာဝန်တွေ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ဆူဇူကီးက စေတနာဗလဝနဲ့ မြန်မာ့အကျိုး လုပ်ဆောင်ပေးတာမဟုတ်ပါဘူး။ သူ့စစ်တပ်နဲ့ သူ့ဧကရာဇ်ရဲ့ သစ္စာကို စောင့်သိနာခံပြီး လုပ်ပေးခဲ့တဲ့ အလုပ်တာဝန်တွေသာ ဖြစ်ကြောင်း သဘောပေါက်စေလိုတယ်။

ဒါကြောင့်မို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ကို တော်လှန်ဖို့ စီစဉ်တော့ ဗိုလ်မိုးကြိုးကို လုံးဝ အသိပေး တိုင်ပင်ခြင်း မရှိခဲ့ပါဘူး။ အသိပေးလိုက်ရင် ဗိုလ်မှူးကြီး ဆူဇူကီးက ဗိုလ်ချုပ်အောင်ဆန်းကို ကင်ပေတိုင်လက်ထဲ အပ်ပြီး ရေနွေးပူလောင်း၊ လက်သည်းခွံခွာခိုင်းမှာ မြေကြီးလက်ခတ်မလွဲဘူး။

ဆိုလိုချင်တာက ဗိုလ်မှူးကြီး ဆူဇူကီးဟာ သူ့တာဝန်ကိုသာ သူလုပ်တာ ဖြစ်ပြီး၊ မြန်မာ့အကျိုးအတွက် မဟုတ်ဖူးဆိုတာ ထောက်ပြချင်တာပါ။

ဒါဖြင့်ရင် မြန်မာ့တပ်မတော်ဖွဲ့ဖို့ ဘယ်သူက အဓိကလဲ။ သီချင်းကိုပဲ ပြန်နားထောင်ကြည့်ပါ။ မြန်မာ့တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်… တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်… သူရဲကောင်းတဲ့… ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်… တဲ့၊ ကဲ ရှင်းပြီလား။

ဗိုလ်အောင်ဆန်းနဲ့ ရဲဘော် သုံးကျိပ်ဟာ ကိုယ်ကျိုးစီးပွားကို လုံးဝ မမျှော်ကိုးဘဲ တိုင်းပြည်ချစ်စိတ်သက်သက်နဲ့ ဘဝကို ရင်းပြီး လုပ်ဆောင်ခဲ့ကြသူတွေပါ။ သူများခိုင်းလို့ မဟုတ်ဖူး၊ သူများ တာဝန်ပေးလို့ လုပ်ရတာမဟုတ်ဖူ။ ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်နဲ့ တိုင်းပြည်အတွက် အသက်ပေးပြီး ဗမာ့တပ်မတော်ဖွဲ့ခဲ့တာ ဗိုလ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဆိုတာ ရှင်းပြီလား။

ခုတော့ ကြည့်ပါဦး။ တပ်မတော်ရဲ့ ဖခင်ရင်း ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်ကို အာဇာနည်နေ့မှာတောင် တခါမှ သွားပြီး အလေးမပြုတဲ့ မြန်မာ့ ကာကွယ်ရေးဦးစီးချုပ်ကြီးက ဂျပန်ပထွေးရဲ့ အုတ်ဂူကိုတော့ တကူးတကန့် သွားပြီး လွမ်းသူ့ပန်းခွေချ အလေးပြုလာခဲ့သတဲ့။

ရာဇဝင်ရိုင်းတယ်ဆိုတာ အဲဒါပဲ။


                                               မြူ နှင်း(အေးရိပ်ငြိမ်)

onsdag 15 juli 2015

ဖေ့စ်ဘုတ်မှ သွေးထိုးလှုံဆော်သူအမျိုးသားရေးဝါဒီသူရဲကောင်း

 ဖေ့စ်ဘုတ်မှဘာသာရေး သွေးထိုးလှုံဆော်နေသူ အမျိုးသားရေးဝါဒီသူရဲကောင်း
ဖေ့စ်ဘုတ်မှ လူမျိုးရေး ၀ါဒမှိုင်းတိုက်နေသူ(အမျိုးသားဝါဒီ သူရဲကောင်း)ဆိုသူသည် သခင်ခက်ထန် ဆိုသည့် ကလောက်ဖြင့် လူမျိုးရေးမှုန်းတီးမှု မွတ်စ်လင်မ်များနှင့်ခိုက်ရန်ဖြစ်ပွားမှု့များကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသဖြင့် မြန်မာပြည်တွင်းနေ သူများ နားမယောင်မိကြရန်အထူးအရေးကြီးလှနေပါသည်။ ထိုအမျိုးသားရေးဝါဒီသူရဲကောင်းဆိုသည့် အကောင့်ကို ညီညီညွတ်ညွတ်ဖြင့် ရီပို့ဝိုင်းထုလိုက် ဖို့ ဒီနေရာကနေ အားလုံးသိနိုင်အောင် အထူးသတိထားနိုင်ကြစေရန် အသိပေးနိုးဆော်လိုက်ရပါသည်။


                                       မြူ နှင်း(အေးရိပ်ငြိမ်)

အစိုးရအနေနဲ့ ၂ဝ၁၂ ခုနှစ်ကစပြီး ကားတင်သွင်းခွင့်ပါမစ်တွေ ချပေးခဲ့တဲ့နောက်ပိုင်း ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုမိုဆိုးဝါးလာတာဟာ ခုံးကျော်တံတားတွေ ဆောက်လုပ်ပေမယ့်လည်း ထူးခြားမလာတော့ပါဘူး။ လမ်းကြပ်မှုတွေဟာ နေ့စဉ်သွားလာနေတဲ့ ပြည်သူတွေလည်း စိတ်ညစ်ရသလို အငှားယာဉ်မောင်းသမားတွေရဲ့ စားဝတ်နေရေးကိုလည်း ထိခိုက်လာပါတယ်။

အငှားယာဉ်မောင်းတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရွှေတိဂုံဘုရား မြောက်ဖက်မုဒ်က တက္ကစီအသင်းဝင်ပေါင်း ၆ဝ ကျော်လောက်ရှိတဲ့ သွေးဆေးကန် taxi family ကိုသွားပြီးလေ့လာမိတဲ့အခါ နေ့စဉ် owner ကြေးပေးပြီး လုပ်ကိုင်နေသူတွေဟာ ပိုပြီးအထိနာနေတယ်လို့ ပြောပြခဲ့ကြပါတယ်။

ယာဉ်ကြောတွေအရမ်းကြပ်လာလို့ owner ကြေးနဲ့ ဆီဖိုးရအောင် တော်တော်လေးရုန်းကန်နေရပြီး ကိုယ့်အိတ်ထဲက မစိုက်ရအောင် ကြိုးစားနေရတယ်လို့ ဆိုလာသူက အငှားယာဉ်မောင်း ကိုတင်မောင်မောင်ပါ။

ဆီဈေးကိုဂရုစိုက်နေရတဲ့ကြားထဲ တက္ကစီရပ်နားထားဖို့ သီးသန့်သတ်မှတ်ပေးထားတဲ့ နေရာမရှိဖြစ်နေပြီး လိုင်စင်ထပ်ဝင်ရသလိုမျိုး City Taxi ဆိုပြီး မထသက နှစ်စဉ်ကြေးကောက်တာတွေလည်း ရှိသေးတယ်လို့ ပြောပြပါတယ်။

၇နှစ်လောက်ကြာအောင် တက္ကစီမောင်းလာခဲ့တဲ့ ကိုဇော်မင်းဦးကတော့ အရင်နဲ့အခု owner ကြေး အတူတူဖြစ်ပေမယ့် နေရာအတော်များများမှာ ကားတွေကြပ်နေတာမို့ လမ်းကြောင်းမှားပြီးလိုက်မိရင် တစ်ရက်လုံးကို အော်ဒါတစ်ခုတည်းနဲ့ ပြီးသွားတာမို့ ကားသမားတွေ တော်တော်ဒုက္ခခံနေရတယ်လို့ ဆိုပါတယ်။

တက္ကစီသမားတွေဟာ ကြိုးစားပြီးငွေရှာမှ ထမင်းစားနိုင်ရုံသာ သူတို့အတွက်ကျန်သလို ယောက်ျားတစ်ယောက်တည်း ရှာတဲ့ဝင်ငွေဟာ မိသားစုအတွက် အဆင်မပြေတော့ဘူးလို့ ကိုဇော်မင်းဦးက ပြောပါတယ်။ လက်ရှိအခြေအနေအရ တက္ကစီသမားတွေထဲမှာ owner တွေသာ တောင့်ခံနိုင်တာမို့ အငှားသမားတွေကတော့ တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမျိုးတွေရှိနေတာကြောင့် အားလုံးကံကောင်းပါစေလို့ သူက ဆုတောင်းပေးခဲ့ပါတယ်။


                                            မြူ နှင်း(အေးရိပ်ငြိမ်)
 

သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ ဝင်မဝင် မသေချာ

ရွေးကောက်ပွဲ ဝင်မယ် ဆိုရင် စာရင်း တင်သွင်းဖို့ အချိန် ရသေး တယ်လို့ ဆိုပါတယ် 
 သမ္မတ ဦးသိန်းစိန် အနေနဲ့ လာမယ့် ရွေးကောက်ပွဲ ဝင်မဝင် ဆိုတာ စဉ်းစား သုံးသပ် နေဆဲ ဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

'ပြိုင်ချင်လည်း ပြိုင်မယ် မပြိုင်ချင်လည်း မပြိုင်ဘူး' ဆိုတာ သမ္မတ ကိုယ်တိုင် ဆုံးဖြတ် ရမှာ ဖြစ်ပြီး၊ ရွေးကောက်ပွဲ ဝင်ရေး စာရင်း တင်သွင်းဖို့ ကလည်း အချိန် ရသေး တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့ သူ့ရဲ့ ကျန်းမာရေး အခြေအနေ အရ လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် တော့မှာ မဟုတ်ဘူး ဆိုတဲ့ သတင်းကို တနင်္လာနေ့က ဘီဘီစီ အပါအဝင် သတင်း မီဒီယာ တွေမှာ ဖေါ်ပြခဲ့ကြ ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ တာဝန်ကို လက်ရှိ ယူထားတဲ့ သူရ ဦးရွှေမန်း ဆီကို ဦးသိန်းစိန် ပေးပို့ ခဲ့တဲ့ စာမှာ အဲဒီလို ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီစာကိစ္စ သတင်း ထုတ်ပုံနဲ့ ပတ်သက်ပြီးလည်း အငြင်းပွားဖွယ် ရှိတယ်လို့ ဦးဇော်ဌေး က ဆိုပြန်ပါတယ်။

ပုံမှန် ဆို သမ္မတရုံး၊ ဒါမှမဟုတ် ပြည်ထောင်စု အစိုးရ အဖွဲ့၊ ဒါမှမဟုတ် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ၊ ဒါမှမဟုတ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ် ပြန်ရမှာ ဖြစ်ပြီး၊ အခု ထုတ်ပုံ ထုတ်နည်း ထုတ်တဲ့ ပုံက မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒုတိယ သမ္မတ သက်တမ်း ဆက်လုပ် မလုပ် ဆိုတာနဲ့ ပတ်သက်ပြီး တော့လည်း သမ္မတ အနေနဲ့ တိုင်းပြည်ရဲ့ အခြေအနေ၊ ပြည်တွင်း နိုင်ငံရေး အခြေ အနေ နဲ့ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူတွေရဲ့ အနေ အထား အပေါ် စဉ်းစား သုံးသပ် မယ်လို့ ပြောထားတာ ရှိကြောင်းကို ဦးဇော်ဌေးက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။


                                         မြူ နှင်း(အေးရိပ်ငြိမ်)