အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 28 april 2015

ကော့သောင်းမြို့ တရားရုံးက တရားသူကြီးဦးကျော်လင်းရဲ့ မတရားစီရင်ချက်-



ကော့သောင်းမြို့ တရားရုံးက တရားသူကြီးဦးကျော်လင်းရဲ့ မတရားစီရင်ချက်-


 ကော့သောင်းမြို့နယ် ဘန်းကချွန်ကျေးရွာအုပ်ချူပ်ရေးမှူးဦးထွန်းဦးနဲ့ ရာအိမ်မှူးတွေက 
 ဘန်းကချွန် မီးသတ်က တပ်ကြပ်ကြီးဦးဟမယ်ကို ထိပ်တုံးထဲတစ်နာရီလောက်ထည့်ပြီး ၀ိုင်းဝန်းထိုးကြိတ်ကန်  ကျောက်ကြပါတယ်။(17.2.2013)ရက်နေ့က ဘန်းကချွန်ကျေးရွာအုပ်ချူပ်ရေးမှူးရုံးမှာဖြစ်တာပါ။
  
 အထိုးခံရတဲ့ ဦးဟမယ်က ဆေးရုံပြပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး တရားစွဲဆိုခဲ့ပါတယ်၊ ထိပ်တုံးခတ်  ၀ိုင်းဝန်းထိုးကြိတ်တဲ့ကျေးရွာ အုပ်ချူပ်ရေးမှူးကလည်း ဦးဟမယ်ကိုပြန်ပြီးတရာစွဲပါတယ်  ၀တ္တရားနှောက်ယှက်မှု့ပါတဲ့ ထိပ်တုံးထဲထည့်ပြီး မတရားအထိုးခံရတဲ့သူက ဘယ်လိုဝတ္တရားများနှောက် ယှက်မိသလဲမသိပါဘူးဗျာ။
    
 23.4.2015 ရက်နေ့တရားရုံးမှာ ဒုမြို့နယ်တရားသူကြီး ဦးကျော်လင်းထွန်းကအမိန့်ချပါတယ်   ထိပ်တုံးခတ် အထိုးခံရတဲ့ ဦးဟမယ်မှာ တာဝန်ဝတ္တရားနှောက်ယှက်တဲ့အတွက် ဒဏ်ငွေတစ်ထောင် ပေးဆောင်စေ၊ မပေးဆောင်နိုင်ရင် ထောင်ဒဏ်တစ်လ ကျခံစေတဲ့.။
ထိပ်တုံးခတ်ပြီး ထိုးကြိတ်တဲ့အုပ်ချူပ်ရေးမှူး ဦးထွန်းဦးက အပြစ်မရှိတဲ့အတွက် ကွင်းလုံးကျွတ်လွတ်စေတဲ့  မျှတလိုက်တဲံတရားစီရင်ချက်  မှန်ကန်လိုက်တဲ့ဥပဒေ အဲဒီလိုလာဘ်စားပြီး မတရားစီရင်ခဲ့တဲ့အမှုတွေ တရားသူကြီးဦးကျော်လင်းထွန်းဘယ်နှစ်ယောက် တောင်ရှိနေပြီလဲ၊   အဲဒီလိုလူတွေလက်ထဲမှာ 

တရားစီရင်ရေး အာဏာပေးအပ်ထားတာဟာ ဖာသယ်မလက်ထဲ ကွန်ဒုံးထည့်ပေးထားသလိုပါဘဲ့လားလို့တွေးမိတယ်။
အမေစုရေ  အမေတို့ တရားဥပဒေစိုးမိုးရေး ကော်မတီက အဲဒီမတရားမှုတွေကို ဒီလိုဘဲ့လက်ပိုက်ကြည့်နေတော့မှာလားဗျာ။
မတရားသူကြီးဦးကျော်လင်းအတွက် မတရားခံရတဲ့သူတွေရဲ့ကိုယ်စား ဆောင်ပုဒ်လေးတစ်ခုလက်ဆောင် ပေးလိုက်ပါရစေ  အဲဒီဆောင်ပုဒ်ကိုဖတ်ပြီး သံဝေဂရရှိနိုင်ပါစေ။

(ကိုယ်ပြုသောကံ ပဲ့တင်သံ   ကိုယ့်ထံပြန်လာမည်)

 
 အထိုးအကြိတ်လည်းခံရ၊  ထိပ်တုံးလည်းခတ်ခံရပြီး ဒဏ်ငွေပေးဆောင်ခဲ့ရတဲ့ မတရားခံရတဲ့ ဦးဟမယ်ရဲ့ ဒဏ်ရာရတဲ့ပုံကို  ပြည်သူတွေသိအောင် သက်ဆိုင်ရာ တာဝန်ရှိလူကြီးများသိအောင် ဖေါ်ပြပေးလိုက်ပါသည်၊
တရားရုံးစောင့်နတ်
အောင်သုခရပ်ကွက်

                                               မြူ နှင်း(အေးရိပ်ငြိမ်)

tisdag 21 april 2015

စက်တင်ဘာ ၂၁မှာ ကျရောက်မယ့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက်

စက်တင်ဘာ ၂၁မှာ ကျရောက်မယ့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက်

Copy and WIN : http://ow.ly/KNICZ
  စက်တင်ဘာ ၂၁မှာ ကျရောက်မယ့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် 

 မှောင်လိုက်တာ မေမေရယ်။ ချမ်းလိုက်တာကလည်း အရေနဲ့ အကြောပဲတွယ်ကပ်နေရတဲ့ သမီးရဲ့ အရိုးသေးသေးလေးတွေ ကွဲကုန်တော့မလားပဲ။ အပြင်က ရာသီဥတုကတော့ ဘယ်လိုနေလဲမသိ နားထဲမှာတော့ မိုးချိမ်းသံလိုလို ဗုံကွဲသံလိုလို။ အပြင်မှာ ခလုတ်ဆွဲသံအချို့နဲ့ အော်ဟစ်ပြိုလဲသံအချို့။ စိတ်ထဲမှာတော့ လတ်လတ်ဆတ်ဆတ် သွေးအိုင်အချို့က ပွက်ခနဲ ပွက်ခနဲ။ ဒါ မေမေ့ အသံလား… ဒါမှမဟုတ် ဖေဖေ့အသံလား။ ကယောင်ချောက်ချား ဖြစ်နေတဲ့ စိတ်တွေက ဖေဖေဆန့်တန်းထားတဲ့ လက်ဆီကိုရောက်လို့။ ဖေဖေရေ ချီပိုးလှည့်ပါဦး။ မေမေရေ ချော့သိပ်လှည့်ပါဦး။ အိပ်စက်ခြင်းနဲ့ အိပ်ပျက်ခြင်းတွေက သမီးဆီမှာ အလုအယက်။ နည်းနည်းလေးမှကို မလှုပ်ချင်ဘူးမေမေရေ….။ ဘာမှသိုလှောင်ထားခွင့်မရတဲ့ အစာအိမ်က လှုပ်လိုက်တိုင်း ဆန္ဒတွေပြလို့။ မေမေရေ…. သမီး အရင်လိုချေးမများပဲ ထမင်းဆိုတဲ့ စာတန်းလေး မြေပြင်မှာ ရေးထားတာ ဖတ်ရုံနဲ့ ဗိုက်ပြည့်တတ်ပါပြီ။ ဘေးနားမှာ လဲပြိုသံ အချို့ နဲ့…… တိုးတိုးရှိုက်သံအချို့…။ ကျင့်သားရနေပြီဖြစ်တဲ့ စိတ်က ဒါ တစ်ယောက်သောသူ ၀ဋ်ကျွတ်သွားသံဆိုတာ သိနေခဲ့ပြီမေမေ။ မေမေရော… မှောင်းမည်းနံစော်နေတဲ့ တွင်းထဲမှာ တစ်ယောက်တည်းလား။ ဒါမှမဟုတ် တခြားလောကဆီမှာ အခြေကျနေပြီလား။ ဖေဖေကရော သမီးနဲ့ မေမေ့ကို ရှာဖို့ မှောင်မည်းနေတဲ့ ကျင်းတွေဆီကို ပုန်းခိုပြီး လာနေပြီလား။ လင်းသွားလိုက်တာ မေမေရေ….။ အသံတွေကလည်းဆူလို့ ညံလို့။ အော်နိုင်သေးတဲ့ သူတွေက အော်လို့။ မအော်နိုင်တော့တဲ့ သူတွေကတော့ အလိုက်သင့်ပေါ့။ ကြယ်ဆိုတာ ကောင်းကင်မှာ ရှိမှန်းမေ့နေခဲ့တာ ကြာပြီမေမေ။ ခုတော့ ပိုပြီး လင်းလက်ပြီး ပိုပြီးတောင်လှလို့။ ပေါ့ပါးလိုက်တာ မေမေရေ။ လေထဲမှာစွန်လွှတ်နေရသလိုမျိုး။ သူငယ်ချင်းအချို့လည်း စွန်တွေ လွှတ်လို့။ အဖြူရောင် ငှက်တို့က ပျံလို့….. အပြာရောင် အချို့က လွှမ်းလို့…………..။ စက်တင်ဘာ ၂၁မှာ ကျရောက်မယ့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ဟိုးအရင်တုန်းကရေးထားတဲ့ စာလေးကို ပြန်တင်လိုက်ပါတယ်။ ကျွန်မတတ်နိုင်တာလေးနဲ့ ကြိုးစားကြည့်ခြင်းပါ။ ငြိမ်းချမ်းပါစေ။ ကလေးငယ်တွေအားလုံး စိတ်ဒုက္ခဆင်းရဲကြောင့် မျက်ရည်တွေ မကျပါစေနဲ့။ 

                                            မြူ နှင်း(အေးရိပ်ငြိမ်)
မှောင်လိုက်တာ မေမေရယ်။ ချမ်းလိုက်တာကလည်း အရေနဲ့ အကြောပဲတွယ်ကပ်နေရတဲ့ သမီးရဲ့ အရိုးသေးသေးလေးတွေ ကွဲကုန်တော့မလားပဲ။ အပြင်က ရာသီဥတုကတော့ ဘယ်လိုနေလဲမသိ နားထဲမှာတော့ မိုးချိမ်းသံလိုလို ဗုံကွဲသံလိုလို။ အပြင်မှာ ခလုတ်ဆွဲသံအချို့နဲ့ အော်ဟစ်ပြိုလဲသံအချို့။ စိတ်ထဲမှာတော့ လတ်လတ်ဆတ်ဆတ် သွေးအိုင်အချို့က ပွက်ခနဲ ပွက်ခနဲ။ ဒါ မေမေ့ အသံလား… ဒါမှမဟုတ် ဖေဖေ့အသံလား။ ကယောင်ချောက်ချား ဖြစ်နေတဲ့ စိတ်တွေက ဖေဖေဆန့်တန်းထားတဲ့ လက်ဆီကိုရောက်လို့။ ဖေဖေရေ ချီပိုးလှည့်ပါဦး။ မေမေရေ ချော့သိပ်လှည့်ပါဦး။ အိပ်စက်ခြင်းနဲ့ အိပ်ပျက်ခြင်းတွေက သမီးဆီမှာ အလုအယက်။ နည်းနည်းလေးမှကို မလှုပ်ချင်ဘူးမေမေရေ….။ ဘာမှသိုလှောင်ထားခွင့်မရတဲ့ အစာအိမ်က လှုပ်လိုက်တိုင်း ဆန္ဒတွေပြလို့။ မေမေရေ…. သမီး အရင်လိုချေးမများပဲ ထမင်းဆိုတဲ့ စာတန်းလေး မြေပြင်မှာ ရေးထားတာ ဖတ်ရုံနဲ့ ဗိုက်ပြည့်တတ်ပါပြီ။ ဘေးနားမှာ လဲပြိုသံ အချို့ နဲ့…… တိုးတိုးရှိုက်သံအချို့…။ ကျင့်သားရနေပြီဖြစ်တဲ့ စိတ်က ဒါ တစ်ယောက်သောသူ ၀ဋ်ကျွတ်သွားသံဆိုတာ သိနေခဲ့ပြီမေမေ။ မေမေရော… မှောင်းမည်းနံစော်နေတဲ့ တွင်းထဲမှာ တစ်ယောက်တည်းလား။ ဒါမှမဟုတ် တခြားလောကဆီမှာ အခြေကျနေပြီလား။ ဖေဖေကရော သမီးနဲ့ မေမေ့ကို ရှာဖို့ မှောင်မည်းနေတဲ့ ကျင်းတွေဆီကို ပုန်းခိုပြီး လာနေပြီလား။ လင်းသွားလိုက်တာ မေမေရေ….။ အသံတွေကလည်းဆူလို့ ညံလို့။ အော်နိုင်သေးတဲ့ သူတွေက အော်လို့။ မအော်နိုင်တော့တဲ့ သူတွေကတော့ အလိုက်သင့်ပေါ့။ ကြယ်ဆိုတာ ကောင်းကင်မှာ ရှိမှန်းမေ့နေခဲ့တာ ကြာပြီမေမေ။ ခုတော့ ပိုပြီး လင်းလက်ပြီး ပိုပြီးတောင်လှလို့။ ပေါ့ပါးလိုက်တာ မေမေရေ။ လေထဲမှာစွန်လွှတ်နေရသလိုမျိုး။ သူငယ်ချင်းအချို့လည်း စွန်တွေ လွှတ်လို့။ အဖြူရောင် ငှက်တို့က ပျံလို့….. အပြာရောင် အချို့က လွှမ်းလို့…………..။ စက်တင်ဘာ ၂၁မှာ ကျရောက်မယ့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ဟိုးအရင်တုန်းကရေးထားတဲ့ စာလေးကို ပြန်တင်လိုက်ပါတယ်။ ကျွန်မတတ်နိုင်တာလေးနဲ့ ကြိုးစားကြည့်ခြင်းပါ။ ငြိမ်းချမ်းပါစေ။ ကလေးငယ်တွေအားလုံး စိတ်ဒုက္ခဆင်းရဲကြောင့် မျက်ရည်တွေ မကျပါစေနဲ့။

Copy and WIN : http://ow.ly/KNICZ

လုံခြုံရေးအတွက် အာမခံမှု မပေးနိုင်၍ အမျိုးသမီးအလုပ်သမား စေလွှတ်မှု စောင့်ကြည့်

 လုံခြုံရေးအတွက် အာမခံမှု မပေးနိုင်၍ အမျိုးသမီးအလုပ်သမား စေလွှတ်မှု စောင့်ကြည့်

 မြန်မာအမျိုးသမီးများ လုံခြုံရေးအတွက် ကိုးရီးယားဘက်မှ အာမခံမှုမပေးနိုင်၍ အမျိုးသမီး အလုပ်သမားများ စေလွှတ်မှုကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သတင်းရရှိသည်။ 

အစိုးရ ပြည်ပအလုပ်အကို အေဂျင်စီမှ တာဝန်ရှိသူတဦးက “စက်ရုံတခုမှာ အမျိုးသမီး အလုပ်သမား အချင်းအချင်း အဖော်ရအောင်လို့ တကြိမ်ကို နှစ်ယောက်မခေါ်ရင် မဖြစ်ဘူးလို့ပြောထားတယ်။ ဒီလိုမှ မဟုတ်ရင် အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိနိုင်ဘူး” ဟုဆိုသည်။

 မြန်မာအစိုးရသည် အမျိုးသမီး အလုပ်သမားများကို ကိုးရီးယားနိုင်ငံမှ ခေါ်ယူလိုပါက အနည်းဆုံးနှစ်ဦးခန့်ခေါ်ယူမှသာ ခွင့်ပြုမည်ဟု ကိုးရီးယားအစိုးရထံ တောင်းဆိုထား သော်လည်း ၎င်းတို့ဘက်မှ အာမခံမှု မပေးနိုင်၍ စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

 ထိုသို့ ညှိနှိုင်းနေဆဲ ကာလတွင်လည်း မြန်မာအစိုးရ အနေဖြင့် တဖက်နိုင်ငံ၏ လုပ်ငန်းခွင် အခြေအနေများကို စုံစမ်းမှုများ ပြုလုပ်လျှက်ရှိသည်။ စုံစမ်းရာတွင် ကိုးရီးယား အလုပ်ရှင် တချို့သည် အမျိုးသမီးအလုပ်သမား များကို စက်ရုံတွင်သာမက ၎င်း၏ အိမ်တွင်ပါ ခေါ်ယူစေခိုင်းခြင်း၊ 

အမျိုးသမီး အလုပ်သမားနှင့် အမျိုးသား အလုပ်သမားများကို ရောနှော၍ ထားခြင်းစသည့် အချက်များကို စုံစမ်း တွေ့ရှိရ၍ မြန်မာ အမျိုးသမီးများလုံခြုံရေးအတွက် စေလွှတ်ရန် နှောင့်နှေး နေရခြင်း ဖြစ်သည်။ မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး ခေတ္တပြန်လာသူ မမိုးဆွေက “သူများနိုင်ငံမှာ အလုပ်လုပ်တာ ဆိုတော့ အစစအရာရာ သတိထားနေရတယ်။ မိန်းကလေးဆိုတော့ ပိုဆိုးတာပေါ့။

 အမျိုးသမီးတွေကို အိမ်ဖော်တို့ဖျော်ဖြေရေးတို့မှာ မလုပ်ရဘူးလို့ ပြောနေပေမဲ့ အိမ်ဖော် အလုပ်နဲ့သွားတာ အများကြီး ရှိပါတယ်။ အိမ်ဖော်အလုပ် ကပဲ ပြဿနာတွေ ဖြစ်တာပိုများတယ်။ ကိုယ့်ကို ကာကွယ်မဲ့သူတွေက ဘယ်သူတွေ ဆိုတာကို သိပြီးတော့မှ ထွက်သွားစေချင်တယ်” ဟု အမျိုးသမီး အလုပ်သမားများ၏ အခြေအနေကို ရှင်းပြသည်။

 မြန်မာ အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ် ကိုင်ခွင့်ပြုထား သော်လည်း အိမ်အကူနှင့် ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် ပြုမည် မဟုတ်ကြောင်း၊ တကြိမ်လျှင် အနည်းဆုံး အလုပ်သမား နှစ်ဦးခန့် ခေါ်ယူရမည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ 

                                                မြူ နှင်း(အေးရိပ်ငြိမ်)
မေဦး | စနေနေ့၊ မေလ ၁၈ ရက် ၂၀၁၃ ခုနှစ် ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာအမျိုးသမီးများ လုံခြုံရေးအတွက် ကိုးရီးယားဘက်မှ အာမခံမှုမပေးနိုင်၍ အမျိုးသမီး အလုပ်သမားများ စေလွှတ်မှုကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သတင်းရရှိသည်။ အစိုးရ ပြည်ပအလုပ်အကို အေဂျင်စီမှ တာဝန်ရှိသူတဦးက “စက်ရုံတခုမှာ အမျိုးသမီး အလုပ်သမား အချင်းအချင်း အဖော်ရအောင်လို့ တကြိမ်ကို နှစ်ယောက်မခေါ်ရင် မဖြစ်ဘူးလို့ပြောထားတယ်။ ဒီလိုမှ မဟုတ်ရင် အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိနိုင်ဘူး” ဟုဆိုသည်။ မြန်မာအစိုးရသည် အမျိုးသမီး အလုပ်သမားများကို ကိုးရီးယားနိုင်ငံမှ ခေါ်ယူလိုပါက အနည်းဆုံးနှစ်ဦးခန့်ခေါ်ယူမှသာ ခွင့်ပြုမည်ဟု ကိုးရီးယားအစိုးရထံ တောင်းဆိုထား သော်လည်း ၎င်းတို့ဘက်မှ အာမခံမှု မပေးနိုင်၍ စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ထိုသို့ ညှိနှိုင်းနေဆဲ ကာလတွင်လည်း မြန်မာအစိုးရ အနေဖြင့် တဖက်နိုင်ငံ၏ လုပ်ငန်းခွင် အခြေအနေများကို စုံစမ်းမှုများ ပြုလုပ်လျှက်ရှိသည်။ စုံစမ်းရာတွင် ကိုးရီးယား အလုပ်ရှင် တချို့သည် အမျိုးသမီးအလုပ်သမား များကို စက်ရုံတွင်သာမက ၎င်း၏ အိမ်တွင်ပါ ခေါ်ယူစေခိုင်းခြင်း၊ အမျိုးသမီး အလုပ်သမားနှင့် အမျိုးသား အလုပ်သမားများကို ရောနှော၍ ထားခြင်းစသည့် အချက်များကို စုံစမ်း တွေ့ရှိရ၍ မြန်မာ အမျိုးသမီးများလုံခြုံရေးအတွက် စေလွှတ်ရန် နှောင့်နှေး နေရခြင်း ဖြစ်သည်။ မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး ခေတ္တပြန်လာသူ မမိုးဆွေက “သူများနိုင်ငံမှာ အလုပ်လုပ်တာ ဆိုတော့ အစစအရာရာ သတိထားနေရတယ်။ မိန်းကလေးဆိုတော့ ပိုဆိုးတာပေါ့။ အမျိုးသမီးတွေကို အိမ်ဖော်တို့ဖျော်ဖြေရေးတို့မှာ မလုပ်ရဘူးလို့ ပြောနေပေမဲ့ အိမ်ဖော် အလုပ်နဲ့သွားတာ အများကြီး ရှိပါတယ်။ အိမ်ဖော်အလုပ် ကပဲ ပြဿနာတွေ ဖြစ်တာပိုများတယ်။ ကိုယ့်ကို ကာကွယ်မဲ့သူတွေက ဘယ်သူတွေ ဆိုတာကို သိပြီးတော့မှ ထွက်သွားစေချင်တယ်” ဟု အမျိုးသမီး အလုပ်သမားများ၏ အခြေအနေကို ရှင်းပြသည်။ မြန်မာ အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ် ကိုင်ခွင့်ပြုထား သော်လည်း အိမ်အကူနှင့် ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်ခွင့် ပြုမည် မဟုတ်ကြောင်း၊ တကြိမ်လျှင် အနည်းဆုံး အလုပ်သမား နှစ်ဦးခန့် ခေါ်ယူရမည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Copy and WIN : http://ow.ly/KNICZ

"အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား "

"အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား "
"အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား " -စည်သူအောင်မြင့်

Copy and WIN : http://ow.ly/KNICZ
"အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား " -စည်သူအောင်မြင့်

Copy and WIN : http://ow.ly/KNICZ
"အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား " -စည်သူအောင်မြင့်

Copy and WIN : http://ow.ly/KNICZ

 မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင် စုပေါင်းပိုင်ဆိုင်ကြတဲ့ပြည်ထောင်စု တစ်ခု ဖြစ်ပါတယ်။ ဗမာအပါအဝင်တိုင်းရင်းသားတွေဟာဗုဒ္ဓဘာသာတင်မက ဘာသာအမျိုးမျိုး ကိုးကွယ်ကြ ပါတယ်။

 ပြဋ္ဌာန်းခဲ့တဲ့ဖွဲ.စည်းပုံအခြေခံဥပဒေတိုင်းမှာလည်း မြန်မာနိုင်ငံမှာ မည်သည့်ဘာသာကို မဆို လွတ်လပ်စွာကိုးကွယ် ပိုင်ခွင့်ရှိတယ်လို့လည်း ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အခုလက်ရှိမကွေးကျောင်းတိုက်မှာ ဟောပြောခဲ့တဲ့သူတွေဟာ 

မြန်မာပြည်ထဲမှာတိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင် စုပေါင်းပိုင်ဆိုင်ကြတာကိုရော၊ဘာသာပေါင်းစုံကို လွတ်လပ်စွာတည်ရှိမှုကိုပါ ထိပါးစော်ကားရာရောက်စေပါတယ်။အီမ်နီးချင်းနိုင်ငံတွေမှာ မိုဘိုင်းဖုန်းဆင်းမ်ကတ်တစ်ခုကိုကျပ်(၅၀၀၀) လောက်နဲ့ဝယ်သုံးလို့ရနေချိန်မှာ မြန်မာပြည်မှာ သာမန်ပြည်သူတွေဝယ်မသုံးနိုင်အောင် သိန်း ၄၀၊၅၀ ပေးမှဝယ်သုံးလို့ရအောင်လုပ်ခဲ့တယ်။ဒီလိုပြည်သူတွေကို ခက်ခဲ၊ဒုက္ခရောက်အောင်လုပ်ပြီးမှ အာဏာပိုင်တွေက 

အဲဒီအပေါ်ကနေကိုယ်ကျိုးရှာခဲ့ကြတယ်။နိုင်ငံရေးမှာလာဘ်ထိုးဖို့သုံးခဲ့ကြတယ်။အဲဒီလိုပြည်သူတွေ ဒုက္ခရောက်နေတုန်းက မကွေးကျောင်းတိုက်ဆရာတော်တို့၊ဓမ္မစက္က ဦးမောင်မောင်တို့၊ရှေ.နေကြီး ဦးအေးပိုင်တို့ ပြည်သူတွေအတွက်ဘာများတောင်းဆိုဖူးခဲ့လို့လဲ မေးရမှာပါ.? ပြည်သူတွေနှစ်ပေါင်းများစွာဖုံးမသုံးစွဲနိုင်တဲ့အခြေအနေကနေ အခုသုံးနိုင်အောင်လုပ်ပြီး စီးပွားရေး၊ပညာရေးဖွံဖြိုးတိုးတက်အောင်လုပ်ပေးနေတာကို အခု မ.ဘ.သအဖွဲ.အချို.၊သံဃာနဲ့ 

လူပုဂ္ဂိုလ်အချို.ဟာ ပြည်သူတွေရဲ.အကျိုးစီးပွားကိုတစ်စက်ကလေးမှ လှည့်မကြည့်ဘဲ အမုန်းတရားတွေ ဟောပြောနေကြတာဖြစ်ပါတယ်။အကြမ်းဖက်မှုအားလုံးရဲ.လက်သည်တရားခံဟာ အမုန်းတရားဖြစ်ပါတယ်၊အမုန်းတရားဖြန့်ဖြူးသူတွေဖြစ်ပါတယ်။ကိုယ်ထိလက်ရောက်ကျုးလွန်ကြသူတွေဟာ ဒုတိယ တရားခံတွေဖြစ်ပါတယ်။ဒါကြောင့်တိုင်းပြည်မှာ နောက်ထပ် မတည်ငြီမ်မှုတွေ၊ပြည်သူ့အကျိုးစီးပွား၊တိုင်းပြည်အကျိုးစီးပွား တွေကို ထိခိုက်နစ်နာမှုတွေရှိလာရင် အမုန်းတရားဖြန့်ဖြူးနေကြသူတွေမှာသာ လုံးဝတာဝန်ရှိမှာဖြစ်ကြောင်း…. ဆောင်းပါးရှင် စည်သူအောင်မြင့်၏ အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား ဆောင်းပါးမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။

                                        မြူ နှင်း(အေးရိပ်ငြိမ်)
မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင် စုပေါင်းပိုင်ဆိုင်ကြတဲ့ပြည်ထောင်စု တစ်ခု ဖြစ်ပါတယ်။ ဗမာအပါအဝင်တိုင်းရင်းသားတွေဟာဗုဒ္ဓဘာသာတင်မက ဘာသာအမျိုးမျိုး ကိုးကွယ်ကြ ပါတယ်။ ပြဋ္ဌာန်းခဲ့တဲ့ဖွဲ.စည်းပုံအခြေခံဥပဒေတိုင်းမှာလည်း မြန်မာနိုင်ငံမှာ မည်သည့်ဘာသာကို မဆို လွတ်လပ်စွာကိုးကွယ် ပိုင်ခွင့်ရှိတယ်လို့လည်း ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အခုလက်ရှိမကွေးကျောင်းတိုက်မှာ ဟောပြောခဲ့တဲ့သူတွေဟာ မြန်မာပြည်ထဲမှာတိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင် စုပေါင်းပိုင်ဆိုင်ကြတာကိုရော၊ဘာသာပေါင်းစုံကို လွတ်လပ်စွာတည်ရှိမှုကိုပါ ထိပါးစော်ကားရာရောက်စေပါတယ်။အီမ်နီးချင်းနိုင်ငံတွေမှာ မိုဘိုင်းဖုန်းဆင်းမ်ကတ်တစ်ခုကိုကျပ်(၅၀၀၀) လောက်နဲ့ဝယ်သုံးလို့ရနေချိန်မှာ မြန်မာပြည်မှာ သာမန်ပြည်သူတွေဝယ်မသုံးနိုင်အောင် သိန်း ၄၀၊၅၀ ပေးမှဝယ်သုံးလို့ရအောင်လုပ်ခဲ့တယ်။ဒီလိုပြည်သူတွေကို ခက်ခဲ၊ဒုက္ခရောက်အောင်လုပ်ပြီးမှ အာဏာပိုင်တွေက အဲဒီအပေါ်ကနေကိုယ်ကျိုးရှာခဲ့ကြတယ်။နိုင်ငံရေးမှာလာဘ်ထိုးဖို့သုံးခဲ့ကြတယ်။အဲဒီလိုပြည်သူတွေ ဒုက္ခရောက်နေတုန်းက မကွေးကျောင်းတိုက်ဆရာတော်တို့၊ဓမ္မစက္က ဦးမောင်မောင်တို့၊ရှေ.နေကြီး ဦးအေးပိုင်တို့ ပြည်သူတွေအတွက်ဘာများတောင်းဆိုဖူးခဲ့လို့လဲ မေးရမှာပါ.? ပြည်သူတွေနှစ်ပေါင်းများစွာဖုံးမသုံးစွဲနိုင်တဲ့အခြေအနေကနေ အခုသုံးနိုင်အောင်လုပ်ပြီး စီးပွားရေး၊ပညာရေးဖွံဖြိုးတိုးတက်အောင်လုပ်ပေးနေတာကို အခု မ.ဘ.သအဖွဲ.အချို.၊သံဃာနဲ့ လူပုဂ္ဂိုလ်အချို.ဟာ ပြည်သူတွေရဲ.အကျိုးစီးပွားကိုတစ်စက်ကလေးမှ လှည့်မကြည့်ဘဲ အမုန်းတရားတွေ ဟောပြောနေကြတာဖြစ်ပါတယ်။အကြမ်းဖက်မှုအားလုံးရဲ.လက်သည်တရားခံဟာ အမုန်းတရားဖြစ်ပါတယ်၊အမုန်းတရားဖြန့်ဖြူးသူတွေဖြစ်ပါတယ်။ကိုယ်ထိလက်ရောက်ကျုးလွန်ကြသူတွေဟာ ဒုတိယ တရားခံတွေဖြစ်ပါတယ်။ဒါကြောင့်တိုင်းပြည်မှာ နောက်ထပ် မတည်ငြီမ်မှုတွေ၊ပြည်သူ့အကျိုးစီးပွား၊တိုင်းပြည်အကျိုးစီးပွား တွေကို ထိခိုက်နစ်နာမှုတွေရှိလာရင် အမုန်းတရားဖြန့်ဖြူးနေကြသူတွေမှာသာ လုံးဝတာဝန်ရှိမှာဖြစ်ကြောင်း…. ဆောင်းပါးရှင် စည်သူအောင်မြင့်၏ အမျိုးဘာသာစောင့်ရှောက်တာလား၊အမုန်းတရား ဖြန့်ဖြူးတာလား ဆောင်းပါးမှ ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါသည်။ ၉.၆.၂၀၁၄ ရက်နေ့ထုတ် မဇ္မျိမ နေ့စဉ်သတင်းစာ..

Copy and WIN : http://ow.ly/KNICZ

ကော့သောင်းမြို့ စည်ပင်ဗိုလ်မှူးရဲ့ အာဏာရှင်ဆန်စွာ ရမ်းကား မှု



ကော့သောင်းမြို့ စည်ပင်ဗိုလ်မှူးရဲ့ အာဏာရှင်ဆန်စွာ ရမ်းကား မှု

ဘုရင့်နောင်ရပ်ကွက် ဘုရင်နောင်ကုန်း ဆင်းညနေဈေးဆိုင်တန်းတွင် စည်ပင်မှ ဗိုလ်မှူးဆိုသူမှ လာရောက်ပြီး ဈေးဆိုင်ပိုင်ရှင်နှင့်တစ်ကွ  လာရောက်စားသုံးနေသော သူများကိုပါ မချေမခံပြောဆိုဆက်ဆံခြင်း အော်ဟစ် ဆဲဆိုကြိမ်းမောင်းခြင်း 



ဒီဗိုလ်မှူးဆိုသူမှ သူ၏ကားကို လမ်းလယ်အူကြောင်းတွင်ရပ်နားပြီး လမ်းဘေးတွင် ရပ်နားထားသော ဆိုင်ကယ်များကိုလည်း ကန်ကျောက်ပြောဆို ခြိမ်းခြောက်လာရာ လမ်းဘေးတွင် ရပ်နားထားသော ဆိုင်ကယ်ပေါ်မှ SB မှအရာရှိ ပုခုံးကြယ်နှစ်ပွင့်ရှိသူကို ရိုးရိုးသာမှန် အရပ်သားအထင်ဖြင့် အော်ဟစ်ဆဲဆိုရာ အဲဒီပိုဂ္ဂိုလ်မှ မင်းကဘာကောင်လည်းငါကဘာကောင်လည်းနှင့် ကြည့်မကောင်းတဲ့ ပါဝါ ပြပွဲ တစ်ပွဲအဖြစ်  20.4.2015  ညနေ 43း0  ခန့်တွင် ကော့သောင်းမြို့တွင် အမည်တွင်သွားပါကြောင်း  ဓါတ်ပုံနှင့်တစ်ကွ မျက်မြင်တွေ့ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။ 


  အဆိုပါ လမ်းဘေးတွင်ရပ်နားထားသော SB မှ ဗိုလ် ဆိုသူမှ ပြန်လည်ပြောဆိုရာတွင်  စည်ပင်ဗိုလ်မှူးဆိုသူအား ခင်ဗျား က မလိုလားအပ်တဲ့နေရာမှာ ဆိုင်ကယ်ရှုပ်နေတယ်ဆိုပြီး ပါဝါလာပြနေမယ့်အစား  မနက်ဘက် ဈေးလမ်းကမ်းနားလမ်းမှာ ဆိုင်ကယ် ကား ဘေးတွဲ ဒီလောက်ရှုပ်ယှက်ခတ်အောင် များပြားနေတာတော့ သွားရောက်မရှင်းဘဲ ဒီမှာ ပါဝါလာပြတာတော့  မကောင်းဘူးပေါ့ဟုဆိုရာ ဗိုလ်မှူးဆိုသူမှ မင်းကဘာကောင်လည်းငါ့ကိုပြန်ပြောရအောင်  ဆိုလိုတာက ငါက အာဏာပါးကွက်သား ငါ့ကိုဘာကောင်မှ ပြန်ပြောစရာမလိုတဲ့အပေါက်မျိုး စည်ပင်ဗိုလ်မှူးမှ ချိုး ရာ သူနှင့် ပါဝါ မတိမ်းမယိမ်း ပိုဂ္ဂိုလ်မှ 

ငါကလည်း မင်းလိုလူပါးဝတဲ့ကောင်တော့မဟုတ်ဘူး ဒါပေမယ့် ငါကလည်း ငါ့ရုံးမှာ ငါအကောင်ဘဲ့ ငါ့ရုံးဘယ်နားမှာကွ ဆိုတော့  အဲဒီစည်ပင်ဗိုလ်မှူးဆိုသူမှ  မျက်နှာလောက်တက်တဲ့အမှုအရာမျိုး ဖြစ်ပျက်ခဲ့တာ ဓါတ်ပုံနှင့်တစ်ကွ တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်၊ စားသုံးသူများ စိတ်အနှောက်ယှက်ဖြစ်ပြီးထပြန်သွားသည့်အတွက်  ရောင်းချ စားသောက်နေသော ဆိုင်ရှင်များမှာလည်း  မိတ်ပျက်သွားနိုင်သည့် အတွက် ပူပင်သောကရောက်နေကြရကြောင်းထပ်ဆင့်ကြားသိရသည့်အတွက် 

 လူမဆန်စွာ အာဏာနှင့်ပါဝါကို အလွဲသုံးစားလုပ်တတ်သော လုပ်နေသော အဆိုပါ စည်ပင်မှ ဗိုလ်မှူးဆိုသူအား နယ်စပ်မြို့လေးတစ်မြို့ဖြစ်တဲ့ကော့သောင်းမြိုက ပြည်သူအများကတော့  ထိရောက်တဲ့အရေးယူမှု တစ်စုံတစ်ရာ မျော်လင့်နေပါကြောင်းကြားသိရပါသည်၊
                                      မြူ နှင်း(အေးရိပ်ငြိမ်)

måndag 13 april 2015

ရန်ကုန်သင်္ကြန်နဲ့လုံခြုံရေး

ရန်ကုန်သင်္ကြန်နဲ့လုံခြုံရေး

ရန်ကုန် သင်္ကြန်မှာ လူငယ် တွေကတော့ လူငယ် ဘာဝ ပျော်ရွှင် ကြမှာ ဖြစ်သလို၊ တဘက် မှာလည်း လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက် မှာ ဖြစ်တယ်လို့ ရန်ကုန် အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးဝင်းကြည်က ပြောပါတယ်။

ဒါပေမယ့် သောက်စား မူယစ်ပြီး အပျော် လွန်တာ မျိုးတွေ နဲ့ မတော် တဆ မှုတွေ ထိခိုက် ဒဏ်ရာ ရတာတွေ ကလည်း နှစ်စဉ် ရှိနေ တာပါ။ ဒီလို ကိစ္စတွေ အတွက် လည်း ရပ်ကွက် အဆင့် အထိ လုံခြုံရေး နဲ့ ကျန်းမားရေး ဝန်ထမ်းတွေကို ပါ တာဝန် ချထားမှာ ဖြစ်တယ်လို့ ဒုရဲမှူးကြီး ဦးဝင်းကြည်က ပြောပါ တယ်။

ဒါပေမယ့်လည်း ရေကစား မဏ္ဍပ် အတွင်းက ဘားဆိုင်တွေ မှာတော့ အရက် သေစာ ရောင်းချ မှုတွေ ကတော့ နှစ်စဉ် နှစ်တိုင်း ရှိနေတာပါ။ ဒါ့အပြင် စိတ်ကြွ ဆေးလို မူးယစ် ဆေးဝါးတွေကို လူငယ်တွေကြား သုံးစွဲ မှုတွေ ကလည်း သင်္ကြန် ကာလဆို ပိုများ လာတတ် ပါတယ်။

ဒုရဲမှူးကြီး ဦးဝင်းကြည် ကတော့ ဒီနှစ်သင်္ကြန်မှာ မူးယစ် ဆေးဝါး ရောင်းချ တာကို စီမံ ကိန်းချ ဖမ်းဆီးမှာ ဖြစ်သလို အရက် သေစာ ရောင်းချ မှုတွေကို လည်း ရေကစား မဏ္ဍပ် အတွင်း မှာရော ပြင်ပ မှာရော ပိတ်ပင် ထားပြီး တကယ်လို့ ရောင်းချ တာကို တွေ့ ရှိရင် မဏ္ဍာပ် ပိတ်သိမ်းတဲ့ အထိ အရေးယူ ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် Channel 5 ရေကစား မဏ္ဍပ်က စီစဉ် ဆောင်ရွက်သူ ကိုသစ်မင်းဆွေက လည်း ဒီနှစ် သင်္ကြန် ရေကစား မဏ္ဍပ်တွေ မှာတော့ အရင်က ထက် စည်းမျဉ်း စည်းကမ်း တွေ ပိုချ ထားတယ်လို့ ပြောပါတယ်။ 


                                          မြူ နှင်း(အေးရိပ်ငြိမ်)