အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 25 januari 2015

တရုတ်ပြည်က မဟာတံတိုင်း မဟုတ်ဘူး

တရုတ်ပြည်က မဟာတံတိုင်း မဟုတ်ဘူး




ဦးဝီရသူ ပြောဆိုမှုကို ပြန်ကြားရေး အနေနဲ့ ကြားဝင် မဆောင်ရွက် နိုင်

ဦးဝီရသူ ပြောဆိုမှုကို ပြန်ကြားရေး အနေနဲ့ ကြားဝင် မဆောင်ရွက် နိုင်


ဥပဒေ ကြောင်း အရ အရေး ယူနိုင်ဖို့ ဆိုရင် အကျူးလွန် ခံရတဲ့ ကာယကံရှင် လူပုဂ္ဂိုလ် ဖြစ်စေ အဖွဲ့အစည်း ဖြစ်စေက စတင်ပြီး ဆောင်ရွက် ရမှာမျိုး ဖြစ်တယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။
ကုလသမဂ္ဂ သံတမန် တစ်ဦး ဖြစ်တဲ့ မစ္စ ယန်ဟီလီ ကို စင်ပေါ်မှာ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားလုံး တွေ သုံးစွဲပြီး လူအများကို ဟောပြော ခဲ့တဲ့ အရှင် ဝီရသူ နဲ့ ပတ်သက်လို့ ပြန်ကြားရေး ဝန်ကြီး ဌာန အနေနဲ့ တိုက်ရိုက် ပါဝင် ဆောင်ရွက် လို့ မရကြောင်း နဲ့ သာသနာရေး ဝန်ကြီး ဌာနကို တော့ အကြောင်းကြား ထားတယ် ဆိုပြီး ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။
ဦးဝီရသူ ရဲ့ ဟောပြောမှု အပေါ် ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ က ပြစ်တင် ဝေဖန်မှု တွေ ပြုလုပ် လာပြီး အရေးယူ ပေးဖို့ မြန်မာ အစိုးရ ကို တောင်းဆိုမှု တွေ ရှိလာ ပေမယ့် ဥပဒေ ကြောင်း အရ အရေး ယူနိုင်ဖို့ ဆိုရင် အကျူးလွန် ခံရတဲ့ ကာယကံရှင် လူပုဂ္ဂိုလ် ဖြစ်စေ အဖွဲ့အစည်း က ဖြစ်စေ စတင်ပြီး တရားစွဲဆို တာမျိုး လုပ်ဖို့ လိုအပ်တယ် လို့လည်း ဦးရဲထွဋ် က ဆိုပါတယ်။
မြန်မာ အစိုးရ အနေနဲ့ ဝေဖန်မှု တွေ ကို လက်ခံ ပေမယ့် ပုဂ္ဂိုလ်ရေး စော်ကားမှု နဲ့ ဘာသာရေး လူမျိုးရေး စော်ကား တိုက်ခိုက်မှု မျိုး ကိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရကို လက်မခံ ပါကြောင်း ဦးရဲထွဋ် က ပြောပါတယ်။
သာသနာ့ ဝန်ထမ်း ပုဂ္ဂိုလ်တွေ အနေနဲ့ ဝေဖန်စရာ တွေ ရှိရင်တောင် မှ ပိုပြီး ယဉ်ကျေး သိမ်မွေ့တဲ့ စကားလုံး တွေ နဲ့ ပြောသင့်တယ် လို့ သူ့ အနေနဲ့ ထင်မြင်ကြောင်း ဦးရဲထွဋ် က မှတ်ချက် ချခဲ့ပါတယ်။




ဦးဝီရသူကို ခုလို ဆက်ခွင့်ပြုထားရင်ဘာဖြစ်လာနိုင်မလဲ

ဦးဝီရသူကို ခုလို ဆက်ခွင့်ပြုထားရင်ဘာဖြစ်လာနိုင်မလဲ

 
အခု ရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာအနွယ်ဝင် သူတော်စင်အပေါင်းကို စိတ်ညစ်ညူးသွားစေတဲ့ သတင်းတစ်ပုဒ်ကတော့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (မဘသ) ခေါင်းဆောင် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာရေးသူ မစ္စရန်ဟီလီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်ဂျီအိုအဖွဲ့ဝင် အမျိုးသမီးတွေကို ရိုင်းပြတဲ့ အသုံးအနှုန်းတွေနဲ့ ဆဲဆိုလိုက်ခြင်းပါပဲ။န္ဒပြလူထု အစည်းအဝေးပွဲကြီးမှာ ခုလိုဆဲဆိုလိုက်တာ ဖြစ်ပြီး အဲလိုဆဲဆိုထားတဲ့ ရုပ်သံဖိုင်ဟာ အင်တာနက် စာမျက်နှာတွေမှာလည်း အလွန်ပျံ့နှံ့ခဲ့ပါတယ်။ ခုဆိုရင် နိုင်ငံတကာသတင်း စာမျက်နှာတွေမှာ ဦးဝီရသူက အဲလိုညစ်ညမ်းတဲ့ အသုံးအနှုန်းနဲ့ ဆဲဆိုလိုက်တယ်ဆိုတဲ့ သတင်းပျံ့နှံ့သွားပါပြီ။ ဦးဝီရသူ ပြောဆိုလိုက်လို့ ဗုဒ္ဓဘာသာ ပုံရိပ် ထိခိုက်သွားသလား၊ နိုင်ငံ့ပုံရိပ် ထိခိုက်သွားသလား၊ ဒီပြဿနာမရှင်းရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဦးဝီရသူ ပြောဆိုခဲ့တဲ့ စကားအပြည့်အစုံကတော့ "အမျိုးစောင့် ဥပဒေ ဒီလောက်ချပြထားတာ ဒီကောင်မက တစ်ခုမှ မလေ့လာဘဲနဲ့ ဟိုစွာကျယ်မတွေ တင်ပြတာနဲ့တင် လူ့အခွင့်အရေးနဲ့ မညီဘူးဆိုပြီးတော့ လိုက်ကန့်ကွက်နေတဲ့ ကောင်မရော အမျိုးကောင်း သမီးဟုတ်ပါ့မလား။ ကုလသမဂ္ဂ ထိုင်ခုံပေါ်မှာ ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့။ခင်ဗျားဟာကျုပ်တို့နိုင်ငံအတွက် တော့သယ်မပဲဗျ။ ခင်ဗျား စိတ်ပါလို့ခင်ဗျား ကုလားကို ပေးပါ။ကျုပ်တို့ ရခိုင်ပြည်ကိုတော့ခင်ဗျား ရောင်းစားမယ် မလုပ်ပါနဲ့။ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ခံတပ်ကြီး။ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ အနောက်တံခါးဝ၊ီတံခါးကို ခင်ဗျားတို့ ဝင်ရောက်ချိုးဖျက်မယ် မကြံပါနဲ့။ ချိုးဖျက်ရင်တော့ထိုးနှက်ပစ်မှာ'' ဆိုပြီးဖြစ်ပါတယ်။

ပထမဦးဆုံး စဉ်းစားဖို့လိုတာက အေးချမ်းပါတယ်၊ မေတ္တာတရား လက်ကိုင်ထားပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါး ကခုလို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားပြောဖို့ သင့်မသင့်ပါ။ အခုဆိုရင်ဒီသတင်း၊ သတင်းစာဂျာနယ်တွေမှာ အကျယ်တဝင့် ဖော်ပြနေကြပြီး ဗုဒ္ဓဘာသာ ရဟန်းတော်တွေကတော့ အဲဒီလိုရုန့်ရင်းကြမ်းတမ်းတာ မပြောသင့်တဲ့အကြောင်း၊ ရဟန်းဝိနည်းနဲ့ မညီတဲ့အကြောင်း၊ သံဃာတော်တွေ စောင့်ထိန်းရမယ့် သိက္ခာပုဒ်၂၂၇ သွယ်ထဲမှာပါတဲ့ ဒုက္ကဋ္ဌ အာပတ်သင့်တဲ့အကြောင်း စသဖြင့် ထုတ်ဖော်ပြောဆိုထားကြပြီလည်း ဖြစ်ပါတယ်။ဒါပေမဲ့ ဦးဝီရသူ ကိုယ်တိုင်ကတော့ သူ့အနေနဲ့ အဲဒီထက် ပြင်းထန်တဲ့စကားလုံး ရှိရင်တောင် ပြောချင်တဲ့အကြောင်း ဆိုလိုက်ပြီး သူပြောခဲ့တာ မှန်တယ်လို့ ကာကွယ်လိုက်ပါ သေးတယ်။

ဦးဝီရသူဟာ ရိုးရိုးရဟန်း တစ်ပါးမဟုတ်ဘဲ မဘသ ခေါင်းဆောင်သံဃာလည်း ဖြစ်တဲ့အတွက် ဒီပြောဆိုချက်တွေဟာ မဘသ အဖွဲ့ကြီးကိုလည်း ထိခိုက်မှာ အသေအချာပါပဲ။ အခုဆိုရင် အဲဒီသတင်း နိုင်ငံတကာသတင်း စာမျက်နှာတွေမှာ ပျံ့နှံ့နေပြီမို့ မဘသဆိုတဲ့ အဖွဲ့ကြီးရဲ့ပုံရိပ်၊ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာရဲ့ ပုံရိပ်၊ ရဟန်းသံဃာတွေရဲ့ ပုံရိပ်ကို စွန်းထင်းစေခဲ့ပါပြီ။ ကယ်တော့ အခုလို ရင့်သီးတဲ့ အသုံးအနှုန်းနဲ့ ဆဲရေးမှု မလုပ်ခင်ကတည်းက ဦးဝီရသူဟာအမုန်းတရား ဖြန့်ဖြူးနေသူပါ။ သူ့ကိုယ်ပိုင် Facebook စာမျက်နှာကနေ အစ္စလာမ်ဘာသာဝင်တွေ ကျူးလွန်တယ်ဆိုတဲ့၊ တချို့စွပ်စွဲခံရတဲ့ အမှုတွေကို လိုက်လံစုံစမ်းဖော်ပြပြီး မွတ်စလင်တွေကို မုန်းတီးစိတ် ဖြစ်ပေါ်စေအောင် ဝါဒဖြန့်နေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မန္တလေးမြို့ အဓိကရုဏ်းဟာလည်း တမင်လုပ်ကြံဖန်တီးလို့ ဖြစ်ခဲ့ရတာဆိုပြီး မန္တလေးမြို့ခံတွေက ယုံကြည်ကြပါတယ်။ အဲဒီ ပဋိပက္ခရဲ့ အစဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ယောက်က မုဒိန်းကျင့်ပါတယ်ဆိုပြီး ပျဉ်းမနားမှာ အမှုဖွင့်ထားတယ်ဆိုတဲ့ လူမသိသူမသိ ကိစ္စတစ်ခုကို အရှင်ဝီရသူက ပျဉ်းမနားမဘသအဖွဲ့ကိုစုံစမ်းခိုင်း၊အမှုနံပါတ်ရတဲ့အခါ Facebook ထဲကနေ ဖော်ပြပြီး၊ တကယ်ပဲ အဲဒီညီအစ်ကိုနှစ်ယောက်က မုဒိန်းမှု ကျူးလွန်ခဲ့ သယောင်ရေးသား၊ာသာရေး မုန်းတီးမှုတွေ ဖြစ်အောင်စနစ်တကျ လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ပိုင်း တကယ်ပဲ မန္တလေးမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုဖြစ်ပွားပြီးလူနှစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

အရှင်ဝီရသူရဲ့အဲဒီအမုန်းတရား ဖြန့်ဖြူးမှုလုပ်တာ၊အကြမ်းဖက်ဖို့လှုံ့ဆော်တာတွေကို Facebook စာမျက်နှာတွေမှာ တင်မက သတင်းစာ ဂျာနယ်တွေရဲ့ တရားဝင် စာမျက်နှာတွေမှာလည်း ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဟာ အခြားသူတွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်ခဲ့ပေမယ့် ဦးဝီရသူကိုတော့ တစ်စုံတစ်ရာစုံစမ်းမေး မြန်းတာမျိုးတောင် မလုပ်ခဲ့ပါဘူး။ အခုဆိုရင် နောက်တစ်ဆင့်တက်ပြီး ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့ကြီးရဲ့ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကိုတောင် ကမ္ဘာသိ ဆဲပြခဲ့ပါပြီ။

ဒါနဲ့ပတ်သက်ပြီး မေးစရာရှိတာက မြန်မာနိုင်ငံက သံဃအဖွဲ့အစည်းတွေဟာ ဒီလိုအပြုအမူမျိုးကို ခွင့်ပြုထားသလား ဆိုတာပါ။သာသနာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ယောက်ကတော့ ဒါမျိုးလာတိုင်ရင် အရေးယူမယ်ဆိုတဲ့ သဘောနဲ့ ပြဿနာကို ရှောင်လွှဲသွားတာ တွေ့ရပါတယ်။ တကယ်တော့ ဦးဝီရသူရဲ့ ဟောပြောချက် ဗီဒီယိုဖိုင် အင်တာနက် စာမျက်နှာတွေထက်မှာ အလွန့်အလွန်ပျံ့နှံ့သွားပြီမို့ အာဏာပိုင် တွေသိရှိပြီးကြပါပြီ။

အမုန်းတရား ဖြန့်ဖြူးနေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန လိုမျိုးက အရေးမယူတာကိုလည်း စဉ်းစားဖို့ ကောင်းပါတယ်။ သာမန် ပြည်သူတွေ အနေနဲ့ကြည့်ရင်တောင် ဦးဝီရသူဟာ ဒေါ် အောင်ဆန်းစုကြည်ကို ဆန့်ကျင်သူ၊ အင်န်အယ်လ်ဒီအဖွဲ့ကို ဆန့်ကျင်သူဖြစ်ကြောင်း သိကြပါတယ်။ အခုဆန္ဒပြပွဲ ပြောဆိုချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ်ပြီးရုန့်ရင်းကြမ်းတမ်းစွာ ပြောထားတာမျိုး တွေ့နိုင်ပါတယ်။ ဦးဝီရသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို ဆန့်ကျင်သူမို့လို့ ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့ အမုန်းတရား ဖြန့်ဖြူးနေတာတွေကို ခုလိုပဲ လျစ်လျူရှုထားဦးမယ်ဆိုရင် နောင်ပိုပြီးဆိုးရွားတဲ့ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာစရာရှိပါကြောင်း၊ဗုဒ္ဓဘာသာ ပုံရိပ်လည်း ဒီထက်ညှိုးနွမ်းဂုဏ်မဲ့စရာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဦးသိန်းစိန်က လွှတ်တော်သို့စာပို့

ဦးသိန်းစိန်က လွှတ်တော်သို့စာပို့




ယန်ဟီးလီကို မဆဲခင် ဝင်းခိုင်ဦးရေ

ယန်ဟီးလီကို မဆဲခင် ဝင်းခိုင်ဦးရေ




ယူရေနီယံဓာတ်ရောင်ခြည် သင့်ဝေဒနာ ခံစားနေရကြောင်း ဦးတေဇက ပြော

ယူရေနီယံဓာတ်ရောင်ခြည် သင့်ဝေဒနာ ခံစားနေရကြောင်း ဦးတေဇက ပြော


The Voice
ရန်ကုန်၊ ဇန်နဝါရီ ၁၉

နျူကလီးယား ထုတ်လုပ်ရန် သတ္ထုကုန်ကြမ်းဖြစ်သော ယူရေနီယံဟု ယူဆသည့် ကျောက်အချို့ကို မိုးကုတ် မြို့နယ်တွင် တွေ့ ရှိထားပြီး အဆိုပါကျောက်များ ယူရေနီယံဟုတ် မဟုတ် စမ်းသပ်စစ်ဆေးမှုကြောင့် မိမိအပါအဝင် ဝန်ထမ်းများ အပါအဝင် ကိုယ်တိုင်ဓာတ်ရောင်ခြည် သင့်ဝေဒနာ ခံစားနေရကြောင်း ဦးတေဇက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ အင်းလျားလမ်းရှိ နေအိမ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ၌ ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နိုင်ငံတော်အတွက် သတင်းမီဒီယာတွေကနေတစ်ဆင့် အသိပေးရတာပါ။ ကျနော်ကိုယ်တိုင်လည်း (ဓာတ် ရောင်ခြည်သင့်မှုကြောင့်) ဘာဖြစ်မယ် မသိသေးဘူး” ဟု ၎င်းက ဆိုသည်။

ယူရေနီယံဟု သတ်မှတ်နိုင်သည်ဆိုသော ဦးတေဇ၏ တွေ့ရှိချက်မှန်ကန်ပါက မြန်မာနိုင်ငံအတွက် သတင်း ကောင်းဖြစ်ကြောင်း၊ ယင်းသတ္ထုကို ရောင်းချ၍ဖြစ်စေ စွမ်းအင်၊ စိုက်ပျိုးရေး၊ ဆေးပညာ နှင့် မျိုးရိုးဗီဇ ဆိုင်ရာ ကိစ္စရပ်များအထိ များစွာအသုံးပြူနိုင်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဟောင်း ဦးသောင်း လက်ထက်တွင် နျူကလီးယား သုတေသန အဖွဲ့ဝင်ဖြစ်ခဲ့သူ ပါရဂူတစ်ဦးက The Voice သို့ ပြောဆိုသည်။

ဓာတ်ပုံ၊ မိုးကျေ်လွင်


Aungmyin Yezaw
ဒီနေ့ နိုင်ငံကျော်သူဌေးကြီးက မီဒီယာတွေကို နှပ်ချသွားပါတယ် colonthree emoticon colonthree emoticon colonthree emoticon

***********************************************************************

ဒီနေ့ညနေပိုင်း ရုံးကို ဦးတေဇဆီက ဖုန်းဝင်လာပါတယ် ။အရေးကြီး သတင်းစာ ရှင်းလင်းပွဲ ရှိလို့ပါတဲ့ .. ဒါနဲ့ ထောက်ချုပ်Nan Da ဓာတ်ဆရာ Ko Thar Byaw တို့နဲ့အတူ ဦးတေဇခြံထဲ သုတ်သီးသုတ်ပြာနဲ့ အရောက်သွားခဲ့ကြပါတယ် ။ ဟိုရောက်တော့ အစီအစဉ်က စနေပါပြီ .. ခြံထဲမှာ လူတစ်ရပ်လောက်မြင့်တဲ့ LED လား LCD လားမသိတဲ့ TV ကြီးမှာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းက ရေခဲတောင်တွေနဲ့ သစ်တောတွေကို ရိုက်ထားတဲ့ Video Clip တွေနဲ့ ဘာကျောက်တုံးတွေကို ဘာစက်တွေနဲ့ တိုင်းနေမှန်းမသိတဲ့ ပုံတွေပြနေပါတယ်။

ဒါနဲ့ ဟိုမေး ဒီမေး မေးကြည့်လိုက်တော့ .. ကချင်ဘက်မှာ ယူရေနီယံ သတ္တုကြောတွေ့ လို့တဲ့။ ကြားလိုက်ရတဲ့စကားက သေချာနေတာကြောင့်ကိုယ့်နိုင်ငံက ထွက်တဲ့ သယံဇာတတွေ အပေါ် အံ့သြ ၀မ်းသာ ဖြစ်သွားသလို ပိုပြီးတော့လည်း စိတ်ဝင်စားသွားတာကြောင့် ဦးတေဇ ပြောပြနေတာတွေကို ဆက်ပြီး နားထောင်နေလိုက်ပါတယ်…။

သူပြောသွားတာတွေကတော့ အများကြီးပါ။ သူ့ကို ကျောက်ရောင်းနေကျ ဒေသခံတွေက ထူးဆန်းတဲ့ကျောက်တွေတွေ့လို့ လာပြရာကနေ ကျောက်တွေရတဲ့နေရာ လိုက်သွားပြီး စမ်းသပ် စစ်ဆေးတဲ့အခါ ယူရေနီယံလို့ ယူဆလို့ရတဲ့ သတ္ထုတွေ့ရတဲ့အကြောင်း..အသေးစိတ်စစ်တဲ့အခါ တန်ဖိုးကြီးသတ္ထု ၉၀% လောက်ပါနေတဲ့အကြောင်း..ယူရေနီယံဖြစ်တဲ့အတွက် သူတောင် ကံမ ကောင်းလို့ radiation ထိပြီး ဆေးကုနေရတဲ့အကြောင်း… စုံလို့ပါပဲ။

အခုလက်ရှိ သတ္ထု ထွက်တဲ့နေရာမှာ တရုတ်နဲ့ဂျပန်က research တွေ လာလုပ်နေ တာကြောင့် အစိုးရကများ မသိဘဲ ပြည်ပကုမ္ပဏီတွေကို သတ္ထုတူးဖော်ခွင့်ပေးလိုက်ရင် တိုင်းပြည်အတွက် နစ်နာ မှာစိုးလို့..သူကိုယ်တိုင်လုပ်ရင်လည်း ထုံးစံအတိုင်း အပြောအဆို ခံရမှာဆိုတော့ မလုပ်တော့ဘဲ နိုင်ငံတော်ကို အသိပေးပြီး မီဒီယာတွေကို လည်း ပြောပြတာ ဖြစ်တယ် .. ဘာညာပေါ့။

ကိုယ်တွေကလည်း ယုံတာကိုး .. သူပြောသမျှအသံဖမ်းတဲ့သူကဖမ်း မေးချင်တဲ့သူကမေး ဓာတ်ပုံရိုက်တဲ့သူကရိုက်နဲ့ သတင်းထောက်တွေရဲ့စိတ်ထဲမှာတော့ သတင်းထူးရပြီဆိုပြီး ကျေနပ် နေကြတာ…….သူ့လုပ်ကွက်ကလည်း ကြည့်ဦးလေ .. သတင်းထောက်တွေ မျော လည်း မျောချင်စရာ ..ပွဲပြီးလို့ အိမ်ထဲဝင်ခါနီး ကျောက်တွေ့လို့ လာရောင်းတယ် ဆိုတဲ့ဒေသခံတွေကို သိန်း ၅၀၀ ပေးလိုက် ..နောက်လည်း တွေ့သမျှလာပေး သူယူပါ့မယ်ဆိုပြီး သူ့ရဲ့ကိုယ်ရေးအရာရှိတွေကို အားလုံးရှေ့မှာ ခပ်တည်တည်နဲ့ ပြောသွားလိုက်သေးတယ် ။

ရုံးပြန် သတင်းရေးတင်ပြီး အိမ်ပြန်တော့မယ်လုပ်မှ ဓာတ်ဆရာ အဗျော က Google ခေါက်ပြီးတွေ့တာတွေ လာပြလိုက်တော့ ကိုယ့်ကိုယ်ကိုယ် တော်တော် တုံး အ ပြီး အယုံလွယ်မှန်း သိလိုက် ရတယ်…… ၂၀၁၀ မတိုင်ခင် နှစ်တွေကတည်းက ဦးတေဇက ရုရှနဲ့ပေါင်းပြီး ယူရေနီယံ စမ်းသပ်ရှာဖွေ နေတဲ့အကြောင်းတွေ ..မြန်မာနိုင်ငံမှာ ယူရေနီယံသတ္တုကြော ရှိတယ်ဆိုတဲ့ အကြောင်းတွေ စုံလို့ … ။

တစ်ချိန်တည်းမှာပဲ ထူး ကုမ္ပဏီမှာ ၄ နှစ်လောက် လုပ်လာတဲ့ သူငယ်ချင်း တစ်ယောက် က Chat Box ကလာပြောတယ်။ ဒီကိစ္စဦးတေဇသိတာ ကြာပြီ ဆိုတဲ့အကြောင်း ၊အိမ်နီးချင်းနိုင်ငံတွေပါ မက ဥရောပ နဲ့ အမေရိကတို့ကပါ သိနေတဲ့အကြောင်း..ကချင် လက်နက်ကိုင်တွေကအစ ယူရေနီယံ ထွက်တာသိ လို့ အစိုးရနဲ့ ညှိမရတဲ့အကြောင်း အများကြီးပါပဲ .. နောက်ကွယ်က မသိနိုင်တဲ့အကြောင်းအရာတွေလည်း အများကြီး ရှိနေဦးမှာပါ…။

ဒါပေမယ့် သူဌေးကြီးက ပွဲတစ်လျှောက်လုံး ခပ်တည်တည်နဲ့ ပြောသွားတာနော်..ခုမှ ဒေသခံတွေ လာပြလို့ သိရသလိုလို ကံကောင်း ထောက်မလို့ တွေ့သလိုနဲ့ .. သူအရင်ကတည်းက ဒါတွေ ရှာနေတယ် ဆိုတဲ့အကြောင်း တစ်ခွန်းမှ ဟ မသွားဘူး.. … တော်တာ ပြောပါတယ် ..သူက ဘာရည်ရွယ်ချက်ရှိလို့ ထိန်ချန်ထားခဲ့မှန်းမသိပေမယ့် သူလိုသူဌေးတစ်ယောက်ကတော့ မီဒီယာတွေ အများကြီးအရှေ့မှာ မဟုတ်တာ မပြောလောက်ဘူး ထင်လိုက်မိတာကိုး။

ကိုယ်တွေတင် နှပ်ချခံရတာမဟုတ်ဘူး ..ပွဲမှာရှိနေကြတဲ့ ရဲအရာရှိကြီးတွေ ဦးတေဇနဲ့ မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့ ---ကောင်စီက လူကြီးတွေပါ ပါးစပ် အဟောင်းသားလေးတွေနဲ့ ..

ပြောချင်တာက လူရည်လည်ပြီလို့ ယူဆရတဲ့သတင်းသမားတွေတောင် ခပ်တည်တည်နဲ့ အညာခံနေရတဲ့ ဖြစ်ရပ်မျိုးတွေ ရှိနေတာ ..အရိုးခံ ပြည်သူလူထုတွေကိုရော ဘယ်သူတွေက ဘယ်လောက်တောင် လိမ်ညာနေကြမလဲ … ပြည်သူတွေက ဘယ်လောက်တောင် နှပ်ချခံနေရသလဲ ဆိုတာပါပဲ… … … … ။


ဒီနေရာမှာ သတင်းထောက်တွေကမှ သောက်သုံးမကျတာ လို့ ထင်မြင်ချက်ပေးရင် ပေးနိုင်ပါတယ် ။ သတင်းထောက်ဆိုတာကလည်း လူတွေထဲက လူပဲ ဖြစ်လို့ ဘယ်သူကမှ ပြီးပြည့်စုံနိုင်မှာ မဟုတ်ပါဘူး..ဒါကိုမှ သောက်သုံးမကျဘူး ပြောလာရင်လည်း ပြောတဲ့သူတွေ ကိုယ်တိုင်ရော ဘ၀မှာ ဘယ်လောက် နှပ်ချခံခဲ့ရပြီးပြီလဲလို့ ပြန်မေးချင်ပါတယ်… …။



တပ်မ (၆၆)သည် အရပ်သား ၁၅၀၀ခန့်ကို အောင်ဘာလေရွာအတွင်း ပိတ် ဆို့ ထား

တပ်မ (၆၆)သည် အရပ်သား ၁၅၀၀ခန့်ကို အောင်ဘာလေရွာအတွင်း ပိတ် ဆို့ ထား

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ခရစ်ယာန်နှစ်ခြင်းဆရာတော်များ၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း၊ လူမှုရေးအသင်းအဖွဲ့ များနှင့်NDF ၊ NLD အပါအ၀င် နိုင်ငံရေးပါတီများဧ။် ပိတ်မိခံရွာသားများအရေး မေတ္တာရပ်ခံချက်အား တပ်မ (၆၆) တပ်မမှူး ပယ်ချ။

၁၅.၁.၂၀၁၅ နံက် ၅ နာရီတွင်စတင်ဖြစ်ပွားခဲ့သည့် ကေအိုင်အေနှင့်မြန်မာ တပ်မတော်တို့ အကြား
စစ်ပွဲများ ကြောင့်၊ မြန်မာတပ်မတော်မှ ၊ တပ်မ (၆၆)သည် အရပ်သား ၁၅၀၀ခန့်ကို အောင်ဘာလေရွာအတွင်း ပိတ် ဆို့ ထားသဖြင့်၊ ဖားကန့် မြို့ နယ်ရှိ ဘုန်းတော်ကြီး ဦးဇောဝိ၊ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ ချုပ် ( KBC)၊ ဥတုငြိမ်းချမ်းလူမှု့ ကွန်ယက်အပါအ၀င် အရပ်ဘက် လူမှု့ အဖွဲ့ အစည်းများ၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း ၊ ဖားကန့် မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်မိုးမိုး၊ ကျိုင်းတောင်မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဦးရွေသိမ်းနှင့် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ ( NDF) တို့ ပါဝင်သည့် “ ကူညီကယ်ဆယ်ရေးအဖွဲ့ သည်” ၁၇.၁.၂၀၁၅ရက်နေ့ တွင် တပ်မ(၆၆)မှ တပ်မမှူးနှင့်တွေ့ ဆုံ ညှိုနှိုင်းပြီး ပိတ်မိနေသည့်ရွာသား ၁၅၀၀အား အကူအညီပေးနိုင်ရန် ဆွေးနွေးဘို့ ကြိုးစားခဲ့ကြသော်လည်း၊ မြန်မာတပ်မတော်၊ တပ်မ (၆၆) မှ တပ်မမှူးသည် မည်သည့်အကြောင်းပြချက်မှမပေးဘဲ တွေ့ ဆုံခွင့်မပေးခဲ့ကြောင်းသိရသည်။

“ ကူညီကယ်ဆယ်ရေးအဖွဲ့ ” သည်အချိန်အတော်ကြာအောင်စောင့်ဆိုင်းပြီးမှ တပ်မ (၆၆) မှ အရာရှိတစ်ဦး ရောက်ရှိလာပြီး၊ ပိတ်မိခံ ရွာသူ၊ ရွာသားများအား ပြန်မလွှတ်ပေးနိုင်ေ ကြာင်ြးေ ပာ ကြားပြီး ချက်ခြင်းပြန် လှည့် သွားသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ မှပေးပို့ လာသော သတင်း များအရသိရသည်။

မြန်မာတပ်မတော်၊ တပ်မ( ၆၆) သည် အောင်ဘာလေရွာအနီး တပ်စွဲထားသည့် ကေအိုင်အေ တပ်ရင်း(၆) နေရာ အားသိမ်းပိုက်ကာ ကံဆီးခေါရွာနှင့် အောင်ဘာလေရွာအကြား ဥတုချောင်းအကျော်တွင်တပ်စွဲထားပြီး ဒေသခံ အရပ်သား ၁၅၀၀ခန့် အားပိတ်ဆို့ ထားခြင်ြး ဖစ် သည်။ ကေအိုင်အေတပ်ရင်း(၆)သည် ၁၇.၁.၂၀၁၅ နေ့ကတည်းက အောင်ဘာလေရွာ အနီးမှ ဆုတ်ခွာခဲ့ပြီးဖြစ်သည်။

မြန်မာတပ်မတော်၊ တပ်မ(၆၆)သည် ကေအိုင်အေ တပ်သားများရှိနိုင်သည့်နေရာများသို့ လက်နက် ကြီးများနှင့်ဆက်လက်ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး၊ ကေအိုင်အေ တပ်များ ပြန်လည် တိုက်ခိုက်ခြင်း မှ ရှောင်လွဲနိုင်ရန် ပိတ်မိခံရွာသားများအားလူသားဒိုင်းအဖြစ် အသုံးပြုနေ တာဖြစ်နိုင်ကြောင်း ၁၈.၁.၂၀၁၅ တွင် ဒေသခံများမှ ပေးပို့ သည့်သတင်းများအရသိရသည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များ၊ ဥတုငြိမ်းချမ်းလူမှုကွန်ယက်၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း၊ဒေသခံ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် ဒေသခံအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့ ပါဝင်သည့် “ ကူညီကယ်ဆယ်ရေးအဖွဲ့ ” က ပိတ်မိခံရွာသားများသည် အချိန်မရွေး သေနတ်ကျည်ဆံ ထိမှန်ပြီးသေဆုံးနိုင်ကြောင်း၊ အစာရေဆာ ပြတ်လပ်မှုများ အချိန်တို အတွင်း ကြုံ တွေ့ လာနိုင် ကြောင်း စသည်ကဲ့သို့ ပူပန်စရာများရှိနေသည့်အတွက် အရပ်သူအရပ်သားများဖြစ်ကြသည့် ပိတ်မိ ခံရွာသားများဧ။် အရေးကို အထူးတလည်စဉ်းစားပြီးပြန်လွှတ်ပေးနိုင်ရန် မြန်မာတပ်မတော် တပ်ရင်း (၆၆) နှင့် ကေအိုင်အေတို့ ကို တောင်းဆိုထားကြောင်းသိရသည်။

၁၈.၁.၂၀၁၅တွင် ရွာသားများအား တပ်မ (၆၆)မှ ပြန်လည်လွှတ်ပေးနိုင်ရန် အပြင်းအထန်ကြိုးစား သွားမည်ဟုလည်း “ ကူညီကယ်ဆယ်ရေး” အဖွဲ့ က ဆုံးဖြတ်ထားကြောင်းသိရသည်။

မိုးကောင်းမှ ဖားကန့် သို့ သွားသည့် လမ်းမှာလည်းပိတ်ထားသည်မှာ သုံးရက်ရှိပြီဖြစ်သဖြင့်၊ ခရီးသည် ရာချီ ဒုက္ခရောက်လျက်ရှိကြောင်းသိရသည်။ ဖုန်းလိုင်းတစ်ချို့ လည်းပြတ်တောက် မှုများရှိနေကြောင်းသိရသည်။


lördag 10 januari 2015

Andaman Club Co.Ltd ညွန့်လိမ်နှင့်အပေါင်းပါတစ်စု၏ ယုတ်မာသော လုပ်ရပ်များ



Andaman Club Co.Ltd ညွန့်လိမ်နှင့်အပေါင်းပါတစ်စု၏ ယုတ်မာသော လုပ်ရပ်များ




ညွန့်လှိုင်၊သန်းထွန်း နှင့် ကော့သောင်းမြေစာရင်းတို့ ပူးပေါင်းပြီး (12)မိုင် မြေဧက(500)ကျော် ကို 

ပိုင်ရှင်(16)ဦးတို့ထံမှ အဓမ္မသိမ်းယူထားကြောင်းနှင့် ဆင်းရဲသားကျောက်တွင်း အလုပ်သမားများ လုပ်အားခအကြွေး    

ကျန်များ ဘတ်ငါးသန်းကျော် ကို Andaman Club Co.Ltd  သူဌေးကပေးပါလျက် ညွန့်လှိုင်မှဖြတ် ထားပြီး 

အလုပ်သမားများ လုပ်အားခမရရှိကြောင်း ကို ကော့သောင်းမြေယာကော်မတီ အဆင့်ဆင့် နှင့် 

အလုပ်သမားဦးစီးဌာနတို့မှလည်း အကြီမ်ကြီမ် အခါခါ တင်ပြသော်လည်း 

ကူညီဆောင်ရွှက်မပေး နိုင်ကြောင်းကြားသိရပါသည်၊

 ဆက်လက် ဖေါ်ပြပေးမည် 



                                                 မြူ နှင်း(အေးရိပ်ငြိမ်)

torsdag 8 januari 2015

ချာလီဟတ်ဘို မဂ္ဂဇင်းဌာန တိုက်ခိုက်မှုတွင် ပါဝင်သူတဦး ကိုယ်တိုင်လာရောက် အဖမ်းခံ



ပဲရစ်၊ ဇန်န၀ါရီ၊ ၈

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပဲရစ်မြို့ရှိ ချာလီဟပ်ဘ်ဒို မဂ္ဂဇင်းဌာန တိုက်ခိုက်မှုတွင် ပါဝင်သော အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦးသည် ပြင်သစ်နိုင်ငံ မြောက်ပိုင်းမှ ရဲစခန်းတခုတွင် ကိုယ်တိုင်လာရောက် ဖမ်းဆီးခံခဲ့သည်။

လူပေါင်း ၁၂ ဦးကို သတ်ဖြတ်ခဲ့သည့် အစ္စလာမ္မစ် လက်နက်ကိုင်များဟု သံသယရှိသူ ပြင်သစ်နိုင်ငံသား သုံးဦးကို ရဲများက လိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါက အမျိုးသားသည် ပြင်သစ်နိုင်ငံမြောက်ပိုင်း ချာလီဗဲလီမြို့ရှိ ရဲဌာနတခုတွင် ကိုယ်တိုင်လာရောက်၍ အဖမ်းခံခဲ့ခြင်း ဖြစ်သော်လည်း မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ တာဝန်ရှိသည့် ရဲအရာရှိမှ ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။

အဆိုပါ အမျိုးသားသည် ၎င်း၏ အမည်ကို လူမှုကွန်ရက်၌ တွေ့ရှိခဲ့ပြီးနောက် ရဲဌာနသို့ ကိုယ်တိုင်သွားရောက်၍ အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု BFM ရုပ်သံသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့က ပစ်ခတ်သွားသူ နှစ်ဦးနှင့် အဆက်အစပ်ရှိသော အခြားသူများကိုလည်း ဖမ်းဆီးမှုများ ရှိခဲ့သည်ဟု ယင်းသတင်းဌာနက ဖော်ပြထားသည်။


                                                   မြူ နှင်း(အေးရိပ်ငြိမ်)

ကော့သောင်း မှ လော်ဘာ တုံး များ တင် ဆောင် လာသော လှေ ကို ထိုင်း အကောက် ခွန် မှ တရား မဝင် ဟု ဆို ကာ ဖမ်းဆီး ။

ကော့သောင်း မှ လော်ဘာ တုံး များ တင် ဆောင် လာသော လှေ ကို ထိုင်း အကောက် ခွန် မှ တရား မဝင် ဟု ဆို ကာ ဖမ်းဆီး ။
==============================
လှေရှင် ဦး အင်ဘီး ပိုင် ၊ကေတီ 557/07 တင်ဆောင် လာသော အဆိုပါ လော်ဘာတုံး များ သည် Golden Tanintharyi co.ltd ဦးမင်းအောင်မှ ၁၈ မိုင် ဘန်းကချွန် ကျေး ရွာ ရှိ (စကခ ၂၀ ခမောက် ကြီး တပ်မ )ပိုင် လော် ဘာ ခြံ ( ယ ခင် နှစ် ရှည် ပိုင်) မှ ဝယ် ယူ ခဲ့ပြီး ၊ ဝယ် ယူ စဉ် ၊ မှ ခုတ်လှဲ သယ် ယူ ချိန် ထိ တပ်မ မှူး မှာ ရှေ့ တန်း တွင် ရောက်ရှိနေ ကြောင်း ၊။
မြန်မာ အကောက်ခွန် ဌာ နတွင် ထုတ်ကုန် Export အဖြစ် ၊ ရွှေဝက်ဝံ တံတား မှ ည အချိန် ထွက် ခွာ သွားခြင်း ဖြစ် ပြီး ၊ ထိုင်း ဘက် မှာ စာရွက်စာတမ်း မပြည့် စုံ လို့ ဖမ်းလိုက် တယ် လို့ ထိုင်း အကောက် ခွန် ဌာ န က ပြောပါတယ် ခင် ဗျား ၊သယ် ဆောင်လာ တဲ့ ပစ္စည်း အလေးချိန် ၁၃၂ တန် ဖြစ် ပါတယ် ခင်ဗျား ။


ကော့သောင်းဖေ့စ်ဘုတ်မှကူးယူဖေါ်ပြပေးသည်။



                                         မြူ နှင်း(အေးရိပ်ငြိမ်)

tisdag 6 januari 2015

ကော့သောင်းအများပိုင် မှသူတောင်းစားခွက်လု

ကော့သောင်းအများပိုင်ကုပဏီမှ သူတောင်းစားခွက်လု

                       ကော့သောင်းမြို့ ဘုရင့်နောင်တောင်ကုန်း အတက် ဘေးတစ်ဖက်တွင် ညနေခင်းဈေး ရောင်းချ နေသော ဆိုင်ခန်းများ  ရှိပါသည်။ ထိုဆိုင်ခန်းများသည် အစပထမက ရိုးရိုး တဲလေးထိုးရောင်းနေသည်ကို စည်ပင်မှ ထိုကဲ့သို့မလုပ်ရန် ပုံပါအတိုင်းလှည်းနေနှင့် ရောင်းရန်ပြောပြီး
လှည်းများကို ရောင်းစားခဲ့ပါသည်။ ထို့အပြင် တစ်ရက်ဘယ်လောက်ဆိုသည်ကိုလည်း ဖြတ်ပိုင်းဖြတ်ပေးနေ ရပါသေးသည်။ ထိုသို့ အဆင်ပြေအောင် တောင်းသည့်ငွေ ပေးချေနေသော်ငြားလည်း အများပိုင်ကုပဏီမှ ထိုနေရာသို့မျက်စောင်းကျလာခဲ့ပါသည်။ ထိုနေရာတွင် ရောင်းချသောဈေးဆိုင်ခန်းများအား ဘယ်နေ့ဘယ်ရက်ရွှေ့ပေးရမည်ဟုပုံပါအတိုင်း အကြောင်းကြားလာပါသည်။ ထိုသို့မရှိဆင်းရဲသားများလုပ်စားနေသော နေရာကို အများပိုင်ကုပဏီမှ လက်သိပ်ထိုးဝယ်ယူခြင်းသည်  အရပ်ရပ်နေပြည်တော်က ကြားလို့မှမသင့်တော်ပါ မဖြစ်သင့်ပါ သူမ  ပိုင်ကိုယ်      မပိုင် အများ ပြည်သူပိုင်သည့်နေရာကို အများပြည်သူအကျိုးငှါ ရောင်းစားခွင့်ပြုသင့်ပါကြောင်း ကျွန်မဒီနေရာကနေ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။  အများပိုင်ကုပဏီအနေဖြင့်လည်း သူတောင်းစားခွက် လုသည့်သဘောမဖြစ်အောင် ကော့သောင်းမြို့တွင် လစ်လပ်နေရာအများကြီးရှိပါကြောင်း ၊  သက်ဆိုင်ရာ ၀န်ကြီး  များမှလည်း စီးပွားရေးကြပ်တည်း သော်လည်း တည်ငြိမ်စွာ ရောင်းချစားသောက်နေသော ကော့သောင်းနေပြည်သူများရဲ့ အခြေနေကို နားလည်ပေး နိုင်ပါစေရန်  အသိပေးတင်ပြလိုက်ရခြင်းဖြစ်ပါသည်ရှင်။





                                                      မြူ နှင်း(အေးရိပ်ငြိမ်)

ချောကလက် အတောင်းခံရသူ

  ချောကလက် အတောင်းခံရသူ

  ရန်ကုန်အရောက် immigration ကောင်တာကိုကျမ၀င်တော့
  form အသေးတစ်စောင်ဖြည့်ဖို့ လိုနေတယ်လို့ အရာရှိကပြောရော။
  ကျမက.. ဒါဆိုလဲ ကျမကိုယ့်ဟာကိုယ် သွားဖြည့်ပြီးမှတခေါက်ပြန်ဝင်ခဲ့မယ်လို့
  ပြောလိုက်တယ်။ ဒီတော့ အရာရှိက သူဖြည့်ပေးပါမယ်ဆိုပြီး ဖြည့်ရေးပေးပါလေရော။
  သူ့ ခေါင်းကြီးငုံ့ပြီးဖြည့်ရေးနေချိန်မှာ ကျမမျက်နှာကို တချက်မကြည့်ဘဲ    နိုင်ငံခြားကပြန်လာတယ်ဆိုတော့
  ချောကလက်မပါဘူးလားလို့မေးပါတယ်။ကျမ မကြားချင်ယောင်ဆောင်နေလိုက်တယ်။
  သူမရှက်ပေမဲ့ ကိုယ်ရှက်တယ်လေ။
  ဒါနဲ့..အဲလိုခေါင်းကြီးငုံ့ရက်ကဘဲ ဒုတိယအကြိမ်မြောက် ချောကလက်လေးဘာလေး  မပါဘူးလားလို့ ထပ်မေးပြန်တယ်။
  ကျမသူ့မျက်နှာကိုစိုက်ကြည့်ပြီး မပါလာခဲ့ဘူးလို့ ခပ်ပြုံးပြုံးလေးဖြေလိုက်မိတယ်။
  သူ့ဘေးနားကပ်ရပ်ထိုင်တဲ့နောက်တယောက် အရာရှိက သူ့ ကိုလှမ်းကြည့်နေတယ်။
  ဒါပေမဲ့ သူဒါတွေကို ဂရုမစိုက်အားဘူး။
  ကျမ ၁၉၉၉ခုနှစ်ကထဲက မြန်မာနိုင်ငံကနေ ထွက်ခွာလာခဲ့တာ အခုဆိုရင် ၁၀နှစ်ကျော်အတွင်း
  ရန်ကုန်ပြန်တိုင်း immigration နဲ့ပက်သက်ပြီး တပြားကလေးမှပေးခဲ့ဖူးခြင်းအလျင်းမရှိဘူး။
  ဘာလို့လဲဆိုတော့ သူတို့ရဲ့(၀န်ထမ်းတွေ)စိတ်ဓါတ်နဲ့ ကျင့်ဝတ်တွေကိုဖျက်ဆီးတဲ့လူတွေထဲမှာ
  ကိုယ်မပါချင်လို့ပါဘဲ။
  တချို့လူတွေကတော့ ကျမကို.. ဒါလေးပေး
  လိုက်တော့ နင့်မှာဘာဖြစ်သွားမှာမို့လို့လဲလို့...ထင်ကြမယ်။
  ကျမကတော့ကျမစိတ်ဓါတ်ကို အခုလောလောဆယ်အချိန်ထိ ပြင်ဖို့ဝေးစွ။
  နောက်တော့လဲမပြောတတ်ဘူးပေါ့နော။
  အ၀င်တုံးထုတဲ့ကိစ္စပြီးသွားတော့ ကျေးဇူးတင်ပါတယ်လို့ သူ့မျက်နှာကိုကြည့်ပြီးပြောဖြစ်တယ်။
  အော်..ဒါနဲ့..အဲ့ဒီအရာရှိနာမည်က 'သ' နဲ့စတယ်။

AAM



ကနေဒါအမြန်ရောက်နည်း Express Entry

ကနေဒါအမြန်ရောက်နည်း Express Entry

Express Entry
PR လျှောက်ဖို့
Online ကိုသာ အသုံးပြုရပါမယ်။ လက်ခံမယ့် နိုင်ငံသားလောင်းတွေကို လျှောက်ဖို့ ဖိတ်ကြားပါလိမ့်မယ်။
အဲဒီထဲကမှ အရည်အချင်းရှိသူတွေကို ရွေးထုတ်သွားမှာဖြစ်တယ်။ အမှန်တကယ်ဖိတ်ကြားခံရသူဟာ
ရက် ( ၆ဝ ) အတွင်း Online ကနေ ပြည့်စုံအောင် ဖေါင်ထပ်မံဖြည့်သွားရပါမယ်။ ပထမအသုတ်ကို
၂ဝ၁၅ ဇန်နဝါရီ ရဲ့ နောက်ဆုံးသတ္တပတ်မှာ ရွေးချယ်ပါလိမ့်မယ်။
မဖြေခင်
Language Test စစ်ဆေးဖို့တောင်းဆိုထားတယ်။ Citizenship and Immigration Canada (CIC) ကနေ အသိအမှတ်ပြုတဲ့ အေဂျင်စီတစ်ခုခုမှာ
အခပေးစစ်ဆေးပြီးတဲ့အဖြေကို လက်ထဲမှာကိုင်ထားပါ။ Online မှာ Profile ဖြည့်တဲ့အခါ အချက်အလက်တွေကို
ဖြည့်သွင်းရုံသာ။ သံရုံးက လိုတဲ့အခါ တင်ပြနိုင်အောင် အဆင်သင့်လုပ်ထားပါ။ Profile တစ်ခါလုပ်ထားရင်
သက်တမ်း ( ၁၂ ) လ ခံပါတယ်။ Test Result ကိုလည်း Profile နည်းတူ သက်တမ်းရှိနေရပါမယ်။
ရက်သိပ်မကျန်တော့ရင် Test အသစ်ထပ်ဖြေထားပါ။
Skilled work experience အရ
အလုပ်အတွေ့အကြုံမှာ
.
( ၁ ) နှစ်အတွင်း နာရီ ( ၁၅၆ဝ ) ဒါမှမဟုတ်
သီတင်း ( ၁ ) ပတ်ကို နာရီ ( ၃ဝ ) အလုပ်လုပ်ဖူးသူဖြစ်ရပါမယ်

Federal Skilled Trades Program အရ
.
အင်္ဂလိပ်သို့မဟုတ် ပြင်သစ်စကားတတ်ရပါမယ်။
.
(၅ ) နှစ်အတွင်း အနည်ဆုံးကျွမ်းကျင်လုပ်သက် ( ၂ ) နှစ် ရှိရပါမယ်။
.
ကနေဒါအမျိုးသားအလုပ်အကိုင်ခွဲခြားစီစစ်ရေး
- National Occupational Classification (NOC) ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီရပါမယ်။
.
ကနေဒီယမ်လုပ်သားရေးရာအာဏာပိုင်တိုင်းရုံး
- Canadian provincial or territorial authority ကနေ လက်မှတ်တစ်ခုခုရရှိထားသူ
ဒါမှမဟုတ် အချိန်ပြည့် ( ၁ ) နှစ်အလုပ်ခန့်လွှာ လက်ဝယ်ရှိသူ
.
စတာတွေအကျုံးဝင်ပါတယ်။
Canadian Experience Class အရ
.
လျှောက်လွှာမတင်ခင် ကနေဒါနိုင်ငံမှာ ( ၃ ) နှစ်အတွင်း
ကျွမ်းကျင်လုပ်သက် ( ၁ ) နှစ် ရှိပြီးသူ ဖြစ်ရပါမယ်။
.
ကနေဒါနိုင်ငံရဲ့အလုပ်အတွေ့အကြုံကို တတ်ကျွမ်းနားလည်ရမယ်။
.
Speaking, Reading, Writing and Listening စတဲ့
အင်္ဂလိပ်စာလိုအပ်ချက် ပြည့်စုံရပါမယ်။
.
Quebec မြို့နယ်ပြင်ပမှာ နေထိုင်ရပါမယ်။
.
ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ နဲ့ ကနေဒါမှာ ကျောင်းတက်ပြီး
လုပ်ငန်းအတွေ့အကြုံရယူခဲ့သူများကို ထည့်သွင်းမစဉ်းစားပါဘူး။
Skilled work experience
To be considered for the Canadian Experience Class, you need to have Canadian skilled work experience within three years of applying. According to the Canadian National Occupational Classification (NOC), skilled work experience means:
Managerial jobs (NOC skill level 0)
Professional jobs (NOC skill type A)
Technical jobs and skilled trades (NOC skill type B)
ဘာသာပြန်- ကိုညီညီ(တောင်ကြီး)



MAI နှင့် ဘုရားဖူးများ

MAI နှင့် ဘုရားဖူးများ