အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 24 juni 2014

သူ့နေရာဆက်ခံမဲ့ ၀န်ကြီးက သိန်း (၈၀၀၀) ကိစ္စနဲ့ မရှင်းမရှင်းဖြစ်နေတဲ့သူ

သူ့နေရာဆက်ခံမဲ့ ၀န်ကြီးက သိန်း (၈၀၀၀) ကိစ္စနဲ့ မရှင်းမရှင်းဖြစ်နေတဲ့သူ


Moe Zay Nyein

7 Days မှာ ဘူးလက်ကြီးပြောတဲ့သတင်းတွေ့မှ သတိရမိတယ်။

ခု သာသနာရေးမှာ ၀န်ကြီးအဖြစ်အဆို တင်သွင်းခံရတဲ့ ဗိုလ်မှူးကြီးစိုးဝင်း က အရင်တုန်းက ပြန်ကြားရေးကပါ။ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ်၊ မတ်လမှာ ပြန်ကြားရေး ဒုဝန်ကြီးဖြစ်လာပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ- သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှာ ငွေသိန်း (၈၀၀၀) ကျော် စာရင်းကွာဟမှုဖြစ်ခဲ့ပါတယ်။ အဲဒီငွေကြေးကွာဟမှုကို သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း လက်အောက်ခံ မြန်မာ့အလင်းသတင်းစာတိုက်မှ မန်နေဂျာ - ထွန်းထွန်းလတ်၊ လထမန်နေဂျာ(ဖြန့်ချိရေး) - ကျော်မင်းဦးနဲ့ လထမန်နေဂျာ(ငွေစာရင်း) ၀င်းမြင့် တို့ (၃) ယောက်အပေါ် ခေါင်းပုံချ၊ အိမ်တွေ မြေတွေသိမ်း၊ ဖမ်းဆီးအမှုဖွင့်စစ်ဆေးခဲ့ပါတယ်။ ယခုထိ အမှုမပြီးပြတ်သေးပါဘူး။

၂၀၁၂ သြဂုတ်လ (အမှုဖြစ်ပေါ်ပြီးတစ်လခန့်အကြာမှာ) ဗိုလ်မှူးကြီးစိုးဝင်းကို အမှုနဲ့လွတ်ရာကျွတ်ရာ သာသနာရေးဝန်ကြီးဌာနသို့ ဒုဝန်ကြီးအဖြစ် ပြောင်းရွှေ့ပေးခဲ့ ပါတယ်။ အထက်အရာရှိအဖြစ်တာဝန်ယူခဲ့စဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ပြဿနာကို ခေါင်းရှောင်သွားတယ် ဆိုပါတော့။ ခုတော့ ၀န်ကြီးတောင် ဖြစ်လာဦးမတဲ့ဗျာ။ အရင်ဝန်ကြီးကိုတော့ သိန်း(၁၀၀) လာဘ်စားလို့ အရေးယူသတဲ့။ သူ့နေရာဆက်ခံမဲ့ ၀န်ကြီးက သိန်း (၈၀၀၀) ကိစ္စနဲ့ မရှင်းမရှင်းဖြစ်နေတဲ့သူ။
ကောင်းပါတယ်။ စိတ်ပျက်ဖို့။




Inga kommentarer:

Skicka en kommentar