အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 24 juni 2014

ဒေါ်ခင်ဝိုင်းကြည်နေအိမ် ဖောက်ထွင်းခံရ

ဒေါ်ခင်ဝိုင်းကြည်နေအိမ် ဖောက်ထွင်းခံရ



    Tuesday, 24 June 2014 08:48
http://thevoicemyanmar.com/index.php/news/item/723-dky

အချိုးကျကိုယ်စားပြု (PR) စနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်ခဲ့တဲ့ ဒေါ်ခင်ဝိုင်းကြည်နေအိမ် မနေ့က ညသန်းခေါင်ယံမှာ ဖောက်ထွင်းခံလိုက်ရပါတယ်။ ခြိမ်းခြောက်ခံရတဲ့အတွက် စိုးရိမ်နေတယ်လို့ ထုတ်ဖော်ပြောဆို အပြီးမှာ အခုလို ဖောက်ထွင်းမှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။

အရေးကြီး စာရွက်စာတမ်းတွေကို ခိုးယူဖို့ လာခဲ့တယ်လို့ ထင်ခဲ့ပေမယ့် အဲဒီစာရွက်စာတမ်းတွေ မပါသွားဘူးလို့ ဒေါ်ခင်ဝိုင်းကြည်ရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။
“ဖုန်းရယ် ပိုက်ဆံအိတ်ရယ်ပဲ ပါသွားတယ်” လို့ သူက ရှင်းပြပါတယ်။

နေအိမ် ဖောက်ထွင်းခံရတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက် မေးမြန်းခဲ့တယ်လို့ ဒေါ်ခင်ဝိုင်းကြည်ရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။ ဖောက်ထွင်းခံရမှုနဲ့ ပတ်သက်လို့ အမှုဖွင့်ထားတာတော့ မရှိသေးပါဘူး။

တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေးမြန်း နှောက်ယှက်တာတွေ ရှိတဲ့အတွက် ရန်ကုန်မှာ ရှိနေတဲ့ မိသားစုအတွက် စိုးရိမ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice ကို ဇွန်လ ၂၃ ရက်နေ့က ပြောဆိုထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် တယ်လီဖုန်းနဲ့ ဆက်သွယ်ခြိမ်းခြောက်တာ၊ လွှတ်တော်အတွင်းမှာ စောင်းမြောင်းပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်းတရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေးမြန်း နှောက်ယှက်တာတွေ ရှိတဲ့အတွက် ရန်ကုန်မှာ ရှိနေတယ် မိသားစုအတွက် စိုးရိမ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice ကို ဇွန်လ ၂၃ ရက်နေ့က ပြောဆိုထားပါတယ်။

Inga kommentarer:

Skicka en kommentar