အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 24 juni 2014

ဦးအံ့မောင်ကို ဖမ်းတဲ့အဆင့်မဟုတ်ဘဲ ရန်ကုန်မှာ အထူးတပ်ဖွဲ့ဖွဲ့ပြီး စစ်

ဦးအံ့မောင်ကို ဖမ်းတဲ့အဆင့်မဟုတ်ဘဲ ရန်ကုန်မှာ အထူးတပ်ဖွဲ့ဖွဲ့ပြီး စစ်



သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအံ့မောင်ကို စသုံးလုံးဘက်က စစ်ဆေးနေပြီ ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။

ဦးအံ့မောင်ကို ဖမ်းတဲ့အဆင့်မဟုတ်ဘဲ ရန်ကုန်မှာ အထူးတပ်ဖွဲ့ဖွဲ့ပြီး စစ်နေတယ် လို့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ပတ်သက်တယ် လို့လည်း အထူးသတင်းတပ်ဖွဲ့ဘက်က ပြောပါတယ်။

မဟာသန္တိသုခကျောင်းတိုက် စီးနင်းမှုမှာ နောက်ကွယ်က စီစဉ် ညွှန်ကြားသူလို့ ဝေဖန်ခံနေရတဲံ ဦးအံ့မောင်ဟာ သာသနာရေးဝန်ကြီးဌာနမှာ အကြံပေးလုပ်ခဲ့သူပါ။

ဒါ့အပြင် သန္တိသုခကျောင်း သတင်းစာ ရှင်းလင်းပွဲမှာ သူရဲ့ရှင်းလင်းပြောကြားမှုတွေဟာ အငြင်းပွားဖွယ်တွေလည်း ရှိခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သမ္မတရဲ့ အကြံပေး လို့ သုံးနှုန်းခဲ့တာကိုတော့ ဦးအံ့မောင်ဟာ သမ္မတရဲ့ အကြံပေး မဟုတ်ဘူးလို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ငြင်းခဲ့ပါတယ်။

ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ် လို့လည်း သိရပါတယ်။

သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁၀၀ ခန့် အလွဲသုံးစားပြုမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေး (စစစ) က ဖမ်းဆီး အမှုဖွင့်ထားတာ ဖြစ်ပြီး ရမည်းသင်းထောင်မှာ ဖမ်းဆီးထားတယ် လို့လည်း သိရပါတယ်။

မိသားစုလှူဒါန်းတဲ့ ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲပြီး ဝန်ကြီးဌာန ငွေစာရင်းမှာ မမှန်မကန် စာရင်းပြခဲ့တာတွေ ရှိတဲ့အတွက် ဦးဆန်းဆင့်နဲပ အပေါင်းအပါများကို ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ အထူးစုံစမ်း စစ်ဆေးရေးက တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့တာ လို့လည်း သိရပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်သူ ၉ ဦး ရှိပြီး အဲဒီလူ ပုဂ္ဂိုလ်တွေ အားလုံးကို အထူးစုံစမ်း စစ်ဆေးရေးက ဆက်လက် အရေးယူသွားမယ် လို့လည်း သိရပါတယ်။

သမ္မတ အကြံပေးဆိုပြီး ဦးအံ့မောင် သုံးနှုန်းခဲ့မှုအပေါ်မှာ စုံစမ်းနေပြီ လို့ သမ္မတ ပြောဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောထားပါတယ်။

Inga kommentarer:

Skicka en kommentar