အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 24 juni 2014

ရွှေည၀ါ တရားပွဲ စီစဉ်သူကို ထောင်ဒဏ် တစ်လ ချမှတ်

  ရွှေည၀ါ တရားပွဲ စီစဉ်သူကို ထောင်ဒဏ် တစ်လ ချမှတ်



ရွှေရည်ဝင်းထက်| အင်္ဂါနေ့၊ ဇွန် ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။

ရွှေပြည်သာမြို့နယ်တွင် ရွှေည၀ါဆရာတော် ဦးပညာသီဟ၏ တရားပွဲစီစဉ်သူ ဦးကျော်ဟိန်းကို မြို့နယ်တရားရုံးက ဒဏ်ငွေတစ်သောင်း (သို့မဟုတ်) ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။

၂၀၁၄ ဖေဖော်ဝါရီလတွင် ကျင်းပသည့် တရားပွဲကို စီစဉ်သူက ဒဏ်ငွေပေးဆောင်ခြင်းမပြုဘဲ ထောင်ဒဏ် တစ်လသာ ကျခံလိုက်သည်ဟု ရွှေည၀ါဆရာတော်၏ လက်ထောက်ဆရာတော် ဦးဣန္ဒက က ဇွန် ၂၃ ရက်တွင် မဇ္ဈိမသတင်းစာကို မိန့်ကြားခဲ့သည်။

ခွင့်ပြုချက်မယူဘဲ စီစဉ်ခဲ့သည်ဟုဆိုကာ ရွှေပြည်သာမြို့နယ် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရာဇသတ်ကြီးပုဒ်မ ၂၁ ဖြင့် တရားစွဲဆိုခဲ့သည်။

ထိုသို့ အမိန့်ချမှတ်ခဲ့သည့်အပေါ် ရွှေည၀ါဆရာတော် ဦးပညာသီဟက“တရားပွဲကို ဖယ်လိုက်ပြီး ဒဏ်ငွေ ၁၀,၀၀၀ ဆောင်ရမယ်၊ မဆောင်ရင် ထောင်ဒဏ်တစ်လ ကျခံရမယ်ပြောတယ်။ ဘာသာရေးကို လုပ်ချင်သလို လုပ်နေတယ်။ အဓိကကတော့ တို့ကို ပစ်မှတ်ထားနေတယ်။ နောက်ကို တရားပွဲ မကျင်းပရဲအောင်လို့ပေါ့”ဟု မိန့်ကြားခဲ့သည်။

ထိုသို့ အမိန့်ချမှတ်ပြီးသည့်နောက် ရွှေပြည်သာမြို့နယ်နေ ပြည်သူများက“တရားပွဲမလာတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အလိုမရှိ”ဟု ရပ်ကွက်နေပြည်သူ ၁၅၀ ကျော်က ဆန္ဒပြ ကြွေးကြော်ခဲ့ကြသည်ဟု ဦးနေလင်းအောင်က ပြောသည်။ ယင်းသည် ရွှေည၀ါတရားပွဲများ နောင်တွင် မကျင်းပနိုင်ရေး ရည်ရွယ်သည်ဟု ပြောသည်။
 Credit To: Mizzima - News in Burmese


                                                      မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar