အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 24 juni 2014

ဦးဆန်းဆင့်ကို ဖမ်းဆီးသည့်ကိစ္စ သင့်လျော်သည့်အချိန်တွင် ရှင်းလင်းမည်

ဦးဆန်းဆင့်ကို ဖမ်းဆီးသည့်ကိစ္စ သင့်လျော်သည့်အချိန်တွင် ရှင်းလင်းမည်

By
မင်းဟိန်းကျော်
On
Tue, 2014-06-24 06:03
Location
http://www.7daydaily.com/story/14025#.U6oEk7GTGSo
 သာသနာရေးဝန် ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးအ ရေးယူထားသည့် ကိစ္စရပ်နှင့်ပတ် သက်၍ သင့်လျော်သည့်အချိန် တွင် ရှင်းလင်းပြောကြားမှုများပြု လုပ်မည်ဖြစ်ပြီးပြန်ကြားရေးဒုတိ ယ၀န်ကြီး၊ ရဲချုပ်တို့ပါဝင်သော သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်း လင်းမည်ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ်ကျော် ကျော်ထွန်းက ပြောသည်။

ယခုလ ၂၃ရက်တွင်ပြုလုပ် သော ပြည်သူ့လွှတ်တော်အစည်း အဝေးအတွင်း မီဒီယာများနှင့် တွေ့ဆုံစဉ်ပြည်ထဲရေးဒုတိယ၀န် ကြီးက အထက်ပါအတိုင်း ဖြေကြာဲး့ခြင်းဖြစ်သည်။

‘‘ဦးဆန်းဆင့်ကိစ္စရပ်နဲ့ပတ် သက်လို့ အခုအချိန်မှာ ကျွန်တော့် အနေနဲ့ ဘာမှထုတ်ပြောလို့မရ သေးပါဘူး။ သင့်လျော်တဲ့အချိန် မှာ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါလိမ့်မယ်။ ဦးရဲထွဋ်တို့ ရဲ ချုပ်တို့ပါပါတယ်’’ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကပြောသည်။

ငွေကြေးအလွဲသုံးစားမှုကိစ္စ ရပ်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန က ဦးဆန်းဆင့်ကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကာ နေပြည်တော် ပုဗ္ဗသီရိတရားရုံးတွင် အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ  ရုံးအကြံပေးဦးအံ့မောင်ကို ဖမ်း ဆီးစစ်ဆေးနေသည်ဆိုသည့်သ တင်းအား မိမိအနေဖြင့်အတည်ပြု ပြောကြားနိုင်ခြင်းမရှိဘဲ မည်သူမ ဆို လိုအပ်ပါက ခေါ်ယူစစ်ဆေးမှု များရှိနိုင်ကြောင်း ဒုတိယ၀န်ကြီး ကပြောသည်။
လက်ရှိတွင် ဦးဆန်းဆင့် ကို ရမည်းသင်းထောင်သို့ ပို့ ဆောင်ထားပြီး ၎င်း၏ကိုယ်ရေး အရာရှိဖြစ်သူဦးအောင်သူမင်းမှာ မူ မည်သည့်နေရာတွင် ဖမ်းဆီး ထားသည်ဆိုခြင်းကို သိရှိရခြင်းမ ရှိကြောင်း ဦးဆန်းဆင့်နှင့်နီးစပ် သည့်အသိုင်းအ၀ိုင်းမှ သတင်းရရှိ သည်။ အဆိုပါကိစ္စရပ်နှင့်ပတ် သက်၍ ဦးဆန်းဆင့်နှင့် နီးစပ်သူ များအပါအ၀င် ဌာနဆိုင်ရာဝန်ထမ်းအချို့ကိုပါ စစ်ဆေးမေးမြန်းမှုများ ရှိနေကြောင်းသတင်းရရှိသည်။

ဦးဆန်းဆင့်ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ လူ့အခွင့်အရေးလှုပ် ရှားသူများ၊လယ်သမားများ၊ ပြည် သူများက ဆန္ဒဖော်ထုတ်မည်ဖြစ် ကာ အမှန်တရားပေါ်ပေါက်ရေး၊ ဦးဆန်းဆင့်ကို အမြန်ဆုံးလွှတ် ပေးရေးအတွက်တောင်းဆိုသွား မည်ဖြစ်ကြောင်း ပုသိမ်မြို့ရှိ လူ့ အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

‘‘ဦးဆန်းဆင့်ကကျွန်တော် တို့ ဧရာဝတီသားတွေအတွက် အားကိုးရာပဲ။ အခုကိစ္စကသူ့ကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ လုပ်ကြံ တာ။ နောက်ပြီး ပွင့်လင်းမြင်သာ မှုမရှိဘဲ ဒီလိုခေါ်ဆောင်ဖမ်းဆီး တာက လူ့အခွင့်အရေးချိုးဖောက် ခံရတာဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့က ခွင့်ပြုချက်တင် ပြီး အနီးဆုံးရက်ပိုင်းအတွင်း ဆန္ဒ ထုတ်ဖော်မှုပြုလုပ်မယ်’’ဟု အဆို ပါပုဂ္ဂိုလ်ကပြောသည်။

ဦးဆန်းဆင့်သည် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအနက်ဧရာဝတီလွှတ်တော်ကို ထင်ပေါ်သော လွှတ်တော်ဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းနာမည်ကောင်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။




Inga kommentarer:

Skicka en kommentar