အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 19 juli 2015

ပုလောတုံတုံးမှအများအကျိုးကို ဆောင်ရွက်ပေးသူမို့ ဂုဏ်ပြု လို့ အများသိစေရန်တင်ပြအပ်ပါသည်

ပုလောတုံတုံးကျေးရွာမှ အများအကျိုးကို ဆောင်ရွက်ပေးသူမို့ ဂုဏ်ပြု လို့ အများသိစေရန်တင်ပြအပ်ပါသည်
အများအကြိုး ရွယ်သယ်ပိုးသူ
ဟိုတစ်လော ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာ အဆင်းလမ်းကောင်းမွန်လာစေ
ချင်တဲ့စေတနာ
နိုင်ငံတော်အကြီးအကဲများ ခဏ ခဏလာစေချင်
သည်ကော့သောင်းမြို့ဆီ ဆိုတဲ့ခေါင်းစဉ်နဲ့
စာတစ်ပုဒ် တင်ခဲ့ဖူးပါတယ်

ဒီစာပိုက်မှာလိုသွားတာက တစ်ခါတစ်လေ အဲဒီလမ်း
ကလေးဟာ လူကြီးတွေမလာလည်း ကောင်းမွန်တဲ့
အခါကောင်းနေတတ်ပါတယ်

အခုအခါမှာတော့ ဒီလမ်းလေး ပျက်စီးသွားတဲ့အချိန်
တိုင်းလိုလို ဂရုတစ်စိုက်နဲ့ လမ်းကလေး သွားလာရအဆင်
ပြေကောင်းမွန်သွားအောင် ပြုပြင်ပြီး ကုသိုလ် ယူနေတတ်တဲ့ လူတစ်ယောက်အကြောင်းကို
ရေးသားဂုဏ်ပြုမိတ်ဆက်ပေးမှာဖြစ်ပါတယ်

သူ့အမည်ကို ပုလုံးတုံတုံးရွာသူ/သားများခေါ်တာက
တော့ ဦးမော်စီတုံးလို့ခေါ်ကြပါတယ်

သူဟာ ဒီရွာလေးကိုသွားတဲ့လမ်းကလေး
ပျက်စီးပြီး သွားလာရ အခက်အခဲဖြစ်တဲ့အချိန်တိုင်းမှာ
နှစ်ပေါင်းများစွာ
မိမိရဲ့ အလုပ်အကိုင်တွေ၊အချိန်တွေ၊ငွေတွေ
များစွာအကုန်ခံပြီး လူအများသွားလာရအဆင်ပြေ
အောင်အမြဲတမ်းဂရုတစ်စိုက်နဲ့ ပုံ ပါအတိုင်းပြုပြင်နေ
တတ်ပါတယ်

တစ်ကယ်လို့မိတ်ဆွေများ ပုလုံးတုံတုံးကျေးရွာသို့
အလည်သွားလို့ဘဲ့ဖြစ်ဖြစ်တစ်ခေါက်တစ်ခါရောက်
သွားလို့ ထိုလမ်းကလေးသွားလာရ အဆင်ပြေနေပါ
လျှင် ချီးမွန်းရမည့်သူ ကျေးဇူးတင်ရမယ့်သူက
ဒီမော်စီတုံးဆိုတဲ့လူကြောင့်လို့မှတ်ထားပေးပါ

ဒါကြောင့် ထိုpost ကိုဖတ်မိကြသော ကော့သောင်း
သား/သူများ
မိတ်ဆွေများ
ပုလုံးတုံတုံးကျေးရွာ၌နေထိုင်ပြီး အများအကျိုးကို
ဆောင်ရွက်နေသော
ဦးမော်စီတုံးဆိုသောလူကြီးကို ဝမ်းမြှောက် ဂုဏ်ယူ
သာဓုခေါ်ဆို ချီးမွန်းပေးကြပါရန်
အများအကြိုး သယ်ပိုးသူဆိုသောခေါင်းစဉ်ဖြင့်
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။











                                             မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar