အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 15 juli 2015


အစိုးရအနေနဲ့ ၂ဝ၁၂ ခုနှစ်ကစပြီး ကားတင်သွင်းခွင့်ပါမစ်တွေ ချပေးခဲ့တဲ့နောက်ပိုင်း ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုမိုဆိုးဝါးလာတာဟာ ခုံးကျော်တံတားတွေ ဆောက်လုပ်ပေမယ့်လည်း ထူးခြားမလာတော့ပါဘူး။ လမ်းကြပ်မှုတွေဟာ နေ့စဉ်သွားလာနေတဲ့ ပြည်သူတွေလည်း စိတ်ညစ်ရသလို အငှားယာဉ်မောင်းသမားတွေရဲ့ စားဝတ်နေရေးကိုလည်း ထိခိုက်လာပါတယ်။

အငှားယာဉ်မောင်းတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရွှေတိဂုံဘုရား မြောက်ဖက်မုဒ်က တက္ကစီအသင်းဝင်ပေါင်း ၆ဝ ကျော်လောက်ရှိတဲ့ သွေးဆေးကန် taxi family ကိုသွားပြီးလေ့လာမိတဲ့အခါ နေ့စဉ် owner ကြေးပေးပြီး လုပ်ကိုင်နေသူတွေဟာ ပိုပြီးအထိနာနေတယ်လို့ ပြောပြခဲ့ကြပါတယ်။

ယာဉ်ကြောတွေအရမ်းကြပ်လာလို့ owner ကြေးနဲ့ ဆီဖိုးရအောင် တော်တော်လေးရုန်းကန်နေရပြီး ကိုယ့်အိတ်ထဲက မစိုက်ရအောင် ကြိုးစားနေရတယ်လို့ ဆိုလာသူက အငှားယာဉ်မောင်း ကိုတင်မောင်မောင်ပါ။

ဆီဈေးကိုဂရုစိုက်နေရတဲ့ကြားထဲ တက္ကစီရပ်နားထားဖို့ သီးသန့်သတ်မှတ်ပေးထားတဲ့ နေရာမရှိဖြစ်နေပြီး လိုင်စင်ထပ်ဝင်ရသလိုမျိုး City Taxi ဆိုပြီး မထသက နှစ်စဉ်ကြေးကောက်တာတွေလည်း ရှိသေးတယ်လို့ ပြောပြပါတယ်။

၇နှစ်လောက်ကြာအောင် တက္ကစီမောင်းလာခဲ့တဲ့ ကိုဇော်မင်းဦးကတော့ အရင်နဲ့အခု owner ကြေး အတူတူဖြစ်ပေမယ့် နေရာအတော်များများမှာ ကားတွေကြပ်နေတာမို့ လမ်းကြောင်းမှားပြီးလိုက်မိရင် တစ်ရက်လုံးကို အော်ဒါတစ်ခုတည်းနဲ့ ပြီးသွားတာမို့ ကားသမားတွေ တော်တော်ဒုက္ခခံနေရတယ်လို့ ဆိုပါတယ်။

တက္ကစီသမားတွေဟာ ကြိုးစားပြီးငွေရှာမှ ထမင်းစားနိုင်ရုံသာ သူတို့အတွက်ကျန်သလို ယောက်ျားတစ်ယောက်တည်း ရှာတဲ့ဝင်ငွေဟာ မိသားစုအတွက် အဆင်မပြေတော့ဘူးလို့ ကိုဇော်မင်းဦးက ပြောပါတယ်။ လက်ရှိအခြေအနေအရ တက္ကစီသမားတွေထဲမှာ owner တွေသာ တောင့်ခံနိုင်တာမို့ အငှားသမားတွေကတော့ တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမျိုးတွေရှိနေတာကြောင့် အားလုံးကံကောင်းပါစေလို့ သူက ဆုတောင်းပေးခဲ့ပါတယ်။


                                            မြူ နှင်း(အေးရိပ်ငြိမ်)
 

Inga kommentarer:

Skicka en kommentar