အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 22 juli 2015

မြ၀တီ မှဗိုက်ဖေါက်သမားများ

မြ၀တီ မှဗိုက်ဖေါက်သမားများ

ခုတလော ဗိုက်ဖေါက်တွေဟာ အရင်ကလိုတံတားထိပ်မှာ ၀ရုန်းသုန်းကား
မလုပ်ကြတော့ပဲ အဆင်မြင့်တဲ့နည်းဗျူဟာတွေကို သုံးလာကြပါပြီ။
တံတားထိပ် / မဲ့ဆောက်ကားဂိတ် စာတာတွေမှာ လူတွေကိုအဖွဲ့ခွဲပြီးထား
ပါတယ်

- တုံးတွေဘာတွေထုမလာလည်းကိစ္စမရှိ ပြန်လာမှ ပုံမှန်တဲ့သက်သာတဲ့ဈေးကိုပြောထားတယ်
- ဘယ်သွားချင်လဲ ကားမရတဲ့နေရာဆိုတာမရှိရ အားလုံးရတယ်
(လူတွေကရတာမှလိုချင်တာကိုး)
- မြ၀တီကိုသွားတာလည်း ပုံမှန် ၅၀ ဘတ်ဆို ၃၀ ဘတ်
- ငွေဈေးလား လာထား သူများထက် ပိုရစေရမယ်  ဈေးပိုပြောထားတယ်
( လူတွေက လောဘသားကို အပိုပြောထားသဘောကြတာပေါ့)

စသည်ဖြင့် အားလုံးကို ဈေးသက်သာ အောင်အဆင်ပြေအောင်ပြောထားပြီး မြ၀တီဘက်ကို သူတို့ရဲ့ကြိုတင်တီးလုံးတိုက်ထားတဲ့လူတွေ၊ကားတွေ နဲ့ခေါ်လာကြတယ်။
ပြီးတော့ မြ၀တီဘက်က သူတို့ရဲ့ စခန်း အရင်လို ရပ်ကွပ်ထဲ့က အိမ်တွေ
မဟုတ်တော့ပါ၊ ရပ်ကွပ်အစွန်အဖျားက ခြံကျယ်ကြီးတွေပါ။ အဲ့ဒီကိုခေါ်လာပြီး ၀ိုင်းပြီးအမဲဖျက်ပါပြီး။
ပါလာတဲ့ငွေကို သူတို့ဆီမှာပဲ လဲရတယ် တခြားမှလုံးဝမလဲရ၊
တကယ်လိုမြ၀တီမှ အသိရှိ၍ဖုန်းဆက်ခေါ်ပြီး လဲပါကလဲ ပြဿနာတစ်မျိုးမဟုတ်တစ်မျိုးအရှာခံရပြီမှတ်ပေတော့။
ငွေထဲ့ပေးသောအိပ်များမှာ လုံးဝအမဲရောင်ဖြစ်နေမည်။ သူတို့ဘာပဲသုံး
သုံး အိတ်အမဲကိုသာသုံးတာ။ နောက်ဆုံးငွေမပြောနဲ့ ခင်ဗျားတို့ဖုန်းတွေကိုပါအကြံအဖန်လုပ်တာပဲ။

ဗိုက်ဖေါက်တွေမှာ နည်းအစုံရှိပါတယ်။ သူတို့အား အသိုင်းအ၀ိုင်းမရှိဟုထင်ပါက ခင်ဗျားတို့
အလွဲကြီးလွဲမည်။ နယ်ထိန်းဘာညာများသည် သူတို့၏ ရှယ်ရာဝင်များဖြစ်သည်ဆိုပါက ခင်ဗျားတို့ယုံချင်မှ ယုံမေ နော့။

အကြံပေးလိုသည်မှာ လူခံမရှိပါက
အတတ်နိုင်ဆုံး တံတားပေါ်က တရားဝင်သွားလာပါ။
ဆိုင်ကယ်စီးပါက ဆိုင်ကယ်လှိုင်းအင်ကျီပါသောသူ ဆိုင်ကယ်ဂိတ်ကလူ
ကိုရွေးစီးပါ။
ငွေလဲတဲ့အခါ ရတာနာပြည့်ထွန်းကဲ့သို့သော ရွှေဆိုင်တွေမှာလဲပါ။
ထိုကဲ့ရွှေဆိုင်ကြီးများမှာလဲပါက ဈေး ၁၀ ပြား ကွာတောင် အလိမ်မခံရပါ။

ပုံ ၂ ပုံမှာ ခုလောလောဆယ် ဗိုက်ဖေါက်တွေစခန်းလုပ်ထားတဲ့ မြ၀တီ
အာရှလမ်းဟောင်း ကားဂိတ်ဟောင်း အလွန်နားက Coffee ဆိုင်ဗန်းပြ ပြီး
အိမ်ပြန်တဲ့ မြန်မာတွေကို ၀ိုင်းဖေါက်နေတဲ့ နေရာတွေ ထဲ့က တစ်ခုပါ။
နေ့တိုင်းဖေါက်ပါတယ်။

ဒါတွေကိုပပျောက်အောင် အစိုးရပိုင်းအနေနဲ့ ကူညီဆောင်ရွက်ပေးတာ နိုင်အောင် ဓါတ်ပုံနှင့်တစ်ကွတင်ပြလိုက်ရပါသည်။
                     

                  
                                          မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar