အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 20 juli 2015

ကလေးအကလေးအထူးကုနှင့်သားဖွားမီးယပ်အထူးကုမရှိသောမြို့

ကလေးအထူးကုနှင့်သားဖွားမီးယပ်အထူးကုမရှိသောမြို့

ကလေးအထူးကုမရှိသော မြို့နှင့် သားဖွားမီးယပ်အထူးကုမရှိသောမြို့ ဟုဆိုလျှင်မြူ နှင်းလွန်ရာကျအုံးမည် 
ကော့သောင်းမြို့တွင် ကလေးအထူးကုမရှိတဲ့အတွက်ယာယီတာဝန်ထမ်းဆောင် ဆရာဝန်တစ်ယောက်မှ ကလေးအထူးကုဆိုပြီး 

ကလေးအထူးကုထိုင်ခုံတွင်ဝင်ရောက်ထိုင်နေသည်မှာ အများအသိပင်ဖြစ်ပါသည်။ အထက်မှ ထိုနေရာအတွက် အထူးကုဆရာဝန်ချပေးသော်လည်း ထိုဆရာဝန်များမှာ တနင်္လာမှ သောကြာနေ့အထိ ကော့သောင်းတွင်တာဝန်ထမ်းဆောင်ပြီး ကျန်ရက်များတွင် မြိတ်နှင့်ထားဝယ်တွင် တာဝန်ထမ်းဆောင်နေပါသည် ထိုသို့ဖြစ်ပျက်နေသည်မှာ ကော့သောင်းရွှေမြို့တော်အတွက်မဖြစ်သင့်သည့်ကိစ္စဖြစ်နေသည့်အတွက် တာဝန်ရှိသူများမှ အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးစေချင်ပါသည် ။ 

ထိုသို့တာဝန်ဖြင့်လာရောက်သည့်အထူးကုများကိုလည်း မြို့ခံများနှင့် ကော့သောင်းမှ တာဝန်ရှိပိုဂ္ဂိုလ်များအနေဖြင့် ဖက်လှဲတကင်း ဧည့်ဝတ်ပျူ ငှါ စေချင်ပါသည် ထိုဆရာဝန်များ အဘယ့်တွက်ကြောင့်ကော့သောင်းရွှေမြို့တော်တွင် တာဝန်မထမ်းဆောင်ချင်ပါနည်း ။အထူးကုဆရာဝန်များအနေဖြင့်လည်း သွားလိုက်လာလိုက်နှင့် ကော့သောင်းတွင် သူတို့အတွက်နေစရာများကို ဌာနဆိုင်မှ ဖန်တီးပေးခြင်းများ အလိုရှိပါမည် သူ့ဖာသာသူ သွားလိုက်လာလိုက် မေးမြန်းခြင်း အလျင်းမရှိ အဘယ်ကဲ့သို့ နေထိုင်သနည်း အဆင်ပြေရဲ့လား စသဖြင့်မေးမြန်းခြင်း ၊လိုအပ်တာ ကူညီဆောင်ရွက်ပေးခြင်းမျိုး လည်းမရှိသည့်တွက် ထိုသို့ တာဝန်ကို မယူရဲကြောင်း ဆရာဝန်တစ်ဦးပြောကြားသဖြင့် သိရှိခဲ့ရပါသည် ။

 အဏ၀ါရပ်ကွက်နေ ကိုမောင်မောင်ဆိုသူသည် သူ့ကလေးနေမကောင်းသဖြင့် အမည်မဖေါ်ပြချင်တော့သည့် ဆေးရောင်းဆိုင်နှင့်တွဲလျက် ကလေးအထူးကုဆိုသူနှင့်ပြကြည့်ရာ ဆေးရုံမတင်ဘဲဆေးခန်းတွင်ကြိတ်ကုပြီး အခြေနေမကောင်းတော့မှ ဆေးရုံတင်ခိုင်းသည့်အတွက် ဆေးရုံတွင်အပူတပြင်း အရေးတကြီး ကုသလိုက်ရသည့်အတွက် လူနာရှင်များမှာ အများကြီးနစ်နာကြရပါသည်။ ပုလောတုံတုံးမှမသူဇာဆိုသူသည်လည်းထိုသို့သောအဖြစ်မျိုးကြုံရသည့်အတွက် 

ပိုက်ဆံတတ်နိုင်သည့်သူဖြစ်နေသဖြင့် ရနောင်းဆေးရုံသို့ အချိန်မှီတက်ရောက်ကုသလိုက်မှ ကလေးမှာ အသက်ရှင်ခွင့်ရသွားပါသည်။ ထို့သို့အဖြစ်မျိုးနောင်မဖြစ်ရလေအောင် ကော့သောင်းမှ သက်ဆိုင်ရာတာဝန်ရှိများအနေဖြင့် တာဝန်ယူစေချင်သောကြောင့်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ 

                                            မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar