အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 29 juli 2014

“ဟကောင် မင်းအရပ်သားလား၊ ရဲလား”

“ဟကောင် မင်းအရပ်သားလား၊ ရဲလား”



အရပ်သားလား၊ ရဲလား
Moe Zay Nyein

ဒီနေ့ ဂျာနယ်တစ်စောင်ပါ သတင်းတစ်ခုဖတ်ရင်း စဉ်းစားမိတယ်။ လှိုင်သာယာမှာ အမျိုးသမီးတစ်ဦးကို ရဲက အဓမ္မကျင့်တာမှာ ၀င်ကယ်တဲ့သူနှစ်ယောက်ကို ရဲကင်းပျက်စီးစေမှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ထောင်(၁)နှစ်စီ ချတယ်ဆိုတဲ့ သတင်းပါ။ အဓမ္မကျင့်တယ်ဆိုတာတော့ ရဲသောဘာသော မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုမှာ မလွှဲရှောင်သာတွေ့ရတတ်တဲ့ မှုခင်းတစ်ခုပါပဲ။ ၀င်ကူညီသူတွေ အစွဲခံရတာမှာ ရဲကင်းပျက်စီးစေမှုကတော့ ထားပါတော့။ ဒါပေသိ တာဝန်ဝတ္တရားနှောက်ယှက်မှု ဆိုတာကို စဉ်းစားလို့မရဘူး။ အဓမ္မကျင့်တာ ရဲရဲ့တာဝန်ဝတ္တရားဖြစ်နေတဲ့သဘောမျိုး အဓိပ္ပာယ်ထွက်နေတယ်။
နောက်နောင် သွားရင်းလာရင်း “ကယ်ကြပါဦးရှင့်၊ ဒီမှာ အဓမ္မကျင့်နေလို့ပါ” လို့ အကူအညီတောင်းခံရရင်တောင် ချက်ချင်းမကူညီရဲပဲ အပေါ်ကကောင်ကို “ဟကောင် မင်းအရပ်သားလား၊ ရဲလား” လို့ အရင်မေးစမ်းကြည့်ရမဲ့ပုံပဲ။

Inga kommentarer:

Skicka en kommentar