အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 17 februari 2015

ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းထံပေးစာ


ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းထံပေးစာ
 


ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလား ဘီယာဆိုင်လား
ကော့သောင်း>>ဖေဖော်ဝါရီ၊၁၅ရက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း ခင်ဗျား ကျွန်တော် ရပ်ကွက်သူ/ရပ်ကွက်သား ကိုယ်စားပြုအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မသင့်လျော်သော အပြုအမှု လုပ်ဆောင်ချက် လက္ခံထားမှုကို အကြံပြုပါရစေ
ရပ်ကွက် အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မျက်နှာစာတွင် ဖွဲ့စည်းထားသော
၁။ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆိုင်းပုဒ်
၂။ဒေသအရံမီးသတ်တပ်ဖွဲ့ ဆိုင်းပုဒ်
၃။မြန်မာနိုင်ငံကြက်ခြေနီအသင်း ဆိုင်းပုဒ်
၎။မိခင်ကလေးစောင့်ရှောက်ရေးအသင်း ဆိုင်းပုဒ်
၅။မြန်မာနိုင်ငံအမျိုးသ္မီးရေးရာအသင်း ဆိုင်းပုဒ် စသည့် အဖွဲ့အစည်းများ၏ ဆိုင်းပုဒ်မှတပါး ရုံးပိုင်းဆိုင်ရာအကြောင်းအရာနှင့် မသက်ဆိုင်သော ကြော်ငြာ ပိုစတာများ မတွေ့ရှိရပါ သို့ဖြစ်ပါ၍ ကျွန်တော်တို့ ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အရှေ့တွင် ရပ်ကွက်ရုံးနှင့် သက်ဆိုင်သော အထက်ဖော်ပြပါ အဖွဲ့အစည်းများ၏ ဆိုင်းပုဒ်ကိုကွယ်၍ ကုမ္မဏီတခု၏ မြန်မာဘီယာ ကြော်ငြာပိုစတာကြီး အုပ်မိုးထားမှုမှာ အုပ်ချုပ်ရေးမှူးရုံး၏ အချုပ်အခြာကိုဝင်ရောက်စွတ်ဖက်ခြင်း အုပ်ချုပ်ရေးမှူး၏ ဂုဏ်သိက္ခာညိုးညွမ်းအောင်ပြုလုပ်ခြင်း ရပ်ကွက်သူ/ရပ်ကွက်သားများအပေါ် မထီမဲ့မြင် ပြုရာရောက်ကြောင်း ရှူ့မြင် သုံးသပ်မိပါသဖြင့် အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ လက်မခံသင့်သော အကြောင်းအရာဖြစ်သောကြောင့် ရပ်ကွက်မှရွေးချယ်တင်မြှောက်ထားသော ရပ်မိ/ရပ်ဖကိုယ်စားပြု (၅)ဦးကော်မတီ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့်သက်ဆိုင်သော အဖွဲ့အစည်းများမှ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးသင့်ကြောင်း တင်ပြအပ်ပါသည်

ပေးပို့သူ/ရပ်ကွက်သား
ကော့သောင်းသတင်းဌာန
အနာဂါတ်ခေါင်းဆောင်ကလေးများ


                                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar