အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 17 februari 2015

ကျောင်းသားစစ်ကြောင်း ရန်ကုန်သို့ ချီသင့်မသင့် မနက်ဖြန်ဆုံးဖြတ်မည်

ကျောင်းသားစစ်ကြောင်း ရန်ကုန်သို့ ချီသင့်မသင့်  မနက်ဖြန်ဆုံးဖြတ်မည်


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ တောင်း ဆိုနေတဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ရန်ကုန်အထိ ဆက်လက်ချီတက်ဖို့ မသေချာသေးဘဲ မနက်ဖြန် မှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ ကျောင်း သားခေါင်းဆောင်တွေက ပြောပါတယ်။
ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမြို့ကို ဒီနေ့ရောက် ရှိလာချိန်မှာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်က ပြောပါတယ်။

"မနက်ဖြန် လက်ပံတန်းမှာ ကျောင်းသားတွေ စာမေးပွဲ စတဲ့ရက်ပေါ့၊ တစ်ရက်နားမယ်၊ နားတဲ့အချိန်မှာ ကျနော်တို့ အစည်းအဝေးလုပ်မယ်၊ ကျောင်းသား အကုန်လုံးကို လက်ရှိအခြေအနေ အားလုံးရှင်းပြ မယ်၊ ကျောင်းသားတွေရဲ့ ဆုံးဖြတ်ချက်တွေတောင်း မယ်၊ သူတို့ရဲ့သဘောထားတွေတောင်းမယ်၊ အဲ့သဘောထားအတိုင်း ဆက်သွားသင့်၊ မသင့် သတင်းထုတ်ပြန်မယ်"

အဲဒီ့သပိတ်စစ်ကြောင်း ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် ပါဝင်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ ရက်နေ့က မန္တလေးမြို့က ထွက်ခွာလာတာ ဖြစ်ပါတယ်။

ဧရာဝတီ၊ ထားဝယ်၊ မော်လမြိုင်၊ ပခုက္ကူ နဲ့ မုံရွာက သပိတ်မှောက်စစ်ကြောင်းတွေဟာ မနေ့က သပိတ်တွေကို ရပ်နားလိုက်ပါတယ်။


                                          မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar