အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 17 februari 2015

ဖုန်ကြားရှင်မှ တစ်ကမ္ဘာလုံးက တရုတ်တွေကို လိပ်မူရေးသားထားတဲ့စာ

ဖုန်ကြားရှင်မှ တစ်ကမ္ဘာလုံးက တရုတ်တွေကို လိပ်မူရေးသားထားတဲ့စာ

Myet Chell
ဖုန်ကြားရှင်မှ တစ်ကမ္ဘာလုံးက တရုတ်တွေကို လိပ်မူရေးသားထားတဲ့စာဖြစ်ပါတယ်။ မိမိက ဖတ်ချင်ပေမဲ့ တရုတ်လို နားမလည်တဲ့အတွက် တရုတ်စာ ကျွမ်းကျင်ပညာရှင် မိမိမိတ်ဆွေတစ်ယောက်ကို အကူညီတောင်းပြီး ဘာသာပြန်ခိုင်းထားတာဖြစ်ပါတယ်။ စာက ရှေး တရုတ်စာအရေးအသားနဲ့ ရေးထားတာလို့ ပြောပါတယ်။ အပင်ပန်းခံ ဘာသာပြန်ပေးတဲ့ Rocky Mg Mg Shoutdi ကို ကျေးဇူးတင်ပါတယ်။

စာထဲမှာ ဖုန်ကြားရှင်ဟာ ငိုပွဲချထားပါတယ်။ တကမ္ဘာလုံးက ပြည်ပရောက်တရုတ်တွေကို လူအင်အား ငွေအင်အားနဲ့ ကူညီပေးဖို့အတွက် မေတတာ ရပ်ခံထားပါတယ်။ အကျယ်ကို အောက်မှာ ဆက်ဖတ်ကြည့်နိုင်ပါတယ်။
.
ကျွန်တော်ဖုန်ကြားရှင်မှ တစ်ကမ္ဘာလုံးရှိ ပြည်ပရောက်တရုတ်လူမျိုးများအား အကြောင်းကြားစာ
++++++++++++++++++++++++++++++++++++++++++++++++++

.
ဟိုးအရင်အစကတည်းကကိုးကန့်လူမျိုးတို့ဟာတရုတ်လူမျိုးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ဟန်မင်းဆက်ထန်မင်းဆက်ကတည်းကဖြစ်တယ်။ကံဆိုးမိုးမှောင်ကျပြီးတရုတ်ပြည်ဟာဘိန်းစစ်ပွဲကြောင့်အမျိုးကိုပစ်ဂျပန်နဲ့ပေါင်းပြီးဓားပြတွေဖြစ်။သူတစ်လူငါတစ်မင်းနဲ့နယ်မြေတွေခွဲကာကိုးကန့်လူမျိုးတို့သည်လည်းမိမိပိုင်ဒေသကနေထွက်ခွာပြီးတစ်ခြားဒေသကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
.
နောက်ပိုင်းတွင်တရုတ်ပြည်ကြီးကံကောင်းကာတရုတ်လူမျိုးတို့သည်မော်စီတုံးကဲ့သို့ခေါင်းဆောင်ကောင်းပေါ်ပေါက်လာပြီးတရုတ်ပြည်ကြီးကိုတစ်ညီတစ်ညွတ်တည်းဖြစ်အောင်အုပ်ချုပ်နိုင်ခဲ့ပြီးတရုတ်လူမျိုးတွေရဲ့ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ကိုးကန့်ကတော့ကံမကောင်းပဲမိုးနတ်မင်း၏မမျှတတယ့်စီမံမှုကြောင့်ကိုယ်ပိုင်ခွဲထွက်ခဲ့ရပြီး2600m2 ဧရိယာလူဦးရေ ၂သိန်းကျော်တို့ဟာတစ်ခြားလူမျိုးလက်ထဲကိုကျရောက်ခဲ့ရပါတယ်မြန်မာလူမျိုးတို့ဟာအတင်းသိမ်းပိုက်ပြီးကျွန်တော်တို့မြေကိုသိမ်းဆည်းထားခဲ့ကျပါသည်။
.
ကျွန်တော်ဖုန်ကြားရှင် ငယ်စဉ်ကတော့ တိုင်းတပါး အနိုင်ကျင့်မှုများကို မခံနိုင်၍ ကိုးကန့်လူမျိုးများစုစည်းပြီး ကိုယ့်အရပ် ကိုယ့်ဒေသကို ကာကွယ်ခဲ့ပါသည်။ ကျွန်တော်ဟာ ကွန်မြူနစ်ဝါဒကို လက်ခံသူတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် ဝ၊ ကချင်၊ စသော တိုင်းရင်းသားများကဲ့သို့ မြန်မာစစ်တပ်လက်အောက်ခံရန် သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထူထောင်ခဲ့ပါတယ်။
.
ပထမ သက်တန်း နှစ် ၂၀ ကြာခဲ့ပါတယ်။ ဘိန်းလုံးဝစိုက်ခွင့်မပြုခဲ့ဘဲ စီးပွားရေးကိုသာ ဦးတည်လုပ်ဆောင်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်စေခဲ့ပါတယ်။ နောက်ဆုံးတွင် ကိုးကန့်ဒေသ ဘိန်းကင်းစင်ပြီး လူများစိတ်ချမ်းသာစွာ နေနိုင်ကာ စီးပွားရေးသည်လည်း တစ်ဖြေးဖြေးကောင်းမွန်တဲ့ဘက်သို့ ဦးတည်လာခဲ့ပါတယ်။
.
ထို့နောက် ကိုးကန့်ဒေသ ဘိန်းပပျောက်မှုကြောင့်ြ မန်မာစစ်တပ်၏ ဝင်ငွေထိခိုက်ခဲ့ပြီး အမုန်းတရားများရှိခဲ့ပါတယ်။ ၂၀၀၉ ၈ လပိုင်းမှာ တော့ ကတိဖောက်ဖျက်ပြီး ကျွန်တော့လက်ထောက်ပိုင်စွတ်ချိုင်းနဲ့ ပူးပေါင်းပြီး ကျွန်တောတို့ ကိုးကန့်ဒေသကို ရုတ်တရက်ဝင်တိုက်ခဲ့ပါတယ်။ ကျွန်တော့်စစ်တပ်ကတော့ ပြင်ဆင်ချိန်မရှိလိုက်တဲ့အတွက် အကျအဆုံးများပြီး ထွက်ပြေးတိန်းရှောင်ခဲ့ရပါတယ်။
.
ပိုင်စွတ်ချိုင်အာဏာရပြီးနောက်ပိုင်းမှာတော့ ကိုးကန့်ဒေသဟာ ကိုးကန့်ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိတော့ဘဲ ဘိန်းစိုက်ပျိုးမှု ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာစစ်တပ်မှလည်း အာဏာပြပြီး ရွာများကို အဓမ္မ သိမ်းပိုက်ခြင်း၊ ကျွန်တော့ညီအစ်ကိုများကို အနိုင်ကျင့်ခြင်း၊ အမျိုးသမီးများကို ဖျက်ဆီးခြင်း ၊ နည်းမျိုးစုံသုံးပြီး အနိုင်ကျင့်ခြင်း တို့ကြောင့် ကိုးကန့်လူမျိုးများ ထောင်သောင်းမက ဒုက္ခရောက်ခဲ့ရပါတယ်။
.
ယုတ်မာသော မြန်မာလူမျိုးများနဲ့ ပိုင်စွတ်ချိုင်……. အညှိုးရှိပါက ကျွန်တော့ကိုသာ လာသတ်ပါ။ ကျွန်တော့လူမျိုး ကျွန်တော့ကလေးတွေမှာ အပြစ်မရှိပါဘူး။ သက်ကြီးရွယ်အိုတွေ မိန်းမသားတွေမှာ အပြစ်မရှိပါဘူး။ တရုတ်ပြည်မှာ ဘိန်းစစ်ပွဲပြီးသွားတာ နှစ်တစ်ရာလောက်ရှိပြီဖြစ်ပေမဲ့ တရုတ်မျိုးနွယ်ဝင် ကိုးကန့်လူမျိုး ၂ သိန်းကျော်နေတိုင်တဲ့ ကိုးကန့်ဒေသမှာတော့ ခုထိ ဒုက္ခ ခံစားနေရတုန်းပါဘဲ။ အဲဒီဘိန်းစစ်ပွဲတုန်းကလို ဒုက္ခမျိုးစုံ ခံစားနေရတုန်းပါဘဲ။ ကျွန်တော်အဲဒီအဖြစ်တွေ ပြန်တွေးမိတိုင်း မျက်ရေကျရပြီး အသေဖျောင့်မှာ မဟုတ်ပါဘူး။
.
ကျွန်တော်ဟာ အခုဆိုရင် အသက်ကြီးပါပြီ။ လက်နက်ချပြီး အေးဆေးအနားယူသင့်တဲ့အရွယ်ရောက်နေပါပြီ ။ ဒါပေမဲ့ ကျွန်တော့လူမျိုးအတွက် ကျွန်တော့အသက်က မပြောပလောက်ပါဘူး။ ကျွန်တော့လူမျိုးအတွက် ကျွန်တော်အင်အားတွေပြန်လည်စုစည်းပြီး ကိုးကန့်လူမျိုးတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်အောင် တိုက်ခိုက်နေပါတယ်။ ကျွန်တော်မှ တကမ္ဘာလုံးရှိ တရုတ်လူမျိုးများအား အမျိုးကို ချစ်ပါက ကျွန်တော့အား လူအင်အား ငွေအင်အား တတ်နိုင်သလောက်ကူညီကြပါလို့ ကျွန်တော်မှ ရိုသေစွာ ကန်တော့ပြီး အကူအညီတောင်းခံအပ်ပါတယ်။

အသက် ၈၉ နှစ်၊ ဖုန်ကြားရှင်

တရုတ်စာ မူရင်းလင်ခ့်==>



                                        မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar