အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 17 februari 2015

တကယ်ချစ်ကြတဲ့ခါ


 တကယ်ချစ်ကြတဲ့ခါ
ကွယ်လွန်သွားပြီးတဲ့ ခင်ပွန်းက ချစ်သူအတွက် ဗယ်လင်တိုင်း ပန်းစီးပို့
ခေါင်းစဉ်ဖတ်လို့ မရှင်းမရှင်း ဖြစ်သွားမယ် ထင်ပါတယ်။ တကယ်တမ်းကျတော့ ကွယ်လွန်သွားတဲ့ ခင်ပွန်းက သူ့ဇနီး ပန်းစီး ရဖို့ ကြိုတင် စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံက အသက် ၅၂ နှစ်အရွယ် မုဆိုးမ ဖြစ်သူ Shelly Golay ဟာ သက်တူရွယ်တူဖြစ်ပြီး ကွန်လွန်သွားတဲ့ Jim Golay ရဲ့ ချစ်ခင်ယုမမှုကို အတူရှိစဉ်ကို ရရှိခံစားခဲ့ရ ပါတယ်။ ခင်ပွန်းဖြစ်သူက ဦးနှောက်ကင်ဆာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗန်လင်တိုင်းဒေးက အိမ်ရှေ့ကို ပန်းစီးရောက်တောင် ကလေးတွေ သူ့ကို စတာလို့ထင်ခဲ့ပေမယ့် ပန်းစီးဆိုင်ကို ဖုန်းဆက်ကြည့်တော့ Jim Golay အမည်ရ ပုဂ္ဂိုလ်ကိုယ်တိုင် နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တိုင်း ပို့ပေးဖို့ အော်ဒါမှာထားကြောင်း ဆိုပါတယ်။
ဘယ်နှစ်နှစ်အထိ ဆိုတာတော့ မပြောထားပေမယ့် အော်ဒါပေါင်း မြောက်များစွာကို ပြုလုပ်ထားခဲ့ကြောင်း ဆိုပါတယ်။ ပန်းစီးနဲ့ အတူ ပါလာတဲ့ စာကလည်း အမျိုးသမီးအတွက် ဝမ်းနည်းစရာပါ။ ‘Happy Valentine’s Day Honey. Stay Strong! Yours Forever, Love Jim’ လို့ ရေးထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ရုပ်ရှင်ထဲမှာသာ ရှိခဲ့တဲ့ ချစ်သူ မျိုး အပြင်မှာ တကယ်ရှိနေတာမျိုးကို ကြုံတွေ့ရတော့ Shelly ခမျာ ဝမ်းသာရပေမယ့် အနားမှာ မရှိတော့တဲ့အတွက်လည်း ဝမ်းနည်းခဲ့ရပါတယ်။

                                          မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar