အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 25 januari 2015

ယူရေနီယံဓာတ်ရောင်ခြည် သင့်ဝေဒနာ ခံစားနေရကြောင်း ဦးတေဇက ပြော

ယူရေနီယံဓာတ်ရောင်ခြည် သင့်ဝေဒနာ ခံစားနေရကြောင်း ဦးတေဇက ပြော


The Voice
ရန်ကုန်၊ ဇန်နဝါရီ ၁၉

နျူကလီးယား ထုတ်လုပ်ရန် သတ္ထုကုန်ကြမ်းဖြစ်သော ယူရေနီယံဟု ယူဆသည့် ကျောက်အချို့ကို မိုးကုတ် မြို့နယ်တွင် တွေ့ ရှိထားပြီး အဆိုပါကျောက်များ ယူရေနီယံဟုတ် မဟုတ် စမ်းသပ်စစ်ဆေးမှုကြောင့် မိမိအပါအဝင် ဝန်ထမ်းများ အပါအဝင် ကိုယ်တိုင်ဓာတ်ရောင်ခြည် သင့်ဝေဒနာ ခံစားနေရကြောင်း ဦးတေဇက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ အင်းလျားလမ်းရှိ နေအိမ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ၌ ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နိုင်ငံတော်အတွက် သတင်းမီဒီယာတွေကနေတစ်ဆင့် အသိပေးရတာပါ။ ကျနော်ကိုယ်တိုင်လည်း (ဓာတ် ရောင်ခြည်သင့်မှုကြောင့်) ဘာဖြစ်မယ် မသိသေးဘူး” ဟု ၎င်းက ဆိုသည်။

ယူရေနီယံဟု သတ်မှတ်နိုင်သည်ဆိုသော ဦးတေဇ၏ တွေ့ရှိချက်မှန်ကန်ပါက မြန်မာနိုင်ငံအတွက် သတင်း ကောင်းဖြစ်ကြောင်း၊ ယင်းသတ္ထုကို ရောင်းချ၍ဖြစ်စေ စွမ်းအင်၊ စိုက်ပျိုးရေး၊ ဆေးပညာ နှင့် မျိုးရိုးဗီဇ ဆိုင်ရာ ကိစ္စရပ်များအထိ များစွာအသုံးပြူနိုင်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဟောင်း ဦးသောင်း လက်ထက်တွင် နျူကလီးယား သုတေသန အဖွဲ့ဝင်ဖြစ်ခဲ့သူ ပါရဂူတစ်ဦးက The Voice သို့ ပြောဆိုသည်။

ဓာတ်ပုံ၊ မိုးကျေ်လွင်


Aungmyin Yezaw
ဒီနေ့ နိုင်ငံကျော်သူဌေးကြီးက မီဒီယာတွေကို နှပ်ချသွားပါတယ် colonthree emoticon colonthree emoticon colonthree emoticon

***********************************************************************

ဒီနေ့ညနေပိုင်း ရုံးကို ဦးတေဇဆီက ဖုန်းဝင်လာပါတယ် ။အရေးကြီး သတင်းစာ ရှင်းလင်းပွဲ ရှိလို့ပါတဲ့ .. ဒါနဲ့ ထောက်ချုပ်Nan Da ဓာတ်ဆရာ Ko Thar Byaw တို့နဲ့အတူ ဦးတေဇခြံထဲ သုတ်သီးသုတ်ပြာနဲ့ အရောက်သွားခဲ့ကြပါတယ် ။ ဟိုရောက်တော့ အစီအစဉ်က စနေပါပြီ .. ခြံထဲမှာ လူတစ်ရပ်လောက်မြင့်တဲ့ LED လား LCD လားမသိတဲ့ TV ကြီးမှာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းက ရေခဲတောင်တွေနဲ့ သစ်တောတွေကို ရိုက်ထားတဲ့ Video Clip တွေနဲ့ ဘာကျောက်တုံးတွေကို ဘာစက်တွေနဲ့ တိုင်းနေမှန်းမသိတဲ့ ပုံတွေပြနေပါတယ်။

ဒါနဲ့ ဟိုမေး ဒီမေး မေးကြည့်လိုက်တော့ .. ကချင်ဘက်မှာ ယူရေနီယံ သတ္တုကြောတွေ့ လို့တဲ့။ ကြားလိုက်ရတဲ့စကားက သေချာနေတာကြောင့်ကိုယ့်နိုင်ငံက ထွက်တဲ့ သယံဇာတတွေ အပေါ် အံ့သြ ၀မ်းသာ ဖြစ်သွားသလို ပိုပြီးတော့လည်း စိတ်ဝင်စားသွားတာကြောင့် ဦးတေဇ ပြောပြနေတာတွေကို ဆက်ပြီး နားထောင်နေလိုက်ပါတယ်…။

သူပြောသွားတာတွေကတော့ အများကြီးပါ။ သူ့ကို ကျောက်ရောင်းနေကျ ဒေသခံတွေက ထူးဆန်းတဲ့ကျောက်တွေတွေ့လို့ လာပြရာကနေ ကျောက်တွေရတဲ့နေရာ လိုက်သွားပြီး စမ်းသပ် စစ်ဆေးတဲ့အခါ ယူရေနီယံလို့ ယူဆလို့ရတဲ့ သတ္ထုတွေ့ရတဲ့အကြောင်း..အသေးစိတ်စစ်တဲ့အခါ တန်ဖိုးကြီးသတ္ထု ၉၀% လောက်ပါနေတဲ့အကြောင်း..ယူရေနီယံဖြစ်တဲ့အတွက် သူတောင် ကံမ ကောင်းလို့ radiation ထိပြီး ဆေးကုနေရတဲ့အကြောင်း… စုံလို့ပါပဲ။

အခုလက်ရှိ သတ္ထု ထွက်တဲ့နေရာမှာ တရုတ်နဲ့ဂျပန်က research တွေ လာလုပ်နေ တာကြောင့် အစိုးရကများ မသိဘဲ ပြည်ပကုမ္ပဏီတွေကို သတ္ထုတူးဖော်ခွင့်ပေးလိုက်ရင် တိုင်းပြည်အတွက် နစ်နာ မှာစိုးလို့..သူကိုယ်တိုင်လုပ်ရင်လည်း ထုံးစံအတိုင်း အပြောအဆို ခံရမှာဆိုတော့ မလုပ်တော့ဘဲ နိုင်ငံတော်ကို အသိပေးပြီး မီဒီယာတွေကို လည်း ပြောပြတာ ဖြစ်တယ် .. ဘာညာပေါ့။

ကိုယ်တွေကလည်း ယုံတာကိုး .. သူပြောသမျှအသံဖမ်းတဲ့သူကဖမ်း မေးချင်တဲ့သူကမေး ဓာတ်ပုံရိုက်တဲ့သူကရိုက်နဲ့ သတင်းထောက်တွေရဲ့စိတ်ထဲမှာတော့ သတင်းထူးရပြီဆိုပြီး ကျေနပ် နေကြတာ…….သူ့လုပ်ကွက်ကလည်း ကြည့်ဦးလေ .. သတင်းထောက်တွေ မျော လည်း မျောချင်စရာ ..ပွဲပြီးလို့ အိမ်ထဲဝင်ခါနီး ကျောက်တွေ့လို့ လာရောင်းတယ် ဆိုတဲ့ဒေသခံတွေကို သိန်း ၅၀၀ ပေးလိုက် ..နောက်လည်း တွေ့သမျှလာပေး သူယူပါ့မယ်ဆိုပြီး သူ့ရဲ့ကိုယ်ရေးအရာရှိတွေကို အားလုံးရှေ့မှာ ခပ်တည်တည်နဲ့ ပြောသွားလိုက်သေးတယ် ။

ရုံးပြန် သတင်းရေးတင်ပြီး အိမ်ပြန်တော့မယ်လုပ်မှ ဓာတ်ဆရာ အဗျော က Google ခေါက်ပြီးတွေ့တာတွေ လာပြလိုက်တော့ ကိုယ့်ကိုယ်ကိုယ် တော်တော် တုံး အ ပြီး အယုံလွယ်မှန်း သိလိုက် ရတယ်…… ၂၀၁၀ မတိုင်ခင် နှစ်တွေကတည်းက ဦးတေဇက ရုရှနဲ့ပေါင်းပြီး ယူရေနီယံ စမ်းသပ်ရှာဖွေ နေတဲ့အကြောင်းတွေ ..မြန်မာနိုင်ငံမှာ ယူရေနီယံသတ္တုကြော ရှိတယ်ဆိုတဲ့ အကြောင်းတွေ စုံလို့ … ။

တစ်ချိန်တည်းမှာပဲ ထူး ကုမ္ပဏီမှာ ၄ နှစ်လောက် လုပ်လာတဲ့ သူငယ်ချင်း တစ်ယောက် က Chat Box ကလာပြောတယ်။ ဒီကိစ္စဦးတေဇသိတာ ကြာပြီ ဆိုတဲ့အကြောင်း ၊အိမ်နီးချင်းနိုင်ငံတွေပါ မက ဥရောပ နဲ့ အမေရိကတို့ကပါ သိနေတဲ့အကြောင်း..ကချင် လက်နက်ကိုင်တွေကအစ ယူရေနီယံ ထွက်တာသိ လို့ အစိုးရနဲ့ ညှိမရတဲ့အကြောင်း အများကြီးပါပဲ .. နောက်ကွယ်က မသိနိုင်တဲ့အကြောင်းအရာတွေလည်း အများကြီး ရှိနေဦးမှာပါ…။

ဒါပေမယ့် သူဌေးကြီးက ပွဲတစ်လျှောက်လုံး ခပ်တည်တည်နဲ့ ပြောသွားတာနော်..ခုမှ ဒေသခံတွေ လာပြလို့ သိရသလိုလို ကံကောင်း ထောက်မလို့ တွေ့သလိုနဲ့ .. သူအရင်ကတည်းက ဒါတွေ ရှာနေတယ် ဆိုတဲ့အကြောင်း တစ်ခွန်းမှ ဟ မသွားဘူး.. … တော်တာ ပြောပါတယ် ..သူက ဘာရည်ရွယ်ချက်ရှိလို့ ထိန်ချန်ထားခဲ့မှန်းမသိပေမယ့် သူလိုသူဌေးတစ်ယောက်ကတော့ မီဒီယာတွေ အများကြီးအရှေ့မှာ မဟုတ်တာ မပြောလောက်ဘူး ထင်လိုက်မိတာကိုး။

ကိုယ်တွေတင် နှပ်ချခံရတာမဟုတ်ဘူး ..ပွဲမှာရှိနေကြတဲ့ ရဲအရာရှိကြီးတွေ ဦးတေဇနဲ့ မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့ ---ကောင်စီက လူကြီးတွေပါ ပါးစပ် အဟောင်းသားလေးတွေနဲ့ ..

ပြောချင်တာက လူရည်လည်ပြီလို့ ယူဆရတဲ့သတင်းသမားတွေတောင် ခပ်တည်တည်နဲ့ အညာခံနေရတဲ့ ဖြစ်ရပ်မျိုးတွေ ရှိနေတာ ..အရိုးခံ ပြည်သူလူထုတွေကိုရော ဘယ်သူတွေက ဘယ်လောက်တောင် လိမ်ညာနေကြမလဲ … ပြည်သူတွေက ဘယ်လောက်တောင် နှပ်ချခံနေရသလဲ ဆိုတာပါပဲ… … … … ။


ဒီနေရာမှာ သတင်းထောက်တွေကမှ သောက်သုံးမကျတာ လို့ ထင်မြင်ချက်ပေးရင် ပေးနိုင်ပါတယ် ။ သတင်းထောက်ဆိုတာကလည်း လူတွေထဲက လူပဲ ဖြစ်လို့ ဘယ်သူကမှ ပြီးပြည့်စုံနိုင်မှာ မဟုတ်ပါဘူး..ဒါကိုမှ သောက်သုံးမကျဘူး ပြောလာရင်လည်း ပြောတဲ့သူတွေ ကိုယ်တိုင်ရော ဘ၀မှာ ဘယ်လောက် နှပ်ချခံခဲ့ရပြီးပြီလဲလို့ ပြန်မေးချင်ပါတယ်… …။



Inga kommentarer:

Skicka en kommentar