အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 25 januari 2015

တပ်မ (၆၆)သည် အရပ်သား ၁၅၀၀ခန့်ကို အောင်ဘာလေရွာအတွင်း ပိတ် ဆို့ ထား

တပ်မ (၆၆)သည် အရပ်သား ၁၅၀၀ခန့်ကို အောင်ဘာလေရွာအတွင်း ပိတ် ဆို့ ထား

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ခရစ်ယာန်နှစ်ခြင်းဆရာတော်များ၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း၊ လူမှုရေးအသင်းအဖွဲ့ များနှင့်NDF ၊ NLD အပါအ၀င် နိုင်ငံရေးပါတီများဧ။် ပိတ်မိခံရွာသားများအရေး မေတ္တာရပ်ခံချက်အား တပ်မ (၆၆) တပ်မမှူး ပယ်ချ။

၁၅.၁.၂၀၁၅ နံက် ၅ နာရီတွင်စတင်ဖြစ်ပွားခဲ့သည့် ကေအိုင်အေနှင့်မြန်မာ တပ်မတော်တို့ အကြား
စစ်ပွဲများ ကြောင့်၊ မြန်မာတပ်မတော်မှ ၊ တပ်မ (၆၆)သည် အရပ်သား ၁၅၀၀ခန့်ကို အောင်ဘာလေရွာအတွင်း ပိတ် ဆို့ ထားသဖြင့်၊ ဖားကန့် မြို့ နယ်ရှိ ဘုန်းတော်ကြီး ဦးဇောဝိ၊ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ ချုပ် ( KBC)၊ ဥတုငြိမ်းချမ်းလူမှု့ ကွန်ယက်အပါအ၀င် အရပ်ဘက် လူမှု့ အဖွဲ့ အစည်းများ၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း ၊ ဖားကန့် မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်မိုးမိုး၊ ကျိုင်းတောင်မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဦးရွေသိမ်းနှင့် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ ( NDF) တို့ ပါဝင်သည့် “ ကူညီကယ်ဆယ်ရေးအဖွဲ့ သည်” ၁၇.၁.၂၀၁၅ရက်နေ့ တွင် တပ်မ(၆၆)မှ တပ်မမှူးနှင့်တွေ့ ဆုံ ညှိုနှိုင်းပြီး ပိတ်မိနေသည့်ရွာသား ၁၅၀၀အား အကူအညီပေးနိုင်ရန် ဆွေးနွေးဘို့ ကြိုးစားခဲ့ကြသော်လည်း၊ မြန်မာတပ်မတော်၊ တပ်မ (၆၆) မှ တပ်မမှူးသည် မည်သည့်အကြောင်းပြချက်မှမပေးဘဲ တွေ့ ဆုံခွင့်မပေးခဲ့ကြောင်းသိရသည်။

“ ကူညီကယ်ဆယ်ရေးအဖွဲ့ ” သည်အချိန်အတော်ကြာအောင်စောင့်ဆိုင်းပြီးမှ တပ်မ (၆၆) မှ အရာရှိတစ်ဦး ရောက်ရှိလာပြီး၊ ပိတ်မိခံ ရွာသူ၊ ရွာသားများအား ပြန်မလွှတ်ပေးနိုင်ေ ကြာင်ြးေ ပာ ကြားပြီး ချက်ခြင်းပြန် လှည့် သွားသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ မှပေးပို့ လာသော သတင်း များအရသိရသည်။

မြန်မာတပ်မတော်၊ တပ်မ( ၆၆) သည် အောင်ဘာလေရွာအနီး တပ်စွဲထားသည့် ကေအိုင်အေ တပ်ရင်း(၆) နေရာ အားသိမ်းပိုက်ကာ ကံဆီးခေါရွာနှင့် အောင်ဘာလေရွာအကြား ဥတုချောင်းအကျော်တွင်တပ်စွဲထားပြီး ဒေသခံ အရပ်သား ၁၅၀၀ခန့် အားပိတ်ဆို့ ထားခြင်ြး ဖစ် သည်။ ကေအိုင်အေတပ်ရင်း(၆)သည် ၁၇.၁.၂၀၁၅ နေ့ကတည်းက အောင်ဘာလေရွာ အနီးမှ ဆုတ်ခွာခဲ့ပြီးဖြစ်သည်။

မြန်မာတပ်မတော်၊ တပ်မ(၆၆)သည် ကေအိုင်အေ တပ်သားများရှိနိုင်သည့်နေရာများသို့ လက်နက် ကြီးများနှင့်ဆက်လက်ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး၊ ကေအိုင်အေ တပ်များ ပြန်လည် တိုက်ခိုက်ခြင်း မှ ရှောင်လွဲနိုင်ရန် ပိတ်မိခံရွာသားများအားလူသားဒိုင်းအဖြစ် အသုံးပြုနေ တာဖြစ်နိုင်ကြောင်း ၁၈.၁.၂၀၁၅ တွင် ဒေသခံများမှ ပေးပို့ သည့်သတင်းများအရသိရသည်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များ၊ ဥတုငြိမ်းချမ်းလူမှုကွန်ယက်၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း၊ဒေသခံ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနှင့် ဒေသခံအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့ ပါဝင်သည့် “ ကူညီကယ်ဆယ်ရေးအဖွဲ့ ” က ပိတ်မိခံရွာသားများသည် အချိန်မရွေး သေနတ်ကျည်ဆံ ထိမှန်ပြီးသေဆုံးနိုင်ကြောင်း၊ အစာရေဆာ ပြတ်လပ်မှုများ အချိန်တို အတွင်း ကြုံ တွေ့ လာနိုင် ကြောင်း စသည်ကဲ့သို့ ပူပန်စရာများရှိနေသည့်အတွက် အရပ်သူအရပ်သားများဖြစ်ကြသည့် ပိတ်မိ ခံရွာသားများဧ။် အရေးကို အထူးတလည်စဉ်းစားပြီးပြန်လွှတ်ပေးနိုင်ရန် မြန်မာတပ်မတော် တပ်ရင်း (၆၆) နှင့် ကေအိုင်အေတို့ ကို တောင်းဆိုထားကြောင်းသိရသည်။

၁၈.၁.၂၀၁၅တွင် ရွာသားများအား တပ်မ (၆၆)မှ ပြန်လည်လွှတ်ပေးနိုင်ရန် အပြင်းအထန်ကြိုးစား သွားမည်ဟုလည်း “ ကူညီကယ်ဆယ်ရေး” အဖွဲ့ က ဆုံးဖြတ်ထားကြောင်းသိရသည်။

မိုးကောင်းမှ ဖားကန့် သို့ သွားသည့် လမ်းမှာလည်းပိတ်ထားသည်မှာ သုံးရက်ရှိပြီဖြစ်သဖြင့်၊ ခရီးသည် ရာချီ ဒုက္ခရောက်လျက်ရှိကြောင်းသိရသည်။ ဖုန်းလိုင်းတစ်ချို့ လည်းပြတ်တောက် မှုများရှိနေကြောင်းသိရသည်။


Inga kommentarer:

Skicka en kommentar