အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 8 januari 2015

ချာလီဟတ်ဘို မဂ္ဂဇင်းဌာန တိုက်ခိုက်မှုတွင် ပါဝင်သူတဦး ကိုယ်တိုင်လာရောက် အဖမ်းခံ



ပဲရစ်၊ ဇန်န၀ါရီ၊ ၈

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပဲရစ်မြို့ရှိ ချာလီဟပ်ဘ်ဒို မဂ္ဂဇင်းဌာန တိုက်ခိုက်မှုတွင် ပါဝင်သော အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦးသည် ပြင်သစ်နိုင်ငံ မြောက်ပိုင်းမှ ရဲစခန်းတခုတွင် ကိုယ်တိုင်လာရောက် ဖမ်းဆီးခံခဲ့သည်။

လူပေါင်း ၁၂ ဦးကို သတ်ဖြတ်ခဲ့သည့် အစ္စလာမ္မစ် လက်နက်ကိုင်များဟု သံသယရှိသူ ပြင်သစ်နိုင်ငံသား သုံးဦးကို ရဲများက လိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါက အမျိုးသားသည် ပြင်သစ်နိုင်ငံမြောက်ပိုင်း ချာလီဗဲလီမြို့ရှိ ရဲဌာနတခုတွင် ကိုယ်တိုင်လာရောက်၍ အဖမ်းခံခဲ့ခြင်း ဖြစ်သော်လည်း မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ တာဝန်ရှိသည့် ရဲအရာရှိမှ ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။

အဆိုပါ အမျိုးသားသည် ၎င်း၏ အမည်ကို လူမှုကွန်ရက်၌ တွေ့ရှိခဲ့ပြီးနောက် ရဲဌာနသို့ ကိုယ်တိုင်သွားရောက်၍ အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု BFM ရုပ်သံသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့က ပစ်ခတ်သွားသူ နှစ်ဦးနှင့် အဆက်အစပ်ရှိသော အခြားသူများကိုလည်း ဖမ်းဆီးမှုများ ရှိခဲ့သည်ဟု ယင်းသတင်းဌာနက ဖော်ပြထားသည်။


                                                   မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar