အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 21 september 2014

ဘတ်ဂျတ်ကို ဇီးသီးမှတ်လို့ နှိုက်စားနေကြတာလား

ဘတ်ဂျတ်ကို ဇီးသီးမှတ်လို့ နှိုက်စားနေကြတာလား




    Tuesday, 16 September 2014 13:54

ပွဲဈေးတန်းမှာ ဇီးသီးဗန်း မှောက်ကျသလိုပဲ ဟိုလူနှိုက်စား ဒီလူနှိုက်စားနဲ့ ဝန်ကြီးဌာနတွေကို ချပေးတဲ့ ဘတ်ဂျတ်ဟာလည်း တစ်ဝက်ပဲ ကျန်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဥပမာပေး ပြောပါတယ်။

အစိုးရသစ် လက်ထက်မှာ စီမံကိန်းတွေ ဆောင်ရွက်ဖို့ ဝန်ကြီးဌာန အသီးသီးက တောင်းခံလာတဲ့ ဘဏ္ဍာငွေတွေကို လွှတ်တော်က ခွင့်ပြုပေးထားပေမယ့် အစိုးရဌာနတွေမှာ လာဘ်စားမှုတွေကြောင့် တစ်ဝက်ပဲ အမှန်တကယ် အသုံးပြုနေတယ်လို့ သူက ဆိုပါတယ်။

“ပွဲဈေးတန်းမှာ ဇီးသီးဗန်း မှောက်ကျသလိုပဲ။ မှောက်လည်း ကျရော ဟိုလူက တစ်ဆုပ်နှိုက်စား ဒီလူက တစ်ဆုပ်နှိုက်စား ဇီးသီးက တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘက်ဂျက်က အဲဒီလိုဖြစ်နေတယ်။ ခွင့်ပြုပေးတဲ့ကြားထဲက ဟိုလူနှိုက်စား ဒီလူနှိုက်စားနဲ့ တစ်ဝက်ပဲ ကျန်တယ်” လို့ ဦးခင်အောင်မြင့်က ပြောပါတယ်။

အစိုးရအဖွဲ့အစည်း အတွင်း လာဘ်စားမှုတွေ ရှိနေတဲ့အတွက် စီမံကိန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ အထူးလုပ်ဆောင် စစ်ဆေးတဲ့ စနစ်တစ်ခု၊ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆလိုင်းခွဲယန်ရဲ့ ကျေးလက် ကျန်းမာရေး ဋ္ဌာနခွဲ အဆောက်အအုံတွေ ဆောက်လုပ်ရာမှာ သတ်မှတ် စံချိန်စံညွှန်း ကိုက်ညီမှု မရှိတဲ့အတွက် ဘယ်လို အရေးယူဆောင်ရွက်ထားလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ အခုလို ပြောဆိုတာပါ။

အဂတိ လိုက်စားမှု အမြင့်မားဆုံး နိုင်ငံတွေ စာရင်းမှာ ပါတဲ့ မြန်မာနိုင်ငံမှာ အစိုးရသစ်လက်ထက် ၂၀၁၃ ခုနှစ် ဩဂုတ်လမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။

ဥပဒေအရ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းထားပေမယ့် အဂတိလိုက်စားမှုတွေ သိသာစွာ လျော့ကျလာတာ မရှိဘူးလို့ လွှတ်တော်ကိုယ်စားတွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြပါတယ်။
- See more at: http://thevoicemyanmar.com/index.php/news/item/2757-bjk#sthash.UwkxjrG6.dpuf



Inga kommentarer:

Skicka en kommentar