အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 28 september 2014

အိမ်ခြံမြေ ကြိုပွိုင့်ရောင်းဝယ်သူများ အခွန်စည်းကြပ်ခံရမည်စိုး၍ ရောင်းထုတ်လာကြဟုဆို

အိမ်ခြံမြေ ကြိုပွိုင့်ရောင်းဝယ်သူများ အခွန်စည်းကြပ်ခံရမည်စိုး၍ ရောင်းထုတ်လာကြဟုဆို




www.7daydaily.com
 ကြိုပွိုင့်စနစ်ဖြင့် အိမ်ခြံ မြေတိုက်ခန်း အရောင်းအ၀ယ်ပြု လုပ်မည့်သူများ အခွန်စည်းကြပ် မှုခံယူရမည်စိုးသောကြောင့် ဈေး ကွက်အတွင်း အမြန်ဆုံးအရောင်း အ၀ယ် ပြုလုပ်လာကြကြောင်း တိုက်ခန်းအကျိုးဆောင်များက ပြောသည်။

ကြိုပွိုင့်စနစ်ဖြင့် အိမ်ခြံမြေ တိုက်ခန်းများ အရောင်းအ၀ယ် ဖြစ်ပါက ချက်ချင်းအခွန်ဆောင် ရမည်ဖြစ်ပြီး အချိန်ကြာမှ အခွန်ဆောင်မည်ဆိုပါက ကာလတန်ဖိုးအတိုင်း အခွန်စည်းကြပ်မှု ခံယူရမည်ဖြစ်ကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပြီးနောက်ယခုကဲ့သို့ ညှိနှိုင်းပုံစံဖြင့် အမြန်ဆုံးအရောင်းအ၀ယ် လုပ်နေကြသည်ဟု သုခမြေအိမ်ခြံမြေ အကျိုးဆောင်က ပြောသည်။

‘‘တချို့ အရင်းလောက်ရ လည်း တော်ပြီဆိုပြီး ထုတ်ရောင်း နေကြတယ်’’ ဟု အထက်ပါအိမ် ခြံမြေ အကျိုးဆောင်က ပြော ကြားသည်။

ဥပဒေတစ်ခု၊ အမိန့်တစ်ခု ထုတ်ပြန်ပါက ဌာနမှ မလုပ်ဖြစ် သည်က များပြားပြီး အောက်ခြေ တွင် အမှန်တကယ်စိစစ်ကြပ် မတ် လုပ်ဆောင်မှုအားနည်း ကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာ ဦးစိုင်းခွန်နောင် က ပြောသည်။

စိုးရိမ်ပြီး ထုတ်ရောင်းနေ ကြသော်လည်း ၀ယ်မည့်သူမှာ လတ်တလော နည်းပါးနေပြီး ၀ါကျွတ်ကာလ အောက်တိုဘာတွင် အရောင်းအ၀ယ်ပြန်လည် သွက် လာနိုင်သည်ဟု ၎င်းက ခန့်မှန်းပြောကြားသည်။

ထို့ပြင် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချသည့် တိုက်ခန်းများမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ စတင်ရောင်းချသည့် ကန်ထရိုက် အဖွင့်ဈေးမှာ လွန်စွာကြီးမြင့်နေ ၍ ဈေးကစားလိုသူများ ၀ယ်ယူမှုနည်းလာကြောင်း စမ်းချောင်းမြို့နယ်မှ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက လည်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး နယ်နိမိတ်အတွင်း ရှိ မြို့နယ်နှစ်ဆယ်၌ စက်မှုဇုန်၊ စက်ရုံ၊ ဂိုဒေါင်နှင့် အိမ်ခြံမြေငှား ရမ်းခြင်းဆိုင်ရာ အခွန်တိမ်းရှောင် မှုများကို စတင်စစ်ဆေးနေပြီး စစ် ဆေးမှုရလဒ်ကို ယနေ့အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

စည်ပင်က အရည်အသွေးနိမ့် အဆောက်အအုံများ ဖြိုဖျက်ရန် စီမံချက်စတင်နေရာ ကြိုပွိုင့်တိုက်ခန်းဝယ်ယူသူများ စိုးရိမ်သဖြင့် အမြန်ဆုံး ထုတ်ရောင်းမှုများ ရှိနေသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့က ပြောသည်။



Inga kommentarer:

Skicka en kommentar